← Chapters

အခန်း (၃၆)

Vol. 4 Ch. 36

အခန်း (၃၆)

Vol. 4 Ch. 36

ယဲ့ရှီဝမ် မွေးနေ့ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည်မှာ ကြာပြီဖြစ်သော်လည်း ချမ်းသာကြွယ်ဝသူများကြား ရန်ဖြစ်ခြင်းဟူသော ခေါင်းစဉ်မှာ အင်တာနက်ပေါ်တွင် မရပ်တန့်သေးပေ။

[ဒီနေ့တော့ ရှချန်းချန်းနဲ့ ယဲ့ရှီဝမ်တို့က ချမ်းသာတဲ့မိသားစုသမီးက မယားပါသမီးကို ဆွဲဖြဲတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနှစ်ခုကို ပြခဲ့တာပဲ၊ အရမ်းမိုက်တယ်]

[အဓိကကတော့ တိုက်ရိုက်ထုတ်လွှင့်မှု နှစ်ခုစလုံးကို ယဲ့ရှီဝမ်က စခဲ့တဲ့အပြင် ယဲ့ရှီဝမ်ကပဲ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတယ် အရမ်းရယ်ရတာပဲ၊ “ကိုယ့်ဒုက္ခကိုယ်ရှာတယ်” ဆိုတာက ဒီလိုလူတွေကိုပြောတာပဲ]

[ရှချန်းချန်း လှုပ်ရှားမှုမရှိတာက အတော်ကြာပြီလေ၊ ဒီနေ့ သူ့ကိုတွေ့တော့ တကယ် လွမ်းနေခဲ့တာ]

[သူ့အသွင်အပြင်က အရမ်းကြည့်ကောင်းတယ်၊ ဖျော်ဖြေရေးလောကမှာ သူ့နေရာ အစားထိုးလို့ရမယ့်သူ မရှိလောက်ဘူး]

[ဒီည သူ့ရဲ့ အနက်ရောင် sequined ဝတ်စုံက တကယ်လှတယ်၊ ဘောင်တိုင်းကို wallpaper အနေနဲ့ သုံးပြီးတော့ ဖန်သားပြင်ကို လျက်လို့ရတယ်]

[သူက လူချမ်းသာ သမီးရဲ့ ခံစားချက် အပြည့်ရှိတယ်၊ လှပပြီး မိုက်တယ်]

[ရှချန်းချန်း ဒီလို drag queen စတိုင်ကို ဆက်သွားမယ်ဆိုရင် သူ့ရဲ့ ပုံစံ နဲ့ဆိုရင် ပန်းလေးပွင့်က သူ့ကိုတောင် မှီနိုင်မဲ့ အနေအထားမှာ မရှိတော့ဘူး]

[ဝိုး၊ ငါ့ ညီမကို ဒီလိုမျိုး TV စီးရီး တစ်ခုကို မြန်မြန် သရုပ်ဆောင်ဖို့ တောင်းဆိုရမယ်၊ သူ တကယ် နာမည်ကြီးသွားလိမ့်မယ်]

…..

ရှဲ့ကျစ်ရှင်းသည် ယွီလင်းယျာဉ်၏ စာကြည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့၏ trumpet "猹同学 (Chá Tóngxué)" ဖြင့် အင်တာနက်ပေါ်ရှိ မှတ်ချက်များကို ကြည့်ရှုနေသည်။

ရှချန်းချန်းအား လှပပြီး မိုက်သည်ဟု ချီးကျူးသော မှတ်ချက်များကို တွေ့သောအခါ သူ့နှုတ်ခမ်းထောင့်များ မထိန်းနိုင်ဘဲ ကော့တက်လာသည်။

ရှဲ့ကျစ်ရှင်း၏ ဇနီးမှာ ဖျော်ဖြေရေးလောကတွင် အလှဆုံး အမျိုးသမီးကြယ်ပွင့် ဖြစ်မည်မှာ သေချာသည်။ သူမသည် လှပပြီး မိုက်ရုံသာမက ဆိုးနွဲ့သည့်အခါတွင်လည်း နူးညံ့ပြီး ချစ်စရာကောင်းသည်။

ရှဲ့ကျစ်ရှင်း ဖုန်းပိတ်တော့မည့်ဆဲဆဲတွင် စျေးကွက်ရှာဖွေရေး အကောင့်မှ Weibo ပို့စ်တစ်ခုသည် သူ့အာရုံကို ရုတ်တရက် ဖမ်းစားလိုက်သည်။

ဖျော်ဖြေရေး မိုင်နာ: "ဒီနေ့ရဲ့ လိင်အရှုပ်တော်ပုံဗီဒီယိုထဲက ရှချန်းချန်းက မျက်နှာပြောင်း AIဖြစ်တယ်ဆိုရင် ဒီဗီဒီယိုကို ဘယ်သူ ဖန်တီးခဲ့တာလဲ"

[ယဲ့ရှီဝမ်လား၊ သူပဲဖြစ်ရမယ်]

[သူက ဒီ လိင်အရှုပ်တော်ပုံရဲ့ အကြီးမားဆုံး အကျိုးခံစားခွင့်ရှိသူမဟုတ်ဘူးလား၊ သူပဲဖြစ်ရမယ်]

[အခြားလူကို အသရေမဖျက်ပါနဲ့ မင်းဆီမှာ သက်သေရှိလို့လား၊ ဝမ်ဝမ်နဲ့ ရှချန်းချန်းတို့က ညီအစ်မတွေလေ၊ ဝမ်ဝမ်က ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး]

[ပိုက်ဆံရှိရင်လည်း စပွန်ဆာမရှိနိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ပိုက်ဆံတွေကို စပွန်ဆာ ပေးတာလည်းဖြစ်နိုင်တယ်လေ]

[နင် မပြောခင် စဉ်းစားလို့ရမလား၊ Koenigsegg One ကားကို မောင်းနိုင်ပြီး လင်းယွီဗီလာရဲ့ ပိုင်ဆိုင်မှု လက်မှတ်ကို ပိုင်ဆိုင်တဲ့သူက စပွန်ဆာရှာဖို့ လိုလို့လား]

[ရှချန်းချန်း အရင်က အရမ်း ကြွားဝါတက်တာလေ၊ သူ့မှာ အသိုင်းအဝိုင်း ထဲက ရန်သူတွေ အများကြီး ရှိတယ်၊ လူတွေ သူ့ကို ဖိနှိပ်ချင်တာက ပုံမှန်ပဲ]

စာကြည့်ခန်းအပြင်ဘက်တွင် တံခါးခေါက်သံကြားလိုက်ရပြီး အထူးလက်ထောက်ကျိုးသည် စာကြည့်ခန်းထဲသို့ ဝင်လာသည်။ သူသည် ရှဲ့ကျစ်ရှင်းအား လေးစားစွာဖြင့် ခေါင်းညိတ်ပြလေသည်။

"မစ္စတာရှဲ့"

ရှဲ့ကျစ်ရှင်း၏ မျက်နှာက အေးစက်နေ၏။

"ကောလဟာလ ဖြန့်နေတဲ့ နောက်ကွယ်ကလူကို တွေ့ပြီလား"

"ယဲ့ရှီဝမ်ပါ၊ သူက ဗီဒီယိုကို အတုအယောင် လုပ်ဖို့ post-production ကုမ္ပဏီ တစ်ခုကို ရှာခဲ့တာပါ၊ ဗီဒီယိုကို ဆန်းစစ် ပြီးတော့ ကောင်မလေးရဲ့ မူရင်းရုပ်ရည်ကို ခွဲထုတ်ဖို့ IT ဌာန ကို ကျွန်တော် တောင်းဆိုပြီးပါပြီ"

အထူးလက်ထောက်ကျိုးသည် သူ၏လက်ထဲရှိ iPad ကို ရှဲ့ကျစ်ရှင်းအား ပေးလိုက်သည်။ iPad တွင် ဗီဒီယိုကို ဆန်းစစ်ပြီးနောက် မူရင်းပုံစံကို ပြသထားသည်။

အထူးလက်ထောက်ကျိုးက ဆက်ပြောလာသည်။

"ပြည်သူ့ဆက်ဆံရေးဌာနက ဆန်းစစ်ထားတာက ယဲ့ရှီဝမ်က သခင်မလေးကို အသရေဖျက် ချင်တာဖြစ်ပြီးတော့ လူတိုင်းက သူ့ကို ထန်တရားရုံးကနေ ကျန်းချင်းက မောင်းထုတ်လိုက်တဲ့အကြောင်းကို မေ့သွားစေချင်တာနဲ့၊ ညနေခင်း မွေးနေ့ပါတီကို ဆက်လက်ပြင်ဆင်ဖို့အတွက်ပါ"

"သူ မထင်ထားတာက သူ့ရဲ့ ပြီးပြည့်စုံတဲ့ မွေးနေ့ပါတီကို သခင်မလေးက "အိမ်ရောင်း" တာ နဲ့ လုံးဝ ဖျက်ဆီးလိုက်လိမ့်မယ်ဆိုတာပဲ"

အထူးလက်ထောက်ကျိုးက သူ၏ ထုတ်ပြန်ချက်ကို အဆုံးသတ်ပြီးနောက် ထပ်မံမေးသည်။

"မစ္စတာရှဲ့၊ ဆန်းစစ်ထားတဲ့ ဗီဒီယိုကို မဒမ်ရဲ့ အေဂျင်စီဆီကို ပို့သင့်လား၊ ပြောရရင် ဒီလိုကိစ္စမျိုးကို ရှင်းလင်းဖို့က... သူတို့ လုပ်ရင် ပိုကောင်းပါတယ်"

ရှဲ့ကျစ်ရှင်း မဖြေဘဲ ဗီဒီယိုထဲက ကောင်မလေးကို တိတ်ဆိတ်စွာကြည့်နေသည်။ သူမက ရှချန်းချန်းနှင့် လုံးဝ မတူသောသူဖြစ်ပြီး သူမ၏ ရုပ်ရည်သည် ရှချန်းချန်း၏ ဆယ်ပုံတစ်ပုံမျှပင် ကြည့်မကောင်းပေ။

ရှဲ့ကျစ်ရှင်းသည် iPad ကို အထူးလက်ထောက်ကျိုးအား ပြန်ပေးသည်။

“မဒမ်ကို ပေးလိုက်၊ သူ ဘယ်လို ကိုင်တွယ်မလဲ ကြည့်ရအောင်”

"ဟုတ်ကဲ့"

အထူးလက်ထောက်ကျိုးက iPad ကို ပိတ်လိုက်သည်။

"နောက်ထပ် တစ်ခုရှိပါသေးတယ်၊ လင်းယွီရှူရဲ့ အရောင်းအဝယ် စာချုပ်ကို ဥပဒေဌာန ကို ပို့လိုက်ပါပြီ၊ သခင်လေးရဲ့ နာမည်နဲ့ ပိုင်ဆိုင်မှုတွေက အရမ်းများနေလို့ ဝယ်ယူမှုက ကန့်သတ်ထားပါတယ်၊ လင်းယွီရှူကို ကုမ္ပဏီ နာမည်နဲ့ မှတ်ပုံတင်ထားတာလား"

ရှဲ့ကျစ်ရှင်း ခဏ စဉ်းစားပြီး ပြောသည်။

"မဟုတ်ဘူး၊ ဒါက မဒမ်ရဲ့ အမေက သူ့အတွက် ထားခဲ့တဲ့ ဗီလာလေ၊ သူ့နာမည်နဲ့ပဲ”

အထူးလက်ထောက်ကျိုးက အနည်းငယ် အံ့ဩသွားသည်။

"သခင်မလေး နာမည်နဲ့လား"

ရှချန်းချန်းက အမွေဆက်ခံခြင်း လုပ်ထုံးလုပ်နည်းများကို ပြီးမြောက်ပြီးနောက် သူမ၏ နာမည်သည် ပိုင်ဆိုင်မှု လက်မှတ်တွင် ရှိသင့်သည်။ သူမ၏ နာမည်က အရောင်းအဝယ် ပြီးနောက်တွင်လည်း ရေးထားဆဲပင်...။

အထူးလက်ထောက်ကျိုးက မပြောဘဲ မနေနိုင်တော့ပေ။

"ဒါဆို... ဘာလို့ သူ့ကို ဓာတ်ပုံရိုက်ခဲ့တာလဲ"

ပိုက်ဆံများလွန်းလို့ သုံးစရာနေရာမရှိလို့ အခွန်တချို့ကို နိုင်ငံတော်ကို ပေးပြီး GDP ကို အထောက်အကူ ပြုချင်တာလား။

ရှဲ့ကျစ်ရှင်း မဖြေဘဲ အထူးလက်ထောက်ကျိုးကို အေးစက်စွာကြည့်နေသည်။ သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်နှင့် မထီမဲ့မြင်ပြုခြင်း အနည်းငယ် ရှိနေသည်။

အထူးလက်ထောက်ကျိုးက ထိတ်လန့်သွားပြီး ချက်ချင်း ပြန်ဖြေသည်။

"နားလည်ပါပြီ၊ အခုပဲ လုပ်လိုက်ပါမယ်"

အထူးလက်ထောက်ကျိုးက iPad ကို ယူကာ အလျင်အမြန် ထွက်သွားသည်။ သူ တံခါးဝသို့ ရောက်သည်နှင့် ရှဲ့ကျစ်ရှင်းက သူ့ကို ရုတ်တရက် ထပ်ခေါ်လိုက်သည်။

“တိုက်ရိုက်ထုတ်လွှင့်မှုပြီးတော့ လိမ်ညာသူများကို ဖော်ထုတ်သူဆီမှာ တခြား လုပ်ဆောင်ချက်တွေ ရှိသေးလား"

အထူးလက်ထောက်ကျိုးက ရပ်လိုက်သည်။ သူ၏ မျက်နှာတွင် နားမလည်သော ပုံစံဖြစ်သွားသည်။

"မရှိပါဘူး၊ ဒီနေ့ သူက ရှယုံဒယ်က ရှမိသားစုရဲ့ သားမက်ဖြစ်တယ်လို့ သတင်းဖော်ထုတ်ခဲ့ပါတယ်၊ လူတိုင်းရဲ့ အာရုံစိုက်မှုက တိုက်ရိုက်ထုတ်လွှင့်မှုပေါ်မှာပဲ ရှိပါတယ်၊ မစ္စတာရှဲ့ဘာပြဿနာ ရှိလို့လဲ"

အထူးလက်ထောက်ကျိုးသည် လိမ်ညာသူများကိုဖော်ထုတ်သူ ကို ကောင်းမွန်သော အထင်အမြင် ရှိသည်။ နောက်ဆုံးတွင် သူတို့အတွက် ဤသို့ ခေါင်းကိုက်စရာ ဖြစ်စေခဲ့သည့် ခိုးချမှုကိစ္စကို သူ အလွယ်တကူ ဖြေရှင်းပေးခဲ့သည်။

အထူးလက်ထောက်ကျိုးက ရှဲ့ကျစ်ရှင်းလည်း လိမ်ညာသူများကိုဖော်ထုတ်သူအပေါ် ကောင်းမွန်သော အထင်အမြင် ရှိသည်ဟု ယုံကြည်သည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ သူ၏ ယနေ့ မေးခွန်း များက သံသယများဖြင့် ပြည့်နှက်နေသည်။

လိမ်ညာသူများကိုဖော်ထုတ်သူက တစ်ခုခု မှားနေလို့လား။

ရှဲ့ကျစ်ရှင်း မျက်မှောင်ကြုတ်လိုက်သည်။

“ဒီနေ့ ရှချန်းချန်းရဲ့ လိင်အရှုပ်တော်ပုံကို ဖြေရှင်းတဲ့နည်းလမ်းက လိမ်ညာသူများကို ဖော်ထုတ်သူက ရိဖန်ရဲ့ ခိုးချမှုကို အပြစ်ကလွတ်စေတဲ့ နည်းလမ်းနဲ့ အရမ်းတူနေတယ်”

ပြောင်မြောက်တဲ့ ပါရမီနဲ့ ရင်ဆိုင်ရတဲ့အခါ ကျင်ရိဖန် ခိုးချခဲ့တယ်လို့ ဘယ်သူက ယုံမှာလဲ။

အလားတူပဲ ပြောင်မြောက်တေဲ့ ငွေကြေး အရင်းအမြစ်နဲ့

ရင်ဆိုင်ရတဲ့အခါ ရှချန်းချန်းမှာ စပွန်ဆာရှိတယ်လို့ ဘယ်သူက ယုံမှာလဲ။

တူညီသော နည်းလမ်း၊ တိုက်ရိုက် တုံ့ပြန်ခြင်းမပြုဘဲ ပိုမို ပေါက်ကွဲဖွယ်ကောင်းသော သတင်း ကို အသုံးပြု၍ မူရင်း အနက်ရောင် အကြောင်းအရာကို အရင်းမြစ်မှ ပေါက်ကွဲစေသည်။

အထူးလက်ထောက်ကျိုး၏ စိတ်ထဲတွင် question marks များနှင့် ပြည့်နှက်နေသည်။

သူတို့ တူလို့လား၊ ငါကတော့ ဘာဖြစ်လို့ လုံးဝ မတူဘူးလို့ ခံစားရတာလဲ။

"ဒါက တိုက်ဆိုင်တာပဲ"

အထူးလက်ထောက်ကျိုးက အကြောင်းပြချက်တစ်ခုကို တွေးမိသည်။

“လိမ်ညာသူများကို ဖော်ထုတ်သူ အကောင့်ရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်တဲ့လူက ဒီလောက် လျှို့ဝှက်နေတာ၊ ကျွန်တော်တို့တောင် သူ့ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာကို မသိဘူး၊ မဒမ်က ဘယ်လိုလုပ် သိမှာလဲ"

ရှဲ့ကျစ်ရှင်း မှတ်ချက်မပေးဘဲ လိမ်ညာသူများကို ဖော်ထုတ်သူ၏ Weibo ပင်မစာမျက်နှာကို ကြည့်ရှုနေသည်။ သူ၏ Weibo အကြောင်းအရာက အလွန်နည်းသည်။ ပို့စ်အနည်းငယ်သာ ရှိသည်။ သို့သော် ပို့စ်တိုင်းတွင် သန်းပေါင်းများစွာသော ပြန်တင်ခြင်းနှင့်ကြိုက်နှစ်သက်ခြင်း (likes) များ ရှိနေသည်။

ရှဲ့ကျစ်ရှင်းသည် "ရှန်းကျွယ်" ၏ ဇာတ်ညွှန်း နှင့် ဇာတ်လမ်းပိုင်းများကို ကြေညာထားသော Weibo ပို့စ်ကို မြင်သောအခါ ရပ်တန့်သွားသည်။

လိမ်ညာသူများကို ဖော်ထုတ်သူက ဒီလို ပြည်တွင်း သတင်းအချက်အလက်မျိုးကို ဘယ်လိုလုပ် သိတာလဲ။

သို့သော် ရှချန်းချန်းက "ရှန်းကျွယ်" ၏ အဓိက ထုတ်လုပ်သူဖြစ်ပြီး သူမတွင် ဤ သတင်းအချက်အလက်ရှိသည်။

ရှဲ့ကျစ်ရှင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲတွင် ခိုင်မာသော အကြံအစည်တစ်ခု ပေါ်လာသည်။

ရှဲ့ကျစ်ရှင်း: "မဒမ် ဘယ်မှာလဲ၊ သူ ပြန်မလာသေးဘူးလား"

အထူးလက်ထောက်ကျိုး: "အိုး၊ ရှေ့နေချန်က ရှယုံဒယ်က လင်းယွီရှူကို သွားတယ်လို့ ပြောတယ်၊ ဒါကြောင့် မဒမ်က စောစော ပြန်လာမှာ မဟုတ်ဘူး၊ အဖေနဲ့ သမီး အတိတ်ကို ပြန်အမှတ်ရ ချင်ကြတာ ဖြစ်နိုင်လား၊ ... ဒါပေမဲ့ ဘာကြောင့် ရှယုံဒယ်က ဒီနေ့ သူနဲ့ မဒမ်တို့ရဲ့ ဖခင်-သမီး ဆက်ဆံရေးကို ဖြတ်တောက်ကြောင်း ကြေညာခဲ့တယ်လို့ ကျွန်တော် မှတ်မိနေတာလဲ..."

အထူးလက်ထောက်ကျိုးသည် ဆက်လက်ပြောနေဆဲ ဖြစ်သော်လည်း ရှဲ့ကျစ်ရှင်း၏ မျက်လုံးများ ရုတ်တရက် စူးရှလာသည်။

"ဘာလို့ စောစောက မပြောတာလဲ"

သူ မပြောမီမှာပင် ရှဲ့ကျစ်ရှင်းက ထရပ်လိုက်ပြီး သူ့၏ အင်္ကျီကိုဝတ်ကာ စာကြည့်ခန်းမှ ခြေလှမ်းကြီးကြီးဖြင့် ထွက်သွားသည်။

အထူးလက်ထောက် ကျိုးသည် ရှဲ့ကျစ်ရှင်း၏ ကျောပြင်ကို ကြည့်ပြီး သူ၏ ခေါင်းနောက်ဘက်ကို ပွတ်သပ်ကာ နားမလည်သော ပုံစံဖြင့် ပြောသည်။

“ဒါက အဖေ-သမီး ပြန်လည်ဆုံဆည်းတာပဲလေ... မင်းက တကယ့် ခင်ပွန်းတောင် မဟုတ်ဘူးလေ... ဘာလို့ ဒီလောက် ဂရုစိုက်ရတာလဲ"

……

တောက်ပသော မီးလုံးများသည် ဗလာဖြစ်နေသာဗီလာကို ထွန်းညှိထားသည်။ ဗီလာထဲတွင် ရှယုံဒယ်၏ စော်ကားမှုများ ဆက်လက် ထွက်ပေါ်နေသည်။

"ရှချန်းချန်း၊ မင်းလို ဆိုးသွမ်းတဲ့စိတ်ရှိတဲ့ သမီးတစ်ယောက်ကို ငါ ဘယ်လိုလုပ် မွေးဖွားမိတာလဲ၊ ဝမ်ဝမ်က မင်းအစ်မ မင်း သူ့ကို ဒီလို အနိုင်ကျင့်နေတာက ငါ့ကို မင်းရဲ့ အဖေလို့ သတ်မှတ်သေးရဲ့လား၊ ဝမ်ဝမ်ကိုရော မင်းအစ်မလို့ သတ်မှတ်သေးရဲ့လား"

ရှယုံဒယ်က သူ့ကို အေးစက်စွာကြည့်ပြီး သူ့မျက်နှာ နီရဲလာကာ စကားပြောရင်း အသက်ရှူကျပ်သည်အထိ ဆူပူနေသည်။ ယဲ့လျူဖန်က လျင်မြန်စွာ ရှေ့တိုးလာပြီး သူ့ကျောကို ပုတ်ပေးသည်။

“ယုံဒယ် စိတ်မဆိုးပါနဲ့၊ မဟုတ်ရင် စိတ်ဆိုးပြီး ဖျားလိမ့်မယ်”

သူမ သက်ပြင်းချသည်၊ သူမ၏ စကားလုံးများတွင် မကျေနပ်မှု အနည်းငယ် ပါဝင်သည်။

“ချန်းချန်းက ငယ်ငယ်ကတည်းက ကျွန်မနဲ့ ဝမ်ဝမ်ကို မကြိုက်တာ ကျွန်မ သိတယ်၊ ကျွန်မတို့ ကျင့်သားကျနေတာ ကြာပါပြီ ဒါပေမဲ့ ရှင်နဲ့ ချန်းချန်းက သားအဖတွေလေ၊ ကျွန်မတို့ကြောင့် ရှင်တို့ရဲ့ သားအဖ ဆက်ဆံရေးကို မဖျက်ဆီးပါနဲ့”

ယဲ့ရှီဝမ်ကလည်း မျက်ရည်နှစ်စက်ကို သုတ်လိုက်ပြီး နားချရန် ရှေ့တိုးလာသည်။

"ဟုတ်တယ် ပါး၊ ချန်းချန်းက သမီးရဲ့ ညီမပါ၊ သူ ဘယ်လိုပဲ သမီးကို နာကျင်အောင် လုပ်လုပ် သမီး သူ့ကို မမုန်းပါဘူး၊ ဒါပေမဲ့ သမီး တကယ် မသိခဲ့ဘူး လင်းယွီရှူက ချန်းချန်းပိုင်တာလို့ ဒီလိုဆိုရင် ချန်းချန်း၊ လင်းယွီရှူကို နင့်ဆီ ပြန်ပေးပါ့မယ်”

ရှချန်းချန်းက ဧည့်ခန်းရှိ ဆိုဖာကို မှီနေပြီး ယဲ့ရှီဝမ်၏ မွေးနေ့ပွဲမှ သူမ အစောမှ ယူလာသော လှီးဖြတ်ထားသည့် ဖရဲသီးကို ကိုင်ထားသည်။

ဖရဲသီးစားရင်း သူမက ပေါ့ပေါ့ပါးပါးပြောသည်။

"ဘာလို့ ဒီလောက် ရယ်စရာကောင်းနေတာလဲ၊ 'လင်းယွီရှူကို ငါ့ဆီ ပြန်ပေး' တာက ဘာကိုဆိုလိုတာလဲ၊ လင်းယွီရှူက အစကတည်းက ငါပိုင်တာလေ မယားပါသမီး ၊ မိထွေး ၊ အိုး၊ ပြီးတော့ သားမက်၊ ငှက်ကျားအသိုက်ကို အရမ်းကြာကြာ သိမ်းပိုက်မထားပါနဲ့၊ မဟုတ်ရင် ကိုယ်က သခင်လို့ တကယ်ထင်သွားလိမ့်မယ်!"

"ရှချန်းချန်း!!”

ရှယုံဒယ် ရှချန်းချန်းကို ဒေါသတကြီးနှင့် လက်ညှိုးထိုးကာ ပြောသည်။

"ငါက နင်ရဲ့ အဖေ၊ နင် ငါ့ကို ဘယ်လို စကားပြောတာလဲ"

"ဘယ်လို ပြောလို့လဲ၊ ပါးစပ်နဲ့လေ"

ရှချန်းချန်း ပြုံးလိုက်သည်။ သူမသည် သပ်ရပ်စွာဖြင့် တစ်ရှူးတစ်ရွက်ကို ထုတ်ယူပြီး ဖရဲစေ့များကို တစ်ရှူးထဲသို့ ထွေးထုတ်လိုက်ကာ နောက်ထပ် စာရွက်တစ်ရွက်ကို ထုတ်ယူပြီး အနည်းငယ် မှိန်ဖျော့နေသော နှုတ်ခမ်းနီကို ဖြည်းဖြည်းချင်း သုတ်လိုက်သည်။

"ရှင် နေ့လည်တုန်းက ကျွန်မနဲ့ သားအဖ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တယ်ဆိုတာ မေ့သွားပြီလား၊ မှန်လား မစ္စတာရှ"

"ရှချန်းချန်း၊ မင်း——!"

ရှယုံဒယ်သည် ဒေါသထွက်သောကြောင့် ရှေ့သို့ ပြေးကာ ရှချန်းချန်းကို ရိုက်ရန် လက်မြှောက်လိုက်သည်။ ရှချန်းချန်း ရှောင်ချင်သော်လည်း ရုတ်တရက် သူ့ရှေ့တွင် အရိပ်တစ်ခု ကျရောက်လာပြီး ရိုက်ချက်က လေထဲတွင် ရပ်တန့်သွားသည်။

ရှချန်းချန်း မော့ကြည့်လိုက်ရာ suit ဝတ်ထားသော အမျိုးသားတစ်ဦးသည် သူမရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားက ကျယ်ပြန့်သော ကျောပြင်နှင့် ကျဉ်းမြောင်းသော ခါး၊ ဖြောင့်စင်းပြီး ပါးလျသော ခန္ဓာကိုယ်ရှိသော်လည်း အနည်းငယ် တင်းကျပ်သော ဝတ်စုံမှာမူ သူ့ ပခုံးနှင့် ကျောမှ ကြွက်သားများသည် လှပပြီး သန်မာ နေကြောင်း ထုတ်ဖော်ပြသနေသည်။

သူ၏ အားကောင်းသော လက်များသည် ရှယုံဒယ်၏ လက်ကောက်ဝတ်များကို သံမဏိ ကဲ့သို့ ဆုပ်ကိုင်ထားသည်။ ရှယုံဒယ် လွတ်မြောက်အောင်ရန် ကြိုးစားသော်လည်း မရခဲ့ချေ။

ရှယုံဒယ်က သူ့ရှေ့တွင် ကာထားသော အမျိုးသားကို ဒေါသတကြီးစိုက်ကြည့်သော်လည်း ထိုအမျိုးသား၏ မျက်နှာက သူ့ကိုယ်တစ်ခုလုံးကို တင်းသွားစေခဲ့သည်။

"ရှဲ့… ရှဲ့ကျစ်ရှင်း”

အခမ်းအနားရှိ လူတိုင်း ထိတ်လန့်သွားကြပြီး ရှချန်းချန်းပင် အနည်းငယ် အံ့ဩသွားခဲ့သည်။

ရှဲ့ကျစ်ရှင်းက နောက်ဆုံးတွင် ရှယုံဒယ်ကို ချုပ်နှောင်ထားသော လက်ကို လွှတ်လိုက်သည်။ ရှယုံဒယ်သည် သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ဖို့ပင် အချိန်မရသေးဘဲ ချက်ချင်း သူ့မျက်နှာကို ပြောင်းလဲပြီး ချော့မော့သော အမူအရာဖြင့် ပြောသည်။

“ဘော့စ်ရှဲ့၊ ဘာလို့ ဒီမှာ ရောက်နေတာလဲ"

ရှဲ့ကျစ်ရှင်းသည် သူက ဘော့စ်ရှဲ့ နှင့် ထျန်းရှန်း၏ သူဌေးဖြစ်ကြောင်း မကြေညာခဲ့သောကြောင့် ဖျော်ဖြေရေးလောကရှိ လူအများစုက သူသည် ရွှေသုံးဆုရှင် မင်းသား တစ်ဦးဟုသာ ထင်ခဲ့ကြပြီး သူသည် ထူးချွန်သော လုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်း မသိခဲ့ကြပေ။

သို့သော် သူ၏ ပုံစံအမှန်မှာ ချမ်းသာသော မိသားစုအသိုင်းအဝိုင်းတွင် လျှို့ဝှက်ချက် မဟုတ်ပေ။ ကျန်းချန်တွင် အချမ်းသာဆုံး မိသားစုကို ဖားယားနိုင်ခြင်းသည် ရှယုံဒယ်အတွက် အကျိုးထက် ပိုမို အန္တရာယ်ရှိသည်။ မကြာမီ အနာဂတ်တွင် ရှမိသားစုကို သိမ်းပိုက်ရန်ပင် သူ့ကို ကူညီပေးနိုင်သည်။

ရှဲ့ကျစ်ရှင်းသည် ဧည့်ခန်းရှိ လူတိုင်းကို ကြည့်လိုက်ပြီး ပြေပြစ်သော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်က လင်းယွီဗီလာကို ဝယ်တဲ့သူပါ”

သူ၏ မျက်လုံးများက ရှယုံဒယ်ပေါ်သို့ ကျရောက်သွားသည်။

"ကျွန်တော်က အစကတော့ အိမ်ကို လာသိမ်းမလို့၊ ဒါပေမဲ့ မိသားစု ပြဇာတ်ကို မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ရှယုံဒယ်က အပြစ်ရှိသော စိတ်ခံစားမှုဖြင့် ပြောသည်။

"ကျွန်တော် တောင်းပန်ပါတယ် မစ္စတာရှဲ့၊ ချန်းချန်းက အသိပညာ မရှိလို့ မင်းကို ရယ်အောင် လုပ်မိပါပြီ၊ ကျွန်တော့်သမီးက ဒီလိုပါပဲ၊ သူက ငယ်ငယ်ကတည်းက ကိုယ်ချင်းစာတရား မရှိ ခဲ့လို့၊ လင်းယွီဗီလာကို ကြည့်ရှုချင်ရင်..."

ရှယုံဒယ် ချက်ချင်း ယဲ့ရှီဝမ်ကို တွန်းထုတ်လိုက်သည်။

"ဝမ်ဝမ်က မင်းကို မိတ်ဆက်ပေးနိုင်ပါတယ်၊ ဝမ်ဝမ်က လင်းယွီဗီလာကို ရင်းနှီးပါတယ်"

ယဲ့ရှီဝမ်လည်း ရှဲ့ကျစ်ရှင်းကို တွေ့သောအခါ ဝမ်းသာခဲ့ပြီး သူမ၏ စိတ်ထဲရှိ စိတ်လှုပ်ရှားမှု ကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ဖျော်ဖြေရေးလောကတွင် ရှဲ့ကျစ်ရှင်းသည် ဆုသုံးဆုရှင် ဖြစ်ပြီး ချမ်းသာသော အသိုင်းအဝိုင်းတွင် သူက ရှဲ့မိသားစု၏ စစ်မှန်သော တာဝန်ခံဖြစ်သည်။

ရှဲ့ကျစ်ရှင်းနဲ့ ကောင်းကောင်းပေါင်းသင်းနိုင်ရင် ပြန်မလှည့်နိုင်မှာကို ကြောက်စရာမလိုတော့ဘူး။

ဒါ့အပြင်... ယဲ့ရှီဝမ်က ကျန်းချန်မှာရှိတဲ့ ထိပ်တန်း ချမ်းသာတဲ့ မိသားစုထဲကို လက်ထပ်ချင်ခဲ့တာ၊ ဒါကြောင့် ဆိုးသွမ်းတဲ့ ယောက္ခမရဲ့ အတားအဆီးကို မလွဲမသွေ ကြုံတွေ့ရမှာပဲ။ ရှဲ့ကျစ်ရှင်းရဲ့ သူ့မိဘတွေ လွန်ခဲ့တဲ့ခုနှစ်နှစ်က ကွယ်လွန်ပြီး တစ်ယောက်တည်း ကျန်ခဲ့တာလေ၊ သူက ဟန်ကျားလင်ထက် ငါ့အတွက် ပိုကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူးလား။

ယဲ့ရှီဝမ် ချက်ချင်း သနားစရာကောင်းသည့် ကြာပန်းဖြူလေးကဲ့သို့ ဟန်ဆောင်လိုက်ပြီး ပါးပြင်နီရဲကာ ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်သည်။

“ဆရာ ရှဲ့၊ ကျွန်မ…ကျွန်မ ရှင့်ကို ကြည့်ရှုဖို့ ခေါ်သွားပေးပါ့မယ်"

ဤသည်က သူ၏ ပုံမှန် လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ ဆွဲဆောင်မှုရှိသည့် ကြာပန်းဖြူလေးသည် အမျိုးသားတစ်ဦး၏ ကာကွယ်လိုစိတ်ကို အထူး နှိုးဆွပေးနိုင်သည်။

ရှဲ့ကျစ်ရှင်းက အေးစက်သော အမူအရာ ရှိနေ၏။ သို့သော် ဤအချိန်တွင် သူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ရှီဝမ်မှာ လမ်းပြရန် လက်ဆန့်တန်းလိုက်သည့်အချိန်၌ သူ တမင်တကာ နောက်တစ်လှမ်းဆုတ်ပြီး ယဲ့ရှီဝမ်နှင့် အကွာအဝေး ခြားလိုက်သည်။

ယဲ့ရှီဝမ် ကြောင် အ သွားသည်။ သို့သော် သူမသည် ရှဲ့ကျစ်ရှင်းက သူမကို လုံးဝ လျစ်လျူရှု နေသည်ကိုသာ တွေ့လိုက်ရပြီး ခေါင်းလှည့်ကာ ရှချန်းချန်းကို စိတ်ရှုပ်ထွေးစွာဖြင့် မေးသည်။

"မစ္စရှ၊ ဒီအိမ်က ကျွန်တော့်နဲ့ သက်ဆိုင်သွားပြီ၊ ဘာလို့ မင်းအဖေနဲ့ မင်းရဲ့ မယားပါသမီးက ပိုင်ရှင်လို ဟန်ဆောင်ပြီး ကျွန်တော့်ကို ဗီလာကို လိုက်ပြချင်ရတာလဲ၊ သူတို့က မင်းရဲ့ ပိုင်ဆိုင်မှုကို သိမ်းပိုက်ပြီးတော့ ကျွန်တော့်ဗီလာကို ထပ်သိမ်းပိုက်ချင်တာလား"

ရှဲ့ကျစ်ရှင်းက မေးသော်လည်း သူ၏ လေသံမှာ မေးခွန်းထုတ်စရာ မရှိသော ဆုံးမစကား များဖြင့် ပြည့်နှက်နေသည်။

ရှယုံဒယ်နှင့် အခြားသူများ၏ မျက်ဆံများမှာ တုန်လှုပ်သွားသည်။ သူတို့က ရှဲ့ကျစ်ရှင်းသည် ဝယ်သူတစ်ဦးသာ ဖြစ်သည်ဟု မူလက ထင်ခဲ့ကြသော်လည်း ယခုသူ၏ သဘောထားမှာ ဝယ်သူတစ်ဦးထက် ပိုသည်မှာ သေချာသည်။

ရှယုံဒယ်က အလျင်အမြန် ချော့မော့လိုက်သည်။

“မစ္စတာရှဲ့၊ မင်း နားလည်မှုလွဲနေပြီ ကျွန်တော်တို့ လင်းယွီဗီလာကို ဘယ်လိုလုပ် သိမ်းပိုက်ချင်မှာလဲ၊ ကျွန်တော်တို့က မင်း လင်းယွီဗီလာနဲ့ မရင်းနှီးမှာ စိုးရိမ်လို့ပါ၊ ပြီးတော့ ဝမ်ဝမ်က လင်းယွီဗီလာကို အသိဆုံးသူပဲ မင်းကို လိုက်ပြဖို့ လူမလိုဘူးဆိုရင် ကိုယ့်ဘာသာ ကိုယ် ကြည့်ရှုနိုင်ပါတယ်၊ နားမလည်တာရှိရင် ဝမ်ဝမ်ကို မေးလိုက်ပါ”

ယဲ့လျူဖန်ကလည်း ထောက်ခံသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဝမ်ဝမ်က လင်းယွီ ဗီလာကို အသိဆုံးပဲ"

သူမသည် ဘေးနားရှိ ယဲ့ရှီဝမ်ကိုလည်း မျက်စိမှိတ်ပြခဲ့ပြီး ယဲ့ရှီဝမ်သည် ချက်ချင်း ရှဲ့ကျစ်ရှင်းဘေးတွင် နာခံစွာရပ်လိုက်သည်။

ရှဲ့ကျစ်ရှင်းသည် ယဲ့ရှီဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

"ကျွန်တော် တကယ်ပဲ မစ္စစ်ယဲ့ကို မေးစရာရှိရင်တောင် မစ္စစ်ယဲ့က ဖြေနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်"

ယဲ့ရှီဝမ်နှင့် အခြားသူများအားလုံး ကြောင်သွားကြပြီး ရှဲ့ကျစ်ရှင်း၏ ဆိုလိုရင်းကို ကောင်းစွာ နားမလည်ကြပေ။

နောက်တစ်စက္ကန့်တွင် လင်းယွီရှူ၏ တံခါးကို ခေါက်ဖွင့်လိုက်ပြီး ယူနီဖောင်း ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်အဖွဲ့တစ်ဖွဲ့သည် ဧည့်ခန်းထဲသို့ ပြေးဝင်လာကြသည်။

"ရဲပဲ၊ မလှုပ်နဲ့!"

ရှယုံဒယ်နှင့် အခြားသူများက ထိတ်လန့်သွားကြပြီး ကြောက်လန့်ကာ လက်များကို မြှောက်လိုက်ကြသည်။ ရဲတပ်ဖွဲ့ဝင်များသည် ရိုက်ပုတ်တံများကို ကိုင်ဆောင်ထားကြပြီး ရှယုံဒယ်ကို ကျော်ဖြတ်ကာ ယဲ့ရှီဝမ်ကို လက်ထိတ်ခတ်လိုက်ကြသည်။

ယဲ့လျူဖန် ထိတ်လန့်သွားသည်။

"မစ္စတာရဲ၊ ရှင် ဘာလို့ ကျွန်မသမီးကို ဖမ်းတာလဲ၊ နားလည်မှုလွဲနေတာလား"

ရဲတပ်ဖွဲ့ဝင်က အေးစက်စွာပြောသည်။

"နားလည်မှုလွဲတာ မရှိပါဘူး၊ ခင်ဗျားသမီး ယဲ့ရှီဝမ်က AI မျက်နှာပြောင်းလဲခြင်း နည်းပညာ ကို အသုံးပြုပြီးတော့ ညစ်ညမ်းဗီဒီယိုတွေ ပြုလုပ်ပြီး မစ္စစ်ချန်းရဲ့ အခွင့်အရေးတွေကို ချိုးဖောက် ခဲ့တယ်လို့ သံသယရှိပါတယ်၊ ကျွန်တော်တို့ သူ့ကို ဥပဒေအရ ဖမ်းဆီးနေတာပါ"

ရှယုံဒယ်က အသက်ရှူရပ်တန့်သွားပြီး သူ ချက်ချင်း ရှချန်းချန်းကို ကြည့်လိုက်သည်။

"မင်း ရဲခေါ်ခဲ့တာလား"

သူ ချက်ချင်း ရှေ့တိုးလာပြီး ရှချန်းချန်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။

"ဝမ်ဝမ်က မင်းအစ်မ၊ မင်း ဘယ်လိုလုပ် ဒီလောက် ရက်စက်ရတာလဲ”

ယဲ့ရှီဝမ် ထိတ်လန့်သွားပြီး မျက်ရည်များ စီးကျလာသည်။

"ပါး၊ မား၊ သမီး ထောင်မသွားချင်ဘူး၊ မသွားချင်ဘူး"

ကံမကောင်းစွာဖြင့် ရဲတပ်ဖွဲ့ဝင်များ လျင်မြန်စွာ လုပ်ဆောင်ခဲ့ကြသည်။ သူမ စကားအနည်းငယ် ထပ်မပြောမီမှာပင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးက သူမကို ဗီလာမှ ခေါ်ထုတ် သွားခဲ့သည်။

သူမ ရဲများကို တားဆီး၍ မရသည်ကို မြင်သောအခါ ယဲ့လျူဖန်က အလျင်အမြန်ပြန်လာပြီး ရှချန်းချန်း၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သူမ၏ လက်သည်းများက သူမ၏ အသားထဲသို့ နီးပါး တူးဆွဝင်နေသည်။

ယဲ့လျူဖန်က ငိုသည်။

“ချန်းချန်း၊ ငါ နင့်ကို ဒီဆယ်နှစ်အတွင်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်လို့ ငါ ထင်တယ်၊ နင် ဝမ်ဝမ်ကို ဘယ်လိုလုပ် ဒီလို ဆက်ဆံရတာလဲ"

ရှာယုံဒယ်ကလည်း ဆူပူသည်။

“ရှချန်းချန်း၊ ရဲစခန်းသွားပြီး တိုင်ကြားချက်ကို ရုပ်သိမ်းလိုက်၊ ဝမ်ဝမ်က မင်းအစ်မ၊ ဒီလိုကိစ္စမျိုးတွေ ပေါ်လာရင် ငါတို့ ရှမိသားစု အတွက် အရှက်ရစရာ ဖြစ်လိမ့်မယ်"

ရှချန်းချန်းသည် ဆန်းကြယ်သော မြင်ကွင်းကို ကြည့်ပြီး ရှယုံဒယ်အား ငြင်းဆန်တော့မည်ဆဲဆဲတွင် ရှဲ့ကျစ်ရှင်း၏ အေးစက်သော အသံက ရုတ်တရက် သူ့နောက်မှ ထွက်ပေါ်လာသည်။

"AI မျက်နှာပြောင်းလဲတဲ့ နည်းပညာကို အသုံးပြုပြီး ညစ်ညမ်းဗီဒီယိုတွေကို ထုတ်လုပ်တာက မစ္စစ်ရှရဲ့ ပုံတူပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာကို ချိုးဖောက် ရုံသာမကပဲနဲ့ ညစ်ညမ်းပစ္စည်းတွေ ဖြန့်ဝေတာက ရာဇဝတ်မှုကိုလည်း ကျူးလွန်တာပါ ဒါက ရာဇဝတ်တွေပဲ၊ ခံရသူကက တိုင်ကြားချက်ကို ရုပ်သိမ်းလိုက်ရင်တောင် အကျိုးမရှိဘူး”

ရှဲ့ကျစ်ရှင်း၏ လေသံသည် ပြေပြစ်သော်လည်း လေးလံသော အလေးချိန်ကို ဆောင်ထားပုံရသည်။ ရှာယုံဒယ်သည် လျှပ်စီးလျှပ်သကဲ့သို့ ဖြစ်သွားသည်။ ယဲ့လျူဖန် ချက်ချင်း ခဲသွားပြီး ဘာလုပ်ရမှန်းမသိဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ရှဲ့ကျစ်ရှင်းက ထပ်မံပြောသည်။

"ဒီမှာ မစ္စစ်ရှကို တရားစွဲဆိုမှုကို ရုပ်သိမ်းခိုင်းမယ့်အစား အဆက်အသွယ်မြန်မြန် ရှာတာ ပိုကောင်းလိမ့်မယ်၊ ကောင်းကောင်းမွန်မွန် မလုပ်နိုင်ရင် ဆယ်နှစ်လောက် ထောင်ထဲမှာ ရှိနေလိမ့်မယ်"

ယဲ့လျူဖန်သည် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး သူမဘေးရှိ ရှယုံဒယ်၏ အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

"ယုံဒယ် ဒါက ကျွန်မတို့ရဲ့ သွေးသားပဲ၊ ဘာပဲဖြစ်ဖြစ် သူ့ကို ကယ်ရမယ်”

ရှယုံဒယ်သည်လည်း အလွန် ထိတ်လန့်သွားသည်။

“ကိုယ် ဘယ်လိုလုပ် ဝမ်ဝမ်ကို ထောင်ထဲမှာ ဒုက္ခခံခွင့်ပြုနိုင်မှာလဲ၊ ကိုယ် အခုပဲ လူရှာလိုက်မယ်"

ရှယုံဒယ်နှင့် ယဲ့လျူဖန်တို့သည် တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးပြီး ဗီလာမှ အလျင်အမြန် ထွက်ခွာသွားကာ ယဲ့ရှီဝမ်အတွက် အဆက်အသွယ် ရှာဖွေရန် ရဲများနောက်မှ လိုက်သွားကြသည်။

လင်းယွီဗီလာသည် တစ်ခဏချင်းတွင် ဗလာဖြစ်သွားပြီး ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့သာ ကျန်ရစ်ခဲ့သည်။

ရှချန်းချန်းသည် ဘာကြောင့်မှန်းမသိ၊ ရှယုံဒယ်နှင့် အခြားသူများ ထွက်သွားပြီးနောက် သူမသည် ခွန်အားအားလုံးနီးပါး ဆုံးရှုံးသွားပြီး ခြေထောက်များအနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ ရှဲ့ကျစ်ရှင်းက သူ့ကို လျင်မြန်စွာ တွဲပေးလိုက်သည်။

ရှချန်းချန်းက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူမ မျက်လုံးများကို မော့ကြည့်ပြီး ရှဲ့ကျစ်ရှင်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ သူမ၏ မျက်ခွံများပေါ်တွင်၊ အလင်းရောင်အောက်တွင် မှုန်မှိုင်းခြင်းများ ဖုံးအုပ်နေသည်။

"ကျေးဇူးတင်ပါတယ်"

သူမ၏ အသံမှာ နူးညံ့ပြီး ပုံမှန် ရှချန်းချန်းနှင့် မတူပေ။ ရှချန်းချန်းမှာ ဤစကားသည် သူ ပြောခြင်းမဟုတ်ဘဲ မူလပိုင်ရှင်ကိုယ်စား ပြောခြင်းဖြစ်သည်။

ရှချန်းချန်းအတွက် ရှယုံဒယ်က သူ့ကို မည်သို့ အရှက်ရစေသည်ကို သူမ ဂရုမစိုက်ပေ။ သူ အချိန်ခရီးသွားပြီးနောက်မှသာ သူ့ဖခင်ဖြစ်ပြီး၊ သူစိမ်းတစ်ဦးသာ ဖြစ်သည်။

သို့သော် မူလပိုင်ရှင်အတွက် ရှယုံဒယ်ပြောသည့် စကားတိုင်းမှာ ဓားကဲ့သို့ထက်ပြီး သူ၏ ရင်ဘတ်အား လှီးဖြတ်နေသကဲ့သ်ို့ ဖြစ်စေသည်။

သူ့ အဖေ၊ မိထွေး နဲ့ မယားပါသမီးတို့ကို ကျေနပ်အောင်လုပ်ဖို့ အားအင်ဘယ်လောက်ောတင် လိုအပ်ခဲ့လိမ့်မလဲ။

ပြီးတော့ တစ်ယောက်တည်း ဘယ်လောက်များတဲ့ အထီးကျန်ဆန်မှုတွေကို ခံခဲ့ရလိမ့်မလဲ။

သို့သော် "သူမ" တစ်ကိုယ်တည်းရှိနေချိန်တွင် ရှဲ့ကျစ်ရှင်းက မဆိုင်းမတွ သူ့နောက်တွင် ရပ်ပြီး သူ့ကို ထောက်ပံ့ပေးခဲ့သည်။

ရှဲ့ကျစ်ရှင်းက သူ့မျက်လွှာများကို နိမ့်ချလိုက်သည်။

"ရပါတယ်”

နောက်ဆုံးတွင် သူ ရှချန်းချန်းကို နှစ်ကြိမ်ခန့် မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

အကြိမ်များစွာ သူ ခံစားရသည်မှာ ရှချန်းချန်းက mask ဝတ်ဆင်ထားသော သရုပ်ဆောင် တစ်ဦးဖြစ်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော အပြုံးအောက်ရှိ စစ်မှန်သော အမူအရာကို သူ မြင်နိုင်ခြင်းမရှိပေ။

ဤညမှသာ သူသည် စစ်မှန်သော ရှချန်းချန်းကို မြင်ရသကဲ့သို့ ဖြစ်နေသည်။ သူမက သန်မာ၊ လှပပြီး ယောက်ျားဆန်ကာ မိုက်သည်။

အလားတူပင် သူမက နူးညံ့ကာ ထိလွယ်ရှလွယ်ပြီး အထီးကျန်ကာ အားကိုးရာမဲ့သည်။

ရှချန်းချန်းက ကိုယ်ကို မတ်မတ်ရပ်ပြီး လင်းယွီရှူမှ ထွက်ခွာရန် ရည်ရွယ်သော်လည်း ရုတ်တရက် သူမ၏ ညာဘက် ဖနောင့်တွင် စူးရှသော နာကျင်မှုကို ခံစားရသည်။

သူမ၏ ခြေဖဝါးရှိ 10cm စတီးလေး ဒေါင့်မြင့်ဖိနပ် များက သူမ၏ ဖနောင့်မှ ပထမအလွှာ အရေပြားကို ပွတ်တိုက်မိသောကြောင့် နီရဲသော သွေးများ စိမ့်ထွက်လာသည်။

တကယ်တွင် သူမ၏ ဖနောင့်များမှာ အချိန်အတော်ကြာကတည်းက ပွန်းပဲ့နေပြီပင်။ သို့သော် ရှချန်းချန်းက ယဲ့ရှီဝမ်နှင့် ရှာယုံဒယ်ရှေ့မှောက်တွင် ရင်ကိုကော့ပြီး နောက်ဆုံးအချိန်အထိ ရပ်နေခဲ့ရသည်။ ဤသည်က မူလပိုင်ရှင်၏ နုနယ်သော်လည်း မကျေနပ်သည့် မိမိကိုယ်ကိုယ် ယုံကြည်မှုကို ထိန်းသိမ်းရန်ဖြစ်သည်။

ချမ်းသာသော မိသားစု၏ ကိုယ်ကျင့်တရားဆိုင်ရာ မိသားစု ပြဇာတ်သည် နောက်ဆုံးတွင် အဆုံးသတ်ခဲ့သည်။ ရှချန်းချန်းက သူမ၏ ဇိမ်ခံအနီရောင်-အောက်ခံ ဒေါင့်မြင့်ဖိနပ်များကို ချွတ်လိုက်ပြီး လင်းယွီရှူ၏ စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်လိုက်သည်။ နွေရာသီမြေက ချမ်းစိမ့်စိမ့် ဖြစ်နေသည်။

ရှဲ့ကျစ်ရှင်း စကားမပြောဘဲ ရှချန်းချန်းနောက်မှ တိတ်ဆိတ်စွာလိုက်သွားသည်။ သူတို့ အပြင်သို့ ထွက်လာသောအခါ လင်းယွီရှူ၏ ခြံဝင်းတွင် ဖဲကြိုးကဲ့သို့ မိုးရေစက်များ စီးကျနေသည်။

သြဂုတ်လဖြစ်ပြီး ကျန်းချန်က တရုတ်နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းတွင် တည်ရှိသည်။ ယုတ္တိကျကျအားဖြင့် ထိုသို့သော မိုးရွာခြင်းမျိုး မရှိနိုင်ပေ။

အပူပိုင်းဒေသရှိ နွေရာသီတွင် မိုးကြိုးမုန်တိုင်းများသာ အများအားဖြင့် ရှိတတ်သည်။

စနစ်က ရုတ်တရက် ပေါ်လာသည်။

"Host, ငါ မင်းအတွက် ဒီမိုးကို စီစဉ်ပေးခဲ့တာ၊ အစက နှင်းကျစေချင်ခဲ့တာ၊ အဲဒါက မင်းရဲ့ လိင်အရှုပ်တော်ပုံရှင်းလင်း သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒါပေမဲ့ သြဂုတ်လမှာ နှင်းကျရင် နိုင်ငံတော်ကို အစီရင်ခံရနိုင်လို့ မိုးရေစက်အဖြစ် ပြောင်းလိုက်တာ၊ ငါ အရမ်း စဉ်းစားပေးတက်တယ်မလား”

စနစ်သည် ဂုဏ်ယူနေနေပုံရပြီး ချီးမွမ်းခံရရန် စောင့်နေသကဲ့သို့ ဖြစ်နေသည်။ ရှချန်းချန်း မော့ကြည့်လိုက်ရာ မိုးရေစက်သည် နူးညံ့သော နှင်းများကဲ့သို့ ပျံဝဲနေပြီး လမ်းမီးတိုင်များအောက်ရှိ တောက်ပသော အလင်းရောင်ကို ထင်ဟပ်နေသည်။

"အဲဒါက နှင်းနဲ့တော့ တူပါတယ်"

ရှချန်းချန်းက စနစ်ကို သူမ၏စိတ်ထဲတွင် ပြန်ဖြေသည်၊ ထို့နောက် သူမ ခေါင်းစဉ်ကို ပြောင်းလိုက်ပြီး သူမ၏ လက်ထဲရှိ stiletto ဒေါင့်မြင့်ဖိနပ်နှစ်ခုကို မြှောက်ကာ မျက်ခုံးပင့်ပြီး မေးသည်။

“ငါ ဖိနပ်မစီးထားဘူးဆိုတာကို မင်း စဉ်းစားဖူးလား”

စနစ်: "!!!"

စနစ်က သနားစရာကောင်းစွာဖြင့် ပြောသည်။

"တောင်းပန်ပါတယ်၊ ငါ မေ့သွားတယ်..."

ရှချန်းချန်း: "..."

"ထားလိုက်တော့"

ရှချန်းချန်းက သူမ၏ လက်များကို နိမ့်ချ လိုက်သည်။ နောက်ဆုံးတွင် ထောင်ဇီ၏ ရည်ရွယ်ချက် ဖြစ်သောကြောင့် သူမသည် ၎င်းကို ထပ်မံ လှောင်ပြောင်ခြင်းမပြုတော့ဘဲ ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

“ဒရုန်းက ယဲ့ရှီဝမ်ကို ဓာတ်ပုံရိုက်ခဲ့လား”

"ဒါပေါ့"

စနစ်သည် ထပ်မံ စိတ်လှုပ်ရှားလာခဲသည်။ သူသည် ဒရုန်းကို ထိန်းချုပ်ပြီး လင်းယွီရှူ၏ ခြံထဲတွင် ရှချန်းချန်း မြင်နိုင်သော နေရာတွင် ပျံဝဲစေခဲ့သည်။

နောက်ဆုံးတွင် ရှချန်းချန်း၏ နှုတ်ခမ်းများမှာ ကျေနပ်သော အပြုံးကို ပြုံးနေခဲ့သည်။ စိတ်ဓာတ်ကျနေသော မူရင်းပိုင်ရှင်မှာ ထွက်ခွာသွားပြီး ရုပ်တည်၍ ဂုဏ်ယူနေသော ရှချန်းချန်း ပြန်လာပြီဟု စနစ်က တစ်ခဏတာ ခံစားလိုက်ရသည်။

စနစ်: "လင်းယွီဗီလာရဲ့ လုံခြုံရေးအစောင့်တွေက အစက ဒရုန်းတွေကို ပျံခွင့် မပေးခဲ့ဘူး၊ ဒါပေမဲ့ ပိုင်ရှင်ရဲ့ ဗီလာကို သိမ်းပိုက်ဖို့ကြိုးစားတဲ့ ကိစ္စပြီးတော့ သူတို့ ဘာမှ မပြောနိုင်တော့ဘူး၊ စိတ်မပူနဲ့ ယဲ့ရှီဝမ်ကို ရဲက ဖမ်းသွားတဲ့ ဗီဒီယိုကို အပြည့်အစုံ မှတ်တမ်းတင်ထားပြီးတော့ ငါတို့က လုံးဝ သီးသန့်နေရာမှာပဲ”

ရှချန်းချန်း ပြုံးလိုက်သည်။

"ငါတို့ရဲ့ ကျီကျီက နောက်ထပ် ဖရဲသီးကြီးတစ်လုံးကို ဖော်ထုတ်နိုင်တော့မယ်~"

မကြာခမီမှာပင် စနစ်က လိမ်ညာသူများကို ဖော်ထုတ်သူ အကောင့်ကို အသုံးပြုပြီး ယဲ့ရှီဝမ်ကို ရဲက ဖမ်းသွားသည့် ဗီဒီယိုကို ထုတ်ပြန်လိုက်သည်။

"လတ်ဆတ်တဲ့ဖရဲသီး~ ညစ်ညမ်းဗီဒီယို ဖြန့်ဝေသူ လူသတ်သမာ၊ ကျေးဇူးပြုပြီး ခံစားကြည့်ပါ” ဟူသည့် စာသားနှင့်အတူပင်။

[ညစ်ညမ်းဗီဒီယို ဖြန့်ဝေတဲ့ လူသတ်သမားလား၊ ဒီနေ့ ရှချန်းချန်းအကြောင်း ဖြန့်တဲ့သူလား]

[လူသတ်သမားကို ဒီလောက်မြန်မြန် ဖမ်းမိပြီပေါ့၊ ရဲအစ်ကိုကြီးတွေက အရမ်းမိုက်တာပဲ]

[ဒီဗီဒီယိုထဲက မိန်းကလေးက... ယဲ့ရှီဝမ်လား]

[ယဲ့ရှီဝမ်က ရှချန်းချန်းကို အရင်ကတည်းက အသရေဖျက်ခဲ့တာလို့ ပြောခဲ့တယ်လေ၊ ဒီတစ်ခါ အတည်ပြုလိုက်ပြီလား]

[ဒီဆိုးသွမ်းတဲ့ မိန်းမယုတ်က သူ့ညီမကို လိင်အရှုပ်တော်ပုံနဲ့ ဘယ်လိုတောင် အသရေဖျက်ရဲရတာလဲ]

[ filter အကုန်ပျက်နေပြီ၊ ဘာနတ်ဘုရားမလဲ၊ အမျိုးသမီး ရာဇဝတ်တစ်ယောက်သာသာပဲ]

[သန့်စင်တဲ့ လမ်းသွားလမ်းလာတစ်ယောက်ပါ၊ ဗီဒီယိုက ဒီလောက် မှုန်ဝါးနေတာ ယဲ့ရှီဝမ် မဖြစ်နိုင်ဘူး၊ ယဲ့ရှီဝမ်က အရမ်းတော်တဲ့ သရုပ်ဆောင်၊ အင်တာနက်ပေါ်က အနုတ်လက္ခဏာ သတင်းအချက်အလက် အများစုက အသရေဖျက်တာပဲ ပြီးတော့ အဲဒီဝတ်စုံက ရှချန်းချန်းဆီမှာလည်း ရှိတာပဲ]

[အပေါ်ထပ်က... လမ်းသွားလမ်းလာရဲ့ အင်္ကျီကို တင်းနေအောင် ဖုံးပေးလိုက်]

[ယဲ့ရှီဝမ်ရဲ့ ပရိသတ်တွေက ငတုံးတွေလား၊ ရှချန်းချန်းက ဗီဒီယိုတင်ပြီး ကိုယ့်ကိုယ်ကို အသရေဖျက်တာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေက ပြောစရာမလိုတောင်မလိုဘူး၊ ဗီဒီယိုထဲက အရပ်အမြင့်က မှားနေတယ်]

[ယဲ့ရှီဝမ်က နာမည်ကြီး ပန်းလေးပွင့်ထဲက ထဲက တစ်ယောက်၊ ဒါပေမဲ့ သူလည်း ပြိုလဲသွားပြီ]

[အခုတလော ပုံရိပ်ပျက်တာက မကြာခဏဖြစ်နေတယ်နော်]

[ဖျော်ဖြေရေးသတင်းတွေက လူမှုရေးသတင်းတွေ ဖြစ်လာနေတာလား၊ အားလုံးစက်ကြောင့်ပဲ၊ ဖျော်ဖြေရေးလောကရဲ့ ပထမဆုံး ဖြိုဖျက်ရေးရုံး ဟားဟားဟား]

…..

အထူးလက်ထောက်ကျိုးသည် ကုမ္ပဏီသို့ ပြန်ရောက်လာပြီး ပြည်သူ့ဆက်ဆံရေးဌာနတွင် အင်တာနက်ပေါ်ရှိ လူထုအမြင်ကို စောင့်ကြည့်နေသည်။

သူသည် လိမ်ညာသူများကို ဖော်ထုတ်သူမှ ကြေညာထားသော ယဲ့ရှီဝမ်ကို ရဲမှ ဖမ်းဆီးသည့် သတင်းကို ချက်ချင်း မြင်လိုက်ရသည်။

အထူးလက်ထောက်ကျိုးက အလွန် အံ့အားသင့်ခဲ့ပြီး ရှဲ့ကျစ်ရှင်းကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။

"မစ္စတာရှဲ့၊ မင်း ဇနီးနဲ့အတူရှိနေတာလား”

ရှဲ့ကျစ်ရှင်းက ရှချန်းချန်းကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။

"အင်း၊ ဘာဖြစ်လို့လဲ"

အထူးလက်ထောက်ကျိုးက လျင်မြန်စွာပြောသည်။

"လိမ်ညာသူများကိုဖော်ထုတ်သူက လွန်ခဲ့တဲ့သုံးမိနစ်က ဗီဒီယိုတစ်ခုကို တင်ခဲ့တယ်၊ အကြောင်းအရာက ယဲ့ရှီဝမ်ကို ရဲကဖမ်းဆီးတာပဲ”

ရှဲ့ကျစ်ရှင်း ကြောင်သွားပြီး တိတ်ဆိတ်သွားသည်။ သူ၏ မျက်လုံးများက ရှချန်းချန်းပေါ်တွင် ရှိနေဆဲဖြစ်သည်။ ခဏအကြာတွင် သူ ပြန်ဖြေသည်။

"အင်း၊ နားလည်ပြီ"

ရှဲ့ကျစ်ရှင်း ဖုန်းချလိုက်သည်။

သုံးမိနစ်အကြာက ပြန်စဉ်းစားကြည့်လျှင် သူနှင့် ရှချန်းချန်းတို့ လင်းယွီဗီလာမှ ထွက်လာကြသည်။

ရှချန်းချန်း Weibo ပေါ်မှာ ပို့စ်တင်ဖို့ ဘယ်လိုလုပ် အချိန်ရမှာလဲ။ ဒါက လိမ်ညာသူများကို ဖော်ထုတ်သူက ရှချန်းချန်း မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပဲ။

ရှဲ့ကျစ်ရှင်း ကိုယ့်ကိုယ်ကို လှောင်ပြောင်ခဲ့သည်။

ငါ တကယ်ပဲ အရမ်း အတွေးလွန်နေခဲ့တာပဲ။ အင်တာနက်ပေါ်မှာ အသရေဖျက်ခံထားရတဲ့ လှပပြီး ရုပ်တည်တဲ့ အမျိုးသမီးကြယ်ပွင့်တစ်ယောက်က ရုတ်တရက် ပါပါရာဇီ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။

အဓိပ္ပါယ်မရှိလိုက်တာ။

တစ်ဖက်တွင် ရှချန်းချန်းသည် ကောင်းကင်မှ မိုးရေစက်ကို ကြည့်နေသည်။ သူမ တိတ်ဆိတ်နေပုံရသော်လည်း တကယ်တမ်းတွင် ရှဲ့ကျစ်ရှင်းနှင့် အထူးလက်ထောက်ကျိုးတို့၏ ဖုန်းပြောဆိုမှုကို နားထောင်နေခဲ့သည်။ လူနှစ်ယောက် စကားပြောသည်နှင့် စနစ်က အကြောင်းအရာများကို သူမ၏ စိတ်ထဲသို့ ပေးပို့ပြီးသားဖြစ်သည်။ ရှဲ့ကျစ်ရှင်း ပြောသော စကားလုံးတိုင်းကို ရှချန်းချန်း၏ စိတ်ထဲသို့ ပေးပို့ခဲ့သည်။

ရှဲ့ကျစ်ရှင်း ဖုန်းချသည်နှင့် ရှချန်းချန်း သက်ပြင်းချလိုက်သည်။

စနစ်က မနေနိုင်ဘဲ ပြောသည်။

“Host၊ မင်း ဒရုန်းကို သုံးပြီး ယဲ့ရှီဝမ် ဖမ်းခံရတာကို ရိုက်ထားတာ အံ့ဩစရာမရှိတော့ပါဘူး၊ ရှဲ့ကျစ်ရှင်းက မင်းရဲ့ အထောက်အထားကို သံသယရှိနေပြီဆိုတာ သိထားပြီးသားပဲကို”

ရှချန်းချန်း သူမ၏ မျက်ခုံးများကို ပင့်လိုက်သည်။

"ဟုတ်တယ်"

ရှဲ့ကျစ်ရှင်းသည် ဝတ္ထုထဲမှ ဗီလိန်ဖြစ်ပြီး သူ၏ IQမျာ ထူးခြားသည်။ ရှချန်းချန်း နားလည်သည်မှာ သူမ၏ ဤသို့ အသေးအဖွဲ လှည့်ကွက်လေးများသည် ယဲ့ရှီဝမ် သို့မဟုတ် ဟန်ကျားလင်ကဲ့သို့သော အချစ်ရူးနှစ်ဦးကို လှည့်ဖြားရန် လုံလောက်သော်လည်း ရှဲ့ကျစ်ရှင်းကို လှည့်ဖြားရန် မလွယ်ကူပေ။

သူ့ဘေးနားတွင် သူမ ရပ်နေသည်ကို သူ ကိုယ်တိုင် မမြင်ရလျှင် ထို့အပြင် လိမ်ညာသူများကို ဖော်ထုတ်သူက နောက်ဆုံးပေါ် အတင်းအဖျင်းကို မထုတ်နိုင်လျှင် သူ ရှချန်းချန်းကို ဘယ်သောအခါမျှ ယုံမည် မဟုတ်ပေ။

အရာအားလုံးက မင်းသားရဲ့ လျှို့ဝှက်လက်ထပ်တဲ့ အတင်းအဖျင်းကို ထိန်းသိမ်းထားဖို့ပဲ။

အရာအားလုံး ပြီးစီးနောက် ရှချန်းချန်း အိမ်ပြန်ရန် အသင့်ဖြစ်နေပြီပင်။

သို့သော် လင်းယွီရှူ၏ ခြံဝင်းထဲက လမ်းမျက်နှာပြင်က စိုစွတ်နေပြီး ခြောက်သွေ့သည့် နေရာ လုံးဝ မရှိသလောက်ဖြစ်နေသည်။ ရှချန်းချန်းက လှည့်ပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိ သရုပ်ဆောင်ဆဲလ်အားလုံးကို လှုပ်ရှားလိုက်ပြီး ရှဲ့ကျစ်ရှင်းကို နာကျင်စွာ ကြမ်းတမ်းစွာ ကြည့်လိုက်သည်။

“လောင်ကုန်း~ ကျေးဇူးပြုပြီး …ကျေးဇူးပြုပြီး၊ ကားထဲကနေ ဖိနပ်တစ်ရံလောက် ယူပေးလို့ရမလားဟင်~"

သူမ၏ မျက်လုံးများတွင် အငွေ့အလွှာတစ်ခုဖြင့် စိုစွတ်နေပြီး လူများကို ပိုမို သနားနိုင်စေသည်။ သို့သော် ရှဲ့ကျစ်ရှင်းက သူမ၏ ဖြူဖွေးနုအိသော ခြေဖဝါးများကို တစ်ချက်ကြည့်လိုက်ပြီး မဖြေခဲ့ပေ။

ရှချန်းချန်း မကျေနပ်စွာဖြင့် နှုတ်ခမ်းဆူလိုက်သည်။ နောက်ဆုံးတွင် သူတို့က နာမည်ခံ လင်မယားသာဖြစ်ပြီး သူတို့၏ ဆက်ဆံရေးက မကြာသေးမီကမှ ပိုမို နီးကပ်လာခဲ့သည်။

ဒီလို အသေးအဖွဲ့ ကိစ္စလေးကိုတောင် မကူညီဘဲနဲ့ ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ။

ရှချန်းချန်းသည် စနစ်ထံသို့ မညည်းညူဘဲ မနေနိုင်ခဲ့ပေ။

"ဗီလိန်က အရမ်း ကပ်စေးနှဲတာပဲ၊ မိန်းကလေးတွေကို ဘယ်လိုနူးညံ့ပေးရမလဲဆိုတာတောင် မသိဘူး၊ ဒါကပဲ သူ့ကို အထီးကျန်စေမှာ”

စနစ် : "..."

ရှဲ့ကျစ်ရှင်း၏ ဇာတ်ကောင်ကို ရေးသောအခါ "အမျိုးသမီးများအပေါ် နူးညံ့သိမ်မွေ့ ရန်" ဟူသော setting မရှိခဲ့ပေ။

ရှချန်းချန်း သက်ပြင်းချလိုက်ပြီး ခြေဗလာဖြင့် စိုစွတ်နေသော မိုးထဲသို့ လမ်းလျှောက်ရန် ပြင်လိုက်သည်။

သို့သော် သူမ တစ်လှမ်းလှမ်းပြီး မြေပြင်ကို မထိမီ ရုတ်တရက် ကမ္ဘာကြီးကလည်သွားပြီး ရှဲ့ကျစ်ရှင်းက သူမအား မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီလိုက်ရာ တစ်မီတာကျော်မြင့်သော လေထဲတွင် ရပ်တန့်နေလေသည်။

ရှချန်းချန်းက ညင်သာစွာ အသက်မရှူထုတ်ဘဲ မနေနိုင်ခဲ့ပြီး သတိမထားမိစွာဖြင့် ထိုအမျိုးသား၏ လည်ပင်းကို ဖက်လိုက်သည်။ သူမ မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်ပြီး ရှဲ့ကျစ်ရှင်းကို မယုံနိုင်စွာနှင့် စိုက်ကြည့်နေလိုက်သည်။

ရှဲ့ကျစ်ရှင်း၏ မူလက ပြေပြစ်နေသော နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာသည်။

"မင်း ဘာလို့ ဖိနပ်ယူချင်တာလဲ"

သူ၏ အသံသည် နက်ရှိုင်း၊ ကြည်လင်ပြီး ချိုမြိန်နေသည်။ နွေဦးအစရှိ ချောင်းရေကဲ့သို့ပင်။

"ငါ ကိုယ်တိုင် မင်းကို ခေါ်သွားပေးမယ်၊ အဆင်မပြေဘူးလား မဒမ်”

ရှဲ့ကျစ်ရှင်းက အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် ပွေ့ဖက်ခြင်းဖြစ်သည်။

ရှချန်းချန်းသည် သူ၏ လက်မောင်းများထဲတွင် တွန့်လိမ်နေသည်။ သူမက ရှင်းရှင်းလင်းလင်း 1.75 မီတာရှိသော ဘုရင်မတစ်ပါးဖြစ်သော်လည်း ဤအချိန်တွင် သူမသည် ဘောလုံးတစ်လုံးလို ကွေးကောက်နေပြီး နူးညံ့ကာ ကြောက်လန့်နေသော ယုန်ဖြူလေးတစ်ကောင်လိုပင် ဖြစ်နေသည်။

သူမ၏ ပါးပြင်များက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီး အနည်းငယ် နီရဲနေသည်။ သူမ၏ အရေပြားပေါ်ရှိ နူးညံ့သော ဆံပင်များမှာ မိုးရေစက်အနည်းငယ် စွန်းထင်းနေပြီး ကြည်လင်သော ရေရောင်ဖြင့် တောက်ပနေသည်။ ၎င်းသည် အထူးလှပပြီး စိတ်လှုပ်ရှား စရာကောင်းသည်။

ရှဲ့ကျစ်ရှင်း၏ လည်စေ့က လှုပ်သွားခဲ့ပြီး သူ၏ လည်ချောင်းက တင်းကျပ်သွားရသည်။

အဘယ်ကြောင့် ဤအချိန်တွင် ရှချန်းချန်းအား ပွေ့ပြီး ဤသို့ ဆန်းကြယ်သည့် စကားလုံးမျိုးအား ပြောမိသလဲဆိုသည်ကို သူကိုယ်တိုင်ပင် မသိခဲ့ပေ။

သို့သော် ဤအချိန်တွင် သူ ဤသို့သာ ပြောခဲ့ပြီး လုပ်ခဲ့သည်။

ရှချန်းချန်းကို ပွေ့ဖက်ထားချိန်တွင် ရှဲ့ကျစ်ရှင်းက သူ၏ နှလုံးခုန်နှုန်းသံမြန်နေသည်ဟု ခံစားရသော်လည်း ပျော်ရွှင်မှုကို မတားဆီးနိုင်ခဲ့ပေ။

ဗီလာအဝင်ဝမှ Koenigsegg One ကားအထိ ဆယ်မီတာလောက်သာ ရှိသော်လည်း သူသည် ဤလမ်းခရီးက ဘယ်သောအခါမျှ မပြီးဆုံးစေရန် မျှော်လင့်ခဲ့သည်။

မိုးရေစက်များက သူတို့နှစ်ဦးပေါ်သို့ ကျဆင်းလာပြီး အေးမြမှုအနည်းငယ်ဖြင့် ပျော်ဝင်နေသည်။ ရှချန်းချန်းက သူမ၏ မျက်လုံးများကို ပင့်ကြည့်လိုက်သည်၊ အလင်းရောင်သည် မိုးစက်များပေါ်သို့ ကျရောက်ပြီး ရှဲ့ကျစ်ရှင်းက သူမ၏ မျက်လုံးများတွင် ကြည်လင်သော အလင်းတန်းတစ်ခုဖြင့် ဖုံးအုပ်နေပြီး သူ၏ ချွန်ထက်သော မေးရိုးက မိုးနှင့် အလင်းရောင်ကြောင့် ပျော့ပျောင်းနေပြီး ရှင်းလင်းစွာ မမြင်ရပေ။

မိုးရေထဲတွင် ချောမောသော အမျိုးသားတစ်ဦးက လှပသော အမျိုးသမီးတစ်ဦးကို ပွေ့ဖက် ထားသည်။ ဤမြင်ကွင်းက အလွန် လှပသည်။

ရှချန်းချန်း၏ ဦးနှောက်ထဲရှိ ဆူညံသံမှလွဲ၍ပင်။

ဤအချိန်တွင် စနစ်က စိတ်လှုပ်ရှားမှုနှင့်အတူ ခုန်နေလေသည်။

"Host, အရမ်းချောတာပဲ၊ အရမ်းလှတာပဲ၊ အား ဒရုန်းနဲ့ ဓာတ်ပုံရိုက်ချင်တယ်၊ ရှဲ့ကျစ်ရှင်းက မင်းကို ပွေ့ထားတာတောင် လုံးဝ မပင်ပန်းနေဘူး၊ ခါးနဲ့ ဗိုက်ကကြွက်သားက အံ့ဩစရာပဲ၊ ကောင်လေးအင်အားက မှတ်တမ်းထက်ကျော်နေပြီ၊ အရမ်းကောင်းတာပဲ~ ချစ်တယ်၊ ချစ်တယ်”

ရှချန်းချန်း:? ? ?

“ထောင်ဇီ၊ ပုံမှန်အတိုင်းနေ"

ရှချန်းချန်း စကားမပြောနိုင် ဖြစ်နေသည်။

"နင်က AI ဆိုပေမယ့် နင့်ရဲ့ စက်ကအသံအရတော့... နင်က အထီးပဲ!"

စနစ်သည် နာကျင်စွာဖြင့် လက်ကိုင်ပဝါကို ကိုက်လိုက်သည်။

"ဘာလို့ ယောက်ျားလေးတွေ ကြယ်ပွင့်ကို လိုက်လို့ မရမှာလဲ၊ ယောက်ျားလေးတွေလည်း စကပ် ဝတ်လို့ရတယ်လေ၊ ဘာလို့ ကြယ်ပွင့်ကို လိုက်လို့ မရတာလဲ၊ ငါ မခံစားနိုင်ဘူး"

ရှချန်းချန်း: "..."

ရှဲ့ကျစ်ရှင်းက ရှချန်းချန်းကို ခရီးသည်ထိုင်ခုံပေါ်တွင် ချထားပြီး ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ရန် လှည့်လိုက်သည်။ ရှချန်းချန်းသည် စနစ်နှင့် "ယောက်ျားလေးက ကြယ်ပွင့်နောက်လိုက် " ခေါင်းစဉ်နှင့် ပတ်သက်၍ စိတ်ထဲတွင် ငြင်းခုန်နေဆဲ ဖြစ်သည်။ ရှဲ့ကျစ်ရှင်း၏ အေးစက်ပြီး အလိုမကျသော မျက်နှာက ရုတ်တရက် ပေါ်လာခဲ့သည်။ ရုတ်တရက် နီးကပ်လာမှုကြောင့် ရှချန်းချန်း၏ စိတ်ထဲတွင် ဗလာဖြစ်သွားသည်။ ထောင်ဇီ က အထီးလား၊ အမလား ဆိုသည်ကို သူမ ဂရုမစိုက်တော့ဘဲ သူမ၏ နှလုံးခုန်နှုန်းက မြန် လာသည်ကို ခံစားရသည်။

ရှဲ့ကျစ်ရှင်းက ပြောသည်။

“ဘာတွေ မှင်တက်နေတာလဲ၊ ကားထဲ ရောက်နေပြီလေ၊ ဒါတောင် ထိုင်ခုံခါးပတ် မပတ်သေးဘူး”

သူ၏ လေသံသည် ရှင်းလင်းစွာ အေးစက်သော်လည်း နီးကပ်သော ထိတွေ့မှု၊ နွေးထွေးသော လေစီးဆင်းမှုသည် ရှချန်းချန်း၏ လည်ပင်းကို ပြည့်နှက်နေပြီး နွေးထွေးသော်လည်း ယားယံနေသည်။

သူ ရှချန်းချန်းကို အေးဆေးစွာနှင့် ကူညီပြီး ထိုင်ခုံခါးပတ် ပတ်ပေးကာ ခေါင်းကို မော့ကြည့်လိုက်ရာ ရှချန်းချန်း၏ မျက်လုံးများနှင့် မမျှော်လင့်ဘဲ တွေ့ဆုံသွားသည်။

မိုးအကာအရံ၊ ညနက်နှင့် မျက်လုံးချင်းဆုံခဲ့သည်။

ရှချန်းချန်းသည် ပြင်းထန်သော နှလုံးခုန်သံကို ကြားလိုက်ရပြီး သူမ၏ နှလုံးခုန်သံလား ရှဲ့ကျစ်ရှင်း၏ နှလုံးခုန်သံလား ဆိုသည်ကို မခွဲခြားနိုင်ခဲ့ပေ။

ခွဲခြားရန် အချိန်မရှိခဲ့ချေ။ စနစ်၏ ဉာဏ်ရည်တုသည် ပြဿနာရှာရန် ဘယ်သောအခါမှ ဝန်မလေးဘဲ ရှချန်းချန်း၏ ခေါင်းထဲတွင် အလွန်လှပပြီး ရိုမန့်တစ်ဆန်သောမြို့ပြ idol ဒရာမာ၏ OST တစ်ခုကို ထည့်သွင်းလိုက်သည်။

ထောင်ဇီ ကိုယ်တိုင် သီဆိုခဲ့ပြီး ထိုသီချင်းက ရှချန်းချန်းကို ဒရာမာနှင့် အချစ်ဇာတ်လမ်းကြားတွင် ခုန်ပေါက်စေခဲ့သည်။

ဒီ ဉာဏ်ရည်တုက တစ်ခုခု မှားနေတာလား။

ရှဲ့ကျစ်ရှင်း ထိုတေးဂီတကို မကြားနိုင်ခဲ့ပေ။ ယခု သူ၏ ကမ္ဘာတစ်ခုလုံးသည် သေးငယ်သော Koenigsegg One ကားလေးထဲတွင် ရှိနေသည်။ နီးကပ်သော ထိတွေ့မှုကြောင့် ရှချန်းချန်း၏ နူးညံ့သော အသက်ရှူသံကို သူရှင်းရှင်းလင်းလင်း ခံစားမိသည်။

ထင်ရှားစွာပင် သူတို့နှစ်ဦးက စင်တီမီတာ အနည်းငယ်သာ ကွာဝေးသေးသော်လည်း ဤ တဖြည်းဖြည်း လေးလံလာသော အသက်ရှူသံက ရှဲ့ကျစ်ရှင်း၏ နှလုံးခုန်နှုန်းကို မြန် စေခဲ့သည်။

မူလ နှိုးဆော်မှုတစ်ခုက ရှဲ့ကျစ်ရှင်း၏ မျက်လုံးများအား ရှချန်းချန်း၏ ပန်းရောင်နှုတ်ခမ်း နှစ်ခုပေါ်သို့ ကျရောက်စေခဲ့သည်။ သူမ၏ နှုတ်ခမ်းများက မနက်ခင်း နှင်းစက်များနှင့်အတူ ပွင့်ချပ်များကဲ့သို့ ဖြစ်နေပြီး သူမ၏ အနည်းငယ် ချိုင့်ခွက်သော နှုတ်ခမ်းထောင့် များတွင် မှေးမှိန်သော အပြုံးတစ်ခု ရှိနေသည်၊ တောက်ပသော ချယ်ရီတစ်လုံးနှင့် တူသည်။

လူများကို အချို့အား ခူးယူချင်စိတ် ဖြစ်စေနိုင်သည်။ ယခု သူ့ နှလုံးမှာ ပို၍ပင် ယားယံလာခဲ့သည်။

ရှဲ့ကျစ်ရှင်း၏ လည်စေ့က ထပ်မံလှုပ်ခတ်သွားပြီး ချွေးပါးလေးများက သူ၏ လည်စေ့မှ စီးကျလာသည်။ သူ ချက်ချင်း ထိုသွေးခုန်နှုန်းကို ထိန်းချုပ်လိုက်ပြီး သူ၏ ထိုင်ခုံသို့ လျင်မြန်စွာပြန်ထိုင်လိုက်သည်။

သေးငယ်သော နေရာလေးထဲတွင် ဆွဲဆောင်မှုရှိသော လေထုအချို့ စီးဆင်းနေပုံရသော်လည်း အကွာအဝေးကြောင့် များစွာလွင့်စဉ်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်း အသက်ခပ်ပြင်းပြင်း အနည်းငယ်ခန့် ရှူပြီးနောက် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားကာ ပြောသည်။

"ငါ... အိမ်ကို ပြန်မောင်းသွားပေးမယ်"

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ ရှုပ်ထွေးမှုကို လုံးဝ မသိခဲ့ပေ။ သူမက စနစ်၏ ထူးဆန်းသည့် BGM မှ နောက်ဆုံးတွင် ပြန်လည်သက်သာလာခဲ့သည်။ သူမ၏ မျက်လုံးများက တစ်ဝက်မျှ မှုန်မှိုင်းနေပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

သွား၊ မြန်မြန်သွား၊

ထိပ်တန်း စူပါကား Koenigsegg One သည် ကြီးမားသော လိပ်နက်ကြီးကဲ့သို့ သူမ၏ သမိုင်းတွင် အနှေးဆုံး အမြန်နှုန်းဖြင့် မောင်းနှင်ပြီး လင်းယွီဗီလာမှ တဖြည်းဖြည်းချင်း ထွက်ခွါသွားတော့သည်။

….

အမှတ် (18) ယွီလင်းယွမ်တွင် မီးများ လင်းနေဆဲဖြစ်သည်။ ဒေါ်လေးလျူက ဧည့်ခန်းထဲတွင် ဟိုဟိုဒီဒီ လှည့်ပတ်နေသည်။ သူမသည် ယနေ့ စိတ်လှုပ်ရှားမှု အတက်အကျ ရှိနေသည်၊ အထူးသဖြင့် ရှချန်းချန်း၏ လိင်အရှုပ်တော်ပုံကို မြင်သောအခါ သူမ အလွန် စိုးရိမ်နေခဲ့သည်။

မဒမ်က ဧကရာဇ်တောဥယျာဉ်မှာ ကြီးမားတဲ့ ဗီလာတစ်ခုကို ပိုင်ဆိုင်ပြီးတော့ မစ္စတာလို ကောင်းမွန်တဲ့ ခင်ပွန်းလည်း ရှိနေတာကို ဘာလို့ စပွန်ဆာ ရှိရမှာလဲ။

မဒမ် အကြောင်း ကောလဟာလဖြန့်သော ရာဇဝတ်ကောင် ဖမ်းဆီးခံရပြီဟု သိသောအခါ ဒေါ်လေးလျူက စိတ်သက်သာရာရစွာနှင့် သက်ပြင်းချလိုက်သည်။

ဒါပေမဲ့... ရာဇဝတ်ကောင်တွေ ဖမ်းဆီးခံရပြီးပြီကို၊

မဒမ်က ဘာလို့ မပြန်သေးတာလဲ။

ဒေါ်လေးလျူက သူမ၏ လက်မောင်းများထဲတွင် ကွမ်းကျုံ၊ ယောင်ကျူကို ပွေ့ဖက်ထားပြီး မျက်မှောင်ကြုတ်နေသည်။

အပြင်ဘက်တွင် ဘရိတ်သံကြားရပြီး ဒေါ်လေးလျူ၏ မျက်လုံးများက လင်းလက်လာခဲ့သည်။ မင်းသား ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို ပွေ့ဖက်ကာ ဧကရာဇ် တောဥယျာဉ်ထဲသို့ ခြေလှမ်းကြီးကြီးဖြင့် ဝင်လာသည်ကို မြင်လိုက်ရသည်။

ဒေါ်လေးလျူ: !!!

သူမ၏ စိုးရိမ်သော မျက်နှာသည် ချက်ချင်း နွေဦးလေကဲ့သို့ ကျေနပ်မှုအဖြစ် ပြောင်းလဲသွားပြီး လူငယ်စုံတွဲကို မြင်သောအခါ သူမ၏ နှလုံးသားက အရည်ပျော်သွား၏။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို ဆိုဖာပေါ်တွင် ချထားလိုက်သည်။

“ဒေါ်လေးလျူက၊ မဒမ်ရဲ့ ခြေချင်းဝတ်တွေ ပွန်းနေတယ်၊ ကျေးဇူးပြုပြီး သူ့ကို ဆေးထည့်ပေးပါဦး"

ဒေါ်လေးလျူက ရှချန်းချန်း၏ ဖြူဖွေးသော ဖနောင့်နှစ်ခုတွင် အရေပြား တစ်ထပ်ပွန်းနေသည်ကို သတိထားမိသည်။ အချို့နေရာများတွင် သွေးများပင် ထွက်နေပြီး မြင်ရုံဖြင့် နာကျင်ဖွယ် ကောင်းသည်။

ရှချန်းချန်းက သိပ်ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။

“ဒေါ်လေးလျူ၊ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်~"

ဒေါ်လေးလျူက ဆေးသေတ္တာကို ယူလာပြီး ရှချန်းချန်းရှေ့တွင် တစ်ဝက်ဒူးထောက်လိုက်သည်။ သူမသည် ဆေးထည့်ရန် အသင့်ဖြစ်နေသော်လည်း ရုတ်တရက် သူမ၏ လက်များ အေခဲသွားပြီး ရပ်တန့်သွားသည်။

သူမ၏ မျက်လုံးများ လှိမ့်ပြီးနောက် သူမသည် ပင်ပန်းနွမ်းနယ် ဟန်ဆောင်ကာ သူမ၏ ခါးကို ထုလိုက်သည်။

“အိုး... ဆရာ၊ ကျွန်မ စိတ်မကောင်းပါဘူး၊ ဒေါ်လေးလျူက အသက်ကြီးပြီ၊ ကုန်းလို့ မရတော့ဘူး..."

ရှဲ့ကျစ်ရှင်းသည် ဒေါ်လေးလျူကို ဘေးနားရှိ ဆိုဖာပေါ်တွင် ထိုင်ရန် အလျင်အမြန် ကူညီပေးလိုက်သည်။

“ဒါဆို ဒေါ်လေး အရင်သွားနားလို့ ရပါပြီ"

ဒေါ်လေးလျူက အိုင်အိုဒင်းဂွမ်းတံကို ရှဲ့ကျစ်ရှင်း၏ လက်မောင်းများထဲသို့ ထိုးသွင်းလိုက်ပြီး မြေခွေးတစ်ကောင်ကဲ့သို့ ပြုံးသည်။

"ဒါဆို ကျွန်မ မဒမ်အတွက် ဆေးထည့်ဖို့ သခင်လေးကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ရှဲ့ကျစ်ရှင်း ကြောင်အ,သွားရသည်။ ထို့နောက် ဒေါ်လေးလျူ၏ ဆိုလိုရင်းကို နားလည်သွားပြီး မမေးဘဲမနေနိုင်ခဲ့ပေ။

"ကောင်းပြီ”

သူ စကားမဆုံးမီမှာပင် ဒေါ်လေးလျူက လျင်မြန်စွာ ထရပ်လိုက်ပြီး တစ်ကြိမ်တွင် ခြေနှစ်လှမ်းစာလှမ်းကာချက်ချင်း ဧည့်ခန်းမှ ထွက်ခွာသွားသည်။

ရှချန်းချန်း: "..."

ရှဲ့ကျစ်ရှင်း: "..."

ရှချန်းချန်း နေရခက်စွာဖြင့် ရယ်လိုက်သည်။

“ဟားဟား၊ ဒေါ်လေးလျူရဲ့ နှုန်းက အတော်လေး မြန်တာပဲ... တကယ်တော့ ကျွန်မ အဆင်ပြေပါတယ်၊ အရေပြားပွန်းတာလေးပဲကို၊ ကိုယ့်ဘာသာကိုယ် လုပ်လို့ရတယ်..."

သူမ ပြောနေရင်း ရှချန်းချန်းက ရှဲ့ကျစ်ရှင်း၏ လက်မောင်းများထဲမှ အိုင်အိုဒင်းကို ယူရန် ပြင်နေခဲ့သည်။ သို့သော် ရှဲ့ကျစ်ရှင်း၏ လက်များက ရှည်လျားသောကြောင့် သူသည် အိုင်အိုဒင်းကို သူ့နောက်တွင် ထားလိုက်ပြီး မေးခွန်းထုတ်စရာ မလိုသော လေသံဖြင့် မှာကြားသည်။

"တိတ်တိတ်နေ၊ ထိုင်လိုက်"

ရှချန်းချန်းက နှုတ်ခမ်းဆူလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ရှဲ့ကျစ်ရှင်းက သူမဘေးတွင် ထိုင်ပြီး သူမ၏ ကြည်လင်ဖြူဖွေးသော ခြေဖဝါးများကို ကိုင်ကာ သူ၏ ပေါင်ပေါ်တွင် တင်လိုက်သည်။

သူ၏ လက်ချောင်းများက ကျောက်စိမ်းကဲ့သို့ အေးစက်နေပြီး ရှချန်းချန်း မတုန်ယင်ဘဲ မနေနိုင်ခဲချေ။

ရှဲ့ကျစ်ရှင်းက အစောက လေတိုက်ခဲ့ကြောင်း သဘောပေါက်သည်၊ အခန်းထဲတွင် လေအေးပေးစက်က အလွန်ပြင်းထန်သောကြောင့် သူ၏ လက်ချောင်းများက သိပ်မနွေးခဲ့ပေ။ သို့သော် သူ ဘာမျှမပြောဘဲ လက်များကို ပွတ်သပ်လိုက်ပြီး သူ့လက်ဖဝါးများ နွေးလာသောအခါ ရှချန်းချန်း၏ ခြေဖဝါးများကို ထပ်မံကိုင်လိုက်သည်။

သူ၏ လက်ဖဝါးများက ကြီးမားပြီး နွေးထွေးနေကာ သူ၏ လက်ချောင်းငါးချောင်းသည် သွယ်လျပြီး လက်ဆစ်များလည်းရှိသည်။

ရှချန်းချန်း၏ သွယ်လျသော ခြေဖဝါးများက သူ၏ လက်ဖဝါးထဲတွင် ကျောက်စိမ်းဖြူ သေးသေးလေးတစ်ခုကဲ့သို့ ဖြစ်နေသည်။

ဖနောင့်ပေါ်ရှိ အနီရောင် သွေးစက်က ကျောက်စိမ်းဖြူနှင့် ယှဉ်လိုက်သောအခါ ပို၍ပင် တောက်ပနေပြီး မည်သည့်အချိန်မဆို စိမ့်ထွက်တော့မလိုပင်။

ရှဲ့ကျစ်ရှင်းက အိုင်အိုဒင်းစိမ်ထားသော ဂွမ်းတံကို အသုံးပြု၍ ရှချန်းချန်း၏ ဖနောင့်ကို ဂရုတစိုက် ဆေးထည့်ပေးခဲ့သည်။

လေထုက တိတ်ဆိတ်နေပြီး ညဘက်တွင် အရွက်တိုက်သံများ ကြားရသည်။ အရွက်များသည် ခြံဝင်းထဲရှိ ရေကန်ငယ်ထဲသို့ ကျရောက်ပြီး လှိုင်းပုတ်သံများ ဖန်တီးနေသည်။

သူတို့နှစ်ဦးတည်းသာ ကမ္ဘာပေါ်တွင် ကျန်ရှိနေသကဲ့သို့ ဖြစ်သည်။

All Chapters