← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ကျင်ရိဖန်နှင့် စာချုပ်ကို မဖျက်သိမ်းခဲ့သော ကုန်အမှတ်တံဆိပ်ပိုင်ရှင်များမှာ ယခုတွင် အားလုံးပျော်ရွှင်နေကြ၏။

ကျင်ရိဖန်ရဲ့ ပရိသတ်တွေပြောတာ မှန်တယ်။

ကံကောင်းစွာဖြင့် သူတို့က အလိမ်အညာဖော်ထုတ်သူ ၏ စကားကိုနားထောင်ပြီး စာချုပ်ကို ချက်ချင်းမဖျက်သိမ်းခဲ့ပေ။ ယခုတွင် သူတို့၏ တရားဝင် Weibo စာမျက်နှာများ၌ ဖြတ်သွားသူများနှင့် ပရိသတ်များ၏ ချီးကျူးသံများဖြင့် ပြည့်နှက်နေပြီး သူတို့၏ အမြင်ကျယ်မှုကို ချီးမွမ်းနေကြလေသည်။

အဲဒါအပြင် ငါတို့ရဲ့ ကုန်တိုက်မှာရှိတဲ့ ကျင်ရိဖန် ကြောငြာထားတဲ့ ကုန်ပစ္စည်းတွေအကုန်လုံးက ရောင်းထွက်ကုန်နေပြီ။

ကျင်ရိဖန်၏ ပရိသတ်ဟောင်းများက ပြန်ရောက်လာကြပြီး နောင်တရနေကြ၏။ ယခုတွင် ကျိုက်ကျိုက် အယ်လ်ဘမ် ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ သူတို့ မည်သို့လုပ်သင့်သည်ကို တွေးနေကြ၏။

ထို့ကြောင့် သူတို့က ကျိုက်ကျိုက် ကြော်ငြာနေဆဲဖြစ်သော ကုန်ပစ္စည်းများအားလုံးကို ဝယ်ယူ၍ ကျိုက်ကျိုက်၏ စီးပွားရေးတန်ဖိုးကို သက်သေပြရန်သာ လုပ်နိုင်တော့သည်။

ကုန်အမှတ်တံဆိပ်ပိုင်ရှင်များက စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေတွေ့ရှိကြပြီး ကျင်းရိဖန်နှင့် စာချုပ်အသစ်များ ပြင်ဆင်ရန် အလုပ်များနေကြသည်။

ယခုတွင် ကျင်ရိဖန်၏ ကဏ္ဍသည် သရုပ်ဆောင် အဖြစ်သာ ရှိနေသေးသည်၊ ထို့ကြောင့် သူတို့က စာချုပ်ကို အမြန်ဆုံး သက်တမ်းတိုးရမည်ဖြစ်သည်။ မကြာမီ သူက အယ်လ်ဘမ် ထုတ်ဝေမည်ဖြစ်ပြီး၊ မူရင်းရေးသားသီဆိုသူ မျိုးဆက်သစ် ဖြစ်လာမည်ဖြစ်သည်။

သူ့ရဲ့ ကြောငြာခက လက်ရှိဈေးနှုန်းအတိုင်း ဆက်နေလောက်ဦးမလား။

အစောပိုင်းက စာချုပ်ကို ဖျက်သိမ်းခဲ့သော ကုန်အမှတ်တံဆိပ်ပိုင်ရှင်များမှာ သူတို့၏ ရင်ဘတ်များကို ထုနှက်နေကြလေသည်။ ပရိသတ်များနှင့် ဖြတ်သန်းသွားလာသူများ၏ လှောင်ပြောင်ခြင်းကို ခံရသည်သာမက ကျင်ရိဖန် ကဲ့သို့ ကောင်းမွန်သော ကြောငြာသူကိုပင် ဆုံးရှုံးခဲ့ရပြီး ထျန်ရှန်း၊ ရှဲ့တို့နှင့် ဆက်ဆံရေးပါ ပျက်စီးခဲ့ရသည်။ ၎င်းက မယားလည်းဆုံးကာ စစ်လည်းရှုံးသည် ကဲ့သို့ပင် ဖြစ်နေလေသည်။

ယခုတွင် သူတို့က ချီပိုင် ဟူသော အယုတ်တမာကောင်ကို သတ်ပစ်ချင်လောက်အောင်ပင် ဒေါသထွက်နေကြ၏။

ချီပိုင်၏ ပရိသတ်များက ကျင်ရိဖန် ပရိသတ်များကဲ့သို့ ဖြစ်လာခဲ့ကြလေသည်။

အထီးကျန်ဆန်ပြီး အကူအညီမဲ့ နေကြ၏။

ချီပိုင်က မူရင်းသီဆိုသူဆိုတာ သေချာနေတာပဲကို။ သူက ဘယ်လိုလုပ် ကျင်ရိဖန်ကို ရှုံးနိုင်ရသလဲ။

ပရိသတ်အချို့က လှည့်ကွက်ကို သဘောပေါက်လာကြပြီပင်။ သူတို့သည် ထိုစဉ်က ဘာဖြစ်ခဲ့သည်ကို မသိသော်လည်း ကျင်ရိဖန်က ချီပိုင်ထံမှ ခိုးချခဲ့ခြင်း မဟုတ်သည်က ဖြစ်နိုင်ချေများသည်။

ဤပြက်လုံးကြီးတွင် သူတို့က တိတ်ဆိတ်နေခြင်းကိုသာ ရွေးချယ်ခဲ့ကြသည်။

ပရိသတ်အချို့ကမူ ကျင်ရိဖန်၏ လက်ရှိ အလွန်ကောင်းမွန်သော မူရင်းရေးစပ်နိုင်စွမ်းက အတိတ်တွင် သူ ခိုးချခဲ့ခြင်းမရှိဟု မဆိုလိုကြောင်း ပြတ်ပြတ်သားသား ယုံကြည်နေကြသည်။

အဲဒီအရာနှစ်ခုကြားမှာ ဘယ်လိုဆက်စပ်မှုတွေ ရှိလို့လဲ။

မရှိဘူးလေ!

[ဒါက ထျန်ရှန်းရဲ့ အကွက်ကျကျဖန်တီးထားတယ်ဆိုတာ ရှင်းနေတာပဲ မလား၊ "သာယာရိုးရှင်းသောဘဝ" ရဲ့ ထုတ်လုပ်သူက ထျန်ရှန်းဆိုတာ မမေ့ပါနဲ့၊ ကျင်ရိဖန်ကလည်း ထျန်ရှန်းရဲ့ အနုပညာရှင်ပဲလေ]

[ဟုတ်တယ် သူတို့ အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးသားပဲ၊ ချီပိုင်နဲ့ ကျင်ရိဖန်ကို စင်ပေါ်အတူတူရှိခိုင်းဖို့ တမင်တကာ ဖိတ်ခေါ်ပြီးတော့ ကျင်ရိဖန်ရဲ့ အပြစ်ကိုဖုံးပေးဖို့ လုပ်ခဲ့တာပဲ]

[အပြစ်ဖုံးပေးတာနဲ့ ပရိသတ်ကို အနိုင်ကျင့်တာက ဘာလဲ၊အစောပိုင်းမှာ ကျင်ရိဖန်က ကျန်စန်းဆိုတဲ့ သတင်းကို ထုတ်ပြန်ပြီး သူတို့ရဲ့ သင်္ဘောတွေကို မီးရှို့ပစ်လိုက်တယ်လေ၊ ပြီးတော့ ပြင်ဆင်ထားတဲ့ မူရင်းသီချင်း အပုဒ် ၁၀၀ ကျော်ကို သုံးပြီးတော့ သူ့ကို အပြစ်ဖုံးပေးဖို့ စီစဉ်ထားတာပဲ၊ ကျင်ရိဖန်က ထျန်ရှန်း ရဲ့ မင်းသားဖြစ်နေတာ သေချာတယ်!]

[အနာဂတ်မှာ ကျင်ရိဖန်က မူရင်းသီချင်းဆိုတဲ့အဆိုတော်အဖြစ် ပွဲထွက်လာတော့မှာ၊ တစ်ညတာအတွင်း ခိုးချတဲ့သူက မူရင်းအဆိုတော် ဖြစ်လာတယ် လူတိုင်းက လူထုဆက်ဆံရေးက အံ့ဩစရာကောင်းတယ်လို့ ပြောကြလိမ့်မယ်]

[ငါတို့ရဲ့ ချီပိုင်က နတ်ပြည်ကို ပူဇော်ခံရမယ့် ဇာတ်ညွှန်းကို ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ထျန်ရှန်းက တကယ်ကို စက်ဆုပ်စရာပဲ]

အင်တာနက်ပေါ်တွင် ကျင်ရိဖန်နှင့် ချီပိုင်၏ ပရိသတ်များက ကိုယ်စီအမြင်များဖြင့် ငြင်းခုံနေကြသည်။

ဤအချိန်တွင် အလိမ်အညာဖော်ထုတ်သူက စာချုပ်၏ စခရင်ရှော့ဓာတ်ပုံများစွာကို ထုတ်ပြန်ခဲ့သည်။

၎င်းကို ရှချန်းချန်းက အစီအစဉ်မထုတ်လွှင့်မီ သုံးရက်အလိုတွင် အစီအစဉ်အဖွဲ့၏ ပြင်ဆင်ရေးအခန်းသို့ ခိုးဝင်စဉ် ရိုက်ယူခဲ့ခြင်း ဖြစ်သည်။

စာချုပ်လေးခုက ရှုကျစ်ချင်း၊ ကျင်ရိဖန်၊ လုယန်ယန် နှင့် ရှဲ့ကျစ်ရှင်းတို့ အစီအစဉ်တွင် ပါဝင်ရန်အတွက် ချုပ်ဆိုခဲ့သော စာချုပ်များဖြစ်သည်။

လက်မှတ်ထိုးသည့်ရက်စွဲအရ ရှုကျစ်ချင်း နှင့် ကျင်ရိဖန်တို့က ပထမဆုံး လက်မှတ်ထိုးခဲ့ပြီး လုယန်ယန်နှင့် ရှဲ့ကျစ်ရှင်းတို့က နောက်မှ လက်မှတ်ထိုးခဲ့သည်။

[???]

[ချီပိုင်က လက်မှတ်မထိုးခဲ့ဘူးလား၊ ဒါဆို သူ ဘာလို့ အစီအစဉ်မှာ ပါဝင်ခဲ့တာလဲ]

[မူရင်းလူက ရှုကျစ်ချင်း မဟုတ်ဘူးလား၊ အလယ်မှာ တစ်ခုခု ဖြစ်သွားခဲ့တာလား]

[အစီအစဉ်အဖွဲ့က မူရင်း ရှုကျစ်ချင်းနေရာမှာ ဘာလို့ ချီပိုင် ဖြစ်သွားတာလဲဆိုတာကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား]

ဤအရာကို တွေ့မြင်ပြီးနောက”သာယာရိုးရှင်းသောဘဝ" အစီအစဉ်အဖွဲ့က ချက်ချင်းရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ အစီအစဉ် မရိုက်ကူးမီ တစ်ရက်အလိုတွင် ရှုကျစ်ချင်းက ဒါရိုက်တာ ယွီကို "ရှန်းကျယ်" ၏ အချိန်ဇယားနှင့် ထပ်နေသောကြောင့် အစီအစဉ် ရိုက်ကူးမှုတွင် ပါဝင်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး သူ၏နေရာတွင် တူညီသောကုမ္ပဏီမှ ချီပိုင်မှ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

[ဟားဟားဟား၊ ချီပိုက်ရဲ့ ပရိတ်သတ်တွေက မျက်နှာ ဖြတ်ရိုက်ပစ်နေသံကို ငါ ကြားနေရတယ်]

[ဘယ်သူ့ရဲ့ မျက်နှာက ရောင်နေတာလဲ၊ အိုး! ချီပိုင်ရဲ့ ပရိသတ်တွေပဲ]

[မင်း ဘာကိုဆိုလိုတာလဲ၊ ထျန်ရှန်းက ထောင်ချောက်ဆင်ထားတာလေ၊ သေချာကြည့် အစီအစဉ်အဖွဲ့က မင်းအစ်ကိုကို ဖိတ်ချင်ခဲ့တာတောင် မဟုတ်ဘူး၊ မင်းအစ်ကိုက ရိုက်ကူးရေး မစခင် ညကမှ ရောက်လာတာ၊ နောက်နေ့ ထုတ်လွှင့်ချိန်မတိုင်ခင် ၁၂ နာရီတောင် မလိုတော့ဘူး၊ ဒါ ဘယ်လိုလုပ် ထောင်ချောက် ဖြစ်နိုင်မှာလဲ]

…..

အချိန်ရောက်ပြီဟု ယူဆသော ရှချန်းချန်းက ချက်ချင်းပင် "အလိမ်အညာဖော်ထုတ်သူ" အမည်ကို အသုံးပြု၍ မုန့်ဟောင်က ကျင်းရိဖန်၏ အတိတ်မှ ကောလာဟလများကို ဝါဒဖြန့်ရန်အတွက် သူမအား ငွေ ၁ သန်း လာဘ်ထိုးခဲ့သည့် စကားဝိုင်းကို တင်ခဲ့သည်။

[!!!]

[ချီပိုင်ရဲ့ အေးဂျက်က ကျင်းရိဖန်ကို ဖော်ထုတ်ဖို့အတွက် မားကတ်တင်းအကောင့်ကို တကယ် ရှာခဲ့တာလား]

[ဒါဆို အစီအစဉ်အဖွဲ့ထဲကို ဝင်ဖို့ စီစဉ်ခဲ့တာ ချီပိုင်ပဲပေါ့၊ သူ ကျင်ရိဖန်ကို ဒုက္ခပေးဖို့ လာခဲ့တာပဲ!]

[အစီအစဉ်ရဲ့ ပြန်လည်ပြသမှုကို ငါ ခုနကပဲ ကြည့်လိုက်တယ်၊ Truth or Dare ကဏ္ဍကို ချီပိုင်က အဆိုပြုခဲ့တာ၊ ဒါပေမယ့် ရှဲ့ကျစ်ရှင်းက သိပ္ပံပဟေဠိကို သုံးပြီး လမ်းကြောင်းပြောင်းပစ်ခဲ့တာပဲ၊ ဒါပေမယ့် ဒီဂိမ်းကို အဆိုပြုခဲ့တဲ့ သူ့ရည်ရွယ်ချက်က ကျင်ရိဖန်ရဲ့ အရှုပ်တော်ပုံတွေကို ဖော်ထုတ်ဖို့ပဲ]

[ချီပိုင်က ဒီနှစ်နှစ်အတွင်း အားနည်းနေခဲ့တာ၊ ကျင်ရိဖန်ကို တက်နင်းပြီး ရာထူးတက်ချင်ခဲ့တာ ဖြစ်နိုင်တယ်]

[ကျင်ရိဖန်က တကယ် ခိုးချခဲ့တာဆိုရင်တော့ ဘာမှ ပြောစရာမရှိနေဘူး၊ ဒါပေမယ့် ကျင်ရိဖန် ခိုးချတာက မဖြစ်နိုင်ဘူး]

[ဖာ့ခ်! ငါတော့ အရမ်းရွံတာပဲ]

[ချီပိုင်က ဘယ်လို အကျင့်စရိုက်မျိုး ရှိနေတာလဲ၊ ငါ့အထင်တော့ သူကမှ အမှန်တကယ် ခိုးချတဲ့သူပဲ]

….

နောက်ဆုံးမှတ်ချက်က မည်သည့်အတွေးမှ မပါဘဲ အင်တာနက်အသုံးပြုသူတစ်ဦး၏ ဒေါသတကြီး မှတ်ချက်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချီပိုင်က "Chasing Dreams” ကို ပိုမိုစော၍ ထုတ်ဝေခဲ့သောကြောင့် ကျင်ရိဖန်ထံမှ ခိုးချရန် အကြောင်းမရှိပေ။

သို့သော် ဤမှတ်ချက်ကို အလိမ်ညာဖော်ထုတ်သူက လိုက်ခ် (like) ပေးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အင်တာနက်အသုံးပြုသူများက ဦးစွာ အံ့အားသင့်သွားကြပြီး ရုတ်တရက် တစ်ခုခုကို

သဘောပေါက်သွားကာ ရဲရင့်သော အကြံတစ်ခုက သူတို့၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။

[မဖြစ်နိုင်ဘူး၊ ကျီကျီ အမှန်တရားက တကယ် ဒီလိုမဟုတ်ဘူးမလား]

….

ရှချန်းချန်းက သီးသန့်စာများကို စောင့်ဆိုင်းနေခဲ့သည်။

ဤသီးသန့်စာများက လက်ရှိအခြေအနေတွင် အရေးမကြီးသော်လည်း ရှချန်းချန်းက ကျင်းရိဖန်အတွက် နောက်ဆုံးသက်သေပြချက်ကို ကူညီပေးချင်နေဆဲဖြစ်သည်။

ထိုပရိသတ်လေးကို သူမ လိုက်ခ်(like) ပေးခဲ့ပြီး နာရီဝက်အကြာတွင် သူမ စောင့်ဆိုင်းနေခဲ့သော သီးသန့်စာကို နောက်ဆုံးတွင် လက်ခံရရှိခဲ့သည်။

"မင်္ဂလာပါ အလိမ်အညာဖော်ထုတ်သူ၊ ငါက လွန်ခဲ့တဲ့ ခြောက်နှစ်က မူရင်းသီဆိုသူအဆိုတော် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူပါ၊ ငါ ကျင်းရိဖန်ကို မှတ်မိတယ်၊ သူ့ရဲ့ "A Dream of Jianghu" က ခိုးချခဲ့တာ မဟုတ်ကြောင်း သက်သေပြတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်"

စနစ်က တုန်လှုပ်သွားသည်။

"Host! ကျင်ရိဖန်က ပထမဆုံး မူရင်းသီဆိုသူအစီစဉ်မှာ

ပါဝင်ခဲ့တယ်ဆိုတာ Host ဘယ်လိုသိတာလဲ၊ မဟုတ်ဘူး၊ ခိုးချမှု ဖြစ်ရပ်က တကယ်တော့ လွန်ခဲ့တဲ့ ခြောက်နှစ်က ဖြစ်ခဲ့တယ်ဆိုတာ Host ဘယ်လိုသိတာလဲ"

မှန်သည်။ လူတိုင်းက လွန်ခဲ့သောငါးနှစ်က ပြိုင်ပွဲအပေါ် အာရုံစိုက်ခဲ့ကြသော်လည်း ဤဖြစ်ရပ်၏ အရင်းအမြစ်အစစ်အမှန်က လွန်ခဲ့သောခြောက်နှစ်တွင် ပြန်လည်ခြေရာခံနိုင်သည်။

"ငါ အမြဲသိနေခဲ့တယ်"

ရှချန်းချန်း၏ မျက်လုံးများက လင်းလက်သွားသည်။

"မင်း မေ့နေပြီလား၊ အရင်တစ်ခေါက်တုန်းက ငါတို့ ကျင်ရိဖန်ရဲ့ ဂီတခန်းကို သွားတုန်းက သူ့ရဲ့ CD ကို တွေ့ခဲ့တယ်၊ ပြီးတော့ အစောဆုံး သူ ဖန်တီးခဲ့တဲ့အချိန်က ခြောက်နှစ်အလိုကလေ၊ ဒါတင်မကသေးဘူး၊ အဲဒီ ဗီရိုထဲမှာ မှတ်ပုံတင်ပုံစံတစ်ခုလည်း ငါ တွေ့ခဲ့တယ်၊ မှတ်ပုံတင်တဲ့ အချိန်က ခြောက်နှစ်အလိုကပဲ"

သို့သော် ကျင်ရိဖန်မူကား ထိုအချိန်က အသက်မပြည့်သေးသူ ဖြစ်ပြီး အမည်အတုကို အသုံးပြုခဲ့ခြင်းမရှိသောကြောင့် အစီအစဉ်အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည်။

ရှချန်းချန်း: "ငါ စစ်ဆေးကြည့်တော့ ချီပိုင်က ပထမဆုံး သီချင်းဆိုပြိုင်ပွဲရဲ့ နည်းပြတစ်ယောက် ဖြစ်ခဲ့တာ၊ ကျင်ရိဖန်ကလည်း မူရင်းသီချင်းဆိုပြိုင်ပွဲကို သွားခဲ့တယ်၊ ကျင်ရိဖန် CD ပျောက်သွားတာလားဆိုတာတော့ ငါမသိဘူး၊ ဒါမှမဟုတ် သူက "A Dream of Jianghu" ကို ချီပိုင်ရှေ့မှာ ဆိုပြခဲ့တာလားတော့ မသိဘူး၊ အတိုချုပ်ပြောရရင်တော့ ချီပိုင်က အဲဒီအချိန်က ခိုးချခဲ့တာ”

"ဒါကြောင့် ငါ ပထမဆုံး "မူရင်းသီဆိုသူ ယှည်ပြိုင်ခြင်း" မှာ ပါဝင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေကို ရှာဖို့ သွားခဲ့တယ်"

စနစ်က သူ၏ စွမ်းရည်ကို အသုံးပြုပြီး စုံစမ်းစစ်ဆေးခဲ့ရာ ကျင်ရိဖန်၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မည့် မည်သည့် သက်သေအထောက်အထားမျှ မရှိပေ။

သို့သော် သူက ရုပ်ပိုင်းဆိုင်ရာ အထောက်အထားများကိုသာ စုံစမ်းစစ်ဆေးခဲ့ပြီး သက်သေများကိုမူ မစုံစမ်းခဲ့ပေ။

မှတ်ဉာဏ်သည်လည်း ထောက်ခံအထောက်အထားတစ်ခု ဖြစ်သည်။

အမှန်မှာ ခြောက်နှစ်ပင် ကြာပြီဖြစ်၍ ဖြစ်ပျက်ခဲ့သည်များကို မှတ်မိသူ နည်းပါးသည်။ ရှချန်းချန်းက အရာအားလုံးအား မှတ်မိသူတစ်ဦးကို ကံကောင်းစွာဖြင့် ရှာတွေ့ခဲ့သည်။

စနစ်က မချိတင်ကဲ သက်ပြင်းချလိုက်သည်။

"ရှဲ့ကျစ်ရှင်းက သက်သေကို မတွေ့ခဲ့ပေမယ့် Host က တွေ့ခဲ့တယ်ပေါ့"

"ရှဲ့ကျစ်ရှင်း မသိဘူးလို့ ဘယ်သူပြောလဲ”

ရှချန်းချန်းက ပြန်မေးသည်။

"ရှဲ့ကျစ်ရှင်း သိခဲ့တယ်၊ ဒါပေမယ့် ဝတ္ထုထဲက ဇာတ်လမ်းအရ အဲဒီအချိန်က အင်တာနက်တစ်ခွင်လုံး ကျင်းရိဖန်ကို ဝိုင်းဝန်းရှုတ်ချခဲ့ကြတာလေ၊ သက်သေရှိခဲ့ရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး"

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် မျက်မြင်သက်သေများက အထောက်အထားများကဲ့သို့ မကောင်းပေ။

သို့သော် ယခုမူကား ကွဲပြားသည်။

ကျင်ရိဖန်က သူ ခိုးချခြင်း မဟုတ်ကြောင်း သူ၏ စွမ်းရည်ဖြင့် သက်သေပြခဲ့ပြီးဖြစ်သည်။ ဤသက်သေက နောက်ဆုံးအဆုံးသတ် ဖြစ်သည်။

ဆယ်မိနစ်အကြာတွင် အလိမ်အညာဖော်ထုတ်သူက သက်သေ၏ ဗီဒီယိုတစ်ခုကို ပေးပို့ခဲ့သည်။ ဗီဒီယိုထဲတွင် မျက်မြင်သက်သေဖြစ်သူ၏ အမည်မှာ "လီစီ” ဖြစ်ပြီး လွန်ခဲ့သောခြောက်နှစ်က ပထမဆုံး "မူရင်းသီဆိုသူ ယှည်ပြိုင်ခြင်း" တွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သူ၏ ကိုယ်ရေးအချက်အလက်၏ ယုံကြည်စိတ်ချရမှုကို သက်သေပြရန်အတွက် လီစီက သူ၏ မှတ်ပုံတင်ပုံစံနှင့် သီချင်းဆိုစမ်းသပ်ပွဲအတွက် နံပါတ်ပြားကိုလည်း ရှာတွေ့ခဲ့သည်။

[ပထမဆုံး မူရင်းသီဆိုသူအဆိုတော် ပြိုင်ပွဲ]

[ဒီကိစ္စက ပထမဆုံး ပြိုင်ပွဲနဲ့ ဆက်စပ်နေတာလား]

[ငါပဲ ရှုပ်ထွေးနေတာလား ဒါမှမဟုတ် ကျီကျီကပဲ ရှုပ်ထွေးနေတာလား]

[ကျီကျီက ဗီဒီယိုမှား ပို့လိုက်တာလား]

လီစီ၏ ဗီဒီယိုက ဖန်သားပြင် မှတ်တမ်းတင်မှုဖြစ်သောကြောင့် သူက မှတ်ချက်များကို မမြင်ရဘဲ ဆက်လက်ပြောပြနေခဲ့သည်။

"ငါ ကျင်ရိဖန်နဲ့ သီချင်းဆိုစမ်းသပ်ပွဲမှာ တွေ့ခဲ့တာပါ၊ သူက ငါ့အပေါ် လေးနက်တဲ့အမြင်ကို ချန်ထားခဲ့တာ၊ အဓိကအားဖြင့် ဒီကလေးက အဲဒီတုန်းက တော်တော်လေး ရူးသွပ်တယ်၊ သူက ရောက်ရောက်ချင်း လူတိုင်းကို AOE ပစ်တာလေ၊ ဒီအဆိုတော်ပြိုင်ပွဲရဲ့ ချန်ပီယံက သူ့ဖြစ်မှရမယ်လို့ ပြောခဲ့တာ"

[ငါ့အထင်တော့ ဒါက အရမ်းရိုင်းစိုင်းတာပဲ၊ ဒါပေမယ့် ၁၄ နှစ်အရွယ် ကျင်ရိဖန်ရဲ့ ပုံစံကို ပြန်တွေးကြည့်တော့ ဒါက အတော်လေး ဆီလျော်တယ်လို့လည်း ထင်တယ်]

[ဟုတ်တယ်၊ ဒါက သူ့လို အလယ်တန်းကျောင်းသားလေးတွေ လုပ်မယ့်ပုံစံပဲလေ]

လီစီက ဆက်ပြောသည်။

“သူ အော်တာကို ကြားတော့ ငါတို့အားလုံး အတော်လေး ဒေါသထွက်ခဲ့သေးတယ်၊ မူရင်းသီဆိုသူအဆိုတော် ပြိုင်ပွဲမှာ ပါဝင်နေတာကို ဘယ်သူက မာနမရှိဘဲ နေမှာလဲ၊ ၁၄ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အထင်အမြင်သေးတာကို ငါတို့က ဘယ်လိုလုပ်ခံမှာလဲ၊ ဒါကြောင့် စမ်းသပ်ပွဲမစခင် ငါတို့က သူ့နဲ့ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလေ"

"တကယ်တော့ ငါတို့က တစ်ယောက်တည်းနဲ့ပဲ ယှဉ်ပြိုင်ခဲ့တာ၊ ဘာလို့လဲဆိုတော့ သူ သီချင်းနှစ်ကြောင်းလောက် ဆိုလိုက်တာနဲ့ ငါတို့အကုန်လုံး ဒူးထောက်သွားခဲ့ရတာ၊ သီချင်းက နည်းနည်းတော့ ရင့်ကျက်မှုမရှိသေးပေမယ့် အရမ်းကောင်းတယ်၊ အဲဒီတုန်းက ဒီကလေးမှာ ပါရမီရှိပြီးတော့ အနည်းဆုံး ထိပ်ဆုံးသုံးယောက်ထဲမှာတော့ ပါဝင်နိုင်လိမ့်မယ်လို့ ခံစားခဲ့ရတာ”

"ဒါပေမယ့်... နောက်ပိုင်းမှာ သူက လုံခြုံရေးတွေ ဆွဲခေါ်သွားတာက်ို ခံလိုက်ရတယ်လေ၊ ဘာလို့လဲဆိုတော့... သူက အသက်မပြည့်သေးလို့၊ ဟားဟားဟား ငါတို့အားလုံး အကြာကြီး

ရယ်ခဲ့ကြသေးတာ"

"ဒါပေမယ့် အဲဒီတုန်းက သူ အနာဂတ်မှာ အောင်မြင်လိမ့်မယ်လို့ ငါ တကယ် ထင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူက တကယ့်ကို တော်တဲ့ မူရင်းသီဆိုသူအဆိုတော် ဖြစ်လို့ပဲ"

"အိုး၊ ငါ ပြောဖို့ မေ့သွားတယ်၊ အဲဒီတုန်းက သူ့ကို လုံခြုံရေးတွေ

ဆွဲခေါ်သွားတဲ့အချိန်မှာ မြင်ကွင်းက တော်တော် ရှုပ်ထွေးခဲ့တာ၊ ငါက သူ့ရဲ့ ပြိုင်ပွဲက CD ကို ကောက်ရလိုက်ပေမယ့် သူ့ကို ရှာမတွေ့တာနဲ့ သူ့ CD ကို ဒိုင်တွေကို ပေးလိုက်တာ"

"ငါ မှတ်မိတာမှန်ရင် အဲ့ဒီတုန်းက ငါတို့အဖွဲ့ရဲ့ ဒိုင်လူကြီးက ချီပိုင်လို့ ခေါ်တယ်၊ အဲဒီတုန်းက သူဆိုခဲ့တဲ့ သီချင်းနာမည်က 'A Dream of Jianghu' လေ"

မြစ်ချောင်းနှင့် ရေကန်များ၏ အိပ်မက်။

မြစ်ချောင်းနဲ့ ရေကန်တွေထဲမှာ မင်းနဲ့ ငါ့ရဲ့ ဒဏ္ဍာရီတစ်ခု ရှိခဲ့ဖူးလား။

အင်တာနက်အသုံးပြုသူများမူကား မူလက ကျင်ရိဖန်၏ သီချင်းခိုးချမှုကိစ္စက ရိုးရှင်းသည်ဟု မထင်ခဲ့ကြသော်လည်း အများဆုံးအနေဖြင့် ကျင်ရိဖန်က ခိုးချခဲ့ခြင်း မဟုတ်ဘဲ သူက အရည်အချင်းရှိပြီး ချီပိုင်၏ သီချင်းနှင့် တိုက်ဆိုင်သွားခြင်းသာ ဖြစ်သည်ဟု ထင်ခဲ့ကြသည်။

သို့သော် မမျှော်လင့်ဘဲ အမှန်တရားက ဤသို့ဖြစ်သည်။

ခိုးချသူဟု ခေါ်ဆိုခံရသူသည် သားကောင် ဖြစ်လာခဲ့သည်။

ခိုးချခံရသူဟု ခေါ်ဆိုခံရသူက ပြစ်မှုကျူးလွန်သူ ဖြစ်လာခဲ့သည်။

အမှန်တရား၏ အဆင့်နှစ်ဆင့် ပြောင်းပြန်လှန်မှုက လူများကို သက်ပြင်းချစေခဲ့သည်။

[ဒါကိုဖတ်ပြီး ဆဲချင်နေပေမယ့် ခဏလောက် ဘယ်လို ဆဲရမှန်း မသိတော့ဘူး ဖြစ်နေတယ်]

[အပေါ်ကအတိုင်းပါပဲ၊ မိုက်ရိုင်းလိုက်တာ]

[အရမ်းမိုက်ရိုင်းတာပဲ၊ ဒီလိုကိစ္စမျိုးက ဝတ္ထုတွေထဲမှာပဲ ရှိတယ်လို့ ထင်ခဲ့တာ]

[ဝတ္ထုတွေတောင် ဒီလိုရေးရဲမှာ မဟုတ်ဘူး]

[ဒါပေမယ့် ကျင်ရိဖန်ရဲ့ ပထမဆုံးသီချင်းနဲ့ တွဲစပ်ကြည့်တော့ အားလုံးကို ရုတ်တရက် အဓိပ္ပါယ်ရှိလာသလိုပဲ၊ ဒီလို မကျေနပ်မှုတွေကြောင့်ပဲ သီချင်းထဲက စိတ်ပျက်မှုနဲ့ မကျေနပ်မှုတွေက အရမ်းကို သနားစရာကောင်းနေတာ!]

[ဘုရားရေ၊ ကျင်ရိဖန်က အဲဒီတုန်းက ၁၅ နှစ်ပဲ ရှိသေးတာနော်၊ သူ့အိပ်မက် စတင်ခဲ့တဲ့အချိန်မှာပဲ ငရဲကို အကြင်နာမဲ့စွာ ပို့ဆောင်ခြင်း ခံခဲ့ရတာ၊ သူက အခု ဖျော်ဖြေရေးလောကကို ပြန်လာဖို့ ဆန္ဒရှိနေသေးတာ၊ ခံစားရ ခက်ခဲလိုက်တာ]

[ဟုတ်တယ်၊ ရိဖန်က နည်းနည်း အေးတိအေးစက် ပုံပေါက်ပေမယ့် သူ့ရဲ့ စိတ်နေစိတ်ထားကတော့ ကောင်းနေတုန်းပဲလေ၊ ဒီအရာတွေအကုန်လုံးကို သူ ကြုံတွေ့ခဲ့ရတယ်ဆိုတာ တကယ် မယုံနိုင်ဘူး]

[ငါတို့ရဲ့ ဖန်ဖန်အတွက် အရမ်း စိတ်မကောင်းဖြစ်မိတယ်၊ သူ အဲဒီနှစ်တွေကို ဘယ်လို ကျော်ဖြတ်ခဲ့တာလဲ၊ တကယ် မလွယ်ကူခဲ့လောက်ဘူး]

[ချီပိုင် ဒီကိစ္စကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား၊ ငါးနှစ်တာကာလနော်၊ သူက အသက်မပြည့်သေးတဲ့သူရဲ့ လက်ရာကို ငါးနှစ်ကြာအောင် သိမ်းပိုက်ခဲ့တာ၊ ငါးနှစ်ကြာပြီးတာတောင် သူ့ကို တက်နင်းပြီး ထိပ်ကို ရောက်ချင်သေးတာလား]

[ငါ ချီပိုင်ကို ငါးနှစ်ကြာအောင် နှစ်သက်ခဲ့တယ်ဆိုတာကို တွေးလိုက်မိတော့ ငါ့ရဲ့ ရိုးသားမှုတွေက အလဟဿ ဖြစ်သွားသလို ခံစားရတယ်]

[လူ့သွေးတွေကို တကယ် စားနေကြတာပဲ၊ ချီပိုင်က ကျင်ရိဖန်ကို အပြည့်အဝ ဖျက်ဆီးပြီးမှ ကျေနပ်မှာလား]

…..

ချီပိုင်၏ ပရိသတ်များက အံ့အားသင့်သွားကြ၏။

ငါတို့ရဲ့ ကောက တကယ် ခိုးချတဲ့သူလား။

ဒါက ငါတို့ နှစ်ပေါင်းအများကြီး နှစ်သက်ခဲ့တဲ့ ကောလေ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

[ဘာလဲ သက်သေမရှိဘဲ ချီပိုင်ကို နာမည်ပျက်အောင် လုပ်ဖို့ တစ်ယောက်ယောက်ကို ခေါ်ထုတ်လာတာလား၊ မင်းတို့ တကယ်ပဲ လူတိုင်းကို အရူးတွေလို့ ထင်နေတာလား]

[နာမည်ကောင်းပြန်ဆယ်ပေးတဲ့ နည်းပညာတွေကို ပိုမြင့်တင်သင့်တယ် မဟုတ်ဘူးလား၊ မင်းသားတစ်ယောက်ကို ရှာတာထက် သက်သေအချို့ကို ဖန်တီးတာက ပိုကောင်းတယ်နော်၊ ဒါမှမဟုတ် ထျန်ရှန်းရဲ့ PR က အရမ်းအမှိုက်ဆန်လို့ ဒါက သူတို့ဆီမှာ ရှိတဲ့ တစ်ခုတည်းသော နည်းပညာလား]

[ဗီဒီယိုထဲမှာ လီစီက အဲဒီနှစ်က မှတ်ပုံတင်ပုံစံကို ထုတ်ပြခဲ့တယ်၊ ပြိုင်ပွဲအတွက် နံပါတ်ပြားလည်း ပါသေးတယ်၊ ဒါက သက်သေမဟုတ်ဘူးလား]

[ရယ်စရာကောင်းလိုက်တာ၊ ဒါက နံပါတ်ပြားနဲ့ မှတ်ပုံတင်တဲ့ပုံစံလေးပဲကို၊ ဒီလိုအရာမျိုးက ဖန်တီးဖို့ ခက်ခဲလို့လား၊ ဒါက ကျင်ရိဖန်ရဲ့ အဖွဲ့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာလား]

ချီပိုင်၏ ပရိသတ်များက ခိုင်မာသော သက်သေအထောက်အထား မလုံလောက်ပါက မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်ပေ။

ကျင်ရိဖန်တွင် ထျန်ရှန်းက နောက်မှပံ့ပိုးသူအဖြစ် ရှိနေသည်ကို လူတိုင်းသိသည်။ ယခုတွင် ရှဲ့ကျစ်ရှင်း ကဲ့သို့သော အံ့ဩဖွယ်ကောင်းသည့် ဝမ်းကွဲညီအစ်ကိုလည်း ရှိနေသည်။

အထောက်အထားတွေနဲ့ သက်သေတချို့ကို ဖန်တီးဖို့က ခက်ခဲလို့လား။

ချမ်းသာသူများအသိုင်းအဝိုင်းက သူတို့၏ သခင်လေးများအား ဖျော်ဖြေရေးလောကတွင် လမ်းခင်းပေးရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြမည်ဖြစ်သည်။

သို့သော် သူတို့၏ အစ်ကို ချီပိုင်မူကား မတူပေ။ ချီပိုင်က သာမန်လူတစ်ယောက်ဖြစ်ပြီး ငွေရေးကြေးရေးအင်အား မရှိကာ ယခုဆိုလျှင် ရန်သူများဖြင့် ဝိုင်းရံနေ၏။

ငါတို့က ကျန်နေခဲ့တဲ့ ညီအစ်ကိုတွေပဲ၊ ငါတို့ရဲ့ အစ်ကိုကို ကာကွယ်ရမယ်။

ချီပိုင်၏ ကျင်ရိဖန်ထံမှ ခိုးချမှု တိုက်ဖျက်ရေး အကြောင်းအရာက ပိုမိုပြင်းထန်လာခဲ့သည်။ အင်တာနက်အသုံးပြုသူများက ချီပိုင် ခိုးချသည်ဟု ၁၀၀% နီးပါး သေချာနေကြပြီဖြစ်သည်။

သို့သော် ချီပိုင်၏ ပရိသတ်များက ဝန်ခံရန် ငြင်းဆန်နေပြီး ချီပိုင်ကို ကာကွယ်ရန် လူအုပ်နှင့် ဆက်လက် ငြင်းခုံနေကြသည်။

ဤအချိန်တွင် ပထမဆုံး "မူရင်းသီဆိုသူ ယှဉ်ပြိုင်ခြင်း" တွင် ပါဝင်ခဲ့သော ပြိုင်ပွဲဝင် အများအပြားက လီစီ၏ ပြောကြားချက်များကို သက်သေပြရန် ဆန္ဒအလျောက် ရပ်တည်ခဲ့ကြသည်။

[ငါလည်း ပထမဆုံး "မူရင်းသီဆိုသူ ပြိိုင်ပွဲ" ရဲ့ ပထမဆုံး သီချင်းဆိုစမ်းသပ်ပွဲက ပြိုင်ပွဲဝင်တစ်ယောက်ပါ၊ အိုး၊ အဲဒါက နှစ်တွေ အများကြီး ကြာခဲ့ပြီ၊ မင်းတို့ မပြောရင် ငါ မေ့နေလောက်ပြီ၊ အဲဒီတုန်းက တိုက်ပွဲကို မမြင်ခဲ့ရပေမယ့် ဘေးနားကလူတွေ ပြောတာကတော့ ကောင်လေးတစ်ယောက်က လူတိုင်းကို စိန်ခေါ်နေတာလို့ ပြောတယ်]

[ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ် ငါ နောက်မှာ ရှိနေတာလေ၊ ပြီးတော့ ကျင်ရိဖန်ကို ဆွဲခေါ်သွားတာကို ကိုယ်တိုင် မြင်ခဲ့ရတာ၊ အဲဒီတုန်းက သူက ရုန်းကန်နေတော့ CDက ပြုတ်ကျသွားခဲ့တာ၊ ပြိုင်ပွဲဝင်တစ်ယောက်က ကောက်ယူပြီး ပြန်ပေးဖို့ လုပ်နေတာ၊ ဒါပေမယ့် အဲဒီတုန်းက ကျင်ရိဖန်က အပြင်ကို ဆွဲထုတ်သွားခံလိုက်ရပြီးတော့ ငါတို့လည်း ထွက်လို့မရဘူးလေ၊ အဲဒါကြောင့် အားလုံးက CD ကို အစီအစဉ်အဖွဲ့ကို ပေးလိုက်ဖို့ ပြောခဲ့ကြတယ်၊ သီချင်းကို အဲဒီတုန်းက ကူးယူခံခဲ့ရတာ ဖြစ်နိုင်လောက်လား]

[အား! ငါလည်း အဲ့ဒီတုန်းက ကြည့်နေခဲ့တယ်၊ သူ့သီချင်းကို တခြားသူ ရေးထားတာလို့ ငါ ထင်ခဲ့တာ၊ အဲဒါက အရမ်းကို ကောင်းလွန်းတယ် အဲ့ဒီ CD ကိုတော့ ငါ သက်သေမပြနိုင်ပေမယ့် "A Dream of Jianghu" သီချင်းကို အဲဒီတုန်းက သူ သီဆိုခဲ့တာတော့ တကယ်ပါ]

[ငါက ပထမဆုံး သီချင်းဆိုစမ်းသပ်ပွဲက ပြိုင်ပွဲဝင် နံပါတ် ၁၄၅ ပါ၊ ငါက လီစီရဲ့ နောက်မှာလေ၊ သူ ဆိုပြီးတာနဲ့ ငါ စင်ပေါ်တက်သွားခဲ့တာ၊ သူ ပြန်လာပြီးတော့ ဒိုင်လူကြီးကို CD ပေးနေတာကို ငါ မြင်ခဲ့တယ်၊ အဲဒီ CD က သူ့ဟာလို့ ငါ ထင်ခဲ့တာ၊ ဒါပေမယ့် တကယ်တော့ ကျင်ရိဖန်ရဲ့ CD ဖြစ်နေခဲ့တာလား]

…..

လီစီ၏ ထွက်ဆိုချက်ကို ပိုမိုများပြားသော ပြိုင်ပွဲဝင်များက ဖြည့်စွက်ပေးခဲ့ကြသည်။ ၎င်းတို့ကို ချီပိုင်၏ ပရိသတ်များက ဦးစွာ မေးခွန်းထုတ်ခဲ့ကြသော်လည်း သူတို့၏ အရေအတွက်က တိုးလာပြီး မူရင်းနံပါတ်ပြားများ သို့မဟုတ် မှတ်ပုံတင်ပုံစံများကို လူအများအပြား တင်ခဲ့သောအခါ အမှန်တရားက ပိုမိုရှင်းလင်းလာခဲ့သည်။

[ကြယ်ပွင့်များ ကောက်ယူခြင်း] က ချီပိုင်၏ ပရိသတ်ကြီးတစ်ဦးဖြစ်သည်။

သူမက ငါးနှစ်အလိုက Chasing Dreamsကို ပထမဆုံး နားထောင်ခဲ့သည့်အချိန်မှစ၍ ချီပိုင်ကို စတင်နှစ်သက်ခဲ့ပြီး ငါးနှစ်တာ ကာလပတ်လုံး ချီပိုင်ကို နှစ်သက်ခဲ့သည်။

"Chasing Dreams” က သူမရင်ထဲ၌ များစွာ ထိမိစေခဲ့ပြီး ယခုအချိန်အထိ ချီပိုင်က ခိုးချသူမဖြစ်နိုင်ဟု သူမ ယုံကြည်နေဆဲဖြစ်သည်။

ဒီဟာတွေအကုန်လုံးက ထျန်ရှန်းနဲ့ ကျင်ရိဖန်တို့ရဲ့ ပူးပေါင်းကြံစည်မှုပဲ ဖြစ်ရမယ်။

လူတိုင်း ချီပိုင်ကို မယုံကြည်ရင်တောင် ငါတော့ ယုံကြည်တယ်။

ပရိသတ်အဖွဲ့ထဲတွင် ပရိသတ်အရေအတွက် တဖြည်းဖြည်း လျော့နည်းလာသည်ကို သူမ တွေ့ခဲ့ရသည်။ ပရိသတ်ငယ်လေးများစွာက ထျန်ရှန်း နှင့် အလိမ်အညာဖော်ထုတ်သူတို့၏ ရယ်စရာကောင်းသော အထောက်အထားများကြောင့် ယိမ်းယိုင်ခဲ့ကြသည်။

သို့သော် သူမက Weibo Square သို့ သွားရောက်ပြီး ချီပိုင်ကို ပုတ်ခတ်ပြောဆိုသော ရယ်စရာကောင်းသည့် မှတ်ချက်များကို တစ်ခုချင်းစီ ပြန်လှန် ချေပနေရဆဲဖြစ်သည်။

ချီပိုင်က ဘယ်လိုလုပ် ခိုးချနိုင်မှာလဲ။ ခိုးချတဲ့သူက ကျင်ရိဖန်ဆိုတာ ရှင်းနေတာပဲကို။

သူမက တစ်ခုချင်းစီ ပြန်ဖြေပြီး တစ်ခုချင်းစီအား ပြန်ဆဲဆိုခဲ့သည်။

[Laoma Pentium] ဆိုသော ID ပါသော Weibo ကို သူမ မြင်သည့်အထိ ကျိုက်ရှင်းချန် အံ့အားသင့်သွားခဲ့သည်။

လောင်မား ပန်တီယမ် (Lao Ma Pentium)၊ ပထမဆုံး "မူရင်းသီဆိုသူ ယှည်ပြိုင်ခြင်း" ၏ ပြိုင်ပွဲဝင် နံပါတ် ၁၄၅။

နံပါတ်ပြား ၁၄၅ က ယခုအချိန်တွင် ကျိုက်ရှင်းချန်၏ စာကြည့်ခန်း၌ ရှိနေသည်။ ၎င်းက သူမ ဖခင်၏ ပစ္စည်းဟောင်းဖြစ်သည်။ သူမ ဖခင်က ထိုအရာကို များစွာ တန်ဖိုးထားသည်ကို သူမ အကြိမ်ကြိမ် မြင်ဖူးသော်လည်း ထိုနံပါတ်ပြားက မည်သည့်အရာဖြစ်သည်ကို ဘယ်သောအခါမှ မသိခဲ့ပေ။

ယနေ့အထိပင်၊ သူမ နောက်ဆုံးတွင် သိခဲ့ရသည်။

ကျိုက်ရှင်းချန်၏ ဖခင်က ရော့ခ်အဆိုတော်တစ်ဦး ဖြစ်ပြီး အဆင့်အတန်း အလယ်အလတ်သာ ရှိသည်။ သူမ၏ မိခင်၏ ပြောကြားချက်အရ သူက နှစ်ပေါင်းများစွာ ရော့ခ်သီချင်း မဆိုတော့သည်မှာ ကြာပြီဖြစ်သည်။

ကျိုက်ရှင်းချန်က ချက်ချင်းပင် ဘေးနားရှိ စာကြည့်ခန်းသို့ ပြေးသွားရာ နံပါတ်ပြားကို စိတ်မကောင်းစွာ ကိုင်ထားသော လောင်မားကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။

"အဖေ..."

ကျိုက်ရှင်းချန်က လည်ချောင်းနင်မတတ် ငိုနေခဲ့သည်။

"ဒီနံပါတ်ပြားက ဘာလဲ”

လောင်မား အနည်းငယ်မျှ စိတ်မသို့မသန့်ဖြစ်သွားကာ တံခါးဝသို့ အလျင်အမြန် လှည့်ပတ်ကြည့်ရှုသည်။ သူ၏ ဇနီး မရှိသည်ကို မြင်သောအခါ စိတ်သက်သာရာရသွားပြီး ပျော်ရွှင်စွာဖြင့် ပြောသည်။

"ဒါက လွန်ခဲ့တဲ့ ခြောက်နှစ်က ပထမဆုံး "မူရင်းသီဆိုသူ ယှည်ပြိုင်ခြင်း" မှာ အဖေ ပါဝင်ခဲ့တဲ့ နံပါတ်ပြားပဲ၊ အဲဒီတုန်းက အဖေ ဆီမီးဖိုင်နယ်အထိတောင် ဝင်ခဲ့သေးတာ”

ကျိုက်ရှင်းချန်၏ မျက်လုံးများက နီရဲနေ၏။

"အဖေ၊ အဖေ သီချင်းမဆိုတာ ကြာပြီမလား”

"ရှူး!"

လောက်မားက သတိထားနေပြီး တိုးတိုးလေး ပြောသည်။

"အဖေက အဖေ့ရဲ့ နှစ်ပတ်လည် ခွင့်ရက်ကို သုံးပြီး ပြိုင်ပွဲမှာ ပါဝင်ခဲ့တာ၊ မင်းအမေ မသိဘူး၊ သူ့ကို မပြောနဲ့နော်၊ အဖေအနာဂတ်ကျရင် မပါဝင်တော့ဘူး... အဖေ မပါဝင်တော့ဘူး..."

ကျိုက်ရှင်းချန်က သူမ ဖခင်၏ စကားများကို ဆက်မကြားနိုင်တော့ပေ။ သူမ၏ အခန်းသို့ မှင်သက်စွာဖြင့် ပြန်လျှောက်လာခဲ့သည်၊ သူမ၏ စိတ်က လုံးဝလွတ်နေခဲ့သည်။

သူမက Weibo ပေါ်ရှိ ထိုပြိုင်ပွဲဝင်ဟောင်းများကို အစောကမှ ဆဲခဲ့သည်။ ဤသည်က ရယ်စရာ ဖြစ်သွားခဲ့သည်။

သူမ ဖခင်၏ Weibo ကို သူမ မြင်သည့်အချိန်တွင် သူမ ရိုက်ထည့်လိုက်သော စာကြောင်းမှာ “ငရဲသွားလိုက်! မင်းတို့ သေနာကောင်တွေကိုမှ မဟုတ်ရင် မမွေးနိုင်ပဲနဲ့၊ ပြီးတော့ ငါတို့ ချီပိုင်အကြောင်း ကောလာဟလကို မဖြန့်နဲ့!" ဟူ၍ဖြစ်သည်။

ငါ ဘယ်တုန်းက ဒီလို ဖြစ်သွားခဲ့တာလဲ။

နင် ကြိုက်တဲ့သူအတွက်တောင် အောက်ခြေလိုင်းမရှိဘဲ တခြားသူတစ်ယောက်ကို ဒီလို ဆဲလို့ မရဘူးလေ။

အဲဒါအပြင် ငါ တကယ်ဆဲသင့်လို့လား။

မျက်နှာမှ မျက်ရည်များကို သုတ်ရင်း ကျိုက်ရှင်းချန်က သူမ နိုးထရန် အချိန်တန်ပြီဟု ခံစားခဲ့ရသည်။

ဆယ်မိနစ်အကြာတွင် ကျိုက်ရှင်းချန်က Weibo တစ်ခုကို တင်ခဲ့သည်။

"ငါးနှစ်၊ ‘အိပ်မက်နောက်လိုက်ခြင်း' ကို ပထမဆုံး နားထောင်ခဲ့တဲ့အချိန်ကစပြီး ငါးနှစ်တောင် ရှိခဲ့ပြီ၊ ငါးနှစ်တာ ကာလပတ်လုံး မင်းက သံသယတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ နှစ်တိုင်း သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်လောက် နာမည်ကြီးတာ ရှိပေမယ့် '‘Chasing Dreams” ကို ကျော်လွန်တဲ့ သီချင်းမျိုး ဘယ်တော့မှ မရှိခဲ့ဘူး”

"ဒါပေမယ့် ငါတို့က မင်းကို ဆက်ယုံကြည်နေခဲ့တယ်၊ နောက်ဆုံးတော့ ဘယ်သူမှ ပါရမီရှင် မဟုတ်ဘူးဆိုတာ သိထားပြီးသားပဲလေ၊ Chasing Dreams လိုမျိုး ဘုရားအဆင့် လက်ရာတစ်ခု တစ်သက်တာမှာ တစ်ပုဒ်ရရင်ကိုပဲ လုံလောက်ပါပြီ"

"တိုက်ပွဲ မပြီးခင်အထိ ငါတို့ညီအစ်မတစ်ချို့နဲ့ ငါက မင်းကို ယုံကြည်ဖို့ပဲ ဆက်ရွေးချယ်ခဲ့ကြတာ၊ ဘာအတွက်မှတော့မဟုတ်ပါဘူး၊ မင်းကို လိုက်ဖမ်းခဲ့ဖူးတဲ့ အဲဒီ နေ့ညတွေအတွက်ပဲ”

"ဒါပေမယ့် ငါ အခု ရုတ်တရက် တွေးမိတာက၊ ငါတို့ တကယ်ချစ်တာက မင်းလား၊ ဒါမှမဟုတ် ငါတို့ စွန့်လွှတ်ဖို့ နှမြောနေတဲ့ ဆုံးရှုံးကုန်ကျစရိတ်တွေလား၊ မင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် ငါတို့ ပိုက်ဆံတွေ၊ အချိန်တွေ၊ အင်တာနက်ဒေတာတွေ မင်းအတွက် သုံးစွဲခဲ့ကြတာ... မင်းကို ငါတို့ရဲ့ ယုံကြည်မှုအဖြစ်၊ ငါတို့ရဲ့ ဘဝအဖော်အဖြစ် သတ်မှတ်ခဲ့ကြတာ"

"ငါတို့ မဝန်ခံလိုတာက ငါတို့ တကယ်ပဲ လူမှားကို ချစ်မိခဲ့တယ်ဆိုတာကိုပဲ၊ ငါတို့ရဲ့ ရှုံးနိမ့်မှုကို မဝန်ခံချင်ဘူး၊ ငါတို့ရဲ့ ပိုက်ဆံတွေနဲ့ အချိန်တွေအားလုံး အလဟဿ ဖြစ်သွားတာကို မဝန်ခံချင်ဘူး"

"ဒါပေမယ့် အိပ်မက်တွေက နောက်ဆုံးတော့ နိုးထရမှာပဲလေ၊ လူဆိုးတစ်ယောက်ကို ချစ်ခဲ့မိတာလို့ပဲ သဘောထားလိုက်မယ်၊ ဒီခရီးက အဆုံးသတ်သင့်ပြီ!"

အဆုံးတွင် ကျိုက်ရှင်းချန်က လေးလေးနက်နက် ထပ်ထည့်သည်။

“ဒီနေရာကနေ ကျင်ရိဖန် / ကျန်းစန်ကို ငါ တောင်းပန်ချင်ပါတယ်၊ ငါးနှစ်တာ ကာလပတ်လုံး ငါက လူဆိုးတစ်ယောက်အတွက် မင်းကို မရမနေ ပုတ်ခတ်ပြောဆိုခဲ့တာ ငါ မှားပါတယ်၊ တောင်းပန်ပါတယ် မင်းက အရမ်းကောင်းမွန်တဲ့ မူရင်းသီဆိုသူ တစ်ယောက်ပါ၊ ဂီတကို လက်မလျှော့ဘဲ အနာဂတ်မှာ ဂီတလမ်းကြောင်းပေါ်မှာ ထွန်းလင်းတောက်ပပါစေလို့ ဆုတောင်းပေးပါတယ်"

Weibo ပို့စ်အဆုံးတွင် နံပါတ်ပြား နံပါတ် ၁၄၅ ၏ ဓာတ်ပုံတစ်ပုံကို ပူးတွဲပါရှိသည်။ နံပါတ်ပြားဘေးတွင် [ကျိုက်ရှင်းချန်] ဟု လက်ရေးဖြင့် ရေးထားသော ID တစ်ခု ရှိသည်။

ယခုတွင် လူတိုင်းက ၎င်း၏ အဓိပ္ပါယ်ကို နားလည်သွားကြသည်။ မူလက ထိုပြိုင်ပွဲဝင်များက သရုပ်ဆောင်များ၏ ပရိသတ်များဖြစ်သည်ဟု ပြောဆိုခဲ့သူများသည်လည်း တစ်ဦးပြီးတစ်ဦး တိတ်ဆိတ်သွားကြသည်။

နံပါတ်ပြား ၁၄၅ ကို ဖန်တီးထားခြင်း မဟုတ်ဘဲ ကျိုင်းရှင်းချန်၏ ဆွေမျိုးသားချင်းများ သို့မဟုတ် မိတ်ဆွေများမှ ရရှိခဲ့ခြင်းဖြစ်သောကြောင့် သူမ နိုးထလာပြီး တူညီသောအမှားကို ထပ်မံမလုပ်သင့်ကြောင်း သိခဲ့ရသည်။

ဒါဆို ငါတို့ရော နိုးထခဲ့ကြပြီလားာ

ကျိုက်ရှင်းချန်က အခန်းထဲတွင် တစ်ယောက်တည်း အကြာကြီး ငိုကြွေးနေခဲ့သည်။

သူမ ငိုရသည်ကို ပင်ပန်းလာသည်ဟု ခံစားရပြီး တိုးတိုးလေး ရှိုက်လျက် Weibo ကို ထပ်ဖွင့်လိုက်သည်။

သူမက ချီပိုင်၏ ပရိသတ်များက သူမကို ဆဲဆိုသည့် မှတ်ချက်များကို မြင်ရမည်ဟု မူလက ထင်ခဲ့သော်လည်း သူမ၏ ပြန်တင်ခြင်းနှင့် မှတ်ချက်များသည် ၁၀၀,၀၀၀ ကျော်လွန်နေသည်ကို မြင်လိုက်ရသည်။

ကျိုက်ရှင်းချန်: ???

ငါက အများဆုံးအနေနဲ့ ဖန်အကြီးစားတစ်ယောက်ပဲကို မှတ်ချက်တွေနဲ့ ပြန်တင်တဲ့အရေအတွက်က ဘာလို့ ဒီလောက် မြင့်မားနေရတာလဲ။

ချီပိုင်၏ နာမည်မပျက်စီးမီ ကြောငြာများ တင်သည့်အခါပင် ယခုကဲ့သို့ ကောင်းမွန်သော အချက်အလက်များ မရှိခဲ့ပေ။

ချီပိုင်ရဲ့ ပရိတ်သတ်တွေက ငါ့ကို ဆဲဆိုခဲ့ကြတာလား။ အဲလောက်တောင် ပြင်းထန်တာလား။

ထို့နောက် သူမက အသေးစိတ်ကို ဖွင့်ကြည့်လိုက်ရာ အလိမ်ညာဖော်ထုတ်သူက သူမ၏ Weibo ကို ပြန်လည်တင်ပြပြီး မှတ်ချက်ပေးထားသည်ကို တွေ့လိုက်ရသည်။

"မင်း လူမှားပြီး ချစ်ခဲ့မိတာပဲ၊ အခု ပြင်ဆင်ဖို့လည်း နောက်မကျသေးပါဘူး၊ ဘာလို့ မင်းရဲ့ အိုင်ဒေါကို မပြောင်းတာလဲ၊ ငါ မင်းအတွက် ရှောင်ကျင်ကို အကြံပြုပေးချင်ပါတယ်၊ သူက ရုပ်ရည်ချောမောတယ်၊ သရုပ်ဆောင်ကောင်းတယ်၊ မူရင်းဖန်တီးနိုင်စွမ်း ထက်မြက်တယ်၊ သူ့ရဲ့ ပုံစံက မူရင်း "Chasing Dreams"ပဲ၊ သူက ရင်းနှီးမြှုပ်နှံရကျိုးနပ်ပါတယ်!"

ကျိုက်ရှင်းချန်: ???

ငါက အရင်က ကျင်ရိဖန်ရဲ့ ပြိုင်ဘက်လေ။ငါက ကျင်ရိဖန်ကို ငါးနှစ်တောင် ဆဲဆိုခဲ့တာလေ။ ငါ့ကို ကျင်ရိဖန်ရဲ့ ပရိသတ် ဖြစ်ခိုင်းနေတာလား။ အလိမ်အညာဖော်ထုတ်သူက လူသားတစ်ယောက် ဟုတ်ရဲ့လား။

ကျိုက်ရှင်းချန်က ဝမ်းနည်းမှုတွင် နစ်မြုပ်နေဆဲဖြစ်ပြီး ဒေါသထွက်လွန်း၍ ကျင်ရိဖန်၏ super topic သို့ သွားကာ ထပ်မံ ဆဲဆိုချင်ခဲ့သည်။

ရလဒ်အနေဖြင့်... သူမက super topic square၏ ပထမဆုံး အကြံပြုချက်မှာ ကျင်ရိဖန်၏ မဂ္ဂဇင်းဓာတ်ပုံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူ့ရဲ့ နှာခေါင်းက ဘယ်လိုလုပ် ဒီလောက် ဖြောင့်တန်းနေရတာလဲ။ ဝတ္ထုထဲက အမျိုးသားဇာတ်လိုက်နဲ့ တူတယ်။ သူ့မျက်လုံးတွေလည်း လှလိုက်တာ။ အနက်နက်ရှိုင်းတာပဲ... သူ့အသားအရည်က ရိုးရှင်းပြီး အခွံနွှာထားတဲ့ ကြက်ဥလိုပဲ။ ဝူးဝူး၊ ကျင်ရိဖန်က ဒီလောက်တောင် ချောတာလား။

ဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး။

ကျိုက်ရှင်းချန် ရုတ်တရက် နိုးထလာခဲ့သည်။

ငါ ကျင်ရိဖန်ကို ဆဲဖို့ ဒီကို ရောက်လာတာလေ။

ထို့ကြော်င့် သူမက အောက်သို့ဆွဲချကာ သူ့ကို ဆဲရန် tag တစ်ခုဖြင့် Weibo ကို ပို့စ်တင်ရန် ပြင်ဆင်လိုက်သည်။

ရလဒ်အနေဖြင့် သူမကို ပရိသတ်များ တည်းဖြတ်ထားသော ဗီဒီယိုတစ်ခု ထပ်မံ အကြံပြုခဲ့သည်။ ဗီဒီယိုက ကျင်ရိဖန်၏ ခေတ်သစ်ဒရာမာနှင့် ကိုယ်ခံပညာဒရာမာ၊ Narcissus CP၊ ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသည့် mashup ဖြစ်သည်။

ပုံတွင် ကျင်ရိဖန်က နောက်သို့ လှည့်ကြည့်လိုက်သည်၊ သို့သော် ထောင်စုနှစ်ပေါင်းများစွာ ကြာမြင့်သော ပျက်စီးယိုယွင်းမှု၊ ကိုယ်ခံပညာ ကမ္ဘာမှ မျက်ရည်တစ်စက်၊ အခြားကမ္ဘာမှ အိပ်မက်တစ်ခုသဖွယ်ပင်။

ဝူးဝူး… ကျင်ရိဖန် သရုပ်ဆောင်တာ ဒီလောက်တောင် ကောင်းတာလား။ အဲဒီအကြည့်က တကယ်ကို အံ့ဩစရာပဲ။ အရမ်းထိမိတယ်။

ချက်ချင်းပင် ကျိုက်ရှင်းချန် ဖတ်ခဲ့ဖူးသည့် ရှေးဟောင်းဝတ္ထုများနှင့် ကျောင်းဝတ္ထုများထဲမှ အမျိုးသားဇာတ်လိုက်များအားလုံး၏ မျက်နှာပေါ်လာခဲ့သည်။

သိချင်စိတ်နှင့်... ကျိုက်ရှင်းချန်က တတိယမြောက် Weibo ကို ဆက်ကြည့်လိုက်သည်။

ဤသည်က “သာယာရိုးရှင်းသောဘဝ” ၏ ပရိသတ်ဖန်တီးထားသော battle mashup ဗီဒီယို အသစ်ဖြစ်သည်။ ရှင်းနေစွာပင် သူမ ယခင်က နားထောင်ဖူးသည့် တိုက်ပွဲတစ်ခုပင်၊ သို့သော် ချီပိုင်၏ ဂီတကို ဖယ်ရှားလိုက်သောအခါ ကျိုက်ရှင်းချန်က ကျင်းရိဖန်၏ မူရင်းဂီတက အလွန်ကောင်းသည်ကို တွေ့လိုက်ရသည်။

"Chasing Dreams" နောက်ပိုင်းတွင် ဤသို့ကောင်းသည့် ဂီတကို သူမ ဘယ်သောအခါမှ ထပ်ကြားရတော့မည် မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် ထိုငါးမိနစ်ကြာ battle mashup ထဲတွင် သီချင်းတိုင်းက Chasing Dreams ကဲ့သို့ ကောင်းနေခဲ့သည်။

ကျိုက်ရှင်းချန်က ထို battle mashup ကို ပရိသတ်အသစ်တစ်ယောက်ကဲ့သို့ အကြိမ်ကြိမ် ပြန်နားထောင်ရင်း သူမ၏ နှုတ်ခမ်း၌ အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။

သူမ သတိထားမိသောအခါ သူမ နားထောင်နေသည်က နာရီဝက်ကျော်နေပြီဖြစ်သည်။

သူမ ရုတ်တရက် အလိမ်အညာဖော်ထုတ်သူ၏ စကားများကို သတိရသွားသည်။

အလိမ်အညာဖော်ထုတ်သူက သူမကို လှောင်ပြောင်နေခြင်း မဟုတ်သည်က ပေါ်လွင်လာ၏။

Chasing Dreams ကို နှစ်သက်သူများက ကျင်ရိဖန်ကို နှစ်သက်ဖွယ်ရှိသည်ဟု သူ ရိုးရိုးသားသား ခံစားခဲ့ရခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ အစပိုင်းကတည်းက ချစ်ခဲ့ပြီး ယုံကြည်ခဲ့သည်က ကျင်ရိဖန်၏ အရိပ် ဖြစ်နေ၍ပင်။

သီချင်းခိုးချမှုကြောင့် ကျင်ရိဖန်အပေါ် အမြင်မကြည်မလင် ဖြစ်ခဲ့ရခြင်းသာ ဖြစ်သည်၊ သို့သော် အပေါ်ယံမှ ထိုမျက်မှန်ကို ချွတ်လိုက်သောအခါ သူမ မသိမသာ ကျရှုံးသွားခဲ့ရသည်။

ကျိုက်ရှင်းချန်က ရုတ်တရက် ကြယ်ပွင့်များကို လိုက်စားသော ကောင်မလေးတစ်ယောက်၏ စိတ်ဝင်စားမှုနှင့် လှုံ့ဆော်မှုများ ပေါ်လာခဲ့သည်။

သို့သော် သူမ၏ အကောင့်ကြီးကို သုံးရန် ရှက်သဖြင့် အကောင့်ငယ်လေးတစ်ခု ပြောင်းပြီး ကျင်ရိဖန်၏ ပရိသတ်အဖွဲ့ကို တိတ်တိတ်လေး ဝင်ရောက်ခဲ့သည်။

ယနေ့ည ဖြစ်ရပ်များ ကြုံတွေ့ပြီးနောက် ကျင်ရိဖန်၏ ပရိသတ်အရေအတွက် သိသိသာသာ တိုးလာခဲ့ပြီး ပရိသတ်အသစ်များလည်း အဖွဲ့ထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာသည်။

ပရိသတ်ကြီးများ၏ ဦးဆောင်မှုဖြင့် ပရိသတ်အသစ်များက ကျင်ရိဖန်အတွက် black fans (မကောင်းမြင်သူများ) များကို တိုက်ခိုက်ရန် ကြိုးစားနေကြသည်။

"ချီပိုင်ရဲ့ ပရိသတ်အကြွင်းအကျန်တချို့က ငါတို့ရဲ့ ဖန်ဖန်ကို အပုပ်ချနေကြသေးတယ်၊ ငါတို့ လုပ်ရမှာက သက်သေတွေကို သူတို့မျက်နှာပေါ် ပစ်ပေါက်ပြီး ငါတို့ရဲ့ ဖန်ဖန်က ခိုးချတာ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ပဲ”

"ဟုတ်တယ် ဖန်ဖန်က အံ့သြစရာပဲ၊ ဖန်ဖန်က လုံးဝ ခိုးချခဲ့တာ မဟုတ်ဘူး”

ဤသို့သော လေထုတွင် ကျိုက်ရှင်းချန်သည်လည်း မအော်ဘဲမနေနိုင်ခဲ့ပေ။

"ဟုတ်တယ်! ဇီဇီက အကောင်းဆုံးပဲ! ဇီဇီ ခိုးချတာ မဟုတ်ဘူး!"

ရုတ်တရက် ကျိုက်ရှင်းချန်က သူ့ရှေ့တွင် စကားပြောနေသော ကောင်းပိုင်ချန်း၏ အကောင့်ကို သတိပြုမိလိုက်သည်။

ကျိုက်ရှင်းချန်: !!!

ဒါ ချီပိုင်ရဲ့ နောက်ထပ် ဖန်အကြီးစားတစ်ယောက်ရဲ့ အကောင့်ငယ်လေး မဟုတ်ဘူးလား။

ကျင်းရိဖန် ခိုးချခြင်း မဟုတ်ဟု အော်နေသည့် ကောင်းပိုင်ချီသည်လည်း ထိုအချိန်၌ ကျိုက်ရှင်းချန်၏ အကောင့်ငယ်လေးကို မြင်လိုက်ရသည်။

ကောင်းပိုင်ချီ: ???

နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။

ခဏအကြာတွင် နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ထပ်ပြောလိုက်ကြသည်။

ကောင်းပိုင်ချီ: "မင်းလည်း..."

ကျိုက်ရှင်းချန်: "မင်းလည်း..."

ဒီ တိတ်ဆိတ်နေတဲ့ မသိမသာ နားလည်မှုက။

"ငါ ဖန်ပြောင်းသွားတာကို နင်အပြစ်တင်လို့မရဘူး!"

ကောင်းပိုင်ချီက မကျေမနပ် ပြောသည်။

“ဇီဇီက အရမ်းချောလို့ဆိုတာ သိသာနေတာပဲလေ!"

ကျိုက်ရှင်းချန်သည်လည်း သဘောတူခဲ့သည်။

“သူက ချောတယ်၊ သီချင်းဆိုတာလည်း ကောင်းတယ်ဆိုရင် ငါတို့ကို ဘယ်လိုလုပ် အပြစ်တင်လို့ရမှာလဲ၊ ဇီဇီရဲ့ အပြစ်ဆိုတာ ရှင်းနေတာပဲကို၊ ကြည့် ချီပိုင်က ဘယ်လောက်တောင် ရုပ်ဆိုးလိုက်လဲ၊ ဒါပေမယ့် ငါတို့ သူ့ဖန် ဖြစ်နေခဲ့တာ ကြာပြီ”

ကောင်းပိုင်ချီ: "ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဇီဇီလောက်လည်း သီချင်းမဆိုနိုင်ဘူး၊ မူရင်းလက်ရာတွေလည်း ဇီဇီလောက် မကောင်းဘူး"

ကျိုက်ရှင်းချန်: "သူက ဇီဇီထက်တောင် အသက်ကြီးသေးတယ်”

ကောင်းပိုင်ချီက ချက်ချင်းပင် ခေါင်းတဆတ်ဆတ်ညိတ်နေသော အီမိုတီကွန် ပုံကို ပို့လိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ သူ့အသက်အရွယ်နဲ့ အသက်မပြည့်သေးသူဆီက ဘယ်လိုလုပ် ခိုးချနိုင်ရတာလဲ၊ ဘယ်လိုလုပ် ဒီလောက် အရှက်မဲ့ရတာလဲ!"

ကျိုက်ရှင်းချန်: "အဲဒီတုန်းက ငါတို့ မျက်စိကန်းခဲ့တာပဲ ပြီးတော့ နင်က ပိုကောင်းတဲ့သီချင်း မရေးနိုင်တာ ပုံမှန်ပဲလို့ ပြောခဲ့သေးတယ်"

ကောင်းပိုင်ချီ: "ယောကျ်ားတွေက ဒီလိုပဲ၊ သူတို့ ကိုယ်တိုင် မလုပ်နိုင်ဘဲ ငါတို့ကို ခြယ်လှယ်ကြတာ”

နောက်ဆုံးတွင် နံရံတက်ခြင်း၏ ပရိသတ်ကြီးနှစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အဆုံးသတ်ခဲ့ကြပြီး နံရံတက်ခဲ့ခြင်းအတွက် နောင်တမရကြပေ။ သူတို့က သက်ပြင်းရှည်ကြီး ချကာ ပြောသည်။

“အရင်က ငါအရမ်းငယ်သေးလို့ အခုတော့ ချောမောတဲ့၊ ငယ်ရွယ်တဲ့၊ ဖန်တီးနိုင်စွမ်းရှိတဲ့ လူငယ်လေးရဲ့ ပရိသတ်ဖြစ်နေပြီ၊ သူ ဆွဲဆောင်မှုမရှိဘူးလား"

အပန်းဖြေတဲတွင် ချီပိုင်၏ အခန်း၌။

ချီပိုင်က ယခုအခါ ကြောက်ရွံ့တုန်လှုပ်နေသည်။

တစ်နာရီအလိုက သူနှင့် ကျင်ရိဖန်တို့ မူရင်းရေးစပ်မှုအတွက် တိုက်ခိုက်ခဲ့ကြသည်။ ကျင်ရိဖန် သီချင်းတစ်ပုဒ်ဆိုတိုင်း သူ ပို၍ ထိတ်လန့်လာခဲ့သည်။ မူရင်းဂီတ တစ်ရာကျော် ထွက်ပေါ်လာပြီးနောက် ချီပိုင်၏ ခေါင်းသည် လုံးဝရှုပ်ထွေးသွားခဲ့သည်။

ထိုအချိန်တွင် သူ၏စိတ်ထဲတွင် "ပြီးပြီ" ဟူသော စကားလုံးနှစ်လုံးသာ ကျန်ရှိတော့သည်။

ပိုင်ရှုချန်းက ကျင်ရိဖန် အနိုင်ရကြောင်း စိတ်လှုပ်ရှားစွာ ကြေညာခဲ့သည်၊ ဧည့်သည်အဖွဲ့သုံးဖွဲ့စလုံး တစ်မှတ်စီရရှိပြီး သရေကျခဲ့သည်။ ထို့ကြောင့် အားလုံး အစီအစဉ်အဖွဲ့မှ ပြင်ဆင်ထားသော ခမ်းနားသော လယ်ယာထမင်းစားပွဲကို အတူတကွ ခံစားနိုင်ကြသည်။

သို့သော် ချီပိုင် ထမင်းစားရန် အချိန်မရှိပေ။ သူက ဗိုက်အောင့်သည်ဟု အကြောင်းပြကာ

သူ့အခန်းသို့ အလျင်အမြန် ပြန်သွားသည်။

လမ်းတစ်လျှောက်တွင် သူ၏ ဘေးပတ်ဝန်းကျင်ရှိ ဝန်ထမ်းများနှင့် ဧည့်သည်များသည် သူ့ကို စူးစမ်းလိုစိတ်၊ သံသယ၊ မထီမဲ့မြင်ပြုခြင်းနှင့် လှောင်ပြောင်ခြင်းတို့ဖြင့် ကြည့်နေသည်ဟု ခံစားခဲ့ရသည်။

သူတို့ သိသွားကြပြီလားာ

ကျင်ရိဖန် ငါ့ဆီက ခိုးချခဲ့တယ်ဆိုတဲ့ ကိစ္စမှာ တစ်ခုခု မှားနေတာကို သူတို့ သိမှရမယ်။

ငါက အစစ်အမှန် မူရင်းသီဆိုသူပဲ။ ခိုးချသူ ကျင်ရိဖန်ထက် ဘယ်လိုလုပ် မသာနိုင်မှာလဲ။ ဒီညပြီးရင် ကျင်ရိဖန်က ငါ့ဆီက ခိုးချတယ်ဆိုတာကို ဘယ်သူက ယုံကြည်ဦးမှာလဲ။

သူတို့ ယုံကြည်ကြဦးမှာလား။

ငါ Chasing Dreams ကို ရေးခဲ့တယ်ဆိုတာကိုလေ။

ချီပိုင်က ထိတ်လန့်တုန်လှုပ်ပြီး ထုံကျဉ်နေကာ အခန်းထဲတွင် စိုးရိမ်တကြီး လမ်းလျှောက်နေသည်။ သူ၏ ခြေသလုံးကြွက်သားများ တုန်ခါနေပြီး သူ၏ အဖြူရောင်ရှပ်အင်္ကျီသည် ချွေးအေးများဖြင့် စိုရွှဲနေသည်။

မိန်ဟောင်က ကျေးရွာအဝင်ဝမှ ချက်ချင်း ပြေးလာပြီး ချီပိုင်ကို နှစ်သိမ့်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ချီပိုင်၏ နာမည်ဂုဏ်သတင်းက မပျက်စီးခဲ့ပေ။ သို့သော် လမ်းသွားလမ်းလာအများစုက ကျင်ရိဖန်က ခိုးချခဲ့သည်ဟု မယုံကြည်ကြတော့ပေ။

သို့သော်လည်း သူတို့က ပထမဆုံး "မူရင်းသီဆိုသူပြိုင်ပွဲ" မှ ပြိုင်ပွဲဝင်တစ်ဦးက ကျင်ရိဖန်ကို ကူညီရန် လာမည်ဟု မမျှော်လင့်ခဲ့ကြပေ။

ခြောက်နှစ်တောင် ကြာခဲ့ပြီ၊ ဘယ်လိုလုပ် ဒီလောက် ရှင်းရှင်းလင်းလင်း မှတ်မိနေရတာလဲား။

"အားလုံး အတုတွေပဲ! အားလုံး အတုတွေပဲ!"

ချီပိုင်က စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါးဖြစ်နေပြီး အခန်းထဲရှိ အလှဆင်ပစ္စည်းများကို ရူးသွပ်စွာ ရိုက်ချိုးနေသည်၊ မြေပြင်ပေါ်ရှိ ကြွေဖလား၏ ဖန်ကွဲစများသည် ကြမ်းပြင်အနှံ့ ကွဲကြေနေသည်။

"နိုးထတော့”

မိန်ဟောင်က တိုက်တွန်းလိုက်သည်။

“အနည်းဆုံးတော့... အစစ်အမှန် သက်သေအထောက်အထား မရှိဘူးလေ၊ ဒီသက်သေတွေကို ထျန်ရှန်းက ရှာတွေ့တာ ဖြစ်နိုင်တယ်၊ မှတ်ပုံတင်ပုံစံနဲ့ နံပါတ်ပြားကလည်း ထုတ်လုပ်မှုလိုင်းက ထွက်လာတဲ့ ပစ္စည်းတွေပဲ၊ ဒါတွေက သက်သေပြဖို့ မလုံလောက်ဘူး”

"မင်း ခိုးချတာ မဟုတ်ဘူးလေ၊ ဘာကို ကြောက်နေတာလဲ”

နောက်ဆုံးတွင် မိန်ဟောင်က ချီပိုင်ကို အော်လိုက်ပြီး သူ၏ သတိပြန်ရလာစေရန် ကြိုးစားခဲ့သည်။

ချီပိုင်က ဤစကားကို ကြားသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။

သူက မိန်ဟောင်ကို တိတ်တဆိတ် မော့ကြည့်လိုက်သည်၊ သူ၏ မျက်လုံးများက ဆိုးဝါးပြီး ရက်စက်သည်၊ ငရဲမှ တွားထွက်လာသော မြွေဆိုးတစ်ကောင်နှင့် တူသည်။

မိန်ဟောင် တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

"ချီပိုင်၊ ငါ့ကို မပြောနဲ့နော်... Chasing Dreams က တကယ် ခိုးချထားတာလား”

သူက ချီပိုင်၏ ပခုံးများကို တင်းတင်းဆုပ်ကိုင်လိုက်သည်၊ သူ၏ အသံ တုန်ရီနေ၏။

"ချီပိုင် မင်း ဒီလို မလုပ်သင့်ဘူး"

ချီပိုင်က မျက်နှာလွှဲလိုက်ပြီး အကြာကြီး တုံ့ဆိုင်းနေသည်။

“ငါ မခိုးချပါဘူး၊ မိန်ဟောင်ကော မင်း ငါ့ကို ယုံတယ်မလား၊ အဲဒါက ရှဲ့ကျစ်ရှင်းပဲ အဲဒါက ထျန်ရှန်းပဲ၊ သူတို့ ပူးပေါင်းပြီး ငါ့ကို ပုံချခဲ့တာ၊ ငါတို့ ခြောက်နှစ်ကြာအောင် အတူတူ အလုပ်လုပ်ခဲ့တာလေ၊ ငါ ဘယ်လိုလုပ် ခိုးချနိုင်မှာလဲ၊ ငါ မှန်တယ်လို့ မင်းထင်လား”

မိန်ဟောင် ကြက်သေသေသွားရသည်။ သူ ရုတ်တရက် သတိရလိုက်သည်၊ ငါးနှစ်အလိုက ချီပိုင်သည် Chasing Dreams သီချင်းကို ထုတ်ယူလိုက်သောအခါ သူ အံ့အားသင့်သွားပြီး ဤအဆိုတော်က တရုတ်ဂီတလောကတွင် နာမည်ကြီးလာမည်မှာ သေချာသည်ဟု ထင်ခဲ့သည်။

နောက်ပိုင်းတွင် ချီပိုင်ထံ၌ ကောင်းသောသီချင်းများ ရှိခဲ့သော်လည်း Chasing Dreams ကို ကျော်လွန်သည့် သီချင်းမျိုး တကယ် မရှိခဲ့ပေ။

မိန်ဟောင်၏ လည်စလုတ်က အပေါ်အောက်သို့ လှိမ့်သွားပြီး သူ မျိုချလိုက်သည်။

သူက ချီပိုင်ကို မဖြေဘဲ ခုတင်ပေါ်တွင် မှောင်မိုက်စွာနှင့် ထိုင်နေသည်။

ချီပိုင်က စိတ်လှုပ်ရှားစွာ ဆက်လက် မေးမြန်းနေသည်၊ မိန်ဟောင်က ဝမ်ရှန်းမီဒီယာ၏ ပြည်သူ့ဆက်ဆံရေးဌာနသို့ စက်ရုပ်လို ပြန်ကြားခဲ့ပြီး hot search ကို တတ်နိုင်သမျှ ဖယ်ရှားရန်၊ ထို့နောက် ပရိသတ်များနှင့် လမ်းသွားလမ်းလာများကို ထိုပြိုင်ပွဲဝင်များက သရုပ်ဆောင်များဖြစ်သည်ဟု ထင်မြင်အောင် လမ်းညွှန်ရန် ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက အင်တာနက်ပေါ်ရှိ လူထုထင်မြင်ယူဆချက်များကို စောင့်ကြည့်နေခဲ့သည်။

မမျှော်လင့်ဘဲ မိန်ဟောင်က ကျိုက်ရှင်းချန်၏ ပရိသတ်အဖြစ်မှ နုတ်ထွက်ကြောင်း Weibo ကို တွေ့လိုက်ရသည်။

ကျိုက်ရှင်းချန်က ချီပိုင်၏ ပရိသတ်ကြီးတစ်ဦးဖြစ်သည်။ သူမက လေဆိပ်တွင် သူ့ကို လာကြိုခြင်း သို့မဟုတ် ချီပိုင်၏ ရုပ်သံအစီအစဉ်များနှင့် ဖျော်ဖြေပွဲများတွင် ပါဝင်ခြင်းတို့ မကြာခဏ ရှိသည်။ မိန်ဟောင်နှင့် ကျိုင်းရှင်းချန်တို့က အချင်းချင်း အလွန်ရင်းနှီးကြပြီး အတူတူ ညစာစားခဲ့ဖူးသည်။

မိန်ဟောင်က ကျိုက်ရှင်းချန်၏ Weibo ပေါ်ရှိ နံပါတ်ပြားကို မြင်လိုက်သောအခါ ရုတ်တရက် မျက်စိများ စူးသွားပြီး သူ၏ မျက်စိသူငယ်အိမ်များမှ အာရုံစိုက်မှု ပျောက်သွားကာ စာလုံးများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

အပြင်ဘက်မှ တံခါးခေါက်သံ ကြားနေရသည်၊ သူတို့ကို ယခင်က ပြန်ခေါ်ခဲ့သော လက်ထောက်ဒါရိုက်တာက တံခါးဝတွင် ရပ်နေ၏။

သူက ထိတ်လန့်တုန်လှုပ်နေပုံရပြီး စိုးရိမ်တကြီးဖြင့် ပြောသည်။

"နည်းပြချီ၊ နည်းပြမိန်၊ ကျန်းချိန်ကနေ သတင်းထောက်အတွေအများကြီး ရောက်လာနေပြီ၊ အစောကြီး မထွက်ရင် မထွက်နိုင်တော့မှာ ကျွန်တော် စိုးရိမ်တယ်”

ဤသို့ သတင်းကြီးကြီးမားမား ဖြစ်လာသည်ကို သတင်းထောက်များက ပထမဆုံး အင်တာဗျူးကို ရအောင် လိုက်မည်က သေချာသည်။

မိန်ဟောင်လည်း ကိစ္စ၏ ပြင်းထန်မှုကို နားလည်ခဲ့သည်။ ဤအချိန်တွင် သတင်းထောက်များနှင့် တိုက်ရိုက် ရင်ဆိုင်သည်ထက် အေးအေးဆေးဆေး ကိုင်တွယ်ပြီး နည်းဗျူဟာများကို စဉ်းစားသည်က ပိုကောင်းသည်။

မိန်ဟောင်က ချီပိုင်ကို အလျင်အမြန် ဆွဲခေါ်ပြီး သူ့ကို ဘေ့စ်ဘောဦးထုပ်နှင့် နေကာမျက်မှန် တပ်ပေးလိုက်သည်၊ ထို့နောက် အခန်းထဲမှ အမြန်ထွက်သွားသည်။

သူ၏နောက်မှ၊ လူငယ် လက်ထောက်ဒါရိုက်တာက ထိုနှစ်ယောက်၏ ကျောပြင်ကို ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

မိန်ဟောင်နှင့် ချီပိုင်တို့ အပန်းဖြေဝင်းမှ ထွက်လာသည်နှင့် ရုတ်တရက် သတင်းထောက်များနှင့် ပါပါရာဇီ (paparazzi) အများအပြားက ပြေးလာပြီး ထိုနှစ်ယောက်ကို ဝိုင်းရံထားကြလေသည်။

မီးရောင်များက လင်းလိုက် မှိန်လိုက် ဖြစ်နေ၏။

"ချီပိုင်ပဲ! ချီပိုင်ထွက်လာပြီ!"

"ချီပိုင်! ခွင့်ပြုပါဦး၊ ခင်ဗျား ကျင်ရိဖန်ဆီက ခိုးချခဲ့တာလား”

"ခင်ဗျား ကျင်ရိဖန်ဆီက ခိုးချပြီး အခြေအနေကို ပြောင်းပြန်လှန်ပြီးတော့ သူ ခိုးချတယ်လို့ ပြောခဲ့တာ၊ ခင်ဗျား တကယ်ပဲ ဘာတွေ တွေးနေခဲ့တာလဲ”

"ခင်ဗျားက ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဒီလို ဒုက္ခပေးတာနေတာ၊ အပြစ်ရှိသလို မခံစားရဘူးလား”

သတင်းထောက်များ၏ သံသယများကို ရင်ဆိုင်လျက် ချီပိုင်က မအော်ဘဲ မနေနိုင်ခဲ့ပေ။

"လုံလောက်ပြီ! ခင်ဗျားတို့မှာ ဘာသက်သေမှ မရှိဘဲ ဘာလို့ ကျွန်တော် ခိုးချတာလို့ ပြောနေရတာလဲ!”

သတင်းထောက်များ ခဏတာ တိတ်ဆိတ်သွားကြသည်။

ရုတ်တရက် တစ်ယောက်က အော်လိုက်သည်။

"ခင်ဗျားရဲ့ ဖန်အကြီးစားတစ်ယောက်က သူ့အဖေက ပထမဆုံး ပြိုင်ပွဲဝင် ဖြစ်တယ်လို့ သက်သေပြခဲ့တယ်၊ ဒါက မလုံလောက်ဘူးလား"

"ဟုတ်တယ်! ထျန်ရှန်းက သရုပ်ဆောင် တစ်ယောက် ရှာရင်တောင် ခင်ဗျားရဲ့ ဖန်အကြီးစားကို ရှာနိုင်မှာလား"

"ကျွန်တော်–”

ချီပိုင် စကားမပြောနိုင်တော့ပေ။

သူက ယခုကဲ့သို့ အရှက်ရပြီး သက်ပြင်းချရမည့် အခြေအနေမျိုး ရောက်လိမ့်မည်ဟု ဘယ်သောအခါမှ မထင်ခဲ့ပေ။

ဘာလို့လဲ။ ဒီနေ့ ဒီလောက် အရှက်ရသင့်တဲ့သူက ကျင်ရိဖန်ပဲ ဖြစ်သင့်တာ။

သူက လူတိုင်း မုန်းတီးခံရတဲ့ ခိုးချသူ ဖြစ်သင့်တာ။

ရုတ်တရက် ကိုယ်ရံတော်အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီး သတင်းထောက်များနှင့် ပါပါရာဇီ များကို တားဆီးကာ ချီပိုင်ကို ကာကွယ်ပေးခဲ့သည်။

ကိုယ်ရံတော်များက တန်းနှစ်တန်း ဖွင့်ပေးပြီး လုယန်ရန် အလယ်မှ လမ်းလျှောက်ဝင်လာသည်ကို မြင်သောအခါ ချီပိုင် အလွန်အံ့အားသင့်သွားသည်။

ချီပိုင်၏ မျက်လုံးများက ချက်ချင်း မျက်ရည်များ ဝဲလာသည်။

သူ သိသည်၊ ကမ္ဘာတစ်ခုလုံးက သူ့ကို မယုံကြည်လျှင်ပင် သူ့ကို ယုံကြည်မည့်သူ ရှိဦးမည်ပင်။ သူ၏ ပရိသတ်များက သူ့ကို ယုံကြည်နေဦးမည်ပင်။

လုမိသားစုက ကျန်းချိန်တွင် ထိပ်တန်းချမ်းသာသော မိသားစုဖြစ်သည်။ လုယန်ရန်နှင့် လူမိသားစု၏ အကူအညီ ရှိနေသရွေ့ သူက ထိပ်ဆုံးသို့ ပြန်ရောက်နိုင်ဆဲဖြစ်သည်။

ချီပိုင်က လုယန်ရန် သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်ပြီး စိတ်လှုပ်ရှားစွာ ကျေးဇူးတင်ရန် ပြင်ဆင်နေသည်။ နောက်တစ်စက္ကန့်တွင် လုယန်ရန်က သူမ၏ လက်ကို မြှောက်ကာ ချီပိုင်၏ မျက်နှာကို ရိုက်ချလိုက်သည်။

လုယန်ရန်၏ ကင်မရာက သူမနောက်သို့ အချိန်တိုင်း လိုက်နေပြီး လက်ဝါးရိုက်သံ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခြင်းကိုလည်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ထုတ်လွှင့်ပေးခဲ့သည်။

[မစ္စလု၊ ရိုက်တာ ကောင်းတယ်!]

[ဒီလူယုတ်မာက ခံထိုက်တယ်၊ ဒေါသပြေအောင် နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်ရိုက်သင့်တယ်]

[ငါလည်း ချီပိုင်ရဲ့ ပရိသတ်တစ်ယောက်ပါ၊ လုယန်ရန်ကိုလည်း ရိုက်ပေးပါဦး]

….

လုယန်ရန်က ချီပိုင်ကို အေးစက်စက် ကြည့်လိုက်သည်၊ သူမ၏ မျက်လုံးများ နီရဲနေ၏။

“ချီပိုင်၊ ဒီလက်တစ်ချက်က ငါ ကိုယ့်တိုင်အတွက် နင့်ကို ရိုက်တာပဲ၊ ငါးနှစ်တာ ကာလပတ်လုံး နင့်ကို ငါ့ရဲ့ လရောင်ဖြူလေးလို့ သတ်မှတ်ခဲ့တာ၊ ငါ မျက်စိကန်းခဲ့တာပဲ!"

"ယန်ရန်၊ ငါ--"

ချီပိုင် စကားမဆုံးသေးမီ ဘယ်ဘက်ပါးသို့ နောက်ထပ် တစ်ချက်ကို ပြတ်သားစွာ ထပ်ရိုက်ချလိုက်သည်။

"ဒီ ဒုတိယ တစ်ချက်က နင့်ကို ချစ်ခဲ့တဲ့ ပရိသတ်တွေအားလုံးအတွက်ပဲ၊ ငါတို့ နင့်ကို နေ့ရောညပါ နှစ်ပေါင်းအများကြီး ချစ်ခဲ့ကြတာ၊ ငါတို့ မင်းကို ပါရမီရှင်အဆိုတော်တစ်ယောက် ဖြစ်ဖို့ မတောင်းဆိုဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ ငါတို့ကို စိတ်ပျက်အောင် မလုပ်သင့်ဘူး”

ထို့နောက် ပို၍ ကြည်လင်ပြတ်သားသော တတိယရိုက်ချက်က ထပ်မံ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် လုယန်ရန်က သူ၏ အင်အားအားလုံးနီးပါးကို အသုံးပြုခဲ့ပြီး ချီပိုင်၏ ပါးစပ်ထောင့်မှ သွေးများပင် စိမ့်ထွက်လာ၏။

"ဒီ တတိယတစ်ချက်က နင့်ရဲ့ ခေါင်းမာမှုအတွက်ပဲ၊ နင် ပထမဆုံးအကြိမ်တုန်းက လွဲခဲ့တာ ရှင်းနေတာပဲလေ၊ ဒါပေမယ့် နင်က ကျင်ရိဖန်ကို တက်နင်းပြီး တူညီတဲ့အမှားကို ထပ်လုပ်ချင်သေးတယ်၊ ချီပိုင် ဒါက နင့်ဆီက ငါ အမုန်းဆုံးအချက်ပဲ”

သုံးချက်ရိုက်ပြီးနောက် ချီပိုင်၏ ပါးတစ်ခြမ်းက နီရဲရောင်ကိုင်းနေ၏။ လုယန်ရန်၏ မျက်လုံးများလည်း လုံးဝ မျက်ရည်များဖြင့် စိုနေခဲ့သည်။

"ချီပိုင်၊ ဘာအမှားမှ ထပ်မလုပ်ပါနဲ့တော့"

ဤသည်က လုယန်ရန် ချီပိုင်ကို ပြောခဲ့သည့် နောက်ဆုံးစကားဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ၌ရှိသည့် ချီပိုင် ပရိသတ်အားလုံး၏ ရင်တွင်းစကားကိုလည်း ဖော်ပြနေခဲ့သည်။

နောက်ပိုင်းတွင် ကိုယ်ရံတော်များက ချီပိုင်ကို ဆက်လက်ကာကွယ်မပေးတော့ဘဲ သတင်းထောက်များနှင့် ပါပါရာဇီများက ပြေးဝင်လာပြီး ပိုမိုအသုံးဝင်သော သတင်းအချက်အလက်များကို မေးမြန်းရန် ချီပိုင်ကို ဆက်တိုက်ဆွဲနေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်တွင် လုယန်ရန် ချီပိုင်ကို သုံးချက်ရိုက်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို လှောင်ပြောင်သော ဗီဒီယိုအဖြစ် တည်းဖြတ်ခဲ့ကြသည်။ အစောပိုင်းက ကျင်ရိဖန်ကို လှောင်ပြောင်ခဲ့ကြသလိုပင် လူတိုင်းက ချီပိုင်ကို လှောင်ပြောင်နေကြသည်။

ချီပိုင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကုန်အမှတ်တံဆိပ်များက တစ်ခုပြီးတစ်ခု ချီပိုင်နှင့် စာချုပ်ဖျက်သိမ်းကြောင်း တရားဝင် ကြေညာလာကြသည်။ ယခင်က သူ၏ ဒစ်ဂျစ်တယ်အယ်လ်ဘမ်များနှင့် ရုပ်ပိုင်းဆိုင်ရာ အယ်လ်ဘမ်များကို ဝယ်ယူခဲ့ကြသော ပရိသတ်များသည်လည်း ပြန်အမ်းငွေများ လျှောက်ထားခဲ့ကြသည်။

ဂီတပလက်ဖောင်းများနှင့် ဗီဒီယိုပလက်ဖောင်းများအားလုံး ချီပိုင်နှင့် သက်ဆိုင်သည့် လက်ရာများကို ဖယ်ရှားခဲ့ကြသည်။

အနုပညာနယ်ပယ်မှ ချီပိုင်ကို ပိတ်ပင်တားမြစ်ခြင်းနှင့် ဖယ်ရှားပစ်ခြင်းက တရားဝင် စတင်ခဲ့ပြီဖြစ်သည်။

All Chapters