← Chapters

ဝမ်ဖေး၏မျက်နှာနှစ်ဖက်

Vol. 24 Ch. 359

ဝမ်ဖေး၏မျက်နှာနှစ်ဖက်

Vol. 24 Ch. 359

ရွှီဖန်း ဒူးထောက်ကာ အသနားခံနေမည့်ပုံကို မြင်

ယောင်လျက် ဝမ်ဖေးသည် ရွှီဖန်းဘက်ကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ သို့သော်ငြား သူသာ အလွန်ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးတောင် ဖြစ်သွားခဲ့ရသည်။

သောက်ကျိုးနည်း! ဒီလူက ဘာလို့ သူကပဲ ဝိုင်တစ်

ပုလင်းလုံး ဝယ်ခဲ့သလို ပုံစံမျိုးလုပ်နေတာလဲ။

မင်း တုံ့ပြန်မှုနည်းနည်းလေးတောင် မပေးနိုင်ဘူးလား! အဲ့ဒီဝိုင်တစ်ပုလင်းက ယွမ်သိန်းနဲ့ချီပြီးတန်တာ မင်းသိရဲ့လားကွ! မင်း တီဗီတစ်ခါမှ မကြည့်ဖူးဘူးလား။

မည်သို့ပင်ဆိုစေကာမူ ဤLafiteဝိုင်ပုလင်းသည် ဂုဏ်ပြုဝိုင်ဟူ၍တောင် သတ်မှတ်လို့ရပေသည်။ 

ဝမ်ဖေးသည် ရင်ထဲမှ မကျေနပ်ချက်များကို လျစ်လျူရှုထားလိုက်ရသည်။ ရွှီဖန်းကတော့ အရှေ့ကို တလှမ်းချင်းတိုးကာ မိန်မိန်း၏အနောက်ကနေ အခန်း၃၄ကို လိုက်ဝင်သွားခဲ့သည်။

ဤဟိုတယ်ရှိ စားသောက်ဆိုင်သည် တစ်နပ်စာအတွက် ယွမ်သိန်းနှင့်ချီကာ တန်လေသည်။ အတွင်းပိုင်းကို ရှေးဟောင်းထိုင်ခုံများ၊ မှန်စားပွဲများဖြင့် အလှဆင်ထားသည်။ မျက်နှာကျက်ရှိ မီးဆိုင်းမှာ တောက်ပသလို နံရံဆေးရေးပန်းချီကားများကိုလည်း မီးလုံးများဖြင့် အလှဆင်ထားသည်။

မိန်မိန်းကမူ အခန်းတံခါးပိတ်၍ ဟင်းပွဲများ ပြင်ဆင်

ရန် ပြန်ထွက်သွားခဲ့သည်။

ရွှီဖန်းသည် သက်တောင့်သက်သာရှိစွာပင် ဂုဏ်ထူးဆောင်နေရာ၌ ဝင်ထိုင်ခဲ့ပြီး တခြားလူများကို ပြောလိုက်သည်။

"ထိုင်ကြပါ"

ဒီနေ့ဟာ သူ ဒုက္ခခံစားရသောနေ့ ဖြစ်ရမည်ဟု ဝမ်ဖေးခံစားနေရသည်။ ယေရှုအား လက်ဝါးကပ်တိုင်ပေါ်မှာ တင်ထားသကဲ့သို့၊ ယွဲ့ဖေးသည် အဆိပ်ခတ်ခံရပြီး လူရမ်းကားများညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသကဲ့သို့ပင်။ သူ မသေသော်လည်း ဤအဖြစ်ကပင် တော်တော်လေး ဒေါသထွက်စရာကောင်းလှသည်။

ဝမ်ဖေးသည် အရည်အချင်းမရှိသူ မဟုတ်ပေ။ သူသည် ကိုယ်ခံပညာပင် လေ့ကျင့်နိုင်ပြီး တိုက်ကွမ်ဒိုမှာတောင် ခါးပတ်နက်ရထားပြီးလေပြီ။ 

သို့သော် သူ၏ယခင်စိတ်ခံစားချက်များဘယ်လောက်ပဲကောင်းခဲ့ပါစေ ရွှီဖန်းကြောင့် မကောင်းနိုင်တော့ပေ။

ဤတစ်နပ်စာက ယွမ်သိန်းချီတန်ပေသည်။ 

ဒါက ငါကျွေးတာ! ငါပဲ ဒီသိန်းချီတန်တဲ့ဝိုင်နီပုလင်းကို မှာတာ! ဘာလို့ ဒီလူရဲ့အရှေ့ကျမှပဲ ငါက အစားအစာလက်ခံရတဲ့သူလို ဖြစ်နေရတာလဲ!

ဝမ်ဖေးသည် သူ့ရင်ထဲ၌ အော်ဟစ်နေသော်လည်း သူ့မျက်နှာအမူအရာကိုမူ တတ်နိုင်သမျှ ထိန်းထားခဲ့သည်။ သူ ဦးဆောင်ကာ ရွှီဖန်း၏ဘေးမှာ ဝင်ထိုင်

လိုက်သည်။

တခြားသခင်လေးများကလည်း အံကိုကြိတ်ကာ ဝင်ထိုင်ခဲ့ကြသည်။ သူတို့၏လက်သီးများက ကျစ်ကျစ်ပါအောင် ဆုပ်ထား၍ ဂျွတ်ဂျွတ်အသံများတောင် ထွက်နေလေသည်။

ရွှီဖန်းကတော့ သတိမထားမိသလိုပင်။ သူ ဝမ်ဖေးကို လှည့်ကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ရှောင်ဖေး ဒီအစ်ကိုရဲ့အရသာခံစားမှုက တော်တော်လေး ဆန်းတယ်၊ မီနူးကို တစ်ချက် ပြန်ပြပါဦး၊ မင်းမှာထားတဲ့ ဟင်းပွဲတွေက ငါကြိုက်တဲ့အရသာနဲ့မကိုက်ညီမှာစိုးလို့၊ မဟုတ်ရင် အားလုံး အလကားဖြစ်သွားမှာ ကြောက်လို့လေ"

ဝမ်ဖေးသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါး ဖြစ်သွားရပြန်သည်။

စောက်ကျိုးနည်း!

ခဏနေရင် ငါ့ညီအစ်ကိုတွေရောက်လာပြီး မင်းကို လာရိုက်ကြလိမ့်မယ်! အဲ့ဒီဟင်းပွဲတွေက ငါတို့ အောင်ပွဲခံပြီးရင် စားသောက်ဖို့ကွ ဟုတ်ပြီလား!

သို့သော် ဝမ်ဖေးသည် ခဏတာမျှ စိတ်တည်ငြိမ်

အောင် ထိန်းထားခဲ့ပြီး အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။ လက်ဖျောက်တီးကာ စားပွဲထိုးလက်ထဲမှ မီနူးကိုယူ၍ ရွှီဖန်းကိုပေးလိုက်သည်။

ခဏလောက် မာနကြီးနေဦးပေါ့! မင်းအတွက် ခဏနေရင် ပိုကောင်းတဲ့အရာတွေ ရောက်လာလိမ့်မယ်! 

သူ စိတ်လိုက်မာန်ပါ လုပ်လို့မရပေ။ လမ်းတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည့်ဒုက္ခများကို သူ သည်းခံခဲ့ရသည်။ အောင်ပွဲအား ရိတ်သိမ်းနိုင်တော့မည့်အချိန်ကျမှ သူ ကျရှုံးလို့မရပေ။

ရွှီဖန်းသည် မီနူးကိုယူ၍ စာမျက်နှာအချို့ကို ဟန်ဆောင်ပန်ဆောင်လှန်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီမီနူးက အရမ်းထူတာပဲ...ဟိုလှန်ရ ဒီလှန်ရနဲ့ တော်တော် ဒုက္ခများတာပဲ၊ ဒီလိုလုပ်ပါလား...စားပွဲထိုး ငါးတောင်ပံနဲ့ ပင်လယ်ခရုတို့လို့ စျေးအကြီးဆုံး ဟင်းပွဲဆယ်မျိုးကို တစ်မျိုးစီ ချပေးပါ"

စားပွဲထိုးသည် ရွှီဖန်းလက်ထဲမှ မီနူးကိုယူ၍ နားကြပ်ဖြင့် စားဖိုဆောင်သို့ အကြောင်းကြားနေခဲ့သည်။

ရွှီဖန်းသည် ဂုဏ်ထူးဆောင်နေရာတွင် ထိုင်နေသူဖြစ်တာကြောင့် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၏သားထက်ပင် ပို၍ဂုဏ်သိက္ခာရှိသူဖြစ်နိုင်လေသည်။ စားပွဲထိုးတစ်ဦးအနေဖြင့် မည်သို့ ငြင်းဆန်ရဲမည်နည်း။

ဒါ့အပြင် ဟင်းပွဲများက စျေးကြီးလေ သူရမည့်

ကော်မရှင်ခက ပိုများလေပင်။

ဝမ်ဖေး၏မျက်နှာအမူအရာမှာ ယင်ကောင်ကို စားမိသကဲ့သို့ ဖြစ်နေသည်။ သူ့မျက်နှာပေါ်၌ သောင်းကျန်းလိုခြင်းနှင့် ဒေါသကိုရုန်းကန်နေရမှုများ ရောထွေးနေသည်။

စျေးအကြီးဆုံးဟင်းပွဲဆယ်မျိုးဆိုလျှင် သိန်းချီပြီးကျသင့်မှာ သေချာသည်။

သူ ချမ်းသာသော်လည်း ဒီလောက်ထိတော့ တစ်ခါတည်း မတတ်နိုင်ပေ။

ရွှီဖန်းသည် ဝမ်ဖေး၏မျက်နှာအမူအရာကို ကြည့်

ကာ ခေါင်းကို ပုတ်လိုက်မိသည်။ 

"အောင်မလေးဗျာ ကြည့်စမ်းပါဦး! ငါ့အတွက်ငါပဲ ဟင်းပွဲတွေ မှာနေရင်း ညီအစ်ကိုတွေကို ဂရုမစိုက်မိဘူး၊ ဒီလိုလုပ်လိုက်...စားပွဲထိုး! ပထမဆုံးဟင်းပွဲဆယ်မျိုးအပြင် နောက်ထပ်ဆယ်မျိုး ထပ်ထည့်ရအောင်"

စားပွဲထိုးက ဟင်းပွဲတချို့အား ထပ်မှာနေသည်ကို မြင်သောအခါ ဝမ်ဖေးသည် ရွှီဖန်း၏လက်အား အမြန်ဆွဲကိုင်လိုက်သည်။ 

"အစ်ကိုရွှီ ကျွန်တော်တို့အတွက် ဒီလောက်ဒုက္ခများစရာ မလိုပါဘူး!"

ရွှီဖန်း၏မျက်နှာပေါ်၌ မကျေနပ်မှုအရိပ်အယောင်များ ပေါ်လာသည်။ 

"ရှောင်ဖေး ဘာတွေပြောနေတာလဲ၊ မင်းရဲ့အစ်ကိုရွှီက ကောင်းကောင်းစားပြီး ငါ့ရဲ့ညီအစ်ကိုတွေကို ပစ်ထားမယ်ဆိုရင် ဒါ ငါ့မျက်နှာကို ရိုက်လိုက်သလို မဖြစ်သွားဘူးလား"

ဝမ်ဖေးမှာ စားပွဲကို ရိုက်ချချင်စိတ်အား အောင့်အီးထိန်းချုပ်ထားရသည်။ ဒီလောက် မျက်နှာပြောင်တိုက်သည့်လူမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ 

မင်းရဲ့မျက်နှာကို ရိုက်တယ်ဟုတ်လား! ငါက ဧည့်ခံပြီး ကျသင့်ငွေကိုပေးချေရမှာလေ!

သူများပိုက်ဆံကိုသုံးပြီး ကိုယ်ချင်းစာတရားကင်းမဲ့တဲ့စကားတွေကို ပြောနေတာ မင်းမှာကိုယ်ချင်းစာတရား မရှိဘူးလားကွ!

ဝမ်ဖေးသည် ရွှီဖန်း၏လက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ 

"အစ်ကိုရွှီ ခင်ဗျား ဒါတွေကို မသိသေးဘူး၊ ကျွန်တော်တို့ညီအစ်ကိုတွေ ခုနကမှ ပညာပေးရုပ်ရှင်တစ်ကားကို ကြည့်ပြီး အသိပညာတွေအများကြီး ရခဲ့တယ်! ရိုးရှင်းတဲ့စိတ်နေစိတ်ထားကိုပဲ လေ့လာကျင့်သုံးကြပြီး ဖြုန်းတီးတာတွေ မလုပ်ကြတော့ဘူးလို့ ကတိသစ္စာပြုထားကြတယ်!"

ရွှီဖန်းသည် လေးနက်စွာ စဉ်းစားနေသကဲ့သို့ ခေါင်းညိတ်လိုက်သည်။ 

"ဒီလိုကိုး...မင်းတို့ရဲ့စိတ်ထားက ဂုဏ်ပြုထိုက်ပါတယ်၊ စားပွဲထိုး! ငါ့ညီအစ်ကိုတွေအတွက် ဘန်းမုန့်

တချို့နဲ့ ဆားရည်စိမ်ဟင်းရွက်တွေချပေးပါ၊ မင်းတို့ စိတ်ချပါ...ငါတို့က ညီအစ်ကိုတွေဖြစ်တဲ့အတွက် ဒီလို ဒုက္ခခံပြီးရိုးရှင်းတဲ့စိတ်ထား ထားရှိတာကို ငါထောက်ခံပေးမယ်!"

စားပွဲထိုးသည် ရွှီဖန်း၏တောင်းဆိုမှုအားအကြောင်းကြားလိုက်သည်။

ရွှီဖန်းသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ စားပွဲထိုးကို လက်ဝှေ့ယမ်းလိုက်ပြန်သည်။ 

"ကောင်းပြီလေ မင်းတို့က ဒုက္ခခံပြီးရိုးရှင်းတဲ့ စိတ်ထား ထားရှိနိုင်ဖို့အတွက် အတင်းအကျပ် တောင်းဆိုနေကြတာဆိုတော့ အဲဲ့ဒီဝိုင်နီပုလင်းကို မင်းတို့ မသောက်တော့ရင် အလကားဖြစ်နေမှာ မဟုတ်ဘူးလား၊ စားပွဲထိုး...ဝိုင်နီပုလင်းကို ငါ့အတွက် ဖွင့်ပေးပါ၊ ငါ ကိုယ်တိုင် သောက်မယ်!"

စားပွဲထိုးသည် ဝိုင်နီပုလင်းကို ဖွင့်၍ ရွှီဖန်း၏အရှေ့တွင် ချပေးလာသည်။ ရွှီဖန်းသည် ဝိုင်နီကို ဖန်ခွက်ထဲသို့ လောင်းထည့်ကာ ညင်သာစွာဖြင့် တစ်ငုံသောက်

လိုက်သည်။ ထို့နောက် ကျေနပ်နေသော အမူအရာဖြင့်...

"ကောင်းလိုက်တဲ့ဝိုင်!"

ဝမ်ဖေးနှင့်ကျန်လူများကတော့ မျက်ရည်ကျတော့မတတ် ဖြစ်နေကြလေပြီ။ ငယ်စဉ်ကတည်းက ဤကဲ့သို့ အရှက်ရခြင်းမျိုးကို သူတို့ တစ်ခါမှ မခံစားခဲ့ကြဖူးပေ။ 

အစ်ကိုဟူရဲ့လူတွေ မကြာခင် ရောက်လာတော့မယ်ထင်တယ်။

ထိုအရာကို တွေးလိုက်မိသည်နှင့် ဝမ်ဖေးသည် ထရပ်ကာ တောင်းဆိုလိုက်သည်။

"အစ်ကိုရွှီ ကျွန်တော် အိမ်သာသွားလိုက်ပါဦးမယ်"

ရွှီဖန်း ပေါ့ပေါ့ပါးပါးပင် လက်ဝှေ့ယမ်းလိုက်သည်။ 

"အိမ်သာသွားချင်နေတာများ သွားလေ၊ မင်းက မူလတန်းကျောင်းသားလည်း မဟုတ်တော့ဘဲနဲ့ အိမ်သာသွားတာကိုတောင် ငါ့ကို သတင်းပို့နေသေးတယ်"

ဝမ်ဖေးသည် ခြေချော်၍ မြေပြင်ပေါ်သို့ ဒူးထောက်ကျမလိုပင် ဖြစ်သွားခဲ့သည်။

မင်းကသာ မူလတန်းကျောင်းသား!! မင်းတို့တစ်မိသားစုလုံးကသာ မူလတန်းကျောင်းသား!!

မင်းရဲ့ခွန်အားသာ ငါ့ထက် အများကြီးမသာနေဘူးဆိုရင် ငါက ဒီလောက်ထိ နှိမ့်ချပြီး သတိထားနေပါ့မလား!

အရမ်းကြီးမာန်မတက်နေနဲ့! ခဏနေရင် မင်းအလှည့် ရောက်လာလိမ့်မယ်!

ဝမ်ဖေး သီးသန့်အခန်းထဲကနေ ထွက်သွားပြီးနောက် သခင်လေး ခုနစ်၊ ရှစ်ယောက်လောက်ကလည်း ထရပ်ကာ အိမ်သာသွားကြလေသည်။ 

ရွှီဖန်းကတော့ ပေါ့ပေါ့ပါးပါးပင် သူတို့ကို သွားကြရန် လက်ဝှေ့ယမ်းပြနေတုန်းပင်။ မကြာခင်မှာပင် အခန်း၃၄၌ ရွှီဖန်းတစ်ယောက်တည်းသာ ကျန်တော့သည်။

အခန်းအပြင်ဘက်၌မူ ဝမ်ဖေးသည် သူ့လက်ကိုင်ဖုန်းကိုထုတ်၍ အစ်ကိုဟူဆီကို ဖုန်းခေါ်နေသည်။

"ဟယ်လို... အစ်ကိုဟူ ရောက်နေပြီလား"

"ရောက်ပြီ..နှစ်မိနစ်လောက်ပဲ တော်တော်လေး နီးနေပြီ!"

"ကောင်းပြီ! သူက အခန်း၃၄မှာနော်၊ ကျွန်တော်တို့ ညီအစ်ကိုတွေ တံခါးနားမှာစောင့်နေတယ်၊ အခန်း၃၄က ရှစ်လွှာမှာ...ဒီတစ်ခါ သူ့မှာ တောင်ပံတွေ ရှိနေရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး!"

ဝမ်ဖေး ဖုန်းချကာ သက်ပြင်းအရှည်ကြီး ချလိုက်

သည်။ သူ ဖြတ်သန်းခဲ့ရသော ဒုက္ခများနှင့် အရှက်ရမှုအားလုံးသည် ပိဋကတ်ရှာဖွေရန် အနောက်ဘက်သို့ ခရီးသွားရသလိုပင် အလွန်ကို ခက်ခဲခဲ့သည်။ 

နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ဂုဏ်မောက်ရမည့်

အချိန်ကို ရောက်လာလေပြီ။

***********************

All Chapters