ကြမ်းကြုတ်သောကျောက်ချန်းယွီ
Vol. 20 Ch. 299
ထိုအချင်းအရာကိုမြင်တော့ ကျောက်ချန်းယွီ ဒေါသထွက်သွားလေသည်။ ရွှီဖန်းသည် ကျောက်မိသားစုကို ဤကဲ့သို့ ဆက်ဆံရဲပေသည်။ ခံရသူက သူ့ညီငယ်
ဖြစ်နေသေးသည်။
"ရွှီဖန်း မင်းက သေချင်နေတာပဲ၊ ဒီအဘိုးကြီးကို အပြစ်မတင်နဲ့!"
ကျောက်ချန်းယွီမှာ ဒေါသထွက်လွန်း၍ ရွှီဖန်းအားသတ်ပစ်ချင်နေလေပြီ။
လင်းရှောင်ရှောင်း၏အမူအရာမှာ တည်ငြိမ်သွားသော်လည်း ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ မျက်မှောင်ကြုတ်လိုက်ပြန်သည် ။ သူမ မတ်တပ်ထရပ်ကာ ကျောက်ချန်းယွီအား ပြောလိုက်သည်။
"ကျောက်ချန်းယွီ ရှင် ကျွန်မတို့ လင်းမိသားစုရဲ့ရန်သူ အဖြစ်ခံမလို့လား"
"ငါ့လမ်းရှေ့က ထွက်သွားစမ်း! ငါလူသတ်မှာကို လာမတားနဲ့!"
ကျောက်ချန်းယွီ၏မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေပြီး စိတ်လွတ်သွားသလို ဖြစ်နေလေသည်။
လင်းရှောင်ရှောင်းလည်း အခုအချိန်၌ ကျောက်ချန်းယွီအား တိုက်တွန်း၍မရနိုင်တော့ကြောင်း သိလိုက်သော်လည်း ရွှီဖန်းသာ သေသွားပါက သူမ၏အဖိုးသည် ကုသခံရတော့မည်မဟုတ်ပေ။ လင်းရှောင်ရှောင်းသည် အံကိုကြိတ်၍ ရွှီဖန်း၏အရှေ့မှာ ရပ်ကာ အနက်ရောင်ဘောလုံးတစ်လုံးကို ထုတ်ပြီး ကျောက်ချန်းယွီအား သူမ စိုက်ကြည့်လိုက်သည်။ ထို့အပြင် ရွှီဖန်းကိုလည်း လှုံ့ဆော်လိုက်သည်။
"မြန်မြန်ပြေး! သူ ကျွန်မကို ဘာမှမလုပ်ရဲဘူး"
ထို့နောက် သူမ မိုးကြိုးပုလဲကို ကျောက်ချန်းယွီထံသို့ ပစ်လွှတ်လိုက်သည်။
"မိုးကြိုးပုလဲ!"
ကျောက်ချန်းယွီသည် အံ့အားတကြီးအော်လာပြီး လျှပ်စီးကြောင်းကို အမြန်ရှောင်လိုက်သည်။ သို့သော်ငြား ထိတ်လန့်မှုအပြည့်ဖြင့် ဆက်ခုန်ပျံနေရင်း သူ့ခေါင်းကို နောက်ပြန်မလှည့်ဝံ့သေးပေ။
"မြန်မြန်ထွက်သွား!"
လင်းရှောင်ရှောင်းသည် ပြန်လှည့်လာပြီး တုံ့ဆိုင်းမှုမရှိဘဲ ရွှီဖန်းကို ဆွဲခေါ်သွားလိုက်သည်။
"ဟေး မင်းဘာတွေလုပ်နေတာလဲ"
ရွှီဖန်း ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် လင်းရှောင်ရှောင်းသည် သူ့ကို အိမ်ရာ၏ ဂိတ်ပေါက်ကနေ ခေါ်ထုတ်ပြီးနေလေပြီ။ သူ့အနောက်မှ "ဘုန်း!" ဟူသည့်
ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။ ရွှီဖန်းလည်း တုန်လှုပ်ခြောက်ခြားနေသောအမူအရာဖြင့် လှည့်ကြည့်လိုက်မိသည်။ သူတို့ထိုင်ခဲ့သောလက်ဖက်ရည်အိမ်မှာ ချက်ချင်းပြိုကျသွားသည်ကို တွေ့လိုက်ရသည်။
"အဲ့ဒီပုလဲလုံးက တော်တော်အစွမ်းထက်တာပဲ"
"စကားပြောတာကို ရပ်ပြီး ပြေးစမ်းပါ! ကျွန်မ ရှင့်ကို တကယ်လေးစားတယ်၊ ရှင့်ဦးနှောက်က တစ်ပြားလိုနေတာလား"
"မင်းကမှ တစ်ပြားလိုနေတဲ့လူ! မင်းနည်းနည်းနှေးပေးလို့ရမလား"
"ရှင်!...ကျွန်မ ရှင်နဲ့ မငြင်းခုံချင်ဘူး၊ အဘိုးရဲ့ရောဂါကို ကုသဖို့ ရှင့်ကိုသာ အားကိုးစရာမလိုဘူးဆိုရင် ရှင် အခုချက်ချင်း အသတ်ခံရပါစေလို့ ကျွန်မဆုတောင်းမိမှာပဲ၊ ရှင့်လိုလူက အခုအချိန်အထိ ဘယ်လိုများ
ရှင်သန်လာလဲ တကယ်မသိတော့ဘူး"
လင်းရှောင်ရှောင်းသည် ရွှီဖန်းအား ဆွဲ၍ ကြမ်းတမ်းသော လမ်းတစ်လျှောက် ပြေးဆင်းနေသည်။
"နေဦး!"
သို့သော် ထိုအချိန်၌ ရွှီဖန်းသည် တစ်ခုခုကို တွေးမိသွားသလိုမျိုး ရုတ်တရက် ရပ်တန့်သွားသည်။
လင်းရှောင်ရှောင်းမှာ ရွှီဖန်း၏ နောက်ပြန်ဆွဲခြင်းကိုခံခဲ့ရသည်။
"အား! ရှင်!"
ရွှီဖန်း၏ လက်မောင်းကြားထဲ သူမ ရောက်သွားလေသည်။
"လွှတ်!"
လင်းရှောင်ရှောင်းသည် ရွှီဖန်း၏လက်မောင်းကြားထဲမှ သူမခန္ဓာကိုယ်ကို အမြန်ဆွဲထုတ်ကာ ဒေါသတကြီးကြည့်လိုက်သည်။
"ရှင် ဘာလုပ်တာလဲ"
သို့သော်လည်း ရွှီဖန်းက သူမကို ဂရုမစိုက်ခဲ့ပေ။
"မဖြစ်ဘူး ငါပြန်မှရမယ်!"
ရွှီဖန်း တုန်လှုပ်နေသည်။ အကယ်၍ သူသာ ဤကဲ့သို့ ထွက်ခွာသွားပါက ကျောက်ချန်းယွီသည် ရှောင်းချောင်ကို ဖုန်းတစ်ချက်ဆက်ရုံဖြင့် သတ်ခိုင်းနိုင်သည်။ ဒါကိုတွေးမိပြီး ရွှီဖန်း၏ နှလုံးသားက တင်းကြပ်သွားလေသည်။ သူ လင်းရှောင်ရှောင်း၏ လက်ကို လျင်မြန်စွာ ဖယ်လိုက်ပြီး နောက်ကို လှည့်ကာ ပြန်ပြေးသွားခဲ့သည်။
"အာ...ရှင်..."
လင်းရှောင်ရှောင်း၏ အံ့အားသင့်မှုက လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ သူမသည် အလွန်အမင်း စိတ်ပူပန်သွားသဖြင့် ခြေထောက်ကို မြေကြီးပေါ်သို့ ဆောင့်နင်းကာ ဘာစကားမှမပြောနိုင်တော့ပေ။ သူမ၏မျက်လုံးများကပင် စိုစွတ်လာလေသည်။ ရွှီဖန်းက အလွန် ဒေါသထွက်စရာ ကောင်းပေသည်။
သူ့ကိုကယ်တင်ဖို့အရေး ငါက ဘာလို့ သေတွင်းထဲ လိုက်ဆင်းနေရတာလဲ!
ရွှီဖန်းကမူ အချိန်မဖြုန်းဝံ့တော့ဘဲ အမြန်ပြေးနေလေသည်။
မကြာခင်တွင် သူ ထျန်းတယ်လ်အိမ်ရာသို့ ပြန်
ရောက်လာခဲ့သည်။ အဝင်ဝသို့ရောက်သည်နှင့် မျက်နှာတစ်ခုလုံး ဖုန်မှုန့်များဖုံးလွှမ်းနေသော ကျောက်ချန်းယွီသည် မတ်တပ်ရပ်၍ ဖုန်းခေါ်ဆိုနေသည်ကို သူ တွေ့လိုက်ရသည်။
"သတ်...."
"အရူးအိုကြီး!"
ခြင်္သေ့တစ်သောင်းကို ကိုးကွယ်လိုသည့်အလား ရွှီဖန်း၏ ဒေါသတကြီးအော်သံမှာ ကောင်းကင်ယံထက်
တွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်သီးသည် အစိမ်းရောင်အငွေ့များဖြင့် ဝန်းရံခံထားရသည်။ သူသည် လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်စွာရွေ့လျားသွားခဲ့ပြီး ကျောက်ချန်းယွီ၏အနားသို့ ချက်ချင်းရောက်လာလေသည်။
"မင်း!"
ဖုန်းကိုင်ထားသော ကျောက်ချန်းယွီလည်း ရွှီဖန်း၏ အော်ဟောက်သံကြောင့် ထိတ်လန့်သွားခဲ့သည်။ မျက်စိတစ်မှိတ်စာအတွင်းမှာပင် ရွှီဖန်း၏လက်သီးက သူ့ရှေ့ကိုရောက်လာခဲ့လေပြီ။ "ဘုန်း!"ဟူသော အသံနှင့်အတူ ကျောက်ချန်းယွီသည် လက်ဖက်ရည်ဆိုင်၏ အပျက်အစီးများထဲသို့ တဖန် လဲကျသွားခဲ့သည်။
ကျောက်ချန်းယွီမှာ လက်သီးတစ်ချက်ဖြင့် လွင့်သွားရသည်။ ဤကောင်လေးမှာ အမှန်တကယ်ကို အစွမ်းထက်လေသည်။ ဘေးမှာ လဲလျောင်းကာ ဆေးကုသမှုခံယူနေသည့် ကျောက်ချန်းကျွင်းကလည်း ကြောက်လန့်တကြားပင် သူ့ဘေးနားရှိ ဆေးဝန်ထမ်းများကို ပြောလာသည်။
"မြန်မြန် ငါ့ကို အဝေးသယ်သွား၊ ငါတို့ နောက်တံခါးကို သွားပြီး သူ့ကို ရှောင်ရမယ်"
ရွှီဖန်းသည် ကျောက်ချန်းယွီ၏အခြေအနေကို ဂရုမစိုက်ပေ။ ထိုအစား သူ ဖုန်းကို မြေပြင်ပေါ်သို့ ကန်ကျောက်ကာ ဖျက်ဆီးပစ်လိုက်သည်။ တစ်ဖက်ကခေါ်ဆိုသူကတော့ စကားဆက်ပြောနေတုန်းပင်...
"လူအိုကြီးကျောက် လူအိုကြီးကျောက် ဘာကိုသတ်ရမှာလဲ"
ဖုန်းကိုဖျက်ဆီးပြီးမှသာ ရွှီဖန်းသည် သက်ပြင်းတစ်
ချက်ချလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ တွေးလိုက်မိသည်။
"သောက်ကျိုးနည်း အဲ့ဒီကြောင်တောင်တောင်
ကလေးမ လင်းရှောင်ရှောင်း ခေါ်သွားရာနောက် ငါ ပါသွားတော့မလို့၊ ကံကောင်းလို့ နောက်မကျခဲ့တာ"
"သေစမ်း"
ထိုအခိုက်အတန့်တွင် အပျက်အစီးတွေကြားမှ ဝုန်းကနဲ အသံတစ်ခု ထွက်လာသည်။ ကျောက်တုံးများသည် နေရာအနှံ့သို့ လွင့်စင်သွားပြီး အဖြူမှုန်များ လေပေါ်သို့ တက်လာလေသည်။ အနက်ရောင်အရိပ်တစ်ခုသည် အဖြူရောင်အခိုးအငွေ့ကြားမှ ထွက်ပေါ်လာပြီး ရွှီဖန်းဆီသို့ တည့်တည့်ဦးတည်လာသည်။
ဒါကိုမြင်တော့ ရွှီဖန်းလည်း မျက်မှောင်ကြုတ်သွားသည်။ ခါးကို နှိမ့်ချလိုက်ပြီး သူ့အမူအရာကလည်း လေးနက်သွားခဲ့သည်။
ကျောက်ချန်းယွီ၏ ပုံရိပ်ကို မြင်လိုက်ရတာကြောင့် ထိုအဘိုးကြီးမှာ လွယ်လွယ်ကူကူဖြေရှင်းလို့မရမှန်း သူသိပေသည်။
အဖြူရောင်အခိုးအငွေ့များ ဘေးသို့တွန်းဖယ်ခံလိုက်ရသည်ကို ရွှီဖန်း မြင်လိုက်ရသည်။ ကျောက်ချန်းယွီ၏ ရှပ်အင်္ကျီမှာ စုတ်ပြဲနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးကြောင်းများ ရှိနေသည်။ သူ့မျက်နှာသည် အဖြူရောင်အမှုန့်များဖြင့် ဖုံးလွှမ်းခံထားရသော်လည်း သူဆုပ်ထားသည့် လက်သီးများကတော့ ရွှီဖန်း၏ မျက်လုံးထဲတွင် ရဲရဲနီနေသောသံမဏိတုံးအလားပင်။
"ပြင်းထန်သောကျားလက်သီး!"
ထိုကြွေးကြော်သံကိုကြားတော့ ကျားငါးကောင်သိုင်းမှန်း သူ သေချာပေါက်သိလိုက်သည်။ သို့သော်ငြားကျောက်ချန်းယွီနှင့် ကျောက်ချန်းကျွင်းတို့သည် မတူညီသောလူများဖြစ်တာကြောင့် သူတို့၏ခွန်အားနှင့် စွမ်းအားကို သဘာဝကျစွာပင် နှိုင်းယှဉ်၍မရနိုင်ပေ။ ကျောက်ချန်းယွီ၏ခွန်အားနှင့် ထိုသိုင်းပညာကို တွဲသုံးလိုက်သည့်အခါ စွမ်းအားက အဆင့်ကြီးတစ်ခုထိ တိုးသွားလေသည်။
ရွှီဖန်း၏တန်ထျန်းထဲရှိ မိုးပျံအိုးသိုင်းကျင့်စဥ်သည် အရူးအမူး လှည့်ပတ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင်် ချီစွမ်းအားများပြည့်နေခဲ့ပြီး သူ့အဝတ်အစားများမှာလည်း လေတိုက်ခြင်းမရှိဘဲ လွင့်လာသည်။
"စုပ်ယူ"
ထိုစွမ်းအားသည် မိုးပျံအိုးသိုင်းကျမ်းတွင် သူရရှိခဲ့သော လျို့ဝှက်စကေးတစ်ခုဖြစ်သည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ခွန်အားမြှင့်တင်ပေးနိုင်သည်။ ရွှီဖန်း ထိုမိတ်ဆက်ကို ဖတ်လိုက်စဥ်က အလွန်အံ့အားသင့်ခဲ့ရသည်။ ဤကဲ့သို့ အားကောင်းစေသော စွမ်းရည်မျိုးသည် အသုံးပြုသူ၏ သွက်လက်မှု၊ ခွန်အား၊ ထက်မြက်မှု၊ ဦးနှောက်၊ မျက်စိ နှင့် နား တို့အား အစွမ်းထက်လာစေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်၍ နာလန်ထူနိုင်မှုတို့ပါ ပါဝင်လေသည်။ ထိုစွမ်းရည် တည်ရှိချိန်ကလည်း တစ်နာရီခန့်သာဖြစ်သည်။ ဘေးထွက်ဆိုးကျိုးမှာ နောက်ထပ် ၂၄ နာရီအတွင်း သူ မည်သည့်ခွန်အားကိုမျှ အသုံးပြု၍မရနိုင်ပေ။ ရွှီဖန်းသည် တစ်နာရီအချိန်အတောအတွင်း ကျောက်ချန်းယွီအား အနိုင်ယူရန် ယုံကြည်ချက်ရှိပေသည်။
ခွန်အားတိုးမြင့်လာပြီးနောက် သူ၏ခွန်အားသည် အခြေခံအားဖြင့် ကမ္ဘာမြေအဆင့်သို့ ရောက်ရှိသွားလေသည်။
အဆင့်မြှင့်တင်ပြီးနောက် ရွှီဖန်းသည် သူ့အရှိန်ကို နှေးချလိုက်ပြီး သူ၏အော်ရာဖိအားကိုလည်း လျှော့ချလိုက်သည်။
ကျောက်ချန်းယွီ၏ လက်သီးချက်သည် ဒေါသအပြည့်ဖြင့် ရွှီဖန်းဆီသို့ ရောက်လာသည် ။
ကျောက်ချန်းယွီ၏မျက်လုံးထဲတွင်တော့ ရွှီဖန်းသည် သေလူတစ်ဦးဖြစ်နေလေပြီ။
သို့သော်ငြား ရွှီဖန်းက သူ့အား ပေါ့ပေါ့ပါးပါးပြုံးပြလာသည်ကို သူမြင်လိုက်ရသည်။
ကျောက်ချန်းယွီ အံ့သြသွားခဲ့သည်။ သူ့လက်သီးက ရွှီဖန်းကို ထိလိုက်သော်လည်း တကယ်တော့ လေကိုသာ ထိသွားခြင်းပင်။ လွဲချော်သွားသောလက်သီးချက်ကြောင့် သူ့ခန္ဓာကိုယ်ကိုပင် ထိန်းမရတော့ပေ။ လက်သီးက မြေပြင်ကိုတိုက်ရိုက်ထိုးမိပြီး မြေကြီးထဲ နစ်ဝင်သွားခဲ့သည်။
ကျောက်ချန်းယွီ ထိတ်လန့်သွားသည်။ လက်ရှိအခြေအနေကို သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်
သေးပါက သူ၏ရှင်သန်မှုကာလတစ်လျှောက်လုံးသည် အချည်းနှီးပင် ဖြစ်သွားလိမ့်မည်။ ကျောက်ချန်းယွီမော့ကြည့်လိုက်တော့ ရွှီဖန်းက သူ့ရှေ့ကိုပင် ရောက်နေလေပြီ။
ရွှီဖန်းသည် ကျောက်ချန်းယွီမလှုပ်ရှားခင်မှာပင် မြေကြီးတွင်နစ်နေသော သူ၏လက်ကို တက်နင်းလိုက်သည်။
"အား!"
ကျောက်ချန်းယွီ၏လက်မောင်းမှာ သစ်ပင်မှအကိုင်းအခက်များ ကျိုးသွားသကဲ့သို့ပင်။ ကျောက်ချန်းယွီ၏ အော်သံနှင့်အတူ ကျိုးကြေသွားသောအသံတစ်ခုကို ကြားလိုက်ရသည်။
"ဘုန်း!" နောက်ထပ်ကန်ချက်တစ်ခုပင်။
ရွှီဖန်း၏ကန်ချက်သည် ကျောက်ချန်းယွီ၏ပခုံးပေါ်သို့ ကျရောက်သွားကာ သူ၏တစ်ကိုယ်လုံး လွင့်ပျံသွားခဲ့သည်။ ကျိုးသွားသောလက်မောင်းကမူ ကျောက်ချန်းယွီ၏ ခန္ဓာကိုယ်နှင့် ကွဲကွာနေလေသည်။
သို့သော် ရွှီဖန်းသည် သိသိသာသာပင် မကျေနပ်သေးချေ။ ဤအားကောင်းသည့်စွမ်းရည်ကိုအသုံးပြုရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ရွှီဖန်းသည် သူ၏တစ်ကိုယ်လုံး အားပြည့်နေသည်ကို ခံစားနေရတာကြောင့် ပျော်ရွှင်စွာထုတ်သုံးချင်နေလေသည်။
ရွှီဖန်း၏ မျက်နှာပေါ်၌ အပြုံးခပ်သေးသေးတစ်ခု ချိတ်ဆွဲထားသည်။ သူ လျှပ်စီးအလား ထပ်ပေါ်လာပြီး ကျောက်ချန်းယွီ မြေပြင်ပေါ်သို့ ဆင်းသက်သည်နှင့် ထပ်ကန်ခဲ့သည်။
"ဘန်း!!"
နောက်တစ်ချက်!
ထိုကဲ့သို့ပင် ခြံဝန်းအတွင်းရှိလူတိုင်းမှာ ဘီလူးတစ်ကောင်အားကြည့်နေသကဲ့သို့ ရွှီဖန်း၏ တစ်ကိုယ်တော်ဘောလုံးဖျော်ဖြေပွဲအား ကြည့်နေကြရသည်။ ကျောက်ချန်းယွီခဗျာ လေထဲတွင်သာ လှည့်ပတ်နေရပြီး မြေပြင်ပေါ်သို့ မဆင်းသက်နိုင်သေးချေ။
"ဟမ့် ကျုပ်မှာ ခင်ဗျားနဲ့ ကစားဖို့ အချိန်မရှိတော့ဘူး"
ကျောက်ချန်းယွီ လဲကျလာမည့်မြေပြင်အနားသို့ ရွှီဖန်းသည် လျှပ်စီးကဲ့သို့ ပေါ်လာသည်။ လေပေါ်မှ ကျလာသော ကျောက်ချန်းယွီ၏ခန္ဓာကိုယ်သည် သူ၏ခါးအမြင့်နှင့်ညီသည့် နေရာသို့ရောက်သောအခါ ရွှီဖန်း၏ခြေထောက်သည် တူတစ်ချောင်းကဲ့သို့ပင် ကျောက်ချန်းယွီ၏ နောက်ကျောကို ရိုက်ခွဲပေးလိုက်သည်။
ထိုကန်ချက်ကြောင့် ကျောက်ချန်းယွီ မသေခဲ့လျှင်တောင် သူသည် ဟင်းသီးဟင်းရွက်သာသာပဲရှိတော့မည်ဖြစ်၏။ ရွှီဖန်း၏ခြေထောက်ကြောင့် သူ့ကျောပေါ်ရှိ အကြောများ ပျက်စီးသွားခဲ့သည်။
ထျန်းတယ်လ်တံခါးဝသို့ တစ်ဖန်ပြန်ပြေးလာသည့် လင်းရှောင်ရှောင်းမှာလည်း ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း လင်းရှောင်ရှောင်းမှာ သူမ၏ နေရာတွင်သာ တောင့်တင်းနေလေသည်။ သူမ ရွှီဖန်းအား မှင်သက်စွာကြည့်၍ အချိန်ကြာမြင့်စွာ ဆွံ့အနေခဲ့သည်။ သူမ၏စိတ်ထဲတွင်လည်း အနည်းငယ် ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ရွှီဖန်း သူ့လက်ကိုမြှောက်ကာ အချိန်ကို ကြည့်လိုက်
သည်။ ခွန်အားမြှင့်တင်မှုအပြီးကနေ ၈မိနစ်သာ ကုန်သေးသည်။ ၅၂ မိနစ်ကျန်နေသေးသည်။
"လုံလောက်ပါတယ်"
သို့သော်လည်း ကျောက်ချန်းကျွင်းကို ရှာဖွေရန် ရွှီဖန်း လှည့်ပတ်ကြည့်လိုက်သောအခါ သူ၏ပုံသဏ္ဍာန်မှာ လုံးလုံးပျောက်ကွယ်သွားလေပြီ။
"ဟမ့်! ကျုပ် ဒီနေ့ ခင်ဗျားကိုတော့ အသက်ရှင်လျက် ထားခဲ့ပေးလိုက်မယ်"
သူ့ကိုယ်သူ ရေရွတ်လိုက်ပြီးနောက် ထျန်းတယ်လ်
အိမ်ရာ၏ ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းရှောင်ရှောင်းကလည်း ထျန်းတယ်လ်အိမ်ရာ၏ဝင်ပေါက်တွင် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။
"ဘာလို့ ဒီကို ပြန်လာတာလဲ"
ရွှီဖန်းသည် လင်းရှောင်ရှောင်းကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"ရှင်"
ထိုအချိန်တွင် လင်းရှောင်ရှောင်းသည် တုန်လှုပ်နေခဲ့သည်။ နက်နဲခြင်းအဆင့်၏အထွတ်အထိပ်အထိ စွမ်းအားမြှင့်တင်ကာ တိုက်ခိုက်ခဲ့သော ထိုလူအိုကြီးသည် ချက်ချင်းပင် အသတ်ခံရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ လင်းရှောင်ရှောင်းသည် အလောင်းအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သော ကျောက်ချန်းယွီ ကို ကြည့်၍ မနေနိုင်ဘဲ တံတွေးမြိုချလိုက်မိသည်။
"ရှင် လူရောဟုတ်ရဲ့လား"
"ကောင်းပြီ သွားကြရအောင်၊ အလျင်လိုနေတယ်"
ရွှီဖန်းသည် အလျင်လိုနေတာကြောင့် လင်းရှောင်
ရှောင်း၏ အာမေဋိတ်အမူအရာကို ဂရုမစိုက်နိုင်တော့ဘဲ သူမအား သူ့ပုခုံးပေါ်သို့ တိုက်ရိုက်တင်
ကာ တောင်ပေါ်မှ တလကြမ်းပြေးဆင်းသွားလိုက်သည်။
အဝေးကနေ လှမ်းကြည့်မည်ဆိုလျှင် လေးမှပစ်
လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ထျန်းတယ်လ်တောင်တန်း၏ လှေကားထစ်တစ်လျှောက် ဆင်းလာသော အနက်ရောင်အရိပ်တစ်ခုကို တွေ့ရလိမ့်မည်။
ရွှီဖန်း၏ပခုံးပေါ်ရှိ လင်းရှောင်ရှောင်းကတော့ မူးဝေကာ မျက်လုံးမဖွင့်နိုင်ဖြစ်နေလေသည်။ ပတ်ဝန်းကျင်မြင်ကွင်းများသည် မှုန်ဝါးနေပြီး လေပြင်းတိုက်ခတ်မှုကိုသာ သူမခံစားရလေသည်။ သူမ ရွှီဖန်းအား ဆက်တိုက်ရိုက်၍ "လွှတ်" ဟု အော်နေခဲ့သည်။
ထိုအချိန်တွင် ယန်ပင်းသည် လေယာဉ်အနားတွင် ရောက်နေပြီဖြစ်သည်။ သူက လေယာဉ်မှူးကို ခေါင်းညိတ်ပြ၍ စီးကရက်ကို မီးညှိကာ ဘေးမှာရပ်ပြီး ရွှီဖန်းကို စောင့်နေလိုက်သည်။ သူ ထွက်သွားပြီးပြီးချင်း သူ့အနောက်မှ ကျယ်လောင်သောအသံကို ကြားခဲ့ရတာကြောင့် တိုက်ပွဲက တော်တော်လေး ပြင်းထန်လိမ့်မည်ဟု ခန့်မှန်းမိပေသည်။ ယန်ပင်းကတော့ ရွှီဖန်းကို သိပ်စိတ်မပူပေ။
စီးကရက်မီးလောင်ကျွမ်းသွားသောအခါ ယန်
ပင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာလေသည်။ လျင်မြန်စွာ ချဉ်းကပ်လာသော အနက်ရောင်
အရိပ်ကို သူ ကြည့်နေလိုက်သည်။
လေယာဉ်နှင့် နီးကပ်လာသောအခါ ရွှီဖန်းသည် အရှိန်ကို လျှော့၍ ယန်ပင်း၏အနားတွင် ရပ်လိုက်သည်။
ရွှီဖန်း ပြေးလာသည့်အရှိန်ကြောင့် ယန်ပင်း၏ မျက်လုံးများ လှုပ်ခတ်သွားသော်လည်း သူ ဘာမှမမေးခဲ့ပေ။ ရွှီဖန်း၏ပခုံးပေါ်ရှိ လင်းရှောင်ရှောင်းကိုသာ သူလက်ညှိုးထိုး၍ ပြောလိုက်သည်။
"သူမကို မြန်မြန်ချလိုက်! ဟိုမှာ အန်ထုတ်တော့မယ်!"
"အား!"
ရွှီဖန်း အော်မိသွားကာ လင်းရှောင်ရှောင်းကို မြန်မြန်
အောက်ချပေးလိုက်သည်။
လက်ရှိအချိန်တွင် လင်းရှောင်ရှောင်း၏မျက်နှာတစ်ခုလုံးမှာ ဖြူဖျော့နေပြီဖြစ်သည်။ သူမ ရပ်နေသည့်
နေရာတွင်ပင် ယိုင်ကျသွားကာ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားရသည်။
"ရှင်.."
လင်းရှောင်ရှောင်းက စကားတစ်ခွန်းမှ မပြောဘဲ ရွှီဖန်းကို စိုက်ကြည့်လာသည်။ ထို့နောက် သူမ ရုတ်တရက်ပင် ပါးစပ်ကိုအုပ်ကာ လေယာဉ်
အနောက်ဘက်သို့ ပြေး၍ အန်ထုတ်နေတော့သည်။
*************