ခရိုင်မြို့တော်၌ တစ်ယောက်တည်း ရုန်းကန်လုပ်ကိုင်နေခဲ့သော ရွှေ့ပြောင်းအလုပ်သမား တစ်ယောက်ဟာ သူ မလုပ်ခဲ့သည့် အရာတစ်ခုအတွက် အိမ်ပြန်ဖို့ ချုပ်ကိုင်ခံခဲ့ရသည်။ သို့သော်လည်း သူ့အိမ်အနောက်မှ တောင်ကြီးသည် ကောင်းကင်ဘုံနတ်နန်း၏ အမှိုက်ပုံကြီးအဖြစ် ပြောင်းလဲသွားသည်ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရ၏။ ကောင်းကင်ဘုံနတ်နန်းတွင်ရှိသော နတ်ဘုရားများ၏ နေ့စဥ်ဘဝအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိသည့် ထိုအမှိုက်များသည် အောက်ဘုံသားများအတွက်တော့ ရှားပါးသည့် ရတနာများ ဖြစ်လေသည်။ ဒီအမှိုက်များကို သုံး၍ သူသည် သစ်သီးခြံများ တည်ဆောက်ခြင်း၊ ကြက်ခြံများ ဖွင့်ခြင်း၊ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်း၊ စားသောက်ဆိုင်များဖွင့်ခြင်းတို့ ပြုလုပ်ခဲ့ပြီး သူ၏ရောင်းရင်းများဖြစ်သော ရွာသားများကိုလည်း ချမ်းသာလာအောင် ဦးဆောင်လမ်းပြပေးခဲ့သည်။ တစ်လောကလုံးမှာ အကြီးမားဆုံး လယ်ယာစီးပွားရေးအဖွဲ့အစည်း တည်ထောင်ပစ်မည်။ ရွာမှ ဆရာဝန်မလှလှလေး၊ အမျိုးသမီးရွာသူကြီးနှင့် ရေခဲတောင်တန်း၏ ခေါင်းဆောင်တို့ အားလုံးဟာ မျက်လုံးများပင့်၍ သူ့အကြောင်း မည်သူမျှ မသိအောင် ခြေရာလက်ရာ ဖျောက်လိုက်ကြသည်။ သို့သော်လည်း သူ့အတွက် ပုန်းကွယ်ရန် အလွန် နောက်ကျသွားချေပြီ။ တစ်ချိန်တည်းတွင် လောကကြီး၏ ပြောင်းလဲနေမှုကို စိတ်ဝင်စားသော အခြားနတ်ဘုရားများသည်လည်း သူ့ထံသို့ ရောက်လာကြတော့သည်။

