← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

အခန်းထဲတွင် ယဲ့ရှီဝမ်သည် မိတ်ကပ်လိမ်းခြယ်ပြီး လက်ဝတ်ရတနာ အစုံအလင်ကို ဝတ်ဆင်ပြီးဖြစ်သည်။

ပြည့်စုံတယ်။

လုယန်ရန်က အလျင်အမြန် အခန်းထဲသို့ ဝင်လာပြီး ယဲ့ရှီဝမ်ကို မြင်သောအခါ အလွန် စိုးရိမ်နေ၏။

“ဝမ်ဝမ် ၊ ကျန်းချင်းက နင့်ကို ထန်အဆောက်အအုံကနေ ဒီနေ့ ကန်ထုတ်လိုက်တယ်လို့ ငါကြားတယ်၊ နင် အဆင်ပြေရဲ့လား”

မင်းသမီးလေး၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း အေးခဲသွားသည်။ သူ့ပတ်ဝန်းကျင်မှ မည်သူမျှ ဒီကိစ္စကို ထုတ်ပြောရဲခြင်း မရှိပေ။

လုယန်ရန်က ဘာလို့ ပြောတာလဲ။

အမှန်မှာ လုယန်ရန်တွင် မကောင်းသည့် ရည်ရွယ်ချက်များ မရှိခဲ့ပေ။ သူမက အသိုင်းအဝိုင်း ထဲမှ ချမ်းသာသည့် မိန်းကလေးတစ်ယောက်ပင်။ ကလေးဘဝကတည်းက အလွန် ချစ်ခင်ခံခဲ့ရပြီး အခြားသူများ၏ အရိပ်အကဲကို ကြည့်ပြီး စကားပြောစရာ မလိုပေ။

ဤတစ်ကြိမ်တွင် သူမက ယဲ့ရှီဝမ်ကို နှစ်သိမ့်ရန် လာခြင်းဖြစ်ပြီး သူမကို တကယ် ဂရုစိုက်နေခဲ့သည်။

လုမိသားစုသည် ရှမိသားစုထက် အင်အားချင်း မနိမ့်ချေ။ ယဲ့ရှီဝမ်သည်လည်း လုယန်ရန်နှင့် အဆင်မပြေဖြစ်အောင် မလုပ်ချင်ပေ။ ထို့ကြောင့် သူမပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ အဲဒါက ပြီးသွားပြီ"

လုယန်ရန် သက်ပြင်းချလိုက်သည်။

"ဒီနေ့ ငါ အဲမှာသာ ရှိနေခဲ့ရင် ကျန်းချင်းနဲ့ ရှချန်းချန်း တို့ ဒီလောက် မောက်မာရဲမှာ မဟုတ်ဘူး၊ အလိုလေး ဝမ်ဝမ် ငါ နင့်ကို နေ့လယ်က ထန်အဆောက်အအုံကို လိုက်ပို့ချင်ခဲ့တာ၊ ဒါပေမဲ့ ငါ့ အေးဂျင့်က ငါ့ကို "ယွီကွမ်း" audition အတွက် သွားခိုင်းလို့..."

သူမ စကားမဆုံးမီ လုယန်ရန်က "ယွီကွမ်း" ၏ ယခင် မင်းသမီးက ယဲ့ရှီဝမ် ဖြစ်သည််ကို သတိရသွားသည်။ သူမက ပါးစပ်ကို အမြန်ဖုံးအုပ်လိုက်သည်။

“ဝမ်ဝမ်၊ ငါ နင့်ကို ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး၊ တောင်းပန်ပါတယ်..."

ယဲ့ရှီဝမ် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။

ဒီလုယန်ရန်က တကယ် မိုက်မဲတာပဲ၊ ဒီနေ့ သူပြောတဲ့ စကားတိုင်းက ဓားနဲ့ထိုးသလို ငါ့ရဲ့ နှလုံးသားကို ထိုးဖောက်သွားနေတယ်။

သို့သော် ယဲ့ရှီဝမ်မူကား ယဉ်ကျေးစွာ ပြုံးနေဆဲပင်။

"ငါ ဘယ်လိုလုပ် စိတ်ဆိုးရမှာလဲ၊ နင်က ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းလေ၊ ဒီကားထဲမှာ နင်ပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ် ဘယ်သူ သရုပ်ဆောင်ဆောင် အရေးမကြီးပါဘူး~ နင် သရုပ်ဆောင်နိုင်ရင် ငါ ပိုတောင်ပျော်သေးတယ်”

လုယန်ရန် သက်ပြင်းချလိုက်သည်။

“ငါ သိတာပေါ့၊ ဝမ်ဝမ်၊ နင်က အကောင်းဆုံးပဲ၊ နင် ငါ့ကို ဘယ်တော့မှ စိတ်ဆိုးမှာ မဟုတ်ဘူး၊ ဒါနဲ့ နင်လည်း "ယွီကွမ်း" ရဲ့ ဇာတ်ညွှန်းကို လေ့လာထားတာပဲလေ၊ ငါ နားမလည်တာတွေရှိရင် နင့်ကို အကူအညီတောင်းလို့ရပြီပေါ့~"

ယဲ့ရှီဝမ်က ပြုံးသည်။

"ကောင်းပြီ"

သို့သော် သူမ၏ မျက်လုံးများတွင် မှုန်မှိုင်းခြင်းတစ်ခု ရှိနေသည်။

ငါ မလိုချင်ဘူး။ နင် သရုပ်ဆောင်ဆရာကို ကိုယ့်ဘာသာ မရှာနိုင်ဘူးလား။ဘာလို့ ငါ့ကို ဒုက္ခပေးရတာလဲ။

မွေးနေ့ပါတီ စတင်ခဲ့ပြီး ယဲ့ရှီဝမ်သည် ကြယ်များအောက်မှ ပထမထပ် ဧည့်ခန်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ချမ်းသာသော အသိုင်းအဝိုင်းမှ အမျိုးသမီးများ နှင့် အမျိုးသားများသည် ဧည့်ခန်းတွင် စုဝေးနေကြသည်။ ဗဟိုတွင် ရပ်နေသူမှာ ယဲ့ရှီဝမ်၏ ချစ်သူ ဟန်ကျားလင် ဖြစ်သည်။

ထိုလူသည် လက်ဖြင့်ချုပ်ထားသောအဖြူရောင် suitကို ဝတ်ဆင်ထားပြီး ကျောကုန်းဖြောင့်တန်းလျက် နတ်သမီးပုံပြင်ထဲက မင်းသားလေးတစ်ပါးလို ဖြစ်နေသည်။

သူသည် ယဲ့ရှီဝမ်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး ဇိမ်ခံကား၏ သော့ကို သူမ၏ လက်ဖဝါးပေါ် တင်ပေးကာ ချစ်ခင်စွာပြောသည်။

"ဝမ်ဝမ်၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ”

နောက်တစ်စက္ကန့်တွင် လူတိုင်း လက်ခုပ်တီးကြသည်။ ပတ်ပတ်လည်တွင် မီးရှူးမီးပန်းများ ပေါက်ကွဲကာ ပန်းရောင်စက္ကူများက နှင်းပွင့်များကဲ့သို့ လွင့်ဝဲကျလာသည်။ ဤအချိန်တွင် ယဲ့ရှီဝမ်က ကမ္ဘာပေါ်တွင် သူမသာလျှင် အပျော်ဆုံး အမျိုးသမီးဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်ခဲ့သည်။

စားပွဲထိုးက ရှစ်ထပ် ဇိမ်ခံ မွေးနေ့ကိတ်ကို ယဲ့ရှီဝမ်ထံသို့ တွန်းပို့လာသည်။ ယဲ့ရှီဝမ်သည် ပျော်ရွှင်သော မျက်နှာဖြင့် ကိတ်ဓားကို ကိုင်လိုက်သည်။

သူမ ကိတ်ကို လှီးဖြတ်တော့မည့် ဆဲဆဲတွင် အပြင်ဘက်မှ ပြင်းထန်သော ဘရိတ်သံတစ်ခုနှင့် ကြီးမားသော မော်တော်ကား အားကစားကား၏ ဟိန်းသံသည် လင်းယွီဗီလာ တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

လူတိုင်း အံ့အားသင့်သွားကြပြီး ဗီလာထဲမှ ပြေးထွက်လာကြရာ Koenigsegg One ကားတစ်စီးသည် လှပသော အမြီးလိမ်ဖြင့် လင်းယွီဗီလာ၏ ခြံဝင်းထဲတွင် ရပ်တန့်နေသည်ကို တွေ့ရသည်။ ဤ အိပ်မက်ဆန်သော ပန်းရောင်နှင့် အဖြူရောင် အကြားတွင် ဤ အနက်ရောင် ထိပ်တန်း စူပါကားက နေရာနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။

နေရာ၌ ရှိနေသော ဧည့်သည်များအားလုံးက အသက်ရှူမှားသွားကြရသည်။

"Koenigsegg One၊ ကမ္ဘာပေါ်မှာ စူပါကန့်သတ်ထုတ်ထားတဲ့ ဇိမ်ခံကားက ခြောက်စီးပဲ ရှိတာ"

"လက်နဲ့လုပ်ထားတာလို့ ငါကြားတယ်၊ ဒါက သန်း ၁၀၀ ပေးရတယ်လို့ ငါ ကြားထားတယ်”

"ဟန်ကျားလင်က ခုနလေးတင် ယဲ့ရှီဝမ်ကို ကားသော့ ပေးခဲ့တာ၊ Koenigsegg One များလား"

လူတိုင်းက ဟန်ကျားလင်နှင့် ယဲ့ရှီဝမ်ကို စပ်စုစွာ ကြည့်ကြသည်။ ယဲ့ရှီဝမ်၏ မျက်လုံးများ၌လည်း မျှော်လင့်ချက် အချို့ရှိနေသည်။

ဒီကားက တကယ်ပဲ ဟန်ကျားလင်က လက်ဆောင်ပေးတာလား။ ဟန်ကျားလင်က တကယ်ပဲ ငါ့ကို ဒီလောက် ချစ်တာလား။

သူမ အလွန် စိတ်လှုပ်ရှားသွားပြီး ဟန်ကျားလင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ကျားလင်၊ ကျေးဇူးတင်ပါတယ်! ဒီလက်ဆောင်ကို ကျွန်မ အရမ်း ကြိုက်တယ်"

ဟန်ကျားလင်က ရှက်ရွံ့နေသည်။

ဒီကား ဘယ်ကလာမှန်း ငါ မသိဘူး။ Koenigsegg One က ဒီလိုမျိုး ထိပ်တန်း စူပါကား ဖြစ်ပြီးတော့ တစ်စီးကို သန်း ၁၀၀ တန်တယ်။ ငါ ဝယ်နိုင်ရင်တောင်... ဟန်မိသားစုက ငါ့ကို လွယ်လွယ်ကူကူနဲ့ ပေးဖို့ သဘောတူမှာ မဟုတ်ဘူး။

ဟန်ကျားလင် ရှင်းပြတော့မည့်ဆဲဆဲ Koenigsegg One ၏ တံခါးပွင့်လာပြီး H မှ အနက်ရောင် sequined ဂါဝန်ဝတ်ဆင်ထားသော ရှချန်းချန်းသည် အနက်ရောင် စူပါကားထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

"ရှ…ရှချန်းချန်း"

ရှချန်းချန်းသည် သူမ၏ မျက်နှာပေါ်မှ နေကာမျက်မှန်ကို လှပစွာချွတ်လိုက်ပြီး ယဲ့ရှီဝမ်ကို ပြုံးရင်းကြည့်ကာ ပြောသည်။

"ယဲ့ရှီဝမ်၊ တိုက်ဆိုင်လိုက်တာ၊ ငါတို့ ပြန်တွေ့ကြပြန်ပြီနော်"

[Fuck၊ Fuck၊ Fuck!]

[ထိပ်တန်း ရှူရာကွင်းပဲ၊ ငါ ချမ်းသာတဲ့သူတွေရဲ့ ရန်ပွဲတွေကို ကြည့်ရတာ ကြိုက်တယ်]

[ရှချန်းချန်း ဘယ်လိုလုပ် ဒီကို လာရဲတာလဲ၊ အဲ့ဒီလို ဖြစ်ပြီးတာတောင် ဒီကို လာရဲသေးတယ်]

[ဟုတ်ပါ့၊ ငါသာ သူဆိုရင် ငါ့ဘဝမှာ အပြင်ထွက်ပြီး မျက်နှာပြရဲမှာမဟုတ်တော့ဘူး]

[အာ၊ ဘယ်သူမှ ဒီအချက်ကို သတိမထားမိဘူးလား၊ ယဲ့ရှီဝမ်က ဟန်ကျားလင်ကို လက်ဆောင်အတွက် ကျေးဇူးတင်နေတာ၊ ဒါပေမဲ့ ဒီကားကို ရှချန်းချန်းက မောင်းလာတာ]

[ကားက ရှချန်းချန်း ရဲ့ ကားလား]

[ဟားဟားဟား၊ တခြားသူတွေအတွက် ရှက်မိပြန်ပြီ၊ ယဲ့ရှီဝမ်ကို ပုံထဲ ထည့်တာက အရမ်း ရှက်စရာကောင်းလို့ လင်းယွီဗီလာတစ်ခုလုံးကိုတောင် ဖျက်လိုက်လို့ရတယ်]

ယဲ့ရှီဝမ်၏ မျက်နှာသည် အလွန် ရုပ်ဆိုးနေသည်။ ရှချန်းချန်း ကားပေါ်မှ ဆင်းလိုက်သည့် အချိန်တွင် သူမက ဧည့်သည်များအားလုံး သူမကို ကြည့်နေကြပြီး သူမ၏ မျက်နှာကို ဖြတ်ရိုက်နေသည်ဟု ခံစားရသည်။

သူမဘေးနားမှ ဟန်ကျားလင် ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ဒါက ဟန်ကျားလင် လက်ဆောင်ပေးတာ မဟုတ်ပဲနဲ့၊ သူ ဘာလို့ စောစောက မပြောခဲ့တာလဲ။

ငါ့ရဲ့ မွေးနေ့ပါတီမှာ ဒီလောက် အရှက်ကွဲအောင် လုပ်နေတာ။

သို့သော် လူတိုင်း၏ အာရုံစိုက်မှုသည် ဇိမ်ခံကားပေါ်တွင်သာမက၊ ရှချန်းချန်း၏ အနက်ရောင် sequined ဂါဝန်တိုပေါ်တွင်လည်း ရှိနေခဲ့ပြီး ၎င်းသည် ယဲ့ရှီဝမ် ဝတ်ဆင်ထားသော ဂါဝန်နှင့် အတိအကျတူနေသည်။

[H ရဲ့ နွေရာသီ အဝတ်အစားအသစ်၊ တစ်ထည်ပဲ ထုတ်လုပ်ခဲ့တယ်လို့ ပြောတယ်မလား]

[Fuck၊ ဒါက တစ်ယောက်ယောက်က အဆင့်မြင့်အတု ဝတ်ဆင်ထားတယ်လို့ ဆိုလိုတာမလား]

[ရှင်းနေတာပဲမလား၊ ရှချန်းချန်း က အဆင့်မြင့်အတု ဝတ်ထားတာကပဲ ဖြစ်ရမယ်၊ ငါတို့ ဝမ်ဝမ်က ပထမတန်း မင်းသမီးတစ်ယောက်လေ၊ ပြီးတော့ သူက ရှမိသားစုရဲ့ သမီး၊ သူ အဆင့်မြင့်အတု ဝတ်ဖို့ လိုအပ်လို့လား]

[ဟုတ်တယ်၊ ရှချန်းချန်းက ယောက်ျားတွေကို အားကိုးပြီး ထိပ်ကို ရောက်လာတဲ့ မိန်းမယုတ်တစ်ယောက်ပဲ၊ ဒါကြောင့် သူက အဆင့်မြင့်အတုတွေပဲ ဝတ်နိုင်တာ]

[ယဲ့ရှီဝမ်ရဲ့ ပရိသတ်တွေ ဦးနှောက်နည်းနည်း ရှိလို့ရလား၊ Koenigsegg One မောင်းတဲ့သူတွေက အဆင့်မြင့်အတု ဝတ်ဦးမှာလား]

[ဘယ်သူ သိမလဲ၊ သူ့ကားကလည်း စပွန်ဆာက ပိုင်တာ ဖြစ်နိုင်တယ်]

ယဲ့ရှီဝမ်သည် သူမ၏ မျက်နှာပေါ်မှ အမူအရာကို ထိန်းချုပ်ပြီး စိုးရိမ်ဟန်ဆောင်ကာ ပြောသည်။

"ချန်းချန်း၊ ဒီလို ကြီးမားတဲ့ ကိစ္စဖြစ်ပြီးတာတောင် နင် ဘယ်လိုလုပ် အပြင်ထွက်လာရတာလဲ၊ တစ်ယောက်ယောက် မြင်သွားရင်... ဘယ်လောက်၊ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ "

ရှချန်းချန်းက Koenigsegg One ကားကို မှီလိုက်ပြီး လက်နှစ်ဖက်ကို ပိုက်ကာ ယဲ့ရှီဝမကို ပျော်ရွှင်စွာကြည့်ရင်း ပြောသည်။

"ငါက ခံရသူပါ၊ ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး၊ ဘာလို့ ရှက်ရမှာလဲ၊ ကောလဟာလတွေ ဖြန့်ပြီး ငါ့ကို မတရားစွပ်စွဲတဲ့ လူသတ်သမားက ရှက်ရမှာ မဟုတ်ဘူးလား”

သူမ ပြောပြီးနောက် ယဲ့ရှီဝမ်ကိုလည်း လှမ်းကြည့်လိုက်သည်။

[ရှချန်းချန်းက ဘာလို့ ယဲ့ရှီဝမ်ကို ကြည့်တာလဲ]

[သူက ဗီဒီယိုကို ယဲ့ရှီဝမ်က ပေါက်ကြားခဲ့တယ်လို့ ထင်နေတာလား]

[တကယ်လား၊ မဖြစ်နိုင်ဘူး၊ ဟားဟားဟား၊ ငါထင်တာတော့ ဒီ ချမ်းသာတဲ့ မိသားစုက အတုအယောင်ညီအစ်မနှစ်ယောက်က တကယ်ပဲ အချိန်တိုင်း တိုက်ခိုက်နေကြတာပဲ]

[ကျေးဇူးပြုပြီး အပေါ်က အဓိပ္ပါယ်မရှိတဲ့ စကားတွေ ရပ်လိုက်ပါ၊ ငါတို့ ဝမ်ဝမ် က အရင်က ရှချန်းချန်းရဲ့ အနုတ်သတင်းတွေကို ဖျက်ဖို့တောင် ပိုက်ဆံပေးခဲ့တာ၊ သူ ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး]

ယဲ့ရှီဝမ်သည် သူမပတ်ဝန်းကျင်မှ ဧည့်သည်များ တီးတိုးပြောဆိုနေသည်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သို့သော် သူမသည် သူမအတွင်းစိတ်မှ စိုးရိမ်မှုများကို ဖိနှိပ်ပြီး နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ဟန်ဆောင်ရန် ကြိုးစားနေဆဲဖြစ်သည်။

"ချန်းချန်း၊ နင် အရှုပ်တော်ပုံကို ကျဲ ဖော်ထုတ်တယ်လို့ သံသယရှိပြီးတော့ ကျဲမွေးနေ့ပါတီကို ဖျက်ဆီးချင်တာ ကျဲသိတယ်၊ ဒါပေမဲ့ ဒီကိစ္စက ကျဲနဲ့ ဘာမှ မဆိုင်ဘူး၊ ကျဲက နင့်ရဲ့ကျဲပါ၊ ကျဲ ဘယ်လိုလုပ် နင့်ကို ထိခိုက်စေရမှာလဲ၊ ကျဲပြော စကားနားထောင်နော်၊ နောက်မှ မိဘတွေကို တောင်းပန်လိုက်၊ သူတို့က နင့်ကို သေချာပေါက် ခွင့်လွှတ်ပေးလိမ့်မယ်"

ရှချန်းချန်းက အေးစက်စွာပြုံးသည်။ သူမ၏ အပြုံးသည် ချစ်စဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသည်။

"ယဲ့ရှီဝမ်၊ နင်က သတင်းကို ဖော်ထုတ်တာလို့ ငါ မပြောခဲ့ဘူး၊ ဘာလို့ ဒီလောက် စိုးရိမ် နေတာလဲ၊ အဲဒါအပြင်၊ ငါ နင့်မွေးနေ့ပါတီကို ဖျက်ဆီးဖို့ လာတယ်လို့ ဘယ်သူပြောလဲ"

ယဲ့ရှီဝမ်၏ မျက်စံများက ရုတ်တရက် ကျုံ့သွားပြီး မကောင်းသော အကြိုခံစားမှုတစ်ခုက သူမ၏ စိတ်နှလုံးထဲသို့ ရောက်လာသည်။

“ဒါဆို နင် ဘာလာလုပ်တာလဲ”

ရှချန်းချန်း က လှောင်ပြောင်လိုက်ပြီး သူမ၏ လက်ကိုင်ဖုန်းမှ တိုက်ရိုက်ထုတ်လွှင့်မှုခန်းကို ဖွင့်ကာ ကင်မရာကို ယဲ့ရှီဝမ်နောာက်မှ လင်းယွီရှူသို့ ရွယ်လိုက်သည်။

သူမသည် ယဲ့ရှီဝမ်ကို ကြည့်ရင်း မျက်ခုံးပင့်ကာ ပြုံးသည်။

"ဒီနေ့ ကျွန်မ ဒီမှာ အိမ်တစ်လုံးကို တိုက်ရိုက်ရောင်းချဖို့ လာတာပါ၊ ကျွန်မ ရောင်းချနေတာကတော့ အနောက်က လင်ယွီရှူပါပဲ”

အခမ်းအနား၌ ရှိနေကြသူများအားလုံး အံ့အားသင့်သွားကြသည်။

သူများရဲ့ မွေးနေ့ပွဲမှာ အိမ်တစ်လုံးကို တိုက်ရိုက်ရောင်းချနေတာလား။

"ရှချန်းချန်း၊ နင် နောက်နေတာလား"

လုယန်ရန်က ပထမဆုံး ထွက်လာပြီး ပြောသည်။

"လင်းယွီရှူကို ဦးလေးရှက ဝမ်ဝမ်ကို လက်ဆောင်ပေးထားတာ၊ နင်က ဘာအကြောင်းပြချက်နဲ့ လေလံပစ်ရတာလဲ”

"တကယ်လား"

ရှချန်းချန်း ပြုံးလိုက်သည်။

“ဒါဆို လင်ယွီရှူရဲ့ အိမ်ခြံမြေ လက်မှတ်နင့်မှာ ရှိလား”

ယဲ့ရှီဝမ် ထိတ်လန့်သွားပြီး လက်ထဲရှိ ကားသော့များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ငါ ဘယ်လိုလုပ် အိမ်ခြံမြေ လက်မှတ် ရှိမှာလဲ။ လင်းယွီရှူရဲ့ အိမ်ခြံမြေ လက်မှတ်မှာ ရှပိုင်လုနာမည် ပါနေသေးတာလေ၊ ရှာယုံဒယ်ကတောင် ယာယီ စီမံခန့်ခွဲသူပဲ ရှိသေးတာ။

ယဲ့ရှီဝမ်က ဝိုးတဝါးသာ ပြောနိုင်ခဲ့သည်။

"ငါ...ငါ ယူလာဖို့ မေ့သွားတယ်..."

ရှချန်းချန်းက လက်ခုပ်တီးလိုက်ရာ Koenigsegg One ၏ တွဲဖက်ယာဉ်မောင်းထိုင်ခုံမှ ဝတ်စုံ suitဝတ်ထားပြီး ရွှေရောင် မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ဦး ဆင်းလာသည်။ သူမ၏ နာမည်က ချန်ချင်းဖြစ်ပြီး ရှဲ့အဖွဲ့၏ ဥပဒေအကြံပေးဖြစ်သည်။ မထွက်ခွာမီ ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းထံမှ သူမကို ငှားရမ်းခဲ့သည်။ ရှချန်းချန်းနောက်ရှိ Koenigsegg One ကားကိုလည်း ရှဲ့ကျစ်ရှင်းထံမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

ရှဲ့ကျစ်ရှင်းက အတော်လေး အသုံးဝင်သော ခင်ပွန်းတစ်ယောက် ဖြစ်သည်ဟု ဆိုရမည်။

ချန်ချင်းသည် သူ၏ မျက်မှန်များကို တင်လိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။

"ကျွန်မက ရှချန်းချန်း ရဲ့ ရှေ့နေချန်ချင်းပါ၊ ဒါက ရှပိုင်လုရဲ့ သေတမ်းစာပါ”

ချန်ချင်းက သေတမ်းစာ စာရွက်ကို ဖွင့်ပြသည်။

"ဒီ သေတမ်းစာမှာ ဖော်ပြထားတာက ရှပိုင်လုသေဆုံးပြီးနောက်မှာ သူမရဲ့ အမွေအားလုံးက သူမရဲ့ တစ်ဦးတည်းသော သမီး ရှချန်းချန်းက ပိုင်ဆိုင်တယ်လို့ ဖော်ပြထားပါတယ်”

ထို့နောက် ချန်ချင်းက အိမ်ခြံမြေ လက်မှတ်ကို ဖွင့်ပြခဲ့သည်။

"ဒါကတော့ လင်းယွီရှူရဲ့ အိမ်ခြံမြေ လက်မှတ်ဖြစ်ပြီးတော့ လင်းယွီရှူရဲ့ ပိုင်ရှင်က မစ္စရှာပိုင်လု ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်၊ အခုတော့ မစ္စရှပိုင်လုက ကွယ်လွန်သွားပြီဖြစ်လို့ လင်းယွီရှူရဲ့ အမွေခံက ကျွန်မရဲ့ client ဖြစ်တဲ့ ရှချန်းချန်း ဖြစ်မှာပါ”

"ကျွန်မတို့ လိုအပ်တဲ့အတိုင်း အိမ်ရာအာဏာပိုင်အဖွဲ့မှာ အမွေ ဆိုင်ရာ မှတ်ပုံတင်ကြေး ပေးပြီးပါပြီ၊ အခု ရှချန်းချန်းက လင်းယွီရှူကို ရောင်းချတာက ကျိုးကြောင်းဆီလျော် ပါတယ်"

ဧည့်သည်များအားလုံး မျက်လုံးများ ဝိုင်းသွားကြရသည်။

လင်းယွီဗီလာရဲ့ တကယ့် ပိုင်ရှင်က တကယ်တော့ ရှချန်းချန်းလား။ ဒါဆို ဘာလို့ ယဲ့ရှီဝမက မျက်နှာသာပေးခံရတဲ့ ချမ်းသာတဲ့ မိန်းကလေးလို ဟန်ဆောင်နေသေးတာလဲ။

တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲရှိ အင်တာနက်သုံးစွဲသူများလည်း လှည့်ကွက်ကို သဘောပေါက်သွားကြသည်။

[ဒါဆို... ယဲ့ရှီဝမ် ဒီနေ့တစ်နေ့လုံး ကြွားလုံးထုတ်နေတဲ့ ဗီလာက တကယ်တော့ ရှချန်းချန်း ဟာလား]

[အဓိက အချက်က သူက ရှာယုံဒယ်က သူ့ကို ပေးတာလို့ ပြောခဲ့တာ၊ ရှာယုံဒယ်က ဘယ်လိုလုပ် ဘယ်လိုလုပ် လုပ်ရဲတာလဲ၊ ဒါက သူ့ကွယ်လွန်သူ ဇနီးရဲ့ ဗီလာဆိုတာ ရှင်းနေတာပဲကို]

[မယားပါသမီးက တရားဝင်သမီးရဲ့ ပစ္စည်းကို သိမ်းပိုက်တာလား၊ သန်း ၁၀၀ တန်တဲ့ ဗီလာနော်၊ ဒါက ရာဇဝတ်မှုလို့ မသတ်မှတ်သင့်ဘူးလား]

[ယဲ့ရှီဝမ်က ဘာလဲ၊ ရှမိသားစုရဲ့ သမီးလေ၊ သူ ရှချန်းချန်းရဲ့ ဗီလာကိုတောင် ကြွားလုံးထုတ်ဖို့ သုံးသေးတယ်၊ သူ တကယ် အရှက်မရှိဘူး]

[မဟုတ်ဘူး၊ လူတိုင်း အရမ်း buggy ဖြစ်တဲ့အချက်ကို မတွေ့ဘူးလား၊ ရှချန်းချန်းမှာ Koenigsegg One နဲ့ လင်းယွီဗီလာရှိတယ်၊ ဒီလောက် ချမ်းသာနေတာကို ဘာလို့ စပွန်ဆာ ရှာရတာလဲ၊ ပြီးတော့ ဘာပါလိမ့်၊ ပိုက်ဆံအတွက် ကိုယ့်ကိုယ်ကို စပွန်ဆာဆီကို ရောင်းစာရတယ်... သူ့ စပွန်ဆာက သူ့ထက် ပိုချမ်းသာနိုင်ပါ့မလား]

[မဟုတ်ဘူး၊ အဲဒီခေတ်တုန်းက လင်းယွီဗီလာကို ဝယ်နိုင်တဲ့သူတွေက ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေပဲလို့ ပြောတယ်၊ Koenigsegg One ကတော့ ပြောစရာမလိုပါဘူး၊ ကမ္ဘာပေါ်မှာ ခြောက်စီးပဲ ရှိတယ်၊ ဒါက ကမ္ဘာ့အဆင့်မီ ချမ်းသာတဲ့သူပဲ]

ယဲ့ရှီဝမ်သည် သူမပတ်ဝန်းကျင်မှ လူများ၏ တီးတိုးပြောဆိုသံများကို သတိထားမိပြီး သူမ၏ မျက်နှာသည် ရှက်ရွံ့ကာ ရှုပ်ထွေးနေသည်။

"ရှချန်းချန်း၊ ဒီလင်းယွီဗီလာကို... နင်၊ နင် ရောင်းလို့ မရဘူး၊ နင်၊ နင် အသက် ၂၅ နှစ်ရောက်မှ ဒါတွေအားလုံးကို အမွေခံနိုင်မှာ၊ ဒီဗီလာက အခု နင့်ဟာ မဟုတ်သေးဘူး”

ချန်ချင်းက ရှေ့တိုးလာပြီး ရှင်းပြသည်။

“မစ္စရှပိုင်လုရဲ့ သေတမ်းစာမှာ ရှချန်းချန်းက အသက် ၂၅ နှစ်ရောက်မှ ရှမိသားစုကို အမွေခံနိုင်မယ်လို့ ပြဌာန်းထားပါတယ်၊ ဒီနေရာမှာ ရှမိသားစုဆိုတာက သူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှ ကို အဓိက ကိုယ်ထည်အဖြစ်ထားတဲ့ ရှအဖွဲ့စည်းပါ၊ ရှယ်ယာ ၃၀% ကို မစ္စရှပိုင်လုက ပိုင်ဆိုင်ပြီး ဒီပစ္စည်းအပိုင်းကို ရှချန်းချန်း ရဲ့ ဖခင် ရှာယုံဒယ်က ယာယီ စီမံခန့်ခွဲထားပါတယ်၊ ရှချန်းချန်း အသက် ၂၅ နှစ် ပြည့်တဲ့အခါ သူ့ကို ပြန်ပေးရမှာပါ”

"နောက်တစ်ပိုင်းကတော့ မစ္စရှပိုင်လုရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ရွှေ၊ လက်ဝတ်ရတနာ၊ အိမ်ခြံမြေ ၊ ဆိုင် စတာတွေ ပါဝင်ပါတယ်၊ လင်းယွီဗီလာကလည်း အဲ့ဒီအထဲက တစ်ခုပါ၊ ဒီအပိုင်းကိုလည်း ရှာယုံဒယ်က ယာယီ စီမံခန့်ခွဲခဲ့တာပါ၊ ဒါပေမဲ့ ဒီအပိုင်းကို ရှချန်းချန်း အရွယ်ရောက်ပြီးရင် ရှာယုံဒယ်က ပြန်ပေးရမှာပါ ဒါပေမဲ့..."

ချန်ချင်းက အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။

"သူ ဘယ်တော့မှ ပြန်မပေးခဲ့ဘူး"

ရှချန်းချန်းသည် Koenigsegg One ၏ အဖုံးပေါ်တွင် မှီနေခဲ့သည်။ ဤအချိန်တွင် သူမသည် နောက်ဆုံးတွင် မတ်တတ်ရပ်ပြီး သူမပတ်ဝန်းကျင်ရှိ လူငယ် သခင်လေးများနှင့် သမီး များကို ကြည့်လိုက်သည်။

"တကယ်တော့ ကျွန်မ အိမ်ကို ရောင်းဖို့ မလောပါဘူး ဒါပေမဲ့ မကြာသေးခင်က အင်တာနက်ပေါ်မှာ တစ်ယောက်ယောက်က ကျွန်မ ပိုက်ဆံမရှိလို့ သူဌေးကြီးရဲ့ အိပ်ရာပေါ် တက်ရောက်ခဲ့တယ်လို့ ပြောခဲ့တယ်၊ ဒါက ကျွန်မရဲ့ ငွေကြေး အရင်းအမြစ်ကို စော်ကား တာဖြစ်ပြီးတော့ ရှမိသားစုရဲ့ တကယ့် အမွေခံဖြစ်တဲ့ ကျွန်မကို မေးခွန်းထုတ်တာလို့ ကျွန်မ ထင်တယ်၊ ဒါကြောင့် ကျွန်မ ပိုက်ဆံရှာဖို့ ကိုယ့်ကိုယ်ကို ရောင်းစားဖို့ မလိုဘူးဆိုတာ သက်သေပြဖို့ ဒီည သေးငယ်တဲ့ ပန်းတိုင်တစ်ခု လိုတယ်”

သူမသည် လင်းယွီဗီလာရှေ့ရှိ ယဲ့ရှီဝမ်ကို မော့ကြည့်ပြီး ညင်သာစွာမေးသည်။

“ကျွန်မရဲ့ ချစ်လှစွာသော မယားငယ်သမီး ကျွန်မပြောတာ မှန်ရဲ့လား"

ယဲ့ရှီဝမ်၏ ပခုံးများက မတုန်ဘဲ မနေနိုင်တော့ပေ။ ဤအချိန်တွင် ရှချန်းချန်းက မလောတော့ဘဲ သူမ၏ လေသံက တည်ငြိမ်နေသည်။ သို့သော် သူမ ပြောသော စကားတိုင်းသည် ဆူးပါသော လက်တစ်ချောင်းကဲ့သို့ သူမ၏ မျက်နှာကို ဖြတ်ရိုက်နေသည်။

ရှာယုံဒယ်က ရှပိုင်လုရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ရှင်းရှင်းလင်းလင်း ဖုံးကွယ်ထားခဲ့တာလေ၊ ငါ ဘယ်လိုလုပ် သိမှာလဲ၊ သူက အနက်ရောင် sequined ဂါဝန်ဝတ်ပြီး Koenigsegg One ကားကို မောင်းလာတာ၊ ဒါက ငါ့မျက်နှာကို ဖြတ်ရိုက်နေတာ မဟုတ်ဘူးလား။

သူမက ဤလောက် မသမမာဖြစ်နေသော်လည်း အလွန် အေးဆေးပြီး တည်ငြိမ်နေသည်။ ပြီးနောက် သူမကို အရှက်ရစေသောအင်တာနက်ပေါ်ရှိ ဗီဒီယိုများကို ဖျက်ပစ်ဖို့ပင် မလိုအပ်ပေ။ အဘယ်ကြော်င့်ဆိုသော် သူက ဤသို့ ယုံကြည်မှုအပြည့်ဖြင့် ပေါ်လသောအခါ ဗီဒီယိုထဲက အဆီချွဲနေသည့် ယောက်ျားအောက်တွင် ရှိနေသည့် အမျိုးသမီးက သူမ ဖြစ်သည်က်ု မည်သူမှ ယုံမည် မဟုတ်ကြောင်း သူ သိသည်။

အရှုပ်တော်ပုံ၏ ပူနွေးမှုကို ပျောက်ကွယ်သွားစေချင်လျှင် ရှင်းလင်းချက်က အသုံးမဝင်ပေ။ လူတိုင်းက ပေါက်ကွဲဖွယ်ရာ သတင်းများကိုသာ စိတ်ဝင်စားပြီး နာကျင်မှုမရှိသည့် အမှန်တရားမျိုးကို ရှင်းလင်းသည်ကို ဂရုမစိုက်ပေ။ ဤသည်က လူတစ်ယောက်၏ ကောလဟာလများ ပေါ်လာသောအခါ သူ ရှင်းလင်းလျှင်ပင် အချို့လူများက အမှန်တရားကို သိကြလိမ့်မည်ပင်။ အချို့မူကား ကောလဟာလများကိုသာ သိကြလိမ့်မည်ဖြစ်သည်။

အကောင်းဆုံး နည်းလမ်းကတော့ မူရင်းသတင်းကို ပိုပြီး ပေါက်ကွဲဖွယ်ရာ သတင်းနဲ့ ဖုံးကွယ်လိုက်တာပဲ။

ယဲ့ရှီဝမ် နားလည်သည်။ ရှချန်းချန်း သည်လည်း နားလည်သည်။ ယဲ့ရှီဝမ်၏ မွေးနေ့ပွဲကို ဖျက်ဆီးမည့် လှည့်ကွက်ကို အသုံးပြုခြင်း၊ Koenigsegg One ကားကို မောင်းလာခြင်း၊ H-brand ၏ စစ်မှန်သော အနက်ရောင် sequined ဂါဝန်တိုကို ဝတ်ဆင်ခြင်း၊ နှင့် သန်း ၁၀၀ တန်ဖိုးရှိ ဇိမ်ခံဗီလာကို တိုက်ရိုက်ရောင်းချခြင်း။

ဒါဟာ ချမ်းသာကြွယ်ဝမှုကို တိုက်ရိုက်ကြွားဝါနေတာပဲမလား။ ဒီထက် ပိုကောင်းတဲ့ ရှင်းလင်းချက် ရှိပါဦးမလား။

[နောက်မှ ပြန်တွေးကြည့်တော့ ဗီဒီယိုထဲက အမျိုးသမီးက ရှချန်းချန်းမဟုတ်ဘူးလို့ ထင်မိတယ်၊ ကောင်မလေးက ပိန်ပြီးသော နုနယ်နေတာ၊ ဝါဂွမ်းစလိုပဲ၊ ရှချန်းချန်း ဒီနေ့ ဘာဝတ်ထားလဲ ကြည့်လိုက်ပါဦး၊ သူက ပိန်ပေမဲ့ မနုနယ်ဘူး၊ သူက ကွေးကောက်တဲ့ ကိုယ်လုံးရှိတယ် သူ့ကိုယ်လုံးက တကယ် အံ့ဩစရာပဲ]

[ဟားဟားဟား၊ ရှချန်းချန်းက နတ်သမီးမျက်နှာနဲ့ နတ်ဆိုးကိုယ်လုံးကြောင့် ဖျော်ဖြေရေးလောကထဲကို အစက ဝင်ခဲ့တာ၊ သူ့မျက်နှာက ချစ်စရာကောင်းတယ်၊ ဒါပေမဲ့ ပိန်ပြီး ကိုယ်လုံးလှဖို့က တကယ် ခက်တယ်]

[ပြီးတော့ ရှချန်းချန်းက ၁.၇၅ မီတာ အမြင့်ရှိတယ်၊ အရပ်ရှည်ပြီး တော်ဝင်ဆန်တယ် ဗီဒီယိုထဲက ကောင်မလေးက ၁.၇ မီတာလောက်ပဲ ရှိမယ်ထင်တယ်]

[ဘယ်သူက ဒီလောက် ရွံရှာစရာကောင်းတာလဲ၊ ဒီလို ဗီဒီယိုကို သုံးပြီး အမျိုးသမီးကြယ်ပွင့်တစ်ယောက်အကြောင်း ကောလဟာလ ဖြန့်ရတာလဲ၊ ဒါက အရမ်း လွန်လွန်းတယ်]

[ဟုတ်တယ်၊ ရှချန်းချန်းက တကယ် ချမ်းသာတာ မဟုတ်ဘူးဆိုရင်တော့ သူ ဒီလိုမျိုး အသရေဖျက်ခံရပြီး သူ့ဘဝတစ်လျှောက်လုံး နေရလိမ့်မယ်]

[ဘယ်သူလဲဆိုတာ ရှင်းနေတာပဲမလား၊ အကျိုးအမြတ်ရတဲ့သူက ကျူးလွန်သူပဲ၊ စဉ်းစားကြည့်… ဒီနေ့ လိင်အရှုပ်တော်ပုံမပေါ်ခင် လူတိုင်း ဘာစားနေကြတာလဲ]

[ယဲ့ရှီဝမ် ကို ထန်တရားရုံးကနေ ကန်ထုတ်လိုက်တာလား၊ Fuck၊ ဒီလောက် ပြင်းထန်တာလား၊ ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ ရှချန်းချန်းကို ဒီလိုမျိုး အသရေဖျက်ရတာလား]

[အပေါ်ကလူ၊ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ရပ်လိုက်ပါ၊ ငါတို့ ဝမ်ဝမ် က လုပ်တာလို့ ပြောဖို့ နင် ဘာသက်သေရှိလဲ၊ ငါတို့ ဝမ်ဝမ်က ဒါကို လုပ်ဖို့ လိုလို့လား]

[လိုတာပေါ့၊ ရှချန်းချန်းက သူ့အမေရဲ့ သေတမ်းစာကို မသိဘူးဆိုရင် ယဲ့ရှီဝမ်က ရှမိသားစု ရဲ့ အရာအားလုံးကို သိမ်းပိုက်တော့မှာ မဟုတ်ဘူးလား]

[စီးမားကျောင်း ရဲ့ ရည်ရွယ်ချက်]

…..

ရှချန်းချန်း လင်းယွီရှူတွင် ပေါ်လာပြီး မိနစ်အနည်းငယ်အတွင်း:

#ရှချန်းချန်းချမ်းသာကြွယ်ဝမှုကို ကြွားဝါ #

#ရှချန်းချန်းက ရှမိသားစုရဲ့ အမွေခံ #

#ရှချန်းချန်း Koenigsegg One #

#ယဲ့ရှီဝမ် ငှက်ကျားအသိုက်ကို သိမ်းပိုက် #

#ယဲ့ရှီဝမ်က ရှချန်းချန်းအကြောင်း ကောလဟာလ ဖြန့် #

စသည်များသည် လျင်မြန်စွာလူကြိုက်များသော ရှာဖွေမှုများဖြစ်လာခဲ့သည်။

ရှချန်းချန်း၏ စပွန်ဆာအကြောင်း ဆွေးနွေးမှု၏ အပူချိန်မလျော့သေးမီတွင် အင်တာနက်ပေါ်တွင် အပြင်းအထန် ပေါက်ကွဲခဲ့သည်။

တစ်ချိန်တည်းမှာပင် H မိသားစု ၏ တရားဝင် Weibo အကောင့်သည် ရှချန်းချန်း၏ အနက်ရောင် sequined ဂါဝန် ကို ကြေညာပြီး ရှချန်းချန်းသည် အမျိုးသမီးတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ နှင့် နူးညံ့သော အလှကို အပြည့်အဝ ဝတ်ဆင်နိုင်သည်ဟု ချီးကျူးခဲ့သည်။

တစ်ချိန်တည်းမှာပင် တရားဝင် Weibo အကောင့်သည် လှောင်ပြောင်သော လေသံ ဖြင့် ဤဂါဝန်သည် ကမ္ဘာပေါ်တွင် တစ်ထည်သာ ကန့်သတ်ထုတ်လုပ်ထားကြောင်း၊ ထို့ကြောင့် အတုအယောင်သမီးတစ်ဦးသည် သူမ၏ အဆင့်ကို ကျော်လွန်ပြီး ပြဿနာ မရှာသင့်ကြောင်း ပြောခဲ့သည်။

အခြားတစ်ဖက်တွင် D မိသားစု ၏ တရားဝင် Weibo အကောင့်သည်လည်း ရှချန်းချန်းနေ့ဘက်တွင် ထန်အေောက်အအုံ၌ ဝတ်ဆင်ခဲ့သော အားကစားဝတ်စုံကို ကြေညာကာ မကျေမနပ်နှင့် ပြောသည်။

"ကျွန်မတို့ရဲ့ လိုဂိုက ထင်ရှားမှု မရှိပေမယ့် ကျွန်မတို့လည်း မိသားစုရှိသည်၊ ဒီဝတ်စုံက အဓိကအားဖြင့် သက်သောင့်သက်သာရှိပြီးတော့ ပါးလွှာပါတယ်၊ ရှချန်းချန်း ဝတ်တဲာက အရမ်းကြည့်ကောင်းတယ်"

ထို့နောက် D မိသားစု သည် ဝတ်စုံ၏ စျေးနှုန်းကိုလည်း ပြသခဲ့ရာ ခြောက်ဂဏန်းဖြစ်ပြီး အံ့မခန်းဖြစ်ခဲ့သည်။

[မျက်နှာကို ဖြတ်ရိုက်တာက မထင်မှတ်ဘဲ ရောက်လာတာပဲ]

[ယဲ့ရှီဝမ်က အဆင့်မြင့်အတုယောင် ဝတ်ဆင်တာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ သူက တခြားသူတွေရဲ့ ဗီလာကိုလည်း သိမ်းပိုက်သေးတယ်၊ ရိုက်]

[သူပက ရှချန်းချန်းကို ရှမိသားစုကနေ မောင်းထုတ်ချင်သေးတာ! ရှချန်းချန်း ဘယ်လို အပြစ်ကျူးလွန်လို့ ဒီလိုမျိုး မယားပါသမီးနဲ့ တွေ့ရတာလဲ]

[သူက တကယ် ပိုက်ဆံလုဖို့ လာတာလေ၊ ကိုယ့်အားကိုယ်ကိုးပြီး ပိုက်ဆံရှာတာ ပိုမကောင်းဘူးလား]

….

ယနေ့အင်တာနက်၏ မြေဆီလွှာက မြေဩဇာရှိနေသည်။

ဖရဲသီးစားနေသူများက များစွာ ရှိသည်။

အလိမ်ဖော်ထုတ်သူကလည်း ဘယ်လိုလုပ် အလွတ်အေးမှာတုန်း။

လူတိုင်း ပျော်ရွှင်စွာ စကားပြောနေကြစဉ်တွင် စနစ်က ရှချန်းချန်း၏ ညွှန်ကြားချက်အရ Lie Crusher အကောင့်ကို သုံးပြီး ရှမိသားစု၏ သမိုင်းကို ဖော်ထုတ်လိုက်သည်။

ထိုအထဲတွင် ရှမိသားစုတွင် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့သည့် "မွေးစားခွင့်ပြုချက် ဖောင်" တစ်ခု ရှိနေခဲ့သည်။

ထိုဖောင်တွင် ရှယုံဒယ်သည် ရှမိသားစု၏ အဖွဲ့ဝင်မဟုတ်ဘဲ၊ ရှမိသားစုမှ မွေးစားထားသော ကလေးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ရှမိသားစုထဲသို့ ဝင်ရောက်ပြီးနောက် ရှယုံဒယ်သည် သူ့ အမည်ရင်းကို ပြောင်းလဲကာ ရှမိသားစု၏ အမည်ရင်းကို ယူခဲ့သည်။ ထို့နောက် သူက ရှမိသားစု၏ စစ်မှန်သော အမွေခံ ရှပိုင်လုနှင့် လက်ထပ်ခဲ့သည်။

ရှပိုင်လု ကွယ်လွန်ခဲ့သည်က ဆယ့်သုံးနှစ် ရှိပြီပင်။ ဤနှစ်များအတွင်း ရှယုံဒယ်က ရှမိသားစု ကို ဦးဆောင်ခဲ့သည်။ သူ့ အမည်ရင်းက ရှဖြစ်သောကြောင့် သူ့ကို အမြဲတစေ ဥက္ကဋ္ဌရှ ဟုာခေါ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက ရှယုံဒယ် တကယ်ပင် ရှမိသားစု၏ အဖွဲ့ဝင်ဟု ထင်ခဲ့ကြသည်။

သို့သော် အလိမ်ဖော်ထုတ်သူက ရှယုံဒယ်က သားမက်သာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ ယနေ့အထိ သူ၏ ဥက္ကဋ္ဌ ခန့်အပ်စာတွင် "ယာယီဥက္ကဋ္ဌ " ဆိုသည့် ခေါင်းစဉ် ပါနေဆဲပင်။

"ရှချန်းချန်းကို ရှမိသားစုကနေ ကန်ထုတ်လိုက်ပြီး ရှယုံဒယ်က သူတို့ ဖခင်-သမီး ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တယ်လို့ ပြောခဲ့တယ်၊ သူက ရှမိသားစုရဲ့ သမီး မဟုတ်တော့ဘူးလား”

အလိမ်ဖော်ထုတ်သူက နောက်ဆုံး စာကြောင်းတွင် ရေးခဲ့သည်။

"မဟုတ်ဘူး၊ သူ့ရဲ့ ရှကသာ စစ်မှန်တဲ့ ရှမိသားစုကို ကိုယ်စားပြုတယ်၊ သူက ရှမိသားစုရဲ့ တစ်ဦးတည်းသော၊ စစ်မှန်တဲ့ အမွေခံ ပဲ!"

အလိမ်ဖော်ထုတ်သူက ပို့စ် တင်ပြီး နာရီဝက်အကြာတွင် အင်တာနက်ပေါ်၌ ယဲ့ရှီဝမ်နှင့် ရှာယုံဒယ်ကို လှောင်ပြောင်ခြင်းများ ပေါ်ပေါက်လာခဲ့သည်။ မူလက ယဲ့ရှီဝမ် ၏ "သမီး" စရိုက်ကို သဘောကျခဲ့သည့် ပရိသတ်များက သူ့ကို unfollow လုပ်ရန် ရွေးချယ်ခဲ့ကြသည်။ ယဲ့ရှီဝမ်၏ မူရင်းပရိသတ်အများအပြားကပင် သူ၏ ငှက်ကျားအသိုက်ထဲ ဝင်နေသည့် cuckoo အပေါ် မကျေနပ်ခဲ့ကြပေ။

ယဲ့ရှီဝမ်၏ မူရင်း Weibo ပရိသတ်အရေအတွက် ၃၀ သန်းကျော်က ကြောက်မက်ဖွယ်ကောင်းသည့် အရေအတွက်နှင့် ကြမ်းတမ်းစွာ ကျဆင်းနေခဲ့သည်။

ရှချန်းချန်းက ဤည အရာအားလုံး ပြီးဆုံးတော့မည်ဟု မူလက ထင်ခဲ့သည်။ သူမ ဤည အိမ်ကို တိုက်ရိုက်ရောင်းချသည်က ချမ်းသာကြွယ်ဝမှုကို ပြသပြီး အရာများကို ရှင်းလင်း ရန်သာ ဖြစ်သည်။

သန်း ၁၀၀ တန်တဲ့ ဗီလာ တစ်လုံးကို မင်း ရောင်းချင်တာနဲ့ပဲ ရောင်းလို့ရပါ့မလား။

သို့သော် အလိမ်ဖော်ထုတ်သူက ရှယုံဒယ်က သားမက် ဖြစ်ကြောင်း ဖော်ထုတ်နေစဉ်တွင် တကယ်ပင် တစ်ယောက်ယောက်က ရှချန်းချန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုခန်း၌ လင်းယွီ ဗီလာကို သန်း ၁၀၀ ပေးပြီး ဝယ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

လူတိုင်း : !!!

ဒီတစ်ကြိမ်တော့ ယဲ့ရှီဝမ်ရဲ့ မျက်နှာကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်တာပဲ။

[ဟားဟားဟား၊ လင်းယွီ ဗီလာကို ရှချန်းချန်း က တကယ် ရောင်းခဲ့တာပဲ]

[ဒါက ယဲ့ရှီဝမ်က လင်းယွီ ဗီလာရဲ့ ပိုင်ရှင် မဟုတ်ဘူးဆိုတာကို ထပ်ပြီး သက်သေပြလိုက်တာပဲ]

[အရမ်း ရှက်စရာကောင်းတယ်၊ သူက ဗီလာကို တစ်နေ့လုံး ကြွားလုံးထုတ်နေတာ၊ ဒါပေမဲ့ ပိုင်ရှင်က ဖော်ထုတ်လိုက်ရုံသာမက ပိုင်ရှင်က ရောင်းပါပစ်လိုက်တယ်]

[အဓိက အချက်က ယဲ့ရှီဝမ်က ပိုပြီး မာကျောပုံယောင်ဆောင်ပြီးတော့ လင်းယွီ ဗီလာကို ဝယ်လိုက်ရင် ငါတို့ သူ့ကို ဂုဏ်ယူနေဦးမှာပဲ]

[မတတ်နိုင်ဘူးလား၊ တတ်နိုင်ရင် တခြားသူတွေရဲ့ ပစ္စည်းတွေကို သုံးပြီး ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားလုံးထုတ်ရဦးမှာလား]

[Fuck၊ အခင်းဖြစ်ပွါးတဲ့ နေရာမှာ ဘာတွေဖြစ်နေတာလဲ၊ဘာလို့ လုံခြုံရေးအစောင့်တွေ ဒီလောက် များနေတာလဲ]

[လုံခြုံရေးအစောင့်တွေ၊ ဝိုး၊ သူတို့က လူတွေကို မောင်းထုတ်တော့မှာ၊ ပိုင်ရှင်အသစ်က အိမ်ကို လာသိမ်းတော့မှာ]

မွေးနေ့ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ လုံခြုံရေးအစောင့် အများအပြားသည် တစ်စီတစ်တန်းစီ ဝင်လာကာ ရှချန်းချန်း နောက်တွင် ရပ်လိုက်ကြသည်။ သူတို့က လင်းယွီရှူ ၏ လုံခြုံရေးအစောင့် များဖြစ်သည်။

ယဲ့ရှီဝမ်၏ မွေးနေ့ပွဲသို့ မလာမီ ရှချန်းချန်းနှင့် ချန်ချင်းတို့သည် လင်းယွီရှူ၏ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေးဌာနသို့ သွားရောက်ခဲ့ပြီး ရှပိုင်လူ၏ ပိုင်ဆိုင်မှု လက်မှတ်၊ သေတမ်းစာ ၊ သေဆုံးမှု လက်မှတ်နှင့် အခြား အချက်အလက်များကို ပြသခဲ့သည်။ ချန်ချင်းက ပိုင်ဆိုင်မှု စီမံခန့်ခွဲရေးဌာနကို ရှချန်းချန်း၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အခြားသူများ တရားမဝင် သိမ်းပိုက်ခွင့်ပြုထားခြင်းအတွက် ချက်ချင်း ဝေဖန် ခဲ့သည်။

ပိုင်ဆိုင်မှု စီမံခန့်ခွဲရေးဌာနက ထိတ်လန့်သွားသည်။ လင်းယွီရှူ၏ ပိုင်ရှင်များသည် ကျန်းချန်ရှိ ချမ်းသာသော မိသားစုများ ဖြစ်ကြသည်။

သူတို့ကို ဘယ်လိုလုပ် ရန်စရဲမှာတုန်း။

ပိုင်ဆိုင်မှု စီမံခန့်ခွဲရေးဌာနသည် ချက်ချင်း လုံခြုံရေးအစောင့်အားလုံးကို ခေါ်ယူပြီး မွေးနေ့ပွဲမှ ဧည့်သည်များကို အချိန်မရွေး နှင်ထုတ်ရန် အသင့်ပြင်ဆင်ထားရန် ပြောခဲ့သည်။

လင်းယွီရှူကို ဓာတ်ပုံရိုက်ပြီးကြောင်း အတည်ပြုပြီးနောက် ချန်ချင်းက လက်ခုပ်တီးပြီး ဤ လုံခြုံရေးအစောင့်များကို ခေါ်သွင်းခဲ့သည်။ လုံခြုံရေးအစောင့်များထဲမှ တစ်ဦးက ရှချန်းချန်းကို အသံချဲ့စက်တစ်လုံးကို အလွန် ဂရုတစိုက်ပေးခဲ့သည်။ ရှချန်းချန်း က ၎င်းကို ချိန်ညှိပြီး အတော်လေး အသုံးဝင် သည်ဟု ခံစားရသောကြောင့် အသံချဲ့စက်ကို ဖွင့်ကာ လင်းယွီရှူ၏ ဧည့်သည်များထံ ထုတ်လွှင့်ခဲ့သည်။

"ဟယ်လို၊ ဟယ်လို... ချစ်ခင်ရပါသော ဧည့်သည်များ၊ ပါတီမှာ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ကျွန်မ ဒီဗီလာ ကို တစ်မိနစ်အကြာက လေလံပစ်ခဲ့ပြီးတော့ ပိုင်ရှင်အသစ်က မကြာခင် လာရောက် တောင်းဆိုတော့မှာ ဖြစ်လို့ လူတိုင်းကို အရင်ဆုံး ထွက်ခွာပေးဖို့ တောင်းဆိုရပါတော့မယ်၊ ဒီ လုံခြုံရေးအစောင့်တွေက စည်းကမ်းထိန်းသိမ်းဖို့ ဒီမှာ ရှိနေတာ ဖြစ်လို့ ထိတ်လန့်မနေပါနဲ့ တန်းစီပြီး နေရာကနေ ထွက်ခွာသွားကြပါ”

အခမ်းအနား၌ ရှိနေသော ဧည့်သည်များအားလုံးသည် ကြီးကျယ်ခမ်းနားသော ပြပွဲတစ်ခုကို ကြည့်ရှုခဲ့ကြပြီး ယဲ့ရှီဝမ်၏ မွေးနေ့ပွဲကို ကျင်းပတော့မည် မဟုတ်ကြောင်း ကြာမြင့်စွာကတည်းက သိရှိထားသောကြောင့် လုံခြုံရေးအစောင့်များ၏ စီစဉ်မှုအောက်တွင် နှစ်ဦးသုံးဦးစီ ထွက်ခွာသွားကြသည်။

ရှချန်းချန်းက လင်းယွီ ဗီလာ၏ ခြံဝင်းတွင် အစမှအဆုံး ရပ်နေပြီး Koenigsegg One ကားကို မှီကာ ဗီလာတံခါးဝရှိ ယဲ့ရှီဝမ်ကို အောင်နိုင်သူတစ်ဦးကဲ့သို့ အနားယူကာကြည့်နေသည်။

ယဲ့ရှီဝမ်သည် လှေကားထစ်ပေါ်တွင် ရပ်နေသဖြင့် သူမ၏ အမြင့်သည် ရှချန်းချန်းထက် မဖားစွာ ပိုမြင့်နေသည်။ သို့သော် သူမ၏ အရှိန်သည် ရှချန်းချန်းထက် အမှတ်အနည်းငယ် နိမ့်နေသည်။

ယဲ့ရှီဝမ်၏ မျက်လုံးများက စိုစွတ်နေပြီး သူမသည် အံကိုကြိတ်ကာ ရှချန်းချန်းကို မကျေမနပ်ဖြင့် စိုက်ကြည့်နေသည်။ အရှက်ရမှု၊ မကျေနပ်မှု ၊ နာကျင်မှု ... ဤ စိတ်ခံစားမှု များသည် ယဲ့ရှီဝမ်၏ မျက်လုံးများတွင် ထင်ဟပ်နေသည်။ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူမ၏ သနားစရာကောင်းသော ကြာပန်းဖြူ ဟန်ဆောင်မှုကို ဖယ်ရှားပြီး သူမ၏ ခွန်အားနှင့် ဒေါသအားလုံးကို အသုံးပြုကာ ရှချန်းချန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေလေသည်။

ပြင်းထန်သော မျက်လုံးများသည် ဆောင်းရာသီတွင် ဓားတစ်ချောင်းကဲ့သို့ ရှချန်းချန်းကို ထိုးနှက်ရန် အလျင်အမြန် ပြေးဝင်လာသည်။ မျက်လုံးများသာ ဓားဖြစ်ခဲ့လျှင် ရှချန်းချန်း သည် ကြာမြင့်စွာကတည်းက သေဆုံးသွားလိမ့်မည်။

ကံမကောင်းစွာဖြင့် ယဲ့ရှီဝမ်သည် ဤမျှသာ လုပ်ဆောင်နိုင်ခဲ့သည်။ သူမ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သော်လည်း မျှော်လင့်ချက် မရှိဘဲ မနေခဲ့ပေ။ သူမသည် သူမ၏ အပြစ်ကင်းသော ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ပြီး ဟန်ကျားလင် က သူ့ကို ချစ်နေသရွေ့ သူမ ပြန်လည် နိုးထနိုင်မည်ဟု သိခဲ့သည်။

အမှန်တရားက ဟန်ကျားလင်က တကယ်ပင် ကျဆုံးခဲ့သည်ကို သက်သေပြခဲ့သည်။

အာဏာရှင် သူဌေး ဟန်ကျားလင်က သူ ချစ်မြတ်နိုးရတဲ့ အမျိုးသမီးကို လူအများရှေ့မှာ လှောင်ပြောင် ခံရတာကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။

သူ ချက်ချင်း ထရပ်ပြီး သူ့ကို ရက်စက်စွာ ဆူပူလိုက်သည်။

"ရှချန်းချန်း၊ မင်း၊ ရေကြီးခွင်ကျယ်လုပ်နေတာ မလုံလောက်သေးဘူးလား၊ ဗီလာတစ်လုံးပဲ မလား၊ ဝမ်ဝမ်က မင်းရဲ့အစ်မလေ၊ ဘာလို့ သူ့ကို ဒီလိုမျိုး အနိုင်ကျင့်ရတာလဲ"

ရှချန်းချန်း က ခေါင်းညိတ်ကာ "ကျိုးကြောင်းဆီလျော်တယ်၊ ဗီလာတစ်လုံးပဲလေ" ဟု ပြောလိုက်ပြီး သူမ၏ လက်ကိုင်ဖုန်းတွင် ငွေပေးချေမှုကုဒ်ကို ဖွင့်ကာ ဟန်ကျားလင်ကို ပြသလိုက်သည်။

"ဗီလာ တစ်လုံးပဲ ဆိုရင် နင် ဘာလို့ ဝယ်ပြီး နင့် ယဲ့ရှီဝမ်ကို မွေးနေ့ပါတီ ကျင်းပဖို့ မပေးတာလဲ၊ ဒီလိုဆိုရင် ငါ ဘယ်တော့မှ ကြားဝင်မှာ မဟုတ်ဘူး"

ဟန်ကျားလင် ဆွံ့အသွားသည်။ သန်းတစ်ရာက ဟန်မိသားစုအတွက် ဘာမျှ မဟုတ်ချေ။ ထို့အပြင် လင်းယွီ ဗီလာက ထိပ်တန်း အိမ်ခြံမြေတစ်ခုအနေနှင့် တန်ဖိုးတက်နေဆဲပင်။

သို့သော် ဟန်ကျားလင်ကို သူဌေးဟု ခေါ်ဆိုကြသော်လည်း တကယ်တမ်းတွင် သူသည် မိသားစုပိုင် ပစ္စည်းကို အမွေဆက်ခံထားသော ချမ်းသာသော ဒုတိယမျိုးဆက်တစ်ဦးသာ ဖြစ်သည်။ ဟန်မိသားစုတွင် အကြီးမားဆုံးသော အာဏာက သူ၏ မိခင်လက်ထဲတွင် ရှိနေဆဲဖြစ်သည်။

ရှဲ့ကျစ်ရှင်းနှင့် မတူပေ။ သူလည်း ချမ်းသာသော ဒုတိယမျိုးဆက်တစ်ဦး ဖြစ်သော်လည်း ရှဲ့ကျစ်ရှင်း၏ မိဘများ ကွယ်လွန်ပြီးနောက် သူက အထီးကျန်ဆန်ပြီး အားကိုးရာမဲ့ ဖြစ်ခဲ့သည်။ သူက ကိုယ်တိုင် ကိုယ်ကျ တစ်ဆင့်ပြီးတစ်ဆင့် ပိုင်ဆိုင်မှုများကို စုဆောင်းကာ တန်ပြန်တိုက်ခိုက်ပြီး ရှဲ့မိသားစုကို ပြန်လည် သိမ်းပိုက်ခဲ့သည်။

တစ်နည်းအားဖြင့် ရှဲ့ကျစ်ရှင်းကို ချမ်းသာသော ပထမမျိုးဆက်ဟု ခေါ်ဆိုနိုင်သည်။ Royal Forest Garden၊ Koenigsegg One စသည်တို့ကို ဝယ်ယူခြင်းက သူ့အတွက် သေးငယ်သော ကိစ္စသာဖြစ်သည်။

ဟန်ကျားလင်တွင် စကားမပြောနိုင်ဘဲ ငြင်းခုံနိုင်ခြင်း မရှိခဲ့ပေ။ ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး သူ့မျက်ခုံးများကြားတွင် မာနအနည်းငယ် ပေါ်လာသည်။

ကောလိပ်ကျောင်းကတည်းက ရှချန်းချန်းက သူ့ပတ်ဝန်းကျင်၌ နေ့တိုင်းရှိနေပြီး သူ့မျက်လုံးထဲတွင် သူတစ်ယောက်တည်းသာ ရှိခဲ့သည်။ သူ အရှေ့ကို သွားဖို့ ပြောလျှင် ရှချန်းချန်းက အနောက်ကို ဘယ်တော့မှ သွားရဲမည် မဟုတ်ပေ။

ဟန်ကျားလင်က သူ့နှလုံးသားထဲတွင် ယဲ့ရှီဝမ် တစ်ယောက်တည်းသာ ရှိပြီး ရှချန်းချန်းကို အလွန် စိတ်ပျက်ခဲ့ပေသော် ရှချန်းချန်းက သူ့ကို သေလောက်အောင်ပင် ချစ်ခဲ့သည်။

ယဲ့ရှီဝမ်ကို ခက်ခဲအောင် လုပ်တာက ငါ့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ပဲ။

ငါ ငါ့ရဲ့ သဘောထားကို ပြောင်းလဲပြီး ကြင်ကြင်နာနာ နားချလိုက်တာနဲ့ ရှချန်းချန်းက ဘာကို မသဘောတူနိုင်မလဲ။

ထို့ကြောင့် ဟန်ကျားလင်က သူ၏ လေသံကို နှေးကွေးစေပြီး ညင်သာစွာပြောသည်။

“ရှချန်းချန်း၊ မင်း ငါ့ကို ကြိုက်လို့ ဝမ်ဝမ်ကို ပစ်မှတ်ထားနေတယ်ဆိုတာ ငါသိတယ်၊ မင်း ဒါတွေအားလုံးကို ငါ့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ လုပ်နေတာ၊ အခု မင်းရဲ့ ပန်းတိုင်ကို ရောက်သွားပြီဆိုတော့ ဝမ်ဝမ်ကို ခက်ခဲအောင်မလုပ်ပါနဲ့တော့၊ ငါ့အတွက် ဝမ်ဝမ်ကို နင့်ဗီလာကို နှစ်ရက်လောက် ပေးလိုက်ပြီး သူ့မွေးနေ့ပါတီကို ကျင်းပခွင့်ပေးလိုက်ရင်ရော ဘယ်လိုလဲ"

ရှချန်းချန်း : ? ? ?

ချန်ရှာ : ? ? ?

စနစ် : ? ? ?

"မလိုပါဘူး”

ရှချန်းချန်းက စဉ်းပင်မစဉ်းစားဘဲ ငြင်းဆန်လိုက်သည်။

ဒါက တကယ်ကို ပြဇာတစ်ခုပဲ၊ ဟန်ကျားလင်က သူ ဘာတွေပြောနေလဲဆိုတာကို သူ သိရဲ့လား။

ဟန်ကျားလင် ကြောင်သွားရသည်။

ဘာဖြစ်နေတာလဲ။

ရှချန်းချန်းက ငါ့ကို တကယ် ငြင်းဆန်လိုက်တာလား။

ပြီးတော့ ဒီလောက် ရက်ရက်စက်စက်နဲ့လေ။ ငါက သူ့အတွက် သူစိမ်း တစ်ယောက်လိုမျိုးပဲ။

သူ့မျက်လုံးထဲမှာ ချစ်ခင်မှု ဒါမှမဟုတ် ချစ်ခြင်းမေတ္တာ မရှိဘူး။

ရှချန်းချန်း…. ပြောင်းလဲသွားတာလား။

သူ ငါ့ကို မကြိုက်တော့တာလား။ မဖြစ်နိုင်ဘူး။

ဟန်ကျားလင်က ဤအတွေးကို ချက်ချင်း ငြင်းဆိုလိုက်သည်။

ငါက ဒီလောက် ပြီးပြည့်စုံပြီး ထူးချွန်၊ ချမ်းသာ၊ ချောမော ပြီးတော့ ပါရမီရှိနေတာကို ရှချန်းချန်း ငါ့ကို ချစ်တာက သဘာဝပဲ။ သူ ဘယ်လိုလုပ် တခြားသူတစ်ယောက်ကို ချစ်မိမှာလဲ။ ဒါက ငါ့ရဲ့ အာရုံစိုက်မှုကို တခြားနည်းနဲ့ ဆွဲဆောင်ဖို့ လှည့်ကွက်အသစ်တစ်ခု ဖြစ်ရမယ်။

ဟန်ကျားလင် ခဏလောက် စဉ်းစားပြီး ကျိုးကြောင်းဆီလျော် သည်ဟု ခံစားရသည်။ သူ ရှချန်းချန်း ကို မေးတော့မည့်ဆဲဆဲမှာ သူ့ရှေ့က ယဲ့ရှီဝမ်က ရုတ်တရက် သူ့ရင်ခွင်ထဲ လဲကျလာပြီး မျက်ရည်တွေဝဲနေသည့် မျက်လုံးများနှင့် ပြောသည်။

"ကျားလင်၊ ငါ့အတွက် ဒီလို စွန့်လွှတ်မှုတွေ လုပ်ဖို့ မလိုပါဘူး၊ ငါ ခံနိုင်ပါတယ်၊ ဒါက မွေးနေ့ပါတီတစ်ခုပဲလေ၊ နင် ငါ့ဘေးမှာ ရှိနေရင် လုံလောက်ပါတယ်”

ဟန်ကျားလင်က အလွန် စိတ်လှုပ်ရှားသွားပြီး ယဲ့ရှီဝမ်ကို သူ့ရင်ခွင်ထဲ၌ ထည့်ဖက်လိုက်သည်။

"ဝမ်ဝမ်၊ မင်းက အမြဲတမ်း ကြင်နာနေတာပဲ၊ အမြဲတမ်း တခြားသူတွေအတွက် စဉ်းစားပေးတယ်၊ အရေးမကြီးပါဘူး၊ လင်းယွီ ဗီလာတစ်လုံး၊ ဘာများ ရှားပါးလို့လဲ၊ ကိုယ်တို့ ဟန်မိသားစုမှာ ဗီလာတွေ အများကြီး ရှိတယ်၊ ကိုယ် မင်းအတွက် ထူးခြားတဲ့ မွေးနေ့ပါတီ တစ်ခု ထပ်ပြီး စီစဉ်ပေးမယ်"

ယဲ့ရှီဝမ်၏ အသံသည် ရှိုက်ကြီးတငင် ဖြစ်နေပြီး သူမ၏ မျက်လုံးများ မှိတ်တုပ်မှိတ်တုပ်ဖြစ်နေသည်။

"ကျားလင်၊ ကျေးဇူးတင်ပါတယ်"

ထို့နောက် သူမသည် ဟန်ကျားလင်၏ ရင်ခွင်ထဲတွင် စိတ်ခံစားမှုဖြင့် နွေးထွေးစွာ မှီနေသည်။

“နင်ရှိနေတာက အရမ်းကောင်းတာပဲ!"

စင်အောက်တွင် ရှချန်းချန်းနှင့် ချန်ချင်းတို့ နှစ်ဦးစလုံးသည် မြေအောက်ရထားပေါ်မှ ဖုန်းကြည့်နေသော အဖိုးကြီးများကဲ့သို့ မျက်နှာထားများ ရှိနေသည်။

ရှချန်းချန်း: "..."

ချန်ရှ: "..."

စနစ်: "..."

ချန်ချင်း၏ ကမ္ဘာ့အမြင်သည် ပြိုလဲသွားပုံရပြီး မေးသည်။

"ရှချန်းချန်း၊ မင်းရဲ့ မယားပါသမီး... နဲ့ သူ့ချစ်သူ... သူတို့က ပုံမှန်မဟုတ်ဘူးလား။”

ရှချန်းချန်းက မျက်နှာပူပူဖြင့်ပြုံးပြီး မျက်နှာလွှဲလိုက်သည်။

“ကျွန်မကို မမေးနဲ့တော့၊ ဒီ စိတ်ရောဂါရှိတဲ့သူ နှစ်ယောက်နဲ့ ကျွန်မ မရင်းနှီးဘူး”

ဤအချိန်တွင် ဟန်ကျားလင်နှင့် ယဲ့ရှီဝမ်တို့က တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက်က လှပသည့် ပန်းရောင် အချစ်ပူပေါင်း ဖြစ်နေသည်ဟု ပြော၍ရသည်။

ပြီးနောက် ရှချန်းချန်း၊ ချန်ချင်းနှင့် သူတို့ဘေးနားတွင် စည်းကမ်းထိန်းသိမ်းနေသည့် လုံခြုံရေးအစောင့်များက သူတို့မျက်လုံးထဲ၎၌ မကောင်းသော ရည်ရွယ်ချက်များရှိသည် ဗီလိန်များ ဖြစ်နေလိမ့်မည်။

စနစ်က ပေါ်လာပြီး မှိန်ဖျော့စွာပြောသည်။

“မဖြစ်နိုင်ဘူး၊host မင်းရဲ့ ဇာတ်ကောင် သတ်မှတ်ချက်အရ... ဆိုးသွမ်းတဲ့ အမျိုးသမီး ဇာတ်ပို့ကလည်း ဗီလိန်ပဲ"

"ဒါက ကျိုးကြောင်းဆီလျော်တယ်”

ရှချန်းချန်း၏ မျက်လုံးများက တောက်ပလာပြီး သူမက ဗီလိန် ဖြစ်သည့်အတွက် ဗီလိန်၏ မစ်ရှင်ကို အဆုံးအထိ ဆောင်ရွက်ရမည်ကို ရုတ်တရက် သဘောပေါက်သွားသည်။

ရှချန်းချန်းသည် မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး လှေကားထစ်ပေါ်တွင် ချစ်ခင်စွာရှိနေသော ဟန်ကျားလင်နှင့် ယဲ့ရှီဝမ်ကို ကြည့်ကာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ဟန်ကျားလင်၊ နင် ယဲ့ရှီဝမ်ကို ဟန်မိသားစုထဲကို ခေါ်သွားဖို့ မစီစဉ်နေခင် ချမ်းသာကြွယ်ဝတဲ့ ဟန်မိသားစုက ဒုတိယ ဇနီးကို လက်ထပ်ထားတဲ့သူရဲ့ သမီးတစ်ယောက်ကို လက်ခံလိမ့်မယ်လို့ စဉ်းစားးခဲ့ဖူးလား”

ဟန်ကျားလင်၏ ကိုယ်ခန္ဓာ တင်းမာသွားသည်။ သူ ခေါင်းကို စက်ဆုပ်စွာလှည့်ပြီး ရှချန်းချန်း ကို ကြည့်ကာ မေးသည်။

"မင်း ဘာကို ဆိုလိုတာလဲ"

ရှချန်းချန်း ပြုံးပြီး သူ့လက်ထဲရှိ C-brand rhinestone-studded နေကာမျက်မှန်ကို ဆော့ကစားနေသည်။

"အရင်က နင့်မိဘတွေက နင်တို့နှစ်ယောက် အတူရှိနေတာကို သဘောတူခဲ့တာက ယဲ့ရှီဝမ် က ရှမိသားစုကလို့ ထင်နေလို့ပဲ၊ နင်သာ ယဲ့ရှီဝမ် နဲ့ ချစ်နေရင် သူတို့က ရှမိသားစု နဲ့ ဆက်သွယ်နိုင်သေးတယ်လေ”

"အခုတော့ ကျန်းချန်မှာ လူတိုင်းက ငါက ရှမိသားစုရဲ့ စစ်မှန်တဲ့ အမွေခံ ဆိုတာ သိနေပြီ၊ ငါ ယဲ့ရှီဝမ် ကို ငါတို့ ရှမိသားစုရဲ့ ပိုင်ဆိုင်မှုကနေ တစ်ပြားတစ်ချပ်မှ ပေးမှာ မဟုတ်ဘူး၊ နင်တို့မိဘတွေက နင်တို့နှစ်ယောက်ကို ဆက်တွဲခွင့်ပေးလိမ့်ဦးမယ်လို့ ထင်လား”

အာဏာရှင်ဥက္ကဋ္ဌက ကျဆုံးနေသော Cinderella ကို အတင်းအကျ လက်ထပ်ပြီး ချမ်းသာကြွယ်ဝသော မိခင်က ချက်လက်မှတ်များ ရေးပြီး စုံတွဲကို အတင်းအကျ ကွဲကွာစေသည်။

ဤသည်က ‘romance novels’ အဟောင်းများမှ အကြိုက်ဆုံး ဇာတ်ကွက်ဖြစ်သည်။

ဟန်ကျားလင်၏ မျက်နှာသည် အေးစက်နေသည်။

“ရှချန်းချန်း၊ ငါတို့ ဟန်မိသားစုက နင်ပြောသလို မဟုတ်ဘူး၊ ငါနဲ့ ဝမ်ဝမ်ကို ရန်တိုကဖို့ မကြိုးစားနဲ့ ဝမ်ဝမ် ဘယ်မိသားစုက လာလာ ငါ သူ့ကို ဘယ်တော့မှ စွန့်ပစ် မှာ မဟုတ်ဘူး"

စကားသံကျသွားသည်နှင့် ဟန်မိသားစု၏ ယာဉ်မောင်းသည် လင်းယွီရှူ ၏ ခြံဝင်းသို့ အလျင်အမြန် ရောက်လာသည်။ ဤအချိန်တွင် ဧည့်သည်များအားလုံး လုံခြုံရေးအစောင့် များ၏ စီစဉ်မှုအောက်တွင် ပျံ့နှံ့နေပြီ ဖြစ်သည်။

ယာဉ်မောင်းက ဟန်ကျားလင်ထံသို့ အမြန် လျှောက်လာပြီး တီးတိုးပြောသည်။

“သခင်လေး ၊ မဒမ်က သခင်လေးကို ပြန်ခိုင်းနေပါတယ်"

"သိပြီ"

ဟန်ကျားလင်က ယဲ့ရှီဝမ်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး ပြောသည်။

"ဝမ်ဝမ်၊ ကိုယ်တို့ အတူတူ အိမ်ပြန်ရအောင်”

ယဲ့ရှီဝမ်သည် ဟန်ကျားလင်ကို စိတ်ခံစားမှုဖြင့် ကြည့်လိုက်သည်။ သို့သော် ယာဉ်မောင်းက ဝမ်းချုပ်နေသည့် မျက်နှာနှင့် ရေခက်စွာ ပြောသည်။

“သခင်လေး... မဒမ်က သခင်လေး တစ်ယောက်တည်းပဲ ပြန်နိုင်မယ်လို့ ပြောပါတယ်၊ ရှရဲ့ ကိစ္စတွေ... သခင်လေး ပူစရာ မလိုပါဘူး"

ဟန်ကျားလင်က အလိုအလျောက် ငြင်းခုံပြီး သူ၏ အာဏာရှင်ဆန်သည့် သတ္တိကို ပြသချင်ခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဟန်မိသားစု၏ ကိုယ်ရံတော်အများအပြား ပေါ်လာပြီး တစ်ယောက်စီ၌ ကြွက်သားများနှင့် ငြင်းဆန်၍ မရသည့် ခိုင်မာမှုများ ရှိနေသည်။

ဟန်ကျားလင် တိတ်ဆိတ်သွားသည်။ သူ ချစ်မိရုံသာ ရှိပြီး မိုက်မဲခြင်းမဟုတ်ပေ။

သူ ဤလူများ၏ ကျွမ်းကျင်မှုကို သိပြီး ရှချန်းချန်း၏ ဆိုလိုရင်းကို နားလည်ခဲ့သည်။

ဟန်ကျားလင်က အံကြိတ်ကာ သူ၏ မျက်လုံးများ မလိုလားမှုများဖြင့် ပြည့်နေသည်။ သို့သော် သူသည် ယဲ့ရှီဝမ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရုံသာ ရှိသည်ဟ

"ဝမ်ဝမ်... ကိုယ် ပြန်တော့မယ်၊ စိတ်မပူပါနဲ့၊ ကိုယ် မကြာခင် ပြန်လာပြီး မင်းကို လာခေါ်မယ်”

ယဲ့ရှီဝမ် ထိတ်လန့်သွားသည်။ ယခင်ဘဝကို ဖြတ်သန်းပြီးနောက် သူမသည် ဟန်မိသားစု ၏ သဘောထားကို ဟန်ကျားလင်ထက် ပိုမို နားလည်ခဲ့သည်။ မစ္စဟန်က ရှချန်းချန်း ကဲ့သို့ ချမ်းသာသော မိသားစုမှ တရားဝင်သမီးကို အမြဲတစေ နှစ်သက်ခဲ့ပြီး သူ့ကဲ့သို့ မယားငယ် ဖြစ်လာသော မယားပါသမီးကို မဟုတ်ပေ။

ဒါပေမဲ့ အခုတော့ ငါက ရှချန်းချန်းကို လုံးဝ ရှုံးနိမ့်သွားပြီးတော့ ငါ့ရဲ့ ဖျော်ဖြေရေးလောက မှာလည်း နာမည်ပျက်နေပြီ။ ငါ ဟန်ကျားလင်ကို ဆုပ်ကိုင်ထားမှပဲ ပြန်ထိုးဖောက်နိုင်မှာ။

ယဲ့ရှီဝမ်သည် ဟန်ကျားလင်ကို မကျေမနပ်ကြည့်ပြီး သဘောထားကြီး ဟန်ဆောင်ကာ ပြောသည်။

"ကျွန်မ သိတယ်၊ ကျားလင်၊ ကျွန်မ ရှင့်ကို စောင့်နေမယ်၊ ရှင့်မိဘတွေက ကျွန်မတို့ အတူရှိနေတာကို သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ကျွန်မ ရှင့်ကို စောင့်နေမယ်”

ယဲ့ရှီဝမ်၏ သနားစရာကောင်းသော အသွင်အပြင်က ဟန်ကျားလင်ကို ပို၍ပင် စိတ်ဆင်းရဲ စေခဲ့သည်။ သို့သော် နှစ်ဦးစလုံး၏ ရေရှည် ဆက်ဆံရေးအတွက် သူသည် ရက်စက်နိုင်ရုံသာ ရှိပြီး ယဲ့ရှီဝမ်ကို လက်လွှတ်လိုက်ရသည်။

ဟန်ကျားလင်ကို ဟန်မိသားစုကိုယ်ရံတော် များက ခေါ်ဆောင်သွားသည်။ သူ ရှချန်းချန်းဘေးမှ ဖြတ်သွားသောအခါ ရှချန်းချန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

သို့သော် ရှချန်းချန်း က မည်သည့်နေရာမှ ဖရဲသီးနှစ်စိပ် ရလာသည်ကို မသိသော်လည်း ဤအချိန်တွင် သူနှင့် ချန်ချင်းတို့က Koenigsegg One ၏ အဖုံးပေါ်တွင် မှီပြီး သက်သောင့်သက်သာ ဖရဲသီး စားကာ ဖရဲစေ့များအား ထွေးထုတ်နေကြသည်။

ဟန်ကျားလင် : "..."

ဟန်ကျားလင်၏ စိုက်ကြည့်ခြင်းက မှိန်ဖျော့ပြီး အားမရှိ ပုံရသည်။ သူ သူ့နှလုံးသားထဲက မကျေနပ်မှုကို ထိန်းချုပ်ပြီး ခြေလှမ်းကြီးဖြင့်သာ ထွက်သွားနိုင်ခဲ့သည်။

ဟန်ကျားလင်ထွက်သွားသည်နှင့် ရှချန်းချန်း နှင့် ချန်ချင်းတို့ ဖရဲသီးစားပြီး Koenigsegg One ကားကို မောင်းထွက်ရန် စီစဉ်နေကြသည်။ ဤအချိန်တွင် ရှယုံဒယ် နှင့် ယဲ့လျူဖန် တို့ လင်းယွီ ဗီလာသို့ ရောက်လာကြသည်။

ချန်ချင်းသည် ချက်ချင်း သတိပေးပြီး ရှချန်းချန်းကို သူ့နောက်တွင် ကာကွယ်လိုက်သည်။

အငယ်ဆုံး ညီမ၏ တတိယညီမကို ဖြဲပစ်ရန် မလွယ်ကူသော်လည်း ဇီဝဖခင်ကို ဖြဲရန် ပို၍ပင် မလွယ်ကူပေ။

ချန်ချင်းက ရှချန်းချန်းနှင့် ပထမဆုံးအကြိမ် အလုပ်လုပ်ခြင်း ဖြစ်သည်။ သူမက ရှချန်းချန်း က မစ္စစ်ရှဲ့ဖြစ်ပြီး သူ၏ စိတ်နေစိတ်ထားကို သိပြီး ကြိုက်သည်။ သူမ သူ့ကို အရှက်မရစေချင်ပေ။

သူမသည် ရှချန်းချန်းနှင့် ရှာယုံဒယ်တို့ကြားတွင် ဦးဆောင်၍ ရပ်လိုက်သည်။ ဤအချိန်တွင် ရှေ့နေများသည် ပါဝင်ပတ်သက်သူများထက် ပို၍ အသုံးဝင်ကြသည်။

သို့သော် ရှချန်းချန်းက ချန်ချင်းကို ညင်သာစွာ တွန်းထုတ်လိုက်သည်။

"ချန်ချင်း၊ ပြန်တော့"

ရှချန်းချန်းက အေးစက်စွာပြောသည်၊

“နောက်တစ်ဆင့်ကတော့ မိသားစု ကိစ္စပဲ၊ ကျွန်မ ကိုယ့်ဘာသာ ကိုင်တွယ်နိုင်တယ်"

ချန်ချင်းက မလိုလားသော်လည်း သူဌေး၏ ဆန္ဒကို ဆန့်ကျင်၍ မရသောကြောင့် "ကျွန်မ နားလည်ပါပြီ “ ပြောပြီး လင်းယွီရှူမှ ထွက်ခွာသွားရုံသာ ရှိသည်။

လင်ယွီရှူ၏ ခြံဝင်းတွင် ရှချန်းချန်း၊ ရှယုံဒယ်၊ ယဲ့လျူဖန်နှင့် ယဲ့ရှီဝမ်တို့သာ ကျန်ရစ်ခဲ့သည်။

လေထုထဲတွင် တိတ်ဆိတ်မှုသာ ရှိနေပြီး စစ်မှန်သော မုန်တိုင်းလာတော့မည်ကို စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေသည်။

ရှချန်းချန်း မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး သူ့ရှေ့တွင် နှင်းကဲ့သို့ အေးစက်သော မျက်နှာ ရှိနေသော ရှာယုံဒယ်ကို ကြည့်ကာ လှောင်ပြောင်စွာဖြင့် ပြုံးလိုက်သည်။

" မတွေ့တာ ကြာပြီနော်"

"သမီးရဲ့ ချစ်လှစွာသော ဖေဖေ"

All Chapters