တုံးအသော မိန်းမပျိုလေးပိုင်သည့်စားသောက်ဆိုင်
Vol. 14 Ch. 196
လင်းရှောင်သည် အကျွေးခံပြီးနောက်မှာ မူးဝေမှုကိုခံစားခဲ့ရတာကြောင့် သူ့ကို မထနိုင်လုနီးပါးဖြစ်စေခဲ့သည်။ ဒါကြောင့် ရွှီဖန်းကိုကြည့်ရင်း သွားများ ယားယံလာ၏။
"ရွှီဖန်း ခဏစောင့် တစ်နေ့ ငါမင်းကို ပြန်လုပ်ပြမယ်"
တစ်ကယ်တော့ သူ ဒီနေရာမှာ တိုက်ခိုက်မည်ဆိုလျှင် စွန်းဖုဟိုင်သည် ရွှီဖန်းအား စိတ်ဝင်စားနေပုံရ၏။ ထို့ပြင် ဟုန်ဖေးကလည်း ရွှီဖန်းကိုညီအစ်ကိုတော်ထားတာကြောင့် တစ်ခုခုဖြစ်လျှင် ဒီအတိုင်း ထိုင်ကြည့်နေမည်မဟုတ်ပေ။ ဗိုလ်ချုပ်ကြီးရှန့်ဝူ၏ အနိုင်ကျင့်ခြင်းကို ခံရပြီးနောက်မှာ သူတို့နှင့်အတူ ညစာအတူမလိုက်စားဝံ့ပေ။ သူ့မှာ မထွက်လာခင် စွန်းဖုဟိုင်ကို နှုတ်ဆက်ရန် မျက်နှာပင် မဖော်နိုင်ခဲ့ချေ။
ထိုအချိန် စွန်းဖုဟိုင်နှင့် ဟုန်ဖေးကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။
"ညီလေးရွှီရဲ့ ကြက်က သူများနဲ့မတူဘူး၊ သူမွေးထားတဲ့ ကြက်က အရမ်းဉာဏ်ကောင်းတယ်၊ ခွေးကိုတောင် ဖမ်းနိုင်တယ်"
စွန်းဖုဟိုင်၏ ချီးကျူးသံကို ကြားသည့်အခါ ချိုးဆုအာလက်ထဲမှ ဗိုလ်ချုပ်ကြီးရှန့်ဝူသည် သူ့ခေါင်းကို မြှောက်လျက် 'ကကျစ်' ဟူ၍ အသံထွက်လာလေသည်။
လူအုပ်ကြီး၏ ရယ်မောသံက နောက်တစ်ကြိမ် ထွက်လာခဲ့သည်။
"နောက်ကျနေပြီ၊ ငါတို့ ထိုင်စားဖို့ စားသောက်ဆိုင် ရှာသင့်တယ်"
စွန်းဖုဟိုင်က အချိန်ကို ကြည့်၍ ပြောလာသည်။ သူ တစ်ကယ်ကို ဟုန်ဖေး၊ ရွှီဖန်းနှင့်အတူ ထမင်းစားလိုခြင်းပင်။
"ဒါဆို ဟွားမန်ရှင်းဟိုတယ်ပဲ သွားကြရအောင်၊ ကျွန်တော်နဲ့ အတူ ပူးပေါင်းလုပ်ကိုင်နေတဲ့သူရဲ့ ဆိုင်မလို့ သက်သောင့်သက်သာရှိပြီး ပိုက်ဆံကုန်တာလည်း သက်သာမယ်"
စွန်းဖုဟိုင် အံ့သြသွားခဲ့သည်။ ရွှီဖန်းက စားသောက်ဆိုင်လုပ်ငန်းဘက်မှာပါ ကျွမ်းကျင်မှုရှိလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သို့သော် ရွှီဖန်း၏ စကားကြောင့် သူ ရယ်မောမိသည်။ စွန်းဖုဟိုင်သည် ထမင်းတစ်နပ်အတွက် ချို့တဲ့မည့်လူမဟုတ်
သော်လည်း ရွှီဖန်း၏ ပါးစပ်မှ ပိုက်ဆံကုန်သက်သာသည်ဆိုသော စကားက စွန်းဖုဟိုင်၏ နားထဲသက်သောင့်သက်သာဖြစ်စေ၏။
"ကောင်းပြီ၊ ငါတို့ ညီလေးရွှီပြောတာ နားထောင်ကြမယ်၊ ဟွားမန်ရှင်းဟိုတယ်ကို သွားကြရအောင်"
မသွားခင်မှာ ကြက်တိုက်ပွဲမှ ရလာသည့် ပိုက်ဆံများကို ယူရဦးမည်။ သူဌေးက ပျော်ရွှင်စွာဖြင့် ဘဏ်
ကတ်နှစ်ကတ်ကို ဟုန်ဖေးထံသို့ ယူဆောင်လာပေသည်။
"သခင်လေးဟုန် ဒါကတော့ ကြက်တိုက်ပွဲကနေ ရရှိထားတဲ့ ငွေစုစုပေါင်း...."
ဟုန်ဖေးသည် ဆက်ပြောရန်မလိုဟု အချက်ပြလိုက်သည်။ အနိုင်ရသည့်ငွေဟာ သေးငယ်သော ပမာဏမဟုတ်မှန်း သူ သိသော်ငြား ယခုအချိန်မှာ ဈေးနှုန်းကို မသိချင်ပေ။ တစ်ကယ်တော့ သူ့အတွက် စွန်းဖုဟိုင်နှင့် ပဋိပက္ခရှင်းရန်က အရေးအကြီးဆုံးပင်။ အစပိုင်းမှာတော့ သူ တစ်ကယ်ဒုက္ခရောက်ပြီး အရာအားလုံးဆုံးရှုံးတော့မည်ဟု ထင်ခဲ့သည်။ သို့သော် ဇာတ်ကွက်က ပြောင်းပြန်ဖြစ်ခဲ့ပေသည်။
ရွှီဖန်း၏ ဦးဆောင်မှုအောက်တွင် သူတို့ ဟွားမန်ရှင်းဟိုတယ်သို့ ထွက်လာခဲ့ကြသည်။ တံခါးနားရောက်တော့ ဟုန်ဖေးသည် ရွှီဖန်း၏ကားထဲ ဝင်
ထိုင်ပြီး သူ့ကားကိုတော့ အတွင်းရေးမှူးကို မောင်းလာခဲ့ရန် အမိန့်ပေးခဲ့သည်။
"ရွှီဖန်း ဒီတစ်ကြိမ်မှာ မင်းအများကြီး ကူညီခဲ့တယ်၊ ဒီကတ်ကိုယူလိုက်...မင်းကြောင့် ဒီပိုက်ဆံကို ရခဲ့တာ"
ရွှီဖန်းသည် ဟုန်ဖေးပေးလာသည့်ကတ်ကိုမြင်သော် ထိုင်ခုံခါးပတ်ကို ပတ်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေပြောနေတာလဲ၊ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ပိုက်ဆံကိစ္စပြောစရာလိုလို့လား၊ အစ်ကို့ဘာသာ ယူသင့်တယ်...ဒါ ကျွန်တော်နဲ့မဆိုင်ဘူး"
ဟုန်ဖေးက ကတ်အား ပစ်ချလိုက်သည်။ ဆိုလိုသည်မှာ ထင်ရှားလှသည်။ မင်းမလိုချင်လည်း ငါဒီမှာ ပစ်ချခဲ့မှာပဲ ဟူ၍ပင်။ ဟုန်ဖေးသည် ရွှီဖန်းအကြောင်းကို ကောင်းစွာသိသည်။ ရိုးရိုးတန်းတန်းပေးနေပါက လက်ခံမည်မဟုတ်ပေ။
ရွှီဖန်းမှာ ကူကယ်ရာမဲ့သွားရသည်။ သူ ဒီလောက်
အထိ ပိုက်ဆံတွေအနိုင်ရခဲ့သည့် အကြောင်းအရင်းကလည်း ဟုန်ဖေးမှ သူ့အား ဒီလာခဲ့ရန် ခေါ်ခဲ့သောကြောင့်ပင်။
သူ ကားစမောင်းလိုက်ကာ....
"အစ်ကိုဟုန် ဒါ အရမ်းကြီး ကျွန်တော့်အပေါ်
ယဥ်ကျေးရာမကျနေဘူးလား"
"မင်း ခေါင်းမာမနေစမ်းပါနဲ့၊ ကြက်က မင်းပိုင်တာလေ၊ ဒါကြောင့် သဘာဝကျကျဆိုရရင် အနိုင်ရငွေက မင်းအပိုင်ပဲ၊ စွန်းဖုဟိုင်နဲ့ ဆက်ဆံရေးပြေလည်အောင် မင်းကူညီပေးခဲ့တာကို ကျေးဇူးတောင်မတင်ရသေးဘူး၊ ဒီပိုက်ဆံကို ငါ ဘယ်လိုယူနိုင်မှာလဲ"
ရွှီဖန်းသည် စိတ်မပျော်သော်လည်း ဟုန်
ဖေး၏စကားကို ကြားသော် ငွေလက်ခံလိုက်ရသည်။
"ရှောင်ယင် ဒီတစ်ခါ ဟွားမန်းရှင်းဟိုတယ်ကို ခေါ်ပြမယ်၊ မင်းနည်းနည်းလေ့လာပါ...သူတို့ စားသောက်ဆိုင်ကို ဘယ်လိုလည်ပတ်တယ်၊ အစားအသောက်တွေကို ဘယ်လိုပြင်ဆင်ထားလဲဆိုတာကို နည်းနည်းတော့ လေ့လာခဲ့ရမယ်"
ဟွားမန်ရှင်း၏ ဟိုတယ်ကို ရွေးချယ်ခဲ့သည့် အချိန်၌ ကျန်းဖန်းယင်၏ အခြေအနေကိုပါ သူ ထည့်သွင်းစဥ်းစားခဲ့သည်။ ရှောင်ယင်ကတော့ အနောက်ကနေ သူ့အား ကျေးဇူးတင်စွာ ကြည့်နေ၏။ အကယ်၍ ရွှီဖန်းသာ ကားမမောင်းနေပါက ကျန်းဖန်းယင်သည် သူ့အား အမြန်ဖက်တွယ်ပစ်လိမ့်မည်။
သို့သော် လမ်းတစ်ဝက်အရောက်တွင် ဟုန်ဖေးထံသို့ စွန်းဖုဟိုင်ဆီမှ ဖုန်းဝင်လာသည်။
"ဟုန်ဖေး တောင်းပန်ပါတယ်...တောင်းပန်ပါတယ်၊ မိသားစုကိစ္စလေးပေါ်လာလို့ ဒီနေ့ ထမင်းစားတာက..."
ဟုန်ဖေးကလည်း ဒါကိုကြားတော့ ဆောလျင်စွာဖြင့်
"အဆင်ပြေပါတယ်၊ ဒီအတွက် မစိုးရိမ်ပါနဲ့၊ အနာဂါတ်မှာ အချိန်အများကြီးကျန်ပါသေးတယ်၊ မိသားစုကိစ္စက ပိုအရေးကြီးတာပေါ့"
"တောင်းပန်ပါတယ်၊ နောက်တစ်ခါတော့ သေချာပေါက် ဧည့်ခံပါ့မယ်၊ ဒီတစ်ခါတော့ တစ်ကယ် တောင်းပန်ပါတယ်"
စကားတချို့ပြောပြီးနောက်မှာ ဟုန်ဖေးသည် ကားခုံကို မှီ၍ ပြောလိုက်သည်။
"စွန်းဖုဟိုင်က အိမ်မှာလုပ်စရာကိစ္စပေါ်လာလို့ မလိုက်နိုင်တော့ဘူး၊ နောက်တစ်ကြိမ်ထပ်ဆက်သွယ်
လိုက်မယ် ပြောတယ်"
"အိုး"
ရွှီဖန်း ခဏစဥ်းစားလိုက်ကာ
"ဒါဆို ရှောင်ယင်ရဲ့ဆိုင်ကို အရင်သွားကြမယ်၊ ဟွားမန်ရှင်းက နောက်မှပေါ့ အဆင်ပြေကြလား"
ချိုးဆုအာကတော့ ဂရုမစိုက်ပေ။ ရွှီဖန်း သွားချင်သည့် နေရာနောက်ကို သူမ လိုက်မှာပင်။ ဟုန်ဖေးကလည်း ဂရုမစိုက်ပေ။ ဒီအုပ်စုထဲ အပြင်လူမပါတာကြောင့် ဘယ်မှာ ထိုင်စားစားအဆင်ပြေပေသည်။ တစ်ဖက်တွင် ကျန်းဖန်းယင်ကတော့ ပီတိအဟုန်
ကြောင့် ထခုန်လုနီးပါးပင်။
"ကောင်းပြီ၊ ညီမနေရာကို သွားလိုက်ပါ...ဒီနေရာနဲ့ သိပ်မဝေးတော့ဘူး၊ ရှေ့က ဘယ်ဘက်ကို ကွေ့ပြီး ဟွားရှင်း လမ်းတစ်လျှောက် သွားလိုက်ပါ၊ ပြီးလို့ နည်းနည်းထပ်ကွေ့လိုက်ရင် ဆိုင်ကို မြင်ရလိမ့်မယ်"
ရွှီဖန်းလည်း ခေါင်းညိတ်ကာ ကွေ့လိုက်သည်။ သူမ ပြောခဲ့သလိုပင်။ နေရာကတော့ သိပ်မကောင်းပေ။ လမ်းမကြီးနှင့်အတော်ဝေးပေသည်။ သာမန်လူများသည် ဤနေရာတွင် စားသောက်ဆိုင်ကို ရှာမတွေ့တာကြောင့် သဘာဝကျစွာ ဧည့်သည်အနည်းငယ်သာ ရှိလေသည်။
ကားကို ရပ်ပြီးနောက် သူတို့လေးယောက်သည် ကြက်တစ်ကောင်နှင့်အတူ ဆိုင်ထဲ ဝင်လာခဲ့ကြသည်။ အထူးသဖြင့် စီးပွားရေးသိပ်မကောင်းသေးသည့် ကျန်းဖန်းယင်၏ ဆိုင်လေး၌ ဒီပုံရိပ်က တော်တော် မျက်စိဖမ်းစားစဖွယ် မြင်ကွင်းဖြစ်နေခဲ့သည်။