← Chapters

နောက်ထပ်တစ်ယောက်

Vol. 19 Ch. 271

နောက်ထပ်တစ်ယောက်

Vol. 19 Ch. 271

နှစ်ဖက်စလုံးမှ ကိုယ်ပိုင်သေနတ်တွေကို မြှောက်

လိုက်သည့်အချိန် ယန်ပင်း ရယ်မောခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် သူရော သူ့ရန်သူပါ တစ်

ယောက်အားနည်းချက်ကို တစ်ယောက် ချိန်ထားကြလေသည်။ 

နှလုံးကိုပင်။

ဒီလို တိုက်ခိုက်မှုမျိုး၌ တစ်ခုတည်းသော နည်းလမ်းမှာ နှလုံးအား ချိန်ထားရန်ပင်။ နောက်ဆုံးမှာ ဦးနှောက်သည် ရင်ဘတ်ထက် ပိုပြီး လှုပ်ရှား၍ လွယ်ကူကာ ချိန်ထားရတာ ပိုခက်ပေ၏။

ဒါကြောင့်ပဲ ယန်ပင်းသည် သူအနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်ရှိနေခြင်းပင်။ သူ့ရင်ဘတ်ပေါ်၌ နှလုံးအကာမှန်ကို တပ်ဆင်ထားခဲ့သည်။ 

ဒိုင်း!

သေနတ်နှစ်ခုသည် တစ်ပြိုင်တည်း ပစ်ခတ်လာခဲ့သည်။ ဘယ်ဘက်ကမှ တစ်ဖက်ပြိုင်ဘက်ကို တုံ့ပြန်ရန် အခွင့်အရေးမပေးခဲ့ပေ။

ကျည်ဆံနှစ်ခုသည် စီစဥ်ထားခဲ့သည့် ပစ်မှတ်၏နေရာကို ထိသွားခဲ့သည်။

တိုက်ခိုက်မှု၏တွန်းအားကြောင့် ယန်ပင်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ကံကောင်းစွာဖြင့် သူသည် ကိုယ်ခံပညာကို မတတ်မြောက်ထားသော်လည်း နှလုံးအကာမှန်က ထိခိုက်မှုအများစုကို ပိတ်ဆို့ပေးနိုင်ခဲ့သည်။

ထိုပစ်ခတ်မှုသည် သူ့ရင်ဘတ်အား အနည်းငယ်မွန်းသွားအောင်သာ လုပ်နိုင်ခဲ့သည်။

သူ လက်ကို ဆန့်ထုတ်၍ နှလုံးအကာမှန်ကို ဖယ်ထုတ်ခဲ့သည်။ ပုံစံတော့ပျက်သွားသော်လည်း မဖောက်ထွင်းသွားခဲ့သည့် နှလုံးအကာမှန်ကိုကြည့်၍ ယန်ပင်း ရယ်မောကာ ညည်းညူမိသည်။

"ဟင်း~မနှစ်က အဲ့ဒီမစ်ရှင်ကိုလုပ်ခဲ့ပြီး ဒါ ရခဲ့လို့ တော်သေးတယ်၊ မဟုတ်ရင် ငါ သေမှာ ကျိန်းသေတယ်"

ထိုသို့ပြော၍ သူ မတ်တပ်ရပ်ကာ သေနတ်ကို သေတ္တာပုံစံကဲ့သို့ ပြန်ခေါက်ခဲ့သည်။

ယန်ပင်း အသက်ပြင်းပြင်းရှူသွင်းကာ မြေပြင်ပေါ် လဲကျနေမည့် ထိုလူ့ဆီသို့ လျှောက်သွားခဲ့သည်။

"ဟေး ရွှီဖန်း ငါတော်တော် ဒုက္ခခံလိုက်ရတယ်၊ ငါပိုက်ဆံပိုလိုချင်တယ်နော်"

လျှောက်သွားရင်းဖြင့် သူ နားကြပ်ထဲသို့ ပြောခဲ့သည်။

တစ်ဖက်တွင် ရွှီဖန်း၏ မျက်လုံးများက မှေးနေပြီး လေဝင်လေထွက်ကလည်း ပြတ်တောင်းပြတ်တောင်းဖြစ်နေခဲ့သည်။

"တော်...တယ်..."

ရွှီဖန်း အကောင်းဆုံးကြိုးစား၍ ပြန်ဖြေခဲ့သည်။

ရွှီဖန်း၏ ချီးကျုးမှုကို ကြားသည့်အခါ ယန်ပင်းသည် သူ့ခေါင်းကိုကုတ်၍ ဘာမှပြန်မပြောဘဲ ပြုံးလိုက်မိသည်။

သူ တောင်ပေါ်ရောက်သွားသည့်အခိုက်အတန့်မှာ ယန်ပင်း၏ သူငယ်အိမ်များ ကျုံ့သွားပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။ သူ လဲကျသွားသည်နှင့် သူကျောပြင်ကို ထိခတ်သွားသည့် ကျည်ဆံကို ခံစားမိခဲ့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ယန်ပင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သေချာပေါက်ပင် သူပစ်ခဲ့သည့်ကျည်ဆံက ရန်သူ၏ ရင်ဘတ်ကို ထိသွားခဲ့သည်ကို သူသိ၏။ 

အခု ဘယ်လိုဖြစ်တာလဲ။

ထိုအချိန် လူသတ်သမားကလည်း သူ ထပ်ပြီး ပစ်မှတ်

လွဲချော်သွားပြီမှန်းသိသည့်အခါ ညာဘက်သို့ အမြန်ပြေးထွက်သွားခဲ့သည်။ သူနှင့် ယန်ပင်းကြား၌ အကွာအဝေးတစ်ခုကို ခြားထားချင်ခဲ့သည်။

တခြားလူများ မသိသည်မှာ ရွှီဖန်းဘက်မှ လူသတ်

သမားသည် ယန်ပင်းဖြစ်နေသည်မှန်း သူ သိထားပြီးသားပင်။ 

ယန်ပင်း၏ သေတ္တာပုံစံ submachine သေနတ်ထဲ၌ ကျည်ဆံ အနည်းဆုံး ၃၀ပါသည်ကို သူ သိပေသည်။ 

သူ ပြေးနေရင်း သူ့ရင်ဘတ်ပေါ်မှာ ကပ်ထားသည့် အထူးပြုလုပ်ထားသော ကြေးပြားကို ဆွဲခွာ၍ အိတ်ကပ်ထဲ ထည့်ခဲ့သည်။

"ကံကောင်းလို့ အဖွဲ့အစည်းက သူတို့ကိုယ်ပိုင်ဘရန်းကို ဖန်တီးတုန်းမှာ အထူးသတ္တုစပ်ကို အသုံးပြုထားလို့၊ မဟုတ်ရင် အဲ့ဒီကျည်ဆံကို ကာထားနိုင်ခဲ့မှာ မဟုတ်ဘူး"

လူသတ်သမားက သူ့ကိုယ်သူ တွေးနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ယန်ပင်းသည် မြက်ပင်ပေါ်မှာ လဲလျောင်းရင်း စိတ်ပျက်မှုကြားထဲ ကျဆင်းနေခဲ့သည်။

ဒီတစ်ကြိမ် သူ၏ တခြားသော ကျည်ဆံများသည် အိတ်ထဲမှာ ထည့်ထားခဲ့သည်။ သို့သော် ရွှီဖန်းအား ဖုံးကွယ်ပေးရန်အတွက် ထိုအိတ်အား ရွှီဖန်းအိမ်၏ မရှေ့သို့ ပစ်ခဲ့မိသည်။

သေစမ်း!

ယန်ပင်း အံကြိတ်လိုက်မိသည်။ လက်ရှိအချိန်၌ တစ်ဖက်လူကို တိုက်ခိုက်ရန် သူ၏ submachine သေနတ်ကိုသာ မှီခိုရလိမ့်မည်။

သို့သော်ငြား ယန်ပင်း အနည်းငယ် စိတ်ပူမိပေသည်။ ဤသေနတ်အား သယ်ဆောင်ရလွယ်ကူစေရန် လုပ်ထားခြင်းဖြစ်ရာ သေနတ်၏ ထိခိုက်မှုကိုလည်း လျှော့ချထားခဲ့သည်။ ယခု ပစ်မှတ်သည် သူဆီမှ ၁၀မီတာ အကွာကို ကျော်လွန်နေလေပြီ။ ၎င်းအကွာအဝေးက သူ ပစ်တာ ထိခဲ့လျှင်တောင် လုံးဝမသေနိုင်ပေ။

ထိုလူသတ်သမားဘက်က သေနတ်ဖြင့် ပြန်ပစ်ပါက သူ့အသက်ကိုပင် ဆုံးရှုံးရလိမ့်မည်။

ဒါကိုတွေးလိုက်သည့်အခါ နောက်ထပ် နှောင့်နှေးနေလို့ မဖြစ်တော့မှန်း ယန်ပင်း သိလိုက်သည်။ သူ အမြန်

မြေပြင်ပေါ်မှ ကုန်းထကာ သူ မရင်းနှီးသော တောင်ပေါ်၌ တစ်ဖက်လူ၏ အနောက်သို့ ပြေးလိုက်တော့သည်။

ထိုအချိန် သူ့အိမ်၏ နံရံကို မှီထားသည့် ရွှီဖန်းကလည်း သေနတ်သံကို ထပ်ကြားခဲ့ရတာကြောင့် ရန်သူမှာ မသေသေးမှန်း သိလိုက်ရပေသည်။

ဒါကို သိသည့်အခါ ရွှီဖန်း အံကြိတ်၍ စတင်စိတ်ပူလာခဲ့သည်။

ယခုဆိုလျှင် သေနတ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး တတ်မြောက်ချင်သည်ဟု သူ ဆုတောင်းမိပေသည်။ သူသာ တတ်ကျွမ်းပါက ဝူမင်ဆီမှ သေနတ်ငှားကာ သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်။ အခုလို အခြေအနေ ဖြစ်တော့မည်မဟုတ်ပေ။

"မင်းက ရွှီဖန်းမလား"

ရွှီဖန်းသည် သူ၏ လုပ်ဆောင်မှုများအား တိတ်တဆိတ် နောင်တရနေသည့်အချိန် ဘယ်ကမှန်းမသိသည့် အမျိုးသားတစ်ယောက်က သူ့အရှေ့ကို လျှောက်လာသည်။ သူက ရွှီဖန်းကို ကြည့်ရင်း အပြုံးဖြင့် ပြောလာခဲ့သည်။

"ယန်ပင်း ဒီမှာ နောက်ထပ် လူသတ်သမားရှိနေတယ်"

ဒါကို ပြော၍ နားကြပ်ကို ချွတ်ကာ သူ့ခွန်အားကို စတင်စုဆောင်းခဲ့သည်။

ရွှီဖန်း ထိုအမျိုးသားအား ပြုံးပြ၍...

"ဟုတ်တယ် အဟွတ်...မင်း ဘယ်သူလဲဆိုတာ သိလို့ရမလား"

ထိုအခိုက်အတန့်တွင် ပစ်ခတ်မှုသုံးခုကို ရှောင်တိမ်းနေခဲ့သည့် ယန်ပင်းကလည်း နားကြပ်မှ ထွက်လာသည့်အသံကို ကြားခဲ့ရသည်။

ချက်ချင်း သူ ရပ်လိုက်မိသည်။

စောက်ကျိုးနည်း! ဘာလို့ အများကြီးရှိနေတာလဲ!!

ယန်ပင်းတစ်ယောက် စိတ်ဓာတ်ကျလာတော့သည်။ အခုဆိုလျှင် သူသည် သူ့အရှေ့မှ လူသတ်သမားအား ဖြေရှင်းရန်ပင် အားနည်းနေလေပြီ။

ထို့ပြင် ရွှီဖန်း၏ဘက်မှာလည်း လူသတ်သမားတစ်ယောက် ထပ်ပေါ်လာပြန်သည်။ ထိုအရာက ယန်ပင်းအား တစ်ကယ်ကို ကူကယ်ရာမဲ့စေပေသည်။

သို့သော်ငြား သူ အခြေခံအချက်ကို ရှင်းရှင်းလင်းလင်းသိပေသည်။ 

အခု သူ ပြန်လှည့်ပြေးကာ ရွှီဖန်းကို ကယ်ရမည်။ ထို့ပြင် လမ်းလယ်၌ ဘယ်သူ့ဆီမှ အပစ်မခံရအောင်လည်း သူ့ကိုယ်သူ ဂရုစိုက်ရမည်။ မဟုတ်

လျှင် အရာအားလုံး အသုံးမဝင် ဖြစ်သွားလိမ့်မည်။

ဒါကိုတွေး၍ သူ ချက်ချင်း ပြန်လှည့်ကာ တောင်ပေါ်မှ ပြေးဆင်းလာခဲ့သည်။

ကံကောင်းစွာပင် တောင်ပေါ်၌ သစ်ပင်များစွာ ရှိနေခဲ့သည်။ လူသတ်သမားသည် ယန်ပင်းနှင့် ဆယ်မီတာအကျော်မှာ ရှိနေတုန်းပင်။ ယန်ပင်းမှ ပြန်လှည့်ပြေးသွားသည့်အခါ သူ အံ့အားသင့်သွားခဲ့သည်။ 

သို့သော်ငြား သူ့တုံ့ပြန်မှုမှာ အလွန်မြန်ဆန်တုန်းဖြစ်ပြီး အနောက်ကနေ ဂရုတစိုက် လိုက်သွားမိသည်။ ယန်

ပင်းက လက်ထဲမှာ  submachine သေနတ်ကို ကိုင်ထားဆဲဖြစ်တာကြောင့် သူ အရမ်းကြီးတော့ မကပ်လိုက်ရဲပေ။

တစ်ဖက်ရန်သူက အရှိန်လျှော့၍ အမီလိုက်လာတာ

ကို မြင်သည့်အခါ သူ့သေနတ်မှ ပစ်ခတ်နိုင်သော တစ်ကယ့်အစစ်အမှန်အကွာအဝေးကို တစ်ဖက်လူ

သည် မသိသေးတာကြောင့် သတိထားလိုက်နေမှန်း ယန်ပင်း သိသွားခဲ့သည်။ 

ပြေးဖို့ အခွင့်အရေးပဲ!

ယန်ပင်း အံကြိတ်၍ သူ့ခြေလှမ်းကို အရှိန်မြှင့်ခဲ့သည်။ ထို့နောက် သူ ဆက်ပြီးမပြေးခင်မှာ အနောက်သို့ အကြိမ်ရေအနည်းငယ် ပစ်ခတ်ခဲ့သည်။

ယခု သူ လုပ်ရန်လိုအပ်သည်မှာ ညောင်ပင်အိုကြီးအောက်သို့ပြေးသွားရန်ဖြစ်ပြီး တစ်ဖက်ရန်သူ၏ အမြင်မှ ယာယီ ပုန်းကွယ်ကာ သူ့အတွက် အချိန်ပိုပြန်ယူရန်ဖြစ်သည်။

မြန်မြန်!

ယန်ပင်းအံကြိတ်ကာ ပြေးခဲ့သည်။

"ဒါက မင်းက ရွှီဖန်းပေါ့"

ရွှီဖန်းအား ညင်သာစွာ ပြုံးပြနေခဲ့သည့် ထိုလူသည် သူ၏ ရင်ဘတ်ထံသို့ လက်ဆန့်ထုတ်လာခဲ့သည်။

******************

All Chapters