← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

တစ်ပတ်ခန့်ကြာပြီးသည့်နောက်။

ချန်းမင်ကျယ် နှင့် ယဲ့ရှီဝမ် တို့နှင့် ပတ်သက်သည့် အင်တာနက်အသုံးပြုသူများ၏ ဆွေးနွေးမှုများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

ထိုအချိန်တွင်ပင် “ယုကွမ်း” ရုပ်ရှင်၏ တရားဝင် Weibo မှ ယဲ့ရှီဝမ် ကို အမျိုးသမီး ဇာတ်ဆောင်အဖြစ် ရွေးချယ်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ရှချန်းချန်း သည် ယဲ့ရှီဝမ် “ယုကွမ်း” တွင် ပါဝင်သရုပ်ဆောင်မည်ကို အစောကြီးကတည်းက သိရှိခဲ့ပြီးဖြစည်သည်။ “ယုကွမ်း” သည် ကောင်းမွန်သော "ကိတ်မုန့်" (အခွင့်အရေး) တစ်ခုဖြစ်ပြီး၊ ဝတ္ထုထဲတွင် “ယုကွမ်း” ၏ အမျိုးသမီး ဇာတ်ဆောင်သည်လည်း ယဲ့ရှီဝမ် ဖြစ်၏။

သို့သော် “ယုကွမ်း” ၏ ဒါရိုက်တာသည် ယဲ့ရှီဝမ် ကို မကြိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ(မ)သည် လွန်ခဲ့သည့်အချိန်က အတော်လေး ဂယက်ရိုက်ခဲ့သော နာမည်ပျက်သတင်းများရှိသည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦး ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် စာချုပ်ချုပ်ဆိုစဉ် ဒါရိုက်တာက အပိုအချက်တစ်ခု ထပ်ထည့်ခဲ့သည်- အကယ်၍ ယဲ့ရှီဝမ် တွင် နာမည်ပျက်သတင်းများ ထပ်မံပေါ်ပေါက်ပါက၊ သူ(မ)သည် လျော်ကြေး ဆယ်ဆ ပေးဆောင်ရမည်ဟူ၍ ဖြစ်သည်။

ယဲ့ရှီဝမ် သည်လည်း ဤမမျှတသော သဘောတူညီချက်ကို သဘောတူခဲ့၏။

ယဲ့ရှီဝမ်သည် သူ(မ)တွင် နာမည်ပျက်သတင်း မရှိဟု ခိုင်မာစွာ ယုံကြည်ထားသည်။ အကြီးဆုံးသော နာမည်ပျက်သတင်း မှာ သူ(မ)သည် တရားမဝင်သမီးဖြစ်သည်ဟူသော အချက်ဖြစ်သော်လည်း ဤအကြောင်းကို ရှယုံဒယ် နှင့် ယဲ့ချူဖန်း သာ သိရှိကြသည်။ သူတို့သည် ဖော်ထုတ်မည် မဟုတ်သောကြောင့် ကြောက်စရာမရှိဟု သူ(မ) ယူဆထားသည်။

“ယုကွမ်း” သည် ယဲ့ရှီဝမ် ၏ ပရိသတ်များကို ဆူဆူညံညံ ဖြစ်စေခဲ့သည်။

ယခင်ဖြစ်ရပ်က ယဲ့ရှီဝမ် ၏ ရေပန်းစားမှုကို ပျက်စီးစေခဲ့သော်လည်း ဟန်ထျန်း ဖျော်ဖြေရေး သည် ဤအချက်ကို အသုံးပြု၍ ယဲ့ရှီဝမ် ၏ ပရိသတ်များကို ဆွဲဆောင်ပြီး ပရိသတ်များကို စည်းရုံးခဲ့ရာ ကျန်ရှိသော ပရိသတ်များက ယဲ့ရှီဝမ် ကို ပိုမို ထောက်ခံလာခဲ့ကြသည်။

[ကျဲကျဲမှာ ဘာမှ မရှိတော့ဘူး၊ ငါတို့ပဲ ရှိတော့တယ်!]

ယဲ့ရှီဝမ် သည် ပရဟိတပွဲများစွာတွင်လည်း ပါဝင်ခဲ့ရာ ပရိသတ်များက သူတို့၏ ဝမ်ဝမ် သည် အလွန်ကြင်နာ၊ နူးညံ့ပြီး ကြီးမြတ်သူဖြစ်သည်ဟု ပိုမိုယုံကြည်ခဲ့ကြသည်။

နတ်သမီး ဝမ်ဝမ် ကို ဘယ်လိုလုပ် မချစ်ပဲနေနိုင်မှာလဲ!

အတိုချုပ်အားဖြင့်၊ ယဲ့ရှီဝမ် ၏ ရေပန်းစားမှု ဆုံးရှုံးခဲ့ရပြီး ပရိသတ်အချို့ ဆုံးရှုံးခဲ့ရသော်လည်း ကျန်ရှိနေသော ပရိသတ်များဟာ သူ(မ)ကို ပိုမို ချစ်မြတ်နိုးလာကြသည်။

ဤကာလအတွင်း ယဲ့ရှီဝမ် သည် ရှချန်းချန်း ခေါင်းဆောင်ထုတ်လုပ်သူ ဖြစ်လာရခြင်း အကြောင်းရင်းကိုလည်း စုံစမ်းခဲ့သည်။

သို့သော် သူ(မ)၌ မည်သည့်အရိပ်အယောင်မျှ မရှိခဲ့ပေ။

တစ်ခုတည်းသော ရှင်းပြချက်မှာ ရှချန်းချန်း သည် သူ(မ)၏ဝမ်းကွဲအစ်ကို ရှထျန်ဟွာ ထံမှ လျှို့ဝှက်အကူအညီ ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ရှထျန်ဟွာ သည် ယခုနှစ်တွင် အသက် ၂၉ နှစ် ရှိပြီဖြစ်ပြီး ရှချန်းချန်း နှင့် ဆက်ဆံရေးကောင်းမွန်၏။ သူသည် ငယ်ရွယ်ပြီး အလားအလာရှိသူဖြစ်ကာ ရှအဖွဲ့ ၏ ပြည်ပဈေးကွက်အတွက် တာဝန်ယူထားသဖြင့် ရှချန်းချန်း ကို ကူညီနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

သို့သော် ရှချန်းချန်း သည် ရုပ်ရှင်ရိုက်ကူးခြင်း မရှိသည်မှာ ကြာပြီဖြစ်သည်။ “ရှန်းကျွယ်” ၏ ဇာတ်ဆောင်မင်းသမီးကို နောက်ဆုံးတွင် ရှုကျစ်ချောင် အဖြစ် ဆုံးဖြတ်ခဲ့သည်။ ရှချန်းချန်း သည် တစ်ပိုင်း အငြိမ်းစားယူထားသည့် အခြေအနေသို့ ရောက်လုနီးပါး ဖြစ်နေ၏။

ယဲ့ရှီဝမ် သည် ရှချန်းချန်း ၏ လမ်းစဉ်ကို လိုက်၍ “ယုကွမ်း” ကို ကောင်းမွန်စွာ ရိုက်ကူးနိုင်လျှင် သူ(မ)သည် ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ချက် ရှိနေဆဲပင်ဟု ယုံကြည်ထားသည်။

ယွီလန်ယွမ် ၏ အခန်း ၁၈ တွင်

ရှချန်းချန်း သည် mud mask လိမ်းရင်း ဂိမ်းဆော့နေသည်။

ကွမ်ကျုံး သည် ဖျာပေါ်တွင် ပျင်းရိစွာ လှဲလျက်ရှိပြီး၊ ယောက်ကျူ သည် သူ့ရှေ့တွင် ပျော်ရွှင်စွာ ပြေးလွှားနေသည်။ သူ၏နားရွက်များက တစ်ခဏမျှ စင်းကျသွားပြီးနောက် ပြန်ထောင်လာသည်။ ကွမ်ကျုံး သည် သူ့လိုပင် ခြေတိုလေး ဖြစ်သော်လည်း စရိုက်ချင်း လုံးဝမတူညီသည်ကို ယောက်ကျူ က အံ့ဩနေပုံရသည်။

အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။ ရှချန်းချန်း သည် အဒေါ်လျူ သစ်သီးယူလာခြင်း ဖြစ်သည်ဟု ထင်ကာ တံခါးဝတွင် ထားခဲ့ရန် အော်ပြောလိုက်သည်။

သို့သော် တံခါးဝမှ လူသည် ပြန်မသွားဘဲ ခဏအကြာတွင် တံခါးကို ထပ်မံခေါက်ပြန်သည်။

ရှချန်းချန်း သည် သူ(မ)စိုက်ပျိုးထားသော ပဲပင်များကို ဖုတ်ကောင်များ စားသွားသည်ကို တွေ့လိုက်ရပြီး ကားက ဖုတ်ကောင်များကို လမ်းတစ်လျှောက်လုံး ဖြတ်တိုက်သွားသဖြင့် အနည်းငယ် စိတ်ဆိုးနေသည်။ (T/N : Plant Vs Zombie Game)

သူ(မ)သည် စိတ်မရှည်စွာ တံခါးကို ဖွင့်လိုက်သည်။

“ဘာကိစ္စလဲ”

တံခါးဝတွင် ရှဲ့ကျစ်ရှင်း ကို မြင်လိုက်ရသောအခါ ရှချန်းချန်း သည် မှင်တက်သွားသည်။

ရှဲ့ကျစ်ရှင်း လည်း ရှချန်းချန်း ၏ ရွှံ့မျက်နှာဖုံး အပြည့်လိမ်းထားသော မျက်နှာကို မြင်သောအခါ မှင်တက်သွား၏။

နောက်တစ်စက္ကန့်တွင် ဂိမ်း မှ အချက်ပေးသံကို သူ ကြားလိုက်ရသည်၊ “မင်းရဲ့ ဦးနှောက်ကို ဖုတ်ကောင်တွေ စားသွားပြီ!”

ရှဲ့ကျစ်ရှင်း သည် ရှချန်းချန်း ၏ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ ပြုံးစိစိလုပ်လိုက်သည်။

ရှချန်းချန်း: ???

သေချာရဲ့လား၊ ထို မကောင်းဆိုးဝါး ဗီလိန်သည် သူ(မ)ကို လှောင်ပြောင်နေခြင်းပင်။

သူ ဘယ်တုန်းက ဒီလောက် စိတ်ဝင်စားမှုမျိုး ရှိသွားတာလဲ?

စနစ် က ရှချန်းချန်း ကို ပြန်လည်မှတ်မိစေခဲ့သည်၊ “လွန်ခဲ့တဲ့ အပတ်တုန်းက ကွမ်ကျုံး ကို ရှာနေတုန်း၊ မင်း သူ့ကို အနင်းခံနေတာကို မမြင်ချင်ယောင်ဆောင်ပြီး သူ့ကို နှာဘူးကောင်လို့ လှောင်ပြောင်ခဲ့တယ်မလား?”

ရှချန်းချန်း သည် စကားမပြောနိုင်ဖြစ်သွားသည်၊ “ဒီလူက အငြိုးအတေး ထားနေတာကိုး!”

ဗီလိန်တစ်ယောက်အနေနဲ့ မင်းက သဘောထားကြီးရမယ်လေ!

စနစ် က ဝမ်းသာအားရ ပြောလိုက်သည်- “ရှဲ့ကျစ်ရှင်း က အငြိုးအတေးမထားခဲ့ဘူးဆိုရင် သူ ဘာလို့ သူ့ဦးလေးကို အတိတ်မှာ သတ်ပြီး နောက်ပိုင်းမှာ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးကို နှိပ်စက်မလဲ၊ သူ့နာမည်ဝှက်က ရယ်စရာကောင်းတယ်လို့ မထင်နဲ့၊ မင်းက အနာဂတ်မှာ သူ့ကို ဖော်ထုတ်ဖို့ တမင်တကာ ကွာရှင်းမပေးဘူးဆိုတာ သူသိရင် မင်းကို သတ်ပစ်မှာ သေချာတယ်!”

ရှချန်းချန်း အနည်းငယ် ကြောက်လန့်ပြီး စနစ် ပြောတာ မှန်တယ်လို့ ခံစားလိုက်ရသည်။ ထို့ကြောင့် သူ(မ)၏ စိတ်နေစိတ်ထားကို ချိန်ညှိပြီး တစ်စက္ကန့်အတွင်း နူးညံ့သိမ်မွေ့သော မျက်နှာသို့ ပြောင်းလဲလိုက်သည်၊

“ယောကျာ်း၊ ဘာကိစ္စများ ရှိလို့လဲ~”

သူ(မ)၏ မျက်နှာပေါ်မှ mud mask ကို မဆေးကြောရသေးသောကြောင့် ဤမြင်ကွင်းသည် အထူးပင် ရယ်စရာကောင်းပြီး ကြောက်မက်ဖွယ်လည်း ကောင်းနေသည်၊ ရွှံ့နွံဘီလူးတစ်ကောင်က ရှဲ့ကျစ်ရှင်း ကို သွားဖြူကြီးများဖြင့် ပြုံးပြနေသကဲ့သို့ပင်။

ရှဲ့ကျစ်ရှင်း က သူ့စိတ်ကို ပြန်လည်ထိန်းညှိပြီး ခဏရပ်လိုက်သည်၊

“ဒီည အားရဲ့လား၊ ကိုယ်တို့ လက်ထပ်တာ နည်းနည်းကြာပြီ၊ လူကြီးတွေကို သွားတွေ့ဖို့ အိမ်ပြန်ရမယ်”

လူကြီးတွေ?

ရှချန်းချန်း သည် စိတ်ရှုပ်ထွေးသွားသည်။

ရှဲ့ကျစ်ရှင်း ၏ ဝတ္ထုထဲက လူကြီးက သူ မြေမြှုပ်ခဲ့တဲ့ ဦးလေး ရှဲ့ချန်းရယ် မဟုတ်ဘူးလား?

သူ(မ)က မသိစိတ်ဖြင့် မေးလိုက်သည်၊

“ပေါက်တူး ယူသွားရမလား”

ရှဲ့ကျစ်ရှင်း: ? ? ?

ရှဲ့ကျစ်ရှင်း က စိတ်ရှုပ်ထွေးစွာဖြင့်၊ “ဘာလို့ ပေါက်တူးယူရမှာလဲ”

ရှချန်းချန်း က ပြုံးပြီး ရှင်းပြသည်၊ “ဦးလေးရဲ့ အုတ်ဂူကို တူးဖို့လေ၊ ကျွန်မတို့က အရမ်းကို စဉ်းစားပေးတတ်တယ် မဟုတ်လား!”

ရှဲ့ကျစ်ရှင်း: ? ? ?

ရှဲ့ကျစ်ရှင်း ၏ မျက်နှာသည် စကားမပြောနိုင်ဖြစ်နေသည်၊

“သူ မဟုတ်ဘူး၊ ကိုယ်ပြောတဲ့ လူကြီးက ကိုယ့်အဒေါ်”

“အဒေါ်”

ရှချန်းချန်း သည် ခေါင်းကို စောင်းပြီး အတန်ကြာ စဉ်းစားသော်လည်း ရှဲ့ကျစ်ရှင်း ၏ အဒေါ်ဟု ခေါ်သောသူကို မမှတ်မိခဲ့ပေ။

သို့သော် သူ(မ)က ပြုံးပြီး ခေါင်းညိတ်လိုက်သည်၊

“အိုကေ၊ သိပြီ”

ရှဲ့ကျစ်ရှင်း ထွက်သွားပြီးနောက် ရှချန်းချန်း သည် သူ(မ)၏ ခေါင်းထဲမှ ပြန်လည်မွေးဖွားခြင်း ဝတ္ထုကို ပြန်ထုတ်လိုက်သည်။

သူ(မ) စတင်ရောက်ရှိစဉ်က စနစ် သည် ရှချန်းချန်း အား ပုံနှိပ်ဝတ္ထုကို ပေးခဲ့ပြီး၊ ထို့နောက် ဝတ္ထုကမ္ဘာ ပေါက်ကြားခြင်းမှ ကာကွယ်ရန် ပုံနှိပ်ဝတ္ထုကို ရှချန်းချန်း ၏ ခေါင်းထဲသို့ ထပ်မံ ထည့်သွင်းခဲ့သည်။

ရှချန်းချန်း သည် အကြိမ်ကြိမ် ပြန်ဖတ်ခဲ့သော်လည်း ရှဲ့ကျစ်ရှင်း ၏ ဆွေမျိုးများ၏ နာမည်များကို မတွေ့ခဲ့ရပေ။

“မင်း ရှာနေစရာ မလိုဘူး” စနစ် က ပြောလိုက်သည်၊

“ငါလည်း အဲလိုလူတစ်ယောက် ရှိတယ်ဆိုတာ မသိခဲ့ဘူး”

ရှချန်းချန်း က သူ(မ)၏ မေးစေ့ကို ကိုင်ကာ

“ရှဲ့ကျစ်ရှင်း မှာ ဆွေမျိုးတွေ ရှိတာ အံ့သြစရာ မဟုတ်ပါဘူး၊ ငါ သိချင်တာက သူ့ဆွေမျိုးတွေက သူ့အတွက် အရမ်းအရေးကြီးပုံရတယ်၊ သူ ရူးနေတုန်းက ဒီဆွေမျိုးတွေ ဘာလို့ ထွက်လာပြီး သူ့ကို မတားခဲ့တာလဲ”

စနစ် လည်း စိတ်ရှုပ်ထွေးနေသည်၊ သို့သော် သူ မသိပေ။ သူသည် အကူအညီပေးသူမန်နေဂျာ တစ်ဦးသာ ဖြစ်သည်။ သူ၏ အကြီးဆုံး လုပ်ဆောင်ချက်မှာ စတင်သူများကို လမ်းညွှန်ပေးပြီး ကုန်ပစ္စည်းများ ရောင်းချရန် ဖြစ်သည်။

“ထားလိုက်ပါတော့၊ ဒီည ဘယ်လိုပဲဖြစ်ဖြစ် တွေ့ရမှာဆိုတော့ အမှန်တရားက အဲရောက်ရင် ပေါ်လာလိမ့်မယ်”

ရှချန်းချန်း က စိတ်ဝင်တစားဖြင့် အဝတ်လဲခန်းသို့ လျှောက်သွားရင်း “ကြည့်ရအောင်၊ ဒီည ဘယ်လို စကတ် လှလှလေးကို ဝတ်ရမလဲ”

ညနေ ၅ နာရီတွင် အထူးလက်ထောက် ကျုံး သည် Rolls-Royce ကားကို ယွီလန်ယွမ် ၏ ဝင်ပေါက်တွင် ရပ်နားလိုက်သည်။

ရှဲ့ကျစ်ရှင်း သည် သပ်ရပ်သော အနက်ရောင်ဝတ်စုံ ကို ဝတ်ဆင်ထားပြီး Rolls-Royce ကားပေါ်သို့ မှီလျက်ရှိသည်။

သူသည် ရှချန်းချန်း ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ရှချန်းချန်း ထွက်လာသောအခါ သူ မော့ကြည့်လိုက်ရာ C မိသားစု မှ couture ဒီဇိုင်း အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ရှချန်းချန်း သည် ဗီလာမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ယွီလန်ယွမ် ၏ လမ်းမီးများသည် စတင်လင်းထိန်နေပြီဖြစ်ပြီး မှိန်မှိန်ဖျော့ဖျော့ အလင်းရောင်သည် ဇူလိုင်လ၏ အလှအပကို ဖုံးလွှမ်းထားသည်။ သူ(မ)၏ ကျောက်တပ် ဒေါက်မြင့်ဖိနပ် များသည် ကျောက်စရစ်လမ်းပေါ်သို့ နင်းချလိုက်ရာ လမ်းမီး၏ အလင်းအောက်တွင် ကျောက်သလင်းများ တလက်လက် တောက်ပနေသည်။

ရှချန်းချန်း သည် အနည်းငယ် မိတ်ကပ်လိမ်းခြယ်ထားပြီး လှပသော မျက်ခုံးများ၊ နူးညံ့သိမ်မွေ့သော ဦးခေါင်း၊ ဖွေးဖြူသော သွားများနှင့် နီရဲသော နှုတ်ခမ်းများက သူ(မ)၏ ကျော့ရှင်းမှုနှင့် လှပမှုကို ပိုမို ထင်ရှားစေသည်။

ရှဲ့ကျစ်ရှင်း အနည်းငယ် မှင်တက်သွားသည်။

သူသည် ရှချန်းချန်း မိတ်ကပ်လိမ်းခြယ်ထားသည်ကို မြင်ရခဲသည်။ သူတို့နှစ်ဦး အတူနေထိုင်ကြပြီး အချိန်အများစုတွင် ရှချန်းချန်း ကို မိတ်ကပ်မလိမ်းဘဲ တွေ့ရသည်၊ သူ(မ)သည် လှပသော မိန်းကလေးတစ်ဦး၊ ဖြူစင်လှပသူတစ်ဦး ဖြစ်သည်။

ဤအချိန်တွင် မိတ်ကပ်လိမ်းခြယ်ထားသော ရှချန်းချန်း သည် ကျော့ရှင်းပြီး ဉာဏ်ရည်ထက်မြက်သည့်ပုံ ပေါ်နေပြီး ထူးခြားသော ခံစားချက်ကို ပေးစွမ်းနေသည်။

ရှဲ့ကျစ်ရှင်း သည် ရှချန်းချန်း အတွက် နောက်တံခါးကို ယဉ်ကျေးစွာ ဖွင့်ပေးခဲ့ရာ ရှားပါးသော အပြုအမူပင်။

ရှချန်းချန်း သည် သူ(မ)၏ စကတ်ကို မြှောက်ကာ Rolls-Royce ထဲသို့ ဝင်လိုက်ပြီး ကားသည် ကျန်းချန်တောင်ဘက်ရှိ အခြားသော ဗီလာဧရိယာသို့ မောင်းနှင်သွားသည်။

ကားပေါ်တွင် ရှဲ့ကျစ်ရှင်း သည် ရှချန်းချန်း အား သူ၏ မိသားစု အခြေအနေကို ပြောပြသည်။

“ကိုယ့် အဒေါ်က ရှဲ့မိသားစုရဲ့ မျိုးရိုးခွဲက၊ သူ လွန်ခဲ့တဲ့ နှစ်တွေက အိမ်ကနေ ထွက်ပြေးခဲ့တော့ သူက ရှဲ့ မိသားစုဝင်ဆိုတာ လူသိပ်မသိကြဘူး”

“သူက ရှင့်အဖေရဲ့ မွေးချင်းလား” ရှချန်းချန်း က မေးသည်။

“ဝမ်းကွဲပါ” ရှဲ့ကျစ်ရှင်း က ပြန်ဖြေသည်၊

“ကိုယ့်မိသားစု ဒုက္ခရောက်ပြီးတော့... သူ ကိုယ့်ကို ခဏတာ ဂရုစိုက်ပေးခဲ့တယ်၊ အဲတာကြောင့် အခု ကိုယ်လည်း လက်ထပ်ပြီးပြီဆိုတော့ စိတ်ပိုင်းဆိုင်ရာရော၊ ကျိုးကြောင်းဆီလျော်မှုအရရော သူ့ဆီ သွားရောက်သင့်တယ်ထင်လို့”

ရှချန်းချန်း နားလည်သွားသည်။

ဒါကလည်း ဝတ္ထုထဲက လျှို့ဝှက်ဇာတ်ကွက်တစ်ခုပင်။

မူလက ရှဲ့ကျစ်ရှင်း သည် ရှချန်းချန်း အား သူ၏ အဒေါ်ဆီသို့ ခေါ်ဆောင်ရန် အစီအစဉ် မရှိခဲ့ပေ။

လက်ထပ်ပြီး သုံးရက်အတွင်း လူကြီးတစ်ဦးနှင့် တွေ့ဆုံခြင်းက ဘာအဓိပ္ပာယ်ရှိမှာလဲ။

သို့သော် ရှဲ့ကျစ်ရှင်း ၏ အဒေါ်သည် ရှဲ့ကျစ်ရှင်း အား Blind Dateများ အဆက်မပြတ် မိတ်ဆက်ပေးနေပြီး အမျိုးမျိုးသော သူဌေးသမီးများကို အကြံပြုနေသည်။

ယခင်က ရှဲ့ကျစ်ရှင်း သည် ထိုအပြုအမူများကို စီးပွားရေး ဖလှယ်မှုအဖြစ် သဘောထားကာ အတူတကွ ထမင်းစားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခံစားချက်မရှိဘဲ သဘောတူညီစွာ လမ်းခွဲခြင်းတို့ကို ပြုလုပ်နိုင်သေးသည်။

သို့သော် ယခု ရှဲ့ကျစ်ရှင်း သည် လက်ထပ်ပြီး ဖြစ်သည်။ ဤအိမ်ထောင်ရေးသည် သိပ်မသန့်ရှင်းသော်လည်း သူလက်ထပ်ထားစဉ်တွင် အခြားအမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံရန် မလိုချင်ပေ။

သူ၏ အဒေါ်ကို လိမ်ညာရန်လည်း မလုပ်ချင်ခဲ့ချေ။

ကံကောင်းစွာဖြင့် သူ၏ မိဘများနှင့် တွေ့ဆုံခြင်းသည် ပိုကောင်းသည်။ သူ၏ ဘဝကိစ္စများကို နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်ခဲ့သော အဒေါ်အား ရှင်းပြခြင်းဟု သဘောထားနိုင်သည်။

“စိတ်မပူပါနဲ့” ရှချန်းချန်း သည် သူ(မ)၏ ရင်ဘတ်ကို ယုံကြည်မှုရှိစွာ ပုတ်လိုက်သည်၊

“ရှဲ့မိသားစုရဲ့ ချွေးမနေရာကို ကောင်းကောင်း သရုပ်ဆောင်ပြမှာပါ၊ ဘာလို့ဆို ကျွန်မတို့က အရမ်းချစ်ကြတာကိုး”

ရှဲ့ကျစ်ရှင်း သည် မှတ်ချက်မပေးပေ။ မည်သို့ပင်ဆိုစေကာမူ ရှချန်းချန်း က သူ့ကို ယောကျာ်း ဟု ခေါ်တိုင်း သူ အတုအယောင်ဟု ခံစားရသည်။

“နောက်တစ်ခု ရှိသေးတယ်” ရှဲ့ကျစ်ရှင်း က သတိပေးသည်၊

“နောက်မှ အဒေါ်အိမ် သွားတဲ့အခါ၊ မင်း အနုပညာလောကထဲက တစ်ယောက်ယောက်ကို တွေ့ရနိုင်တယ်”

ရှချန်းချန်း က စိတ်ရှုပ်ထွေးစွာဖြင့် “အနုပညာလောကထဲက တစ်ယောက်ယောက်”

ရှဲ့ကျစ်ရှင်း က ပေါ့ပေါ့ပါးပါး ပြောသည်၊

“ကိုယ့်မှာ ကျင်ရိဖန် လို့ ခေါ်တဲ့ ဝမ်းကွဲတစ်ယောက် ရှိတယ်”

ရှချန်းချန်း သည် စက္ကန့်အတော်ကြာ မှင်တက်သွားပြီးမှ တုံ့ပြန်လိုက်သည်။

သူ(မ)က တီးတိုးပြောပြီး စနစ် ကို မေးသည်၊

“ရှဲ့ကျစ်ရှင်း ပြောတဲ့ ကျင်ရိဖန် က ငါသိတဲ့ ကျင်ရိဖန် လား”

စနစ်: “မင်း သေချာ မှတ်မိတာပဲ၊ သူပြောနေတဲ့သူက ဝတ္ထုထဲမှာ တစ်နိုင်ငံလုံးက blacklisted လုပ်ပြီး နောက်ပိုင်း ပရိသတ်တစ်ဦးရဲ့ ကားနဲ့တိုက်မိပြီး သေဆုံးခဲ့ရတဲ့ ကျင်ရိဖန် ပါ”

ဆယ်မိနစ်အကြာတွင် Rolls-Royce ကားသည် ကျန်းချန်တောင်ဘက်ရှိ ထူချန်နီ ဗီလာ ခရိုင် တွင် ရပ်တန့်လိုက်သည်။

အထူးလက်ထောက် ကျုံး က ကားပေါ်မှ ဆင်းကာ တံခါးကို ဖွင့်ပေးသည်။

ရှချန်းချန်း နှင့် ရှဲ့ကျစ်ရှင်း တို့ တစ်ယောက်ပြီး တစ်ယောက် ကားပေါ်မှ ဆင်းလာကြသည်။ ရှချန်းချန်း သည် သူ(မ)ရှေ့မှ ခမ်းနားသော ဗီလာကို ကြည့်ရင်း သူ(မ)၏ နှုတ်ခမ်းထောင့်များ ကွေးသွားသည်။

ကျင်ရိဖန် သည် ရှဲ့ကျစ်ရှင်း ၏ ဝမ်းကွဲညီအစ်ကို ဖြစ်နေခြင်းက ဤကိစ္စကို ပို၍ စိတ်ဝင်စားစရာ ကောင်းလာစေသည်။

ဗီလာတံခါးဝတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အသက်လေးဆယ်ခန့်ရှိသူနှစ်ဦး ရပ်နေကြသည်။

ထိုအမျိုးသားမှာ ရှဲ့ကျစ်ရှင်း ၏ ဦးလေး ကျင်ဟုန်ဟိုင် ဖြစ်ပြီး၊ မျက်နှာသွင်ပြင် ကောင်းမွန်ကာ ခန္ဓာကိုယ် အနည်းငယ် ဝပြီး အမြဲတမ်း ပျော်ရွှင်နေတတ်သူ ဖြစ်သည်။ သူသည် အလယ်အလတ်အရွယ် အမျိုးသားများ၏ အဆီပြန်သော ခံစားချက်မရှိဘဲ၊ မိတ္တယျဗုဒ္ဓကဲ့သို့ ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းသည်။

အမျိုးသမီးမှာ ရှဲ့ကျစ်ရှင်း ၏ အဒေါ် ရှဲ့ရှင်းယောင် ဖြစ်ပြီး၊ ဂန္ထဝင် အနက်ရောင် စိမ်းရောင် ချုံဆမ် ကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သည်။ သူ(မ)၏ လက်တွင် ဒီဇိုင်းဆန်းသော ကျောက်စိမ်းလက်ကောက်ကို ဝတ်ဆင်ထားပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် တန်ဖိုးရှိကြောင်း သိသာသည်။

ရှချန်းချန်း သည် ချမ်းသာကြွယ်ဝသော မိသားစု၏ ချွေးမဖြစ်ရသည်မှာ မလွယ်ကူကြောင်း ကြားသိခဲ့ဖူးသည်။ မိခင်များစွာသည် သူတို့၏ ချွေးမများက သူတို့၏ သားများကို လုယူသွားသည်ဟု ခံစားရသောကြောင့် ချွေးမများကို အမြဲဒုက္ခပေးလိုကြသည်။ ထို့အပြင် သားဖြစ်သူ၏ မိသားစုတွင် နောင်တွင် လွှမ်းမိုးနိုင်ရန်အတွက် ပထမဆုံး တွေ့ဆုံခြင်းတွင် ချွေးမကို နိုင်လိုရမည်။

ရှဲ့ရှင်းယောင် သည် ရှဲ့ကျစ်ရှင်း ၏ မွေးမိခင် မဟုတ်ပေ။ သို့သော် ရှချန်းချန်း သည် ရှဲ့ကျစ်ရှင်း ၏ ပြောကြားချက်အရ သူ၏ မိဘများ လွန်ခဲ့သော ခုနစ်နှစ်က ကွယ်လွန်ပြီးနောက် ရှဲ့ရှင်းယောင် ၏ အိမ်တွင် ခိုလှုံခဲ့ရကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် ရှဲ့ရှင်းယောင် သည် သူ့အတွက် ဒုတိယမိခင်နှင့် တူညီသည်။

ယနေ့ ဤဒုတိယမိခင်သည် အဆင့်မြင့် ပန်းထိုးထားသော အစိမ်းရင့်ရောင် ချုံဆမ် ကို ဝတ်ဆင်ထားပြီး တန်ဖိုးရှိသော လက်ဝတ်ရတနာများ အပြည့်အစုံ ဝတ်ဆင်ထားကာ မျက်နှာတွင် မိတ်ကပ် အပြည့်လိမ်းခြယ်ထားသည်။

လက်နက်အပြည့်အစုံ!

ဒါက အာဏာပြဖို့ သေချာပေါက်ပဲ!

ရှချန်းချန်း သည် သက်ပြင်းရှိုက်လိုက်သည်။

မည်သို့ပင်ဆိုစေ၊ သူ(မ)သည် ဤနေရာတွင် သရုပ်ဆောင်ရန် လာခြင်းဖြစ်သည် - သီလနှင့်ပြည့်စုံသော ချွေးမတစ်ဦးအဖြစ်! သူ(မ) လုပ်နိုင်သည်။

ဗီလိန်နှင့် သူ(မ)၏ အိမ်ထောင်ရေးကို ကယ်တင်ရန်၊ “မင်းသားရဲ့ လျှို့ဝှက်အိမ်ထောင်ရေး” ဟူသော အလွန်ကြီးမားသည့် ဖရဲသီး (လျှို့ဝှက်ချက်) ကို ထိန်းသိမ်းထားရန်။

အိုး! ပြီးတော့ ဗီလာအကြီးကြီးမှာ ဆက်နေပြီး၊ မုဆိုးမ ဘဝရဲ့ အံ့သြဖွယ်ဘဝကို ခံစားဖို့… သူ(မ) ဒီ ယောက္ခ်မရဲ့ ဒုက္ခသေးသေးလေးကို ခံနိုင်ရည်ရှိတယ်။

သူ(မ)ရှေ့တွင် ရှဲ့ရှင်းယောင် သည် ရှဲ့ကျစ်ရှင်း ကို မြင်သောအခါ သူ(မ)၏ မျက်လုံးများ ပျော်ရွှင်မှုများဖြင့် ပြည့်လျှံသွားပြီး ချက်ချင်းပင် သူ့ကို ကြိုဆိုရန် သွားခဲ့သည်။

ရှဲ့ကျစ်ရှင်း သည် ရှဲ့ရှင်းယောင် ကို နှုတ်ဆက်ရန် ပြင်ဆင်နေစဉ် နောက်တစ်စက္ကန့်တွင် ရှဲ့ရှင်းယောင် သည် မည်သည့်နေရာမှ အားအင်များ ရရှိခဲ့သည်မသိ၊ ရှဲ့ကျစ်ရှင်း ကို တိုက်ရိုက် တွန်းထုတ်လိုက်သည်။

ရှဲ့ကျစ်ရှင်း:? ? ?

ရှဲ့ကျစ်ရှင်း သည် ဟန်ချက်ပျက်ပြီး နှစ်လှမ်းခန့် တိမ်းမှောက်သွားလုနီးပါး ဖြစ်ခဲ့သည်။

ပြန်ကြည့်လိုက်သောအခါ ရှဲ့ရှင်းယောင် သည် ရှချန်းချန်း ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်၊

“ချန်းချန်း၊ သမီး နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ဒီ ရှဲ့ကျစ်ရှင်း ဆိုတဲ့ ခွေးကော‌င်လေးကို ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူးလို့ စိုးရိမ်နေခဲ့တာ”

ရှချန်းချန်း:? ? ?

ရှဲ့ကျစ်ရှင်း:? ? ?

ရှဲ့ကျစ်ရှင်း သည် ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။

“အဒေါ်၊ ဘယ်သူမှ ကျွန်တော့်ကို မလိုချင်ဘူးလား၊ ကျွန်တော်က အဲလောက်တောင် စိတ်ပျက်စရာကောင်းတယ်လို့ ထင်တာလား”

“ငါ့ကိုများ တစ်ယောက်ယောက်က ပိုးပန်းခဲ့ရင်... နင်တော့ တစ်ယောက်တည်းပဲ ရှိနေဦးမှာလား”

ရှဲ့ရှင်းယောင် က မျက်ခုံးပင့်ကာ ပြန်မေးသည်၊

“ငါ နင့်အရွယ်တုန်းကဆို ငါ့ရည်းစားဟောင်းတွေက ဗီလာအိမ်ပတ်ပတ်လည်တောင် လည်နိုင်တယ်၊ ငါ့ကို လိုက်တဲ့ယောကျ်ားတွေဆို ပြင်သစ်အထိတောင် တန်းစီလို့ရတယ်၊ နင်ကတော့ အခုထိ တစ်ကိုယ်ရေသမားပဲ၊ တစ်ခုခုတော့ လွဲနေပြီ၊ နင့်ကိုယ်နင် ပြန်သုံးသပ်ဖို့လိုပြီနော်”

ရှဲ့ကျစ်ရှင်း မျက်နှာက ခါးသက်နေသည်။

မိတ္တယျဗုဒ္ဓကဲ့သို့သော ကျင်ဟုန်ဟိုင် က ချက်ချင်းပင် ရယ်မောလိုက်သည်၊ “ကျစ်ရှင်း ရဲ့ standard တွေက မြင့်တယ် ကြည့်ပါဦး၊ သူ ချန်းချန်း ကို တွေ့တာနဲ့ ချစ်သွားတာ၊ ရက်ပိုင်းလေးအတွင်း လက်ထပ်လိုက်တာ၊ ဦးလေးတို့ကိုတောင် အံ့အားသင့်သွားစေတယ်”

“ဒါနဲ့ ပတ်သက်ပြီးလည်း ပြောစရာရှိသေးတယ်၊ ရှဲ့ကျစ်ရှင်း၊ မင်း အမြန်လက်ထပ်တာကို ငါ မကန့်ကွက်ပါဘူး၊ ဒါပေမယ့် ဘာလို့ မင်္ဂလာဆောင် မလုပ်တာလဲ”

ရှဲ့ရှင်းယောင် က အရမ်း ဒေါသထွက်နေသည်၊ ပြီးတော့ ရှချန်းချန်း ကို နှစ်သိမ့်ရန် လှည့်လိုက်သည်။

“ချန်းချန်း၊ စိတ်မပူပါနဲ့၊ လျှို့ဝှက်လက်ထပ်ရင်တောင် မင်္ဂလာဆောင်အတွက် ပိုက်ဆံချွေတာလို့မရဘူး၊ အဆိုးဆုံးကတော့ နိုင်ငံခြားမှာ လုပ်လို့ရတယ် သမီး စိတ်ပျက်အောင်တော့ မလုပ်ပါဘူး”

ရှချန်းချန်း သည် ရှဲ့ရှင်းယောင် အား ဤမျှလောက် စိတ်အားထက်သန်လိမ့်မည်ဟု တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။

ဝတ္ထုထဲသို့ ရောက်လာသည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှ ပထမဆုံးအကြိမ်အဖြစ် အိမ်ပြန်ရောက်သည့် ခံစားချက်မျိုးကို ခံစားရသည်။

ရှချန်းချန်း ၏ မျက်နှာအမူအရာသည် သိသိသာသာ နူးညံ့သွားပြီး သူ(မ)သည် ရှဲ့ရှင်းယောင် ၏ လက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

“အဒေါ်၊ ရပါတယ် ကျစ်ရှင်း ကို မင်္ဂလာဆောင် မလုပ်ဖို့ ပြောခဲ့တာ ကျွန်မပါပဲ ကျွန်မတို့ နှစ်ယောက်စလုံး အနုပညာရှင်တွေဆိုတော့ နိုင်ငံခြားမှာ လုပ်ရင်တောင် လျှို့ဝှက်ဓာတ်ပုံ ရိုက်ခံရနိုင်တယ်၊ ဒီနည်းကလည်း ကောင်းပါတယ်”

“အိုး ဘုရားရေ!”

ရှဲ့ရှင်းယောင် ၏ မျက်လုံးများ နီရဲလာပြီး ရှချန်းချန်း ၏ လက်ကို ပုတ်လိုက်သည်၊

“ရှဲ့ကျစ်ရှင်း ဆိုတဲ့ ကောင်စုတ်လေးက ဘယ်လိုလုပ် သမီးလို မိန်းမကောင်းတစ်ယောက်ကို လက်ထပ်ရတာ ဘယ်လောက်ကံကောင်းလဲ၊ အခုကစပြီး အဒေါ်တို့အိမ်ကို သမီးအိမ်လိုပဲ သဘောထား၊ ရှဲ့ကျစ်ရှင်း က သမီးကို အနိုင်ကျင့်ရင် အဒေ့ါ်ကို ပြော၊ အဒေါ် သူ့ကို ရိုက်ပေးမယ်!”

“အိုး၊ ဒါပြောမှ သတိရတယ်”

ရှဲ့ရှင်းယောင် ရုတ်တရက် တခြားအကြောင်းတစ်ခုကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်သည်၊ “ဒီနေ့ မင်းတို့နှစ်ယောက် အိမ်ပြန်လာတဲ့နေ့ပဲ၊ ရိဖန် က ဘာလို့ အောက်မဆင်းသေးတာလဲ၊ သူ အပေါ်ထပ်မှာ ဂိမ်းထပ်ဆော့နေတာလား”

“ရိဖန် လည်း နောက်ဆုံးတော့ နားရက်ရတာပဲ၊ သူ့ကို ဆော့ပါစေ”

ကျင်ဟုန်ဟိုင် က ပြောပြီးနောက် လူတိုင်းကို လက်ဟန်ပြသည်၊ “ကဲ၊ ကဲ၊ အပြင်မှာ ရပ်မနေကြနဲ့တော့၊ မြန်မြန် အထဲဝင်ကြ!”

ရှချန်းချန်း သည် ရှဲ့ကျစ်ရှင်း ၏ လက်မောင်းကို ဆုပ်ကိုင်ကာ ချစ်ခင်စုံမက်သော စုံတွဲတစ်တွဲလို ဗီလာထဲသို့ လျှောက်ဝင်သွားကြသည်။

အိမ်တော်ထိန်းက ဆယ်မိနစ်အတွင်း ထမင်းစားရန် အဆင်သင့်ဖြစ်မည်ဟု အစီရင်ခံသည်။ လူတိုင်းသည် ဧည့်ခန်းတွင် မိသားစုကိစ္စများ အကြောင်း ခဏတာ စကားပြောဆိုနေကြသည်။

ရှချန်းချန်း သည် ရှဲ့ကျစ်ရှင်း အမှန်တကယ် ရယ်နိုင်သည်ကို တွေ့ရှိခဲ့သည်၊ အထူးသဖြင့် ရှဲ့ရှင်းယောင် နှင့် ကျင်ဟုန်ဟိုင် ရှေ့တွင် ဖြစ်သည်။

ရှဲ့ရှင်းယောင် သည် သူ(မ) မကြာသေးမီက ကြည့်ရှုနေသော ခေတ်ပေါ်မြို့ပြဒရာမာ တစ်ခုအကြောင်း ပြောဆိုသည်၊ ထိုအထဲတွင် ဇာတ်ဆောင်သည် TV King ကျန့်စုန့် ဖြစ်သည်။ ရှဲ့ကျစ်ရှင်း သည် ကျန့်စုန့် နှင့် ကျောက်ချင် တို့ လမ်းခွဲကြောင်း သတင်းကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ ရှဲ့ရှင်းယောင် သည် ထိုစကားကို ကြားသောအခါ အလွန်ဝမ်းနည်းသွားသော်လည်း ရှဲ့ကျစ်ရှင်း က သူ(မ)ကို နှစ်သိမ့်ပေးခဲ့သည်။

ရှချန်းချန်း သည် ဆိုဖာပေါ်တွင် မှီကာ ရှဲ့ကျစ်ရှင်း ကို ကြည့်နေသည်။

ဝတ္ထုတွင် ရှဲ့ကျစ်ရှင်း နှင့် သူ၏ ဆွေမျိုးများ၏ မြင်ကွင်းကို ဘယ်တုန်းကမှ ဖော်ပြထားခြင်း မရှိခဲ့ဘဲ သူ(မ)လည်း မမြင်ဖူးခဲ့ပေ။ ယနေ့သည် ရှဲ့ကျစ်ရှင်း သူ၏ ဆွေမျိုးများနှင့် ပေါင်းသင်းဆက်ဆံသည်ကို သူ(မ) ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူသည် အထူးပင် ဖော်ရွေနွေးထွေးပုံရသည်။

ဤသည်က ရွှေရုပ်ရှင်ဆုကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သည့် ဒဏ္ဍာရီဆန်သူတစ်ဦး ၏ ဘဝတွင် လူသားဆန်သော အငွေ့အသက်များစွာ ထည့်သွင်းပေးထားသလို အမြဲ ခံစားရသည်။

ရှဲ့ကျစ်ရှင်း သည် ယခုအချိန်တွင် မော့ကြည့်လိုက်ရာ ရှချန်းချန်း သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဤမိသားစု၏ နွေးထွေးသော အငွေ့အသက်က နှစ်ဦးသားကို ပိုမို ရင်းနှီးစေသည်လား မသိပေ။ ရှချန်းချန်း သည် ဖရဲသီးစေ့များကို ယူရန် ကိုင်းညွတ်လိုက်ရာ သူ(မ)၏ နဖူးပေါ်တွင် ဆံပင်အချို့ ကျနေသည်ကို သူ မြင်လိုက်သည်။ သူ မသိစိတ်ဖြင့် လက်လှမ်းကာ သူ(မ)၏ ဆံပင်များကို နားနောက်သို့ သပ်တင်ပေးလိုက်သည်။

ရှချန်းချန်း သည် မှင်တက်သွားလေသည်။

သူ(မ)သည် ရှဲ့ကျစ်ရှင်း ကို မော့ကြည့်လိုက်သည်၊ သူ၏ မျက်ဝန်းနက်နက်များသည် သူ(မ)၏ နှလုံးသားထဲသို့ အရည်ပျော်ဝင်သွားသကဲ့သို့ပင်။

ရှချန်းချန်း ချော်လဲကာ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သည်။

ရှဲ့ကျစ်ရှင်း သည် သူ(မ)ကို လျင်မြန်စွာ ထိန်းပေးလိုက်သည်။

သူ၏ လက်ချောင်းထိပ်များသည် ရှချန်းချန်း ၏ လက်ဖဝါးနောက်ဘက်ကို ညင်သာစွာ ပွတ်သပ်သွားသည်၊ သူ၏ လက်ချောင်းထိပ်များသည် အေးစက်နေပြီး ကျောက်စိမ်းဖြင့် ပြုလုပ်ထားသကဲ့သို့ပင် လျှပ်စစ်ရှော့ခ် ဖြစ်သကဲ့သို့ ထုံကျင်သော ခံစားမှုမျိုးကို ဖြစ်ပေါ်စေသည်။

သူ၏ မျက်လုံးများသည် ရှချန်းချန်း အပေါ် ကျရောက်လာပြီး တဖြည်းဖြည်း နူးညံ့လာကာ သူ၏ နှုတ်ခမ်းထောင့်တွင် စွဲမက်ဖွယ် ကွေးညွှတ်မှုတစ်ခု ပေါ်လာသည်၊

“ဘာလို့ ဒီလောက်တောင် ပေါ့ဆရတာလဲ”

ရှချန်းချန်း သည် ခဏတာမျှ မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။ သူ(မ)၏ ယခင်က စကားပြောစွမ်းရည်နှင့် သရုပ်ဆောင်စိတ်ဓာတ်တို့သည် ဤအချိန်တွင် လုံးဝ ပျောက်ဆုံးနေပြီဖြစ်သည်။

ခဏအကြာတွင် ရှချန်းချန်း သည် ရေချိုးခန်းသွားရန် အကြောင်းပြကာ ဧည့်ခန်းမှ အလျင်အမြန် ထွက်ပြေးခဲ့သည်။

ရှချန်းချန်း သည် သူ(မ) နီးပါး ရယ်မောခံရတော့မည်ဟု ခံစားခဲ့ရသည်၊ အထူးသဖြင့် သူ့မေးခွန်းက ကွမ်ကျုံး ၏ ခြေသည်းလေးများကဲ့သို့ သူ(မ)၏ နှလုံးသားကို အဆက်မပြတ် ခြစ်နေပြီး သူ(မ)၏ နှလုံးသားကို အမြဲ ယားယံစေသည်။

ရှဲ့ကျစ်ရှင်း က ရှဲ့ရှင်းယောင် ကို ချစ်ခင်စုံမက်သော စုံတွဲတစ်တွဲအဖြစ် သရုပ်ဆောင်နေသည်ကို သူ(မ) မသိခဲ့ပါက ရှချန်းချန်း သည် သေချာပေါက် ကျဆုံးသွားမည်ပင်။

သုံးကြိမ်တိုင်တိုင် ရွှေရုပ်ရှင်ဆုရှင်!

သူက အခုထိ အရမ်းချောနေတုန်းပဲ!

ဝူးဟူး! ဒါက အရမ်းကို အနိုင်ကျင့်ရာကျတာပဲ!

ရှချန်းချန်း ခဏတာ စိတ်ငြိမ်သွားပြီး ဧည့်ခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

စန္ဒယားသံ သာယာနာပျော်ဖွယ် တစ်ခု လှေကားမှ ထွက်ပေါ်လာသည်။

ကောင်လေးတစ်ဦးသည် ရှချန်းချန်း ဘယ်တုန်းကမှ မကြားဖူးသော သီချင်းတစ်ပုဒ်ကို သီဆိုနေသည်၊ သို့သော် အလွန် နားထောင်လို့ကောင်းသည်။ တေးဂီတတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပါဝင်နေသော်လည်း လူများကို တူညီသော ခံစားမှုမျိုး ဖြစ်ပေါ်စေသည်။

ရှချန်းချန်း သည် မသိစိတ်ဖြင့် ဂီတခန်း တံခါးဝသို့ လျှောက်သွားသည်။ တံခါးသည် အနည်းငယ် ပွင့်နေပြီး၊ ကောင်လေးတစ်ယောက် ဂစ်တာ တီးခတ်ရင်း သီချင်းဆိုနေသည်ကို မှေးမှိန်စွာ မြင်ရသည်။

သီချင်းဆိုသံသည် တစ်ခါတစ်ရံ သာယာနာပျော်ဖွယ်ကောင်းပြီး တစ်ခါတစ်ရံ ရှိုက်ကြီးတငင် ငိုကြွေးသံမျိုး ဖြစ်သည်။

သီချင်းအဆုံးတွင် ဝမ်းနည်းဖွယ် သီချင်းတစ်ပုဒ်ဖြစ်ပြီး ရှချန်းချန်း တောင် မျက်ရည်ကျခဲ့သည်။

သူ(မ)သည် လက်ခုပ်တီးကာ

“နားထောင်လို့ကောင်းလိုက်တာ၊ ကိုယ်တိုင်ရေးတာလား”

တစ်ဝက်ပိတ်ထားသော တံခါးကို လေက ဖွင့်လိုက်ရာ အဆိုတော် လှည့်ကြည့်လာသည်။

——ကျင်ရိဖန်။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ “You and Me, Our Sweet Time” ဇာတ်လမ်းတွဲရဲ့ ဇာတ်လိုက်မင်းသား။

လက်တွေ့ဘဝတွင် သူသည် ရှဲ့ကျစ်ရှင်း နှင့် ၃၀% ခန့် တူပြီး ဖုန်းထဲကထက် ပိုမိုချောမောသည်၊ သို့သော် သူသည် ကောင်လေးတစ်ယောက်သာ ဖြစ်သေးပြီး အလွန်ပင် ကလေးဆန်နေသေးသည်။

သူသည် ရှချန်းချန်း ၏ လက်ခုပ်တီးမှုကို ပေါ့ပေါ့တန်တန် သဘောထားပြီး သူ၏ လေသံက အေးစက်ပြီး ဝေးကွာသည်၊

“နာမှားကြားတာပါ၊ ကျွန်တော် ရေးတာ မဟုတ်ပါဘူး၊ ကျွန်တော် သီချင်း ဘယ်တော့မှ မရေးဘူး”

ထို့နောက် ဂစ်တာကို ချထားပြီး အလျင်အမြန် ထွက်ပြေးသွားသည်။

ရှချန်းချန်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း နောက်မှ မလိုက်ခဲ့ပေ။ သူ(မ)သည် ဂီတခန်းကို ပတ်ကြည့်လိုက်ရာ စင်များတွင် CD များ အပြည့်ရှိသည်ကို တွေ့လိုက်ရသည်။ ထို CD များ၏ ဘေးဘက် အဖုံးများသည် ဗလာဖြစ်နေပြီး မည်သည့်အရာမျှ မရှိပေ။

ရှချန်းချန်း အကြမ်းဖျင်း ရေတွက်ကြည့်လိုက်ရာ CD ၂၀၀ ကျော်ရှိသည်ကို တွေ့လိုက်ရသည်။

“ဒါတွေ အားလုံးက ကျင်ရိဖန် ရဲ့ ကိုယ်တိုင်ရေးသီချင်းတွေ ဖြစ်ရမယ် ဟုတ်တယ်ဟုတ်” ရှချန်းချန်း က သူ(မ)၏ ခေါင်းထဲရှိ စနစ် ကို မေးလိုက်သည်။

“ဟုတ်တယ်” စနစ် က စာအုပ်စင် ကို scan လုပ်လိုက်သည်၊ “တချို့ CD တွေမှာ သီချင်းတစ်ပုဒ်ထက် ပိုပါသေးတယ်”

ရှချန်းချန်း သည် ဗီရိုကို ခဏတာ ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်၊ သူ(မ)၏ ရယ်သံသည် ပေါ့ပါးပြီး သာယာသည်။

“စနစ် ရှဲ့ကျစ်ရှင်း က အခုနောက်ပိုင်း ယဲ့ရှီဝမ် ကို ဘာလို့ ဒီလောက် ဒုက္ခပေးတာလဲဆိုတာ ငါ နားမလည်ဘူး”

ရှချန်းချန်း က ကိုယ်တိုင်ရေး CD တန်းများကို သူ(မ)၏ လက်ချောင်းထိပ်များဖြင့် ဖြတ်သန်းရင်း ပြုံးလိုက်သည်၊ “ဒါပေမယ့် သူက ကျင်ရိဖန် ရဲ့ ဝမ်းကွဲညီအစ်ကိုဆိုရင်၊ ကျင်ရိဖန် က တကယ်ကို ပါရမီရှင် အဆိုတော်တစ်ယောက်ဆိုရင်၊ ဒါတွေအားလုံးမှာ အကြောင်းပြချက်ရှိ‌နေပြီ”

စနစ်: ? ? ?

စနစ် သည် မေးခွန်းအမှတ်အသားများဖြင့် ပြည့်နေသည်၊ “ဘာအကြောင်းပြချက်လဲ ငါ နားမလည်ဘူး၊ ငါ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြပါဦး”

သူသည် ယခုအခါ လဲလျောင်းနေပြီဖြစ်ပြီး သူ ဉာဏ်မမီ၊ မိုက်မဲသည်ဟူသော အချက်ကို လက်ခံလိုက်ပြီဖြစ်သည်။

ရှချန်းချန်း သည် CD များကို လှန်လှောကြည့်လိုက်ရာ အဖုံးပေါ်တွင် ရက်စွဲသာ ရေးထားသည်ကို တွေ့ရသည်။ အသစ်ဆုံးသည် ယနေ့ဖြစ်ပြီး အစောဆုံးရက်စွဲကို လွန်ခဲ့သော ခြောက်နှစ်အထိ ခြေရာခံနိုင်သည်။ ရှချန်းချန်း

သည် ဝတ္ထုထဲတွင် ကျင်ရိဖန် အကြောင်း ဖော်ပြချက်ကို မမှတ်မိဘဲ မနေနိုင်ခဲ့ပေ။

ကျင်ရိဖန် သည် ယခုနှစ်တွင် အသက် ၂၀ ရှိပြီး web drama တစ်ခုတွင် ပွဲဦးထွက်ခဲ့သည်။ သို့သော် သူ အသက် ၁၅ နှစ်အရွယ်တွင် ကိုယ်ပိုင်သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။ သူ၏ စတိုင် သည် ဆွဲဆောင်မှုရှိပြီး ထိမိသောကြောင့် ထို သီချင်းဆိုပြိုင်ပွဲတွင် ထိုက်တန်သော မထင်မှတ်ဘဲ အောင်မြင်သူတစ်ဦး ဖြစ်ခဲ့သည်။

သို့သော် နောက်ဆုံးပွဲနေ့တွင် ကျင်ရိဖန် သည် ခိုးကူးခြင်းဖြင့် ဖော်ထုတ်ခံခဲ့ရသည်။

သူ၏ နောက်ဆုံးသီချင်းသည် ရေပန်းစားသော မူရင်းအဆိုရှင် ချီပိုင် ၏ နောက်ဆုံး album ၏ ခေါင်းစီး သီချင်း နှင့် ထပ်တူကျနေသည်။

ချီပိုင် ၏ album အသစ်ထွက်ရှိသည့် ရက်စွဲသည် နောက်ဆုံးပွဲထက် တစ်လခွဲ စောနေခဲ့သည်။

အင်တာနက်တွင် ကျင်ရိဖန် ကို ခိုးကူးခြင်းဖြင့် စွပ်စွဲသည့် ဝေဖန်မှုများ ပြည့်လျှံခဲ့သည်။ ကျင်ရိဖန် သည်လည်း ချီပိုင် ၏ လူအများရှေ့တွင် အရှက်ခွဲခံရပြီး ဖျော်ဖြေရေးလုပ်ငန်းမှ နှုတ်ထွက်ရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။

ကျင်ရိဖန် သည် ထိုအချိန်က နာမည်မကြီး သေးသောကြောင့် မှောင်ခိုဈေးကွက်မှ ဝယ်ယူထားသော ID ကဒ် ကို အသုံးပြုခဲ့ပြီး အနုပညာနာမည်ကို အသုံးပြုခဲ့ရာ သူ့မိဘများ မသိရှိခဲ့ကြပေ။ ရှဲ့ကျစ်ရှင်း သည် ထိုအချိန်က ရှဲ့ချန်းရယ် ၏ နှိပ်စက်မှုကို ခံနေရသဖြင့် အလွန်ခက်ခဲသော အခြေအနေတွင် ရှိနေသောကြောင့် ပို၍ပင် မသိရှိခဲ့ပေ။

နှစ်အနည်းငယ်ကြာပြီးနောက် ကျင်ရိဖန် သည် အရွယ်ရောက်လာပြီး သူ၏ ချောမောသော ရုပ်ရည်ကြောင့် ကင်းထောက် တစ်ဦး၏ တွေ့ရှိခြင်းကို ခံခဲ့ရသည်။ သူသည် ဖျော်ဖြေရေးလုပ်ငန်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး TV ဇာတ်လမ်းတွဲ နှစ်ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ အနုပညာလောက ၏ ထိပ်တန်းမင်းသားတစ်ဦး ဖြစ်လာခဲ့သည်။

အချို့သော အင်တာနက်သုံးစွဲသူများက သူ၏ အတိတ်က သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ခဲ့သော ဗီဒီယိုကို ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ဦးသား အလွန်ဆင်တူကြောင်း ထောက်ပြခဲ့ကြသည်။ သို့သော် ကျင်ရိဖန် ၏ ပရိသတ်အသစ် များက သူတို့သည် မတူညီသော လူနှစ်ဦးဖြစ်သည်ဟု ယူဆခဲ့ကြပြီး ကုမ္ပဏီ က hot search ကို ရုတ်သိမ်းကာ သတင်းကို ဖျက်ပစ်ခဲ့သောကြောင့် ဤ နာမည်ပျက်သတင်း ကို ဖုံးကွယ်ထားနိုင်ခဲ့သည်။

ကျင်ရိဖန် သည် ကျေးလက်ဒေသ၏ ပုံစံမျိုးစုံပြသော "အပန်းဖြေဘဝ" တွင် ပါဝင်ခဲ့သည့်အချိန်အထိ သူအား ခိုးချသူ ဖြင့် စွပ်စွဲခဲ့သော ချီပိုင် နှင့် ပြန်လည်တွေ့ဆုံခဲ့သည်။ ကျင်ရိဖန် ၏ ခိုးချမှု အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး တစ်နိုင်ငံလုံးက သူ့ကို ဝိုင်းဝန်းရှုတ်ချခဲ့ကြသည်။

သူ ခိုးချခဲ့သည်ကို လက်မခံခဲ့သော်လည်း မည်သည့် သက်သေအထောက်အထားမျှ တင်ပြနိုင်ခဲ့ခြင်း မရှိပေ။

ကျင်ရိဖန် ၏ အတွေ့အကြုံအရ ယဲ့ရှီဝမ် နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပေ။ သို့သော် ကျင်ရိဖန် ကို ချီပိုင် က ခိုးချသည်ဟု စွပ်စွဲပြီးနောက် ယဲ့ရှီဝမ် သည် ပထမဆုံး ထောက်ခံရန် ထွက်လာခဲ့ပြီး မူရင်းဖန်တီးမှုကို အားပေးထောက်ခံကြောင်းနှင့် ခိုးချမှုကို ဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရှချန်းချန်း သည် ယဲ့ရှီဝမ် ဤသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို မသိသလို သူ(မ)ကလည်း ဝတ္ထုကို ရေးခဲ့ခြင်း မဟုတ်ပေ။

သို့သော် ထိပ်တန်းငယ်ရွယ်သော မင်းသမီးတစ်ဦးအနေဖြင့် သူ(မ)၏ စကားလုံးတိုင်း၊ လုပ်ဆောင်မှုတိုင်းသည် အလွန်အမင်း ဆွဲဆောင်မှုရှိသည်။ ထို့ကြောင့် အင်တာနက်တစ်ခွင်လုံးတွင် ကျင်ရိဖန် ကို စွပ်စွဲသည့် အသံများဖြင့် ပြည့်လျှံသွားခဲ့သည်။

ကျင်ရိဖန် သည် ယဲ့ရှီဝမ် ၏ လုပ်ရပ်ကြောင့် အလွန်ဒေါသထွက်ခဲ့ပြီး ယဲ့ရှီဝမ် ကို မေးမြန်းလိုခဲ့သည်။

သို့သော် သူသည် ယဲ့ရှီဝမ် ကို အခန်းအလွတ်တစ်ခုသို့ ဆွဲခေါ်သွားရုံမှတပါး ဘာမျှမလုပ်ခဲ့သော်လည်း ယဲ့ရှီဝမ် က အလွန်ကြောက်လန့်တကြား အော်ဟစ်ခဲ့သည်။

“ကျင်ရိဖန်! ဒီကို မလာနဲ့! ကယ်ပါဦး! ကယ်ကြပါဉီး!”

ဟန်ကျားလင်းသည် ယဲ့ရှီဝမ် ကို ကယ်ရန် အခန်းထဲသို့ ပြေးဝင်လာပြီး ကျင်ရိဖန် ကို ထိုးခဲ့သည်။

ထို့နောက် သတင်းထောက်များစွာသည် အခန်းထဲသို့ ပြေးဝင်လာခဲ့သည်။

ကျင်ရိဖန် ၏ လုပ်ရပ်ကို မသင့်လျော်သော လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့သည်။

ခိုးချသူ အဆိုတော် ကျင်ရိဖန် သည် ရေပန်းစားသော ငယ်ရွယ်သည့် ကြယ်ပွင့် ယဲ့ရှီဝမ် ကို မသင့်လျော်စွာ စော်ကားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ကျင်ရိဖန် သည် အနုပညာလောကမှ လုံးဝ ပိတ်ပင်ခံခဲ့ရသည်။

တစ်လခွဲအကြာတွင် သူ ကျောင်းသို့ သွားရာလမ်း၌ ယဲ့ရှီဝမ် ၏ ရူးသွပ်သော ပရိသတ်တစ်ဦးနှင့် ကြုံတွေ့ခဲ့ရပြီး ထိုပရိသတ်၏ ကားဖြင့် တိုက်ခံရကာ သေဆုံးခဲ့သည်။

“ဒါဆိုရင် ကျင်ရိဖန် ကို ပျက်စီးစေတဲ့သူတွေထဲမှာ ချီပိုင် က ပထမဆုံးဖြစ်ပြီး၊ ယဲ့ရှီဝမ် က အနည်းဆုံး ဒုတိယမြောက်ပေါ့ ”

ရှချန်းချန်း ၏ လေသံသည် ပေါ့ပါးပြီး အသံနေအသံထားကို ခွဲခြားရန် မဖြစ်နိုင်ပေ။

“ရှဲ့ကျစ်ရှင်း ဒါကို သိခဲ့ရမှာပဲ၊ အဲတာကြောင့် သူ မကောင်းဆိုးဝါး ဖြစ်လာပြီး ယဲ့ရှီဝမ် ကို တိုက်ခိုက်ခဲ့တာ”

ရှချန်းချန်း က ထပ်မံ သက်ပြင်းချလိုက်သည်။

“သူက လျစ်လျူရှုသလို ထင်ရပေမဲ့ တကယ်တော့ သူက အရမ်းကို သံယောဇဉ်ကြီးတဲ့သူတစ်ယောက်ပဲ”

ဝတ္ထုအဆုံးတွင် ကျင်ရိဖန် ခိုးချခဲ့သလား မခိုးချခဲ့ဘူးလား ဆိုသည်ကို ဖော်ပြထားခြင်းမရှိပေ။

သို့သော် ရှချန်းချန်း က CD စင်ကို ကြည့်လိုက်သည်။ ဒီလောက်များပြားတဲ့ မူရင်းသီချင်းတွေကို ရေးနိုင်တဲ့သူတစ်ယောက်က ခိုးချဖို့ တကယ်ပဲ လိုအပ်လို့လား။

ပရိသတ် တစ်ယောက်, ပရိသတ် တစ်ယောက်။

ကျင်ရိဖန် ၏ နာမည်ကို ကောင်းမွန်သော မျှော်လင့်ချက်များဖြင့် ပေးထားသည်။ သူ့ကို နာမည်ပေးခဲ့သူက သူ၏ ဘဝသည် ချောမွေ့ အဆင်ပြေစေရန် မျှော်လင့်ခဲ့သည်။

သို့သော် ကျင်ရိဖန် ၏ တိုတောင်းလှသော အနှစ် နှစ်ဆယ်တာကာလသည် ငရဲကဲ့သို့ အတက်အကျများဖြင့် ပြည့်နှက်နေခဲ့သည်။

All Chapters