← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

ဟန်အိမ်တော်၌ဖြစ်သည်။

ဟန်အိမ်တော်၏ တံခါးဝတွင် သတင်းထောက်များစွာ စုရုံးနေကြပြီး ဟန်ကျားလင်ကို အင်တာဗျူးရန် ကြိုးစားနေကြသော်လည်း ကိုယ်ရံတော်များမှာ ထိုလူများအားလုံးကို အပြင်ဘက်တွင် တားဆီးထားလေသည်။

ဟန်ကျားလင်ကို ကိုယ်ရံတော်အများအပြားက အိမ်သို့ လိုက်ပါပို့ခဲ့ကြသည်။ သူ မျက်မှောင်ကြုတ်ကာ သူ့နောက်ရှိ ကိုယ်ရံတော် အဖွဲ့ခေါင်းဆောင်ကို စူးစူးဝါးဝါး ကြည့်ပြီး ပြောလိုက်သည်။

"မင်းတို့ ငါ့နောက် လိုက်စရာမလိုဘူး၊ ငါ ကိုယ့်ဘာသာကိုယ် သွားနိုင်တယ်"

ဟန်ကျားလင် ဗီလာထဲသို့ လျှောက်ဝင်သွားခဲ့သည်။ ဗီလာက တောက်ပစွာ လင်းလတ်နေပြီး သူ၏ မိခင် လုရှုယာသည် ဆိုဖာပေါ်တွင် မျက်နှာမသာမယာဖြင့် ထိုင်နေသည်။ သူမက အသက်ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း ချမ်းသာသော မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသောကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလိုပင် ထင်ရသည်။

ဟန်ကျားလင်ကညချမ်းသာသော မိသားစု၏ စည်းကမ်းများကို ဂရုမစိုက်ဘဲ ရှေ့သို့ ခြေလှမ်းကြီးကြီးလှမ်းကာ မေးခွန်းထုတ်လိုက်သည်။

"မား၊ ဘာလို့ သားကို ပြန်ခေါ်တာလဲ၊ ဝမ်ဝမ်က အခု သားကို လိုအပ်နေတာ”

လုရှုယာက လှောင်ပြောင်ကာ ပြန်မဖြေဘဲ TV ကို ဖွင့်လိုက်သည်။ ဖန်သားပြင်တွင် ယဲ့ရှီဝမ်ကို ရဲများဖမ်းဆီးသွားသည့် မြင်ကွင်းကို ပြသနေသည်။ ဗီဒီယိုထောင့်နားရှိ သတင်းသမာသည် ယဲ့ရှီဝမ်မှာ မဖွယ်မရာ ဗီဒီယိုတစ်ခုကို တင်မှုဖြင့် သံသယရှိ၍ ဖမ်းဆီးခံရသည်ဟု ရှင်းပြထားသည်။

ဟန်ကျားလင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

“မဖြစ်နိုင်ဘူး၊ ဝမ်ဝမ်က ဒီလောက် ကြင်နာတာ၊ သူ ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး”

လုရှုယာက သူမ၏ မျက်လုံးများတွင် နက်နဲသော အထင်အမြင်သေးမှုနှင့် မထီမဲ့မြင်ပြုမှု ဖြင့် ဆူပူလိုက်သည်။

"သူ့ရဲ့ အမေ ယဲ့လျူဖုန်းက အင်အားရှိတဲ့သူပဲ၊ မဟုတ်ရင် ရှပိုင်လုကသေပြီး ခြောက်လတောင် မပြည့်ခင် ရှမိသားစုထဲကို ဘယ်ဝင်နိုင်ပါ့မလဲ၊ သူ့ရဲ့ သမီးကရော ဘယ်လောက် ရိုးရှင်းလိမ့်မယ်လို့ မင်းထင်လဲ၊ ဘာပဲဖြစ်ဖြစ် ဒီလို မိန်းမမျိုးက ငါတို့ ဟန်မိသားစုထဲကို လက်ထပ် ဝင်လာလို့ မရဘူး၊ မင်း သူနဲ့ ချက်ချင်း လမ်းခွဲသင့်တယ်"

ဟန်ကျားလင်က သူ့မိခင်၏ အမိန့်ကို မနာခံဘဲ သူ၏ စိတ်ထဲတွင် ရဲများဖမ်းဆီးသွားသော ယဲ့ရှီဝမ် အကြောင်းသာ ပြည့်နှက်နေသည်။

"ဝမ်ဝမ်က အခု သားကို လိုအပ်နေတာ၊ သား သူ့ကို သွားရှာရမယ်”

"မိုက်မဲတဲ့သား၊ ယဲ့ရှီဝမ်က မင်းကို ဘယ်လို အချစ်ဆေးတွေကျွေးထားတာလဲ”

လုရှုယာက အလွန် စိတ်ပျက်နေသည်။

“သတင်းထောက်တွေ အကုန်လုံး အပြင်မှာ ရှိနေပြီ၊ ဒါတောင် မင်း ယဲ့ရှီဝမ်ကို သွားရှာချင်နေတုန်းပဲ၊ ဒါက မင်းတို့ရဲ့ ဆက်ဆံရေးကို အတည်ပြုနေတာ မဟုတ်ဘူးလား"

ဟန်ကျားလင်က ခိုင်မာစွာပြောသည်။

"ဝမ်ဝမ်က သားရဲ့ ကောင်မလေးပဲ၊ သူ တစ်ခုခုဖြစ်ရင် သား တာဝန်ယူရမှာပေါ့"

ထို့နောက် သူ လှည့်၍ ဗီလာထဲမှ အပြေးအလွှား ထွက်ရန်ပြင်လိုက်သည်။ သို့သော် သူ တံခါးသို့ ရောက်သောအခါ ကိုယ်ရံတော် အဖွဲ့ခေါင်းဆောင်သည် လျင်မြန်စွာပြေးဝင်လာပြီး ဟန်ကျားလင်ကို နောက်ပြန်လှန် ဖမ်းချုပ်ကာ သူ့အောက်တွင် ဖိချထားလိုက်သည်။

ဟန်ကျားလင်က ယခုလို အရှက်ရဖူးခြင်း မရှိခဲ့သောကြောင့် သူ၏ မျက်နှာက နီရဲသွားခဲ့သည်။

“မား"

လုရှုယာ လက်ဝှေ့ယမ်းလိုက်ရာ ကိုယ်ရံတော် အဖွဲ့ခေါင်းဆောင်က သူ၏ လက်ကို လွှတ်လိုက်ပြီး လေးစားစွာဖြင့် လက်နောက်ပစ်ကာ ဘေးတွင် ရပ်နေသည်။

ဟန်ကျားလင် အစောက ဖိခံရသော သူ၏ လက်မောင်းကို ပွတ်သပ်ပြီး ဒေါသတကြီး ကိုယ်ရံတော် အဖွဲ့ခေါင်းဆောင်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ သူက တိုက်ကွမ်ဒို သင်ယူခဲ့သော်လည်း လုရှုယာ ရှာထားသော ကိုယ်ရံတော်သည် လက်ဝှေ့ချန်ပီယံ ဖြစ်သောကြောင့် ဟန်ကျားလင် မနိုင်နိုင်ခဲ့ပေ။

လုရှုယာက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

"မိုက်လိုက်တဲ့သား၊ ယဲ့ရှီဝမ်က မင်းကို တကယ် ကြိုက်တယ်လို့ ထင်နေတာလား၊ သူ ကြိုက်တာက ငါတို့ ဟန်မိသားစုရဲ့ အာဏာပဲ၊ တစ်နေ့ကျရင် ငါတို့ ဟန်မိသားစုဆင်းရဲသွားရင် ယဲ့ရှီဝမ်က မင်းနဲ့အတူ ရှိနေဦးမယ်လို့ မင်းထင်လား"

ဟန်ကျားလင်က ငြင်းခုန်သည်။

"ဝမ်ဝမ်က ဒီလိုလူစားမျိုး မဟုတ်ဘူး”

ငါ ဝမ်ဝမ်ကို သိတယ်၊ ငါ့ ဝမ်ဝမ်က ဒီလိုလူမျိုး မဟုတ်ဘူး။

လုရှုယာ အနည်းငယ် ရှုပ်ထွေးသွားသည်၊ သူမ သူမ၏ သားကို သေချာသိသည်။ အမြဲတစေ သူတို့ အားလုံးက ဟန်ကျားလင်သည် အေးစက်ပြီး ချဉ်းကပ်ရန် ခက်ခဲသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ပတ်သက်၍ဟု ထင်ခဲ့ကြသည်။

လုရှုယာက ဟန်ကျားလင်သည် အမျိုးသမီးများကို လုံးဝ မကြိုက်ဟုပင် သံသယရှိခဲ့သည်။ သူ ကောလိပ်သွားပြီး ယဲ့ရှီဝမ်နှင့် တွေ့ဆုံသည်အထိပင်။ ထိုနောက်တွင် သူ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဖြစ်လာသည်။ ရေခဲတောင်တစ်တောင်ကို ယဲ့ရှီဝမ်က တဖြည်းဖြည်း အရည်ပျော်စေခဲ့သလိုမျိုးပင်။

လုရှုယာ သက်ပြင်းချလိုက်သည်။

"ဒီ ယဲ့ရှီဝမ်မှာ ဘယ်လို ဆွဲဆောင်မှုမျိုးရှိလို့ မင်း သူမကို ဒီလောက်တောင် ကြိုက်နေရတာလဲ”

ဟန်ကျားလင်၏ လည်စလုတ်မှာ အထက်အောက်ရွေ့သွားပြီး သူ၏ အေးစက်သော မျက်လုံးများထဲတွင် နူးညံ့မှုများစွာ ရှိနေသည်။

"သား မျက်လုံးထဲမှာ သူက အကောင်းဆုံးပဲ”

အာဏာရှင် စီအီးအိုများသည် အာဏာရှင် စီအီးအိုများအဖြစ် မွေးဖွား မလာကြပေ။ ရှဲ့ကျစ်ရှင်းရော ဟန်ကျားလင်ရော နှစ်ယောက်စလုံးသည် ထိုအာဏာရှင်အဖြစ် မွေးဖွားလာခဲ့ခြင်းမဟုတ်ပေ။

ဟန်ကျားလင် ဘဝ၏ အမှောင်ဆုံး နေ့ရက်များတွင် ယဲ့ရှီဝမ်က သူ့ကို အဖော်ပြုပေးခဲ့သည်။

နှစ်ပေါင်းများစွာ ကြာအောင် သူ ယဲ့ရှီဝမ်ကို သူ၏ နှလုံးသားထဲမှ လရောင်ဖြူလေး အဖြစ် သတ်မှတ်ခဲ့ပြီး အထက်တန်းကျောင်းတုန်းက တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးဟု ထင်ခဲ့သည်။ မမျှော်လင့်ဘဲ ဘုရားသခင်က သူ့ကို အလွန် မျက်နှာသာပေးသောကြောင့် ကောလိပ်တွင် ယဲ့ရှီဝမ်နှင့် ထပ်တွေ့ခဲ့ရသည်။

ကိုယ့်ချစ်တဲ့သူကို ပြန်တွေ့ဆုံနိုင်တာက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။

ယဲ့ရှီဝမ်ကို မြင်လိုက်သည့်အချိန်မှစ၍ ဟန်ကျားလင်သိလိုက်သည်မှာ သူမက သူ့ဘဝ၏ အချစ်ဆုံးဟူ၍ပင်။ သံသယဖြစ်ဖွယ် လုံးဝ မရှိပါချေ။

ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင်က လေးစားစွာဖြင့် လုရှုယာဘေးသို့ လျှောက်သွားသည်။

"မဒမ်၊ အပြင်မှာ သတင်းထောက်တွေ အများကြီး စုရုံးနေပါတယ်၊ သခင်လေးကို အင်တာဗျူးချင်တယ်လို့ ပြောတယ်၊ သူတို့ကို မောင်းထုတ်ပေးရမလား”

လုရှုယာ မဖြေခင်မီမှာပင် ဟန်ကျားလင်က အရင်ဖြေလိုက်သည်။

"မလိုဘူး”

သတင်းထောက်များက ဤအချိန်တွင် ဟန်ကျားလင်ကို အင်တာဗျူးရန် ရောက်လာခြင်းသည် သူ၏ ရပ်တည်ချက်ကို တိုင်ပင်ရန်သာ ဖြစ်သည်။

ယဲ့ရှီဝမ် အကျဉ်းချခံရပြီးတဲ့နောက်မှာ ဟန်မိသားစုက ဒီအနာဂတ်ချွေးမကို ဆက်လက်ပြီးတော့ အသိအမှတ်ပြု ဦးမှာလား။

ယဲ့ရှီဝမ်၏ အင်တာနက်ပေါ်ရှိ ဂုဏ်သတင်းက လုံးဝ ပြိုလဲသွားပြီး သူမ၏ ကျော်ကြားမှုလည်း လုံးဝ ပျက်စီးသွားခဲ့သည်။

သို့သော် သူမ၏ နောက်ခံက မဆုံးရှုံးသေးပေ။

ကောလဟာလ ဖြန့်ခြင်းနှင့် ညစ်ညမ်းဗီဒီယိုတင်ခြင်းသည် ပြင်းထန်သော်လည်း ယဲ့ရှီဝမ်တွင် သူမ၏ နောက်ကွယ်တွင် ချမ်းသာသော ရှမိသားစု ရှိနေသေးသည်။ ရှယုံဒယ်က သားမက် ဖြစ်သော်လည်း ဆယ်နှစ်တာကာလအတွင်း နက်ရှိုင်းသော ဆက်ဆံရေးများကို စုဆောင်းထားသည်။

ဟန်မိသားစုမှ ကူညီနိုင်ပါက ရှနှင့် ဟန်မိသားစုများ ပူးပေါင်းမည်ဖြစ်ပြီး ယဲ့ရှီဝမ်သည် လုံခြုံစွာ မလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

ယခု ဟန်မိသားစု၏ ရပ်တည်ချက်သည် ကုန်အမှတ်တံဆိပ်၏ ရပ်တည်ချက်ဖြစ်သည်။ ယဲ့ရှီဝမ်နှင့် စာချုပ်ဖျက်သိမ်းရန် ဟန်မိသားစုပေါ်တွင် မူတည်သည်။

ကျန်းချန်တွင် မိုးရေစက်များက မဆုံးသေးပေ။

လေနှင့် မိုးထဲတွင် ဟန်ကျားလင်ထွက်လာပြီး သတင်းထောက်များကို အေးစက်ပြီး ခံ့ညားသော အမူအရာဖြင့် ရင်ဆိုင်ခဲ့သည်။

သတင်းထောက်များ အုံလိုက်ရောက်လာပြီး မေးကြသည်။

"အင်တာနက်မှာ မစ္စတာဟန်နဲ့ ယဲ့ရှီဝမ်က အတွဲတွေလို့ ပြောနေကြတယ်၊ မစ္စတာဟန်က ယဲ့ရှီဝမ်ဖမ်းဆီးခံရတာကို ဘယ်လို ထင်ပါသလဲ”

"ယဲ့ရှီဝမ် ဖမ်းဆီးခံရရင် ဟန်မိသားစုက သူမကို ကူညီမလား”

"ရှချန်းချန်းက ယဲ့ရှီဝမ်က မယားငယ်ရဲ့ သမီးဖြစ်ပြီးတော့ ရှမိသားစုရဲ့ သမီးလုံးဝ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောတယ်၊ ဟန်မိသားစုက ယဲ့ရှီဝမ်ကို သူတို့ရဲ့ ချွေးမအဖြစ် ဆက်လက် အသိအမှတ်ပြုဦးမလား"

…..

ကိုယ်ရံတော်များက သတင်းထောက်များကို တားဆီးပြီး ဟန်ကျားလင်အတွက် နေရာတစ်ခုကို ရှင်းလင်းပေးသည်။

ဟန်ကျားလင်၏ မျက်နှာပေါ်တွင် ဘုရင်တစ်ပါး၏ အာဏာရှင်ဆန်သော အသွင်အပြင် ရှိနေသည်။ သူသည် သူ၏ ကော်လံကို ဆန့်လိုက်ပြီး ခိုင်မာပြတ်သားသော အသံဖြင့် ပြောသည်။

"ပထမအနေနဲ့ ကျွန်တော် အလိမ်ဖော်ထုတ်သူဖြစ်တဲ့ စျေးကွက်ရှာဖွေရေး အကောင့်ကို စွပ်စွဲချင်ပါတယ်၊ အင်တာနက်ပေါ်က ယဲ့ရှီဝမ်ကို ဆန့်ကျင်တဲ့ အသရေဖျက်မှုအားလုံးက အခြေအမြစ်မရှိပါဘူး၊ ယဲ့ရှီဝမ်က အရမ်း တော်တဲ့ သရုပ်ဆောင်ဖြစ်ပြီးတော့ အရမ်း ကြင်နာတက်တဲ့ ကောင်မလေးတစ်ယောက်ပါ၊ သူ ဘယ်တော့မှ တရားမဝင်တာ ဘာမှ မလုပ်ခဲ့ဘူး”

"ဒုတိယအချက်အနေနဲ့၊ ကျွန်တော့် သတင်းသမား မိတ်ဆွေတွေအားလုံး ဒီကို ရောက်နေကြပြီမလို့ ကျွန်တော် ဟန်ကျားလင်က ယဲ့ရှီဝမ်က ကျွန်တော့်ရဲ့ စေ့စပ်ထားသူဖြစ်ပြီးတော့ ကျွန်တော် သူမကို ကြိုက်ကြောင်း လေးနက်စွာကတိပြုပါတယ်၊ သူမက ရှမိသားစုရဲ့ သမီးဟုတ်မဟုတ်ဆိုတာနဲ့ ဘာမှ မဆိုင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူမကို သေချာပေါက် လက်ထပ်မှာပါ”

သတင်းထောက်များ: !!!!

သတင်းထောက်အချို့က သူတို့၏ မိုဘိုင်းဖုန်းများကို တိုက်ရိုက်ထုတ်လွှင့်ရန် ဖွင့်ထားပြီး ဟန်ကျားလင်၏ မိန့်ခွန်းကို အင်တာနက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

ဟန်ကျားလင်နှင့် ယဲ့ရှီဝမ်တို့၏ CP ပရိသတ်များသည် ချက်ချင်း စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

[အားးးးးးးးးး]

[ငါတို့ရဲ့ ဟန်ယဲ့ CPက အစစ်အမှန်ပဲ၊ ဘာပဲဖြစ်ဖြစ် ဥက္ကဌဟန်က ဝမ်ဝမ်ကိုပဲ ရွေးချယ် ဖို့ ဆုံးဖြတ်ထားတယ်။ သူ သူမကို အရမ်း ချစ်တာပဲ]

[အရမ်း ပျော်တာပဲ ၊အရမ်း ပျော်တာပဲ]

[ဟန်ကျားလင်က ဝမ်ဝမ်ကို တကယ် ချစ်တာပဲ၊ ဘာပဲဖြစ်ဖြစ် သူမနဲ့အတူ ရှိနေလိမ့်မယ်၊ ငါကြညာလိုက်မယ် ဟန်ယဲ့ CPကို သော့ခတ်လိုက်ပြီ သော့ကိုတော့ ငါ မျိုချလိုက်ပြီ]

[ဝမ်ဝမ် ဖမ်းဆီးခံရတာရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ဇာတ်လမ်းတစ်ခု ရှိရမယ်၊ ဥက္ကဌဟန်က ဘာပဲဖြစ်ဖြစ် အုပ်စုတစ်ခုကို စီမံခန့်ခွဲနေတာပဲ၊ ဝမ်ဝမ်နဲ့ ပတ်သက်ပြီး လျှို့ဝှက်ဇာတ်လမ်း တစ်ခု ရှိတယ်လို့ သူ ပြောတာဆိုတော့ လျှို့ဝှက်ဇာတ်လမ်း တစ်ခု ရှိရမယ်]

[ဟုတ်တယ်၊ ဥက္ကဌဟန်ကို ယုံကြည်ရမယ်၊ ဝမ်ဝမ်ကို ယုံကြည်ရမယ်]

[ငါတို့ စောင့်ဖို့ပဲ လိုတယ် ဥက္ကဌဟန်က ဝမ်ဝမ်ကို သေချာပေါက် ကယ်ပါလိမ့်မယ်၊ ဝမ်ဝမ်အဆင်ပြေလိမ့်မယ်]

.…..

ဟန်ကျားလင်၏ ခိုင်မာသော ရွေးချယ်မှုသည် ကုန်အမှတ်တံဆိပ်ကို တည်ငြိမ်သော အင်အားတစ်ရပ် ဖြစ်စေခဲ့ပြီး ဖန်သားပြင်ပြင်ပရှိ ရှယုံဒယ်နှင့် ယဲ့လျူဖုန်းတို့ကိုလည်း များစွာ သက်သာရာရစေခဲ့သည်။

ဟန်ကျားလင်က ယဲ့ရှီဝမ်ကို ဆက်လက် ထောက်ခံနေသရွေ့ ယဲ့ရှီဝမ်က မလဲကျနိုင်ပေ။

သို့သော်လည်း လမ်းသွားလမ်းလာအများအပြားက သူတို့၏ နားမလည်နိုင်မှုကို ဖော်ပြခဲ့ကြသည်။

[ဟန်ကျားလင်က ဖျားနေတာလား၊ သူ့ကို ရဲကဖမ်းပြီးပြီလေ၊ သူက တစ်ခုခုဖြစ်နေတယ်လို့ ပြောနေတုန်းပဲလား၊ ငါ ဟန်ကျားလင်ကို ဉာဏ်ပညာရှိပြီး အာဏာရှင်ဆန်တဲ့ CEO လို့ ထင်ခဲ့တာ၊ အခုတော့ သူက အရူးတစ်ယောက်ပဲ]

[ဦးနှောက် နည်းနည်းပဲရှိတဲ့ ယောကျာ်းလေးတွေက ဟန်ကျားလင်ပြောတာကို မပြောနိုင်ဘူး၊ အာဏာရှင် CEO က ယဲ့ရှီဝမ်ကြောင့် ဆေးခတ်ခံလိုက်ရတာလား၊ သူ ယဲ့ရှီဝမ်ရဲ့ ဘာကို ကြိုက်လဲဆိုတာကို ငါ မသိဘူး]

[ဟန်ကျားလင်က ယဲ့ရှီဝမ်ကို ဒီလောက် ကာကွယ်နေတာ၊ ဟန်မိသားစုက တကယ် အရေးယူ ရင်... ယဲ့ရှီဝမ်တကယ်ပဲ လွတ်မြောက် ဖို့ ဖြစ်နိုင်လား]

[Fuck! ဒီလိုမျိုး လုပ်ပြီးမှ လွတ်မြောက်လို့ရလား၊ ငါတို့ရဲ့ ဥပဒေတွေ အဓိပ္ပာယ်မဲ့နေတာလား ]

[ဖမ်းဆီးခံရပြီးတော့ ထွက်ပြေးနိုင်သေးတာလား၊ အဲဒါ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား၊ ]

[ဘယ်သူသိမလဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဟန်မိသားစုနဲ့ ရှမိသားစုပူးပေါင်းတာဆိုတော့ ဘယ်သူမှ သေချာပြောလို့ မရဘူး...]

……

အင်တာနက်ပေါ်တွင် ယဲ့ရှီဝမ်ကို သပိတ်မှောက်ရန် ပြင်းထန်သော အသံများ ထွက်ပေါ်နေပြီး ဖရဲသီး ပွဲတစ်ခုသည် ဥပဒေ ကာကွယ်ရေး တိုက်ပွဲအဖြစ် ပြောင်းလဲသွားသည်။

ဟန်ကျားလင်က ယဲ့ရှီဝမ်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရေးမကြီးပေ။ သို့သော် ရာဇဝတ်ကောင်တွင် ထွက်ပြေးရန် အကြောင်းပြချက်မရှိပေ။

လမ်းသွားလမ်းလာများက ယဲ့ရှီဝမ်၏ ထောက်ခံချက်သို့ သဘာဝအလျောက် ပြေးဝင်သွားကြသည်။ စီးပွားရေးလုပ်ငန်းကို ဒေဝါလီခံရန် မဖြစ်နိုင်သော်လည်း ကုန်အမှတ်တံဆိပ်အပေါ် သက်ရောက်မှုတစ်ခုတော့ ရှိသည်။

ကုန်အမှတ်တံဆိပ်တစ်ခုက တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကုန်ပစ္စည်းများရောင်းချ နေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းသည် မူလက အသွားအလာတစ်သိန်းကျော် မျှော်လင့်ခဲ့သော်လည်း ယနေ့တွင် မမျှော်လင့်ဘဲဆယ်သိန်းသို့ ချိုးဖျက်နိုင်ခဲ့သည်။

သို့သော် ကြည့်ရှုသူဆယ်သိန်းက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် အားလုံး ရှိနေခဲ့သည်။

[အမှိုက်ထုတ်ကုန်တွေ မဝယ်ကြနဲ့]

[ရာဇဝတ်ကောင်တွေ ထောက်ခံထားတဲ့ ပစ္စည်းတွေ၊ အမှိုက်တွေ]

[ယဲ့ရှီဝမ် ဖျော်ဖြေရေးလောကကနေ ထွက်လိုက်]

[မကောင်းတဲ့ အနုပညာရှင်၊ စာချုပ်ဖျက်သိမ်းတာကို မြန်မြန်လုပ်]

..…

၎င်းကြောင့် ကုန်အမှတ်တံဆိပ်ဘက်မှ ဂရုတစိုက် စီစဉ်ထားသော မူလ တိုက်ရိုက်ထုတ်လွှင့်မှု ရောင်းအားမှာ လုံးဝ မရောင်းရသလောက် ဖြစ်သွားခဲ့သည်။

မူလက ၎င်းတို့သည် ကုန်ပစ္စည်း၏ နာမည်ကျော်ကြားမှုကို ချဲ့ထွင်ရန်နှင့် လူအများ ကုန်ပစ္စည်းအကြောင်း ပိုသိစေရန် ပြောရေးဆိုခွင့်ရှိသူကို ရှာဖွေခဲ့ကြသည်။ ဤပြောရေးဆိုခွင့်ရှိသူသည် ၎င်းတို့အတွက် ပြဿနာဖြစ်စေလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

တိုက်ရိုက်ထုတ်လွှင့်မှုကို တာဝန်ယူသော အစီအစဉ်တင်ဆက်သူက ယဲ့ရှီဝမ် အပေါ် အလွန် မကျေမနပ်ဖြစ်ခဲ့သော်လည်း အထက်အရာရှိများက စာချုပ်ကို ဖျက်သိမ်းရန် သဘောမတူသောကြောင့် ၎င်းတို့တွင် ရွေးချယ်စရာမရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် ဟန်ကုမ္ပဏီလည်း ထိခိုက်ခဲ့သည်။

ဟန်မိသားစုက ရှေးကျကာ ချမ်းသာသော မိသားစုဖြစ်ပြီး အဓိကအားဖြင့် စီးပွားရေးတွင် ပါဝင်ပတ်သက်နေကာ ၎င်းတို့၏ ကုန်ပစ္စည်းများစွာကို သပိတ်မှောက်ခဲ့ကြသည်။ အထင်ရှားဆုံးမှာ ၎င်းတို့၏ စတော့ဈေးနှုန်းဖြစ်ပြီး ဟန်ကျားလင်၏ "စစ်မှန်သော ချစ်ခြင်းမေတ္တာ ကြေညာချက်" အပြီးတွင် ထိုးကျသွားခဲ့သည်။

ဟန်အုပ်စုက စာရင်းဝင်ကုမ္ပဏီဖြစ်ပြီး စတော့ဈေးနှုန်း ကျဆင်းမှုသည် ဘီလီယံပေါင်းများစွာအလွယ်တကူ ပျောက်ကွယ်စေနိုင်သည်။

အုပ်စု၏ဒါရိုက်တာများက လုရှုယာကို တာဝန်ယူခိုင်းရန် ခေါ်ဆိုခဲ့ကြသည်။

လုရှုယာက ဟန်ကျားလင်၏ စကားများက ဤမျှကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

မူလက သူမသည် ယဲ့ရှီဝမ်ကို မယားငယ်အဖြစ် ထားခွင့်ပေးခြင်းသည် ဟန်ကျားလင်ကို ပျော်ရွှင်စေမည်ဖြစ်၍ အရေးမကြီးဟု ထင်ခဲ့သည်။

သို့သော် ဤအချိန်တွင် ဒါကျီ (Daji) ၏ နိုင်ငံအပေါ် ကံဆိုးမိုးမှောင်ကျခြင်းက ဤမျှပင်ဖြစ်သည်။

လုရှုယာက ဤအခြေအနေ ဆက်၍ မဖြစ်နိုင်တော့ကြောင်းကို သိရှိပြီး ဟန်အုပ်စု၏ ဥက္ကဋ္ဌအနေဖြင့် သူမ၏ ရပ်တည်ချက်ကို ဖော်ပြရန် သတင်းစာရှင်းလင်းပွဲ တစ်ခုကို ချက်ချင်းကျင်းပခဲ့သည်။

"လေးစားအပ်ပါသောသတင်းသမား မိတ်ဆွေများရှင့် ကျွန်မက ဟန်အုပ်စုရဲ့ ဥက္ကဋ္ဌ လုရှုယာဖြစ်ပါတယ်၊ ဒီနေရာမှာ ဟန်အုပ်စုကို ကိုယ်စားပြုပြီး အရည်အသွေးနိမ့် အနုပညာရှင်တွေကို ဖျော်ဖြေရေးလောကမှာ ဆက်လက် လှုပ်ရှားနေခြင်းမှ ပြတ်ပြတ်သားသား တွန်းလှန်ပါမယ်၊ တစ်ချိန်တည်းမှာပဲ ဟန်ကျားလင် ရဲ့ မိခင်အနေနဲ့လည်း ယဲ့ရှီဝမ်ကို ကျွန်မရဲ့ ချွေးမအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်ပါတယ်”

"ကျားလင်ရဲ့ ဆက်ဆံရေးကို ကျွန်မ အရင်က သဘောတူခဲ့တာက ကျားလင်ရဲ့ အဘိုးအဘွား တွေနဲ့ ကျွန်မက သူ့ရဲ့ အချစ်ရေးက ရှမိသားစုရဲ့ တကယ့်သမီး - ရှချန်းချန်းလို့ ထင်ခဲ့လို့ပါပဲ၊ ချန်းချန်းက ထူးချွန်ပြီး စိတ်အားထက်သနတဲ့ ကောင်မလေးတစ်ယောက်ပါ ပြီးတော့ ကျွန်မရဲ့ ချွေးမအတွက် တစ်ခုတည်းသော ရွေးချယ်မှုပါ၊ ကျွန်မတို့ ဟန်မိသားစုက သန့်ရှင်းတဲ့ နောက်ခံရှိပြီး ဒီလို အမျိုးသမီးမျိုးကိုသာ ဟန်မိသားစုရဲ့ ချွေးမဖြစ်ခွင့်ပေးမှာပါ၊ မိထွေးရဲ့ သမီးကို မဟုတ်ပါဘူး"

လုရှုယာ၏ မိန့်ခွန်းထွက်လာသည်နှင့်တစ်ပြိုင်နက် အင်တာနက်ပေါ်တွင် ဟန်မိသားစုကို ပစ်မှတ်ထားမှုသည် ချက်ချင်း ပြောင်းပြန်လှန်သွားသည်။

[ငါ ပြောပြီးသားပဲလေ၊ ဟန်မိသားစုက ယဲ့ရှီဝမ်ကို ဘယ်လိုလုပ် ထောက်ခံနိုင်မှာလဲ]

[ဟန်ကျားလင်က အချစ်မှာ နစ်မြောနေတယ်၊ ဒါပေမဲ့ ကံကောင်းစွာပဲ သူ့အမေမှာ ဦးနှောက် ရှိတယ် အန်တီ ခံနိုင်ရည်ရှိပါ၊ သားလို ရူးပြီး ယဲ့ရှီဝမ်ကို ထောင်ကနေထုတ်ပေးဖို့ ကိုယ့်ရဲ့ အဆက်အသွယ်တွေကို မသုံးပါနဲ့]

[ယဲ့ရှီဝမ်ဒီတစ်ခါတော့ ချုပ်စက်ကို နင်းမိပြီ၊ သူက အာဏာရှင်ဥက္ကဌကို ချော့မော့နိုင်ပေမယ့် မျက်လုံးစူးရှတဲ့ ယောက္ခမကိုတော့ ချော့မော့နိုင်မှာ မဟုတ်ဘူး]

[ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတွေရဲ့ လက်ဖက်စိမ်းနဲ့ ကြာပန်းဖြူကို မိန်းကလေးတွေပဲ နားလည်နိုင်တယ်လေ၊ ယောကျာ်းတွေကတော့ ဝက်ခြေထောက်ကြီးတွေပဲ၊ လှပတဲ့ မိန်းကလေးတွေကို မြင်ရင် ခြေထောက်တောင် မလှုပ်နိုင်ကြဘူး]

[လုရှုယာက ရှချန်းချန်းက သူ့စိတ်ထဲက ချွေးမဖြစ်တယ်လို့ ပြောတယ်၊ သူက ရှချန်းချန်းကို ဟန်ကျားလင်နဲ့ တွဲပေးမှာ မဟုတ်ဘူးမလား၊ တိတ်တိတ်လေး ပြောရရင် ချောမောတဲ့ ယောကျာ်းနဲ့ လှပတဲ့ မိန်းကလေး၊ ချမ်းသာတဲ့ မိသားစုတွေကြားက လက်ထပ်ပွဲက တော်တော်တော့လိုက်ဖက်တယ်]

[ထွက်သွားစမ်း၊ ငါတို့ရဲ့ ချန်းကျဲက သူ့ဘာသာသူ လှနေတာ၊ ဒီလို အမှိုက်မျိုးကို ကောက်တာကို မလိုချင်ဘူး]

[ယဲ့ရှီဝမ်နဲ့ ဟန်ကျားလင်ကို ပိတ်လှောင်ထားသင့်တယ်၊ ထွက်လာပြီး တခြားသူတွေကို ထိခိုက်အောင် မလုပ်ကြနဲ့]

[ချန်းချန်းကို နိုးကြဖို့ ငါ တောင်းဆိုပါတယ်၊ မင်းဆီကို ဟန်ကျားလင်ပြန်လာရင် ဒီလို အမှိုက်မျိုးကို ဂရုမစိုက်ပါနဲ့]

.…..

ကုန်အမှတ်တံဆိပ်များက ဟန်မိသားစုထံမှ အချက်ပြမှုကို ရရှိသည်နှင့် ချက်ချင်းပင် ယဲ့ရှီဝမ်နှင့် စာချုပ်ဖျက်သိမ်းခဲ့ကြသည်။

တစ်နာရီမပြည့်မီ ယဲ့ရှီဝမ်၏ ထောက်ခံမှု တစ်ဒါဇင်ခန့် ဆုံးရှုံးသွားခဲ့သည်။

သူမနှင့်သက်ဆိုင်သော အနုပညာလက်ရာအားလုံးကို ဗီဒီယိုနှင့် ဂီတ ပလက်ဖောင်းများမှ ဖယ်ရှားခဲ့သည်။ ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအသင်းကဲ့သို့သော သက်ဆိုင်ရာဌာနများ ကပင် ဘလော့ပို့စ်တစ်ခုကိုတင်ကာ အရည်အသွေးနိမ့်အနုပညာရှင်များကို ဖျော်ဖြေရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခွင့်မပြုကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ ထိုမိန့်ခွန်းတွင် အမည်များကို ဖော်ပြထားခြင်းမရှိသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

အင်တာနက်အသုံးပြုသူများ ဖိုရမ်အမျိုးမျိုးတွင် ဤဖရဲသီးအကြောင်းကို ထပ်မံဆွေးနွေး သောအခါ သူတို့က အမျိုးသမီး ကြယ်ပွင့်ယဲ့ရှီဝမ်အကြောင်းကို ဆက်မပြောတော့ဘဲ - ယဲ့ အမည်ရှိ သာမန်လူတစ်ယောက်အကြောင်းကို ပြောနေကြသည်။

ယဲ့ရှီဝမ်က ဖျော်ဖြေရေးလောကတွင် သုံးနှစ်ကြာ ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင် ထိပ်တန်းလူငယ် ကြယ်ပွင့်ဘွဲ့ကို ရရှိခဲ့သော်လည်း ဤအချိန်တွင် သူမ လုံးဝ ပြိုလဲသွားခဲ့သည်။

ဟန်ကျားလင် ဟန်မိသားစုသို့ အပြေးအလွှား ပြန်ရောက်သောအခါ ဆက်ဆံရေးကို ကယ်တင်ရန် အလွန်နောက်ကျ နေပြီဖြစ်သည်။

နေ့လည်ခင်း နေရောင်ခြည်က တောက်ပနေပြီး လုရှုယာက ဗီလာ၏ ခြံဝင်းအတွင်းရှိ ဥယျာဉ်ကုလားထိုင်ပေါ်တွင် အေးအေးလူလူထိုင်ကာ လက်ဖက်ရည်နက်သောက်နေသည်။ ဟန်ကျားလင် မောဟိုက်နေပြီး တိုးတိုးလေးပြောလိုက်သည်။

"မား၊ ဘာလို့ ဒီလိုလုပ်တာလဲ"

လုရှုယာက သူ့ကို ပြန်မဖြေဘဲ အခြား ဥယျာဉ်ကုလားထိုင်ပေါ်ရှိ ဇိမ်ခံအိတ်အများအပြားကို လက်ညှိုးထိုးပြလေသည်။

"သား ပြန်လာပြီပဲ အချိန်ကိုက်ပဲ၊ ဒါတွေက ဒီမနက်ဈေးဝယ်တုန်းက မားဝယ်ထားတဲ့ အိတ် တွေနဲ့ အဝတ်အစားတွေပဲ၊ သား သွားပြီး ရှချန်းချန်းကို ပေးလိုက်”

ဟန်ကျားလင်မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ သားက ဘာလို့ သူ့ကို ပေးရမှာလဲ သူ့ကို မြင်ရင် သား စိတ်မပျော်ဘူး၊ သားစိတ်ထဲမှာ ဝမ်ဝမ်တစ်ယောက်ပဲ ရှိတာ"

"ခွေးကောင်”

လုရှုယာက အလွန် စိတ်ပျက်သွားကာ ထရပ်ပြီး ဟန်ကျားလင်ကို ရိုက်လိုက်သည်။

"ငါ့ရှေ့မှာ ယဲ့ရှီဝမ် အကြောင်း ထပ်မပြောနဲ့၊ မင်း သူ့ကို မစွန့်လွှတ်တဲ့အတွက် ငါတို့ ဟန်မိသားစုလည်း သူမကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားပြီဆိုတာ မင်းသိလား၊ ဟန်ကျားလင် မင်းမှတ်ထားရမယ်၊ မင်းက ဟန်မိသားစုရဲ့ အမွေဆက်ခံသူပဲ၊ ပြီးတော့ ဟန်မိသားစုကို အမြဲတမ်း ပထမနေရာမှာ ထားရမယ်၊ ဒီလို နောက်ခံမသန့်ရှင်းတဲ့ မိန်းမကို မဟုတ်ဘူး"

ဟန်ကျားလင် အံကြိတ်လိုက်သည်။

သူ၏ ကြေညာချက်ကြောင့် ကုမ္ပဏီ စတော့ဈေးနှုန်းထိုးကျခဲ့သည်ကို သူလည်း သိသည်။

ဒါပေမဲ့ ဝမ်ဝမ်က အရင်က ပြည်သူတွေရဲ့ စိတ်ထဲမှာ ကောင်းမွန်တဲ့ ပုံရိပ်မရှိခဲ့လို့လား။ ငါ ဝမ်ဝမ်နဲ့ ထာဝရအတူနေချင်ရုံပဲလေ၊ ဒါဆို အဲဒီ အင်တာနက်အသုံးပြုသူတွေက ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုအပ်လို့လား။

ငါနဲ့ ဝမ်ဝမ်က ချစ်နေကြတာလေ၊ အဲဒီ အင်တာနက်အသုံးပြုသူတွေနဲ့ လမ်းသွားလမ်းလာ တွေနဲ့ ဘာဆိုင်လို့လဲ။

ဟန်ကျားလင်က သဘောတူရန် ဆန္ဒမရှိဘဲပြောသည်။

"မား၊ မား ဝမ်ဝမ်နဲ့ ပြဿနာရှိတယ်ဆိုတာ သားလည်း သိတယ်၊ ဒါပေမဲ့ ဒီလို ဖြစ်နေရင်တောင် သားကို ရှချန်းချန်းဆီ ပစ္စည်း ပို့ခိုင်းဖို့ မလိုဘူးလေ၊ ရှချန်းချန်းက အရမ်း ဉာဏ်နီဉာဏ်နက်များတာ၊ ဒီမိန်းမက ရိုးရှင်းတဲ့သူ မဟုတ်ဘူး”

"ဒါပေမဲ့ အခု သူကပဲ ငါတို့ ဟန်မိသားစုကို ကူညီနိုင်မှာ"

လုရှုယာက အေးစက်စွာဖြင့် ပြောသည်။

“အင်တာနက်မှာ မင်း ရှမိသားစုရဲ့ သမီးနဲ့ ချစ်နေတယ်လို့ ကောလဟာလတွေ ထွက်နေပြီ အရင်က ယဲ့ရှီဝမ်ကို ရှမိသားစုရဲ့ သမီးလို့ သတ်မှတ်ခဲ့သေးတယ်၊ ငါ မင်းတို့ရဲ့ အချစ်ရေးကို ကျွန်မ မျက်ကွယ်ပြုခဲ့တယ် ဒါပေမဲ့ အခုတော့ သူတို့ အဖမ်းခံပြီ၊ မင်းက ငါတို့ ဟန်မိသားစုကို လုပ်အားပေးစခန်းမှာ အကျဉ်းသားကို ချွေးမအဖြစ် ရှာခိုင်းချင်တာလား၊ ဒါကြောင့် မင်းနဲ့ ယဲ့ရှီဝမ်ရဲ့ ဆက်ဆံရေးကို ရှင်းလင်းဖို့အတွက် မင်း ရှမိသားစုရဲ့ တကယ့်သမီးနဲ့ ချိန်းတွေ့ရမယ်၊ မင်း ရှချန်းချန်းနဲ့ အတူနေရမယ်”

ဟန်ကျားလင်က သူ၏ မိခင်ကို အေးစက်စွာကြည့်ပြီး စကားလုံးတစ်လုံးချင်းကို အလေးထားကာ ပြောသည်။

"သား ဝမ်ဝမ်ကို သစ္စာဖောက်ဖို့က မဖြစ်နိုင်ဘူး”

"ဟန်ကျားလင်!!"

လုရှုယာက ဒေါသထွက်နေသည်။

"မင်း ဘာလို့ အကြံပေးတာကို နားထောင်ဖို့ ဒီလောက်တောင် ဆန္ဒမရှိနေရတာလဲ။ ပြပွဲ တစ်ခုသက်သက်ပဲ ဖြစ်ရင်တောင် ဟန်မိသားစုရဲ့ စတော့ဈေးနှုန်း ကို တည်ငြိမ်အောင်လုပ်ပြီးရင် မင်း ကြိုက်တာ လုပ်လို့ရတယ်၊ ငါ မင်းကို ဂရုမစိုက်ဘူး"

ဟန်ကျားလင်က ခိုင်မာနေသည်။

"မား၊ မား ဘာပြောပြော အသုံးမဝင်ဘူး၊ ဒီအချက်မှာ သား ဘယ်တော့မှ ယိမ်းယိုင်မှာ မဟုတ်ဘူး”

"မင်း!"

လုရှုယာက အလွန် ဒေါသထွက်နေ၍ ဘာပြောရမှန်းမသိတော့ပေ။ သူမ ကြမ်းတမ်းစွာသာ ပြောနိုင်တော့သည်။

"မင်း ယဲ့ရှီဝမ်နဲ့ ဆက်နေမယ်လို့ ဇွတ်တရွတ်လုပ်ရင် ဒီနေ့ကစပြီး ဟန်မိသားစုကို ပြန်မလာနဲ့တော့၊ မင်း ဘာမှမရှိတော့ရင်တောင် ယဲ့ရှီဝမ်က မင်းနဲ့အတူ ရှိနေဦးမလားဆိုတာ ငါကြည့်ချင်သေးတယ်”

ဟန်ကျားလင် သူ၏ ပိုက်ဆံအိတ်ကို ထုတ်ယူပြီး ထဲတွင်ရှိသော ခရက်ဒစ်ကတ်အားလုံးကို ထုတ်လိုက်သည်။

"သား အရာအားလုံး ဆုံးရှုံးသွားရင်တောင် ဝမ်ဝမ် သားကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ သား ယုံကြည်တယ်"

ထိုသို့ပြောပြီးနောက် ဟန်ကျားလင်က ခရက်ဒစ်ကတ်ကို ဥယျာဉ်ရှိ စားပွဲငယ်ပေါ်တွင် တင်လိုက်ပြီး မတွေဝေဘဲလှည့်ကာ ဟန်မိသားစုမှ ထွက်သွားသည်။

ဟန်ကျားလင်က ဟန်မိသားစုမှ ထွက်ခွာပြီးနောက် ရှမိသားစုသို့ ရောက်လာသည်။

ရှယုံဒယ်က ယဲ့ရှီဝမ်ကို မောင်းထုတ်ရန် ကြိုးစားရုန်းကန်နေခဲ့သည်။ လိမ်ညာသူများကိုဖော်ထုတ်သူက သူသည် သားမက်တစ်ဦးသာဖြစ်ကြောင်း ကြေညာပြီးနောက် သူ စုဆောင်းထားခဲ့သော လီကျား၏ ဆက်သွယ်မှုများသည် ဆွံ့အနေသကဲ့သို့ ဖြစ်သွားပြီး သူ့ကို ဆက်သွယ်တော့ခြင်း မရှိပေ။

သူက သူငယ်ချင်းများစွာကို ဆက်သွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အားလုံးက ကူညီရန် အလွန် အလုပ်များနေခဲ့ကြသည်။

ချမ်းသာသော အသိုင်းအဝိုင်းက အလွန် ဇီဇာကြောင်လွန်းသည်။ ယခင်က ရှယုံဒယ်က ရှမိသားစု၏ ခေါ်ငးဆောင်ဖြစ်ပြီး အာဏာကို ကိုင်ထားသည်ဟု ထင်ခဲ့ကြသောကြောင့် သူ့ကို ပစားပေးရန် ကြိုးစားခဲ့ကြသည်။ ယခု သူက ရှမိသားစု၏ ယာယီ သားမက်သာဖြစ်သည်ကို သိသောအခါ သူ့ကို အေးစက်စွာဆက်ဆံကြလေသည်။

ရှယုံဒယ်က ဟန်ကျားလင်အပေါ်တွင်သာ မျှော်လင့်ချက်ထားနိုင်တော့သည်။

ဟန်မိသားစုရဲ့ အာဏာနဲ့ဆိုရင် ယဲ့ရှီဝမ်ကို ကယ်ဖို့က ပြဿနာမရှိနိုင်ဘူး။

သို့သော် ဟန်ကျားလင်က ရှမိသားစုသို့ ရောက်လာပြီး ရှယုံဒယ်ကို သူသည် ယဲ့ရှီဝမ်အတွက် ဟန်မိသားစုနှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း ပြောသောအခါ။

ရှယုံဒယ် : ???

ဟန်ကျားလင် ရူးနေတာလားဟ။

ဒီအချိန်မှာ ဟန်မိသားစုရဲ့ ဆက်ဆံရေးနဲ့ အဆက်အသွယ်တွေက ဒီလောက် အရေးကြီးနေတာကို၊ သူက ဘာလို့ ဒီအချိန်မှာ မိသားစုနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်တာလဲ။

ရှယုံဒယ်က ဟန်ကျားလင်ကို ဒေါသတကြီးဖြင့် စူးစူးဝါးဝါး ကြည့်လိုက်သည်။ သူက ဟန်ကျားလင်က ယဲ့ရှီဝမ်ကို လုံးဝ မကြိုက်ဟု သံသယရှိခဲ့သည်။ သူက ရှချန်းချန်းက ယဲ့ရှီဝမ်ကို တမင်တကာ ထိခိုက်စေရန် စေလွှတ်ခဲ့ခြင်း ဖြစ်ရမည်။

ဝက်အဖွဲ့ဖော်ဆိုသည်မှာ ဤမျှသာ ဖြစ်သည်။

နောက်ရက်အနည်းငယ်အတွင်း ရှယုံဒယ်နှင့် ဟန်ကျားလင်တို့က ယဲ့ရှီဝမ်ကို ကယ်တင်ရန် နည်းလမ်းရှာဖွေနေကြသော်လည်း နည်းလမ်းမရှိခဲ့ပေ။

ရှ၏ ကုမ္ပဏီမှ ဒါရိုက်တာများသည် မူလက ရှကျန်းချန်းက ပြောင်းလဲလွယ်ပြီး အရေးကြီးသော တာဝန်ကို ကိုင်တွယ်နိုင်မည် မဟုတ်ဟု ထင်ခဲ့ကြသည်။ သို့သော် သူက သူ၏ မယားငယ်၏ လှည့်စားမှုကိုခံရပြီး ရှချန်းချန်း၏ ဂုဏ်သတင်းကို အသရေဖျက်သည့်အပြင် သူမ၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းပိုက်ခဲ့သည်ဟု မမျှော်လင့်ခဲ့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူက မိတ်ဆွေဟောင်းရဲ့ သမီးလေ၊ ငါတို့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။

ထို့အပြင် ဟန်ကျားလင်တွင်လည်း ဟန်မိသားစု၏ ပံ့ပိုးမှုမရှိဘဲ လက်ပြတ်သော လင်းယုန်တစ်ကောင်နှင့်တူပြီး မည်သည့် အဆက်အသွယ်မှ ရှာမတွေ့ခဲ့ပေ။

ဤရက်များ၌ ဟန်ကျားလင်က ရှမိသားစုတွင် နေထိုင်ခဲ့ပြီး ရှယုံဒယ်က သူ့ကို မည်သို့ပင်ကြည့်ပါသော်လည်း မသည်းခံနိုင်တော့ပေ။

ယဲ့ရှီဝမ်က ဘာလို့ ဒီလို အသုံးမကျတဲ့သူကို ရှာတွေ့ရတာလဲ။

အထူးသဖြင့် မွေးနေ့ပွဲ အကြောင်းတွေးပြီး ရှဲ့ကျစ်ရှင်းက်ို တွေးလိုက်မိသောအခါ၌ပင်။

နှစ်ယောက်စလုံးက ချမ်းသာသည့် သခင်လေးများဖြစ်သည်။ နှစ်ယောက်စလုံးက သူတို့မိသားစုများ၏ စွန့်ပစ်ခြင်းကိုခံခဲ့ရသည်။ နောက်ဆုံးတွင် တစ်ယောက်က ဆင်းရဲနွမ်းပါးပြီး သူ့ရည်းစား၏ မိသားစုက သူ့ကို ထောက်ပံ့ရသည်။ နောက်တစ်ယောက်မူကား သန်မာ ပြီး မိသားစုကို သိမ်းကြုံးပစ်လိုက်သည်။

ဤသည်က ကမ္ဘာကြီး၏ ကွာခြားချက်ပင်။

ရှယုံဒယ်မူကား ယဲ့ရှီဝမ်က အစက ရှဲ့ကျစ်ရှင်းကို သွေးဆောင်ခဲ့လျှင် အလွန် ကောင်းမည်ဟုပင် တွေးလိုက်မိခဲ့သည်။

….

အမှတ် ၁၈ ယွီလင်ယွမ်။

ရှကျန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့က ဧည့်ခန်းတွင် ထိုင်နေကြပြီး အထူးလက်ထောက်ကျိုးက ယဲ့ရှီဝမ်နှင့် ဟန်ကျားလင်တို့၏ အခြေအနေကို အစီရင်ခံနေသည်။

ဒေါ်လေးလျူက လတ်ဆတ်သော လုံငန်းသီးများကို ဆေးကြောပေးခဲ့သည်။ ၎င်းတို့ကို ဖူချန်မှ လေယာဉ်ဖြင့် သယ်ယူလာသည်ဟု ဆိုသည်။ တစ်လုံးချင်းစီက ဝိုင်းစက်ပြီး ပြည့်ဖြိုးနေကာ အလွန်ချိုသည်။

ရှကျန်းချန်းက ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး လုံငန်းသီးကိုစားရင်း အထူးလက်ထောက် ကျိုး၏ အစီရင်ခံစာကို နားထောင်နေသည်။

"ဟန်ကျားလင်က ဟန်မိသားစုကို ပြန်သွားဖို့ ဆန္ဒမရှိပါဘူး၊ ဒါပေမဲ့ ဟန်ကတော်က ပြင်းထန်တဲ့ စကားတွေ ပြောထားလို့ သူ့ရဲ့ အရင်က အဆက်အသွယ်တွေကလည်း အသုံးမဝင်တော့ဘူး၊ သူတို့ ယဲ့ရှီဝမ်ကို ကယ်ဖို့ နည်းလမ်းရှာမတွေ့သေးဘူး”

တကယ်တွင် ဟန်ကျားလင် ယခင်က စီးပွါးရေးတွင် မာနကြီးခဲ့သောကြောင့် ဤတစ်ခါတွင်မူ ကျဆုံးသွားရသည်။ သူ့ ဖိနှိပ်ခဲ့သည့် ချမ်းသာသော သခင်လေးများ များစွာက သူ့ကို တမင်တကာ အရှက်ခွဲပြီး သူ့ကို ရယ်မောချင်ကြသည်။

ရှကျန်းချန်းက အထူးလက်ထောက်ကျိုး၏ အစီရင်ခံစာကို နှစ်သက်စွာဖြင့် နားထောင်နေသည်။

သူ့ဘေးတွင် ရှဲ့ကျစ်ရှင်းက သိပ် အလေးအနက်ထားကာနားမထောင်နေပေ။ သူက ဆိုဖာပေါ်တွင် မှီနေပြီး သူ၏ ခြေထောက်ရှည်ပေါ်တွင် ကွန်ပျူတာတစ်လုံး တင်ထားကာ အလုပ်လုပ်နေပုံရသည်။

စနစ်က လေးစားနေလေသည်။

“ဒါက ငါတို့ရဲ့ ဗီလိန်ကြီးပဲ၊ လေးနက်တယ်၊ သေသေချာချာနဲ့ တိကျတယ်၊ သူက ဖရဲသီး စားတာနဲ့ ကောလဟာလတွေ နားထောင်တာကို ဂရုမစိုက်ဘူး၊ သူက ပိုက်ဆံရှာဖို့ပဲ အာရုံစိုက်တယ်"

ထို့နောက် စနစ်က ရှဲ့ကျစ်ရှင်း၏ ကွန်ပျူတာကို hack ဝင်ကာ ဗီလိန်ကြီး ဘာလုပ်နေလဲဆိုသည်ကို ကြည့်ချင်ခဲ့သည်။

ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် Weibo စာမျက်နှာရှိနေသည်။

ဖျော်ဖြေရေး မိုင်နာ : [ထိတ်လန့်စရာကောင်းတဲ့ သတင်း၊ ရှမိသားစုရဲ့ မယားပါသမီးက အကျဉ်းထောင်ထဲ ရောက်သွားပြီ၊ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ လူ့သဘာဝကို ပုံပျက်အောင်လုပ်တာလား၊ ဒါမှမဟုတ် ကိုယ်ကျင့်တရား ကျဆင်းနေတာလား]

စနစ်: "......?"

ထူးဆန်းလိုက်တာ၊ ထပ်ကြည့်လိုက်ဦးမယ်။

စနစ်က ၎င်း၏ စက်မျက်လုံးများကို ပွတ်သပ်ပြီး ရှဲ့ကျစ်ရှင်း၏ ကွန်ပျူတာကို ထပ်မံ hackဝင်လိုက်သည်။

ဖျော်ဖြေရေး ကောလဟာလ ဒါရိုက်တာ: [အာဏာရှင် ဥက္ကဌက အကျဉ်းထောင်ထဲက အကျဉ်းသားတစ်ယောက်ကို ချစ်မိသွားပြီး၊ တောင်တွေ ပျောက်ကွယ်သွားပြီး ကောင်းကင်နဲ့ မြေကြီးပေါင်းစည်းမှပဲ မင်းနဲ့ လမ်းခွဲဖို့ သတ္တိရှိမယ်]

စနစ် :??

ကောလဟာလ ဘုရင်မ: [ဥက္ကဌရဲ့ ပုန်ကန်တက်တဲ့ မျက်နှာက မကောင်းဆိုးဝါးလိုမျိုး ပြုံးလိုက်တယ်၊ မဒမ်က သူ့အမှားကို ဝန်ခံခဲ့လား”

ဘေးတွင်ရှိနေသည့် လက်ထောက်က လေးစားစွာနှင့် ပြောသည်။

"ဥက္ကဌ, မဒမ်က သူ့အမှားကို ဝန်ခံခဲ့တာ မဟုတ်ပေမယ့် သူ အကျဉ်းထောင်ထဲမှာရှိနေတယ်]

စနစ်: ???

ကျောင်းသားကျူ: [ဟန်ယဲ့ CP က အစွဲအလမ်းတစ်ခုဖြစ်ပေမယ့် သူတို့ အခုချိန်ထိ ဇွဲမလျှော့တာက စစ်မှန်တဲ့ အချစ်ပဲ၊ ဆင်းရဲနွမ်းပါးနေတဲ့ အာဏာရှင် ဥက္ကဌနဲ့ လုပ်အားပေးစခန်း အကျဉ်းသားရဲ့ မယားပါသမီး၊ ငါ စွဲလမ်းနေပြီ]

စနစ် :???

စနစ်က တိတ်ဆိတ်သွားပြီး ရှချန်းချန်း၏ စိတ်ထဲသို့ ရှုပ်ထွေးသော အမူအရာဖြင့် ပြန်လာသည်။

ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ၊ ရှဲ့ကျစ်ရှင်း မင်းက ဒီစာအုပ်ထဲက အကြီးစားဗီလိန်ဆိုတာ မှတ်မိသေးလား။

ပိုက်ဆံရှာတာနဲ့ လူသတ်တာက မင်းရဲ့ စရိုက်ပဲ။

မင်းက ဖရဲသီးစားတဲ့သူ မဟုတ်ဘူး။

ရှချန်းချန်းက ရှဲ့ကျစ်ရှင်း၏ ကွန်ပျူတာတွင် ၎င်းမြင်တွေ့ကြားသိခဲ့သည်များကို စနစ်က ပြန်လည်ပြောပြသည်ကို ဝမ်းမြောက်စွာဖြင့်နားထောင်သည်။

သူမ ကိုယ့်ဘာသာ လုံငန်းသီးတစ်လုံးကို ဖြည်းဖြည်းချင်းအခွံနွှာပြီး တစ်ချိန်တည်းမှာပင် စနစ်ကို မေးသည်။

“ထောင်ဇီ၊ တကယ်တော့ ငါ အရမ်း ထူးဆန်းတဲ့ ကိစ္စတစ်ခု တွေ့တယ်၊ ဝတ္ထုရဲ့ ဇာတ်ကောင် သတ်မှတ်ချက်အရ ဟန်ကျားလင်က အနည်းဆုံးအနေနဲ့ အဓိက ဇာတ်ကောင်ဖြစ်ပြီးတော့ သူ့ရဲ့ IQ က မနိမ့်ဘူးလေ၊ ယဲ့ရှီဝမ်က ဒီလိုဖြစ်နေတာတောင် သူက သူမကို မစွန့်ပစ်သေးဘူးလား"

ဟန်ကျားလင်က ယဲ့ရှီဝမ်ကို လုံးဝ ယုံကြည်သည်ဟု နှုတ်ဖြင့်ပြောခဲ့သော်လည်း ရှကျန်းချန်းက သူ့စိတ်ထဲ၌ အနည်းငယ် ယိမ်းယိုင်နေသကဲ့သို့ ခံစားရသည်။

"အချစ်" ဟု ခေါ်သည့် ခံစားချက်တစ်ခုကြောင့်သာ ယဲ့ရှီဝမ်ကို လုံးဝ ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဝတ္ထုက ဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှု အပေါ် ထိန်းချုပ်တာက အဲ့လောက် လေးနက်တာလား။

ဟန်ကျားလင်က ယဲ့ရှီဝမ်ကို ကြိုက်အောင် သတ်မှတ်ထားလို့ သူ ဘာပဲလုပ်လုပ် ဟန်ကျားလင်က သူ့ကို ခြွင်းချက်မရှိ ဆက်ချစ်နေဦးမှာလား။

စနစ်က သက်ပြင်းချလိုက်သည်။

"ဒါက မင်း အပိုဆောင်း အခန်းကို မဖတ်ဖူးသေးလို့ပဲ၊ ဟုတ်တာပေါ့, အပိုဆောင်း အခန်းက အဓိက ဇာတ်လမ်းနဲ့ ဘာမှ မဆိုင်လို့ ငါ မင်းကို မပေးခဲ့ဘူး"

အပိုဆောင်း အခန်းတွင် ဟန်ကျားလင်နှင့် ယဲ့ရှီဝမ်တို့၏ ပထမဆုံး တွေ့ဆုံမှုကို အထူးဖော်ပြထားသည့် အခန်းတစ်ခု ရှိသည်။

ထိုသည်က လွန်ခဲ့သည့် ရှစ်နှစ်လောက်ဖြစ်သည်။

ဟန်ကျားလင် အသက် (17) နှစ် ရှိပြီ၊ ကျန်းချန်တွင်ရှိသည့် ပုဂ္ဂလိက ချမ်းသာသော အထက်တန်းကျောင်းတစ်ခု၌ တက်နေသည်။

ထိုစဉ်က ဟန်ကျားလင်က ယခုကဲ့သ်ို့ မြင့်မြတ်ပြီး အေးစက်သော မျက်နှာမျိုး မဟုတ်ပေ။ သူက ဝပြီး ဖြူဖွေးနေကာ နှင်းဘောလုံးကြီးတစ်ခုလိုပင်။ ထို့အပြင် လုရှုယာ က တစ်နှစ်ပတ်လုံး အလုပ်များနေခဲ့ပြီး သူ့ကို ဂရုစိုက်ရန် ပေါ့လျော့ခဲ့သည်။ ဟန်ကျားလင်က အတန်းထဲတွင် မကြာခဏ "ဂရုစိုက်ခံရတဲ့” သူ ဖြစ်လာခဲ့သည်။

သူတို့က ဟန်ကျားလင်ကို ဝသောသူဟု ခေါ်ပြီး၊ သူ့ ကုလားထိုင်ပေါ်တွင် ကော် ကပ်ကာ သူ့ အိမ်စာစာအုပ်ကို ခိုးပြီး ရေကန်ထဲသို့ ပစ်ချသည်။

ထိုစဉ်က ဟန်ကျားလင်က မခုခံခဲ့ပေ။

ယဲ့ရှီဝမ် မပေါ်လာမီအထိပင်။

အပိုဆောင်းတွင် စာရေးသူက ယဲ့ရှီဝမ်၏ ပုံပန်းသဏ္ဌာန်ကို ဟန်ကျားလင်၏ မှောင်မိုက်နေသည့် ကမ္ဘာထဲက အလင်းတန်းတစ်ခုအဖြစ် ဖော်ပြထားလေသည်။

သူ့ကို အတန်းဖော်များက ရိုက်နှက်ပြီး သတိမေ့သွာသောအခါ သူ့နားထဲတွင် "ဖျောက်" ခနဲ အသံကြားလိုက်ရသည်။ သူ ခေါင်းထောင်ကြည့်လိုက်စဉ် သူ့ မျက်မှန်က ကျိုးပဲ့ နေပြီး၊ သူ့ရှေ့မှ မြင်ကွင်းက မှုန်ဝါးနေသည်။

ထိုသူက အနီရောင် စကပ်နှင့် ကောင်မလေးတစ်ယောက်ဖြစ်ပြီး၊ လက်ထဲတွင် လောက်လေးတစ်ခု ကိုင်ပြီး သူ့ရှေ့သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။

ထို ကောင်မလေးက ယဲ့ရှီဝမ်ပင်။

သို့သော် ထိုစဉ်က ယဲ့ရှီဝမ်က ကျောင်းကို လာလည်ပြီး ပြန်ထွက်သွားခဲ့သည်။ သူတို့နှစ်ယောက် ထပ်မံတွေ့ဆုံသည့်အခါ ဟန်ကျားလင်က ဝသောသူမှ ပိန်ပါးပြီး ချောမောသည့် အမျိုးသားဖြစ်နေခဲ့သည်။ ကောလိပ်တွင် ယဲ့ရှီဝမ်နှင့် တွေသောအခါ ပထမဆုံး တွေ့ကတည်းက ချစ်မိခဲ့သော အချစ်ဖြစ်ခဲ့သည်။

ရှချန်းချန်း ရုတ်တရက် သဘောပေါက်သွားသည်။

"သူ့ လူငယ်ဘဝ ဒဏ်ရာတွေကို ကုသပေးခဲ့တဲ့ လရောင်ဖြူလေးက ဟန်ကျားလင်ကလည်း မချစ်မိဖို့ ခက်ခဲမှာပဲ"

"ဟုတ်တယ်၊"

စနစ်က စိတ်ရင်းမှန်ဖြင့် ပြောသည်။

"တကယ်တော့ ဟန်ကျားလင်နဲ့ ယဲ့ရှီဝမ်တို့ရဲ့ အချစ်ကို ကြည့်ရုံနဲ့တင် ဒါကလည်း အရမ်း လှပတယ်"

သို့သော် ယဲ့ရှီဝမ်က ရှကျန်းချန်း၏ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံကို မမှန်မကန် စွပ်စွဲခဲ့သည်ကို တွေးမိသောအခါ စနစ်က ဤ ဇာတ်လိုက်မကို ရုတ်တရက် မချစ်နိုင်တော့ချေ။

ဝတ္ထုရဲ့ ဇာတ်လိုက်မက အရေးကြီးတာပေါ့။

ဒါပေမဲ့ ငါ့ရဲ့ host က အကောင်းဆုံးပဲ။

ရုတ်တရက် ရှချန်းချန်း၏ မိုဘိုင်းဖုန်း က မြည်လာပြီး ခေါ်ဆိုသူ ID မှာ ကျိုးရှန်းနန်ဟု ပြနေသည်။

မကြာသေးမီက ကျိုးရှန်းနန်က ရှကျန်းချန်းကို "ရှန်းကျွယ်" ၏ တိုးတက်မှုအကြောင်း အစီရင်ခံရန် အီးမေးလ်များ မကြာခဏ ပို့ခဲ့သည်။

လက်ရှိတွင် "ရှန်းကျွယ်" စတင် ရိုက်ကူးနေပြီဖြစ်ကာ ရှုကျစ်ချင်းနှင့် ရှုရှောင်ယန်တို့တွင် ကောင်းမွန်သော CP ခံစားမှုရှိပြီး လင်ရှီချင်း၏ သရုပ်ဆောင်မှုများလည်း ထူးခြားသည်။

တစ်ခုတည်းသော ပြဿနာက ကျိုးရှန်းနန်က "ရှန်းကျွယ်" အတွက် တေးသံကို စိတ်ကြိုက်ပြုလုပ်ရန် ဂီတပညာရှင်အများအပြားကို ရှာဖွေခဲ့သော်လည်း ဘယ်သောအခါမှ သင့်တော်သူကို ရှာမတွေ့ခဲ့ပေ။

တေးသံက လေထုဖန်တီးရာမှာ အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား လက်ရာများက အမြင်နှင့် အကြားမှတစ်ဆင့် လက်ရာများ၏ အချက်အလက်များကို ပေးပို့သည်။ ပြီးနောက် အကြားမှ ရရှိသည့် အချက်အလက်က အားလုံး၏ 30% ကို ပိုင်ဆိုင်သည်။

ကောင်းမွန်သည့် ဂီတပညာရှင်ကို ရှာတွေ့ရန် အလွန် အရေးကြီးသည်။

ဘေး၌ ရှဲ့ကျစ်ရှင်းက သူ့ ဖန်သားပြင်ထက်ရှိ ဖရဲသီးများထံမှ ခေါင်းမော့လာခဲ့သည်။

"ဘာဖြစ်တာလဲ"

"အလုပ်ကိစ္စတွေပါ၊"

ရှကျန်းချန်းက သူ့ဖုန်းကို ပိတ်လိုက်သည်။

"ဒါနဲ့၊ ရိဖန်က ချင်းချွမ်ရွာမှာ ရှိနေတာ တစ်လလောက် ရှိနေပြီ၊ သူ ဘယ်လိုနေလဲ"

ရှဲ့ကျစ်ရှင်း: "ငါ ဒါရိုက်တာယွီဆီကနေ ကြားတာတော့ သူက အရမ်း ကောင်းတယ်တဲ့၊ ယဉ်ကျေးပြီးတော့ စဉ်းစားတက်တယ်တဲ့၊ ပြီးတော့ အလုပ်ကြိုးစားတယ်လို့ ပြောတယ်”

ရှကျန်းချန်း : "..."

ကျွန်မ အွန်လိုင်း မသုံးဘူးလို့ ရှင် တကယ်ထင်နေတာလား။ ကျွန်မက ယဉ်ကျေးမှုအရ မေးခွန်းနည်းနည်းပဲ မေးတာပါ။ ကျွန်မ အွန်လိုင်း မသုံးပဲနဲ့၊ ကျင်ရိဖန်က ချင်းချွမ်ရွာကို နေ့တိုင်း ရှုပ်ပွအောင် လုပ်နေတာကို မသိဘူးလို့ တကယ်ထင်နေတာလား။

ရှကျန်းချန်းက ရှဲ့ကျစ်ရှင်းကို မဖော်ထုတ်ဘဲ ရုတ်တရက် ရှဲ့ကျစ်ရှင်းအနားကို ချဉ်းကပ်လာသည်။ သူ၏ ဗာဒံမျက်လုံးကြီးများက စိုနေပြီး အပြစ်ကင်းစင်သည့် ပုံစံနှင့် ကြည့်နေသည်။

“လောင်ကုန်း~ မနက်ဖြန် သူ့ကို ယွီလင်ဥယျာဉ်ကို လာခိုင်းလို့ရမလား "ရှန်းကျွယ်” ရဲ့ OST မှာ ပြဿနာရှိနေလို့ သူ့ကို အကူအညီတောင်းချင်လို့"

သူမ ဤသို့ပြောရင်း ယခုမှ အခွံခွါထားသော လုံငန်းသီးကို ရှဲ့ကျစ်ရှင်း၏ ပါးစပ်ထဲ ထိုးထည့်ပေးလိုက်သည်။

လုံငန်းသီး၏ ချိုမြိန်သည့် ရနံ့က သူ့နှုတ်ခမ်းများကို ချက်ချင်း ပြည့်နှက်စေသည်။ ရှကျန်းချန်း၏ စိမ်းလန်းသော လက်ချောင်းထိပ်များက သူ့နှုတ်ခမ်းများကို မမျှော်လင့်ဘဲ ထိမိသွားပြီး လျှပ်စစ်ရှော့ခ် အနည်းငယ် ရလိုက်သည်။

ရှဲ့ကျစ်ရှင်း လုံငန်းသီးကို မမျိုချမီ စက္ကန့်အနည်းငယ်ခန့် တွေဝေနေခဲ့ပြီး ကြောင်အစွာဖြင့် ပြန်ဖြေသည်။

"ကောင်းပြီ။"

ရှကျန်းချန်း၊ လှုံ့ဆော်သူမူကား သတိမထားမိဘဲ ပျော်ရွှင်စွာဖြင့် ရှီကျစ်ရှင်း၏ လက်မောင်းကို ဖက်ထားလေသည်။

"ကျေးဇူးပါ လောင်ကုန်း"

နောက်တစ်နေ့ မနက်တွင် ကျင်ရိဖန်ကို သူ၏ အေးဂျင့်က ယွီလင်ဥယျာဉ်သို့ ပို့ဆောင်ပေးခဲ့သည်။

ချင်းချွမ်ရွာရှိ လယ်ယာဘဝက သူ၏ idol ပုံရိပ်ကို ပျက်စီးစေခဲ့သည်။ နေ့တိုင်း လယ်ယာအဝတ်အစားများ ဝတ်ဆင်ရသော ကျင်ရိဖန်က သူ့ကို ပျိုးပင်တစ်လက် ပေးလိုက်ရုံနှင့် သူက လယ်ကွင်းထဲသို့ တိုက်ရိုက်ဆင်းပြီး ဆန်စပါးစိုက်နိုင်လိမ့်မည်ဟု မသိခဲ့ပေ။

ယခုအခါတွင် သူက လှပသောသုံးပိုင်းတွဲ suit ကို ဝတ်ဆင်နိုင်ပြီး ကျယ်ဝန်းသော nanny car ထဲတွင် ထိုင်နိုင်ပြီဖြစ်သည်။

ကျင်ရိဖန်၏ စိတ်အခြေအနေက ကောင်းမွန်နေသည်။

အာ၊ ဒါက တိုးတက်နေတဲ့ ကာလမှာရှိတဲ့ traffic အသစ်တွေ ရသင့်ရထိုက်တဲ့ ဆက်ဆံပုံပဲ။

လှပပြီး မြင့်မြတ်တယ်။

ချက်ချင်းပင် သူက ဘာမှမဟုတ်ဘဲ ပေါ်လာသော ဝမ်းကွဲ၏ မိန်းမ ရှကျန်းချန်းအပေါ် ကောင်းမွန်သော အမြင်များစွာ ရှိလာခဲ့သည်။

ဒီနေ့ ငါ ကြိုးစားပြီး သူ့ ဝမ်းကွဲနားနားမှာ တိုးတိုးလေး ပြောနိုင်ရင် နောက်ကျရင် လယ်ယာဘဝကနေ လွတ်မြောက်နိုင်လိမ့်မယ်။

အမှတ် ၁၈ ယွီလင်ယွမ်သို့ ဝင်ရောက်သည်နှင့် ကြီးမားသော မြက်ခင်းကို မြင်ရမည်ပင်။ ၎င်းကို ရှုခင်း ဗိသုကာများက ဂရုတစိုက် ဒီဇိုင်းပြုလုပ်ထားသော ပန်းကြေးမုံများဖြင့် အလှဆင်ထားသည်။

ပန်းကြေးမုံနောက်မှ နားတွဲကျနေသော corgi ခွေးလေးတစ်ကောင် ပေါ်လာပြီး အရွယ်ရောက်ပြီးသားဖြစ်သော်လည်း ခြေတိုချိစ်ခွေး နောက်သို့ စဉ်ဆက်မပြတ် လိုက်နေသည်၊ သို့သော် ချိစ်ခွေးက ခြစ်မိသွားခဲ့သည်။

မကြာမီ ရှဲ့ကျစ်ရှင်းသည်လည်း ပန်းကြေးမုံနောက်မှ ထွက်လာပြီး ယောင်ကျူ၏ အကြိုက်ဆုံးတင်းနစ်ဘောလုံးကို ကိုင်ထားသည်။

ကျင်ရိဖန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“မင်းဆီမှာ အိမ်မွေးတိရစ္ဆာန် နှစ်ကောင်ရှိတယ်လို့ ကြားတယ်၊ မင်း တိရစ္ဆာန်ချစ်တဲ့ သူတစ်ယောက်လို ပုံရိပ်ဖော်ချင်တယ်လို့ပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ မင်း တကယ် လုပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး"

သူ့ဘေးရှိ ဒေါ်လေးလျူက ကြောင်စာနှင့် ခွေးစာကို ကိုင်ပြီး ထွက်လာသည်။

"သခင်လေးက သခင်လေးကွမ်းကျုံနဲ့ သခင်မလေးယောင်ကျူ အပေါ် အမြဲတမ်း ကောင်းတယ်၊ ဒါက ဘယ်လိုလုပ် ပုံရိပ်ကိုဂရုစိုက်မလဲ။"

ကျင်ရိဖန်: ???

သခင်လေးကွမ်းကျုံ?

သခင်မလေးယောင်ကျူ?

သောက်ကျိုးနည်း။

ရှဲ့ကျစ်ရှင်းက ဥယျာဉ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် လက်ဖက်ရည်နက်ကို လှပစွာသောက်နေသည်။

"ဘာလဲ၊ ငါတို့ ရှမိသားစုက သခင်လေးတွေနဲ့ သခင်မလေးတွေ ကို ကန့်ကွက်စရာ ရှိလို့လား"

ကျင်ရိဖန်: "..."

ကျင်ရိဖန်က မထီမဲ့မြင် အမူအရာဖြင့် ခေါင်းမော့လိုက်သည်။

"ကျွန်တော် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး၊ သူတို့ကို နာမည်ပေးတဲ့သူက သိပ် ဉာဏ်မကောင်းဘူးလို့ပဲ ထင်လို့ပါ"

ရှဲ့ကျစ်ရှင်း မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးများက အနည်းငယ် မှုန်မှိုင်းသွားသည်။

ချက်ချင်းပင် သူ့နှုတ်ခမ်းထောင့်တွင် စဉ်းလဲသော အကွေ့တစ်ခုပေါ်လာသည်။

"ချင်းချွမ်ရွာမှာ ဘဝက အရမ်း သက်တောင့်သက်သာရှိနေပုံရတယ်၊ ဒါကြောင့် မင်း ငါ့ကလေးရဲ့ နာမည် ကောင်းလား မကောင်းလားဆိုတာကို မှတ်ချက်ပေးဖို့ အားလပ်ချိန်ရှိနေသေးတာပေါ့၊ ဒါရိုက်တာယွီနဲ့ အစီအစဉ်ရဲ့ ခက်ခဲအဆင့်ကို တိုးမြှင့်ဖို့ ဆွေးနွေးရတော့မယ်..."

နောက်တစ်စက္ကန့်တွင် ကျင်ရိဖန်က ကွမ်းကျုံနှင့် ယောင်ကျူကို ဖက်ထားပြီး ကြောင်ခေါင်းနှင့် ခွေးခေါင်းကို ပြုံးပြနေသည်။ လူတစ်ယောက်၊ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်တို့သည် ပျော်ရွှင်သော မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့ကြသည်။

ကျင်ရိဖန်: "ဒီနာမည်က ရိုးရိုးလေးနဲ့ အရမ်း ကောင်းတာပဲ၊ ကွမ်းကျုံယောင်ကျူ၊ သူတို့က ငါတို့ ရှမိသားစုရဲ့ အနာဂတ် ကျောထောက်နောက်ခံတွေပဲ၊ နောက်ကျရင် သူတို့ရဲ့ နာမည်တွေ မကောင်းဘူးလို့ ပြောဝံ့တဲ့သူ ဘယ်သူမဆို ကျွန်တော် ဒီဝမ်းကွဲက ပထမဆုံးသူတို့နဲ့ စိတ်ဆိုးရန်ဖြစ်မယ်"

ဒေါ်လေးလျူ: "..."

ဝမ်းကွဲက တခြားလူတွေရဲ့ မျက်နှာကိုဖြတ်ရိုက်ဖို့ အမြဲတမ်း မြန်နေတာပဲ။

စာကြည့်ခန်းတွင် ရှချန်းချန်းက ချန်ချင်းက သူမအတွက် ပြင်ဆင်ထားသော "ရှန်းကျွယ်" ၏ တေးသံနှင့်ပတ်သက်သော စာချုပ်ကို နှစ်စောင်ထုတ်လိုက်သည်။

ကျင်ရိဖန်က စာချုပ်ကို လှန်လှောကြည့်သည်။ ဤအရာကို များသောအားဖြင့် သူ၏ အေးဂျင့်က ဖတ်သည်။ ရှဲ့ကျစ်ရှင်းက ပေးသော စာချုပ်ဖြစ်ပါက သူ လုံးဝဖတ်ရန် စိတ်မဝင်စားပေ။

ထို့ကြောင့် ရှချန်းချန်းက စာချုပ်ကို ကျင်ရိဖန်ဘက်သို့ တွန်းပေးပြီးနောက် ကျင်ရိဖန်က စာမျက်နှာ နှစ်မျက်နှာသာ လှန်လှောကြည့်ပြီး ဖတ်ပြီးဟန်ဆောင်သည်။ ထို့နောက် သူ၏ မျက်နှာသေးသေးလေးကို မော့ပြီး စဉ်းလဲစွာပြောသည်။

“ဝမ်းကွဲ၊ ကျွန်တော် "ရှန်းကျွယ်" အတွက် တေးသံလုပ်ပေးရင် ကျွန်တော့်ကိုလည်း အကူအညီလေးလေးတစ်ခုလောက် လုပ်ပေးလို့ရမလား”

ရှချန်းချန်းက ခါးသီးစွာ ပြုံးလိုက်သည်။

“ပိုက်ဆံပိုလိုချင်တာလား မရဘူး”

"ဘယ်သူက အဲဒီ ပိုက်ဆံနည်းနည်းလေးကို ဂရုစိုက်လို့လဲ”

ကျင်ရိဖန်က အလွန် မထီမဲ့မြင်ဖြင့် ဖြစ်သည်။ သူက ထိပ်တန်း ကြယ်ပွင့်အသစ်ဖြစ်ပြီး သူမ သူ့ကို ပေးသော OST က ခင်မင်ရင်းနှီးမှု ဈေးနှုန်းသာ ဖြစ်သည်။ သူ့အတွက် လေ့ကျင့်ခန်းခန်းမတွင် သီချင်းတစ်ပုဒ်မှ သွင်းယူရန်ပင် မလုံလောက်ခဲ့ပေ။

ရှချန်းချန်း သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဘေးနားရှိ ဆိုဖာတွင် အလုပ်ကို ကိုင်တွယ်နေသော ရှဲ့ကျစ်ရှင်းကို တစ်ချက် ကြည့်သည်။

"ဒါဆို မင်း ဘာကို အကူအညီလိုချင်တာလဲ”

"အဲဒါက..."

ကျင်ရိဖန်၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် လင်းလက်နေသည်။ သူက ရှချန်းချန်းအနားကို ချဉ်းကပ်ပြီး တိုးတိုးလေးပြောသည်။

"ကျွန်တော့် ဝမ်းကွဲက ယောင်းမရဲ့စကားကို အရမ်းနားထောင်တယ်လို့ ကျွန်တော့်အမေဆီကနေ ကြားတယ်... ချင်းချွမ်ရွာမှာ အစီအစဉ် မှတ်တမ်းတင်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်အစ်ကိုကို ဖြောင်းဖျပေးလို့ရမလား"

ကျင်ရိဖန်၏ မျက်နှာက ခါးသီးနေပြီး သူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။ သူက သူ၏ အကောင်းဆုံး သရုပ်ဆောင်စွမ်းရည်ကို အသုံးပြုခဲ့သည်။

"ကျွန်တော် တကယ်ကို ဆက်ပြီး မှတ်တမ်းမတင်ချင်တော့ဘူး၊ အဲဒီက ဘဝက အရမ်း ခက်ခဲတယ် ကြည့်ပါဦး၊ နောက်ဆုံးအကြိမ်နဲ့ နှိုင်းယှဉ်ရင် ကျွန်တော် ကိုယ်အလေးချိန် ကျ သွားပြီမလား၊ အကုန်လုံး မဲနက်နေပြီမလား၊ ဝမ်းကွဲ၊ ယောင်းမက အမေနဲ့တူတယ်လေ၊ ကျွန်တော့်ကို ကူညီပေးလို့ရမလား”

"အာ၊ ဒါက..."

ရှကျန်းချန်းက ကျင်ရိဖန်ကို တစ်ချက် ကြည့်လိုက်သည်။ သူတို့ ကြီးသူအဖြစ် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်နှင့် နှိုင်းယှဉ်ပါက သူက အနည်းငယ် ပိန်သွားပြီး သူ၏ မျက်နှာသည် အနည်းငယ် ညိုမဲသွားခဲ့သည်မှာ မှန်သည်။

အဲဒါက နည်းနည်းတော့ ခက်ခဲခဲ့ပုံပဲ။

နှလုံးသားကို တကယ် ထိခိုက်စေတာပဲ။

"မှန်တယ်"

ရှချန်းချန်း၏ စကားများက သနားကြင်နာမှုများဖြင့် ပြည့်နေသည်။

"မင်း ဘယ်လောက်တောင် ပိန်သွားလဲ ကြည့်ပါဦး၊ အရမ်း သနားစရာကောင်းတာပဲ၊ ဒါကြောင့် ငါ မင်း ဝမ်းကွဲကို ဖြောင်းဖျပေးမယ်”

ကျင်ရိဖန်၏ မျက်လုံးများက လင်းလက်သွားသည်။

မိန်းကလေးတွေက စကားပြောရလွယ်တယ်ဆိုတာ သေချာတယ်။ သနားစရာကောင်းသလို ဟန်ဆောင်လိုက်တာနဲ့ သူတို့ရဲ့ နှလုံးသားတွေက နူးညံ့သွားလိမ့်မယ်။

ထို့နောက် ရှကျန်းချန်းက သူမ၏ လေသံကို ပြောင်းလဲလိုက်သည်။

"ရှဲ့ကျစ်ရှင်းကို "သာယာရိုးရှင်းသောဘဝ" ရဲ့ တတိယ seasonမှာ ပါဝင်ဖို့ လွှတ်လိုက်၊ ပြီးတော့ မင်း အဲဒါတွေနဲ့ကျ နေသားကျလာအောင် မင်းရဲ့အရည်အချင်းတွေကို မြှင့်တင်လိုက်”

ကျင်ရိဖန်: ???

ဝမ်းကွဲ ၊ မင်း ဘာလို့ ဇာတ်ညွှန်းကို မလိုက်နာတာလဲ။

ကျင်ရိဖန်၏ မျက်လုံးများက လည်သွားခဲ့ရသည်။ နူးညံ့သော နည်းလမ်းများက အလုပ်မဖြစ်ပါက ပြင်းထန်သော နည်းလမ်းများကို အသုံးပြုရမည်ပင်။

သူ အံကြိတ်လိုက်သည်။

"ဝမ်းကွဲ၊ ဒါရိုက်တာကျိုးက သီချင်းရှာရတာ အခက်အခဲရှိနေတယ်လို့ ကြားတယ်၊ ယုံယုံ၊ မယုံယုံ ကျွန်တော် နုတ်ထွက်တော့မယ်"

ရှချန်းချန်း မျက်ခုံးပင့်လိုက်ပြီး နောက်ပြောင်စွာပြောသည်။

“အို"

တိတ်ဆိတ်နေခဲ့သော ရှဲ့ကျစ်ရှင်းက ရုတ်တရက် စကားပြောလာ၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ လယ်ယာအလုပ်ရဲ့ အခက်အခဲ လျော့ကျသွားတယ်လို့ တစ်ယောက်ယောက်က အစီရင်ခံ ခဲ့တယ်လို့ ကြားတယ်၊ သူတို့က ဒါရိုက်တာယွီကို ပိုပြီး စိန်ခေါ်မှုရှိတဲ့ တာဝန်တွေ ထပ်ထည့်ဖို့ သတိပေးချင်ပုံရတယ်..."

ကျင်ရိဖန်: ???

ကျင်ရိဖန်က ချက်ချင်းပင် စာချုပ်၏ နောက်ဆုံး စာမျက်နှာကို လှည့်လိုက်ပြီး သူ၏ နာမည်ကို လှပစွာ လက်မှတ်ထိုးလိုက်သည်။

“ဝမ်းကွဲ၊ ကျွန်တော် လက်မှတ်ထိုးလိုက်ပြီ လိုအပ်တာရှိရင် ကျွန်တော့်က်ို ပြောလိုက်၊ သီချင်းတစ်ပုဒ်နဲ့ မလုံလောက်ရင် နှစ်ပုဒ်၊ သုံးပုဒ်၊ လေးပုဒ်၊ ဒါမှမဟုတ် ငါးပုဒ်ဆိုရင်လည်း ပြဿနာ မရှိဘူး”

ရှချန်းချန်း စာချုပ်ကို အပြုံးဖြင့် ယူလိုက်သည်။

“ကောင်းတယ်၊ မင်းက တကယ့်ကို လိမ္မာတဲ့ ကလေးပဲ”

ကျင်ရိဖန်သည် ပြုံးလိုက်သော်လည်း မပြုံးနေပေ။

“မဟုတ်ပါဘူး၊ ဝမ်းကွဲအတွက် OST ရေးပေးရတာကိုက ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါပဲ"

ထိုသို့ပြောပြီးနောက် ကျင်ရိဖန်က မျက်နှာပေါ်တွင် ပြုံးနေသော်လည်း သူ့စိတ်ထဲတွင် မကျေနပ်မှုများဖြင့် သူ၏ nanny car ထဲသို့ ပြန်ထိုင်လိုက်သည်။

ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့က ရှားရှားပါးပါး စိတ်အားထက်သန်ခဲ့ကြပြီး ဧည့်သည်များကို နှုတ်ဆက်ရန် တံခါးဝသို့ သွားကာ ကျင်ရိဖန် ကားပေါ်သို့ တက်သွားသည်ကို သူတို့၏ မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ကြသည်။

"ပြန်ရောက်ရင် အလုပ်ကြိုးစား”

ရှချန်းချန်း၏ မျက်လုံးများတွင် နူးညံ့မှုများနှင့် ပြည့်နေသည်။

ကျင်ရိဖန်၏ အမူအရာက နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ သူ၏ မျက်နှာက မှိုင်းတွေနေပြီး ရှချန်းချန်းကို လုံးဝ ပြန်ဖြေရန် စိတ်မဝင်စားပေ။

ရှဲ့ကျစ်ရှင်းက သူ့နှုတ်ခမ်းထောင့်တွင် စဉ်းလဲသော အပြုံးတစ်ခု ပြုံးလိုက်သည်။

“ဘာလို့လဲ၊ ဝမ်းကွဲရဲ့ ဇနီးက မင်းကို နှုတ်ဆက်နေတာ မကြားဘူးလား”

ကျင်ရိဖန်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး သူက တစ်စက္ကန့်အတွင်း လူယုတ်မာတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်၊ ဝမ်းကွဲရဲ့ ဇနီး၊ ကျွန်တော် သေချာပေါက် ကောင်းကောင်းရိုက်ပါ့မယ်၊ ခင်ဗျားကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး”

ဧည့်သည်များကို နှုတ်ဆက်နေသော ဒေါ်လေးလျူ: "..."

လုပ်ငန်းစဉ် တစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့သော စနစ် : "..."

ဒါက... အရမ်းဆိုးတာပဲ။

ကျင်ရိဖန် ထွက်သွားသည်ကို ကြည့်ပြီး ရှချန်းချန်းက ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။

ဟေးဟေး၊ ငါ့ လောင်ကုန်း ကြောင့် "ရှန်းကျွယ်” ရဲ့ သီချင်းတွေကို ဈေးနိမ့်နိမ့်နဲ့ ရလိုက်ပြီ။ ကျေးဇူးပါ ထပ်တန်းထုတ်လွှင့်သူရေ။ ငါနဲ့အတူရှိနေပေးပါ။

သူ့ဘေးတွင် ရှဲ့ကျစ်ရှင်းက နူးညံ့မှုများဖြင့် ရှချန်းချန်းကို ဆက်လက် ကြည့်နေခဲ့သည်။

အင်း... မကွာရှင်းဘူး၊ ငါ့ကို အာရုံစိုက်နေတယ်၊ ပြီးတော့ ငါ့ ဆွေမျိုးတွေကို အလုပ်တွေနဲ့ မိတ်ဆက်ပေးနေတယ်။

အာ၊ သူ ငါ့ကို တကယ် ကြိုက်တာပဲ။

All Chapters