← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

ထန်အဆောက်အအုံ၏ ဧည့်ခန်းတစ်လျှောက်လုံးတွင် ပါးရိုက်သံများက ကြည်လင်ပြတ်သားစွာ ပဲ့တင်ထပ်လျက် ရှိသည်။ ဧည့်ခန်းတွင် ညစာစားနေသော ဖောက်သည်များပင်လျှင် ခေါင်းများစောင်းကာ ကြည့်မိကြလေသည်။

ယဲ့ရှီဝမ်သည် အရိုက်ခံရ၍ ရောင်ရမ်းနေသော မျက်နှာကို ဖုံးအုပ်ထားရင်း မယုံနိုင်ဖြစ်နေ၏။ သူမရှေ့မှ အမျိုးသမီသည် မျက်မှောင်ကြုတ်ကာ ယဲ့ရှီဝမ်အား ရွံ့ရှာစွာကြည့်ရင်း ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။

"နင်က ဘယ်ကလာတဲ့ ရိုင်းစိုင်းတဲ့ ကောင်မလဲ၊ နင့်ပါးစပ်က ပုပ်စော်နံနေတာပဲ”

ထိုနေရာ၌ ရှိနေသူတိုင်းက အံ့အားသင့်သွားကြသည်။ ရှချန်းချန်းသည်လည်း အံ့အားသင့်သွားပြီး သူမ၏ လက်များကို ကြည့်လိုက်သည်။

"စနစ်၊ ငါ လုပ်တာ မဟုတ်ဘူး မလား၊ တစ်ယောက်ယောက်က ငါ့ထက်ဦးသွားတာလား"

စနစ်: "ငါ သက်သေခံပေးမယ်၊ မင်း လည်ပင်းပေါ်က မိုက်ခရိုကင်မရာကလည်း လူရိုက်တာ မင်း မဟုတ်ဘူးဆိုတာ သက်သေခံပေးလို့ရတယ်"

ရှချန်းချန်းသည် ထိုစကားကို ကြားပြီးနောက် နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။

နှမြောစရာပဲ။

သူမ လက်သည်းလုပ်နေပြီး ထိုစိန်တုများကို မဆုံးရှုံးချင်၍ပင် မဟုတ်ခဲ့လျှင်၊ သူမ အစောကြီးကတည်းက ရိုက်ခဲ့ပြီးဖြစ်သည်။

ယခုတော့ တခြားသူကို အရင်သွားခိုင်းလိုက်ရပြီ။

ရှချန်းချန်းက မျက်လုံးများကို စွေကြည့်ကာ ယဲ့ရှီဝမ်ရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ ဤနောက်ကျောက အနည်းငယ် ရင်းနှီးနေသည်။

ထိုအမျိုးသမီးသည် L မှ အဖြူရောင်suit နှင့် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မြင့်မြတ်ပြီး လှပနေသည်။ သူမ၏ လက်ကောက်ဝတ်တွင်လည်း ရေထွက်ကောင်းမွန်သော ခရမ်းရောင် ကျောက်စိမ်းလက်ကောက်တစ်ခုကို ဝတ်ဆင်ထားသည်။

ရှချန်းချန်း၏ မျက်လုံးများက တောက်ပလာသည်။

ကြောင်အဒေါ်။ သူ ဘယ်လိုလုပ် ဒီမှာ ရှိနေရတာလဲ။

ရှချန်းချန်း မမေးမီတွင် သူမနောက်မှ မန်နေဂျာထန်မှ အဖြေကို ပေးပြီးသား ဖြစ်သည်။ သူက ခါးကို ဖြောင့်မတ်စွာ ရပ်လိုက်ပြီး အမျိုးသမီးကို လေးစားစွာ ဦးညွှတ်လိုက်သည်။

"အထွေထွေမန်နေဂျာကျန်း”

ရှချန်းချန်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

တန်းတရားရုံးမှ မန်နေဂျာထန်က အထွေထွေမန်နေဂျာ ကျန်းဟု ခေါ်ဆိုသော အမျိုးသမီးသည် တန်းတရာရုံးနောက်ကွယ်မှ သူဌေးကြီးဖြစ်သည့် ကျန်းမိသားစု၏ လက်ရှိ ခေါင်းဆောင် ကျန်းချင်းသာ ဖြစ်နိုင်သည်။

ကျန်းချင်းက လက်ကိုင်ပဝါတစ်ခုကို ထုတ်ယူကာ ယဲ့ရှီဝမ်၏ မျက်နှာကို အစောက ရိုက်လိုက်သော လက်ကို အထင်သေးစွာဖြင့် သုတ်လိုက်သည်။ ထို့နောက် ရှချန်းချန်း ဘက်သို့ လှည့်ကြည့်ကာ အလွန် ရင်းနှီးသော လေသံဖြင့် ပြောသည်။

"ချန်းချန်း၊ နင် အဆင်ပြေရဲ့လား"

ကျန်းချင်းသည် ရှချန်းချန်း၏ ကိုယ်ပိုင်လက္ခဏာကို ယခင်က မသိခဲ့ချေ။ သူမ၏ နာမည်က ရှဖြစ်ကြောင်းသာ သိခဲ့သဖြင့် မစ္စရှဟု ခေါ်ဆိုခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမနှင့် ယဲ့ရှီဝမ်တို့၏ စကားပြောဆိုမှုကို ကြားလိုက်ရသဖြင့် သူမ၏ မျက်နှာကို ချက်ချင်း ရင်းနှီးသောမျက်နှာအဖြစ် ပြောင်းလဲကာ "ချန်းချန်း" ဟု ခေါ်ဆိုလိုက်သည်။

ရှချန်းချန်းသည်လည်း နားလည်သွားခဲ့သည်။ သူမ အလျင်အမြန် ထရပ်လိုက်ပြီး ကျန်းချင်း၏ စကားကို ဆက်ပြောလိုက်သည်။

“ကျန်းချင်းကျဲ၊ ငါ အဆင်ပြေပါတယ်~ နင် ပြန်လာပြီလား၊ နင် ဘာလို့ မတက်လာတာလဲလို့ ငါ တွေးနေတာ၊ ဒါကြောင့် နင့်ကို ဆင်းကြိုဖို့ စဉ်းစားနေတာ"

ကျန်းချင်းက ရှချန်းချန်း၏ ဘေးသို့ လျှောက်လာပြီး သူမ၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။

“ငါ ခုနလေးတင် မိန်ဟွေ့ကို အိမ်ပြန်ပို့ခဲ့တာ၊ ဒီအရွယ် ကလေးတွေက ဆူညံတာ ပြောမနေနဲ့တော့”

မိန်ဟွေ့သည် ယနေ့ ကွမ်ကျုံးနှင့်blind date ပြုလုပ်ခဲ့သော ကြောင်လေးဖြစ်သည်။

ရှချန်းချန်းက သူမကို နှစ်သိမ့်လိုက်သည်။

“မိန်ဟွေ့က အရမ်း ယဉ်ကျေးပါတယ်၊ နင် သူ့ကို ညွှန်ကြားချက်အနည်းငယ် ပေးလိုက်ရင် သူ ချက်ချင်း နားလည်လိမ့်မယ်"

ကျန်းချင်း ခေါင်းညိတ်လိုက်ပြီးနောက် သူမနောက်မှ အံ့အားသင့်နေသော ယဲ့ရှီဝမ်ကို ကြည့်လိုက်ပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။

"ဒီမိန်းမ ဘာဖြစ်နေတာလဲ၊ နင် သူ့ကို သိလား"

ယဲ့ရှီဝမ်မူကား မျက်နှာကို ဖုံးအုပ်ထားဆဲဖြစ်ပြီး ရှချန်းချန်း၊ ကျန်းချင်းနှင့် အခြားသူများ၏ စကားများကို အခုထိ မေ့မရသေးပေ။ သူမသည် ကျန်းချင်း၏ ကိုယ်ပိုင်လက္ခဏာကို သဘာဝအတိုင်း နားလည်ပြီး ဘာမျှ ထပ်မပြောရဲတော့ပေ။

ရှချန်းချန်း က ကူကယ်ရာမဲ့စွာနှင့် ပြောသည်။

“သူက ငါ့ မိထွေးရဲ့သမီးလေ"

ကျန်းချင်း ချက်ချင်း နားလည်သွားသည်။ သူမသည် ကျန်းချန်သို့ စီးပွားရေးလုပ်ရန် လာခဲ့သည်။

ကျန်းချန်က ချမ်းသာတဲ့ မိသားစုတွေရဲ့ ပတ်သက်မှုမတွေကို ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ။

သူမသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သနားညှာတာခြင်းလုံးဝမပြဘဲ ပြောသည်။

"မယားငယ်ရဲ့ သမီးက မယားကြီးရဲ့ သမီးရှေ့မှာ မောက်မာရဲတာလား၊ ဘယ်သူက သူ့ကို မျက်နှာပေးနေတာလဲ"

ယဲ့ရှီဝမ်သည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားသည်။ ယခုအချိန်အထိ ရှယုံဒယ်ကြောင့် သူမကို "မယားငယ်ရဲ့ သမီး" ဟု မည်သူမျှ သူတို့ရှေ့တွင် ပြောရဲခြင်း မရှိသေးပေ။ black fans အချို့က ပြောဆိုလျှင်ပင် သတင်းကို ဖျက်သိမ်းပြီး ပြီးသွားမည်ပင်။ သို့သော် ယခုမူ ဤစကားများက ကျန်းချင်း၏ ပါးစပ်မှ ထွက်လာခဲ့သည်။

ကျန်းချင်းက ဘယ်သူမလို့လဲ။ ကန်ချန်က ချမ်းသာကြွယ်ဝသော ကျန်းမိသားစုရဲ့ အနာဂတ် အမွေဆက်ခံသူဖြစ်ပြီးတော့၊ ရှယုံဒယ်တောင် သူ့ကို နည်းနည်းလောက် လေးစားရတယ်လေ။

ယဲ့ရှီဝမ်က သူမကို "မယားငယ်ရဲ့ သမီး" အဖြစ် သတ်မှတ်ခံရခြင်းကို လက်မခံနိုင်ဘဲ အလျင်အမြန် ငြင်းခုံသည်။

“ကျန်းချင်းကျဲ၊ ရှင် အထင်လွဲနေပြီ ကျွန်မ အမေနဲ့ အဖေက အပြစ်ကင်းတယ်၊ သူတို့ လက်ထပ်တုန်းက နှစ်ဦးစလုံး လူလွတ်တွေပါ၊ ကျွန်မ မဟုတ်ဘူး..."

ကျန်းချင်းက ယဲ့ရှီဝမ်၏ စကားကို ဖြတ်ပြောလိုက်သည်။

“မယားငယ်က ရာထူးတိုးသွားတာလား နင် ကိုယ့်ဘာသာ နားမလည်ဘူးလား၊ ဒါ့အပြင်၊ နင် ငါ့ကို ကျဲလို့ ခေါ်နေရအောင် ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိကြလို့လား၊ ကျေးဇူးပြုပြီး ငါ့ကို ဥက္ကဋ္ဌကျန်းလို့ ခေါ်ပါ မယားငယ်ရဲ့ သမီး ဖြစ်တာ မဆန်းပါဘူး ဒီလောက်သေးငယ်တဲ့ ယဉ်ကျေးမှုကိုတောင် သူ မသိဘူး"

ကျန်းချင်းက ကျန်းချန်မှ သီးသန့်ဆန်သော ချမ်းသာသည့် မိသားစုများနှင့် မတူပေ။ သူတို့၏ ဟောင်ကောင်မြို့သည် လွန်ခဲ့သော ရာစုနှစ်အထိ “ polygamy”၏ ရိုးရာဓလေ့ကို ထိန်းသိမ်းထားဆဲဖြစ်သည်။ စနစ်ကို ဖျက်သိမ်းခဲ့သော်လည်း ဟောင်ကောင်မြို့တွင် polygamous families အချို့ ရှိနေဆဲဖြစ်သည်။

{Note: polygamy - မိန်းမတစ်ယောက်ထက်မက ယူသူ/ မယားပြိုင်ယူသော ဓလေ့}

ကျန်းချင်းသည် ဇနီးကြီး ၏ အငယ်ဆုံးသမီးဖြစ်ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် စတုတ္ထ ဇနီးများကြားမှ တိုက်ပွဲများကြားတွင် ကြီးပြင်းလာခဲ့သည်။ သူမထက် မယားငယ်၏ ကလေးများကို ပိုမုန်းမည့်သူ မရှိပေ။

ယဲ့ရှီဝမ်သည် အဆူခံရပြီးနောက် အလွန်ရှက်ရွံ့သွားခဲ့ရသည်။ သူမ ခေါင်းငုံ့ကာ မျက်ရည်များဝဲလျက် သနားစရာ ကောင်းသော ပန်းဖြူလေး ၏ အသွင်ကိုသာ ဆောင်နိုင်ခဲ့သည်။

ယခင်ကဆိုလျှင် သူမ ဤသို့သော အမူအရာ လုပ်ပြလိုက်တိုင်း ဟန်ကျားလင်၊ ရှယုံဒယ်နှင့် သူမ၏ ပရိသတ်များက သနားစိတ်ဖြင့် သူမကို နှစ်သိမ့်ခဲ့ကြသည်။ သို့သော် သူမသည် အစောက ကင်မရာကို ပိတ်လိုက်ပြီး အသံကိုသာ ကျန်ရစ်ခဲ့ကြောင်း မေ့သွားခဲ့သည်။

ဤအချိန်တွင် သူမ မည်မျှပင် သနားစရာ ကောင်းသော ပန်းဖြူလေးအဖြစ် ဟန်ဆောင်ပါစေ၊ မည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။

ကျန်းချင်းသည် ယဲ့ရှီဝမ်၏ သနားစရာကောင်းသော ပုံပန်းသဏ္ဍာန် ကို အလွန် စိတ်ပျက်နေခဲ့သည်။ သနားစရာ ကောင်းအောင် ဟန်ဆောင်ခြင်းက သူတို့ မိသားစုရှိ ဒုတိယ နှင့် တတိယ ဇနီးများ၏ မိထွေးများ အကြိုက်ဆုံး အရာ ဖြစ်သည်။ အားနည်းပြီး အရိုးမရှိသော နွယ်ပင်ကဲ့သို့ ဟန်ဆောင်ခြင်းဖြင့် အမျိုးသားများက သူမကို ပိုမို ကြည့်ရှုချစ်ခင်ကြလိမ့်မည်ပင်။

သို့သော် တကယ်တမ်းတွင် ၎င်းက အသုံးမဝင်ပေ။

ကျန်းချင်းက ဤကမ္ဘာတွင် စွမ်းရည်သာ ဘုရင် ဖြစ်သည်ဟု နားလည်ခဲ့သည်။ ထိုစွမ်းရည်သည် မိမိကိုယ်ကို ထာဝရ လေးစားခံရစေမည့် ဘဝ၏ အခြေခံအုတ်မြစ် ဖြစ်သည်။

သူမ လှောင်ပြောင်လိုက်ပြီး မန်နေဂျာထန်ကို လက်ဝှေ့ယမ်းကာ ခေါ်လိုက်သည်။

“ငိုနေတာ အရမ်း စိတ်ပျက်စရာကောင်းတာပဲ၊ မန်နေဂျာထန်၊ လုံခြုံရေးအစောင့်တွေကို ခေါ်လိုက်၊ ဒီ ပြဿနာရှာတဲ့သူတွေကို အပြင်ထုတ်လိုက်"

မန်နေဂျာထန်: "ဟုတ်ကဲ့"

ယဲ့ရှီဝမ်၏ မျက်လုံးများက ပြူးကျယ်သွားသည်။

မန်နေဂျာထန်နှင့် လုံခြုံရေးအစောင့်များသည် အလွန်လျင်မြန်စွာ လုပ်ဆောင်ခဲ့ကြသည်။ ယဲ့ရှီဝမ် ဘာမျှ ရှင်းပြခွင့်ပင် မရမီ သူတို့က ယဲ့ရှီဝမ်နှင့် သူမ၏ ချမ်းသာသောသမီးများ၊ သူငယ်ချင်းများ အားလုံးကို ဖမ်းဆွဲပြီး ထန်အဆောက်အအုံမှ အပြင်သို့ ကန်ထုတ်လိုက်သည်။

ထွက်ခွာစဉ် ယဲ့ရှီဝမ်က မတ်မတ်မရပ်နိုင်ဘဲ ချော်လဲသွား၏။ သူမခြေထောက်မှ အနီရောင် ဒေါက်ဖိနပ်များက ချက်ချင်း ကျိုးသွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။

သူမဘေးရှိ ချမ်းသာသောသမီးများသည်လည်း အခြေအနေ မကောင်းကြပေ။ သူတို့က အနည်းငယ်ခန့် ဆဲဆိုချင်စိတ် ပေါ်လာသော်လည်း ထန်အဆောက်အအုံ၏ ဆိုင်းဘုတ်ကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ပိတ်သွားကြလေသည်။

သူမသည် သူတို့ မကျူးလွန်ရဲသောသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူတို့က ထိုနေ့၏ တရားခံဖြစ်သော ယဲ့ရှီဝမ်ကို လက်ညှိုးထိုးကာ မပျော်မရွှင် ပြောဆိုကြလေသည်။

"သူက ရှမိသားစုရဲ့ သမီးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူက မယားငယ်ရဲ့ သမီး ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး"

"ဟန်ကျားလင်က သီးသန့်ခန်းတစ်ခန်း ကြိုတင်မှာထားတယ်လို့ ပြောတာ၊ ဒါပေမဲ့ အခုတော့ ကန်ထုတ်ခံလိုက်ရပြီ၊ ရှက်စရာကောင်းလိုက်တာ"

"သူ နောက်က လိုက်လာခဲ့မိတာကို နောင်တရတယ်"

တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကျန်းချင်းနှင့် ယဲ့ရှီဝမ်တို့၏ စကားပြောဆိုမှုကို ကြားသိခဲ့ကြပြီး ရူးသွပ်စွာဆွေးနွေးနေကြလေသည်။

[မတော်တဆ ဝင်လာတဲ့ သာမန် ဖြတ်သွားသူတစ်ယောက်က ယဲ့ရှီဝမ်ကို ထန်အဆောက်အအုံကနေ ကန်ထုတ်လိုက်တာလား]

[ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ၊ ငါ အပေါက်တူးပြီး ကိုယ့်ကိုယ်ကိုယ် မြှုပ်ပစ်လိုက်ချင်တယ်]

[ဟားဟားဟား၊ ယဲ့ရှီဝမ်က အစက ရှချန်းချန်း ရှေ့မှာ ကြွားဝါနေခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူကပဲ ကန်ထုတ်ခံလိုက်ရတယ်၊ ငါ ရယ်ရင်းနဲ့ သေတော့မယ်]

[ယဲ့ရှီဝမ်က တကယ့် ဒရာမာကွင်းပဲ၊ ကျိကျင်းဟန်ကနေ ချန်မင်ကျယ် ၊ ကျင်ရိဖန်အထိ၊ သူ့ အရိပ်က နေရာတိုင်းမှာ ရှိနေတယ်]

[ငါ အစအဆုံး ကြည့်ခဲ့တယ်၊ ရှချန်းချန်းက ဒီနေ့ ဘာမှ မလုပ်ခဲ့ဘူး၊ သူကင်မရာထဲမှာ ပါလာတုန်းက ထန်အဆောက်အအုံမှာ ညစာစားဖို့ သွားတာပဲ ရလဒ်အနေနဲ့ ယဲ့ရှီးဝမ်က လာပြီး ရန်စပြီး ကြွားဝါခဲ့တာလေ၊ ယဲ့ရှီးဝမ်ကပဲ နောက်ဆုံးမှာ ကန်ထုတ်ခံလိုက်ရတယ်၊ သူနဲ့ ထိုက်တန်တယ်]

[ရိုးရိုးသားသား ပြောရရင် ရှချန်းချန်းက လူကောင်းလို့ ထင်တယ်၊ အရင်က ကျိကျင်းဟန်ကို ရိုက်နှက်တဲ့ ကိစ္စမှာ သူ မတရားစွပ်စွဲခံခဲ့ရတာ၊ နောက်တော့ သူက ငါတို့ ချန်ချန်ကို မြှင့်တင်ပေးခဲ့တယ်~ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အမြင်မှာ ရှချန်းချန်းက သန့်စင်သွားပြီ~]

[+1၊ ငါ အခုတလော ရှချန်းချန်းအပေါ် ကောင်းတဲ့ အမြင်ရှိနေတာ~]

[ခုနလေးတင် ဝင်လာတာ၊ ယဲ့ရှီဝမ်ကို ထန်အဆောက်အအုံက လူတွေက ကန်ထုတ်လိုက်တယ်လို့ ကြားတယ်၊ ဟားဟားဟားဟား သူ့ အမှားပဲ၊ အရင်က ငါတို့ ဖန်ဖန် ကို တက်နင်းခဲ့တာ ဘယ်သူမလို့လဲ]

[ဒီမိန်းမ တိုက်ရိုက်ထုတ်လွှင့်ရဲသေးတာလား၊ သူက ချန်မင်ကျယ်နဲ့ ကောင်းကောင်း မွန်မွန် ရှိနေတာ မဟုတ်ဘူးလား၊ သူက အချိန်အကြာကြီးကတည်းက အသိုင်းအဝိုင်းကနေ အနားယူသွားပြီလို့ ထင်ခဲ့တာ]

[အသိုင်းအဝိုင်းထဲမှာ ဆက်နေပြီး ပြဿနာ ဆက်ရှာနေ၊ ခွေးခေါင်း.jpg]

[ရှချန်းချန်းက မကြာသေးခင်က ဖျော်ဖြေရေးလောကကနေ တဝက်တပျက် အနားယူသွားတော့၊ ယဲ့ရှီဝမ်က ပြဿနာရှာစရာ နေရာမရှိတော့လို့ တခြားလူကို ပြဿနာရှာခိုင်းနေတာ၊ ဒါကြောင့် သူက အမြဲတမ်း ပြောင်းပြန်လုပ်နေတာလို့ ငါ လေးလေးနက်နက်နဲ့ သံသယရှိတယ်]

ယဲ့ရှီဝမ်သည် သူမ၏ လက်ကိုင်ဖုန်းပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှု မှ မှတ်ချက်များ (barrage) ကို မြင်သောအခါ ထိတ်လန့်သွားသည်။

ထိုအချိန်တွင် သူမက ရှုပ်ပွနေခဲ့ပြီး သူမထက် ပိုမို ရှက်ရွံ့မည့်သူ မရှိတော့ပေ။

သူမသည် သူမ၏ ပလတ်စတစ် ညီအစ်မများကို နှုတ်ဆက်ဖို့ပင် အချိန်မရဘဲ လက်ထောက်၏ လက်ထဲမှ ကင်မရာကို ပိတ်ကာ အလျင်အမြန် ထွက်ခွာသွားသည်။

ကားပေါ်ပြန်ရောက်သည်အထိ ယဲ့ရှီဝမ်သည် မျက်ရည်များ မထိန်းနိုင်ဘဲ ပေါက်ကွဲကာ ငိုကြွေးခဲ့သည်။

ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ဒီနေ့က ငါ့ရဲ့ မွေးနေ့ဆိုတာ ရှင်းနေတာပဲကို၊ ဘာလို့ ငါကပဲ အရူးဖြစ်သွားရတာလဲ၊ ရှချန်းချန်းက ကျန်းချင်းနဲ့ ဘယ်လို ရင်းနှီးနေရတာလဲ၊ ကျန်းချင်းက သူ့အတွက် တကယ် စကားပြောပေးနေသးတယ်၊ ရှချန်းချန်းကို ရှမိသားစုက စွန့်ပစ်ထားတာကို သူ မသိဘူးလား။

ဒါက ရှချန်းချန်းရဲ့ စပွန်ဆာကြောင့် ဖြစ်ရမယ်၊ သူကပဲ သူ့ကို ကျန်းချင်းနဲ့ ချိတ်ဆက်ပေးခဲ့တာ၊ ဒါကြောင့် ငါ ဒီလို ရှက်ရွံ့မှုကို ခံရတာ။

ယဲ့ရှီဝမ်၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေပြီး လက်သီးများကို ဆုပ်ထားသည်။ ရှချန်းချန်း ပိုင်ဆိုင်ထားသော အရာအားလုံး၊ ချမ်းသာသူများ၏ ဆက်ဆံရေး၊ အခြားသူများ၏ လေးစားမှုနှင့် မနာလိုမှု.. ဤအရာများအားလုံးသည် သူမ ပိုင်ဆိုင်သင့်သည့် အရာများ ဖြစ်သည်။

သူက ငါ့ထက် မိသားစုနောက်ခံ ပိုကောင်းရုံပဲရှိတာကို ဘာလို့ ဒီလောက် များပြားတဲ့ အထူးအခွင့်အရေးတွေက်ု ရရှိနေရတာလဲ။

အရင်ဘဝမှာ သူ အရာအားလုံးကို ရခဲ့ပြီးပြီလေ၊ ဒီဘဝမှာတော့ ယဲ့ရှီဝမ်က ပြန်လည်မွေးဖွားလာခဲ့တာ၊ ငါက ရှချန်းချန်းရဲ့ ခြေဖဝါးအောက်မှာ ထပ်ပြီး နင်းချေခံရဦးမှာလား။

ယဲ့ရှီဝမ် အံကြိတ်လိုက်သည်။

မဟုတ်ဘူး။

ငါ အရင်ဘဝရဲ့ သမိုင်းကို ပြန်မဖြစ်စေရဘူး။

ရှချန်းချန်းမှာ စပွန်ဆာရှိတယ်ဆိုတာကို သက်သေပြဖို့ အထောက်အထား မရှိရုံပဲ မဟုတ်လား။ အထောက်အထားတွေကိုက ဖန်တီးလို့ မရဘူးလား။

ယဲ့ရှီဝမ်က မျက်ရည်များကို သုတ်လိုက်ပြီး မျက်လုံးများကို မော်ကြည့်ကာ ဘေးနားရှိ လက်ထောက်ငယ်လေးကို ဆိုးသွမ်းသော အကြည့်ဖြင့် မေးလိုက်သည်။

“နင် အရင်က တည်းဖြတ်တာကို သင်ဖူးတယ်မလား၊ effects ကောင်းကောင်းထည့်တက်တဲ့သူကို သိလား"

ရှချန်းချန်းနှင့် ကျန်းချင်းတို့သည် box ထဲတွင် Michelin သုံးပွင့်ဆိုင် နေ့လယ်စာကို ပျော်ရွှင်စွာစားသုံးနေကြသည်။ ယဲ့ရှီဝမ်ရှေ့တွင် အစောက အနည်းငယ် ဟန်ဆောင်မှုရှိခဲ့သော်လည်း ရှချန်းချန်းနှင့် ကျန်းချင်းတို့သည် တကယ်ပင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းကတည်းက ရင်းနှီးသွားခဲ့ကြသည်။ သူတို့နှစ်ဦးသည်လည်း "ဆွေမျိုး" များ ဖြစ်ကြပြီး၊ ဤဖြစ်ရပ်ပြီးနောက် သူတို့၏ ဆက်ဆံရေးမှာ ပိုမို နီးကပ်လာခဲ့သည်။

"တကယ်တော့ နင်နဲ့ မစ္စရှဲ့ ထွက်လာတုန်းက မစ္စရှဲ့က နည်းနည်း ရင်းနှီးတယ်လို့ ငါ ခံစားခဲ့ရတာ"

ကျန်းချင်းက ပြုံးရင်း ပြောသည်။

“ဒါပေမဲ့ မစ္စရှဲ့ကို တစ်ကိုယ်ရေသမားလို့ ငါ အမြဲ ထင်ခဲ့တာ၊ ဒါကြောင့် အဲဒီလို မတွေးခဲ့ဘူး။"

ရှချန်းချန်း အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားရသည်။

“ကျန်းချင်းကျဲ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မတို့ရဲ့ ကိုယ်‌ရေးကိုယ်တာတွေကို အစကတည်းက မပြောပြခဲ့မိလို့၊ ကျဲကို မဖုံးကွယ်ထားသင့်ဘူး"

ကျန်းချင်းက လက်ဝှေ့ယမ်းလိုက်သည်။

"နင်တို့က နာမည်ကျော်တွေလေ၊ ဒါက ပုံမှန် မဟုတ်ဘူးလား၊ စိတ်မပူပါနဲ့၊ နင်တို့ရဲ့ လက်ထပ်ပွဲအကြောင်း ဘယ်သူ့ကိုမှ မပြောပါဘူး”

ကျန်းချင်းသည် ရှချန်းချန်းအတွက် ဟင်းချိုတစ်ပန်းကန် ခပ်ပေးရင်း ပြောသည်။

“နောက်ကျရင် အဲဒီ မယားငယ်ရဲ့ သမီးက ထပ်ပြီး ပြဿနာလာရှာရင် ငါ့ဆီကို အချိန်မရွေး လာခဲ့၊ ငါက မယားငယ်တွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်တယ်"

ရှချန်းချန်းက ဟင်းချိုကို ယဉ်ကျေးစွာ ယူလိုက်သည်။

"ကောင်းပြီ၊ နောက်ကျ ယဲ့ရှီဝမ် ထပ်ပြီး ပြဿနာရှာရင် ကျဲဆီကို အသေအချာကို လာခဲ့မယ်”

ညစာ စားပြီးနောက် ရှချန်းချန်းနှင့် ကျန်းချင်းတို့သည် WeChat ဖလှယ်ပြီး စျေးဝယ်စင်တာမှ ပျော်ရွှင်စွာ ထွက်ခွာလာကြသည်။

အိမ်ပြန်လမ်းတွင် စနစ်သည် ကြိုးစားအားထုတ်စွာဖြင့် ခုန်ထွက်လာပြီး အင်တာနက်ပေါ်ရှိ အခြေအနေကို သတင်းပို့သည်။ လက်ရှိတွင် ယဲ့ရှီဝမ်၏ တိုက်ရိုက်ထုတ်လွှင့်မှုအပေါ် အခြေခံ၍ ဖရဲသီးစားသူ အင်တာနက်သုံးစွဲသူများက ဖရဲသီးသုံးခုကို ကောက်ချက်ချထားသည်။

ပထမအချက်မှာ ယဲ့ရှီဝမ်က ရှချန်းချန်းတွင် စပွန်ဆာရှိသည်ဟု စွပ်စွဲခြင်း ဖြစ်သည်။

ဤဖရဲသီးသည် အင်တာနက်ပေါ်တွင် ခဏတာမျှ လူပြောများခဲ့သော်လည်း ကျန်းချင်း ပေါ်လာပြီးနောက် လူတိုင်းက ရှချန်းချန်း ၏ ငွေကြေးစပွန်ဆာသည် မမှန်ကန်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။

အင်တာနက်ပေါ်တွင် ကျန်းချင်းအကြောင်း သတင်းအချက်အလက် များများစားစား မရှိပေ။ အကျော်ကြားဆုံး အချက် နှစ်ချက်မှာ သူမက ထန်တရားရုံးကို ပြင်းပြင်းထန်ထန် ပြုပြင်ပြောင်းလဲခဲ့ပြီး ထန်တရားရုံးကို ယခင်က ဂုဏ်ကျက်သရေ ပြန်လည်ရရှိစေခဲ့ခြင်း ဖြစ်သည်။ အခြားအချက်မှာ သူမ၏ ဖခင် ဆိုးဆိုးရွားရွား နာမကျန်းဖြစ်ချိန်ပြီး နောက်တစ်နေ့တွင် သူမသည် ဒုတိယနှင့် တတိယခန်းမှ မယားငယ် များနှင့် ယောက်ျားလေး သားစဉ်မြေးဆက်များကို ဆွဲဆုတ်ကာ ကျန်းမိသားစု၏ ဒါရိုက်တာဘုတ်အဖွဲ့မှ အားလုံးကို မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မယားငယ်များကို မုန်းတီးခြင်းနှင့် ပတ်သက်လျှင် ချမ်းသာသော အသိုင်းအဝိုင်းတွင် ကျန်းချင်းက ပထမဖြစ်ပြီး၊ ဒုတိယဟု ပြောရဲသူ တစ်ဦးမျှ မရှိပေ။

တိုက်ရိုက်ထုတ်လွှင့်မှု စကားပြောဆိုမှုတွင် ကျန်းချင်းနှင့် ရှချန်းချန်းတို့သည် ရင်းနှီးသော ဆက်ဆံရေးရှိသဖြင့် ရှချန်းချန်းက မယားငယ် သို့မဟုတ် မယားငယ် မဖြစ်နိုင်ပေ။

ပထမ ဖရဲသီးကို အင်တာနက်သုံးစွဲသူများနှင့် စျေးကွက်ရှာဖွေရေး အကောင့်များက ဖရဲသီးအတုအဖြစ် သတ်မှတ်လိုက်ကြသည်။ ဖော်ပြစရာပင် မလိုတော့ချေ။

ဒုတိယအချက်မှာ ကျန်းချင်းက ယဲ့ရှီဝမ်ကို မယားငယ်၏ သမီးဟု စွပ်စွဲခြင်း ဖြစ်သည်။

ဤကိစ္စသည်လည်း ခဏတာမျှ ပျံ့နှံ့ခဲ့သော်လည်း တကယ်တမ်းတွင် သတင်းအသစ် မဟုတ်ပေ။ ရှချန်းချန်းသည် "ရှန်းကျွယ်" တွင် တစ်ကြိမ် သတင်းဖော်ထုတ်ဖူးသည်။

ဤတစ်ကြိမ်တွင် ရှမိသားစုနှင့် ဟန်မိသားစု၏ လူမှုဆက်ဆံရေးများ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး သတင်းသည် အရှိန်ယူရန် အချိန်မရမီ လူမှုဆက်ဆံရေး နှစ်ခုမှ ဖျက်သိမ်းခံလိုက်ရသည်။

[ဖျော်ဖြေရေး မိုင်န (Entertainment Myna)] စျေးကွက်ရှာဖွေရေး အကောင့်ကို တာဝန်ခံထားသော ကုန်းတန်က ဤဖရဲသီးကို - ညှိုးနွမ်းသော ဖရဲသီးဟု ရယ်စရာလုပ်ကာ ခေါ်ဆိုခဲ့သည်။ ၎င်းက အမြဲတစေ ညှိုးနွမ်းနေပြီး ကြီးထွားမလာသော်လည်း ကုန်းတန်သည် တစ်နေ့နေ့တွင် ဤဖရဲသီး ပေါက်ကွဲလိမ့်မည်ဟု နားမလည်စွာ ခံစားခဲ့ရသည်။

နောက်ဆုံးဖရဲသီးမှာ ယဲ့ရှီဝမ်ကို ထန်အဆောက်အအုံမှ ကန်ထုတ်ခဲ့သော ကိစ္စ ဖြစ်သည်။ တကယ်တမ်းတွင် ဤသတင်းသည် ရှမိသားစုနှင့် ဟန်မိသားစု ၏ လူမှုဆက်ဆံရေးများမှ ဖျက်သိမ်းခံရသင့်သော်လည်း ရှဲ့မိသားစုတွင် အဝေးတစ်နေရာ၌ အလုပ်လုပ်နေသော ရှဲ့ကျစ်ရှင်းက ဤအကြောင်းကို သိသွားခဲ့သည်။

ရှဲ့ကျစ်ရှင်းက ရှချန်းချန်းနှင့် မဒိတ်နိုင်ခဲ့သောကြောင့် အလွန်ဒေါသထွက်နေခဲ့ပြီး ယခု ယဲ့ရှီဝမ်ကလည်း သူ၏ ဇနီးကို ရန်စရဲသေးသည်။

သူက နာမည်ခံဇနီး ဖြစ်နေရင်တောင် ဇနီး တစ်ယောက်ပဲလေ၊ သူက တကယ်ပဲ ရှချန်းချန်းမှာ စပွန်ဆာရှိတယ်လို့ ပြောခဲ့တယ်ပေါ့။ ငါ ရှဲ့ကျစ်ရှင်းက သေပြီလား။

ရှဲ့ကျစ်ရှင်း၏ မျက်နှာသည် ချက်ချင်း မဲမှောင်သွားသည်။

ရှဲ့မိသားစု၏ လူမှုဆက်ဆံရေးကို ချက်ချင်း လုပ်ဆောင်ခဲ့သည်။ ရှမိသားစုက hot search တစ်ခုကို ဖျက်သိမ်းလျှင် သူတို့က သုံးခု ဝယ်မည်။ ရှမိသားစု က ရေတပ်ငှားပြီး ရှင်းလင်းချက် ထုတ်ရဲလျှင် သူတို့က ချက်ချင်း ရေတပ် ငှားပြီး အသရေဖျက်မည်။ ထို့ပြင် ရှဲ့ကျစ်ရှင်းသည် ကျန်းချင်းကို ထန်အေောက်အအုံ၏ ဗီဒီယိုကို ပြန်လည်ရယူခိုင်းခဲ့ပြီး အင်တာနက်သုံးစွဲသူများက တိုက်ရိုက်အသံနှင့် အတူ အသုံးပြုနိုင်ရန် လုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ပိုမို ထိရောက်မည် ဖြစ်သည်။

ယခုအခါ ထန်အဆောက်အအုံတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးသည် အင်တာနက်သုံးစွဲသူများထံ ချက်ချင်း ပေါ်ထွက်လာပြီး ဟန်မိသားစုနှင့် ရှမိသားစုတို့သည် သတင်းကို ဖျက်သိမ်းလိုသော်လည်း မတတ်နိုင်တော့ပေ။ ယခုအခါ Weibo ၏ hot search list တွင် ယဲ့ရှီဝမ် အကြောင်းများသာ ပြည့်နှက်နေသည်။

#ယဲ့ရှီဝမ်ဟန်ဆောင်မှု မအောင်မြင် #

#ယဲ့ရှီဝမ်ရဲ့ မွေးနေ့ပွဲက ရှက်စရာကောင်းတယ် #

#ယဲ့ရှီဝမ် ထန်အဆောက်အအုံကနေ ကန်ထုတ်ခံလိုက်ရ #

…..

ယဲ့ရှီဝမ်သည် ရက်အနည်းငယ်ကြာ ငြိမ်သက်ပြီး ပြဿနာ မရှာဘဲ နေခဲ့ရာမှ ဤ အမဲစက်များ နှင့် အရှုပ်တော်ပုံများကြောင့် အင်တာနက်ပေါ်တွင် ထပ်မံ လူကြိုက်များလာခဲ့သည်။

"ရှန်းကျွယ်" ကို ဆက်လက် ပြင်ဆင်နေဆဲဖြစ်သော ကျိုးရှန်းနန်နှင့် "ယွီကွမ်း " ကို ပြင်ဆင်နေသော လျူကျစ်မင်တို့သည် ဤသတင်းများကို မြင်သောအခါ သက်ပြင်းချလိုက်ကြသည်။

ကံကောင်းစွာဖြင့် ပြဿနာရှာသော ဤအမျိုးသမီးကို အစားထိုးနိုင်ခဲ့သည်! ထိုအချိန်က ဆုံးဖြတ်ချက်သည် တကယ်ပင် ပညာရှိခဲ့သည်။

ကောင်းကင်က တဖြည်းဖြည်း မှောင်လာပြီး နေဝင်ချိန်သည် ကောင်းကင်ကို စိမ်းပြာရောင်ခြယ်နေသည်။ မှိန်ဖျော့သော အဝါရောင် အလင်းရောင်က ညသို့ ကျရောက်တော့မည့် မြို့ကို ဖုံးအုပ်ထားသည်။ Rolls-Royce ကားသည် မြို့၏ လမ်းကြောင်းတစ်လျှောက် တဖြည်းဖြည်းချင်း မောင်းနှင်နေပြီး လမ်းဘေးပတ်လည်ရှိ လမ်းမီးများသည်လည်း တဖြည်းဖြည်း ထွန်းညှိလာသည်။

ရှချန်းချန်းက နောက်ခန်းတွင် ထိုင်နေပြီး မျက်လုံးများ မှိတ်ထားသည်။ သူမ၏ ရှည်လျားသော မျက်တောင်များသည် တွဲကျနေပြီး မျက်ခွံအောက်တွင် မှိန်ဖျော့သော အရိပ်ကို ဖြစ်ပေါ်စေသည်။ ယာဉ်မောင်းက နောက်ကြည့်မှန်ကို ကြည့်လိုက်ရာ ရှချန်းချန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဟန် တူသည်။

ရှချန်းချန်း တစ်ဦးတည်းသာ သူမ မျက်လုံးများ မှိတ်ထားစဉ် စနစ်က အင်တာနက်ပေါ်မှ အရာများအကြောင်း ဆက်တိုက် ပြောနေသည်ကို သိသည်။ ဉာဏ်ရည်တုသည် ပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။ အင်တာနက်ပေါ်ရှိ သေဆုံးနေသော၊ ညှိုးနွမ်းနေသော နှင့် လူကြိုက်များသော ဖရဲသီး သုံးခုကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ၎င်းက ကောက်ချက်ချသည်။

"Host၊ ငါ ထင်တာတော့ ယဲ့ရှီဝမ်က ပြဿနာ ဆက်ရှာလိမ့်မယ်၊ ဒီနေ့က သူ့မွေးနေ့၊ သူက ချမ်းသာတဲ့သမီးတွေနဲ့ သခင်လေးတွေအတွက် လင်းယွီဗီလာမှာ ညစာစားပွဲ လုပ်ပေးလိမ့်မယ်၊ သူ့ရဲ့ အရှုပ်တော်ပုံကို အင်တာနက်ပေါ်မှာ ဘယ်လို ထားထားနိုင်မှာတုန်း”

ရှချန်းချန်း က စနစ်ကို စိတ်ထဲတွင် မေးသည်။

“ဒါဆို သူ ဘာလုပ်မယ်လို့ ထင်လဲ”

စနစ်က ခါးကို ဖြောင့်မတ်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“ငါ ခုနလေးတင် "ဆက်သွယ်ရေး လေ့လာမှု" ကို ကိုယ့်ဘာသာ သင်ယူခဲ့တယ်၊ သတင်းတစ်ပုဒ်ကို ပျောက်ကွယ်သွားအောင် လုပ်ချင်တယ်ဆိုရင် နည်းလမ်းနှစ်ခု ရှိတယ်၊ တစ်ခုကတော့ လျစ်လျူရှုတာပဲ၊ အချိန်ကြာလာရင် လူတိုင်းက သဘာဝအတိုင်း မေ့သွားလိမ့်မယ်၊ နောက်တစ်ခုက ပိုမို ပေါက်ကွဲဖွယ်ကောင်းတဲ့ သတင်းကို အသုံးပြုပြီးတော့ မူရင်းသတင်းကို ဖုံးကွယ်တာပဲ၊ အင်တာနက်သုံးစွဲသူတွေက ပိုမို ပေါက်ကွဲဖွယ်ကောင်းတဲ့ သတင်းတွေကို တွေ့တဲ့အခါ သူတို့က ရှက်စရာကောင်းတဲ့ သေးငယ်တဲ့ အရှုပ်တော်ပုံတွေကိုမှ ဂရုမစိုက်တော့ဘူး”

"Host၊ ငါ ထင်တာကတော့ ယဲ့ရှီဝမ် က ဒုတိယ နည်းလမ်းကို အသုံးပြုလိမ့်မယ်”

ရှချန်းချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ စနစ်သည် ဤလက်ထောက်ငယ်လေးက ပိုမို အသုံးဝင်လာပြီး မီဒီယာ လေ့လာမှုကိုလည်း ကိုယ့်ဘာသာ သင်ယူကာ တက်ကြွစွာ တွေးခေါ်နိုင်သည်ဟု ဆိုရမည်ပင်။

ရှချန်းချန်း မျက်လုံးများကို ဖွင့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာသည်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ အနည်းငယ် အမှောင်ကျသွားသည်။ သူမ မေးသည်။

"ဒါဆို ခန့်မှန်းကြည့်၊ ယဲ့ရှီဝမ်က ဘယ်လို ပေါက်ကွဲဖွယ်ကောင်းတဲ့ သတင်းကို သုံးလောက်လဲ”

စနစ်တွင် question marksများ အပြည့်ရှိနေသည်။ ကမ္ဘာပေါ်တွင် ဖော်ထုတ်နိုင်သော အရာများစွာရှိသည်။

ယဲ့ရှီဝမ်က ဘယ်တစ်ခုကို သုံးမယ်ဆိုတာကို ငါ ဘယ်လိုလုပ် သိမှာလဲ။

ရှချန်းချန်းက သူ့ကို မဖြေဘဲ ကားပြတင်းပေါက်အပြင်ဘက်မှ နေဝင်ချိန်ကို ငြိမ်သက်စွာ ချီးကျူးနေသည်။ သူမ၏ မျက်လုံးများက တည်ငြိမ်နေသော်လည်း လျှို့ဝှက်သော လှိုင်းလုံးများတိုက်ခတ်နေပြီး မုန်တိုင်းတစ်ခု ရောက်လာတော့မည့်အလား စောင့်ဆိုင်းနေသည်။

မကြာမီပင် ယဲ့ရှီဝမ် က အဖြေကို ပေးခဲ့သည်။

Rolls-Royce ကားသည် ယွီလင်ယွမ် ရပ်ကွက်ထဲသို့ မောင်းဝင်လာသည်နှင့်အမျှ ယဲ့ရှီဝမ်၏ တန်ပြန်တိုက်စစ်က စတင်ခဲ့သည်။ ရှချန်းချန်း၏ လိင်အရှုပ်တော်ပုံ သည် "ယဲ့ရှီဝမ်က ထန်အဆောက်အအုံကနေ ကန်ထုတ်ခံလိုက်ရတယ်” ဟူသော ရေပန်းစားသော ဆွေးနွေးခန်းတွင် မထင်မှတ်ဘဲ ပေါ်ထွက်လာသော်လည်း သဘာဝကျလှသည်။

၎င်းက ဗီဒီယိုတစ်ခုဖြစ်သည်။ ယောက်ျားလေးနှင့် မိန်းကလေးတို့ လိင်ဆက်ဆံနေသော ဗီဒီယိုဖြစ်သည်။ ဗီဒီယို၏ နောက်ဆုံး စက္ကန့်အနည်းငယ်တွင် ထိုအမျိုးသမီး၏ မျက်နှာကိုလည်း ဖမ်းမိခဲ့သည်။

၎င်းမှာ ရှချန်းချန်း ဖြစ်သည်။

လူထုအမြင်က ချက်ချင်း ပေါက်ကွဲသွားသည်။

ငါ မေးပါရစေ၊ အခု ဘယ်သဆင်းက အနက်နဲ့ အနီရောင် တတိယတန်းစား အမျိုးသမီးကြယ်ပွင့်နဲ့ ချမ်းသာတဲ့ မိသားစုရဲ့ ကျဆုံးနေတဲ့ သမီးရဲ့ လိင်အရှုပ်တော်ပုံထက် ပို ပေါက်ကွဲနိုင်လို့လဲ။

အရှက်ရစေသော စကားလုံးများသည် အမျိုးသမီးတစ်ဦးကို ဖျက်ဆီးရန် အမြဲတစေ အထက်မြက်ဆုံး လက်နက်ဖြစ်သည်။

[အိုး ဘုရားရေ၊ တကယ် ရှချန်းချန်းပဲ]

[သူက မျက်နှာလှတယ်၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က သာမန်ပဲ]

[သူက ကျန်းချင်း နဲ့ ဆက်ဆံရေးကောင်းတယ်လို့ မပြောခဲ့ဘူးလား၊ ဒါကြောင့် သူက မယားငယ်ဖြစ်လို့ မရဘူးလို့ပြောတာမလား]

[ချမ်းသာတဲ့ အသိုင်းအဝိုင်းက အကျိုးစီးပွားပဲ၊ အကျိုးစီးပွား ရှိသရွေ့ ကျန်းချင်းက ရှချန်းချန်းမယားငယ်ဖြစ်တာကို တကယ် ဂရုစိုက်မှာလား၊ ကျန်းချင်း က ဒုတိယနဲ့ တတိယ ဇနီးတွေကို ဖျက်ဆီးခဲ့တာက သူ မယားငယ်တွေနဲ့ အဆင်မပြေလို့လား၊ သူတို့က သူ့ အမွေကို ခွဲဝေယူချင်လို့လည်း ဖြစ်နိုင်တယ်]

[ရှချန်းချန်းက ဒီလောက် ပျက်စီးနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ပိုက်ဆံနဲ့ နာမည်ဂုဏ်သတင်းအတွက် မျက်နှာကိုတောင် ဂရုမစိုက်ဘူး]

[သူက ယဲ့ရှီဝမ်ကို ထန်အဆောက်အအုံကနေ ကန်ထုတ်ချင်တာ မဆန်းတော့ပါဘူး၊ ဒါက ယဲ့ရှီဝမ်က သူ့မှာ စပွန်ဆာရှိတယ်ဆိုတာသိလို့ သူ ဒေါသထွက်နေတာပဲ]

[ငါတို့ ဝမ်ဝမ် က တကယ် သနားစရာကောင်းလိုက်တာ၊ ဒါက ရှချန်းချန်းအတွက် ကောင်းစေချင်လို့ကို၊ သူက သူ့ကို ပြန်လှည့်ဖို့ ဆွဲဆောင်ချင်ခဲ့တာ၊ ဒါပေမဲ့ သူက ဒီလိုမျိုး နှိပ်စက်ခံလိုက်ရတယ်]

[ကောင်မလေးကို ပွေ့ဖက်၊]

[ဒါက ပထမဆုံးအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ်လည်း မဟုတ်ဘူး၊ ရှချန်းချန်းက အရင်က သူ့ရဲ့ ချမ်းသာတဲ့သမီးဆိုတဲ့ ဂုဏ်ပုဒ်ကို အားကိုးပြီး ဝမ်ဝမ်ကို နှပ်စက်ခဲ့တာမလား]

[ဒီလို မိန်းမက မျက်နှာနှစ်ဖက်ရှိတဲ့သူပဲ၊ တစ်ဖက်က ချန်မင်ကျယ် ကို အလုပ်ထုတ်လိုက်တယ်၊ နောက်တစ်ဖက်ကတော့ အညစ်ပတ်ဆုံး အရာတွေကို လုပ်နေတယ်]

[စပွန်ဆာ ဘယ်နှစ်ယောက်က ရှချန်းချန်း နဲ့ ကစားခဲ့လဲ၊ ဒီ စပွန်ဆာတွေက ညစ်ပတ်တယ်လို့ မထင်ဘူးလား]

[ညစ်ပတ်တယ်၊ ဒါပေမဲ့ သူက မျက်နှာလှတယ်၊ ဒီလို မိန်းမက ကစားခံရရုံပဲ၊ သူ့ကို အိမ်ခေါ်သွားဖို့ မဖြစ်နိုင်ဘူး]

…..

Rolls-Royce ကားသည် No. 18 ယွီလင်းယွမ်၏ ဂိတ်ရှေ့တွင် ရပ်တန့်သွားပြီး ရှချန်းချန်း က ကားပေါ်မှ ဆင်းလာသည်။ ယာဉ်မောင်းသည် သူမနောက်မှ စိုးရိမ်တကြီး လိုက်ပါလာပြီး ဒေါ်လေးလျူကလည်း စိုးရိမ်စိတ်များဖြင့် ဗီလာ၏ ဂိတ်တွင် ရှချန်းချန်းကို စောင့်နေသည်။

စနစ်က သူ့စိတ်ထဲတွင် ရှင်းပြသည်။

“သူတို့အားလုံး ဒီကိစ္စကို သိပြီးပြီ၊ သူတို့ မင်းကို နှစ်သိမ့်ဖို့ လာကြတာ"

ရှချန်းချန်းက သူတို့ကို စိတ်မပူရန် နားချရန် ပြင်ဆင်နေချိန်တွင် Bentley ကားတစ်စီးသည် No. 18 ယွီလင်းယွမ် ရှေ့ရှိ ရင်ပြင်သို့ အလျင်အမြန် မောင်းဝင်လာသည်။

သုံးစုံတွဲ suit ကို ဝတ်ဆင်ထားသော ရှဲ့ကျစ်ရှင်းက Bentley ကားပေါ်မှ ဆင်းလာပြီး ရှချန်းချန်း ထံသို့ အမြန် လျှောက်လာသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ခေတ္တရပ်နားကာ နောက်ဆုံးတွင် ပြောသည်။

"မင်း အဆင်ပြေရဲ့လား"

သူမ ပွဲထွက်ကတည်းက ရှချန်းချန်းသည် မပြတ် ဝေဖန်မှုနှင့် အငြင်းပွားမှု များဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် သူမက ဤမျှ ကြီးမားသော ပမာဏဖြင့် အသရေဖျက်ခံရပြီး စော်ကားခံရခြင်း မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ မိန်းကလေးအများစုသည် ဤမျှပြင်းထန်သော အရှက်ရမှုအောက်တွင် ပြိုလဲသွားပြီး အားကိုးရာမဲ့ ဖြစ်သွားကြလိမ့်မည်ပင်။

ရှချန်းချန်း မဖြေဘဲ ခေါင်းကိုသာ ပင်ပန်းနွမ်းနယ်စွာခါလိုက်သည်။ သူမ၏ ဆံပင်များက နားမှ ကျပြီး နဖူးပေါ်သို့ တွဲကျနေကာ ဆွေးမြေ့သော လှပမှုတစ်မျိုး ရှိနေပြီး ရှဲ့ကျစ်ရှင်းကို ပို၍ပင် စိတ်ဆင်းရဲစေသည်။

သူသည် ရှချန်းချန်း၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သူ၏ လက်ဖဝါးက ခိုင်မာပြီး အားကောင်း သည်။ ဆောင်းရာသီတွင် နွေးထွေးသော လေစီးကြောင်းကဲ့သို့ မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော ကျောက်တုံးများကို နွေးထွေးစေသည်။

"ကိုယ် ရှဲ့ရဲ့ လူမှုဆက်ဆံရေးဌာနကို သတင်းကို ဖျက်သိမ်းဖို့နဲ့ မင်းအပေါ် သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် ကြိုးစားဖို့ ပြောထားပြီးပါပြီ၊ ဒါပေမဲ့ ဒီလိုမျိုး အရှုပ်တော်ပုံ က... ဖျက်သိမ်းဖို့ မဖြစ်နိုင်သလောက်ပဲ၊ လူမှုဆက်ဆံရေးဌာနကလည်း သက်ရောက်မှုတွေကို ဖယ်ရှားဖို့ နည်းလမ်းတွေကို ဆွေးနွေးပြီးပါပြီ…”

"တကယ်တော့ အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်တို့ရဲ့ ဆက်ဆံရေးကို ကြေညာလိုက်တာပဲ၊ ဒါဆို ဒီ လိင်အရှုပ်တော်ပုံများ က သူ့အလိုလို ပြိုလဲသွားလိမ့်မယ်"

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ မျက်လုံးများကို ကြည့်ရင်း လေးနက်စွာ ပြောသည်။

"မင်း လိုအပ်မယ်ဆိုရင် ကိုယ် ခုပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကိုယ်တို့ရဲ့ ဆက်ဆံရေး ကို လူသိရှင်ကြား ကြေညာလိုက်မယ်"

ဆက်ဆံရေးကြေညာလိုက်သည်နှင့် ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့သည် ခင်ပွန်းသည်နှင့် ဇနီး ဖြစ်သွားမည်ဖြစ်ပြီး အင်တာနက်ပေါ်ရှိ အရှုပ်တော်ပုံများမှာ မှိန်ဖျော့ပြီး အားနည်း သွားလိမ့်မည်ဖြစ်သည်။ ရှဲ့ကျစ်ရှင်းကဲ့သို့ ချောမောသော ခင်ပွန်းသည်နှင့် ကျန်းချန်၏ အချမ်းသာဆုံး မိသားစုဖြစ်သော ရှဲ့မိသားစု၏ မယားကြီး (mistress) ဖြစ်နေသည့်တိုင် ရှချန်းချန်းသည် ချမ်းသာသောသူကို ဖားယားပြီး လိင်ပျော်ပါးရန် လိုအပ်မည်မဟုတ်ပေ။

သူမဘေးရှိ ဒေါ်လေးလျူသည် ဤစကားကို ကြားသောအခါ ဒေါ်လေးတစ်ဦးကဲ့သို့ ပြုံးလိုက်သည်။

အား၊ သခင်လေးက တကယ်ပဲ သူ လျှို့ဝှက် လက်ထပ်ထားတဲ့အကြောင်း ဝန်ခံတော့မှာပဲ။

သူက နာမည်ကျော် ကြယ်ပွင့်လေ၊ မိန်းကလေးပရိတ်သတ်တွေနဲ့ ဇနီးပရိသတ်တွေအများကြီး ရှိတာကို။

သူက မင်းသားဖြစ်နေလျှင်ပင် သူ၏ လက်ထပ်ပွဲကို ဖော်ထုတ်ခြင်းက သူ၏ လူကြိုက်များမှုကိုလည်း ထိခိုက်စေလိမ့်မည်ပင်။ သို့သော် သူ၏ ဇနီးအတွက် သူက မတွန့်ဆုတ်ဘဲ ဖော်ထုတ်ရန် ရွေးချယ်ခဲ့သည်။

သူက သူ(မ)ကို အရမ်း ချစ်တာပဲ။

ဒါက သကြားပဲ။ ချိုမြိန်တဲ့ သကြားပဲ၊

ငါနားလည်ပြီ။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ နီရဲနေပြီး သူမ၏ ပုလဲနက်ကဲ့သို့သော ဗာဒံမျက်လုံးများသည် စိတ်ခံစားမှုကြောင့် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ရှချန်းချန်းက ရှဲ့ကျစ်ရှင်း၏ လက်ကိုင်ဖုန်းကို ချက်ချင်း ထုတ်ယူကာ သူ့ကို ဆူပူလိုက်သည်။

"ရှဲ့ကျစ်ရှင်း၊ ရှင် ဘာတွေ နောက်ပြောင်နေတာလဲ၊ ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတဲ့ အမဲစက်ကို ဘာလို့ ဖျက်သိမ်းချင်တာလဲ၊ သတင်းတစ်ခုကို ဒီလောက် မြင့်မားစေဖို့က လွယ်တယ်လို့ ထင်နေတာလား”

"ရှင်က ကျွန်မတို့ရဲ့ စေ့စပ်ပွဲကို ကြေညာချင်သေးတာလား၊ ရှင် ရူးနေတာလား၊ ဒါမှမဟုတ် အရူး လား၊ ကျွန်မ တို့ရဲ့ စေ့စပ်ပွဲ ဖော်ထုတ်ခံရတာနဲ့ ဒါက ကြီးမားတဲ့ သတင်းဖြစ်လိမ့်မယ်၊ ဒါက မိုးကြိုးပစ်ခံရသလို ဖြစ်လိမ့်မယ်၊ ဒီနေရာမှာ အသုံးပြုဖို့က အလဟသပဲ၊ ရှင်တို့ ရှဲ့ရဲ့ လူမှုဆက်ဆံရေးဌာန မှာ ဘာလုပ်နေတာလဲ၊ သံမဏိကောင်းကို ဓါးသွားပေါ်မှာ သုံးသင့်တယ်၊ ရှင်တို့မှာ ဒီ အခြေခံ ဗဟုသုတတောင် မရှိဘူးလား"

ရှဲ့ကျစ်ရှင်း: ???

ဒေါ်လေးလျူ : ???

စနစ် : ???

ရှချန်းချန်းသည် နောက်ဆုံးတွင် ရှဲ့ကျစ်ရှင်း၏ ဖုန်းကို ရလိုက်ပြီး ချက်ချင်း လက်ထောက်ကျိုး ကို ခေါ်ကာ အစောက သူမ ပြောခဲ့သည့်အတိုင်း ပြန်ပြောပြသည်။

ရှဲ့၏ လူမှုဆက်ဆံရေးကို ကိုင်တွယ်နေသော လက်ထောက်ကျိုး: ???

သူသည် သူဌေးကတော်ကို မကျော်လွှားနိုင်သဖြင့် သဘောတူရုံသာ ရှိသည်။ ရှချန်းချန်းက လက်ထောက်ကျိုးထံမှ သတင်းကို ထပ်မံ ဖျက်သိမ်းမည် မဟုတ်ကြောင်းနှင့် လက်ထပ်ပွဲကို ကြေညာမည် မဟုတ်ကြောင်း ရှင်းလင်းသော အဖြေရရှိပြီးနောက် သက်ပြင်းချလိုက်သည်။

လှည့်ပြန်လာကာ ဖုန်းကို ရှဲ့ကျစ်ရှင်းအား ပြန်ပေးရန် ပြင်ဆင်နေသည်။ သို့သော် ရှဲ့ကျစ်ရှင်းက မျက်မှောင်ကြုတ်ကာ သူမကို အေးစက်စွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လေထုက တိတ်ဆိတ်နေသည်။ အကြောက်ဆုံးအရာမှာ လေထု၏ တိတ်ဆိတ်ခြင်းဖြစ်သည်။

တိတ်ဆိတ်ခြင်းကြားမှ စနစ်က မှိန်ဖျော့စွာ ပြောသည်။

"မင်း အကြောင်းပြချက်တစ်ခုတော့ စဉ်းစားသင့်တယ်၊ မင်းရဲ့ လုပ်ရပ်က ခုနက ပါပါရာဇီ တစ်ယောက်နဲ့ အရမ်းတူနေတယ် ပြီးတော့ ဘာမှ မဆိုင်တဲ့ ပါပါရာဇီ တစ်ယောက်လိုပဲ"

စနစ်က ရှချန်းချန်း၏ ဝတ်စုံကို ဤတစ်ကြိမ်တွင် မတည်မြဲတော့ဟု ခံစားရသည်။

သို့သော် သူက ရှချန်းချန်း၏ စိတ်ထဲတွင် လက်မထောင်ထားသည့် အီမိုဂျီ တစ်ခုကို ဖန်တီးခဲ့ပြီး စာသားက

"မင်းနဲ့ ထိုက်တန်တယ်"

ရှချန်းချန်း၏ နှလုံးခုန်နှုန်းက မြန်နေခဲ့သည်။ သူမ နှစ်ကြိမ်ခန့် အသက်ပြင်းပြင်းရှူ လိုက်သည်။

စိတ်လျှော့၊ စိတ်လျှော့။

ဒရာမာ စိတ်ဝိညာည်၏ ဖိစီးမှုနှင့် သူမက ချစ်စဖွယ်ရှေ့တိုးလာပြီး ဖုန်းကို ရှဲ့ကျစ်ရှင်း၏ အိတ်ထဲသို့ ပြန်ထည့်ပေးလိုက်ကာ သူ့အပေါ်က အရေးအကြောင်းများကို ဖယ်ရှားပေးလိုက်သည်။ ရှဲ့ကျစ်ရှင်း၏ မျက်လုံးများက ဂရုမစိုက်ဖြစ်နေပြီး "မင်း သရုပ်ဆောင်ိလုက် ငါ ကြည့်မယ်" ဟု ပြောနေသလိုပင်။

“လောင်ကုန်း~"

ရှချန်းချန်းက ရှဲ့ကျစ်ရှင်း၏ လက်မောင်းကို ဆုပ်ကိုင်ပြီး တစ်ဝက် ချစ်စဖွယ်တစ်ဝက်၊ တစ်ဝက်က လေးနက်စွာဖြင့် ပြောသည်။

“ကျွန်မ ထင်တာက ကျွန်မတို့ရဲ့ လက်ထပ်ပွဲက လောင်ကုန်းရဲ့ အသက်မွေးဝမ်းကျောင်း နဲ့ ဆက်စပ်နေတယ်လေ၊ ကျွန်မအတွက် ဒီလို သေးငယ်တဲ့ ကိစ္စကို ဖော်ထုတ်တာက မတန်ဘူး၊ မတန်ဘူး”

"ကျွန်မကို ကြည့်ပါဦး၊ အနက်နဲ့အနီ နှစ်ခုစလုံးရှိတဲ့ တတိယတန်းစား အမျိုးသမီးကြယ်ပွင့် တစ်ယောက်၊ တစ်နှစ်ကို အများဆုံး သန်းအနည်းငယ်ပဲ ရတယ်၊ ဒါပေမဲ့ လောင်ကုန်း လက်ထပ်ထားတာ ပေါ်သွားရင် ဆုံးရှုံးမှုက သန်းချီမလား၊ ဒါက သန်းရာချီလေ"

ရှချန်းချန်းက စိတ်ထိခိုက် နေသောပုံနှင့် နောင်တကြီးစွာဖြင့် ပြောသည်။

“လောင်ကုန်း၊ ကျွန်မတို့ မိသားစုရဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှို့ဝှက်လက်ထပ်တာကို ဖော်ထုတ်တာ မသင့်တော်ဘူးလို့ ကျွန်မ ထင်တယ်"

သူမ ပြောပြီးသည်နှင့် မျက်ရည်ဝဲနေသော ဗာဒံမျက်လုံးများနှင့် ရှဲ့ကျစ်ရှင်း ကို သနားစရာကောင်းအောင် ကြည့်ပြီး သူမ၏ လှပမှုနှင့် ဖျားယောင်းရန် ကြိုးစားလိုက်သည်။

လျှို့ဝှက်လက်ထပ်ခြင်းကို ဖော်ထုတ်ခြင်းကို အကျိုးစီးပွါးနှင့် ရှင်းပြခြင်းက တကယ်တွင် အကောင်းဆုံး ရွေးချယ်မှုပင်။ အဘယ်ကြောင့်ဆိုသော် ရှဲ့ကျစ်ရှင်း ယခင်က သူ လက်ထပ်ထားကြောင်း မဝန်ခံခဲ့သည်မှာလည်း ဤအချက်ကို ထည့်စဉ်းစားခဲ့၍ပင်။ သို့သော် ရုတ်တရက် သူ့စိတ်ထဲတွင် "ငါ လက်ထပ်ထားကြောင်း ဝန်ခံရင်လည်း အဆင်ပြေတယ်" ဟူသည့် အသံတစ်ခုက ပြောလာသည်။

ဒါပေမဲ့ အဲတာက ပိုက်ဆံ လျော့နည်းသွားတာပဲလေ။

အနည်းဆုံးတော့ ရှချန်းချန်းက မိန်းမပျက်ဆိုတဲ့ နာမည်ဆိုးကို ခံရမှာ မဟုတ်ဘူး။

သို့သော် သူ မျက်လွှာကိုချလိုက်ပြီး ရှချန်းချန်း၏ အပြစ်ကင်းသည့် အမူအရာကို ကြည့်လိုက်သော်လည်း ဘာကြောင့်မှန်းမသိ သူမကို ငြင်းပယ်ရန် စိတ်မပါပေ။

"အင်တာနက်ပေါ်က ဗီဒီယိုတွေကရော"

ရှဲ့ကျစ်ရှင်းက မေးသည်။

"ရှင်းပြစရာ မလိုဘူးဆိုရင်တောင် ဗီဒီယိုတွေကို ဖျက်သိမ်းရမှာမလား"

သူ သိသည်မှာ ဗီဒီယိုထဲက အမျိုးသမီးသည် ရှချန်းချန်းမဟုတ်ဘဲ၊ နောက်ကွယ်က လူတစ်ယောက်၏ AI မျက်နှာပြောင်းလဲခြင်းအလုပ် ဖြစ်နိုင်ဖွယ်ရာ အများဆုံး ဖြစ်သည်။

သို့သော် သူ့ဇနီး၏ မျက်နှာကို သုံးပြီး တခြားယောက်ျားတစ်ယောက်နှင့် ပျော်ပါးနေသည့် ထူးဆန်းသော အမျိုးသမီးကို မြင်သည်က သူ့အား အရလွန် မပျော်မရွှင် ဖြစ်စေခဲ့သည်။

“သေချာတာပေါ့၊ ဖျက်ပစ်လို့မရဘူးလေ”

ရှချန်းချန်းက မျက်လုံးလှလှလေးများကို ခတ်လိုက်ပြီး ပြောသည်။

"အကယ်၍ ကျွန်မတို့ အင်တာနက်ပေါ်က ဗီဒီယိုကို ဖျက်လိုက်မယ်ဆိုရင် ဒါက နောက်ကွယ်က ကြိုးကိုင်တဲ့သူက သူ့ရဲ့ ရာဇဝတ်မှု သက်သေတွေကို ဖုံးကွယ်ဖို့ ကူညီပေးနေတာနဲ့ တူတူပဲမလား”

ဖျော်ဖြေရေးလောကတွင် ကောလဟာလနှင့် အရှုပ်တော်ပုံ မျိုးစုံနှင့် ကြုံတွေ့ရသောအခါ ပထမဆုံး တုံ့ပြန်မှုမူကား ပို့စ်များကို ဖျက်ပစ်ပြီး သတင်းများကို ဖျက်သိမ်းရန်ဖြစ်သည်။ သို့မှသာလျှင် ကောလဟာလများ ထိန်းမနိုင်သိမ်းမရ ပျံ့နှံ့မသွားအောင် တားဆီးနိုင်မည်ဖြစ်သည်။

ရှချန်းချန်းက ဖြောင့်မတ်စွာဖြင့် ပြောသည်။

“ဒါပေမယ့် ကောလဟာလနဲ့ အသရေဖျက်မှု၊ မကောင်းဆိုးဝါး ပုံပြင်ခြင်း နဲ့ AI မျက်နှာပြောင်းလဲခြင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါ အကောင်းဆုံး လုပ်ဆောင်သင့်တာက ရဲကို ခေါ်ပြီး ဒီလူဆိုးတွေကို ဖမ်းခိုင်းတာ မဟုတ်ဘူးလား"

အရှုပ်တော်ပုံ အားလုံး၏ ဖန်တီးသူဖြစ်သည့် ယဲ့ရှီဝမ်မူကား ဤအချိန်တွင် လင်ယွီရှူတွင် အေးအေးဆေးဆေး မိတ်ကပ်လိမ်းနေသည်။

ယဲ့ရှီဝမ်မူကား ရှချန်းချန်းက ရဲကို ခေါ်မည် မဟုတ်ဟု ယုံကြည်သည်။

အဘယ်ကြောင့်ဆိုသော် သူက ရှချန်းချန်းထံ၌ စပွန်ဆာရှိနေသည်ဟု စိတ်ရင်းမှန်နှင့် ယုံကြည်ထား၍ပင်။

မဟုတ်ရင် ချမ်းသာတဲ့ မိသားစုကနေ စွန့်ပစ်ခံရတဲ့ သမီးတစ်ယောက်က "ရှန်းကျွယ်" ရဲ့ အဓိက ထုတ်လုပ်သူရာထူးကို ရဖို့နဲ့ ကျန်းချင်းနဲ့ ဆက်သွယ်ဖို့ ပိုက်ဆံ အများကြီး ဘယ်လို ရနိုင်မှာလဲ။ စပွန်ဆာက ယဲ့ရှီဝမ်ရဲ့ အတုဗီဒီယိုထဲက လူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူ မသိတဲ့ အထက်တန်းလွှာတစ်ယောက်တော့ ဖြစ်ရမယ်။

လိင်အရှုပ်တော်ပုံ ပထမဆုံး ပေါ်ပေါက်လာစဉ်တွင် ဤမသိသေးသည့် စပွန်ဆာက ရှချန်းချန်းအား သတင်းဖျက်သိမ်းဖို့ရန် ကူညီပေးခဲ့သည်။

အခုတော့ သူက သတင်းကိုတောင် ဖျက်သိမ်းတော့ မဟုတ်ဘူး။ ဒါက ဗီဒီယိုထဲက အကြောင်းအရာကို သူ ယုံကြည်ပြီး ရှချန်းချန်းကို စွန့်ပစ်လိုက်တာ ရှင်းနေပြီ။

ယဲ့ရှီဝမ် တွေးလေလေ ပို၍ပျော်လေလေပင်။

သူက လင်းယွီဗီလာ၏ ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲ၌ ထိုင်နေသည်။ ဟန်ထျန်းဖျော်ဖြေရေး၏ ပရော်ဖက်ရှင်နယ် မိတ်ကပ်အဖွဲ့ က သူ့အတွက် ပြီးပြည့်စုံသည့် မိတ်ကပ်ကို ဖန်တီးပေးနေပြီး H မှ အနက်ရောင် sequined ဂါဝန်တိုနှင့် တွဲဖက်ထားသည်။ ယနေ့ညတွင် သူက လင်းယွီဗီလာ တစ်ခုလုံးတွင် အတောက်ပဆုံး မိန်းကလေးဖြစ်မည်ပင်။

ည (၇) နာရီတွင် လင်းယွီဗီလာက ဗီလာမှ ခြံဝင်းအထိ ကြယ်များကဲ့သို့ မီးများနှင့် လင်းထိန်နေသည်။ ခြံဝင်းတစ်ခုလုံးက ပန်းများနှင့် ပြည့်နေပြီး ပန်းရောင်နှင်းဆီ များနှင့် အဖြူရောင် ဘောလုံးများက လင်းယွီဗီလာကို မြစ်ဘေးက အိပ်မက်ရဲတိုက်လိုပင် အလှဆင်ထားလေသည်။

ချမ်းသာသောသမီးများနှင့် သခင်လေးများက ဂုဏ်ပြုရန် လာကြပြီး ဇိမ်ခံလက်ဆောင်များ ယူလာကြသည်။ တစ်ယောက်ကိုတစ်ယောက် ချီးကျူးပြီး ယဉ်ကျေးသည့် စကားများ ပြောကြလေသည်။

သူတို့ မနက်စောစောကတည်းက မွေးနေ့ပါတီ ဖိတ်စာ ကို ရခဲ့ကြသည်။ ယဲ့ရှီဝမ် ထန်အဆောက်အအုံမှ ကန်ထုတ်ခံရသည်ြ ရှက်စရာကောင်းသော ဖြစ်ရပ်ကို မြင်ပြီးနောက် ယနေ့ည မွေးနေ့ပါတီက သေချာပေါက် ဖျက်သိမ်းလိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် နာရီဝက်အကြာတွင် ရှချန်းချန်း၏ တုန်လှုပ်ဖွယ် လိင်အရှုပ်တော်ပုံ သတင်းကို ထုတ်ဖော်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ရှယုံဒယ်က သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှု လက်ခံပြီး သူနှင့် ရှချန်းချန်းတို့၏ ဖခင်-သမီး ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီဟု ပြောခဲ့သည်။ သူ ရှယုံဒယ်တွင် ဤသို့ ရှက်စရာကောင်းသည့် သမီးမရှိဟု ပြောခဲ့သည်။

ရှမိသားစု၏ ဘုတ်အဖွဲ့ဝင် အကြီးအကဲများ ကလည်း ရှချန်းချန်းက နှစ်နှစ်အတွင်း ရှမိသားစု ကို ဆက်ခံသင့်ရဲ့လားဟု မေးခွန်းထုတ်ခဲ့ကြသည်။ ရှချန်းချန်းက သဘောတူထားတဲ့အတိုင်း ရှမိသားစု၏ အရာအားလုံးကို ဆက်ခံနိုင်သည်။ သို့သော် အဓိကအားဖြင့် ရှမိသားစု၏ အိမ်ခြံမြေနှင့် ရှယုံဒယ်ယာယီစီမံခန့်ခွဲသည့် ရှအဖွဲ့၏ ရှယ်ယာ ၃၀% ကိုသာ ဖြစ်သည်။

အကယ်၍... ရှမိသားစု၏ ဘုတ်အဖွဲ့ဝင်များက ရှချန်းချန်းကို အသိအမှတ်ပြုရန် ဆန္ဒမရှိလျှင် သူက ရှယ်ယာရှင်ဖြစ်ေသော်လည်း ရှကုမ္ပဏီကိုမူ ရမည် မဟုတ်ချေ။

ယနေ့တွင် ယဲ့ရှီဝမ်၏ မွေးနေ့ပါတီကို ပုံမှန်အတိုင်း ကျင်းပခဲ့သည်။ ဤ သွေးထွက်သံယို မုန်တိုင်း ပြီးနောက် ချမ်းသာသည့် အသိုင်းအဝိုင်းက လူတိုင်း သိကြသည်က ဤသည်က ရိုးရှင်းသည့် မွေးနေ့ပါတီတစ်ခု မဟုတ်တော့ပေ။ သို့သော် ချမ်းသာသည့် အသိုင်းအဝိုင်း မှ ဖယ်ထုတ်ခံခဲ့ရသည့် မယားငယ်သမီး ယဲ့ရှီဝမ်ငက ဤအသိုင်းအဝိုင်းထဲသို့ တရားဝင် ဝင်ရောက်လာပြီဆိုသည့် ကြေညာချက်တစ်ခု ဖြစ်သည်ဟု သိရှိခဲ့ကြသည်။

ရှချန်းချန်း၏ ကျဆုံးခြင်းကလည်း ယဲ့ရှီဝမ်၏ ပြန်လည်မွေးဖွားခြင်း ကို ဆိုလိုသည်။

အခုကစပြီး ရှမိသားစုမှာ ငါပဲ သမီးအဖြစ် ရှိတော့မယ်။

မွေးနေ့ပါတီတွင် ချီးကျူးစကားများ အဆက်မပြတ် တီးခတ်နေပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်လည်း ပရိသတ်များနှင့် အင်တာနက်သုံးစွဲသူများ၏ မနာလိုစိတ် များမပြတ် ထွက်ပေါ်နေသည်။

[ဝမ်ဝမ်ကို မနာလိုလိုက်တာ၊ ဒီလို ဇိမ်ခံ မွေးနေ့ပါတီ ကျင်းပနိုင်တာ၊ တကယ့် မင်းသမီး တစ်ပါးလိုပဲ]

[ငါပဲ အလုပ် မကြိုးစားတာလား၊ ငါ့အမေက အလုပ် မကြိုးစားတာလား၊ ငါ့ကို သန်းရာချီ တန်ဖိုးရှိတဲ့ ဗီလာ ပေးနိုင်တဲ့ အဖေတစ်ယောက် မရှာနိုင်ဘူးလား]

[ဟန်ကျားလင်က ယဲ့ရှီဝမ်ကို ဇိမ်ခံ အားကစားကား တစ်စီး ပေးခဲ့တယ်လို့ ကြားတယ်။ သန်း ၁၀ သန်း တန်ဖိုးရှိတယ်တဲ့၊ လင်ယွီရှူရှေ့မှာပဲ၊ အား၊ မနာလိုလိုက်တာ ၊ မနာလိုလိုက်တာ]

[ တစ်ဝက်က မိဘတွေရဲ့ ချစ်ခင်မှုကို ခံရပြီး တစ်ဝက်က ခင်ပွန်းရဲ့ ချစ်ခင်မှုကို ခံရနေရတာ၊ ဒါက ချမ်းသာပြီး လှပတဲ့ အမျိုးသမီးရဲ့ ပျော်ရွှင်တဲ့ဘဝပဲ ဖြစ်လိမ့်မယ်]

[ဝမ်ဝမ်က ရှမိသားစုရဲ့ တစ်ဦးတည်းသော အမွေခံလည်း ဖြစ်တယ်။ ရှယုံဒယ်နဲ့ ယဲ့လျူဖန် တို့ နှစ်ဦးစလုံးက ကလေး ထပ်မယူတော့ဘူးလို့ ပြောခဲ့တယ်]

[ဘဝရဲ့ အနိုင်ရသူပဲ ၊ အနိုင်ရနေပြီ]

All Chapters