← Chapters

မျက်နှာဖြတ်ရိုက်ခြင်း

Vol. 10 Ch. 148

မျက်နှာဖြတ်ရိုက်ခြင်း

Vol. 10 Ch. 148

ကျိုးရှင်းယွမ်သည် ရွှီဖန်းနှင့် ပတ်သက်၍ အမြင်ရှိခဲ့ပေသည်။ လွန်ခဲ့သည့်ရက်က ချင်းလန်နှင့် အတူရှိနေတာ မြင်ခဲ့ဖူးသည်။

"ဘယ်လိုလဲ မိတ်ဆွေ၊ ငါတို့ ဟာကျူလီယန်ရဲ့ အစားအသောက်တွေကို မြည်းပြီးပြီလား၊ ဟွားမန်ရှင်းနဲ့ ကွာခြားချက်ကို သိပြီမလား"

"ဟုတ်တယ် သိသွားပါပြီ"

ရွှီဖန်းက ရိုးရိုးသားသား ခေါင်းညိတ်လေသည်။ ကျိုးရှင်းယွမ်သည် ရယ်မောလိုက်ချင်သော်လည်း နောက်ထပ် ပြောလာသည့် ရွှီဖန်း၏စကားကြောင့် မရယ်နိုင်တော့ပေ။

"အဲ့ဒီလို စားသောက်ဆိုင်အသေးစားဆီက ရတဲ့ အရသာဆိုမှတော့ ဟွားမန်ရှင်းနဲ့ ကွာခြားချက်ကြီးတာ ပုံမှန်ပါပဲ"

"မင်း"

ရွှီဖန်းက သူတို့၏ စားသောက်ဆိုင်ကို အသေးစားဟု ရည်ညွှန်းလာတာကြောင့် ကျိုးရှင်းယွမ်သည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီလာသည်။ သို့သော်ငြား တံခါးဝမှာရပ်နေသည့် လုံခြုံရေးအစောင့်များကြောင့် သူ့ဒေါသများကို ချုပ်ထိန်းလိုက်သည်။ 

သူက ရွှီဖန်းကို အေးစက်စွာကြည့်၍ ရယ်မောလာသည်။

"ကောင်းပြီလေ မင်းက ငါ့ရှေ့မှာ မိမိုက်ချင်

ဟန်ဆောင်နေတယ်ပေါ့၊ ဒီနေ့ မင်းတို့ ဟွားမန်ရှင်းက ဟင်းပွဲ ဘယ်လောက်များများက ငါတို့ကို ဖျက်ဆီးနိုင်မလဲ ကြည့်ကြသေးတာပေါ့"

လက်ရှိတွင် ခရိုင်ရှိ ဧည့်သည်များအားလုံးက ဟာကျူလီယန်စားသောက်ဆိုင်သို့ သွားဖူးပြီးပြီဖြစ်တာကြောင့် ကျိုးရှင်းယွမ်သည် ယခုဖြစ်ရပ်များအား အဓိပ္ပာယ်မရှိသလို သဘောထားနေခဲ့သည်။

ဒီပွဲအတွက် ချင်းလန်သည် ကြိုးကြိုးစားစား ပြင်ဆင်

ထားသည်။ ညနေစောင်းလုနီးပါးမှာ ခန်းမတစ်ခုလုံး ပြည့်နှက်လာ၏။ 

ယခင်ကထက်စာရင် သူတို့ ဖောက်သည်တွေထဲက တချို့မလာကြသော်ငြား ယခု အစီအစဥ်က ဖောက်သည်များကို ပြန်လည်ရရှိစေခဲ့သည်။ 

ယနေ့ ကောင်းမွန်သည့် ရလဒ်ကို ပြနိုင်သ၍ ဟွားမန်

ရှင်းသည် ခရိုင်မြို့တော်ရှိ အစားအသောက်လောက၌ သူတို့၏နေရာကို မကြာခင် ပြန်ရရှိပေလိမ့်မည်။

လူတိုင်းနီးပါး ရောက်လာတာကို မြင်သည့်အခါ ချင်းလန်သည် နှုတ်မြိန်စာ စကျွေးရန် အချက်ပြလိုက်သည်။ 

သူမ၏ လက်အောက်ငယ်သားတစ်ယောက်က ခေါင်းညိတ်ပြ၍ စားဖိုဆောင်ကို ဝင်သွားလေသည်။ သိပ်မကြာခင်မှာတင် စားပွဲထိုးများက အော်ဒါတင်ထားသည့် စားပွဲဝိုင်းများဆီသို့ နှုတ်မြိန်စာများ သယ်ဆောင်လာလေသည်။ 

"အယ် ဒီနှုတ်မြိန်စာဆိုတဲ့ ဟင်းက ဘာလို့ အအေးစာနဲ့ တူနေတာလဲ"

"ဟုတ်ပ အရသာတူတူပဲ"

နှုတ်မြိန်စာများ ကျွေးပြီးသည်နှင့် လူတိုင်းက တီးတိုးပြောဆိုလာကြသည်။

စားသောက်ဆိုင်နှစ်ဆိုင်လုံးမှာ စားဖူးသူများအနေဖြင့် နှုတ်မြိန်စာကို မြင်သည့်အခါ ချက်ချင်း သတိထားမိသွားကြသည်။

ကျိုးရှင်းယွမ်က ပို၍ပင် အံ့သြနေခဲ့သည်။ 

မယုံနိုင်စရာပင်။ ချင်းလန်က ဟာကျူလီယန်စားသောက်ဆိုင်၏ လျို့ဝှက်ချက်ကို ဘယ်လိုရှာတွေ့ခဲ့လဲ မသိပေ။ သူမ ရှာတွေ့နိုင်ခဲ့ရင်တောင်မှ Bidens bipinnataအပင်များကို ရရှိရန် ခက်ခဲရပေမည်။ 

သိထားရမည်မှာ သူတို့အတွက် အအေးစာ၏အာနိသင်ကို မရခင် ကုန်ကြမ်းရဖို့အတွက်တောင် နှစ်တွေများကြီး ရှာခဲ့ရပေသည်။

"သူဌေးချင်း ဒီနှုတ်မြိန်စာဆိုတဲ့ဟင်းက ဘယ်လိုဖြစ်တာလဲ"

"ဟေး မင်းတို့ ဟွားမန်ရှင်းက တခြားလှည့်ကွက်တွေတောင် မတွေးတောနိုင်တော့ဘူးလား၊ ဟာကျူလီယန်က အစားအသောက်ကို တိုက်ရိုက်ကူးချလိုက်တယ်ပေါ့"

ထိုအချိန် ပါးစပ်ဆိုးသည့် လူတချို့က ထုတ်ပြောလာကြသည်။ ချင်းလန်သည် ထိုကဲ့သို့သော အခြေအနေများကို ကြုံခဲ့ဖူးသည်ဖြစ်ရာ သူမမျက်နှာပေါ်၌ ယဥ်ကျေးသော အပြုံးကို ထိန်းထား၍ ပြောပြလိုက်သည်။

"လူတိုင်းပဲ အထင်မလွဲကြပါနဲ့၊ ဒါက သူတို့ဆီက ကူးယူတယ်လို့ သတ်မှတ်လို့ မရပါဘူး"

"အတိအကျပြောပြရရင် Bidens bipinnataအပင်ကို ရေနဲ့ရောစပ်တဲ့ ပညာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာပါ၊ ပြောရရင် ကျွန်မတို့က ရှေးခေတ်လူကြီးတွေဆီကနေ ကူးယူခဲ့တာပါ"

ပြောပြီးသည်နှင့် ချင်းလန်သည် အေးစက်စွာ ပြုံး၍ ကျိုးရှင်းယွမ်ကို ကြည့်လိုက်သည်။ သူ၏ စိတ်မလုံသလို ခံစားနေရသော အမူအရာကို မြင်သည့်အခါ သူမ ဆက်ပြောလိုက်သည်။

"ဒီလိုဟင်းပွဲမျိုးကို ကျွန်မရော လူကြီးမင်းတို့ပါ သုံးဆောင်ဖူးပြီးပြီလို့ ယုံကြည်ပါတယ်၊ ဒါဆို ဒီဟင်းပွဲရဲ့ သက်ရောက်မှုက ဘာလဲဆိုတာ သိချင်ကြမှာပဲ၊ ဟုတ်တယ်မလား"

"မှန်တယ် မှန်တယ် ဒါကို စားရင် ဘာအကျိုးရတာလဲ"

ဟာကျူလီယန်မှာစားဖူးသည့် ဖောက်သည်များကလည်း သက်ရောက်မှုကို သိချင်နေကြသည်။ သူတို့က ချင်းလန်ကို ကြည့်ကာ သူမဆီမှ အဖြေကို မျှော်လင့်နေကြသည်။ 

စိတ်မလုံသလို ခံစားနေရသည့် ကျိုးရှင်းယွမ်အတွက် ချင်းလန် ထုတ်ပြောရန် မလိုလားပေ။ ထုတ်ဖော်ခံရပါက ဟာကျူလီယန်မှ ပင်တိုင်အစားအစားများ၏ တစ်ကယ့်အမှန်တရားများ ပေါ်ထွက်လာလိမ့်မည်။

ထိုအချိန်ကျ ဖောက်သည်အများအပြားကို ဆုံးရှုံးရပေလိမ့်မည်။ ကျိုးရှင်းယွမ်၏ စိတ်အစဥ်တစ်ခုလုံးက လျင်မြန်စွာ လှုပ်ရှားနေပြီး နောက်ဆုံးမှာ ဖြေရှင်းနည်းတစ်ခုကို တွေးမိခဲ့သည်။

ချင်းလန်သာ ဒဏ်ရာရသွားရင် ပြောနိုင်ဦးမှာတဲ့လား။ သူမဆက်ပြောမှာကို ရပ်တန့်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းပင်။ နောက်ဖြစ်လာမည့်

အကျိုးဆက်များကိုတော့ နောက်မှပဲ စဥ်းစားတော့မည်။

ကျိုးရှင်းယွမ်သည် ချက်ချင်းပင် သူ့လူများကို ကြည့်၍ အသံနိမ့်ဖြင့် စေခိုင်းလိုက်သည်။

"သူမကို ရိုက်"

ထိုလူများကလည်း ချင်းလန် ဆက်ပြောမှာကို တားရန်အတွက် ချက်ချင်းပင် သူမထံ ပြေးဝင်လာကြသည်။ ချင်းလန် မြင်သည့်အခါ သူမမျက်နှာတစ်ခုလုံး ဖြူလျော်သည်အထိ ကြောက်ရွံ့သွားခဲ့သည်။ 

"အစ်မလန် မကြောက်ပါနဲ့"

ထိုအချိန် ရွှီဖန်းက သူမ၏အရှေ့မှာ ပိတ်ရပ်လာသည်။ ချင်းလန်လည်း ချက်ချင်းပင် လုံခြုံသလိုခံစားရကာ စိတ်သက်သာရာရသွားခဲ့သည်။ 

ရွှီဖန်းသည် ရန်လိုနေသည့် ထိုနောက်လိုက်သုံးယောက်ကို ကြည့်ကာ ပြုံးလိုက်မိသည်။

"ဘာဖြစ်တာလဲ၊ စိတ်မလုံတော့ဘူးလား၊ လူတိုင်းက အမှန်တရားကို သိရှိသွားတဲ့အချိန် မင်းတို့စားသောက်ဆိုင်ကို ခရိုင်မြို့ထဲမှာ မရှိတော့အောင် ဖျက်ဆီးလိုက်မှာ ကြောက်နေတာလား"

"ဘာကို စောင့်နေတာလဲ၊ သူ့ကို ငါ့အတွက် ရိုက်စမ်းပါ"

ထိုအချိန် သူ့လက်အောက်ငယ်သားသုံးယောက်သည် ရွှီဖန်း၏အရှေ့၌ ကြောင်ရပ်နေတာကြောင့် ကျိုးရှင်းယွမ်သည် ဒေါသတကြီး အော်ဟစ်တော့သည်။ သူ၏ အမိန့်ကြောင့် ထိုသုံးယောက်လည်း ရွှီဖန်းဆီ ပြေးဝင်ကြတော့သည်။

ရွှီဖန်း ရယ်မောလိုက်သည်။ သုံးယောက်လောက်က သင်ခန်းစာ ပေးရတာ လွယ်ကူပေသည်။ ထိပ်ဆုံးလူက သူ့ဆီပြေးဝင်လာတာ မြင်သည့်အခါ ရွှီဖန်းသည် ကောင်းကင်ဘုံစွမ်းအားအဆောင်ကိုချိုး၍ ထိုလူ့မျက်နှာကို ပိတ်ကန်လိုက်သည်။

ထိုကန်ချက်ကြောင့် လူတစ်ယောက်လုံးက မြေပြင်ပေါ်မှ လွတ်ထွက်သွားကာ နောက်ကို လွင့်ပျံသွားခဲ့သည်။ ထို့နောက် ကျန်သည့် နှစ်ယောက်ကို တိုက်မိကာ သုံးယောက်စလုံးအား မြေကြီးပေါ်တွင် လဲကျသွားစေသည်။ 

ရွှီဖန်းသည် ဘာမှမဟုတ်သည့် အလုပ်ကို လုပ်

လိုက်သလိုမျိုး လုံခြုံရေးကို လက်ဝှေ့ယမ်းကာ ပြောလာသည်။

"ဒီသုံးယောက်ကို အပြင်ဆွဲထုတ်လိုက်"

"ဟုတ်ကဲ့ ဆရာ!"

ချက်ချင်းပင် လုံခြုံရေးအစောင့်များသည် ကျိုးရှင်းယွမ်၏ လက်အောက်ငယ်သား သုံးယောက်ကို ဆိုင်အပြင်သို့ ဆွဲထုတ်သွားခဲ့သည်။

ရွှီဖန်းသည် ကျိုးရှင်းယွမ်အား သတိပေးသလို ကြည့်ပြီးမှသာ ချင်းလန်ဘက် လှည့်၍ ပြောလိုက်သည်။

"အစ်မလန် ဆက်ရှင်းပြလိုက်ပါ"

ချင်းလန်က ခေါင်းညိတ်၍...

"အဲ့ဒီအအေးစာဆိုတာက စားရေမြိန်ရေရှိစေတယ်၊ အထူးသဖြင့် အရသာရှိစေတယ်၊ အဲ့ဒီဟာကို အရင်စားလိုက်တာနဲ့ သာမန်အစားအစာကို ဆက်စားရင်တောင် အရသာရှိတယ်လို့ ထင်မိကြတယ်"

"ဟာကျူလီယန်ရဲ့ ပင်တိုင်ဟင်းလျာဆိုတာ ဒီတစ်ခုတည်းပဲ"

"ဘာ! ဒါက ဘယ်လိုတောင်လဲ"

"ဒါဆို သူဌေးချင်း ဟာကျူလီယန်စားသောက်ဆိုင်က ဘာလို့ ဒီလိုလုပ်ရတာလဲ"

ချင်းလန် ပြုံး၍ ပြောလိုက်သည်။

"ဟုတ်ပါတယ် ဟာကျူလီယန်စားသောက်ဆိုင်က လူကြီးမင်းတို့ကို လိမ်ညာခဲ့တာပါ၊ လူကြီးမင်းတို့ရဲ့ အရသာခံဖုလေးတွေကို ဒီလိုနည်းနဲ့ လှုံ့ဆော်ပြီး သူတို့ဆီက ဟင်းလျားတိုင်းကို ထူးခြားတယ်လို့ ထင်အောင် လိမ်ခဲ့ကြတယ်၊ ဒါဆို သူတို့အတွက် ဟင်းပွဲတွေကို ဈေးနှုန်းမြင့်မြင့်နဲ့ ရောင်းနိုင်မယ်လေ"

"ဘယ်လုပ်ငန်းရှင်ကများ ပိုက်ဆံများများ မရှာချင်ပါ့မလဲ၊ ဒါပေမယ့် ဒီလိုလုပ်တာက ကိုယ့်ဖောက်

သည်တွေအပေါ် ကျေးဇူးကန်းရာကျတယ်လို့ ပျွန်မထင်တယ်"

********************

All Chapters