← Chapters

ဖြေရှင်းပြီ

Vol. 14 Ch. 202

ဖြေရှင်းပြီ

Vol. 14 Ch. 202

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဝူယွီရွှမ်းအား မျက်လုံးစောင်းကြည့်၍ ဤနေရာတွင် မဖြေရှင်းရန်အချက်ပြပြီး ရုံးသို့ ခေါ်ဆောင်စေခဲ့သည်။

အလွန်ပူလောင်သောနေ့ ဖြစ်သည့်အပြင် ဒုတိယအဒေါ်လီတို့လည်း မငယ်တော့ပေ။ အပူဒဏ်ကို ထပ်၍ခံရပါက သို့မဟုတ် တစ်ခုခု နှိုးဆော်ခံရပါက ဒုက္ခဖြစ်ကုန်လိမ့်မည်။ 

လူအုပ်ကြီးကလည်း လူစုခွဲကုန်ကြပြီး ဝမ်ရှို့ချိုင်နှင့် ဒုတိယအဒေါ်လီကိုမူ ရုံးထဲသို့ ခေါ်ဆောင်လာခဲ့သည်။

"မိန်းကလေး ဒီကိစ္စကို ကျွန်မတို့ ဇနီးမောင်နှံအတွက် ဖြေရှင်းပေးရမယ်နော်"

ဒုတိယအဒေါ်လီသည် မြစ်အောက်ပိုင်းရွာမှ ရွာသားမဟုတ်သော်လည်း ဝမ်ရှို့ချိုင်၏ သီးပင်စားပင်ကိစ္စနှင့် ရေလှောင်ကန်ကိစ္စ အလဲအလှယ်အတွက် ဝူယွီရွှမ်းနှင့် အနည်းငယ် အပြောအဆိုရှိဖူးလေသည်။ ဒါကြောင့် ဒီကောင်မလေးအပေါ်မှာ သူမ အမြင်ကောင်းရှိပေသည်။ 

ဝမ်ရှို့ချိုင်သည် အလွန်စိတ်မချမ်းမသာဖြစ်နေသော်လည်း ထွက်မသွားနိုင်ခဲ့ပေ။ 

"ရှောင်ကျွင်း ငါးပျိုးပင်တွေကို စုဆောင်းဖို့ လူတချို့ခေါ်သွားလိုက်ပါ၊ ရှင်ကျန်ခဲ့တဲ့ အပင်တွေရှိမရှိ သိရအောင်လို့"

"ဘာလို့ ရှင်နေဦးမှာလဲ၊ မိနစ်နှစ်ဆယ်လောက် နေရောင်ခြည်နဲ့ ထိတွေ့ရင်တောင် အကုန်သေတဲ့ကိစ္စဟာကို တစ်မနက်လုံး နေနဲ့ထိတွေ့ပြီးမှတော့ ဘယ်လိုလုပ် ရှင်ဦးမှာလဲ"

ရုံးထဲသို့ ရောက်သောအခါ ဝူယွီရွှမ်းသည် ဒုတိယအဒေါ်လီနှင့် လီအာကို နှစ်သိမ့်ပေးပြီး ဝမ်ရှို့ချိုင်ကို ပြောလိုက်သည်။

"ဦးလေးရှို့ချိုင် ဘယ်လိုဖြစ်နေတာလဲ၊ ဦးလေး အသက်လည်း မငယ်တော့ဘူး၊ ဘာလို့ ကလေးလိုပြုမူနေတာလဲ၊ တစ်ခုခုပြောပြီးတာနဲ့ ဦးလေးရဲ့ခေါင်းမာတဲ့အကျင့်က ပေါ်ပေါ်လာတာပဲ၊ ရေလှောင်ကန်ကို ဒုတိယအဒေါ်လီတို့ မိသားစုနဲ့ နှစ်နှစ် စာချုပ်ချုပ်မယ်လို့ ပြောခဲ့တယ်၊ ဘာလို့ စကားကို ပြန်ရုတ်သိမ်းရတာလဲ"

ဝမ်ရှို့ချိုင်က သက်ပြင်းချသည်။

"အိုက်ယား အုပ်ချုပ်ရေးမှူးဝူ မင်းက ငါတို့ ရွာသားတွေအတွက် တွေးပေးနေတာ ငါသိပါတယ်၊ ဒုတိယအဒေါ်လီကို ကူညီပေးရတာကိုလည်း ငါ ဝမ်းသာပြီးသား၊ ဒါပေမယ့် ဒုတိယအဒေါ်လီတို့ အိမ်မှာ သီးပင်စားပင်တွေ စိုက်လာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ပိုက်ဆံအများကြီးလည်း မရှာနိုင်ခဲ့ကြဘူး၊ သူတို့ပြန်ရတဲ့ပိုက်ဆံက သူတို့ လယ်ငှားခတောင် ပေးဖို့မလောက်ကြဘူး"

ဝမ်ရှို့ချိုင်၏ မျက်နှာက အပြစ်ကင်းစင်ဟန်ပေါက်နေပြီး သူပြောသမျှကလည်း ကျိုးကြောင်းဆီလျော်

နေ၏။ မူလက ဝင်ငွေတချို့ရရှိကာ သက်သောင့်သက်သာနေထိုင်လိုသော ဘဝအတွက် ရေလှောင်ကန်ကို စာချုပ်ချုပ်ပေးခဲ့သည်။ သို့သော် ရုတ်တရက်ကြီး ပျက်ဆီးနေသော ဥယျာဥ်ခြံအစားထိုး ဖြစ်လာရသည်။ ဘယ်သူကမှ ထိုသို့လုပ်ရန် ဆန္ဒမရှိပေ။ သို့သော်ငြား ဒီတစ်ခေါက်က ကွဲပြားသည်။ ဝူယွီရွှမ်းက ဆွေးနွေးလာတာကြောင့် သူ့မှာ မလုပ်ချင်ဘူးဟု ပြောလို့မရခဲ့ပေ။ 

"ဦးလေးရှို့ချိုင် ဒီလိုပြောလို့မရဘူးလေ၊ ကျွန်မတို့ညှိနှိုင်းနေတုန်းက ဦးလေး ဘာမှမပြောလာတဲ့အပြင် ဘာမှလည်း မချေပလာဘူး၊ ပြီးတော့ သူတို့ ဟဲ့ဇီရွာကို သွားပြီး ဦးလေးအတွက် လျော်ကြေးပြန်ပေးပါ့မယ်လို့ ပြောတုန်းကလည်း လက်မခံခဲ့ဘူး၊ ပြီးတော့လည်း ဦးလေးရဲ့စကားတွေကို ပြန်ရုတ်သိမ်းလို့မရဘူးလေ ဟုတ်တယ်မလား၊ ဒုတိယအဒေါ်လီတို့မိသားစုက ငါးပျိုးပင်တွေက ယွမ်တစ်သောင်းကျော်ရှိတာကို ဒီလိုပဲ ဖျက်ဆီးပစ်လိုက်ရလား၊ ဦးလေး ရုံးကိုလာပြီး ကျွန်မကို အကြောင်းကြားမယ်ဆို ကျွန်မလည်း ဖြေရှင်းပေးမှာပေါ့ မဟုတ်ဘူးလား"

ဝူယွီရွှမ်းသည် သူ့အသံအနေအထားအား တည်ငြိမ်အောင်ထားခဲ့သည်။ ဒါ့အပြင် အုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် သူမ ဘယ်ဘက်မှာမှ ရပ်တည်လို့မရပေ။ သူမကိုယ်သူမ ကြားလူဟုသာ သတ်မှတ်လို့ရပေသည်။ ဝူယွီရွှမ်းသည် ဤကိစ္စအား ကောင်းမွန်စွာ နားလည်သဘောပေါက်ပေသည်။ အထူးသဖြင့် လက်ရှိ နစ်နာနေသူက တစ်ခြားရွာမှ လူဖြစ်နေ၏။ ဒီကိစ္စကို သူမ သင့်လျော်စွာ မဖြေရှင်းပါက သူမဘက်မှ တွန်းအားပေး၍ အနိုင်ကျင့်သည်ဟု လူတွေက သေချာပေါက် ပြောဆိုကုန်ကြလိမ့်မည်။

ရွှီဖန်းကတော့ ဘေးမှာ တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။ ဝမ်ရှို့ချိုင်၏ အကြည့်ကလည်း ရံဖန်ရံခါ ရွှီဖန်းဆီသို့ ရောက်လာပြီး သူ့ကြည့်ရတာ အနည်းငယ် စိုးရိမ်နေသည့်ပုံပင်။ 

ဝူယွီရွှမ်း၏ စကားများကို ကြားသော ဝမ်ရှို့ချိုင်သည် မာနမကြီးသင့်တော့ကြောင်း ခံစားမိသည်။

"အဆိုးပြီးရင် နောက်ထပ်အဆိုးလည်း လာပါစေတော့၊ ငါ ပိုက်ဆံပဲ အရှုံးခံလိုက်တော့မယ်၊ ဒါပေမယ့် ရေလှောင်ကန်စာချုပ်တော့ ပြန်ရုတ်သိမ်းမယ်"

ဝမ်ရှို့ချိုင်၏ စကားကို ကြားသည်နှင့် ဝူယွီရွှမ်းသည် မျက်မှောင်ကြုတ်ကာ ပြတ်ပြတ်သားသား ပြောလာသည်။

"မရဘူး!"

"ဦးလေးရှို့ချိုင် ရေလှောင်ကန်စာချုပ်က တရားဝင်

ချုပ်ဆိုထားတာဖြစ်ပြီး ပရင့်ပါထုတ်ထားပြီးသား၊ နှစ်နှစ်မပြည့်မချင်း စာချုပ်ပြန်ရုတ်သိမ်းတာက အသုံးမဝင်ဘူး၊ ဒီရေလှောင်ကန်စာချုပ်သက်တမ်းက ဒုတိယအဒေါ်လီတို့ အလိုရှိသ၍ နှစ်နှစ်သက်တမ်းရှိမှာပဲ၊ နှစ်နှစ်ပြည့်ရင်တော့ သက်တမ်းကုန်သွားလိမ့်မယ်၊ သက်တမ်းမကုန်မချင်းစောင့်ချင်သပါ့ဆိုရင်တော့ အိမ်မှာပဲ ပြန်စောင့်နေလိုက်ပါ့တော့"

ဝမ်ရှို့ချိုင် မပျော်တော့ပေ။

"ဒါပေမယ့် သီးပင်စားပင်တွေ ပြောင်းရွှေ့ဖို့ ငါသဘောမတူခင်တုန်းက ဒုတိယအဒေါ်လီတို့ မိသားစုက အခုလို အခြေအနေရောက်နေမှန်း ငါမသိခဲ့ဘူးလေ၊ သူတို့ သီးပင်စားပင်တွေ မထွက်မှတော့ ငါ ဘယ်က ပိုက်ဆံရှာရမှာလဲ"

ဒုတိယအဒေါ်လီနှင့် လီအာမှာ ထိုကိစ္စနှင့်ပတ်သက်၍တော့ ဘာမှမပြောကြတော့ပေ။ သူတို့ ခေါင်းကို ငုံ့ထားလေသည်။ 

ဝူယွီရွှမ်းမှ စာချုပ်ချုပ်ရန် ကူညီပေးခဲ့သော သဘောတူညီချက်တစ်ခုက ပူပူနွေးနွေးဖြစ်ပျက်ထားတာဖြစ်ပြီး သူ အပြည့်အဝနားမလည်ခဲ့မှန်း ရွှီဖန်း သဘောပေါက်သွားခဲ့သည်။ အစပိုင်းမှာတော့ ဝမ်ရှို့ချိုင်သည် ရွှီဖန်း၏ သီးပင်စားပင်များ အမြတ်ရရှိနေသည်ကို မြင်ထားသည့်အခါ ဤသဘောတူညီချက်ကို လက်ခံခဲ့သည်။ သို့သော်ငြား ဒုတိယအဒေါ်လီတို့သည် သူတို့၏ သီးပင်စားပင်အခြေအနေများကို ရှင်းပြခဲ့ခြင်းမရှိတာကြောင့် ယနေ့လို သဘောမတူ

တော့သည့် အဖြစ်မျိုး ရှိလာခဲ့ရသည်။

ဝူယွီရွှမ်းမှာ နှစ်ယောက်ကြားညှပ်နေပြီး ဆုံးဖြတ်ရခက်နေခဲ့သည်။ ထိုအချိန် ရွှီဖန်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ မတ်တပ်ရပ်လာသည်။

"ဒီလိုဆိုရင်ရော၊ ကျွန်တော် အကြံတစ်ခုပေးချင်

တယ်၊ နှစ်ယောက်လုံး သဘောတူနိုင်၊ မတူနိုင် ကြည့်ရအောင်"

ဒုတိယအဒေါ်လီရော ဝမ်ရှို့ချိုင်ပါ ရွှီဖန်းရှိရာသို့ ခေါင်းလှည့်လာကြသည်။ ဝမ်ရှို့ချိုင်ကတော့ ရွှီဖန်းအား ရှုပ်ထွေးသော အမူအရာဖြင့်ကြည့်နေသည်။

"ဒီလိုဆို ဘယ်လိုလဲ၊ ဒုတိယအဒေါ်လီက ဝမ်ရှို့ချိုင်ကို ရေလှောင်ကန် ပြန်ပေးရမယ်၊ ကျွန်တော်က အဒေါ်တို့ရဲ့ ဥယျာဥ်ခြံတွေအကုန်လုံးကို စာချုပ်ချုပ်ပေးမှာဖြစ်ပြီး ဈေးနှုန်းက ဝမ်ရှို့ချိုင်နဲ့ ချုပ်ခဲ့စဥ်က ဈေးနဲ့အတူတူပဲဖြစ်မယ်၊ ပြီးတော့ မြေသြဇာတန်ဖိုးပါ ပေါင်းပေးမယ်"

ထို့နောက် ဝမ်ရှို့ချိုင်ဘက်ကို ရွှီဖန်း ခေါင်းလှည့်လိုက်သည်။

"ခင်ဗျားရဲ့ ရေလှောင်ကန်ကို စာချုပ်ပြန်ချုပ်စားနိုင်တယ်၊ ရေလှောင်ကန်ထဲမှာ ရင်းနှီးမြုပ်နှံဖို့ ဒုတိယအဒေါ်လီကို ပေးရမယ့်ငွေနဲ့ ဥယျာဥ်ခြံထဲမှာ ထည့်ထားတဲ့ ရင်းနှီးငွေကို ပြန်နှုတ်ယူနိုင်တယ်၊ ခင်ဗျား ရွာကနေ လျော်ကြေးရစရာမလိုဘူး၊ ပြီးတော့ အနောက်တောင်ပေါ်က လယ်သုံးဧကလည်း ခင်ဗျားကို ပေးမှာမဟုတ်တော့ဘူး"

နှစ်ဖက်စလုံး မကန့်ကွက်ကြသည့်အခါ ရွှီဖန်း ပြုံးလိုက်သည်။ 

"ကောင်းပြီ သဘောမတူတဲ့လူမရှိဘူးဆိုမှတော့ မနက်ဖြန်ပြန်လာပြီး စာချုပ်လာချုပ်ပါ၊ အုပ်ချုပ်ရေးမှူးရှေ့မှာပဲ လုပ်မှာပါ၊ အခုတော့ အရင်ဆုံး ပြန်လိုက်ကြပါဦး"

ဒုတိယအဒေါ်လီနှင့် ဝမ်ရှို့ချိုင်တို့ ပြန်သွားသည့်အခါ ဝူယွီရွှမ်းသည် ရွှီဖန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်

လိုက်မိသည်။ 

"ရွှီဖန်း ရူးသွားပြီလား၊ ဘာလို့ ဒုတိယအဒေါ်လီရဲ့ ခြံတွေကို ဘာလို့စာချုပ်ချုပ်လိုက်တာလဲ"

ရွှီဖန်းပြုံးလိုက်ကာ...

"ယွီရွှမ်း ငါဒီကိုရောက်လာတာ မင်းနဲ့ အရေးတကြီးဆွေးနွေးဖို့ဆိုပြီး ငါပြောခဲ့တာ မှတ်မိသေးလား"

ဝူယွီရွှမ်း ဘာပြောရမှန်းမသိဖြစ်သွားကာ အချိန်

အတော်ကြာသွားခဲ့သည်။ ပြီးမှ သူမ မေးမိသည်။

"နင် ဒုတိယအဒေါ်လီရဲ့ ခြံတွေကို ယူဖို့ တွေးထားပြီးသားပဲ၊ နင့်ရဲ့ ဥယျာဥ်ခြံက ငွေအမြောက်အမြားရှာနိုင်ပေမယ့် အပေါ်ပိုင်းမြစ်ရွာရဲ့ မြေအနေအထားက ငါတို့ရွာနဲ့ ကွာခြားလို့ပဲ အဲ့ဒီလိုလား"

******************

All Chapters