← Chapters

ပိုက်ဆံချေးခြင်း

Vol. 16 Ch. 238

ပိုက်ဆံချေးခြင်း

Vol. 16 Ch. 238

စင်္ကြံလမ်းတစ်လျှောက် လမ်းလျှောက်ရင်း အဘိုးရှ နေထိုင်ရာ အိမ်သို့ တဖြည်းဖြည်းဦးတည်လာခဲ့ကြသည်။

"အာ...ယန်ယွိ မင်းရဲ့ရှမိသားစုက ဒီမှာ နေနေတာ ဘယ်လောက်ကြာသွားပြီလဲ"

ရွှီဖန်းသည် လှပသော မြင်ကွင်းကိုကြည့်၍ မေးလိုက်မိသည်။

"ဘယ်နှစ်နှစ်ရှိပြီလဲတော့ မသိဘူး၊ ကျွန်မ မမွေးခင်ကတည်းက သူတို့ နှစ်ပေါင်းများစွာ နေလာကြတာ၊ မျိုးနွယ်စုရဲ့သမိုင်းကြောင်းကို ကျွန်မသိပ်မသိဘူး"

ရှယန်ယွိသည် ခေါင်းခါ၍ ပြောလာခဲ့သည်။

"အမ် ဒီလိုကို"

ရွှီဖန်း အနည်းငယ်ခေါင်းညိတ်ပြီး မေးခွန်းများ ထပ်မမေးခဲ့ပေ။

မကြာလိုက်ပေ၊ သူတို့နှစ်ဦးစလုံး ရှယန်ယွိအဘိုး၏ နေအိမ်သို့ ရောက်ရှိလာသည်။

တံခါးရှေ့မှာ ဓားကိုင်၍ ရပ်စောင့်နေသည့် နှစ်ဦးကိုကြည့်ကာ အကြည့်တစ်ချက်နှင့်ပင် ထိုနှစ်ဦးသည် သာမန်မဟုတ်မှန်း ရွှီဖန်း ပြောနိုင်ပေသည်။ အနည်းဆုံးတော့ သူတို့၏စွမ်းရည်သည် ချန်းရုန်နှင့် ဆင်တူပေသည်။ သို့သော် ရွှီဖန်း မသိသည်မှာ ချန်းရုန် ပိုတော်သော အရာသည် အဝေးပစ်ခတ်ခြင်းဖြစ်သည်။

ရှယန်ယွိသည် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တာကြောင့် အစောင့်နှစ်ယောက်ကို လျစ်လျူရှုကာ တံခါးကို ခေါက်လိုက်သည်။

"ဝင်လာခဲ့"

အထဲမှ ခပ်နက်နက်အသံထွက်လာသည်နှင့် ရှယန်ယွိသည် တံခါးကို တွန်းဖွင့်ကာ ရွှီဖန်းနှင့်အတူ အထဲဝင်လာခဲ့သည်။

အခန်းထဲကို ဝင်ဝင်ချင်းမှာပင် ရွှီဖန်းသည် စန္ဒကူးရနံ့ကို ရလိုက်သည်။ အဘိုးရှသည် တံခါး၏ဆန့်ကျင်ဘက်တွင် တင်ပျဥ်ခွေကာ ထိုင်နေပြီး သူ့နောက်ကျောသည်လည်း ခပ်မတ်မတ်ရှိကာ ရွှီဖန်းတို့ကို မျက်နှာမူထားသည်။ 

"သူ့ကို မနှောင့်ယှက်မိစေနဲ့၊ ခဏစောင့်ပါ"

ရှယန်ယွိသည် ရွှီဖန်းကို လှည့်ကြည့်၍ စောင့်ခိုင်းသည်။ သူ ခေါင်းညိတ်လိုက်ပြီး အဘိုးရှနှင့် မနီးမဝေးခုံတွင် ရှယန်ယွိနှင့်အတူ ထိုင်ကာ စောင့်နေခဲ့သည်။

ဤစောင့်ဆိုင်းမှုသည် နှစ်နာရီကြာမြင့်သွားခဲ့သည်။ အစပိုင်းတွင် ရွှီဖန်းသည် အနည်းငယ် စိတ်မရှည်

ဖြစ်နေခဲ့သော်လည်း အဘိုးရှသည် အချိန်အတော်ကြာ မလေ့ကျင့်နိုင်ဟု တွေးမိပြီးနောက်မှာ ပုခုံးတွန့်၍ ဂရုမစိုက်တော့ပေ။

"စောင့်နေတာ ကြာပြီလား"

အဘိုးရှသည် နောက်ဆုံးမှာ မတ်တပ်ရပ်လာပြီး ပြောလာ၏။ သို့သော်ငြား ထိုစကားသည် ရွှီဖန်းတစ်ယောက်တည်းကိုသာ ရည်ရွယ်ခြင်းဖြစ်သည်။ ရှယန်ယွိ၏ စိတ်မရှည်မှု တစိုးတစိမျှ မရှိသော အမူအရာကို ကြည့်ခြင်းအားဖြင့် သူမသည် ခဏခဏကြုံဖူးခဲ့တာဖြစ်လိမ့်မည်။

"မကြာသေးပါဘူး၊ ဆရာကြီးရဲ့လေ့ကျင့်မှုကို နှောင့်ယှက်မိလို့ ကျွန်တော် တောင်းပန်ပါတယ်"

ရွှီဖန်းသည် အဘိုးရှအား တိုက်ရိုက် ဦးညွှတ်တောင်းပန်ခဲ့သည်။ 

"ဟားဟား ပြောပါ၊ ဒီတစ်ကြိမ် ဘာလို့ ရောက်လာတာလဲ"

အဘိုးရှက အပြုံးဖြင့်မေးသည်။ သူ့ပုံစံမှာ အစည်းအဝေးခန်းထဲ၌ စိတ်မပျော်မရွှင် ဖြစ်ခဲ့ရသမျှကို မေ့သွားသည့်အတိုင်းပင်။

ရှယန်ယွိသည် လိုရင်းကို တစ်ခါတည်း ပြောလိုက်သည်။

"ဒီတစ်ကြိမ် သမီး ရန်ပုံငွေလျှောက်ဖို့ လာခဲ့တာ၊ ၂ဘီလီယံလောက်ပါ"

"အိုး"

အဘိုးရှသည် မျက်လုံးကျဥ်းမြောင်း၍ မေးလာသည်။

"၂ဘီလီယမ်လား၊ ဒါ နည်းတဲ့ ကိန်းဂဏန်းတော့ မဟုတ်လေဘူး၊ ခန့်မှန်းကြည့်ရအောင် အဲ့ဒါက ဒီက မိတ်ဆွေလေးရွှီဖန်း လိုချင်တာလား ဟုတ်တယ်မလား"

ရွှီဖန်းသည် ဖုံးကွယ်ခြင်းမရှိဘဲ ခေါင်းညိတ်ခဲ့သည်။ 

"မှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တစ်ဦးတည်းအတွက်မဟုတ်ပါဘူး၊ ရှမိသားစုတစ်ခုလုံးအတွက် အကျိုးရှိမှာပါ"

"အိုး...ဒါဆိုလည်း ပြောပြပါဦး"

အဘိုးရှသည် စိတ်ဝင်စားနေသောအကြည့်ဖြင့် ထိုင်ချလာသည်။

"၂ဘီလီယမ်မှာ သန်း၅၀၀က ကျွန်တော့်ဆီက ဆေးဖော်မြူလာတွေကို ဝယ်ဖို့ ကုန်ကျငွေပါ၊ ကျန်တဲ့ ၁.၅ဘီလီယမ်ကတော့ ကျွန်တော့် ရှမိသားစုဆီကနေ ချေးငှားချင်တာပါ"

ရွှီဖန်း ပေါ့ပေါ့ပါးပါးပင် ပြောပြခဲ့သည်။

"ဟမ် သန်း၅၀၀က မင်းရဲ့ဖော်မြူလာတွေကို ဝယ်ဖို့လား၊ ယန်ယွိ ဘာတွေဖြစ်နေတာလဲ"

အဘိုးရှသည် သိသိသာသာအံ့သြသွားကာ ရှယန်ယွိကို မေးလာသည်။

"ဒီလိုပါ အဘိုး၊ ရွှီဖန်း လက်ထဲမှာ သမီးတို့ ရှရှီဆေးဝါးနဲ့ တူညီတဲ့ ဖော်မြူလာတွေရှိနေတယ်၊ ဒါပေမယ့် သူ့ဖော်မြူလာက ကုန်ကျစရိတ်သက်သာပြီး ပိုပြီးတော့လည်း အာနိသင်ကောင်းတယ်"

ရှယန်ယွိသည် သူမ လည်ချောင်းကို ရှင်းလိုက်သည်။

"ဒါ့အပြင် သူ့လက်ထဲမှာက ဖော်မြူလာနှစ်စုံစီ ရှိနေတာ၊ သူက ဖော်မြူလာတစ်စုံစီကို Star Cityကို ရောင်းချခဲ့ပြီး သူ့လက်ထဲ ကျန်တဲ့ဖော်မြူလာတွေက ပိုကောင်းမွန်တဲ့ဖော်မြူလာတွေပဲ၊ သမီးတို့ ဝယ်နိုင်သမျှ ဝယ်ထားသ၍ Star Cityကို ဖိနှိပ်ပြီး ရှရှီဆေးဝါးက အားအကောင်းဆုံးစက်ရုံဖြစ်လာလိမ့်မယ်"

အဘိုးရှသည် သူ့မျက်လုံးကို ကျဥ်းမြောင်း၍ ရွှီဖန်းကို အံ့သြစွာ ကြည့်လာသည်။

"ဆိုလိုတာက မင်း ငါတို့ရှမိသားစုရဲ့ရန်သူဟောင်း ရှောင်းမိသားစုကို ဆန့်ကျင်ပြီးဇာတ်ကွက်ဖန်တီးခဲ့တယ်ပေါ့၊ မဆိုးဘူးပဲ ငါမင်းအတွက် သန်း၅၀၀ထုတ်ပေးလိုက်မယ်၊ ဒါဆို ကျန်တဲ့ ၁.၅ဘီလီယမ်က ဘာအတွက်လဲ"

ရွှီဖန်း စကားမဆိုဘဲ သူနှင့်ယူလာသည့် အိတ်ထဲကိုသာ လက်ထည့်လိုက်သည်။ သို့သော် အိတ်ထဲ၌ ဘာမှမရှိပေ။ ဒီအတောအတွင်းမှာ သူပြင်ဆင်ထားခဲ့သည့် သူ့အလုပ်များမှ ကုန်ကျငွေနှင့် အမြတ်ငွေများ စာရင်းကို သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။

ရွှီဖန်းပေးလာသည့်ဖိုင်ကို ယူရင် အဘိုးရှသည် သေချာ ဖတ်ရှုကြည့်လိုက်သည်။

"ဟမ် ကုန်ကျမှုရဲ့သုံးဆပြန်ရတာလား၊ မင်း ဘာတွေရောင်းတာလဲ၊ ဒီသစ်သီးတွေကို ကောင်းကင်ဘုံကနေ ဆွတ်ခူးထားလို့များ ဒီလို ဈေးမြင့်မြင့်နဲ့ရောင်းချတာလား၊ ဒီကြက်တွေရောပဲ"

အဘိုးရှက အံ့သြတကြီးပြောလာသည်။

ရွှီဖန်း ရယ်မောလိုက်သည်။ ဒီလူအိုကြီးဟာ တစ်ကယ့်အချက်ကိုမှ ထိသွားတာပင်။ တစ်ကယ်လည်း သူ့သစ်သီးများသည် ကောင်းကင်ဘုံမှ ဆွတ်ခူးထားသည်နှင့် အတူတူလောက်ပင်။

ကွာခြားချက်ဆိုလို့ ကောင်းကင်ဘုံမှာ စိုက်သည်နှင့် ကမ္ဘာပေါ်မှာ စိုက်သည့် အချက်ပဲ ကွာသွားတာပင်။

"ဟေး ဒါဆို မင်း ၁.၅ဘီလီယမ် လိုချင်တာက ဒါတွေကို ချဲ့ထွင်ချင်လို့လား"

အဘိုးရှက မေး၏။

"ချဲ့ထွင်ဖို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်အခုပြောမယ့်ဟာနဲ့ ကွာခြားချက်တော့ သိပ်မရှိပါဘူး၊ ကျွန်တော် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးက ပိုင်ရှင် လျိုကျင်းရဲ့ ရှယ်ယာတွေကို ဝယ်ဖို့ အသုံးပြုချင်တာပါ၊ အဲ့ဒီအချိန်ကျ အရင်နှစ်တွေမှာ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးက ဝယ်ယူခဲ့တဲ့ အရင်းအမြစ်တွေနဲ့ လမ်းကြောင်းတွေကနေတဆင့် ကျွန်တော်အခုရနိုင်တဲ့ အမြတ်ထက် ပိုများတဲ့အကျိုးအမြတ်ကို ရရှိလိမ့်မယ်"

ရွှီဖန်း၏စကားကိုကြားတော့ အဘိုးရှက မျက်မှောင်ကြုတ်၍ မေးလာသည်။

"သူ့ရှယ်ယာတွေဝယ်ဖို့လား၊ ငါသိရသလောက်ဆို အဲ့ဒီသူဌေးက အဆင်ပြေနေတာမလား၊ သူက ဘာလို့ မင်းကို ရှယ်ယာရောင်းမှာလဲ"

အဘိုးရှမေးတာကိုကြားတော့ ရွှီဖန်း ပေါ့ပေါ့ပါးပါးပြုံးလိုက်မိသည်။

"သူတို့ရဲ့သူဌေးကို စစ်တပ်က ဖမ်းဆီးထားပါတယ်၊ ကျွန်တော့်မှာ ပိုက်ဆံအလုံအလောက်ရှိနေသ၍ သူ့မှာ ရွေးချယ်စရာနှစ်မျိုးရှိတယ်၊ တစ်ခုက ရှယ်ယာတွေကိုင်ထားပြီး ထောင်ဒဏ်ကျခံမယ်၊ နောက်တစ်ခုက ကုမ္ပဏီကို ပိတ်စရာမလိုဘဲ ကျွန်တော့်ကို ရှယ်ယာရောင်းပြီး ပိုက်ဆံယူမယ်၊ သူ ဘာရွေးလိမ့်မလဲဆိုတာ ဆရာကြီးလည်း သိနိုင်မှာပါ"

"ဟားဟား မင်းက စီးပွားရေးသမားအနေနဲ့ ကောင်းကောင်းလုပ်ခဲ့တာပဲ၊ ကောင်းပြီ ငါ မင်းကို ၁.၅ဘီလီယမ်ပေးမယ်၊ ဒါပေမယ့် မင်းက ငါ့ကို ဘယ်လိုပြန်ဆပ်မှာလဲ"

အဘိုးရှသည် မျက်လုံးကျဥ်းမြောင်း၍ မေးလာသည်။ 

ရွှီဖန်းသည် သူ၏ဝင်ငွေကို အဘိုးရှထံပြသရသည့် အကြောင်းအရင်းမှာ ရှမိသားစုနှင့် ရှယ်ယာမျှချင်

ရုံမကဘဲ သူကိုယ်တိုင်လည်း ပိုက်ဆံတတ်နိုင်သည့်ဆိုတာကို ရှမိသားစုကို သိစေလို၍ ဖြစ်သည်။

ထို့ကြောင့် သူ တိုက်ရိုက်ပြောလိုက်သည်။ 

"ကျွန်တော့်ကို ၁.၅ဘီလီယမ် ချေးပေးမယ်ဆိုရင် သုံးနှစ်အတွင်းမှာ ကျွန်တော် ဆရာကြီးကို ၂ဘီလီယမ် ပြန်ပေးမှာပါ၊ ဒီလုပ်ငန်းက မဆိုးဘူး မဟုတ်လား"

အဘိုးရှက ချက်ချင်းပြုံး၍ ပြောလာသည်။

"ကောင်းပြီ၊ ဒါဆိုလည်း လုပ်ကြတာပေါ့၊ တစ်ကယ်တော့ အဓိကအကြောင်းအရင်းက မင်းဆရာကြောင့်ပဲ၊ တခြားလူသာဆိုရင် အခြေအနေဘယ်လောက်ပဲ ကောင်းပါစေဦး ငါ သူတို့ကို ပိုက်ဆံပေးမှာမဟုတ်ဘူး"

ရွှီဖန်း ပြုံးလိုက်သည်။ ကြည့်ရတာ အဘိုးရှကလည်း ချစ်တတ်သူတစ်ဦးပင်။ 

ဒါကြောင့် ရွှီဖန်းလည်း ဆရာ့ကိုယ်စား ကျေးဇူးတင်ကြောင်း ဆိုခဲ့သည်။

နောက်လာမည့်အရာမှာ အရေးကြီးဆုံးသောအရာပင်။ ထိုအရာက ရှယန်ယွိ၏ လက်ထပ်ပွဲကိစ္စပင်။

*********************

All Chapters