← Chapters

ကောင်းကင်၊ ကမ္ဘာမြေ၊ နက်ရှိုင်း၊ အဝါရောင်

Vol. 17 Ch. 249

ကောင်းကင်၊ ကမ္ဘာမြေ၊ နက်ရှိုင်း၊ အဝါရောင်

Vol. 17 Ch. 249

ဝူမင်သည် ရွှီဖန်း၏စကားကိုကြားသည့်အခါ ရယ်မော၍ ပြောလာသည်။

"အိုး ရွှီဖန်း ဒါပေါ့ ငါ မင်းကိုယုံပါတယ်၊ ဒါဆို မင်းရဲ့အဆိပ်စွမ်းအားကို စမ်းသပ်ကြရအောင်"

ဝူမင်ပြောလာသည့်အခါ ရွှီဖန်းမှာလည်း ဘာကန့်ကွက်မှုမှမရှိပေ။ ဓာတ်ခွဲခန်းထဲမှ ပိုင်းကန့်ထားသော အခန်းငယ်လေးကို ညွှန်ပြ၍ ဝမ်ပင်းကို သူ ပြောလိုက်သည်။

"အထဲကို ဝင်သွားလိုက်ပါ"

ဝမ်ပင်းသည် ခေါင်းကိုညိတ်၍ တံခါးကိုဖွင့်ကာ အထဲလျှောက်ဝင်သွားသည်။ 

"ဒီအခန်းငယ်လေးက စတုရန်းငါးမီတာပဲ ရှိတယ်၊ ဒါကြောင့် ကျွန်တော် အဆိပ် (၅)ဂရမ်ကိုပဲ လေထဲလွှတ်လိုက်မယ်"

ရွှီဖန်း ပြောလိုက်တော့ ဝူမင်က ခေါင်းညိတ်လေသည်။

ထို့နောက် ရွှီဖန်းသည် အဆိပ်မှုန့်(၅)ဂရမ်ကို လေဝင်ပေါက်ထဲ ထည့်လိုက်ရာ ငါးစက္ကန့်မပြည့်

ခင်မှာပင် ဝမ်ပင်းသည် ထူးဆန်းသောအပြုံးကို ပြုံးပြလာပြီး မြေကြီးပေါ် ဒူးထောက်ကျကာ ချက်ချင်း လဲကျသွားတော့သည်။

"ဘာ! ဖာခ့်! သောက်ရမ်းအစွမ်းထက်လှချည်လား"

ဝူမင်သည် အရမ်းအံ့သြသွားတာကြောင့် ထပါဆဲမိလေသည်။

ရွှီဖန်း ရယ်၍ မေးလိုက်သည်။

"ဘယ်လိုလဲ မဆိုးဘူးမလား"

"ဟုတ်ပါ့ ဟုတ်ပါ့ သူ ဘယ်လိုနေလဲ သွားကြည့်ဦးမယ်"

ဝူမင် ခေါင်းညိတ်၍ အခန်းတံခါးကို သွားဖွင့်လိုက်သည်။ သူဝင်သွားသည်နှင့် ထူးဆန်းသော အပြုံးတစ်ပွင့်နှင့်အတူ မြေပြင်ပေါ်သို့ တလိမ့်လိမ့် လဲကျသွားတော့သည်။

ရွှီဖန်းတစ်ယောက် ခပ်တိုးတိုးရယ်ကာ စမ်းသပ်စားပွဲဆီ သွားလိုက်သည်။ မနေ့က သူလုပ်ထားခဲ့သည့် မဆိပ်ဖြေဆေးကို ကောက်ယူပြီး အနံ့ခံလိုက်သည်။ ထို့နောက် ရှယန်ယွိကိုလည်း အနံ့ရှူရန် ပေးလိုက်သည်။

"ဒီဝူမင်က ငါ့ဘက်က တံခါးဖွင့်ပေးဖို့ကိုတောင် မစောင့်နိုင်ဘူး"

ရွှီဖန်း ပုခုံးတွန့်၍ ရှယန်ယွိကို ပြုံးပြလိုက်သည်။ ရှယန်ယွိသည် ကူကယ်ရာမဲ့စွာ ခေါင်းခါ၍...

"ကဲပါ...မြန်မြန် သူတို့ကို အဆိပ်ဖြေပေးလိုက်ဦး"

"ကောင်းပြီ"

ရွှီဖန်းခေါင်းညိတ်၍ အခန်းငယ်လေးထဲ ဝင်သွားခဲ့သည်။ ထို့နောက် ပွင့်ဖတ်နှစ်ဖတ်ကို ထုတ်၍ ဝူမင်နှင့် ဝမ်ပင်း၏ ပါးစပ်ထဲ ထည့်ကာ ကျွေးလိုက်သည်။ ခဏကြာပြီးနောက် နှစ်ယောက်စလုံး ဖြည်းဖြည်းချင်း နိုးလာကြသည်။

"ဒါ...ဘာဖြစ်သွားတာလဲ"

ဝမ်ပင်းသည် သူ့ခေါင်းကိုပုတ်၍ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ တီးတိုးပြောနေခဲ့သည်။ 

"တစ်ကယ်ကြီးလား၊ ဒီအဆိပ်ရဲ့အာနိသင်က တစ်

ကယ်ပြင်းထန်တာပေါ့"

ဝူမင်လည်း နိုးလာကာ ခဏတာအံ့သြပြီးနောက် ရွှီဖန်းအား အပြုံးဖြင့် ပြောလာလေသည်။

ရွှီဖန်း ပုခုံးတွန့်၍ ဘာမှပြန်မပြောခဲ့ပေ။ 

"ခေါင်းဆောင်ဝူ ရေရှည်သဘောတူညီချက်စာချုပ်

ချုပ်ကြမယ်ဆိုရင် ဘယ်လိုလဲ"

ရှယန်ယွိသည် ပြုံးလျက် ပြောခဲ့သည်။

"ဒါ သဘာဝကျတာပဲ၊ ဒီတစ်ကြိမ် သုံးလသက်တမ်းလုပ်မနေနဲ့ တစ်နှစ်စာ ချုပ်ကြမယ်! သဘောတူညီမှုပြီးသွားရင်လည်း စစ်တပ်က သင့်တော်သလို ထပ်ပြီး စာချုပ်ထပ်ချုပ်လိမ့်မယ်"

ဝူမင် ခေါင်းညိတ်လိုက်သည်။ ရွှီဖန်းဆီက ခြိမ်းခြောက်မှုကို ကြားခဲ့ရတုန်းကဆိုလျှင် သူ၏ ယခင်စာချုပ်သည် အရမ်းတိုလွန်းသည်ဟု ဝူမင် ခံစားခဲ့ရသည်။

ရှယန်ယွိသည် အပြုံးဖြင့် ခေါင်းညိတ်၍ ဝူမင်နှင့် စာချုပ်လက်မှတ်ထိုးရန်အတွက် အပေါ်ထပ်ကို တက်သွားခဲ့သည်။

ရွှီဖန်းကတော့ ဆေးမှာ ပြဿနာရှိမရှိ ဆက်လက်

စစ်ဆေးရဦးမည်ဟုပြောခဲ့ပြီး ဝမ်ပင်းကိုလည်း သူနှင့်အတူ စမ်းသပ်ခံပေးဖို့ နေခဲ့ရန် ပြောခဲ့သည်။

ရှယန်ယွိနှင့် ဝူမင် ထွက်သွားပြီးနောက် ရွှီဖန်း တစ်ဖက်ကို လှည့်လိုက်သည်။ သူ ဝမ်ပင်းကို စိုက်

ကြည့်၍ မေးလိုက်သည်။

"ပြောပါ ဘာအကြောင်းလဲ"

ဝမ်ပင်း၏မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။ ရူးမိုက်သောမျက်နှာထားက ချက်ချင်းပျောက်ကွယ်သွားပြီး ထိုအစား လိမ္မာပါးနပ်မှု အရိပ်အယောင်က သူ့မျက်နှာမှာ ပေါ်လာသည်။ 

"ဟဲဟဲ ဒေါက်တာရွှီ မင်း ငါ့ကို ဒီလိုကြီး စိုက်မကြည့်ပါနဲ့၊ ငါက မင်းရဲ့ရန်သူမဟုတ်ပါဘူး"

ဝမ်ပင်းသည် သူ့လက်ကိုဝှေ့ယမ်း၍ ပြုံးပြသည်။

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီအရူးလိုလိုကောင်ကြီးက သူ့ခွန်အားကို ဖုံးကွယ်ထားမှန်း သူသိနေခဲ့သည်။ မမျှော်လင့်ထားစွာ သူ၏အထောက်အထားကပင် လျို့ဝှက်နေသည်။ 

"ပြောစရာတစ်ခုခုရှိရင် ဒီအတိုင်း ပြောလိုက်ပါ"

ရွှီဖန်း အေးစက်စွာ ပြောလိုက်သည်။ ဒီလို အခြေအနေအမှန်ကို ဖုံးကွယ်ထားသည့် လူများနှင့် သူ အကွာအဝေးတစ်ခုကို အမြဲခြားထားတတ်သည်။

ရွှီဖန်း၏အမေးကြောင့် ဝမ်ပင်း၏ မျက်နှာသည် လေးနက်လာခဲ့သည်။ သူ ရွှီဖန်းကို မျက်နှာချင်းဆိုင်၍ တစ်ခုပြီးတစ်ခု မေးလိုက်သည်။

"မင်း ဘာသိုင်းပညာကို ကျင့်ထားတာလဲ၊ အဲ့ဒါက ဂန္တဝင်မိုးပျံအိုးသိုင်းကျမ်းလား"

ရွှီဖန်း အံ့သြသွားခဲ့သည်။ ဒီလူကပါ ထိုအကြောင်းကို သိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အာ့လန်ရှန်၏ သိုင်းပညာအတတ်သည် အတိတ်မှာ အလွန်နာမည်ကြီးခဲ့သည်လော။

ရွှီဖန်း သူ့လက်ကိုဝှေ့ယမ်း၍

"ဆိုတော့ ဘာဖြစ်လို့လဲ"

"မင်းဖြစ်မှရမယ်၊ မဟုတ်ရင် ငါ မင်းကို ကူညီမှာ မဟုတ်ဘူး"

ဝမ်ပင်းက လေးလေးနက်နက်ပြောလာသည်။

ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ ငါ့ကို ကူညီတယ်?

"ငါ့ကို ကူညီတာက ဘာကိုဆိုလိုတာလဲ"

ရွှီဖန်း ဂရုတစိုက်တွေးမိသည်။ ဒီလူဆီမှာ သူ ဘာမှ တောင်းဆိုခဲ့ပုံလည်းမပေါ်ပါဘူး...ဟုတ်တယ်မလား။

"ဟဲဟဲ မင်း ရှောင်းပုချီကို လှည့်စားခဲ့တယ်လေ၊ သူက အခွင့်အရေးရတာနဲ့ မင်းကို သတ်ဖို့ဆိုပြီး ရှောင်းမိသားစုရဲ့ လျို့ဝှက်အဖွဲ့ကို အပြင်ပို့ထားပြီးပြီ"

ဝမ်ပင်းက အပြုံးဖြင့် ပြောလာသည်။

"ငါက မင်းသိနေပြီထင်တာ၊ ကြည့်ရတာတော့ ဘာမှမသိသေးတဲ့ပုံပဲ"

ရွှီဖန်း ခဏတာအံ့သြပြီးနောက် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"လျို့ဝှက်အဖွဲ့...အဲ့ဒါကဘာလဲ"

"ရှောင်းမိသားစုမှာ ငယ်ငယ်လေးကတည်းက အသေခံတပ်သားအဖြစ် ပျိုးထောင်ခံထားရတဲ့လူတွေရှိတယ်၊ သူတို့ရဲ့ သိုင်းပညာအတတ်တွေက တမူထူးခြားတယ်၊ သူတို့အားလုံးက အဝါရောင်အဆင့်မှာပဲ ရှိသေးပေမယ့် သူတို့စွမ်းအားတွေ ပေါက်ကွဲထွက်သွားပြီဆိုရင်တော့ နက်ရှိုင်းအဆင့်နယ်ပယ် ဒါမှမဟုတ် ပိုမြင့်တဲ့နေရာမှာရှိနိုင်တယ်၊ ဒါပေမယ့် သူတို့ ဖောက်ခွဲပြီးရင် အသက်တော့ရှင်တော့မှာ မဟုတ်ဘူး"

ဝမ်ပင်းသည် စမ်းသပ်စားပွဲခုံပေါ်မှာ ထိုင်၍ အပြုံးဖြင့် ပြောလာသည်။

ရွှီဖန်း ထပ်ပြီး အံ့အားသင့်ရပြန်သည်။ သောက်ကျိုးနည်း...အဝါရောင်အဆင့်! နက်ရှိုင်းအဆင့်! သူတို့ကိုယ်သူတို့ မသေမျိုးတွေလို့ ထင်နေကြတာလား။ 

"အဝါရောင်အဆင့်တွေ နက်ရှိုင်းအဆင့်တွေက ဘာကို ဆိုလိုတာလဲ"

ဝမ်ပင်းသည် ရွှီဖန်းအား ဗလာအကြည့်ဖြင့် ကြည့်လာပြီး ပြော၏။

"မင်း ရှမိသားစုနဲ့ ရင်းနှီးတယ်မဟုတ်ဘူးလား၊ ဒါတွေကို မသိဘူးလား"

ရွှီဖန်း ခေါင်းညိတ်၍ ဘာမှမပြောခဲ့ပေ။ သူ ပြသခဲ့သော ခွန်အားသည် ရှမိသားစုကို အနည်းငယ်သာ အံ့သြစေခဲ့တာဖြစ်သည့်အပြင် သူ့ကို ကျွမ်းကျင်

သူများ၏တပည့်ဟုထင်ခဲ့တာကြောင့် အခြေခံအချက်များကို သိလိမ့်မည်ဟု သူတို့က ထင်နေခဲ့ကြသည်။

"တစ်ကယ်တော့ လူတစ်ယောက်ရဲ့စွမ်းအားကို မြန်

မြန်ပိုင်းခြားနိုင်ဖို့ အမျိုးမျိုးသော သိုင်းအဖွဲ့အစည်းတွေနဲ့ မျိုးနွယ်စုတွေက သိုင်းပညာကို အကြမ်းဖျင်း ပိုင်းခြားသတ်မှတ်ထားကြတယ်"

ဝမ်ပင်းက ရှင်းပြသည်။

"ခွန်အားအမျိုးအစားတွေကို ကောင်းကင်အဆင့်၊ ကမ္ဘာမြေအဆင့်၊ နက်ရှိုင်းအဆင့်၊ အဝါရောင်အဆင့်လို့ ပိုင်းခြားထားပြီး အဝါရောင်အဆင့်က အနိမ့်ဆုံးအဆင့်၊ ကောင်းကင်အဆင့်က အမြင့်ဆုံးအဆင့်ပဲ၊ ဒါပေမယ့် ကမ္ဘာမြေအဆင့် ဒါမှမဟုတ် ပိုမြင့်တဲ့အဆင့်က ကျွမ်းကျင်သူတွေကို တွေ့ဖို့က ရှားပါးတယ်၊ ငါလည်း အဲ့ဒီဟာနဲ့ပတ်သက်လို့ သေချာမသိဘူး၊ အခုလက်ရှိ ကိုယ်ခံပညာကျွမ်းကျင်သူအများစုကတော့ အဝါရောင်အဆင့်မှာပဲ၊ နက်ရှိုင်းအဆင့်ကျွမ်းကျင်သူတွေကတော့ အခု မိသားစုကြီးတွေမှာရှိတယ်၊ ဥပမာ မင်းရဲ့ ဂန္တဝင်မိုးပျံအိုးကျမ်း၊ပထမဆုံးအဆင့်နှစ်ဆင့်က အဝါရောင်အဆင့်ပဲ"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ အခုအခြေအနေကိုလည်း သူ အကြမ်းဖျင်း နားလည်သွားခဲ့သည်။ 

"သူတို့က အသေခံတပ်သား တစ်ရာကျော်လောက် ပျိုးထောင်ထားတယ်လို့ ငါကြားဖူးတယ်၊ ဒီတစ်ချိန် မင်းကိုသတ်ဖို့အတွက် သူတို့ ဆယ်ယောက်လွှတ်ထားတယ်"

ဝမ်ပင်းက ခပ်ဖြည်းဖြည်းဆိုသည်။

"ဘာလို့ ငါ့ကို ကူညီပေးတာလဲ"

ရွှီဖန်း မေးလိုက်သည်။

ဝမ်ပင်းသည် အပြုံးဖြင့်ခေါင်းခါယမ်းလျက် ဘာမှမရှင်းပြဘဲ ဒီအတိုင်းသာ ပြောလာသည်။

"ဘာလို့လဲဆိုတော့ ငါလည်း မင်းဆီကနေ တစ်ခုခု အကူအညီလိုလို့ပဲ၊ ငါ မင်းကို ဒီတစ်ကြိမ် ကူညီခဲ့တဲ့အခါကျရင် နောင်တစ်ခါ ငါမင်းကို အကူအညီတောင်းလာတဲ့အချိန်ကျ မင်း ငြင်းလို့မရတော့ဘူးလေ၊ ဟုတ်တယ်မလား"

ရွှီဖန်း ခေါင်းညိတ်၍ ပြုံးလိုက်သည်။

"ငါ မင်းရဲ့အကူအညီမလိုဘူး၊ ငါ သူတို့ကို ကိုင်တွယ်နိုင်တယ်"

ဟာသပင်။ ရွှီဖန်း၌ နောက်ဆုံးလျှပ်စီးဆင့်ခေါ်

အဆောင် ကျန်နေသေး၏။ ကောင်းကင်ဘုံစွမ်းအားအဆောင်ကိုပါ ပေါင်းထည့်လိုက်ပြီး အဆောင်နှစ်ခုကို ပေါင်းသုံးလိုက်ပါက သူ့ခွန်အားသည် အနည်းဆုံး နှစ်ဆ တက်သွားလိမ့်မည်။

ထို့အပြင် ဝမ်ပင်း၏ပုံစံသည် ယုံကြည်စိတ်ချရသည့် ပုံမပေါ်ပေ။ ထို့ကြောင့် ရွှီဖန်းသည် ရိုးရှင်း၍ မယဥ်ကျေးသော အပြုအမူဖြင့် သူ့ကို တိုက်ရိုက် ငြင်းဆိုခဲ့သည်။

******************

All Chapters