မင်းနဲ့အတူ ကစားပေးမယ်
Vol. 12 Ch. 167
လောင်းကစားဘုရင်က ခေါင်းကိုညိတ်၍ လင်းရှောင်ပေးလာသည့် ချစ်ပ်ပြားများကို ယူသည်။ ထို့နောက် ရွှီဖန်းအား ကြည့်၍ မေးလာသည်။
"ကောင်းပြီလေ၊ ကောင်လေး မင်းက သေရမှာ မကြောက်မှတော့ ငါ မင်းနဲ့လောင်းကြေးထပ်မယ်၊ အခု ငါ မင်းနဲ့ အတူ ကစားပေးမယ်"
"ပြောပါ မင်းဘာလောင်းချင်လဲ မင်းသဘောပဲ"
လောင်းကစားနည်းစနစ်များကို တတ်ကျွမ်းတာကြောင့် လောင်းကစားဘုရင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဒီလိုစကားမျိုး ပြောရဲသည်ဆိုကတည်းက သူ့ခွန်အားကို ပြရန် လုံလောက်ပေသည်။
ရွှီဖန်းသည် ဘေးပတ်ပတ်လည်ကို ကြည့်ပြီးနောက် ရွှေပန်းများချိတ်ထားသည့် စားပွဲကို လက်ညှိုးထိုးပြလိုက်သည်။
"Fried Golden Flower ဆော့ကြရအောင်"
"ဘာမဆိုအဆင်ပြေတယ်"
လောင်းကစားဘုရင် သဘောတူပြီးနောက်မှာ သူတို့လေးယောက်စလုံး ရွှေပန်းများချိတ်ထားသည့်စားပွဲသို့ လျှောက်သွားလိုက်ကြသည်။
စားပွဲ၌ ကစားနေသူမရှိတာကြောင့် လင်းရှောင်သည် သူတို့နှစ်ဦး မကစားခင်မှာ ပွဲကိုယ်စားလှယ်အား အရင်ဆုံး အကြောင်းစုံပြောပြလိုက်သည်။
ရွှီဖန်းတို့လို ကိစ္စမျိုးက ရှားပါးတာကြောင့် ပွဲကိုယ်စားလှယ်သည် ခဏတာ စဥ်းစားပြီးနောက်မှသာ ခေါင်းညိတ်လာသည်။
ရွှီဖန်းနှင့် လောင်းကစားဘုရင်တို့ ထိုင်ပြီးနောက် ပွဲကိုယ်စားလှယ်က ကတ်များကို လွှဲပေးလာသည်။
ရွှီဖန်း၏ ကတ်များက ကြီးကြီးမားမားမဟုတ်ဘဲ 10ကတ်တစ်စုံသာ ရှိသည်။ ရှောင်းချောင်သည် ထိုကတ်များကိုမြင်နောက် သူ့ကို ဆွဲဆောင်လာသည်။
"ရွှီဖန်း ဒီဟာကို လွှင့်ပစ်လိုက်ကြရအောင်"
ဤကစားပွဲ၏ စည်းမျဥ်းမှာ လောင်းကြေး အနိမ့်ဆုံး
တစ်သိန်းဖြစ်သည်။ ရွှီဖန်းစွန့်လွှတ်လိုက်လျှင် တစ်
သိန်းသာ ဆုံးရှုံးရလိမ့်မည်။ သို့သော် ဆက်၍ ကစားနေပါက များစွာ ဆုံးရှုံးရလိမ့်မည်။
ရွှီဖန်းကတော့ သဘောမတူပေ။
ယခုအချိန် သူ့ပြိုင်ဘက်သည် လောင်းကစားဘုရင်
တစ်ယောက်တည်းဖြစ်တာကြောင့် အလွန်အကြူးကစားနေရန် မလိုအပ်ချေ။ လောင်းကစားဘုရင်ကို အနိုင်ယူနိုင်သ၍ အဆင်ပြေသည်။
သူချက်ချင်းပင် မြင်ကွင်းထိုးဖောက်အဆောင်ကို အသုံးပြု၍ လောင်းကစားဘုရင်လက်ထဲမှ ကတ်များကို ကြည့်လိုက်သည်။
8ကတ် တစ်စုံ။
လောင်းကစားဘုရင်၏ ကတ်များသည် သူနှင့်တူညီပေသည်။ ကတ်အသေးဘဲ ဖြစ်သည်။ သို့သော်ငြား လောင်းကစားကို နှစ်ပေါင်းများစွာ ကစားခဲ့ဖူးသူအတွက် မျက်နှာမှာ ဘာစိုးရိမ်မှုမှ မပေါ်နေပေ။
ဒီလို ယုံကြည်ချက်ရှိနေသည့်အမူအရာက သူ့ဘေးနားမှာ လူတွေကို စိုးရိမ်မကင်းဖြစ်စေသည်။
သို့သော်ငြား ရွှီဖန်းကတော့ မတူပေ။ သူ့မှာ ဝှက်ဖဲရှိနေလေ၏။ ဒါကြောင့် လောင်းကစားဘုရင်မှ သူ့ရှေ့မှာ ဘယ်လောက်ပဲ စိတ်အေးစွာ ပြုမူနေပါစေ အသုံးမဝင်ချေ။
လောင်းကစားဘုရင်သည် စားပွဲပေါ်မှ ချစ်ပ်ပြားများကို ယူ၍ စားပွဲပေါ်သို့ သုံးသိန်းကို ပစ်ချလိုက်သည်။
"ကတ်တွေက မဆိုးပါဘူး၊ ခဏလောက် ပေါ့ပေါ့ပါးပါးကစားလိုက်ဦးမယ်"
ရှောင်းချောင်သည် ဒါကိုမြင်တော့ ရွှီဖန်းအား ဆွဲလာသည်။ လောင်းကစားဘုရင်သည် ရွှီဖန်းအား ဆက်ကစားအောင် ဆွဲဆောင်နေမှန်းသိသာ၏။ သူမ သူ့ကို မရှုံးစေချင်ပေ။
သို့သော်ငြား ရွှီဖန်းက အားလုံးကို မြင်ပြီးသားပင်။ လောင်းကစားဘုရင်က အာဖြီးနေခြင်းပင်။
ရွှီဖန်း နှာမှုတ်ကာ ချစ်ပ်ပြားများကို စားပွဲပေါ်ပစ်ချလိုက်သည်။
"ခင်ဗျားရဲ့ သုံးသိန်းနောက်ကို လိုက်ပေးရမှာပေါ့...ရော့ နောက်ထပ်နှစ်သိန်း"
လောင်းကစားဘုရင်သည် ရွှီဖန်း၏ လှုပ်ရှားမှုကို မြင်သည့်အခါ အံ့သြသွားရသည်။ သူ့စိတ်ထဲတွင်တော့ ရွှီဖန်းမှ ကတ်များ စွန့်တော့မည်ဟု ထင်ခဲ့ပေ၏။
"ကောင်လေး မင်းက ကျားမကြောက်တဲ့ နွားပေါက်လေးပဲကို၊ ကောင်းပြီ ဒီပွဲက မင်းအတွက် ငါ့ရဲ့ လက်ဆောင်ပဲ"
ဒီလိုနှင့် လောင်းကစားဘုရင်က အရှုံးပေးသွားသည်။ ရလဒ်အနေဖြင့် ရွှီဖန်းသည် ပထမအချီ၌ ယွမ်လေးသိန်းကို လွယ်လွယ်ကူကူရရှိလိုက်ပေသည်။
ရှောင်းချောင်မှာတော့ လောင်းကစားဘုရင်စွန့်သွားသော ကတ်များကို ကြည့်၍ အံ့သြနေသည်။ သူမ၏မျက်လုံးများက တောက်ပသွားကာ ရွှီဖန်းအား ကြည့်လိုက်မိသည်။ ဒီလူရဲ့ မျက်လုံးတွေက ဘာလို့ ဒီလောက်တောင် ကောင်းနေတာလဲ။ လောင်းကစားဘုရင်အာဖြီးပြီး လှည့်စားချင်နေမှန်း သတိထားမိခဲ့သည်။
"လောင်းကစားဘုရင် ဘာလုပ်နေတာလဲ"
ပထမအချီမှာပဲ စရှုံးနေရသည်။ လင်းရှောင်သည် မကျေမနပ်ဖြစ်ကာ လောင်းကစားဘုရင်ကို ကြည့်
လိုက်မိသည်။
"သခင်လေးလင်း စိတ်မပူပါနဲ့၊ လောင်းကစားလိုကိစ္စတွေက ကံကောင်းမှု တစ်စိတ်တစ်ပိုင်းလည်း ပါဝင်တယ်၊ ဒါပေမယ့် အဆုံးထိ အောင်နိုင်ဖို့က ခွန်အားအပေါ်မှာပဲ မူတည်တယ်"
"ပြီးတော့ သခင်လေးလင်း တစ်ပြားမှ မကုန်စေရဘူး"
အနည်းငယ် မကျေမနပ်ဖြစ်နေသော်ငြား လောင်းကစားဘုရင်ရှုံးလျှင် သူပါ ရှုံးမည်ဖြစ်တာကြောင့် ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့၏။
ဒုတိယအချီရောက်လာလေပြီ။ ဒီတစ်ကြိမ်မှာ ရွှီဖန်းသည် ရွှမ်းဇီကတ်ကို ရရှိခဲ့သည်။ ဘေးမှာ ရှိနေသည့် ရှောင်းချောင်မှာ မအံ့သြဘဲ မနေနိုင်တော့ချေ။
ရွှီဖန်းက တော်တော်ကံကောင်းတတ်ပုံရ၏။ ရွှမ်းဇီကတ်က ကတ်ကြီးဖြစ်တာကြောင့် ဒီတစ်ခေါက် သေချာပေါက် နိုင်လိမ့်မည်။
သို့သော်ငြား ရွှီဖန်းက ကတ်ကို စွန့်လွှတ်လိုက်တာကြောင့် သူမ အံ့သြသွားရသည်။
ရွှီဖန်းမှ ကတ်ကို စွန့်လွှတ်လာသည့်အခါ လင်းရှောင်သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လောင်းကစားဘုရင်ပြောသလိုပင် သူက ရွှီဖန်းကို ဆက်လက် အနိုင်ရစေမည် မဟုတ်ပေ။
"လောင်းကစားဘုရင် ကောင်းတယ်၊ ငါ့အတွက် အဲ့ဒီကောင်လေးကို သတ်ပေးစမ်းပါ"
ရွှီဖန်းက ပြုံးလျက်ပင်ရှိကာ လင်းရှောင်ကို ဂရုမစိုက်ချေ။ သူ၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ လောင်းကစားဘုရင်၏ ကတ်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
သူ့ကတ်က ကောင်းသော်လည်း လောင်းကစားဘုရင်၏ကတ်က ပိုကောင်းပေသည်။ သူ ဆက်ပြီးကစားနေလျှင် သေမင်းကို ခေါ်နေသည့်အလား ဖြစ်သွားလိမ့်မည်။
တစ်သိန်းရှုံးပြီးနောက် နောက်တစ်ပွဲကို အမြန်စတင်ခဲ့သည်။ ဒီတစ်ကြိမ်မှာ နောက်ထပ် ဝှက်ဖဲတစ်ခုကို သူ ရရှိခဲ့သည်။
သူ လောင်းကစားဘုရင်ရဲ့ ကတ်တွေကို စိုက်ကြည့်
လိုက်သည်။ သူတို့ကို ပိတ်ဖို့ အချိန်ပင်။
ထိုအချိန် လင်းရှောင်၏ မာနကြီးစွာ အော်ရယ်သံအား ကြားလိုက်ရသည်။
"ဟဲဟဲ ရွှီဖန်း မင်း ဒီလိုပဲ အရှုံးပေးလိုက်တော့မယ်လို့ မပြောနဲ့"
"မင်း ပိုက်ဆံတွေ အကုန်ပေးလိုက်ရရင် ငါတို့နဲ့ လောင်းကစားထပ်လုပ်စရာမလိုတော့ဘူး ဟုတ်တယ်မလား"
လင်းရှောင်သည် လောင်းကစားဘုရင်၏ လက်ထဲမှ ကောင်းမွန်သော ကတ်များကို တွေ့လိုက်တာကြောင့် သူ့ကို တွင်းထဲသို့ ဆက်မခုန်ခုန်အောင် ဆွပေးလာ၏။
"မင်းက ငါ့ကို လိုက်ခိုင်းမှတော့ ငါလည်း လိုက်ရတာပေါ့"
ရွှီဖန်းက အော်ပြော၍ ယွမ်၈သိန်းကို ပစ်ချလိုက်
သည်။ ရွှီဖန်းက ယုံကြည်ချက်ရှိကြောင်း ပြသခဲ့တာကြောင့် လောင်းကစားဘုရင်အား သတိအနေအထားဖြစ်စေခဲ့သည်။
သူ ဂရုတစိုက်ကြည့်လိုက်ရာ ရွှီဖန်း၏မျက်လုံးထဲ မလုံမလဲဖြစ်နေမှုကို မရှာတွေ့တာကြောင့် သူ အံ့သြသွားရသည်။
ဖြစ်နိုင်ပါ့မလား။
ဒီကောင်လေး သူ့ထက် ပိုကောင်းတဲ့ကတ်ကို ရခဲ့တာများလား။
သူ၏ တည်ငြိမ်မှုကြောင့် လောင်းကစားဘုရင်သည် လက်လျှော့လိုက်ချင်မိသည်။
သို့သော်ငြား လင်းရှောင်ကတော့ သဘောမတူချင်ပေ။ သူက လောင်းကစားဘုရင်လို မကျွမ်းကျင်တာကြောင့် ကောင်းမွန်သောကတ်ကို ရသည့်အခါ ရှေ့ဆက်တိုးချင်ပေသည်။
"လောင်းကစားဘုရင်က ဘာလို့ ဒီလောက်ကောင်းတဲ့ကတ်ကို စွန့်လွှတ်ချင်တာလဲ"
"သခင်လေးလင်း ဒီကောင်လေးရဲ့ဖဲချပ်တွေက ပိုကောင်းတယ်လို့ သံသယဖြစ်မိတယ်၊ အန္တရာယ်ကင်းဖို့ စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ"
"ဒါက.."
လင်းရှောင် တွေးနေတာမြင်တော့ ရွှီဖန်းကလည်း အခွင့်အရေးကို လက်လွှတ်မခံပေ။
"ဘာလဲ ခုနကပဲ မင်း ထောင်လွှားနေတာ မဟုတ်ဘူးလား၊ အခု ငါ့နောက်ကို မလိုက်ရဲတော့ဘူးလား"
"ဘယ်လိုလဲ မင်းရှုံးသွားရင် ငါ မင်းဆီက တစ်ဝက်ပဲ ယူမယ်ကွာ"
ရွှီဖန်း၏ မျက်နှာပြောင်တိုက်သော နောက်ပြောင်မှုကြောင့် လင်းရှောင်က ဒေါသတကြီး စိုက်ကြည့်၍ ပြောလာသည်။
"ကောင်လေး ငါမလုပ်ရဲဘူးထင်နေလို့လား"
လင်းရှောင်က ပြောပြီးသည်နှင့် ချစ်ပြားများကို ယူကာ ရွှီဖန်းနှင့် လောင်းကြေးအကြီးအကျယ်ထပ်ရန် ပြင်တော့သည်။
*******************