← Chapters

အခန်း (၃၂)

Vol. 4 Ch. 32

အခန်း (၃၂)

Vol. 4 Ch. 32

ကျန်းချန်မြို့ရှိ ဇိမ်ခံတိုက်ခန်းတစ်ခန်းက ရှုပ်ပွနေ၏။ ပရိဘောဂများနှင့် အလှဆင်ပစ္စည်းမျိုးစုံက မြေပြင်ပေါ်၌ ကွဲကြေနေလေသည်။ မြေပြင်ပေါ်တွင် မတ်တတ်ရပ်ရန်ပင် သန့်ရှင်းသော နေရာ လုံးဝမရှိသလောက် ဖြစ်နေသည်။

မိန့်ဟောင် တံခါးဝတွင် ရပ်လျက် မျက်မှောင်ကြုတ်လိုက်သည်။ မြေပြင်ပေါ်ရှိ အမှိုက်ပုံထဲတွင် ကွဲနေသော မှန်ကွဲအစအနအချို့ ရောနှောပါဝင်နေသည်ကို သူတွေ့လိုက်ရသည်။ မှန်ကွဲအစအန အချို့တွင် သွေးများ စွန်းထင်းနေပြီး တံခါးမှ ဧည့်ခန်းရှိ ဆိုဖာအထိ ပြန့်ကျဲနေသည်။

ချီပိုင် ခြေဗလာဖြင့် ဆိုဖာရှေ့ရှိ လွတ်နေသော နေရာတွင် စိတ်ဓာတ်ကျစွာ ထိုင်နေလေသည်။

မိန့်ဟောင် ဖိနပ်မချွတ်ဘဲ ချီပိုင်ထံသို့ လျှောက်သွားလိုက်သည်။ ချီပိုင် သူ့ကို မော့ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် အသက်မဲ့နေသော အလင်းတန်းတစ်ခုက ရုတ်တရက် လင်းလက်သွားခဲ့သည်။ သူ မိန့်ဟောင်၏ ပေါင်များကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး ကွဲအက်နေသော အသံဖြင့် တောင်းပန်လာ၏။

"မိန့်ဟောင်ကော၊ ကျွန်တော့်ကို ကယ်ပါဦးဗျာ၊ ကယ်ပါဦး”

"ကျင်ရိဖန် က ကျွန်တော့်ကို ပုံချခဲ့တာ သူပဲ ဖြစ်ရမယ်၊ ကောက ကျွန်တော့်ရဲ့ အေးဂျင့်ပဲလေ၊ ကော ကျွန်တော့်ကို ကူညီရမယ်”

မိန့်ဟောင်မူကား သူ့ပေါင်ကိုဖတ်ထားသော ချီပိုင်၏ လက်ကို ဆွဲဖယ်လိုက်ပြီး သူ့ကို ဆိုဖာပေါ်သို့ ကူညီတင်ပေးကာ အဝတ်အစားများကို ပြင်ဆင်ပေးလိုက်သည်။

"မင်းက နာမည်ကြီးတစ်ယောက်လေ၊ မင်းပုံရိပ်ကို ဘယ်လိုလုပ် ဒီလောက်တောင် ဂရုမစိုက်ရတာလဲ”

ချီပိုင်က သူ့ပုံရိပ်ကို ဂရုမစိုက်ဘဲ သူ့အသံက နစ်မွန်းနေ၏။

“မိန့်ဟောင်ကော၊ ကော ကျွန်တော့်ကို ကူညီဦးမှာလား"

မိန့်ဟောင်က ချီပိုင်၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် လုပ်ပေးပြီးနောက် သူ့မျက်လုံးများကို မော့ကြည့်ကာ ချီပိုင်၏ စိတ်အားထက်သန်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ကောက မင်းရဲ့ အေးဂျင့်ပါ၊ ကောလုပ်သမျှ အရာအားလုံးက မင်းကို ဦးစားပေးမှာပေါ့၊ မင်း စိတ်ပူစရာ မလိုဘူး"

ချီပိုင် သက်ပြင်းချလိုက်ပြီး ဒေါသတကြီးဖြင့် အံများကြိတ်ကာ ပြောသည်။

"ကယ်တင်ဖို့ နည်းလမ်း ရှိသေးတယ် ဒါက ခိုးယူကူးချတာပဲလေ၊ ကြီးကြီးမားမား ကိစ္စမဟုတ်ဘူး ဒီလောကမှာ ဒီလို အရာတွေ အများကြီးပဲ၊ အဲဒီ ပရိသတ်တွေ ဒီလောက် ကြီးကြီးမားမား လုပ်စရာ လိုလို့လား"

"ကျင်ရိဖန်နဲ့ ရှဲ့ကျစ်ရှင်းတို့က ကျွန်တော့်ကို ဒီလောက် လွယ်လွယ်နဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်နေကြတာလား၊ မဖြစ်နိုင်ဘူး ကျွန်တော့်မှာ ပရိသတ်တွေ အများကြီးရှိတယ်၊ သူတို့အားလုံး ကျွန်တော့်ကို ဒီလောက် ချစ်ကြတာ၊ ကျွန်တော် ပြန်လာနိုင်မှာ သေချာတယ်”

မိန့်ဟောင်က ဘေးတွင် ရပ်လျက် ဒေါသထွက်နေသော ချီပိုင်ကို ကြည့်လိုက်ရာ သူ့မျက်လုံးများမှ အလင်းရောင်က တစ်စစီ မှိန်ဖျော့သွားရသည်။

နာရီဝက်ကြာပြီးနောက် ချီပိုင်က တီးတိုးပြောဆိုနေရသည်ကို ပင်ပန်းလာခဲ့ပြီး ဆိုဖာထက်သို့ အိပ်ပျော်သွားခဲ့သည်။

မိန့်ဟောင် အိမ်ကြီးကို စတင် ရှင်းလင်းလိုက်သည်။

ဤသည်က သူ့အလုပ် မဟုတ်သော်လည်း မိန့်ဟောင်က ရှင်းလင်းရေးနှင့် အိမ်အလုပ်များ လုပ်ရသည်ကို ကြိုက်သည်။ သူ ဤသို့ ထပ်ခါတလဲလဲ ကိုယ်လက်လှုပ်ရှားမှုများ လုပ်သည့်အခါတိုင်း သူ့စိတ်က လွတ်လပ်ပြီး အလုပ်ကိစ္စများအား ပို၍ တွေးခေါ်နိုင်စေသည်။

ငါ ချီပိုင်ရဲ့ ကိစ္စတွေကို သေချာ စဉ်းစားဖို့ လိုတယ်။

ဧည့်ခန်းမှ အိပ်ခန်း၊ ပြီးနောက် စာကြည့်ခန်းအထိ၊ မူလက ရှုပ်ပွနေသည့် အိမ်ကြီးသည် တဖြည်းဖြည်း မူလကဲ့သို့ စနစ်တကျ ပုံစံသို့ ပြန်ရောက်လာသည်။

မိန့်ဟောင် ချီပိုင်၏ စာကြည့်ခန်းကို ရှင်းလင်းစဉ်တွင် သူ စာရွက်စာတမ်းတစ်ခုကို တွေ့ခဲ့သည်။

သူ စာရွက်စာတမ်းကို တင်းတင်းကျပ်ကျပ် ကိုင်ထားရာ သူ့လက်ဖဝါးနောက်ဘက်ရှိ သွေးကြောများက ဖောင်းကြွလာပြီး သူ့လည်ချောင်းကို တစ်ယောက်ယောက်က ညှစ်ထားသကဲ့သို့ ခံစားရကာ အလွန်မသက်မသာ ဖြစ်နေ၏။

သူ့စိတ်ထဲမှ အသံတစ်ခုက သူ့ကို ပြောနေ၏: ငါ နောက်ထပ် အမှား လုပ်လို့မရဘူး၊ နောက်ထပ် အမှား လုပ်လို့မရဘူး။

မိန့်ဟောင် အံကြိတ်ကာ စိတ်ပိုင်းဖြတ်လိုက်ပြီး စာရွက်စာတမ်းကို ဆွဲယူလျက် လသာဆောင်သို့ လျှောက်သွားပြီး လိမ်ညာသူများကို ဖော်ထုတ်သူထံသို့ အကောင့်ငယ်တစ်ခုဖြင့် မိတ်ဆွေဖွဲ့ရန် တောင်းဆိုမှု ပေးပို့လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် လျှောက်လွှာကို အတည်ပြုခဲ့သည်။

မိန့်ဟောင် ချက်ချင်း အသံခေါ်ဆိုမှုကို ပြုလုပ်လိုက်သည်။

"ကျွန်တော့်မှာ ချီပိုင်က အများပြည်သူရန်ပုံငွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ရှိပါတယ်၊ ဒါက သူ မာကတ်တင်းအကောင့်တွေကို လာဘ်ထိုးဖို့နဲ့ ကျင်ရိဖန်ကို ကျန်စန်းအဖြစ် ဖော်ထုတ်ဖို့ သုံးခဲ့တဲ့ ပိုက်ဆံဖြစ်ပြီးတော့ စုစုပေါင်း သန်း ၂၀ ပါ၊ ဒီသက်သေအထောက်အထားတွေ အားလုံးကို ကျွန်တော် မင်းအတွက် ဓာတ်ပုံပေးလို့ရတယ်၊ မင်း ဖော်ထုတ်လိုက်လို့ရတယ်"

ရှချန်းချန်းက မိန့်ဟောင်၏ အသံကို မှတ်မိနေပြီး အနည်းငယ်မျှ အံ့ဩသွားရသည်။

"ဘာလို့လဲ"

"ဒါက ကျွန်တော် လုပ်သင့်တာပါ.."

မိန့်ဟောင် ခဏရပ်ပြီး ပြောသည်။

"ကျီကျီ ၊ မင်း မျက်လုံးထဲမှာ ကျွန်တော်က ချီပိုင်လိုပဲ မူရင်းကို ဖိနှိပ်ပြီး ကူးချတာကို အားပေးတဲ့ ခွင့်မလွှတ်နိုင်တဲ့ လူဆိုးတစ်ယောက်လား”

ရှချန်းချန်း မဖြေခဲ့ချေ။

မိန့်ဟောင် ခါးသီးစွာဖြင့် ပြုံးလိုက်သည်။

"ဒါပေမယ့် ဒီကိစ္စ မပေါ်ပေါက်ခင်က ချီပိုင်က တကယ် ကူးချသူဆိုတာကို ကျွန်တော် မသိခဲ့ဘူး၊ ကျွန်တော်လည်း ချီပိုင်က မှန်တယ်လို့ ရိုးရိုးသားသားနဲ့ ယုံကြည်ခဲ့တာ၊ ဒါကြောင့် ကျွန်တော်တို့ ကျင်ရိဖန်ကို ဖိနှိပ်ဖို့ အားမနာတမ်း လုပ်ခဲ့တာ"

မိန့်ဟောင်က အိမ်ကြီး၏ ပြင်သစ်ပြတင်းပေါက်အပြင်ဘက်မှ မြစ်နှင့် ကောင်းကင်ကို ကြည့်ရင်း ဝမ်းနည်းစွာ ပြောသည်။

"ကျွန်တော် မကြာသေးခင်က ကျွန်တော့် အနုပညာရှင်တွေကို ဇာတ်ညွှန်း ဖတ်ပေးတုန်းက သမိုင်းဝင် အကြောင်းအရာတစ်ခုကို တွေ့ခဲ့ရတယ်၊ အဲဒီတုန်းက လူတိုင်းက မြေဗဟိုသီအိုရီ ကို သဘောတူခဲ့ကြပြီးတော့ နေဗဟိုသီအိုရီကို တင်ပြခဲ့တဲ့ ကိုပါးနိကပ်စ် (Copernicus) ကို နတ်ဆိုး (devil) လို့ ယုံကြည်ခဲ့ကြတာ၊ ဒါကြောင့် သူ့ကို မီးရှို့သတ်ခဲ့ကြတာ"

"အဲဒီတုန်းက ဘုရားကျောင်းမှာ ကိုပါးနိကပ်စ်ကို မီးရှို့သတ်ခဲ့တဲ့ သူတွေကို လူဆိုးတွေလို့ မင်းထင်လား၊ ဒါပေမယ့် သူတို့က အဲဒီအချိန်က လူတွေရဲ့ ကောင်းကျိုးအတွက် ရိုးရိုးသားသား လုပ်ခဲ့ကြတာ၊ ကိုပါးနိကပ်စ်က လူထုကို မှားယွင်းပြီးတော့ ဦးဆောင်နေတယ်လို့ ရိုးရိုးသားသား ယုံကြည်ခဲ့ကြတာ"

"အရင်က ကျွန်တော်တို့လိုပါပဲ၊ ကျွန်တော်တို့လည်း ကျင်ရိဖန်က ကူးချခဲ့တာလို့ ရိုးရိုးသားသား ယုံကြည်ခဲ့ကြတာ၊ ကျွန်တော်တို့ လုပ်ခဲ့တာက မူရင်းကို ကာကွယ်ဖို့ပဲ"

"ကံကောင်းစွာနဲ့ပဲ မင်းက ကျွန်တော်တို့ကို တားဆီးပေးခဲ့ပြီးတော့ ပိုပြီး နောင်တရစရာကောင်းတဲ့ အလုပ်တွေ မလုပ်နိုင်အောင် တားဆီးပေးခဲ့တယ်၊ ရိုးရိုးသားသား ပြောရရင် ဒီအချက်မှာ မင်းက ကျွန်တော့်ကို လှည့်စားခဲ့ပေမယ့် မင်းကို ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါကြောင့် ဒီသက်သေအထောက်အထားက ကျွန်တော့်ရဲ့ နောက်ဆုံး ဆုအနေနဲ့ ပြန်ပေးဆပ်ခြင်းပဲ"

ရှချန်းချန်းသည် မိန့်ဟောင်၏ ကိုယ်တိုင်ပြောပြချက်ကို တိတ်တဆိတ် နားထောင်နေခဲ့သည်။ သူ၏ အသံက ရိုးသားပြီး စိတ်ရင်းမှန်ဖြင့် ပြောဆိုနေပုံရသည်။

သို့သော် ရှချန်းချန်းက တိတ်ဆိတ်နေ၏။

ခဏအကြာတွင် သူမ စကားပြောခဲ့သည်။

"ရှင် ကောင်းကောင်း ပြောပြခဲ့တယ်၊ ဒါပေမယ့် နေဗဟိုသီအိုရီ မှာ မီးရှို့သတ်ခံရတဲ့သူက ကိုပါးနိကပ်စ်ရဲ့ တပည့် ဘရူနိုပါ၊ ဒါကြောင့် အဲဒါကို နောက်တစ်ခါ ထပ်မပြောနဲ့တော့"

မိန့်ဟောင်: ???

မိန့်ဟောင်က နှိမ့်ချစွာ ပြောသည်။

"ဒါဆို... ကိုပါးနိကပ်စ်က ဘယ်လို သေဆုံးခဲ့တာလဲ”

ရှချန်းချန်းက ယဲ့ယဲ့လေး ပြောသည်။

“သူ အသက် ၇၀ မှာ အိုမင်းမစွမ်းဖြစ်ပြီး၊ အဖျားနဲ့ သေဆုံးခဲ့တာ"

မိန့်ဟောင်: "..."

"ဒါကောင်းတာပေါ့"

မိန့်ဟောင် ရုတ်တရက် ရယ်လိုက်သည်။

"အမှန်တရားကို စွဲကိုင်ထားတဲ့ နောက်ထပ် လူတစ်ယောက် မသေဆုံးသေးဘူးပဲ”

ရှချန်းချန်းက အင်ပါယာသစ်တောဥယျာဉ်သို့ ပြန်ရောက်ပြီး မကြာမီတွင် မိန့်ဟောင် ပေးပို့လိုက်သော ချီပိုင်၏ အများပြည်သူရန်ပုံငွေ အလွဲသုံးစားလုပ်ခဲ့သည့် စာရွက်စာတမ်းများ၏ စခရင်ရှော့ (screenshot) ကို လက်ခံရရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမသည် အထူးလက်ထောက်ကျိုးမှ ပေးပို့လိုက်သော ချီပိုင် အခွန်ရှောင်ခဲ့သည့် လက်မှတ် (certificate) ကိုလည်း လက်ခံရရှိခဲ့သည်။

ပထမတစ်ခုက နှစ်ပေါင်းများစွာ အာဏာရှင်များကို ကူညီခဲ့သည့် အမှားအတွက် ပြန်လည်ဖြေရှင်းရန်ဖြစ်ပြီး၊ နောက်တစ်ခုမူကား ထျန်ရှန်းမှ အလိမ်ဖော်ထုတ်သူအပေါ် ထုတ်ဖော်မှုတွင် ပေးဆပ်ခဲ့သော ကျေးဇူးကို ပြန်ဆပ်ရန်ဖြစ်သည်။

ရှချန်းချန်းက စာရွက်စာတမ်းနှစ်ခုလုံးကို အလိမ်ဖော်ထုတ်သူ၏ Weibo တွင် တစ်ပြိုင်နက်တည်း တင်လိုက်သည်။

ချက်ချင်းပင် အင်တာနက်အသုံးပြုသူများက အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

[Fuck! ဒီ ချီပိုင်က တကယ် မရိုးသားဘူးပဲ]

[ဟားဟားဟား၊ ချီပိုင်က ခိုးချပြီးတော့ အနုပညာလောကကနေ ထွက်ရတာက အရမ်း လွယ်လွန်းတယ်လို့ ငါ တွေးနေခဲ့တာ၊ ကျီကျီက တကယ်ပဲ သူ့ကို လက်ဆောင်ကြီး ပေးခဲ့တာပဲ]

[ကျီကျီကပြောင်မြောက်လိုက်တာ၊ တကယ်ပဲ ချီပိုင်လို ခိုးချသူတစ်ယောက် အနုပညာလောကကနေ ဒီတိုင်းသေဆုံးပြီး ထွက်ရတာက အရမ်း လွယ်လွန်းတယ်]

[ကျန်ချန်းကောရဲရေ မြန်မြန် လုပ်၊ ဒီလူမိုက် ချုပ်စက်နင်းနေတာကို မြင်ချင်လွန်းလို့ မစောင့်နိုင်တော့ဘူး]

[ချီပိုင်၊ ကျိကျင်းဟန်၊ ချန်မင်ကျယ်၊ ဟုန်ထောင်... ဖဲဝိုင်း တစ်ဝိုင်းလောက် စုဖို့ လုံလောက်ပြီ~]

[ချုပ်စက်နင်းရင်း ဖဲဝိုင်း ကစားကြမယ် ~ ဟားဟားဟား၊ ပုံက ဒီလောက် လှတာလား၊ ငါတောင် မကြည့်ရဲဘူး~]

…..

မကြာမီပင် ကျန်းချန် မြို့ရဲတပ်ဖွဲ့ က ချက်ချင်း ထွက်ခွာသွားခဲ့သည်။ နာရီဝက်အကြာတွင် လမ်းသွားလမ်းလာတစ်ဦးက ချီပိုင်အား ရဲများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဗီဒီယိုကို Weibo ၌ တင်လိုက်သည်။

ချီပိုင်က ချုပ်စက်နင်းခြင်းမှ လွတ်မြောက်နိုင်မည့် ပုံမရပေ။

မကြာမီတွင် ကျန်းချန် ပြည်သူ့လုံခြုံရေးဌာနက Weibo တစ်ခုတင်ခဲ့ပြီး သတင်းဖော်ထုတ်သူ "အလိမ်အညာဖော်ထုတ်သူ" ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး ယခုတွင် စီးပွားရေးပြစ်မှုသံသယရှိသူ ချီကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

"အလိမ်အညာဖော်ထုတ်သူ" ၏ သက်သေအထောက်အထားများအပေါ် အခြေခံ၍ ချီအပေါ် ပိုမိုနက်ရှိုင်းစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန် ပြည်သူ့လုံခြုံရေးဌာနက ဒုတိယ Weibo တစ်ခုကို တင်ခဲ့ရာ Weibo ၏ ဇာတ်ဆောင်မှာ ကျင်ရိဖန်ဖြစ်နေသည်။

ကျန်းချန် ပြည်သူ့လုံခြုံရေးဗျူဌာနက စိတ်အားထက်သန်သော အင်တာနက်အသုံးပြုသူများ၏ သတင်းပေးပို့ချက်များအရ လွန်ခဲ့သော ငါးနှစ်က ကျင်ရိဖန်သည် "မူရင်းသီဆိုသူ ပြိုင်ပွဲ season 2" တွင် မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်အတုကို အသုံးပြုခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဌာနက သိရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းက ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်သည်။ ကျင်ရိဖန်က ထိုအချိန်က အသက်မပြည့်သေးသူ ဖြစ်ပြီး မှတ်ပုံတင်အတုကို မည်သည့်တရားမဝင်လုပ်ရပ်မှ ကျူးလွန်ရန် အသုံးမပြုခဲ့ခြင်း၊ သတင်းပေးပို့ခံရသောအခါ အမှားများကို ဝန်ခံသည့် သဘောထားကောင်းမွန်ခဲ့ခြင်းတို့ကြောင့် ကျင်ရိဖန်အား ချင်ချွမ်းရွာတွင် နာရီ ၂၀၀ လူမှုအကျိုးပြုလုပ်ငန်း နှင့် စာလုံးရေ ၁၀,၀၀၀ ရှိသော ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်မှု တင်ပြရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

Weibo၌ ကျင်ရိဖန်က အပြစ်ဝန်ခံပြီး တောင်းပန်သည့် ဗီဒီယိုလည်း ပါဝင်သည်။

ဗီဒီယို ထွက်ရှိလာသည်နှင့်တစ်ပြိုင်နက် အင်တာနက်အသုံးပြုသူများက စက္ကန့်အနည်းငယ်ကြာ မှင်သက်နေပြီးနောက် ရူးသွပ်စွာ ရယ်မောကြလေသည်။

[ကျင်ရိဖန်က စာလုံးရေ ၁၀,၀၀၀၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်မှု ရေးရမယ်လို့ တွေးလိုက်တာနဲ့ ဝက်လို ရယ်မိလိုက်တယ်၊ ရဲတွေက အတည်လုပ်နေတာလား]

[အပေါ်ထပ်က၊ ရဲတပ်ဖွဲ့ မှာ အလုပ်လုပ်တဲ့ ငါ့ရဲ့ ဆွေမျိုးတစ်ယောက်က မှန်တယ်လို့ ပြောတယ်၊ မူရင်းကတော့ နှုတ်နဲ့ သတိပေးပြီးတော့ ရဲက ကျင်းရိဖန်ကို စာလုံးရေ ၁,၀၀၀ရှိတဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်မှု ရေးခိုင်းချင်ခဲ့တာ၊ ဒါပေမယ့် သူက အဲ့ဒီမှာ ဈေးဆစ်ခဲ့တယ်တဲ့လေ၊ နောက်ဆုံးတော့ စာလုံးရေ ၁၀,၀၀၀ ဖြစ်သွားတာ။ ဟားဟား]

[2333 က အရမ်းလွန်တာပဲ၊ ဒါပေမယ့် ကျင်ရိဖန်နဲ့ ထူးဆန်းတဲ့ သဟဇာတ တစ်မျိုးတော့ ရှိနေတယ်]

[ကျန်းချန် ပြည်သူ့လုံခြုံရေးဌာနက ကျင်ရိဖန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်မှု ကို ထုတ်ပြန်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ စာရွက်ကိုလည်း ခိုးချမှု ရှိမရှိ စစ်ဆေးရမယ်၊ ခိုးချမှုနှုန်း ၃% ထက် မကျော်ရဘူး]

[အပေါ်ထပ်က တစ်ယောက်၊ ချင်ချွမ်းရွာက ဝါးကိုင်းတွေအားလုံးကို မင်း ခုတ်သွားပြီလေ၊ မင်း လူရောဟုတ်သေးရဲ့လား]

[ဖန်ဖန်၊ ကျေနပ်လိုက်စမ်းပါ မှတ်ပုံတင်အတုသုံးတာက မှားတယ်၊ ငါ့အတွက် ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်မှု ရေးပေး]

[ပြီးတော့ ခိုးချမှုနှုန်းက ၃% ထက် မကျော်ရဘူးနော်]

[ဟားဟားဟားဟားဟားဟား!!!]

အင်တာနက်ပေါ်တွင် ကျင်ရိဖန်ကို ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်မှု ရေးခိုင်းသည့်အတွက် ရယ်မောနေကြစဉ် “သာယာရိုးရှင်းသောဘဝ" သည်လည်း ပထမဆုံး အပိုင်းကို တည်းဖြတ်ခဲ့ပြီး ချီပိုင် ၏ ဗားရှင်းကို ဖျက်ပစ်ခဲ့သည်။

အင်တာနက်အသုံးပြုသူအများစုက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးသားဖြစ်သောကြောင့် ဇာတ်လမ်းအပြည့်အစုံ၏ ပထမဆုံး အပိုင်းကို ကြည့်ရှုခြင်းက ပြန်လည်ကြည့်ရှုခြင်းမျှသာ ဖြစ်သည်။

သို့သော်လည်း သူတို့သည် ကျင်ရိဖန် စျေးကွက်ထဲတွင် အဒေါ်များနှင့် အကများကရာ၌ ဦးဆောင်နေသည်ကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ဤတိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကျင်ရိဖန်က ကင်မရာပိတ်ပြီး ရိုက်ကူးရန် တောင်းဆိုကာ ဝန်ထမ်းအားလုံးအား (square dance) ကို အတူတကွ ကခုန်စေခဲ့သောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ပရိသတ်များသည် ဤအကြောင်းအရာကို မမြင်တွေ့ခဲ့ရရာ နက်ရှိုင်းသော နောင်တရရှိခဲ့ကြသည်။

မမျှော်လင့်ဘဲနှင့် ၎င်းက ဇာတ်လမ်းအပြည့်အစုံထဲတွင် ပါဝင်နေခဲ့သည်။

ဤအကြောင်းကြောင့် "သာယာရိုးရှင်းသောဘဝ" အစီအစဉ်အဖွဲ့က @အလိမ်အညာဖော်ထုတ်သူကို သီးခြား Weibo တင်ကာ သူတို့၏ ဇာတ်လမ်းကို ပြည့်စုံစေရန် ပစ္စည်းများ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

[ဟားဟားဟား၊ ကျင်ရိဖန်ရဲ့ တင်ပါးက အရမ်း ချစ်စရာကောင်းတယ်]

[ဝန်ထမ်းတွေရဲ့ အမူအရာတွေက အံ့သြစရာပဲ၊ တိရစ္ဆာန်နဲ့တူတဲ့ လူမှုရေး အမူအရာ ပုံစံကိုလုပ်ဖို့ အတင်းအကျပ် တွန်းအားပေးခံလိုက်ရပြီ]

[ကျင်ရိဖန်က ပျော်နေပုံရတယ်၊ မလုပ်ဘူးလို့ ပြောပေမယ့် သူ့ခန္ဓာကိုယ်က အရမ်း ရိုးသားနေတယ်]

[သတင်းပို့ပါတယ်၊ ရှဲ့ကျစ်ရှင်းက အလယ်မှာ ထွက်ပြေးသွားခဲ့တာ နှမြောစရာပဲ၊ ငါ သူ ကနေတာ မမြင်လိုက်ရဘူး]

[ဟမ့်၊ ကျစ်ရှင်းက အလယ်ကို ထွက်ပြေးသွားပေမယ့် သူ ဆယ်စက္ကန့်လောက် ကခဲ့တယ် ငါ screen record လုပ်ထားတယ်]

[အဲဒီ တင်ပါးသေးသေးလေးကို ဘယ်သူက မညှစ်ချင်မှာလဲ~]

[အရမ်းခံစားလို့ ကောင်းလောက်မှာမလား၊ အား၊ ငါ ညှစ်ချင်တယ်!]

…..

တစ်ချိန်တည်းမှာပင် ရှချန်းချန်းသည် ယွီလန်ယွမ်ရှိသော အသံနှင့်ရုပ်ပုံကြည့်ခန်းတွင် "သာယာရိုးရှင်းသောဘဝ" ၏ ပထမဆုံးအပိုင်းကို ဖွင့်ကြည့်နေခဲ့သည်။

သူမ၏ ပရိသတ်များနှင့်မတူဘဲ သူမက ၎င်း၏ ဇာတ်လမ်းအပြည့်အစုံကို ပြသရန်အတွက် သူမ၏ အိမ်ရှိ အကြီးဆုံး ဖန်သားပြင်ကို ရွေးချယ်ခဲ့ရာ သူမက ဘောင်ထဲတွင် ရှိမရှိ၊ သူမ ပေါ်မပေါ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

အရမ်းကောင်းတယ်။ငါ အမြန်နှုန်းနှစ်ဆနဲ့ အစအဆုံး ကြည့်ခဲ့တယ်။

ထိုနေရာတွင် သူမ၏ မြင်ကွင်းအနည်းငယ် ပါဝင်ခဲ့သော်လည်း အားလုံးက ဝေဝါးနေသည်။ အမျိုးသားဝန်ထမ်းတစ်ယောက်နှင့် တူသည်။

လုံးဝ အပြစ်အနာအဆာ မရှိဘူး။

အခု၊ ငါ နောက်တစ်ခါ ပြန်ကြည့်ပြီး သေချာ စစ်ဆေးလို့ရပြီ။

တစ်ဖက်တွင် ရှဲ့ကျစ်ရှင်းသည်လည်း ကုမ္ပဏီအလုပ်များကို ပြီးစီးပြီးနောက် ယွီလန်ယွမ် ထံသို့ ပြန်လာခဲ့သည်။

သတိမထားမိစွာပင် သူယခင်က နေခဲ့သည့် ဇစ်ကျင်းဗီလာကို တစ်လကျော်ခန့် ပြန်မရောက်ဖြစ်ခဲ့ပေ။

ယခုဆိုလျှင် ယွီလင်းဥယျာဉ်က သူ့အိမ်နှင့် ပိုတူလာပြီပင်။

သူ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ယောင်ကျူမူကား ပျော်ရွှင်စွာနှင့် သူ့ထံသို့ ပြေးတက်လာပြီး သူမ၏ တင်ပါးသေးသေးလေးကို လှုပ်ခါနေလေသည်။ တစ်လအကြာတွင် သူမက များစွာ ကြီးထွားလာခဲ့ပြီး နှစ်ပေါင်းများစွာ တွဲကျနေခဲ့သော သူမ၏ နားရွက်များက တဖြည်းဖြည်း ထောင်ရပ်လာခဲ့သည်။

ကွမ်ကျုံးသည်လည်း ရှဲ့ကျစ်ရှင်းအား သတိပြုမိသော်လည်း သူက အမြဲတစေ တသီးတခြားနေတက်သောသူ တစ်ယောက်ဖြစ်သည်။ သူတို့နှစ်ဦးက ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သော်လည်း ရှဲ့ကျစ်ရှင်း၏ ရင်ဘတ်က အလွန်မာကျောပြီး ရှချန်းချန်း၏ ရင်ဘတ်ထက် များစွာ နင်းရမလွယ်ကူသောကြောင့် ကွမ်ကျုံးက ရှဲ့ကျစ်ရှင်းကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဂုဏ်ယူစွာဖြင့် သူ၏ ကြောင်အိပ်ရာသို့ ပြန်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်းက ကွမ်ကျုံးနှင့် ယောင်ကျူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီးနောက် အဒေါ်လျူကို မေးလိုက်သည်။

“အမျိုးသမီးရော ဘယ်မှာလဲ”

အဒေါ်လျူက ရှဲ့ကျစ်ရှင်း၏ ကုတ်အင်္ကျီကို ယူပြီး ပြုံးလျက် ပြောသည်။

"ဇနီးသည်က တတိယထပ်က အသံနှင့်ရုပ်ပုံကြည့်ခန်းမှာ variety show ကြည့်နေတယ်~"

သူမက ရှဲ့ကျစ်ရှင်း၏ လက်ထဲရှိ ပန်းရောင်အိတ်ကို သတိထားမိသွားကာ သူမ၏ မျက်လုံးများက လင်းလက်လာသည်။

"သခင်လေး၊ ဒါက ဇနီးသည်အတွက် လက်ဆောင်လား”

"အင်း"

ရှဲ့ကျစ်ရှင်းက ပေါ့ပေါ့ပါးပါး ပြောသည်။

"လက်ဆောင် မဟုတ်ပါဘူး၊ နို့လက်ဖက်ရည် တစ်ခွက်ပါပဲ"

ယနေ့ ရှဲ့ကျစ်ရှင်းနှင့် အထူးလက်ထောက်ကျိုးတို့ အသစ်ဝယ်ယူထားသည့် ဈေးဝယ်စင်တာ ကို စစ်ဆေးရန် သွားစဉ်က ဤနို့လက်ဖက်ရည်ဆိုင်ကို မတော်တဆ တွေ့ခဲ့သည်။ တံခါးတွင် စောင့်နေသည့် လူတန်းက အလွန်ရှည်နေ၏။

ရှဲ့ကျစ်ရှင်း သတိရလိုက်သည်၊ သူ ကျင်းမိသားစုမှ ရှချန်းချန်းနှင့် ပြန်လာစဉ်က ဤနို့လက်ဖက်ရည်ဆိုင်၏ ဆိုင်ခွဲများကို မြင်ခဲ့ဖူးသည်။ ထိုအချိန်တွင် ရှချန်းချန်းက (Rolls-Royce)၏ ပြတင်းပေါက်၌ မှီနေပြီး လူတန်းရှည်ကြီးကို ကြည့်လျက် လူများစွာ တန်းစီနေ၍ ဤဆိုင်မှ နို့လက်ဖက်ရည်က အလွန် အရသာရှိရမည်ဟု လောဘကြီးသည့် မျက်လုံးများနှင့် ပြောနေခဲ့သည်။

ကံမကောင်းစွာနှင့် ထိုအချိန်က သူတို့ထံ၌ နို့လက်ဖက်ရည် တစ်ခွက် ဝယ်ရန်အတွက် ရပ်နားရန် အချိန်များစွာ မရှိခဲ့ချေ။

ယနေ့ ရှဲ့ကျစ်ရှင်းက ဤနို့လက်ဖက်ရည်ဆိုင်ကို ထပ်တွေ့သဖြင့် အထူးလက်ထောက်ကျိုးအား နို့လက်ဖက်ရည်ဆိုင် ဝယ်ခိုင်းလိုက်သည်။

ရှဲ့ကျစ်ရှင်း နို့လက်ဖက်ရည်ကို ကိုင်ကာ တတိယထပ်ရှိ အသံနှင့်ရုပ်ပုံကြည့်ခန်း (audio-visual room) သို့ ရောက်လာခဲ့သည်။ အသံနှင့်ရုပ်ပုံကြည့်ခန်း၏ တံခါးက ဟနေသည်။ သူ တံခါးခေါက်ရန်ပြင်နေဆဲတွင် သူ့ကိုယ်သူ "သာယာရိုးရှင်းသောဘဝ" အစီအစဉ်ထဲမှ သူ့မြင်ကွင်းများကို ပရိုဂျက်တာမျက်နှာပြင်ပေါ်၌ မြင်လိုက်ရသည်။

ရှဲ့ကျစ်ရှင်း မှင်သက်သွားသည်။ သူ မျက်လွှာကို ချပြီး ဆိုဖာပေါ်ရှိ ရှချန်းချန်းကို ကြည့်လိုက်သည်။

ရှချန်းချန်းက မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ ဖန်သားပြင်ကို သေချာစွာ ကြည့်နေ၏။ ရုတ်တရက် သူမ၏ မျက်ခုံးများက ကွေးသွားပြီး သူမ၏ မျက်လုံးများတွင် ဖော်ပြမရနိုင်သော နူးညံ့မှုတစ်ခု ရှိနေသည်။

ထိုအကြည့်က သူမ၏ နှလုံးသားထဲတွင် ဖုံးကွယ်ထားပြီး နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့သော ချစ်သူတစ်ဦးကို ကြည့်နေသလိုပင်။

ရှဲ့ကျစ်ရှင်း၏ နှလုံးသားက ရှောင်လွှဲမရနိုင်အောင် ထိမိသွားရသည်။

သူ ရုတ်တရက် ယနေ့စက်ရုံထဲတွင် အထူးလက်ထောက်ကျိုး သူ့အား ပြောခဲ့သည်ကို သတိရလိုက်သည်။

သူ(မ)က မင်းရဲ့ ပိုက်ဆံ ဒါမှမဟုတ် မင်းရဲ့ နာမည်ဂုဏ်သတင်းကို မလိုချင်ရင် မင်းဆီက တခြား ဘာလိုချင်နိုင်သေးလို့လဲ။

မင်းကိုပဲ လိုချင်မှာပေါ့။

ရှဲ့ကျစ်ရှင်း မျက်လွှာများကို ပြန်မြင့်တင်ကြည့်ပြီး ဖန်သားပြင်ပေါ်က သူ့ကိုယ်သူ ကြည့်လိုက်သည်။

သူ(မ)က ငါ့ကို variety show မှာ တကယ် မြင်ချင်ခဲ့တာပဲ။

ရှဲ့ကျစ်ရှင်း အနည်းငယ်မျှ ရှုပ်ထွေးသွားပြီး နို့လက်ဖက်ရည်ကိုချကာ အလျင်အမြန် ထွက်ခွါသွားခဲ့သည်။

သူထွက်သွားပြီး တစ်စက္ကန့်အကြာတွင် ရှချန်းချန်းက ခေတ္တရပ်ခလုတ်ကို နှိပ်ပြီး သူမ၏ ဖုန်းရှိ မှတ်စု (memo) ကို စစ်ဆေးလိုက်သည်။

အင်း၊ ပင်မရုပ်ရှင်မှာ ငါ့ရဲ့ နောက်ဆုံးမြင်ကွင်းကို စစ်ဆေးပြီးပြီ။ ဘာအရိပ်အယောင်မှ မရှိဘူး။

ရှိုးတွင် သူမ ရင်းနှီးသောသူများက ရှဲ့ကျစ်ရှင်းနှင့် လွယ်လွယ်ကူကူ လှည့်စား၍ရသည့် လုယန်ရန်သာ ရှိသည်။ ကံကောင်းစွာနှင့်ပင် သူမက နိုးနိုးကြားကြားရှိပြီး အလုပ်လုပ်တိုင်း ရှဲ့ကျစ်ရှင်း၏ နောက်ကွယ်၌ ပုန်းရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် သူမ ရှဲ့ကျစ်ရှင်းနှင့် ဘောင်တစ်ခုတည်းတွင် ရံဖန်ရံခါ ပါဝင်ခဲ့ပြီး ရှိုး၌ ရှဲ့ကျစ်ရှင်း၏ ဝေဝါးနေသည့် နောက်ခံ ဖြစ်သွားခဲ့သော်လည်း သူ လုံးဝ သတိထားမိမည် မဟုတ်ပေ။

အား! ငါ ဘယ်လိုလုပ် ဒီလောက် ထက်မြက်ရတာလဲ။

ပြီးပြည့်စုံတယ်။

ရှချန်းချန်းက စက်ပစ္စည်းကို ပိတ်လိုက်ပြီး ဖုတ်ကောင်များကို ဆန့်ကျင်သည့် ဂိမ်းကို ကစားရန်အတွက် အောက်ထပ်သို့ဆင်းရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်၌ သူမ တံခါးဝရှိ နို့လက်ဖက်ရည်ကို မြင်လိုက်ရသည်။

ဟမ်... အဒေါ်လျူ ပို့လိုက်တာလား။

အဒေါ်လျူက အရမ်း ကောင်းတာပဲ။ နို့လက်ဖက်ရည် သောက်ရင်းနဲ့ ဂိမ်းလည်း ကစားလို့ရပြီ။

ယေး!

မုဆိုးမလေးရဲ့ ပျော်ရွှင်တဲ့ဘဝကို ခံစားနေတဲ့ နောက်ထပ်တစ်နေ့ပဲ။

မြို့တောင်ပိုင်းရှိ ရှမိသားစု၏ ဧည့်ခန်းတွင် ရှယုံဒယ်သည် လျူကျစ်မင်း၏ စာချုပ်ကို ကောက်ယူကာ ယဲ့ရှီဝမ်၏ မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်သည်။

အဖြူအမည်း စာလုံးများပါသည့် စာရွက်များက တစ်ရွက်ပြီးတစ်ရွက် ပြုတ်ကျလာခဲ့သည်။ ယဲ့ရှီဝမ်၏ ဖြူဖွေးနေသော ပါးပြင်ပေါ်တွင် မှိန်ဖျော့သော အနီရောင်အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။

သူမက ထိုနေရာတွင် ငြိမ်သက်စွာ ရပ်လျက် ရှက်ရွံ့မှုကို ခံစားနေရ၏။ သို့သော် သူမက ပြန်လည်ခုခံရန် မရဲဘဲ သူမ၏ ဒေါသကို ထိန်းချုပ်ကာ သူမ၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရာ သူမ၏ လက်သည်းများက သူမ၏ အသားထဲသို့ ထိုးစိုက်လုနီးပါး ဖြစ်နေသည်။

ရဲ့လျူဖုန်းက ယဲ့ရှီဝမ်ကို ကာကွယ်ရန် ရှေ့သို့ တိုးလာပြီး ငိုလျက်ပြောသည်။

“ယုံဒယ်၊ ဝမ်ဝမ်က မင်းကို နှစ်တွေအကြာကြီး ပါးလို့ ခေါ်ခဲ့တယ်လေ၊ ဒီလောက် ကြမ်းတမ်းဖို့ လိုလို့လား"

ရှယုံဒယ်က မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်ကာ

ဆူပူကြိမ်းမောင်းသည်။

“ငါ့မှာ ဒီလို လက်ဖွာတဲ့သမီး မရှိဘူး သန်း ၅၀! ငါတို့ ရှမိသားစု ရဲ့ ပိုက်ဆံတွေက လေထဲက ရတာလို့ ထင်နေတာလား!”

ရှယုံဒယ်က အလွန်အမင်း ဒေါသထွက်နေသဖြင့် ယဲ့ရှီဝမ်အား ဆူပူကြိမ်းမောင်းနေခြင်းကို မရပ်တန့်နိုင်ခဲ့ချေ။

"အသုံးဖြုန်းကြီးလိုက်တာ၊ ငါ မင်းကို ဖျော်ဖြေရေးလောကထဲ ဝင်ခိုင်းတာက ငါတို့ ရှမိသားစုအတွက် ကောင်းမွန်တဲ့ ပုံရိပ် ဖန်တီးဖို့ပဲ၊ မင်း ဘာလုပ်နေတာလဲ၊ မင်းက ကူညီပေးတာထက် ဒုက္ခပေးဖို့လုပ်နေတာ ပိုဖြစ်နိုင်တယ်”

ရှယုံဒယ်၏ မျက်နှာက နီရဲလာခဲ့ပြီး ကော်ဖီစားပွဲပေါ်ရှိ စာအုပ်များကို ဆွဲယူကာ ရှဲ့ယီဝမ်ကို ထပ်မံ ရိုက်နှက်ရန် ပြင်ဆင်လိုက်သည်။

ဟန်ကျားလင်းက ရုတ်တရက် ဧည့်ခန်းထဲသို့ ပြေးဝင်လာပြီး ယဲ့ရှီဝမ်ကို သူ့နောက်သို့ ကာကွယ်ထားလိုက်သည်။

"ဦးလေး! ကျွန်တော် ဒီပိုက်ဆံကိုပေးပြီး ဝမ်ဝမ်ကို ကူညီပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဝမ်ဝမ်ကို အရှက်မကွဲပါနဲ့တော့"

ယဲ့ရှီဝမ်က ဟန်ကျားလင်း ပေါ်လာသည်ကို မြင်သည်နှင့် သူမ၏ အသက်ကယ်ကောက်ရိုး ကို မြင်လိုက်ရသလိုပင် သူမ၏ မျက်ရည်များဝဲနေသော မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ သူမက ဟန်ကျားလင်း၏ လက်မောင်းကို ဂရုတစိုက် ဆုပ်ကိုင်ထားရာ သူမ၏ လက်ချောင်းများတွင် အစောက အိမ်တွင်းအကြမ်းဖက်မှုကြောင့် တုန်ရီနေလေသည်။

ဟန်ကျားလင်းက ယဲ့ရှီဝမ်ကို ဤသို့မြင်လိုက်ရချိန်၌ ပို၍ စိတ်မကောင်းဖြစ်လာခဲ့သည်။

သူက ရှချန်းချန်းက ရှမိသားစုတွင် ဝမ်ဝမ်အား အမြဲတစေ ဒုက္ခပေးသည်ဟု ကြားခဲ့ရသည်။ ယခုတွင် သူမ၏ ပထွေးကလည်း သူမအပေါ် အတော်လေး ကြမ်းတမ်းနေသည်။

ဝမ်ဝမ်က တကယ်ကို ခက်ခဲတဲ့ဘဝကို ဖြတ်သန်းနေရတာပဲ! ကမ္ဘာပေါ်မှာ ဝမ်ဝမ်ကို ကယ်တင်နိုင်တာ ငါ တစ်ယောက်တည်းပဲရှိတော့တယ်!

ဟန်ကျားလင်းက ယဲ့ရှီဝမ်ကို နှစ်သိမ့်ပေးပြီး ရှယုံဒယ်ကို လှည့်ကြည့်ကာ လေးနက်စွာဖြင့် ပြောသည်။

"ဦးလေး၊ စိတ်မပူပါနဲ့၊ ဒီကိစ္စကို ကျွန်တော် အဆုံးထိ တာဝန်ယူပါ့မယ်၊ ဝမ်ဝမ်က ဘာအမှားမှ မလုပ်ခဲ့ဘူး၊ သူ ဒါကို မခံရသင့်ဘူး"

ရဲ့လျူဖုန်းသည်လည်း အလျင်အမြန် ရှေ့သို့ တိုးလာပြီး သွေးဆောင်လာခဲ့သည်။

"ယုံဒယ်၊ ကြည့်ပါဦး၊ သခင်လေးဟန်ကလည်း ပြောနေပြီဆိုတော့ ဒေါသထွက်မနေနဲ့တော့၊ အပြစ်တင်ချင်ရင် အဲ့ဒီ ချီပိုင်ကို အပြစ်တင်၊ သူက ခိုးချတာကို ကောင်းကောင်း မကိုင်တွယ်နိုင်လို့ နောက်ဆုံးတော့ တခြားသူဆီကနေ ဖော်ထုတ်ခံလိုက်ရတာလေ၊ ကျွန်မတို့ ရဲ့ ဝမ်ဝမ်က ဘာမှားလို့လဲ"

ဟန်ကျားလင်းနှင့် ရဲ့လျူဖုန်းတို့က သူ့အား သွေးဆောင်ရန် ရောက်လာသည်ကို မြင်သောအခါ ရှယုံဒယ်က လက်လျှော့ကာ သူ့လက်ထဲရှိ စာအုပ်များကို ပစ်ချလိုက်ရသည်။

"မင်းအမေနဲ့ သခင်လေးဟန်တို့က ငါ့ကို သွေးဆောင်နေမှတော့ ငါ မင်းကို ခဏလွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် နောက်တစ်ခါ ထပ်ဖြစ်လို့မရဘူး!"

ရှယုံဒယ်က ပြောပြီး ဧည့်ခန်းမှ ထွက်ခွာသွားသည်။ ရဲ့လျူဖုန်းက သူ့နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။

ဧည့်ခန်းတွင် ဟန်ကျားလင်းနှင့် ယဲ့ရှီဝမ်တို့သာ ကျန်ရစ်ခဲ့သည်။

ဟန်ကျားလင်းက ယဲ့ရှီဝမ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။

"ဝမ်ဝမ်၊ ကိုယ် ဒီမှာရှိတယ်၊ အဆင်ပြေပါတယ်၊ အဆင်ပြေသွားမှာပါနော်”

ယဲ့ရှီဝမ်က ဟန်ကျားလင်း၏ မျက်လုံးများကို ကြည့်လိုက်ရာ သူမ၏ ကယ်တင်ရှင်ကို ကြည့်နေသကဲ့သို့ပင် သူမ၏ မျက်လုံးများတွင် နက်ရှိုင်းသော သံယောဇဉ်များဖြင့် ပြည့်နှက်နေသည်။ ရုတ်တရက် သူမ မျက်လွှာကို ချလိုက်ရာ အထီးကျန်နေသကဲ့သို့ ထင်ရသည်။

"ကျားလင်း၊ သန်း ၅၀... ပိုက်ဆံအများကြီးက နင့်ဆီမှာ တင်နေပြီ၊ ဟန်မိသားစုက..."

"မဟုတ်ဘူး"

ဟန်ကျားလင်းသည် ယဲ့ရှီဝမ်ကို စိတ်မကောင်းစွာဖြင့် ပွေ့ဖက်လိုက်ပြီး ပြောသည်။

"အဲဒါက သန်း ၅၀ ပဲ ရှိတာ၊ မင်းထက် ဘယ်လိုလုပ် အရေးကြီးနိုင်မလဲ၊ ဝမ်ဝမ်၊ ကိုယ့်စိတ်ထဲမှာ ဟန်မိသားစုတစ်စုလုံးကတောင် မင်းလောက် အရေးမကြီးဘူး"

ယဲ့ရှီဝမ်က ဟန်ကျားလင်း၏ ရင်ခွင်ထဲတွင် မှီတွယ်လျက် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ကျလာသည်။

သို့သော် သူမ၏ သနားစရာမျက်ရည်များ ကျလာနေစဉ် သူမ၏ မျက်လုံးများတွင် မထင်ရှားသော ကောက်ကျစ်မှု အရိပ်အယောင်တစ်ခုက လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်ကို မည်သူမျှ သတိမပြုမိခဲ့ပေ။

ထိုညတွင် ဟန်ကျားလင်းက ယဲ့ရှီဝမ်ကို ပွေ့ဖက်ကာ အိပ်ရာပေါ်တွင် တင်ပေးခဲ့ပြီး သူမ အိပ်ပျော်သွားသည်အထိ နှစ်သိမ့်ပေးပြီးမှသာ မချင့်မရဲဖြင့် ရှမိသားစုမှ ထွက်ခွာခဲ့သည်။

ဟန်ကျားလင်း ထွက်ခွာသွားပြီးနောက် ယဲ့ရှီးဝမ်က ချက်ချင်း ထရပ်ကာ ရှယုံဒယ်၏ စာကြည့်ခန်းသို့ လျင်မြန်စွာ ရောက်လာခဲ့သည်။

"ဝမ်ဝမ်၊ သမီး ဒီတစ်ခါ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”

ရှယုံဒယ်က ချီးကျူးခဲ့သည်။

"ဟန်မိသားစုက ကလေးလေး ဒီလောက် သမီးကို ကြိုက်လိမ့်မယ်လို့ မထင်ထားဘူး၊ နည်းနည်း ငိုပြလိုက်တာနဲ့ သန်း ၅၀ ပေးဖို့ သဘောတူလိုက်တယ်”

ယဲ့ရှီးဝမ်၏ မျက်လုံးများတွင် အားရကျေနပ်မှုများ အပြည့်ရှိနေသည်။

"ပါး၊ သမီး ဟန်ကျားလင်းကို လုံးဝ ထိန်းချုပ်ထားနိုင်တယ်လို့ အရင်ကတည်းက ပြောခဲ့ပြီးသားလေ၊ အဲဒါက သန်း ၅၀ ပဲ ရှိတာ၊ ဟန်မိသားစုတစ်စုလုံးတောင် သမီးနဲ့ မယှဉ်နိုင်ဘူးလို့ သူ ဒီနေ့ ပြောခဲ့တာ"

ရှယုံဒယ် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများတွင် ချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။

ရုတ်တရက် သူက ယဲ့ရှီဝမ်၏ မျက်နှာပေါ်ရှိ အနီရောင်အမှတ်အသားများကို သတိပြုမိပြီး သူမအတွက် အလွန် စိတ်မကောင်းဖြစ်သွားသည်။ သူ သူမ၏ ပါးကို ညင်သာစွာ ထိလိုက်သည်။

"ငါ့သမီးလေး၊ ဒီနေ့ ပါး သမီးကို ထိခိုက်စေခဲ့သေးလာ၊ အားလား၊ ပါးက သမီးကို မကူညီချင်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် သန်း ၅၀ က နည်းတဲ့ ပမာဏ မဟုတ်ဘူး၊ ပါးအတွက် ရှမိသားစုမှာ နေရတာက မလွယ်ဘူး၊ ပါးကို အပြစ်မတင်နဲ့နော်”

ယဲ့ရှီးဝမ်က သူမ၏ မျက်လွှာကို မော့ကြည့်ပြီး ရှယုံဒယ်ကို ကြည့်လိုက်သည်။

ငါ ရှယုံဒယ်ကို ဘယ်လိုလုပ် အပြစ်တင်ရဲမှာလဲ။

သူက ငါ့ရဲ့ အဖေရင်းလေ။

သို့သော် ဘဝသစ်ကို ပြန်စပြီးနောက် ယဲ့ရှီးဝမ်မှာမူ ရှယုံဒယ်က ရှချန်းချန်းထက် သူမအား ပိုချစ်သည်ကို ကောင်းစွာ သိခဲ့သည်။

ဒါပေမယ့် ငါ တကယ် ချစ်တာက ရှမိသားစုရဲ့ ပိုက်ဆံနဲ့ အာဏာပဲ ပြီးတော့ ငါ့ကိုယ်ငါပဲ ပိုချစ်တာ။

ဒါကြောင့် တစ်ချို့ အတိုင်းအတာအထိတော့ ငါနဲ့ ရှယုံဒယ်က ကိုယ်လိုအပ်တာကို ရယူနေကြတာပဲ။

ဤအကြောင်းကို တွေးမိသောအခါတွင် ယဲ့ရှီဝမ် သေချာ စဉ်းစားလိုက်သည်။

အဲဒါက ရိုက်ချက်နည်းနည်းနဲ့ မကျေနပ်ချက်တွေပဲလေ၊ ဘာမှ မဖြစ်ပါဘူး။

သူမ ရှေ့သို့ လျှောက်သွားပြီး ရှယုံဒယ်၏ လက်မောင်းကို ချစ်ခင်စွာ ဆွဲကိုင်လိုက်သည်။

“ပါးကို ဘယ်လိုလုပ် အပြစ်တင်ရဲမှာလဲ၊ ဝမ်ဝမ်က ပါးကို အချစ်ဆုံးပဲ~"

ရှယုံဒယ်လည်း ယဲ့ရှီဝမ်၏ နှာခေါင်းကို ကျေနပ်စွာဖြင့်

ကုတ်လိုက်သည်။

"သမီးက တကယ်ကို ပါးရဲ့ သမီးကောင်းလေးပဲ”

ယဲ့ရှီဝမ်က ရှယုံဒယ် အနားသို့ကပ်ကာ စမ်းသပ်သကဲ့သို့ ပြောသည်။

"ပါး၊ သမီး မွေးနေ့ မကြာခင် ရောက်တော့မှာလေ၊ ဒါက သမီးရဲ့ ၂၆ နှစ်မြောက် မွေးနေ့ပဲ... ခမ်းခမ်းနားနား ကျင်းပချင်တယ်~ ရလား”

“သေချာတာပေါ့၊ သမီး ဘယ်လို လက်ဆောင်လိုချင်လဲ”

ယဲ့ရှီဝမ်က သူ့မျက်လုံးကို လှန်လိုက်သည်။

"ကျင်းကျန်းမြစ်ဘေးမှာ မြစ်ရှုခင်းကို မြင်ရတဲ့ သမီးတို့ မိသားစုအတွက် ဗီလာတစ်လုံး ရှိတယ်ဆိုတာကို မှတ်မိတယ်..."

လင်းယွီဗီလာသည် ကျန်းချန် တစ်မြို့လုံးတွင် ယွီ နှင့် လင်းယွမ် ပြီးလျှင် ဒုတိယ အိမ်ကောင်းဆုံး ဗီလာ ဧရိယာ ဖြစ်သည်။

ယခု ယဲ့ရှီဝမ်၏ လူကြိုက်များမှုက ကျဆင်းသွားသောကြောင့် သူမက ပြန်လည်နာလန်ထူရန် နည်းလမ်းသစ်တစ်ခုကိုသာ ရှာဖွေနိုင်ခဲ့သည်။

အမျိုးသမီးပရိသတ်များအား မနာလိုဖြစ်စေသော ဖြူစင်၊ ကြွယ်ဝပြီး လှပသော စရိုက်လက္ခဏာ ဖန်တီးခြင်းသည်လည်း နည်းလမ်းတစ်ခု ဖြစ်သည်။

ယဲ့ရှီဝမ်က သူမ၏ ယခင်ဘဝတွင် ရှချန်းချန်းသည်လည်း ကြီးမားသော အခက်အခဲနှင့် ကြုံတွေ့ခဲ့ရပြီး သူမ၏ လူကြိုက်များမှု လုံးဝ ကျဆင်းသွားခဲ့သည်ကို သတိရလိုက်သည်။

ထိုကာလအတွင်း ရှယုံဒယ်က သူမအား ဗီလာတစ်လုံး ပေးခဲ့ပြီး ဟန်ကျားလင်းသည်လည်း သူမအား နည်းမျိုးစုံဖြင့် ချစ်ခင်ခဲ့သည်။

ရှောင်ဟုန်ရှု ဘလော့ဂါ (Xiaohongshu blogger) တစ်ဦးက ရှချန်းချန်းကို သူမ၏ ဖခင်နှင့် ရည်းစားက ချစ်ခင်ကြင်နာမှုများ ပေးခဲ့သည်ကို ဖော်ထုတ်ခဲ့ရာ အင်တာနက်အသုံးပြုသူများစွာ၏ စိတ်ဝင်စားမှုနှင့် မနာလိုမှုကို ဆွဲဆောင်နိုင်ခဲ့သည်။

လူတိုင်းသည် ချမ်းသာသောသမီးများနှင့် သမီးများကို ပိုမို ခွင့်လွှတ်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ချမ်းသာသော မိသားစုဆိုသည်မှာ ပိုမိုကောင်းမွန်သော ပညာရေး၊ ပိုမိုကြော့ရှင်းသော စကားပြောဆိုမှုနှင့် ပိုမိုကျယ်ပြန့်သော ဗဟုသုတကို ဆိုလိုသည်။

ရှချန်းချန်းသည် ဤနည်းဖြင့် ကောင်းမွန်သောပုံရိပ်ကို ပြန်လည်ရရှိခဲ့ပြီး လမ်းသွားလမ်းလာများနှင့် ‘die-hard fans’ များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ယဲ့ရှီးဝမ်လည်း ဤနည်းလမ်းကို အတုယူနိုင်သည်။

ရှယုံဒယ်က ရှချန်းချန်းအား ရှပိုင်လု၏ ဗီလာကို ပေးခဲ့သည်။ ၎င်းက ရှချန်းချန်း၏ ၂၄ နှစ်မြောက် မွေးနေ့လက်ဆောင် ဖြစ်သည်။

ဒါပေမယ့် အခု ရှချန်းချန်းနဲ့ ရှယုံဒယ်တို့က ပရမ်းပတာ ဖြစ်နေပြီဆိုတော့ ရှယုံဒယ်က ဗီလာကို သူ့ကို ဘယ်လိုလုပ် ပေးနိုင်တော့မှာလဲ?

ယဲ့ရှီဝမ်မူကား ကွဲပြားသည်။ သူမက ရှယုံဒယ်၏ သမီးလည်းဖြစ်ပြီး ရှယုံဒယ်က သူမအား အလွန်ချစ်သည်။ မည်သို့ပင်ဖြစ်စေ ရှချန်းချန်းက ဗီလာရှိနေသည်ကို မသိပေ။ သူမက ရှယုံဒယ်ထံသွားပြီး ကလေးဆန်ဆန် ပြုမူလျှင် ဗီလာကို ရနိုင်သည်။

ရှယုံဒယ်၏ မျက်နှာအမူအရာသည် ယဲ့ရှီးဝမ်၏ တောင်းဆိုမှုကို ကြားလိုက်သောအခါ အနည်းငယ် ပြောင်းလဲသွားသည်။

လင်းယွီဗီလာသည် ရှပိုင်လု၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု ဖြစ်သည်။ သူမ သေဆုံးပြီးနောက် ၎င်းကို ထိန်းသိမ်းထားခဲ့ခြင်းသာ ဖြစ်သည်။

ရှမိသားစုတွင် ရှပိုင်လု သေဆုံးပြီးနောက် သူမ ပိုင်ဆိုင်မှု၏ တစ်ဦးတည်းသော အမွေခံက ရှချန်းချန်း ဖြစ်ရမည်ဟူသော စည်းမျဉ်းတစ်ခု ရှိသည်။

"ပါး..."

ယဲ့ရှီးဝမ်က ရှယုံဒယ်ကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။

"ဝမ်ဝမ် ပါးဆီက ဘာမှ မတောင်းခဲ့ဖူးဘူး၊ ဒါပေမယ့် ဒါ သမီးရဲ့ ၂၆ နှစ်မြောက် မွေးနေ့ပဲ၊ ကျားလင်းလည်း လာလိမ့်မယ်၊ ပါးက သမီးကို ဒီလောက် တန်ဖိုးထားနေတာကို မြင်ရင် ဟန်မိသားစုကလည်း သမီးကိုကို ပိုပြီး တန်ဖိုးထားလိမ့်မယ်”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယဲ့ရှီဝမ်က ယခု ရှမိသားစု၏ မယားပါသမီး တစ်ယောက်ပင်။ ရှယုံဒယ်က သူမအား မယားပါသမီး တစ်ယောက်အဖြစ်သာ သတ်မှတ်လျှင် သူမက ချမ်းသာသည့် မိသားစုများကြား၌ မယားပါသမီး တစ်ယောက်သာဖြစ်လိမ့မည်ပင်။ သူက သူမကို သမီးတစ်ယောက်အဖြစ် သတ်မှတ်လျှင် ချမ်းသာသည့် မိသားစုများ အားလုံးက သူမအား သမီးတစ်ယောက်အဖြစ်သာ သတ်မှတ်လိမ့်မည်ပင်။

ပြီးတော့ ယဲ့ရှီးဝမ်က မူလက ရှယုံဒယ်ရဲ့ သမီးအရင်းပဲလေ၊ သူ့ကို ကောင်းကောင်း မဆက်ဆံဖို့ ငါ့မှာ ဘယ်လို အကြောင်းပြချက် ရှိလို့လဲ။ ဘာပဲဖြစ်ဖြစ် ရှချန်းချန်းက အိမ်ကနေ ထွက်ပြေးသွားတာလေ၊ ဒါကြောင့် ဒီ ဗီလာကို ယဲ့ရှီဝမ် ပေးရင်တောင် ဘာမှ မဖြစ်ဘူး။

ရှယုံဒယ်က လက်ဝှေ့ယမ်းပြီး ပြောသည်။

"သမီး ကြိုက်ရင် ပေးလိုက်မယ်”

ယဲ့ရှီးဝမ်က စိတ်လှုပ်ရှားစွာဖြင့် ရှယုံဒယ်ကို ပွေ့ဖက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ပါး!"

နေထွက်လာပြီး နောက်ထပ် တောက်ပသော နံနက်ခင်းတစ်ခုပင်။

ယောင်ကျူက အစွမ်းကုန် ကနေစဉ် ရှချန်းချန်းသည် အိပ်မောကျနေသော သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

သူမ ထိုညက ကောင်းကောင်း မအိပ်ပျော်ခဲ့ပေ။

မနေ့ညက heat တက်နေတဲ့ ကြောင်ထီးလေးတစ်ကောင် ငါ့ရဲ့ အိပ်ရာဘေးမှာ တစ်ညလုံး အော်ဟစ်နေခဲ့တာ။

ရှချန်းချန်း တစ်ညလုံး ငိုနေသည့် ကလေးတစ်ယောက်၏ အိပ်မက်ဆိုးထဲ၌ နစ်မြုပ်နေခဲ့သည်။ ရှိုက်ကြီးတငင် ငိုကြွေးပြီး တိုင်တန်းနေကာ၊ ဝမ်းနည်းပြီး ခြောက်ကပ်နေသည်။

သူမ နိုးလာသောအခါ သူမရှေ့က အိပ်ရာပေါ်၌ အမွေးလုံးနှစ်လုံး လဲလျောင်းနေသည်။ ဘောလုံးတစ်လုံးက လျှာထုတ်ထားပြီး လက်ဖက်ရည်ခွက်ကဲ့သို့ မျက်လုံးဝိုင်းကြီးများက "ငါ့ကို ကစားဖို့ အပြင် ခေါ်သွားပေးပါ” ဟူသည့် အကြည့်နှင့် ပြည့်နေသည်။

နောက်တစ်လုံးမူကား ပျင်းရိပြီး လောကကို ငြီးငွေ့၊ အေးစက်နေပုံရသော်လည်း တကယ်တမ်းတွင် မသိစိတ်ကပင် သူ့တင်ပါးကို ထုတ်ထားပြီး ခေါင်းလောင်းလေးနှစ်လုံး က မနက်ခင်းနေရောင်အောက်၌ တောက်ပနေသည်။

အိုး!

ဖြတ်ပစ်လိုက်!

ထာဝရ ဖြတ်ပစ်လိုက်!

ရှချန်းချန်း၏ မျက်လုံးများက ဓားအဖြစ် ပြောင်းလဲနိုင်လျှင် ကွမ်းကျုံး၏ ခေါင်းလောင်းနှစ်လုံးသည် ပျောက်ကွယ်သွားလိမ့်မည်ပင်။

အဒေါ်လျူက နံနက်စာကို ယူလာပြီး ဟိုတယ်၏ အခန်းဝန်ဆောင်မှုကို အတုယူကာ ရှချန်းချန်း၏ အိပ်ရာဘေးသို့ ယူလာခဲ့သည်။

"မာစတာ ကွမ်းကျုံးက heat ဖြစ်နေတာလား”

အဒေါ်လျူက ရှင်းပြသည်။

"တစ်နှစ်သား ကြောင်ထီးလေးတွေအတွက် အချိန်တန်ပြီ"

"ဟုတ်တယ်"

ရှချန်းချန်း ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။

"သူ့ကို သားကြောဖြတ် ရမယ့်အချိန်ရောက်ပြီ"

အဒေါ်လျူက ထိတ်လန့်သွားပြီး ဘဲဥနှင့် ဝက်သားခေါက်ဆွဲပြုတ်ကို ကိုင်ထားသော သူမ၏ လက်ချောင်းများက မသိမသာ တုန်ယင်လာသည်။

"ဒါက... တိုက်ရိုက် သားကြောဖြတ်ရင် လူမဆန်လွန်းဘူးလားလို့”

အဒေါ်လျူက ကွမ်းကျုံးကို တစ်ချက်ကြည့်လိုက်သည်။

"မာစတာ ကွမ်းကျုံးက တစ်ခါမှ မစမ်းဖူးသေးဘူးလေ၊ အသွင်အပြင်လည်း ကောင်းတာပဲကို၊ ဒီလို သားကြောဖြတ်ပစ်တာက နှမြောစရာကောင်းတယ်"

ကွမ်းကျုံးသည် စိတ်စွမ်းအင်ရှိပုံရပြီး အဒေါ်လျူ ၏ စကားကို ချက်ချင်း နားလည်သွားသည်။ သူက သူ၏ အရည်အချင်းများ အားလုံးကို အသုံးပြုကာ သနားစရာကောင်းသော အမူအရာကို ပြုလုပ်ပြီး သူ၏ မျက်လုံးနက်ကလေးများဖြင့် ရှချန်းချန်းကို အပြစ်ကင်းစင်စွာ ကြည့်ကာ နှစ်ခါမျှ ညင်သာစွာ မြည်လိုက်သည်။

အား၊ ဒါက စဉ်းလဲတဲ့ကြောင်ပဲ။

ရှချန်းချန်း၏ နှလုံးသားက ချက်ချင်း ပျော်ဝင်သွားသည်။

ဒီလို ချစ်စရာကောင်းတဲ့ကြောင်လေးကို ဘယ်လိုလုပ် သားကြောဖြတ်ရမှာလဲ။

ယမန်နေ့ညက ကွမ်းကျုံး၏ အော်သံများနှင့် ငိုသံများကြောင့် ခံစားခဲ့ရသည့် နာကျင်မှုများက ချက်ချင်း မေ့ပျောက်သွားခဲ့သည်။

ရှချန်းချန်း ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

" တစ်ခါလောက် သားဖောက်ပြီးမှ ဖြတ်လိုက်ရင်ရော ဘယ်လိုထင်လဲ"

ရှဲ့မိသားစု အတွက် သားစဉ်မြေးဆက် ချန်ထားခဲ့မယ်၊ ဒါမှ ရှဲ့ကျစ်ရှင်းက ငါ့ဆီကို ပြစ်ဒဏ်ပေးဖို့ မရောက်လာမှာ။

အဒေါ်လျူက ချက်ချင်း စကားကို ဆက်ပြောသည်။

“ပြဿနာမရှိဘူး၊ သားဖောက်ဖို့ သင့်တော်တဲ့ ကြောင်တွေ ရှိမရှိ ကျွန်မ စစ်ဆေးလိုက်ပါ့မယ်”

ရှချန်းချန်းသည် အဒေါ်လျူ ယူလာသော ဘဲဥနှင့် ဝက်သားခေါက်ဆွဲပြုတ်ကို သောက်ပြီး ပြောသည်။

"အိုး၊ ဒီလောက် မစိုးရိမ်ပါနဲ့၊ ကွမ်းကျုံး ကို အရင် ကြည့်ခွင့်ပေးလိုက်၊ ဘာပဲဖြစ်ဖြစ် သူက သူ့ရဲ့ ဇနီးပဲလေ၊ သူ ကြိုက်မကြိုက်လည်း မူတည်တယ်"

ဘာပဲဖြစ်ဖြစ် အတင်းအကျပ် လုပ်တဲ့ ဖရဲသီးက ချိုမှာ မဟုတ်ဘူး။

"ပြဿနာမရှိဘူး”

အဒေါ်လျူက ယုံကြည်မှု အပြည့်ဖြင့် ပြောသည်။

"ကျွန်မ အခုပဲ ပြင်ဆင်လိုက်ပါ့မယ်"

အဒေါ်လျူက နံနက်စာ ပန်းကန်များကို သိမ်းဆည်းပြီး ထွက်ခွာရန် ပြင်ဆင်နေသည်။ နှစ်လှမ်းခန့်လှမ်းပြီးနောက် သူမ ခဏတာ ရပ်တန့်လိုက်ပြီး သူမ၏ မျက်ခုံးများတွင် ကောက်ကျစ်မှုတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။

"ဒါနဲ့ မဒမ်၊ သခင်လေးလည်း အိမ်မှာ ရှိတယ်၊ မဟုတ်ရင် သခင်လေးကိုပါ လိုက်သွားခိုင်းလိုက်ပါလား၊ မိဘတွေ အားလုံးက သားဖောက်တဲ့ကြောင်တွေ ဖြစ်ရင် ပိုကောင်းတယ်"

ရှချန်းချန်းလည်း မှင်သက်သွားသည်။

ကြောင်တစ်ကောင်ကို သားဖောက်ဖို့ ဗီလိန်ကြီးကို ခေါ်ရမှာလား။

ဗီလိန်ကြီးရဲ့ အချိန်က ပိုက်ဆံအများကြီး ရှာဖို့ပဲလေ။

ရှဲ့ကျစ်ရှင်း ပေါ်လာရင် ကွမ်းကျုံးက ထန်နိုင်တော့မှာ မဟုတ်ဘူး။

ဒီလို ကိစ္စသေးသေးလေးအတွက် သူ့ကို အနှောင့်အယှက် ပေးစရာ မလိုဘူး။

ရှချန်းချန်း ငြင်းဆန်ဆန်ပြင်နေစဉ် အဒေါ်လျူက ချက်ချင်း ရှင်းပြသည်။

"မဒမ်က လွန်ခဲ့တဲ့ နှစ်ရက်က သခင်လေး (gentleman) ယူလာတဲ့ နို့လက်ဖက်ရည်ကို အရမ်းကြိုက်တာကို ကျွန်မ မြင်ခဲ့တယ်၊ အခု ကွက်တိပဲလေ၊ သခင်လေးကို မဒမ်အတွက် ထပ်ဝယ်ပေးဖို့ တောင်းဆိုလို့ရတယ်!"

ရှချန်းချန်း ထပ်မံ မှင်သက်သွားရသည်။

အဲဒီနေ့က နို့လက်ဖက်ရည်ကို ရှဲ့ကျစ်ရှင်းက ပို့လိုက်တာလား။ ဗီလိန်ကြီးက ရုတ်တရက် ဘာလို့ ငါ့အပေါ် ဒီလောက် ကောင်းနေရတာလဲ။ ဘာအစီစဉ်တွေ ရှိနေတာလဲ။

ရှချန်းချန်း ပြန်စဉ်းစားလိုက်ပြီး အရသာရှိသည့် နို့လက်ဖက်ရည်အတွက် သူမ သဘောတူလိုက်သည်။

"ကောင်းပြီ၊ ဒါဆို သူ့ကို ခေါ်လိုက်"

ပိုက်ဆံရှာဖို့အတွက်ကတော့ လောင်ကုန်းက နောက်ကျတဲ့အထိနေပြီး အချိန်ပိုလုပ်ပြီး ပိုက်ဆံရှာနိုင်သေးတယ်…. ဒါပေမယ့် ပျော်ရွှင်မှု အညွှန်းကိန်းကို ဇယားကွက်ကနေ ကျော်လွန်သွားအောင် လုပ်နိုင်တဲ့ နို့လက်ဖက်ရည်လို အရာမျိုးက မဖြစ်မနေ လိုအပ်တယ်။

All Chapters