ကောင်းကင်ဘုံနန်းတော်မှ အမှိုက်သရိုက်များ
Vol. 1 Ch. 2
သူ့မိသားစုဖြင့် အချိန်ခဏတာ စကားပြောပြီးနောက်မှာ ရွှီဖန်းဟာ တောင်အနောက်ဘက်သို့ တစ်ယောက်တည်း လမ်းလျှောက်ထွက်သွားသည်။
ဒီတောင်အနောက်ဘက်က ရွှီမိသားစု၏ ပိုင်နက်ဖြစ်သည်။ နှစ်ပေါင်းများစွာ စွန့်ပစ်ခံခဲ့ရပြီးနောက် ဒီနေရာသို့ မည်သူမျှ မလာကြတော့ပေ။ ဒီနေရာဟာ ရွှီဖန်းအတွက် တစ်ယောက်တည်းနေဖို့ရာ သင့်တော်လှသည်။
အခု အဖေက ဒဏ်ရာကြောင့်အိပ်ရာပေါ်လဲနေပြီး ပိုက်ဆံကို ပြင်းပြင်းထန်ထန်လိုအပ်နေသလို သူ့ညီမလေးကလည်း သုံးလစာ ကျူရှင်ဖိုး ပေးဖို့ ရှိနေသည်။
ရွှီဖန်းမှာ ဖိအားများစွာ ခံစားရသည်။
အရင်ကဆို ဒီလိုအခက်အခဲမျိုးအောက်ကနေ ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်သော်ငြား အခု ပိုက်ဆံလည်းမရှိ၊ အလုပ်လည်းမရှိတာကြောင့် ဖြေရှင်းဖို့ရာ သူ့အတွက် မဖြစ်နိုင်ပေ။
တောင်အနောက်ဘက်ရှိ အနက်ပိုင်းသို့ ရောက်သောအခါ သူ့မျက်စိရှေ့၌ မက်မွန်ပင်အရိုင်း အနည်းငယ်ကို တွေ့လိုက်ရကာ မျက်လုံးများ အရောင်လက်သွားတော့သည်။
သူ ဒီအပင်တွေကို ခုတ်ပြီး သစ်သီးပင်တွေအဖြစ် စိုက်ပျိုးထားရင် ပိုက်ဆံရှာလို့ရနိုင်တယ်။
"ဒီမက်မွန်ရိုင်းတွေက လုံလုံလောက်လောက်ချိုနေရင် သိပ်ကောင်းမှာပဲ...ဒါဆိုရင် ခရိုင်မှာ သွားရောင်းလို့ရပြီး...ဒီအခက်အခဲကို ဖြေရှင်းလို့ရနိုင်တယ်"
ရွှီဖန်း တတွတ်တွတ်ပြောရင်း မက်မွန်ပင်ရိုင်းရှေ့သို့ သွားကာ အစိမ်းရောင်တစ်လုံးကိုခူးလိုက်သည်။ အပေါ်ယံကို ပွတ်သုတ်ပြီးနောက်မှာ ကိုက်စားကြည့်လိုက်သည်။
"ဖီး!"
ဒုတိယအကြိမ်တောင် မကိုက်လိုက်ရဘဲ လက်ထဲက မက်မွန်သီးကို သူ အဝေးပစ်ထုတ်လိုက်ရသည်။ အရသာက သူရဲ့ လက်ရှိစိတ်အခြေအနေနဲ့တောင် နှိုင်းယှဥ်လို့ရသည်။
ရုတ်တရက်ဆန်စွာပင် ရွှီဖန်းတစ်ယောက် ခေါင်းခါရမ်းမိသည်။ အခု သူတစ်ကယ်ကို ကံမကောင်းနေတာလေ...ကောင်းတဲ့အရာတွေက သူ့ဆီမှာ ဘယ်လိုလုပ် ဖြစ်လာမှာလဲ။
ကောင်းကင်ဘုံက သူ့အတွက် ကံကြမ္မာကောင်းတွေဖန်တီးပေးလာလိမ့်မယ်လို့ သူမယုံကြည်နိုင်ပေ။ မကြာလိုက်၊ သူ ပတ်ပတ်လည်ကိုကြည့်ပြီး အိမ်ပြန်ဖို့ရန် ပြင်လိုက်သည်။ သို့သော် သူဝေးဝေးမလျှောက်ရသေးခင်မှာပဲ ထူးဆန်းသည့် အသံက သူ့အနောက်မှ ရုတ်တရက်ထွက်ပေါ်လာသည်။
ရွှီဖန်းက သရဲခြောက်တယ်လို့ ထင်မိတာကြောင့် သစ်ပင်အနောက်မှာ ဝင်ပုန်းလိုက်သည်။ ဂရုတစိုက်ဖြင့် အသံလာရာဘက်ကို သူကြည့်လိုက်ရာ ရုတ်တရက် အလွန်အမင်း အံ့သြသွားခဲ့ရသည်။
မက်မွန်ပင်ရိုင်းတွေရှိရာ တောင်အပေါ်ဘက်၌ သေးငယ်သော အနက်ရောင်အပေါက်ငယ်လေးဟာ တဖြည်းဖြည်း ကျယ်လာနေသည်။ အချင်းတစ်မီတာလောက် ပြန့်ပြီးနောက်မှာ ထိုအနက်ရောင်တွင်းပေါက်ထဲမှ အသံတစ်သံထွက်လာသည်။
"ကောင်းတယ်! အချိန်အကြာကြီးကြိုးစားပန်းစားလုပ်လာခဲ့ရတာ အခုတော့ ကောင်းကင်ဘုံနတ်နန်းနဲ့ သေမျိုးလောကကြားက လမ်းကြောင်းကို ဖွင့်နိုင်ခဲ့ပြီ"
"ဟင်း! ငါ သေမျိုးလောကကို ကြည့်ရှုဖို့အတွက် ဆင်းလာချင်ခဲ့တာ...နှစ်ထောင်ပေါင်းများစွာကြာအောင် ဘယ်သူကမှ သေမျိုးလောကကနေ မတက်လာကြဘူး...အခု လူသားတွေရဲ့ကမ္ဘာက ဘယ်လိုပုံစံဖြစ်နေပြီလဲဆိုတာ ငါတစ်ကယ်မသိဘူး...အရမ်းလွမ်းမိတယ်"
"ဟေး! အများကြီးမတွေးနဲ့! အခု ကောင်းကင်ဘုံနတ်နန်းက အမှိုက်ပုံကြီးကို ဖြေရှင်းဖို့အတွက် နည်းလမ်း မရှိမချင်း ကျောက်စိမ်းအင်ပါယာက ကောင်းကင်ဘုံသိမြင်ခြင်းကို ဘယ်တော့မှထပ်ဖွင့်ပေးမှာ မဟုတ်ဘူးဆိုတာ မမေ့နဲ့ဦး...သေမျိုးလောကကို ဆင်းသက်ပြီး သေမျိုးလောကက စည်းမျဥ်းတွေကို ရှုပ်ထွေးအောင် လုပ်တဲ့ ဘယ်သူမဆို ကောင်းကင်ဘုံနတ်နန်းရဲ့နိယာမတွေကို ချိုးဖောက်တာပဲ...အဲ့ဒီအချိန်ရောက်လာရင် အင်မော်တယ်ကျင့်စဥ်တွေ ဖျက်ဆီးခံရပြီး သေမျိုးလောကမှာ ပြန်မွေးဖွားရလိမ့်မယ်"
"အိုက်ယား! ထိုက်ပိုင်ကျင့်စစ်ရေ...ငါသိပါတယ်၊ ငါတို့ နောက်ဆုံးမှာ မသေမျိုးနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တယ်...ဒါပေမယ့် သိချင်လိုစိတ်ကြောင့် ငါတို့က ကောင်းကင်ဘုံနတ်နန်းရဲ့ နိယာမတွေကိုချိုးဖောက်ပြီး သေမျိူးလောကကို ဆင်းလာတယ်ဆိုရင်လည်း ဘယ်သူကသိမှာလဲ...တစ်ကယ်လို့ ကျောက်စိမ်းအင်ပါယာက သိပြီးဒေါသထွက်သွားရင်တော့ ငါတို့ဆီမှာလည်း သေမျိုးခန္ဓာရဖို့ အခွင့်အရေးမှ မရှိတော့တာ...ငရဲကိုပဲ တိုက်ရိုက်ဆင်းသွားရလိမ့်မယ်၊ မီးတောက်ပင်လယ်ကြီးနဲ့ ဓားသွားလိုထက်ရှတဲ့တောင်တန်းတွေကြားမှာ ညှဥ်းဆဲနှိပ်စက်တာကို ခံစားရနိုင်တယ်"
"မင်းသိထားတာကောင်းတယ်! မြန်မြန်! ဒီလမ်းက အကြာကြီး မခံဘူး...လူတိုင်းပဲ အမှိုက်တွေကို မြန်မြန် ပစ်ချကြ! ဟေး! မိုးကြိုးအရှင်...တန်းစီလေ! ပြီးတော့ မင်း အာ့လန်ရှန်! ကောင်းကင်နတ်ခွေးကို ဘာအတွက် ယူချလာပြန်တာလဲ! ကျောက်စိမ်းအင်ပါယာနဲ့ပတ်သက်နေတယ်ဆိုတိုင်း လူတန်းရှည်ကို ဖြတ်ဖို့ စိတ်မကူးနဲ့! တန်းစီပါ! အမှိုက်တွေကို အဝေးပစ်ထုတ်ပါ!"
ကျယ်လောင်သော ဆူညံသံတွေနဲ့အတူ အနက်ရောင်တွင်းပေါက်ထဲမှ တစ်စုံတစ်ခု ထွက်ကျလာတာကို ရွှီဖန်းမြင်လိုက်ရသည်။
မကြာခင်မှာပင် ဆူညံသံတွေ လျော့ပါးလာကာ မက်မွန်ရိုင်းများအပေါ်မှ အနက်ရောင်တွင်းပေါက်ကြီးလည်းပျောက်ကွယ်သွားခဲ့သည်။
သစ်ပင်နောက်မှာ ပုန်းကွယ်နေသည့် ရွှီဖန်းမှာ မျက်တောင်တဖျက်ဖျက်ခတ်လိုက်မိသည်။ သူဖိအားတွေ အများကြီးခံစားနေရလို့ သွေးလေချောက်ခြားပြီး ထင်ယောင်ထင်မှားတွေပဲ မြင်နေရတာလား။
သို့သော်ငြား သူ့ကိုယ်သူဆွဲဆိတ်မိရာ စူးရှသောဝေဒနာက သူ့အား အိပ်မက်မဟုတ်ကြောင်း၊ ထင်ယောင်ထင်မှားမဟုတ်ကြောင်း ပြောပြနေခဲ့သည်။
"ဒါ ဒါ ကောင်းကင်ဘုံနတ်နန်းက နတ်ဘုရားတွေက ငါ့အိမ်အနောက်က တောင်ကြီးကို အမှိုက်ပစ်တဲ့နေရာအဖြစ် ဆက်ဆံနေကြတာလား"
မက်မွန်ပင်တွေအောက်က အမျိုးမျိုးသော မြေဆီလွှာ တစ်ပုံတစ်ခေါင်းကြီးကို ကြည့်ရင်း ရွှီဖန်းမှာ တံတွေးမြိုချမိသည်။ စူးစမ်းလိုစိတ်အား မထိန်းနိုင်စွာဘဲ ကောင်းကင်ဘုံနတ်နန်းက ပစ်ထုတ်လိုက်သော အမှိုက်ပုံကြီးအနားကို လျှောက်သွားမိသည်။
အနားရောက်တော့ ရွှီဖန်းဟာ ထိုအမှိုက်ပုံကြီးအား စတင်လှန်လှောကြည့်မိသည်။
ထိုထဲတွင် စားပွဲခုံထောင့်စွန်း၊ ကျောက်စရစ်၊ သစ်သားစများနှင့် ငှက်ပြောခွံများကဲ့သို့ ဖြုတ်စဗျင်းတောင်းအရာများရှိပြီး အသုံးမဝင်လှပေ။ ပြည့်ပြည့်စုံစုံရှိနေသေးသည့်ပစ္စည်းဆိုလို့ သုံးမျိုးသာ တွေ့ခဲ့ရသည်။
အက်ကွဲနေသောလက်စွပ်တစ်ကွင်း၊ ဟောင်းနွမ်းနေသော အဆောင်စာရွက်ငါးခုနှင့် ရှေးခေတ်စာအုပ်
တစ်ဝက်တို့ဖြစ်သည်။
ထိုပစ္စည်းသုံးမျိုးသည်လည်း သူ့အတွက် အသုံးမဝင်ပေ။ ကောင်းကင်ဘုံနတ်နန်းက နတ်ဘုရားတွေက သူတို့ကိုယ်သူတို့ အိုနေပြီလို့ ထင်နေကြမယ်ဟု ရွှီဖန်းယူဆမိသည်။ ဒါကြောင့် သူ သာမန်ကာလျှံကာပဲ ထိုပစ္စည်းတွေကို ပစ်ချလိုက်သည်။
သံသယဖြစ်စွာပင် ထိုအက်ကွဲနေသော လက်စွပ်ကို တဖန် ပြန်ကိုင်ကြည့်မိသည်။ ရုတ်ချည်းပင် မှောင်မဲနေသော နေရာလွတ်တစ်ခုက သူ၏စိတ်ဝိညာဥ်အာရုံနှင့် ချိတ်ဆက်သွားခဲ့သည်။
"သိုလှောင်လက်စွပ်လား!"
ရွှီဖန်း၏မျက်နှာပေါ်၌ အံ့သြမှုများထွက်ပေါ်လာသည်။ သူ့လက်ပေါ်က လက်စွပ်ကနေ ၂ကုဗမီတာကျယ်သော နေရာလွတ်တစ်ခုကို သူ၏စိတ်ဝိညာဥ်အာရုံက ဆက်သွယ်နိုင်သည်မှာ သေချာနေသည်။
ဒီဟာက ဝတ္ထုတွေထဲမှာ ရေးကြသလို သိုလှောင်လက်စွပ် ဖြစ်နိုင်ဖို့များတယ်။
ဤလက်စွပ်၏ မူလအကျယ်အဝန်းက ၁၀၀ကုဗမီတာခန့် ရှိလောက်မည်ဖြစ်သော်လည်း အခု အက်ကွဲထိခိုက်ထားတာကြောင့် ၂ကုဗမီတာခန့်သာ ကျန်တော့သည်။ မူလပိုင်ဆိုင်သူအနေနဲ့ ဒါက အမှိုက်ဆိုသော်ငြား ရွှီဖန်းအတွက်တော့ ရတနာပင်။
ဒီလက်စွပ်နဲ့သာဆိုရင် အနာဂါတ်မှာ သူ ဘာပဲလုပ်လုပ် ပိုပြီးအဆင်ပြေလာလိမ့်မည်။ ရွှီဖန်းလည်း စိတ်လှုပ်ရှားစွာ ပြုံးလိုက်ကာ ဟောင်းနွမ်းနေသော်လည်း ဆွဲဆောင်မှုရှိသည့် အဆောင်ရွက်တွေကို စစ်ဆေးကြည့်လိုက်သည်။
ရွှီဖန်းက ထိုအပေါ်မှာ ဘာတွေရေးထားမှန်း တစ်လုံးမှ နားမလည်ပေ။ သို့သော် ထိုပေါ်က အက္ခရာသေးသေးတစ်ခုကိုတော့ သူမှတ်မိသွားသည်။
မိုးကြိုး
ရွှီဖန်းက ဒီအဆောင်ဟာ လျှပ်စီးနှင့်ပတ်သက်
လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ စောနက သိုလှောင်
လက်စွပ်ကို ထိန်းချုပ်ခဲ့သည့် အတွေ့အကြုံအတိုင်း လျှပ်စီးအဆောင်အား လက်ထဲမှာ ကိုင်ထားရင်း ထပ်တူ လုပ်ကြည့်ခဲ့သည်။
တုံ့ပြန့်မှုလုံးဝမရှိ။
"ဒါက........."
ရွှီဖန်းမျက်မှောင်ကြုတ်လိုက်မိသည်။ ဒါက ဆွဲထားတဲ့ရုပ်ပုံတွေကပဲမှားနေတာလား၊ သူကပဲ အသုံးပြုပုံမှားနေတာလား မသိပေ။ သူဇွဲမလျှော့ဘဲ နောက်ထပ်အဆောင်တွေကို ဆက်ပြီး စမ်းသပ်နေခဲ့သည်။
ထိုအချိန် အံ့သြမှင်သက်ဖွယ်မြင်ကွင်းက ထွက်ပေါ်လာခဲ့သည်။ အဆောင်ကကျိုးသွားခဲ့ပြီး ခရမ်းရောင်လျှပ်စီးကြောင်းအဖြစ်ပြောင်းကာ ရွှီဖန်း၏လက်ဖဝါးထဲ ဝင်ရောက်သွားသည်။
ရွှီဖန်းက စိတ်ဝိညာဥ်အာရုံကို သုံးနေသ၍ သူ့လက်ဖဝါးက ခရမ်းရောင်လျှပ်စီးကြောင်းကို ထုတ်လွှတ်နိုင်လိမ့်မည်။
သိူ့သော် ထိုလျှပ်စီးကြောင်းများက ကြီးကြီးမားမားမဟုတ်ဘဲ မီးခြစ်မီးလောက်သာ ပြင်းထန်လောက်သည်။
"သူ့ရဲ့သက်ရောက်မှုက နည်းတယ်...အမှိုက်လို စွန့်ပစ်ခံရတာ မအံ့သြတော့ပါဘူး"
ရွှီဖန်တစ်ယောက် မကျေမနပ်ဖြင့် နှုတ်ခမ်းတွေကိုမဲ့ကာ အနားမှ လက်မောင်းတစ်ခုစာလောက် ထူသည့် ပရုတ်ပင်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
အက်ကွဲသံ!
သို့သော်ငြား ခရမ်းရောင်လျှပ်စီးကြောင်း၏ စွမ်းအားက ရွှီဖန်း ခန့်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့သည်။ သစ်ပင်ပင်စည်အား သူ့လက်ဖဝါးဖြင့် ထပ်ဖိလိုက်သည့်အခါမှာ သေးငယ်သော လျှပ်စီးကြောင်းလေးက ခုန်ထွက်လာကာ ပရုတ်ပင်အား တစ်ဝက်တိတိခုတ်ချပစ်လိုက်သည်။
"ဒါ....ဒါက"
သူ့လက်ဖဝါးပေါ်မှာ ခုန်ပေါက်နေသည့် မြွေလို လျှပ်စီးကြောင်းလေးကိုကြည့်ရင်း ရွှီဖန်း ကြက်သေသေသွားတော့သည်။
ဒီလိုသေးငယ်တဲ့လျှပ်စီးကြောင်းလေးက ဒီလောက်တောင် ပြင်းတာလား။ ဒီအဆောင်သာ အရင်ကလို အကောင်းပတိအတိုင်း ရှိနေခဲ့မယ်ဆို ဘယ်လောက်တောင်အင်အားကြီးလိမ့်မလဲဆိုတာ ရွှီးဖန်း တွေးကြည့်လို့တောင်မရပေ။ ဖြစ်နိုင်တာက လက်ဖဝါးတစ်ချက်နဲ့တင် မြစ်အောက်ပိုင်းရွာတစ်ခုလုံးကို ဖျက်ဆီးလို့ရနိုင်သည်။
မကြာလိုက်၊ သူ့လက်ထဲက နောက်ဆုံးပစ္စည်းဖြစ်သည့် ရှေးစာအုပ်တစ်ဝက်တစ်ပြတ်အား သူကြည့်လိုက်သည်။
အမည်မသိနတ်ဘုရားက ထိုစာအုပ်အား အပိုင်းပိုင်းဆုတ်ဖြဲပြီး အခုလိုတစ်ဝက်ပဲ ကျန်ခဲ့တာလားတော့မသိပေ။ အကြောင်းအရာများ မှုန်ဝါးလုနီးပါးဖြစ်နေသော စာမျက်နှာများစွာရှိနေတာကြောင့် အမှိုက်အဖြစ်စွန့်ပစ်ခံရတာမဆန်းပေ။
စာရွက်ပေါ်မှာ ရေးဆွဲထားသည့် ဇာတ်ကောင်များရှိသည်။ ထိုဇာတ်ကောင်အများစုမှာ တရုတ်ဂန္တဝင်
ဇာတ်ကောင်းများဖြစ်ကာ ရွှီဖန်းက ရှေးခေတ်ယဥ်ကျေးမှုကို သဘောကျတာကြောင့် ၎င်းတို့အား မှတ်မိဖို့ မခဲယဥ်းပေ။
"အစိမ်းရောင်အိတ်ငယ်လေးပါလား"
ရွှီဖန်း ဖွင့်ကြည့်ကာ သိလိုစိတ်ဖြင့် လှန်လှောရှာဖွေလိုက်သည်။ ဒီစိမ်းပြာရောင်အိတ်၏တစ်ဝက်ခန့်က ဆေးညွှန်းစာရွက် များနှင့်ပြည့်နှက်နေသလို တရုတ်ရိုးရာဆေးဝါးများ ပြုလုပ်ခြင်း နည်းလမ်းများပါ ပါဝင်နေသည်။
သို့သော်ငြား ပါဝင်သည့်အကြောင်းအရာများက နားလည်ဖို့ရန်ခက်ခဲလှသည်။ ရွှီဖန်းက ပြုလုပ်ပုံတချို့ကိုသာ နားလည်နိုင်သည်။
"အမ်?"
ရုတ်ချည်းပင် အစိမ်းရောင်အိတ်ပေါ်၌ ရေးထားသော ဆေးစာများကိုတွေ့လိုက်ရာကာ ရွှီဖန်း၏မျက်လုံးများက ချက်ချင်းလင်းလက်သွားတော့သည်။
"အသက်ကယ်အရိုးမှုန့်!"
ဆေးစာပေါ်မှာရေးထားသည့် အကျိုးသက်ရောက်မှုကို ဖတ်ကာ ရွှီဖန်း၏မျက်နှာက စိတ်လှုပ်ရှားမှုများပြည့်နှက်လာသည်။ သူ ဒီအသက်ကယ်အရိုးမှုန့်ကို ဖော်စပ်နိုင်သ၍ သူ့အဖေရဲ့ဒဏ်ရာကိုလည်း ကုသနိုင်မှာ အသေအချာပဲ။
သို့သော်ငြား...
အသက်ကယ်ဆေးမှုန့်ကိုဖော်စပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများက ရှားပါးလွန်းသည်။ ရွှီဖန်းခန့်မှန်းရသလောက် ပါဝင်ပစ္စည်းတစ်ခုစီက အနည်းဆုံး ယွမ်၅၀၀၀လောက်ရှိပေမည်။
သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆို...ဘယ်ကပိုက်ဆံကို သွားရှာရမှာလဲ။