← Chapters

လျိုဟွား၏လျို့ဝှက်ကြံစည်မှု

Vol. 29 Ch. 424

လျိုဟွား၏လျို့ဝှက်ကြံစည်မှု

Vol. 29 Ch. 424

လျိုမိသားစု၏နောက်ဆုံးအမွေဆက်ခံသူဖြစ်သော လျိုဟွားသည် ခေတ်သစ်ကမ္ဘာ၏နောက်ကွယ်မှ လျှို့ဝှက်ကမ္ဘာကြီးကို သိရှိခဲ့၏။

ကောင်းကင်အဆင့် ကျွမ်းကျင်သူများသည် မြေအောက်ကမ္ဘာရှိ ထိပ်တန်းမိသားစုများသာ ပိုင်ဆိုင်နိုင်သောအရာ ဖြစ်သည်။ မျိုးရိုးမြင့်မြတ်သော လျိုဟွားလိုလူမျိုးတောင်မှ ဒဏ္ဍာရီလာကျွမ်းကျင်သူတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

တရုတ်တစ်နိုင်ငံလုံးမှာ လက်ချိုးရေလျှင်တောင် နှစ်ယောက်ထက် ပိုမရှိဘူးဆိုသည့် ကောလာဟလများ ရှိခဲ့၏။

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများက ရှားပါးသော်လည်း ကောင်းကင်အဆင့် ကျွမ်းကျင်သူများလောက်တော့ နက်နဲဆန်းကြယ်ခြင်းမရှိနေပေ။ လျိုမိသားစုထဲမှာကိုပင် ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူအနည်းငယ်ရှိပြီး သူတို့၏အဆင့်အတန်းကလည်း အတော်လေး လေးစားခံရသည်။

ဝူရှန်းက လျိုမိသားစု၏ကမ္ဘာမြေအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ သူက လျိုဟွား၏လုံခြုံရေးအတွက် လျိုဟွားနောက်ကို လျှို့ဝှက်လိုက်ပါခဲ့ခြင်းပင်။ တစ်ချိန်တည်းမှာပင် ရွှီဖန်းကို သတ်ရန်အတွက် လျိုဟွား၏အဓိကလျှို့ဝှက်

လက်နက်လည်း ဖြစ်သည်။

အရင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် လျှို့ဝှက်လှည့်စားမှုတစ်ခုသာ ဖြစ်၏။ ထိုအရာအားလုံးက ရွှီဖန်းကို ရှုပ်ထွေးအောင်လုပ်ရန် ဖြစ်သည်။

လျိုဟွားက ရွှီဖန်း၏ခွန်အားကို အကြိမ်ကြိမ်အခါခါ လေ့လာခဲ့ပြီးလေပြီ။ ထို့အပြင် ရွှီဖန်းက ကမ္ဘာမြေအဆင့်၊ အစောပိုင်းအဆင့်မှာသာ ရှိသေးသည်ဆိုတာကို နည်းလမ်းပေါင်းစုံဖြင့် အတည်ပြုထားခဲ့ပြီးသားဖြစ်၏။

ဝူရှန်းကတော့ နှစ်ပေါင်းများစွာပင် ကမ္ဘာမြေအဆင့်၏အလယ်အလတ်အဆင့်ကို ရောက်နေသော ထိပ်တန်းကျွမ်းကျင်သူ ဖြစ်သည်။ သူက ရွှီဖန်းထက် တစ်ဆင့်သာလွန်နေ၏။

အခုအချိန်မှာတော့ ဝူရှန်းဟာ သူ၏သတ်ကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်နေလေပြီ။ တစ်ဖက်မှာလည်း ရွှီဖန်းက မာန်မာနထောင်လွှားနေပြီး သူ့မျက်လုံးများက အပေါ်ကိုသာ မော့ကြည့်နေသည်။

ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမယ်ဆိုတာကတော့ တိုက်ပွဲမစခင်ကတည်းက သံသယဖြစ်စရာမရှိတော့ပေ။ ဒီတစ်ကြိမ်မှာတော့ လျိုဟွားသည် သူတို့၏ အကြီးအကဲဝမ်ရှေ့မှာတင် ရွှီဖန်းကို သတ်ပစ်တော့မှာ ဖြစ်၏။

ထိုအရာက လျိုဟွား၏ဆန္ဒသာမက လျိုမိသားစုတစ်ခုလုံး၏အမြင့်ဆုံးအမိန့်ချမှတ်ခြင်းလည်း ဖြစ်သည်။

လျိုဟွားက ဝူရှန်း၏အနားကို လျှောက်သွားပြီး အဓိပ္ပာယ်ရှိသော အကြည့်တစ်ခုကို ပေးခဲ့၏။ ဝူရှန်း၏မျက်လုံးထဲမှ ယုံကြည်ချက်များကို မြင်လိုက်ရပြီးနောက် လျိုဟွားမှ လက်ခုပ်တီးလိုက်ရာ ဝန်ထမ်းတစ်ယောက်က ဗန်းကိုင်၍ ဝူရှန်းဆီကို လျှောက်လာခဲ့သည်။

ဗန်းပေါ်မှာ အသွားနှစ်ဖက်ဓားတစ်ချောင်း ရှိနေ၏။ ဒီနေ့ခေတ်မှာ မှော်လက်နက်များဟာ ဒဏ္ဍာရီတစ်ခုလို ဖြစ်နေလေပြီ။ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများကတောင် မှော်လက်နက်များကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ထို့ကြောင့် ထက်မြက်သောလက်နက်များကသာ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများ၏ အချစ်တော်ဖြစ်လာခဲ့သည်။

ရှေးဟောင်းဒဏ္ဍာရီထဲက လက်နက်များသည် ဒဏ္ဍာရီဆန်သောခံစားချက်များကို သယ်ဆောင်လာနိုင်၏။ နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ၎င်းတို့က အဆုံးမဲ့ အကွာအဝေးဆီသို့ ပျောက်ဆုံးသွားခဲ့ပြီး မရှာတွေ့နိုင်တော့ပေ။ ထို့ကြောင့် ဤခေတ်သစ်လက်နက်များကသာ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများနှင့် တခြားသူများ၏နှစ်သက်မှုကို ရရှိလာခဲ့သည်။

ခေတ်မီနည်းပညာများဖြင့် ဖန်တီးထားသော ဤလက်နက်များကို အထင်မသေးလေနှင့်။ ခေတ်မီနည်းပညာများသည် ရှေးခေတ်နည်းပညာများထက် အဆပေါင်းများစွာ ပိုမိုအဆင့်မြင့်လာခဲ့ပြီး ကုန်ကြမ်းပစ္စည်းများကလည်း ပိုမိုကောင်းမွန်လာခဲ့၏။ လက်မှုပညာကလည်း ပိုမိုတိကျအသေးစိတ်လာခဲ့ပြီး ပုံစံနှင့် တည်ဆောက်ပုံကလည်း ပို၍သိပ္ပံနည်းကျလာခဲ့သည်။

သူ့ရှေ့ကဗန်းပေါ်မှာတော့ နာမည်ကျော် နဂါးနှစ်ကောင်ဓား ရှိနေလေ၏။

ရိုးရိုးသာမန်လူများ၏မျက်လုံးထဲမှာတော့ ၎င်းက ရင်းနှီးပုံမရှိသော်လည်း ကျွမ်းကျင်သူများ၏မျက်လုံးထဲမှာတော့ ၎င်းက အတော်လေး နာမည်ကြီးသည်။

သံကို ရွှံ့လို ခုတ်ဖြတ်နိုင်ပြီး သွေးတောင်မမြင်လိုက်ရဘဲ လူသတ်နိုင်ခြင်းများသည် အခြေခံအကျဆုံးအရာများသာ ဖြစ်၏။

ဝူရှန်းက သူ့လက်ထဲရှိ နဂါးနှစ်ကောင်ဓားကို ဖြည်းညှင်းစွာ ဆုပ်ကိုင်၍ ရွှီဖန်းကို ကြည့်လာသည်။ သူ့မျက်လုံးထဲမှာ အသေသတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေ၏။

အလင်းရောင်အောက်မှာ နဂါးနှစ်ကောင်ဓားသည် အသက်ရှုမှားလောက်အောင် အေးစက်သော အလင်းရောင်တောက်တောက်များဖြင့် လင်းလက်နေခဲ့သည်။ ပရိသတ်ထဲရှိလူတိုင်းမှာ နဂါးနှစ်ကောင်ဓား၏နာမည်ဂုဏ်သတင်းကို မသိကြသော်လည်း သူ၏ထက်မြက်မှုကိုတော့ ခံစားနိုင်ခဲ့ကြ၏။

အဝေးကကြည့်လိုက်ရုံနှင့်တင် အရေပြားကို ထိုးဖောက်ဝင်ရောက်လာသော အေးစက်သည့်

ခံစားမှုကို ရရှိနိုင်သည်။ သူတို့၏ရင်ထဲမှာလည်း အေးစက်သောခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့၏။

ရွှီဖန်းကတော့ သေချာပေါက် သေတော့မည်ပင်။

ဝမ်ကောချန်ဘက်မှာတော့ ဝမ်ကောချန်နှင့် ဝူထျန်းတို့သည် ဝူရှန်း၏လက်ထဲမှာရှိသော နဂါးနှစ်

ကောင်ဓားကို ကြည့်ကာ သူတို့၏ပေါ့ပါးသော အမူအရာများ ပျောက်ကွယ်သွားခဲ့သည်။ ရွှီဖန်းကို ကြည့်နေသော သူတို့၏အကြည့်များကလည်း တိတ်ဆိတ်စွာပင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့၏။

စွန်းဖေးဖေးကတော့ အော်ဟစ်ချင်စိတ်နှင့်အတူ အလွန်ကို စိုးရိမ်ပူပန်နေသည်။ သူမ၏မျက်လုံးထဲမှာ မျက်ရည်များဝဲနေပြီး ရွှီဖန်းအား ကြည့်နေခဲ့၏။

လျိုဟွားကတော့ လူအုပ်စု၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ စင်ပေါ်ကနေ အမြန်ခုန်ဆင်းလိုက်သည်။ သူက အော်ဟစ်ခဲ့၏။

"ပြိုင်ပွဲစကြစို့! ဓားတွေ၊ လှံတွေမှာ မျက်လုံးမပါဘူး၊ တစ်ခုခုဖြစ်ခဲ့ရင် နှစ်ဖက်စလုံးက အကျိုးဆက်တွေကို လက်ခံရမယ်"

ထိုစကားများက အနည်းငယ်တော့ မျက်နှာပြောင်တိုက်သလို ဖြစ်နေသော်လည်း လျိုဟွားထံ၌ လူယုတ်မာဖြစ်ရန် အရည်အချင်းရှိနေလေသည်။ 

ပထမဆုံးအနေဖြင့် သူက ရွှီဖန်း၏နောက်ဆုတ်နိုင်မည့် လမ်းကို ပိတ်ဆို့ထားခဲ့၏။ ရွှီဖန်းသေဆုံးပြီးနောက် ဝမ်ကောချန်က ဘယ်လောက်ပင် ဒေါသထွက်နေပါစေ သေဆုံးသွားသူတစ်ယောက်အတွက် လျိုမိသားစုနှင့် ရန်ဖြစ်ရန် ရွေးချယ်မှာမဟုတ်ပေ။

ဒါက လျိုဟွား၏လိမ္မာပါးနပ်မှုသာ ဖြစ်သည်။

ဝမ်ကောချန်၊ ဝူထျန်းနှင့်တခြားသူများက သရုပ်ဆောင်နေသလိုမျိုး လျိုဟွားကလည်း သရုပ်ဆောင်နေခဲ့တာဖြစ်၏။

ကောင်းကင်ကို ဖုံးအုပ်ထားသော ဧရာမပိုက်ကွန်ကြီးအား နောက်ဆုံးမှာတော့ လျိုဟွားက ဖွင့်ချလိုက်လေပြီ။ 

လျိုဟွားသည် ပြုံးရယ်နေရင်း ဝမ်ကောချန်၏ဘေးကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူကုလားထိုင်တစ်လုံးကို ဆွဲထုတ်ကာ စင်မြင့်ပေါ်ကို ကြည့်လိုက်၏။

သူ ဆုံးရှုံးခဲ့ရသောဂုဏ်သိက္ခာအားလုံးကို ဒီတစ်ကြိမ်မှာ အားလုံးကိုပြန်ယူတော့မှာ ဖြစ်သည်။

သို့သော် လျိုဟွားက အနည်းငယ်တော့ မှားယွင်းတွက်ချက်မိခဲ့၏။ သူ လျိုဟွားက သရုပ်ဆောင်

နေသည်ဆိုလျှင် သို့မဟုတ် သူ့ဘေးမှ ဝူရှန်းက သရုပ်ဆောင်နေသည်ဆိုလျှင် ရွှီဖန်းကရော ဘယ်လိုဖြစ်မည်နည်း။

ဟုတ်ပေ၏။ သူကလည်း သရုပ်ဆောင်နေခြင်းပင်။ 

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ရွှီဖန်းသည် တိုက်ပွဲရာပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးသားပင်။ ဒီလိုထောင်လွှားနေခဲ့သော အမှားမျိုးကို ဘယ်လိုလုပ်ပြီး ကျူးလွန်နိုင်မည်နည်း။ 

ထို့အပြင် ရွှီဖန်းသည် ထောင်ထဲမှာ ဉာဏ်အလင်းပွင့်ခဲ့ပြီး သူ့ခွန်အားကလည်း ထပ်မံတိုးတက်လာခဲ့သည်။ ဤအရာကတော့ လျိုဟွား ခန့်မှန်းသိရှိနိုင်သောအရာ မဟုတ်ပေ။

ဝူရှန်းဆီမှ ထွက်ပေါ်လာသော အော်ရာများအရ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူဆိုသည့် အထောက်အထားကို သူ စောစောကတည်းက သိရှိခဲ့၏။ လျိုဟွားကို တကယ်ခြိမ်းခြောက်နိုင်ရန်အတွက် ရွှီဖန်းသည် ဝူရှန်းကို သတ်ပစ်ရန် လိုအပ်ပေသည်။ ဒီလိုမှမဟုတ်လျှင် အလောင်းအစားနှင့်ပင်ဖြစ်စေ ဝမ်ကောချန်၏ဖိအားနှင့်ပင်ဖြစ်စေ လျိုမိသားစုအား သဘောတူညီချက်ကို တကယ်လိုက်နာအောင် လုပ်နိုင်မည် မဟုတ်ချေ။

သတ်!

ရွှီဖန်း၏နှုတ်ခမ်းထောင့်လေးက ပြုံးသွားလေ၏။ ရုတ်တရက် သူ့လက်သီးကို ဆုပ်လိုက်ရာ ပြိုင်စံရှားသောစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

သူနှင့် ဆန့်ကျင်ဘက်မှာရှိနေသော ဝူရှန်းက အားပြည့်နေသော ရွှီဖန်းကို ကြည့်ကာ လှောင်ပြောင်လာ၏။

"မင်းက အခုမှ အတည်ပေါက်လုပ်တော့မယ်ပေါ့၊ ငါက ကမ္ဘာမြေအဆင့်ရဲ့အလယ်အလတ်အဆင့်ဖြစ်ပြီး မင်းကတော့ ကမ္ဘာမြေအဆင့်ရဲ့အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်၊ အခုမှ အတည်လုပ်ဖို့က နောက်ကျသွားပြီ... "

သူ့ဘာသာသူ တီးတိုးရေရွတ်လျက် ဝူရှန်းသည် သူ့ဓားကို အလွယ်တကူ ဆွဲထုတ်ကာ ကမ္ဘာမြေအဆင့်၏အလယ်အလတ်အဆင့် စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲကနေ ထုတ်လွှတ်လိုက်လေသည်။ 

ထို့နောက် လျှပ်စီးလက်သလိုပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှီဖန်းဆီသို့ ဦးတည်ကာ တိုက်ခိုက်လာခဲ့၏။ သူ့လက်ထဲရှိ အသွားနှစ်ဖက်ဓားက အေးစက်သော အလင်းရောင်ကို ထုတ်လွှတ်ရင်း ရွှီဖန်းကို ဝါးမျိုရန် အသင့်ဖြစ်နေလေပြီ။ 

ဝူရှန်းက ဤတိုက်ခိုက်မှုအား အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ရွှီဖန်း၏လက်ထဲမှာ ထက်ရှသောလက်နက်တစ်ခု ရှိနေလျှင်တောင် ထိုတိုက်ခိုက်မှုကို တည့်တည့်ရင်ဆိုင်လိုက်ပါက ရွှီဖန်းကို ထိခိုက်စေနိုင်မှာဖြစ်၏။

ထို့အပြင် သူ့အရှေ့မှာ မတ်တပ်ရပ်နေသော ရွှီဖန်းကတော့ လက်ဗလာ ဖြစ်နေလေသည်။

ဝူရှန်း၏မျက်နှာပေါ်မှ အပြုံးက ပို၍ကျယ်ပြန်လာ၏။ သူ့လက်ထဲရှိ နဂါးနှစ်ကောင်ဓားမှာ အသက်ဝင်လာသလိုပင် လေနှင့်မိုးခြိမ်းသံများကို သယ်ဆောင်လာရင်း ရွှီဖန်းကို တိုက်ရိုက် ဝါးမျိုလာသည်။ တောက်ပသောဓားအလင်းရောင်က သူ့နေရာမှာ ငြိမ်သက်စွာ ရပ်နေသည့် ရွှီဖန်းကို တိုက်ရိုက်မြှုပ်နှံပစ်လိုက်၏။

ခန်းမထဲမှာရှိသောလူတိုင်းက တိတ်ဆိတ်သွားခဲ့သည်။

တောက်ပပြီး လှပသောဓားရောင်ခြည်သည် လျှပ်စီးကဲ့သို့ မြန်ဆန်နေ၏။ လူတိုင်းသည် မျက်စိရှေ့မှာ ဝါးသွားသည်ဟု ခံစားလိုက်ရသည်။ ဝူရှန်းက ရွှီဖန်း၏ အရှေ့ကို ရောက်ရှိလာကာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဓားရောင်ခြည်များဖြင့် သူ့ကို ဖုံးအုပ်လိုက်လေ၏။ 

ထိုမြင်ကွင်းမှာ ဒဏ္ဍာရီတစ်ခုကဲ့သို့ပင်။ သူတို့အရှေ့က မြင်ကွင်းသည် တခြားအရာများနှင့် မတူညီသော အစွမ်းထက်သည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာမြင်ကွင်းတစ်ခုကို ဖန်တီးခဲ့လေသည်။

လျိုဟွားက ကျယ်လောင်စွာ ရယ်မောနေ၏။ ဝမ်ကောချန်၊ ဝူထျန်းနှင့် တခြားသူများမှာ လက်သီးများကို ဆုပ်ထားကြပြီး စွန်းဖေးဖေး၏မျက်လုံးထဲမှာတော့ မျက်ရည်များ ပြည့်လာခဲ့သည်။

စင်မြင့်ပေါ်မှာတော့ ဝူရှန်း၏မျက်နှာပေါ်ရှိ အပြုံးက ရုတ်တရက် အေးခဲသွားခဲ့၏။

ဘာလို့... သွေးမထွက်တာလဲ။

ဖြစ်နိုင်ပါ့မလား... အရိပ်လား။

သူ သေချာစဉ်းစားရန်တောင် အချိန်မရလိုက်ပေ။ ဝူရှန်း၏ ကျောရိုးတစ်လျှောက် အေးစက်သွားပြီး သူ့လည်ပင်းကို အနောက်ကနေ လက်ကြီးကြီးတစ်ဖက်က ဆွဲကိုင်လိုက်လေသည်။

ထို့နောက် ထိုလက်ကြီးက ရုတ်တရက်ပင် အားစိုက်ထုတ်လာကာ ရွှီဖန်းသည် အနောက်ကနေ ဝူရှန်း၏လည်ပင်းကို ဆုပ်ကိုင်လျက် လေထဲသို့ မြှောက်တင်လာလေ၏။

********************

All Chapters