← Chapters

လူတွေ၏ရည်ရွယ်ချက်

Vol. 7 Ch. 92

လူတွေ၏ရည်ရွယ်ချက်

Vol. 7 Ch. 92

"ရွှီဖန်း ဒီနေရာက ရပ်ရွာကော်မတီရုံးနော်၊ မင်းငါ့ကို ရိုက်ရဲလို့လား"

ရွှီဖန်းက မျက်လုံးကျဥ်းမြောင်း၍ ပြုံးလာသည်။

"ဒါပေါ့ ကျုပ်ခင်ဗျားကို ရိုက်မှာမဟုတ်ဘူး၊ ဒါပေမယ့် ဒီနေ့ အဲ့ဒီမြေကွက်ကို စာချုပ်ချုပ်ရမှာပဲ"

"စိတ်မကောင်းပါဘူး၊ မင်းကို စာချုပ်ချုပ်ခွင့်မပြုနိုင်ဘူး၊ မင်း ဘာတတ်နိုင်သေးလဲ"

ချန်ကျင်းရှန်က ဂုဏ်ယူစွာ ပြုံးနေသည်။ ဒီနေ့ ငါမင်းကို ခက်ခဲအောင် လုပ်ပစ်မယ်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာမရှိဘူး၊ မင်း ဒူးထောက်ပြီး ငါ့ကိုတောင်းပန်လိုက်၊ ပြီးရင် အဖေလို့ သုံးခါခေါ်လိုက်...ဘယ်လိုလဲ"

ချန်ကျင်းရှန်သည် သူ့လက်ထဲမှာ ရှိနေသည့် ပါဝါအနည်းငယ်ကို အပြည့်အဝအသုံးချနေသည်။ မဟုတ်လျှင် ရွှီဖန်းကို ခက်ခဲအောင် လုပ်နိုင်ရန် တခြား နည်းလမ်းထပ်မရှိပေ။

"မကြောက်ပါနဲ့၊ ဒီမှာ ဘယ်သူမှလည်း မရှိတဲ့အပြင် ငါလည်း ဘယ်သူ့ကိုမှ ပြန်မပြောဘူး"

ချန်ကျင်းရှန်က ရွှီဖန်းကို အားရကျေနပ်စွာရလှောင်ပြောင်နေခဲ့သည်။ အကယ်၍ ရွှီဖန်း တောင်းပန်ပြီးခဲ့ရင်တောင်မှ စာချုပ်ချုပ်ခွင့်ပေးမည်မဟုတ်ချေ။ တာ့ပိုင်တောင်ကို ရွာသူရွာသားအားလုံးပိုင်သည်ဟု ပြောကာ စာချုပ်ချုပ်၍မရဟု ဆိုလိုက်ရုံပင်။

ဟမ့်! ရွှီဖန်း ဒီတစ်ကြိမ် ငါနဲ့ မကစားရဲတော့ဘူးမလား။

သို့သော်ငြား ချန်ကျင်းရှန်မျှော်လင့်ထားသကဲ့သို့ ရွှီဖန်း၏မျက်နှာပေါ်၌ ဒေါသနှင့် ကြောက်ရွံ့မှုများ မပေါ်လာပေ။ ရွှီဖန်းက သူ့မျက်လုံးကိုကျဥ်းမြောင်း၍ ပြုံးသည်။

"ချန်ကျင်းရှန် ခင်ဗျား ကလေးကလားမဆန်လွန်ဘူးလား"

ချန်ကျင်းရှန်နှင့်သူကြားမှ စိတ်ပျက်စရာဆက်ဆံရေးကြောင့် ရွှီဖန်းသည် အစကတည်းက ထိုလူဘက်မှ လှည့်စားမှုများ လုပ်လာမည်ဟု ခန့်မှန်းထားခဲ့သည်။

သူ့ကို အဖေဟု ခေါ်ခိုင်းနေသည့် ချန်ကျင်းရှန်ကိုကြည့်၍  ရွှီဖန်းက အလျင်မလိုချေ။ သူ ထိုင်ခုံကိုဆွဲကာ ချန်ကျင်းရှန်၏ နေရာမှာ စိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်သည်။

ချန်ကျင်းရှန်က လက်ရှိပျော်ရွှင်နေတာကြောင့် လှောင်ပြောင်လာသည်။ 

"အိုး ဘာလဲ၊ မင်းက ဒီမှာ ကပ်တွယ်နေဖို့ စီစဥ်ထားတာလား၊ ဒါဆိုလည်း ကောင်းပြီလေ၊ ဒီလောင်ဇီက အပြင်ထွက်ပြီး မာကျောက်ဆော့လိုက်ဦးမယ်"

ချန်ကျင်းရှန်က မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်

သည်။ သူမရှိတော့ပါက ရွှီဖန်းလည်း သူ့ကိစ္စကိုလုပ်ပေးရန် တခြားလူ ရှာနိုင်မည်မဟုတ်ချေ။ 

သို့သော်ငြား ထိုအချိန်၌ နောက်ထပ်လူတစ်ယောက်က အထဲဝင်လာသည်။

"ချန်ကျင်းရှန် ခုနက ဘာပြောလိုက်တာလဲ"

အသံလာရာနောက်သို့ ချန်ကျင်းရှန်ကြည့်လိုက်ရာ သူ့ခြေထောက်များ ပျော့ခွေမတတ် ကြောက်ရွံ့သွားတော့သည်။ 

ရောက်လာသည့်လူက ရွာ၏အုပ်ချုပ်ရေးမှူး ဝူယွီရွှမ်းပင်။ သူ ကသိကအောင့် အပြုံးတစ်ခုကို မနည်းညစ်ထုတ်၍ ပြောလိုက်သည်။

"အုပ်ချုပ်ရေးမှူး ကျွန် ကျွန်တော် နောက်နေတာပါ"

"ဟမ့် နောက်တာလား"

ဝူယွီရွှမ်းသည် ချန်ကျင်းရှန်ကို စိုက်ကြည့်၍ ရွှီဖန်းဆီ လျှောက်လာသည်။

"ရွှီဖန်း ငါနည်းနည်းနောက်ကျသွားတယ်၊ ဘယ်လိုလဲ စာချုပ်ချုပ်ပြီးပြီလား"

"ဘာ"

ချန်ကျင်းရှန်မှာ မထိန်းနိုင်ဘဲ အံ့သြသွားရသည်။ ရွှီဖန်းက ဝူယွီရွှမ်းကို ခေါ်ခဲ့ပေသည်။ သူရွှီဖန်းကို စိုက်ကြည့်လိုက်သည်။

ကောင်လေး မင်းက စစ်ကူ ဘယ်လိုခေါ်ရမလဲဆိုတာပါ သင်ခဲ့တယ်ပေါ့၊ ဟုတ်လား။

သို့သော်ငြား ထိုအရာက အသုံးမဝင်ပေ။ ဝူယွီရွှမ်းဖြစ်နေရင်တောင်မှ သူမက ဒီကိစ္စကို ဆုံးဖြတ်ခွင့်မရှိပေ။

"အုပ်ချုပ်ရေးမှူး မသိလို့၊ ဒီကောင်လေးက နေခင်းကြောင်တောင် အိပ်မက်မက်နေပြီး တာ့ပင်းတောင်က မြေကို လိုချင်နေတာ၊ သူ ဒီမှာ အဓိပ္ပာယ်မရှိလာရှုပ်နေတယ်လို့မထင်ဘူးလား"

"ဘာကို အဓိပ္ပာယ်မရှိတာလဲ၊ ရွှီဖန်းက မြစ်အောက်

ပိုင်းရွာ တိုးတက်ကြွယ်ဝအောင်လို့ တာ့ပင်းတောင်က မြေကို လိုချင်တာ၊ ဘယ်လို အဓိပ္ပာယ်မရှိဘူး ဖြစ်သွားရတာလဲ"

"ဒါပေမယ့်"

ချန်ကျင်းရှန်သည် အနည်းငယ်စိုးရိမ်လာကာ ရှင်းပြခဲ့သည်။

"ဒါပေမယ့် ဒီကိစ္စကို ကိုယ့်ဘာသာ ဆုံးဖြတ်လို့မရဘူး၊ အကုန်လုံးက ရွာသားတွေရဲ့မြေကွက်တွေ၊ သူတို့ရဲ့ ထင်မြင်ယူဆချက်မပါဘဲ ဒီကောင်လေးကို လုပ်ပေးလိုက်လို့ မရဘူးလေ"

ဝူယွီရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရတာ ချန်ကျင်းရှန်က အဖြစ်အပျက်ကို သေချာမသိသေးသည့်ပုံပင်။ 

"ဘာတွေလုပ်နေလို့ မသိရတာလဲ၊ ရွာသားတွေက ရွှီဖန်းနဲ့ စာချုပ်ချုပ်ဖို့ ဆန္ဒရှိပြီးသား"

တာ့ပင်းတောင်က တစ်ကယ်ကို ရွာသားတွေက မျှဝေယူထားကြတာဖြစ်သည်။ ရွှီဖန်းနှင့် စာချုပ်ချုပ်ရန်

အတွက် လူတိုင်းကို တိုက်တွန်းရန်အလို့ငှာ ဝူယွီရွှမ်းမှာ များစွာ တွေးခဲ့ရသည်။ သို့သော်ငြား ခက်ခဲသည့်

အလုပ်တော့ မဟုတ်ပေ။ ရွှီဖန်းက အခု အရမ်းအောင်မြင်နေတာကြောင့် လူတိုင်းက သူနှင့်ရွက်အတူလွှင့်ရန် စိတ်ဝင်စားကြပေသည်။

ဒါ့အပြင် ရွှီဖန်းကမ်းလှမ်းသည့် ငွေပမာဏကလည်း မနိမ့်ချေ။ ထိုဝင်ငွေကို လက်လွှတ်လိုက်တာက ဆုံးရှုံးမှုတစ်ခုပေ။ ရွှီဖန်းကို လွှဲပေးပြီး ပိုက်ဆံအဖြစ် ပြောင်းလိုက်တာကမှ ပိုကောင်းပေသည်။ 

"ဒါက ဘာလဲဆိုတာ ကြည့်လိုက်"

ပြောပြီးသည့်နှင့် ချန်ကျင်းရှန် စားပွဲပေါ်သို့ ခွင့်ပြုစာကို တင်ပေးလိုက်သည်။

"ဒါ"

ချန်ကျင်းရှန်မှာ ဒေါသတွေကြား နစ်မြုပ်နေသည်။ စားပွဲပေါ်မှ ခွင့်ပြုစာကို ကြည့်၍ ဒေါသထွက်စွာ အံကြိတ်ထားမိသည်။ ဒီအကြောင်းကိုသာ သိထားခဲ့လျှင် ရွှီဖန်းကို ရိုက်ပစ်ရန်အတွက် လူတိုင်းကို သူ အားပေးမိမှာ အသေအချာပင်။

"ဒီလူတွေက...ဒီလိုပဲ ရောင်းလိုက်တာလား"

ချန်ကျင်းရှန်မှာ စားပွဲပေါ်မှ ခွင့်ပြုစာကိုကြည့်ရင်း စတင် ဆဲရေးတော့သည်။ 

"အုပ်ချုပ်ရေးမှူး ဒီကောင်လေးကို လုံးဝယုံလို့မဖြစ်ဘူး၊ သူလိမ်နေတာ သိသာတာပဲ၊ မြစ်အောက်ပိုင်းရွာက ရွာသားတွေကိုကာကွယ်ဖို့ အတွက် ကျုပ်တို့မှာ တာဝန်ရှိတယ်"

ချန်ကျင်းရှန်၏ အမူအရာက ဝူယွီရွှမ်းကို အလွန်

ဒေါသထွက်စေသည်။ ချန်ကျင်းရှန်က ရွှီဖန်းနှင့် ပဋိပက္ခဖြစ်ထားတာ သူမသိသည်။ ချန်ကျင်းရှန်က အကြောင်းအရင်းမရှိဘဲ ပြဿနာရှာနေတာဖြစ်သည်။ 

"ချန်ကျင်းရှန် ကြည့်ရတာ လက်ထောက်မလုပ်

ချင်တော့ဘူးထင်တယ် ဟုတ်တယ်မလား၊ ကျွန်မ တာဝန်ရှိသူ ပီပီပြောလိုက်မယ်၊ ဒီနေ့ ရွှီဖန်းကို စာချုပ်ချုပ်ဖို့ငြင်းလိုက်မယ်ဆိုရင် အနာဂါတ်မှာ မြစ်အောက်ပိုင်းရွာအတွက် အလုပ်လုပ်စရာမလိုတော့ဘူး"

တုံဆိုင်းခြင်းမရှိစွာပင် ဝူယွီရွှမ်းသည် ရွှီဖန်းကိုသာ ရွေးချယ်ခဲ့သည်။ သူမက ရွှီဖန်းမှတဆင့် မြစ်

အောက်ပိုင်းရွာ၏ အနာဂါတ်ကို မြင်နိုင်လေသည်။ ရွှီဖန်း၌ မြစ်အောက်ပိုင်းကို သာယာဝပြောစေရန် လုံလောက်သည့် စွမ်းရည်ရှိလေသည်။ 

"ဘာမှထပ်မပြောနဲ့တော့၊ စာချုပ်ချုပ်ဖို့ ကိစ္စတွေလည်း ပြောပြီးပြီ၊ မြန်မြန် ရွှီဖန်းအတွက် လက်

မှတ်ထိုးပေးလိုက်ပါ၊ အချိန်တွေ ထပ်မဖြုန်းနဲ့တော့၊ လက်ထောက်ချန်လည်း တတ်နိုင်တာမရှိဘူးလေ၊ ဟုတ်တယ်မလား"

ဝူယွီရွှမ်းက ထပ်ပြီး တိုက်တွန်းနေသည်။ ချန်ကျင်းရှန် နစ်နာသလို ခံစားရပေသည်။ ဘယ်လက်ထောက်ကမှ သူ့လို နစ်နာမည်ဟု မထင်ပေ။ ရွာသားဖြစ်သည့် ရွှီဖန်းကို လက်ထောက်ဖြစ်သည့် သူက မယှဥ်နိုင်ခဲ့ပေ။ ချန်ကျင်းရှန်မှာ ငိုချင်နေသော်လည်း မျက်ရည်မကျလာပေ။ သူ့မှာ ရွေးချယ်စရာလည်း မရှိပေ။ ယုတ္တိတန်တန်ပြောရလျှင် ရွှီဖန်းနှင့် ယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။

ကူကယ်ရာမဲ့စွာပင် ဝူယွီရွှမ်း၏ ညွှန်ကြားချက်အတိုင်း တာ့ပင်တောင်မှ မြေကွက်များကို ရွှီဖန်းစာချုပ်ချုပ်ရန်အတွက် လုပ်ကိုင်ပေးရန်သာ ရှိတော့သည်။ 

"ပြောပါ၊ ဘာမြေကွက် လိုချင်တာလဲ"

ရွှီဖန်းက ထိုကိစ္စကို တွေးထားပြီးသားဖြစ်သည်။ အရင်ဆုံး တောင်ထိပ်ကနေ စငှားမည်ဖြစ်ပြီး တဖြည်းဖြည်း တောင်အောက်ထိ ဝယ်သွားမှာဖြစ်သည်။ အချိန်တစ်ခုရောက်လာရင် တောင်

တစ်ခုလုံးကို ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။

"တောင်ထိပ်ကနေစပြီး အုပ်စုလိုက် ဧကတစ်ရာလုပ်ပေးပါ"

မကြာလိုက်ပေ၊ ချန်ကျင်းရှန်က မြေစာချုပ်ကို ထုတ်ပေးလာသည်။ ရွှီဖန်းက ထိုစာချုပ်အပေါ်မှာ လက်ဗွေရာနှိပ်၍ လက်မှတ်ထိုးပြီးသည်နှင့် မြေကွက်များကို သူ ပိုင်ဆိုင်ပြီဖြစ်သည်။

စာချုပ်ပေါ်မှာ နာမည်ကို ရေးထိုးပြီးမှ ရွှီဖန်း သက်ပြင်းချမိသည်။ နောက်ဆုံးတော့ မြေကွက်တွေကို တရားဝင်ဝယ်ပြီးသွားပြီဖြစ်သည်။

နောက်ထပ်လုပ်ရမည်က ဟုန်ဖေးကို ဆက်သွယ်၍ မြစ်အောက်ပိုင်းရွာသို့ ဆောက်လုပ်ရေးအဖွဲ့ပို့ခိုင်းရန်ဖြစ်သည်။ အဲ့ဒီအချိန်ကျ ကြက်မွေးမြူရေးခြံကို အောင်မြင်စွာ ဆောက်လုပ်ပြီးစီးရန် အချိန်မကြာတော့ပေ။

ဝူယွီရွှမ်းက ဟုန်ဖေးကို မသိသေးတာကြောင့် ရွှီဖန်းသတိပေးလိုက်သည်။ 

"ကောင်းပြီ ယွီရွှမ်း၊ နှစ်ရက်လောက်နေရင် ဆောက်လုပ်ရေးအဖွဲ့က ဒီကို ရောက်လာလိမ့်မယ်၊ အဲ့ဒီအခါကျ တချို့ကို ကူညီပေးဖို့ မင်းပြောပေးနိုင်မလား"

ဝူယွီရွှမ်းက နောက်လှည့်ကြည့်လာကာ သိချင်စိတ်ဖြင့် မေးလာ၏။

"ဟမ် ချက်ချင်းပဲ ဆောက်တော့မလို့လား"

ရွှီဖန်း ပြုံး၍ ရှင်းပြလိုက်သည်။

"ငါ့မှာ အသိတစ်ယောက်ရှိတယ်၊ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ဆောက်လုပ်ရေးအလုပ် ဒီမှာရှိတာနဲ့ ငါ့ကို ကူညီပေးဖို့ အကူအညီတောင်းထားတာ"

ဝူယွီရွှမ်းကြားသည့်အခါ သူမကိုယ်သူမတွေးမိသည်။

ဒါက အရမ်းကိုမှ ကျေနပ်ဖွယ်ရာကြီး မဖြစ်နေဘူးလား။

ထို့နောက် သူ သိချင်တာကြောင့် မေးလိုက်သည်။

"ဒါဆို ရွှီဖန်း ကြက်ခြံဆောက်ဖို့ ဘယ်လောက်ကုန်မှာလဲ"

******************

All Chapters