← Chapters

လည်ပင်းပေါ်မှ သေနတ်ပြောင်းဝ

Vol. 22 Ch. 317

လည်ပင်းပေါ်မှ သေနတ်ပြောင်းဝ

Vol. 22 Ch. 317

"မင်းတို့ မကျေနပ်ဘူးဆိုတာ ငါ သိတယ်"

ရွှီဖန်း လှောင်ပြောင်ပြောဆိုကာ လက်ထဲမှ ဖဲချပ်များကို ပစ်ချလိုက်သည်။ သူ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ကိစ္စမရှိဘူး မင်းတို့ ငါ့ကို လက်စားချေမယ်ဆိုလည်း အချိန်မရွေးကြိုဆိုပါတယ်...ဒါပေမဲ့ မင်းတို့ရဲ့အသက်တွေက ငါ့လက်ထဲမှာ ရှိနေတယ်ဆိုတာ သေချာသိထားကြ"

ထိုသို့ပြော၍ ရွှီဖန်းသည် မြေပြင်ပေါ်မှာ ကျနေသည့် ဂေါ်ပြားကိုဆွဲယူကာ သူ့လက်ထဲတွင် အလေးချိန် ချိန်ကြည့်လိုက်သည်။ ထို့နောက် ထိုလူများအရှေ့တွင် ညှစ်ပြလိုက်သည်။

“ချွမ်!”

သစ်သားမှုန့်များ မြေပြင်ပေါ်သို့ ပြန့်ကျဲကာ တချွမ်ချွမ်အသံများ ထွက်ပေါ်လာသည်။ ရွှီဖန်းသည် ဂေါ်ပြားကို လက်တစ်ဖက်တည်းဖြင့် အလယ်မှ တိုက်ရိုက်ချိုးပစ်ခဲ့သည်။ ဂေါ်ပြား၏အစွန်းနှစ်ဖက်မှာ မြေပြင်ပေါ်သို့ ကျသွားပြီး ထိုအသံကြောင့် လူခုနစ်ဦးမှာ ကြောက်လန့်သွားကြကာ အနောက်သို့ ခြေတစ်

လှမ်းဆုတ်မိကြသည်။

အဝေးမှ မန်နေဂျာနှင့် ဝန်ထမ်းများကလည်း ထိုမြင်ကွင်းကို မြင်ပေသည်။

"သူက လူ..လူရောဟုတ်ရဲ့လား"

ထိပ်ပြောင်သူသည် ရွှီဖန်းကို ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်၍ သူ့နှလုံးမှာ စည်တီးသကဲ့သို့ ခုန်နေလေသည်။ သူ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလာသည်။

"အစ်ကိုကြီး ကျွန်တော်က အပျင်းထူတတ်ရုံပါပဲ၊ အကြွေးကျန်နေတဲ့အလုပ်တွေအကုန်လုံး လုပ်ပေးပါ့မယ်...ပြီးတော့ ဒီအလုပ်ရုံကို ရှင်းလင်းပြီးရင် ကျွန်တော်တို့ ပြန်လို့ရပြီမလား"

ထိပ်ပြောင်သူသည် ထိုသို့ပြောနေရင်း သူ့လေသံထဲတွင် ရှိုက်သံပါလာကာ တောင်းပန်လာသည်။

"အစ်ကိုကြီး ကျွန်တော်တို့က လူတွေကို အနိုင်ကျင့်ပြီး ဆိုးသွမ်းရုံပါပဲ၊ ဒါပေမဲ့ ဘယ်တုန်းကမှ ကိုယ့်

အသိစိတ်ကို ပျက်ဆီးစေမယ့် အလုပ်မျိုးတော့ မလုပ်ဖူးပါဘူး၊ ကျွန်တော်တို့ရဲ့အသက်ကို သနားပေးပါ"

"စောစောကတည်းက ဒီလို နာခံခဲ့ရင် အဆင်ပြေမှာကို၊ ငါ့အချိန်တွေ ကုန်သွားလိုက်တာဆိုတာ"

ရွှီဖန်းသည် သူ့နှုတ်ခမ်းကိုမဲ့ကာ ရေရွတ်မိသည်။ ဤလူဆိုးအုပ်စုအား သူ၏အရှိန်အဝါဖြင့် လုံးဝ ဖိနှိပ်

နိုင်လိုက်ပြီဖြစ်သည်။

"အစ်ကိုကြီး ကျွန်တော်တို့ အလုပ်သွားလုပ်လို့ရပြီလား"

ထိပ်ပြောင်သူသည် ရွှီဖန်းမှ ထပ်မံ၍ အပြစ်ယူတော့မည် မဟုတ်ကြောင်း သတိပြုမိသဖြင့် ကံကောင်းသည်ဟု ယူဆကာ မေးလိုက်သည်။

ရွှီဖန်းလည်းခေါင်းညိတ်ပြပြီးနောက် မှင်သက်နေသည့် မန်နေဂျာကို လှည့်ကြည့်ကာ...

"သူတို့ကို ခေါ်သွားပြီး စောင့်ကြည့်ထား"

"ဟုတ်ကဲ့"

မန်နေဂျာသည် မသိစိတ်မှအလိုလိုပင် ခေါင်းညိတ်

လိုက်မိသည်။ သူက ရွှီဖန်းအား ကြောက်လန့်တကြား အမူအရာဖြင့် ကြည့်ရှုနေလေသည်။ ခုနက မြင်ကွင်းသည် လူတိုင်းနီးပါးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

သို့သော် ရွှီဖန်းကတော့ သူတို့၏အမြင်ကို ဂရုမစိုက်ပေ။ ဤသည်မှာလည်း သူ လိုချင်သည့် ရလဒ်

ပင်ဖြစ်ပြီး ဆန္ဒပြကြသောနေ့က သူ အလျှော့ပေးခဲ့ခြင်းသည် မည်သူမဆို သူ့လည်ပင်းပေါ် ၌ စီးနင်းနိုင်သည်ဟု မဆိုလိုကြောင်း ထိုဝန်ထမ်းများကို သိစေလိုသောကြောင့်ပင်။

ရွှီဖန်း အလုပ်ရုံသို့ ပြန်ရောက်သောအခါ လီဝမ်

လောင်သည် ပါးစပ်ထောင့်မှသွေးများကို သုတ်ရင်း ရွှီဖန်းအား ဦးညွှတ်ကာဖြင့်...

"ကျေးဇူးတင်ပါတယ်"

လီဝမ်လောင်က အလုပ်ရုံ၏ ကုလားကာကို ချလိုက်

ခြင်းအား ရွှီဖန်းမြင်လိုက်သည်။ သူ ဘေးတွင် ဝင်

ထိုင်ရင်း ဆိုလိုက်သည်။

"ပြောပါ ဘာဖြစ်ခဲ့တာလဲ...ခင်ဗျား ကျွန်တော့်ကိုဖုံးကွယ်ထားတဲ့အရာရှိရင် ခင်ဗျားရဲ့ ဦးခေါင်းကို ဖြတ်ပေးဖို့ဝန်မလေးဘူး"

ထိုကဲ့သို့ပြောနေစဉ်မှာ ရွှီဖန်း၏မျက်လုံးထဲ၌ အရောင်တစ်ချက် လျှပ်ခနဲလက်သွားခဲ့သည်။

လီဝမ်လောင်၏ ခန္ဓာကိုယ်လည်း တုန်ယင်သွားလေသည်။ သူ ချက်ချင်းပင် ခေါင်းငုံ့ကာ ရွှီဖန်း၏ မျက်လုံးများကို စိုက်ကြည့်ရန် မဝံ့ရဲတော့ချေ။ သူ သက်ပြင်းရှည်ကြီးချကာ...

"ဥက္ကဌရွှီက သိနေတာလား"

ရွှီဖန်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် လီဝမ်

လောင်က သတိမထားမိဘဲ သူ့ပါးစပ်ကိုဖွင့်ကာ ပြောလာသည်။

"ဟုတ်တယ် ငါကလည်း ကျင့်ကြံသူတစ်

ယောက်ပါ"

ရွှီဖန်းသည် လီဝမ်လောင်၏စကားများကို သိထားသည်မှာ ထင်ရှားလှပြီး လုံးဝအံ့သြသွားခြင်းမရှိပေ။ ထိုအစား လီဝမ်လောင်စကားဆုံးသည်အထိ သူ တည်ငြိမ်စွာ စောင့်ဆိုင်းပေးခဲ့သည်။

"ငါက နိုင်ငံတော်ကနေ အငြိမ်းစားယူထားရတာ၊ ငါက ဒဏ်ရာရထားတဲ့လူမလို့ မင်းရဲ့လုံခြုံရေးအတွက် ငါ့ကို စိတ်ပူစရာမလိုပါဘူး၊ ဒီလောက်ပဲ မင်းကို ပြောပြနိုင်မယ်"

လီဝမ်လောင်သည် စကားများစွာမပြောဘဲ ရွှီဖန်းအား သူ့အပေါ်၌ စိတ်မပူရန်သာ ပြောလိုက်သည်။ ရွှီဖန်းသည် ဤလူမှာ နိုင်ငံတော်မှအငြိမ်းစားယူထားသည့်

အချက်ကို အံ့သြမိသော်လည်း ကျင့်ကြံသူတစ်ဦး၏ စကားကို အလွယ်တကူ ယုံကြည်ရန်မှာ ရွှီဖန်းအတွက် မဖြစ်နိုင်ပေ။ လီဝမ်လောင်ကို ခဏတာမျှ ကြည့်

လိုက်ပြီးနောက် ရွှီဖန်းသည် ရုတ်ချည်းပင် လှုပ်ရှားကာ လီဝမ်လောင်၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

ရွှီဖန်း အံ့သြသွားလေသည်။ ဤလီဝမ်လောင်သည် နက်နဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။ သူသည် ရွှီဖန်းထက် အများကြီးအားနည်းနေသေးသော်လည်း နက်နဲခြင်းအဆင့်ကျင့်ကြံသူတစ်ဦးမှာ ပေါ့ပေါ့ပါးပါး တွေ့နိုင်သည့်သူမျိုး မဟုတ်ပေ။

သို့သော် လီဝမ်လောင်က မလိမ်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ရှိ သွေးကြောများအားလုံးမှာ ပြတ်တောက်နေခဲ့သည်။ သူ၏ကျင့်ကြံမှုကို တစ်စုံတစ်ဦးက ဖျက်ဆီးခဲ့ပုံရသည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ"

လီဝမ်လောင်၏ ဒဏ်ရာများကို သူ ရည်ညွှန်းလိုက်ခြင်းပင်။

လီဝမ်လောင်သည် ခဏတာ တိတ်ဆိတ်နေပြီးမှ ခေါင်းမော့ကာ ပြန်ဖြေလာသည်။

"ဒါက ပုံမှန်ပဲ...နိုင်ငံတော်ကနေ အငြိမ်းစားယူလိုက်တဲ့သူတိုင်း ကိုယ့်ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးရတယ်"

လီဝမ်လောင်၏ စကားကို ကြားပြီးနောက် ရွှီဖန်း ထပ်မမေးတော့ပေ။ လီဝမ်လောင်ထံမှ နောက်ထပ် အချက်အလက်များ သိရှိရန် မဖြစ်နိုင်တော့ပေ။

သို့သော် လီဝမ်လောင် ဤနေရာတွင်ရှိနေရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ရွှီဖန်းထံ၌ သံသယအချို့ရှိနေသေးသည်။

"ဒါဆို ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ"

"တစ်ယောက်ယောက်က မင်းကို သတ်ချင်နေတာ ငါ သိတယ်"

လီဝမ်လောင်က ရုတ်တရက် ခေါင်းမော့ကာ ရွှီဖန်းကို ကြည့်လာသည်။ ရွှီဖန်း မှင်သက်သွားတော့သည်။ လီဝမ်လောင်မှ ထိုကဲ့သို့သော စကားမျိုးပြောလာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ့မျက်လုံးများကျဉ်းမြောင်းသွားကာ လီဝမ်လောင်အား ရှုပ်ထွေးစွာ ကြည့်၍ သူ့ရှင်းပြလာမှာကို စောင့်ဆိုင်းနေလိုက်

သည်။

"ငါ ဒီလမှ ဒီကိုရောက်နေတာ...ငါတို့မှာ ဘုံရန်သူရှိနေတာကြောင့် မင်းကို ဒီအကြောင်း ပြောပြဖို့ စိတ်မရှိပါဘူး၊ ငါ အနားယူလိုက်ရတဲ့ အကြောင်းအရင်းက ငါ့ညီမကို သစ္စာဖောက်တစ်ယောက်က နှိပ်စက်ခဲ့လို့ပဲ၊ ငါ သူမကို ကယ်ဖို့ ဒီပြန်လာတာ၊ ငါ ရှာတွေ့ထားတဲ့ တစ်ခုတည်းသောသဲလွန်စက အဲ့ဒီလူက မင်းကို ရှင်းဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းပဲ၊ ဒါကြောင့် ငါ ဒီမှာ သူ့ စောင့်နေခဲ့တာ"

လီဝမ်လောင်သည် သူ၏အချက်အလက်အားလုံးကို မဖုံးကွယ်တော့ဘဲ ရွှီဖန်းအား ပြောပြခဲ့သည်။

ရွှီဖန်းသည် ခဏစဉ်းစားနေခဲ့ပြီး လီဝမ်လောင်ကို လုံးဝ မယုံကြည်ရဲသေးပေ။ သို့သော် မကြာသေးခင်က သူ့ကို ရုတ်တရက် လာလုပ်ကြံခဲ့သော နံပါတ်၁၆အား စဉ်းစားမိသောအခါ လီဝမ်လောင်မှ လိမ်ညာနေခြင်းမဟုတ်ကြောင်း သူ ခံစားမိသည်။

"ခင်ဗျားရဲ့သဲလွန်စတွေက ဘယ်ကရလာတာလဲ"

ရွှီဖန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ ထိုမေးခွန်းကို မေးလိုက်သည်။ ထို့နောက် သူ လီဝမ်

လောင်၏မျက်လုံးများကို စိုက်ကြည့်ကာ နက်နက်နဲနဲ ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။

လီဝမ်လောင်သည် ရွှီဖန်း၏အကြည့်အား ရှောင်တိမ်းခြင်းမပြုပေ။ သူ အပေါ်သို့ လက်ညှိုးထိုးပြကာ...

"ဒါက ငါ အနားယူပြီးနောက်မှာ နိုင်ငံတော်က ပေးခဲ့တဲ့ နောက်ဆုံးသော ကောင်းကျိုးတစ်ခုပဲ"

ရွှီဖန်းသည် ထိုစကားကို နားထောင်ပြီးမှသာ သူ့မျက်လုံးများကို ပြန်ရုပ်သိမ်းလိုက်သည်။

"ဒါဆိုရင် ခင်ဗျားကိုတော့ ကျွန်တော် ယုံနိုင်ပါပြီ၊ ဒါပေမဲ့ ကျွန်တော် ခင်ဗျားနဲ့ လှေတစ်စီးတည်း မစီးနိုင်ဘူး"

ရွှီဖန်း လက်ဖြန့်ကာ ထွက်ခွာရန် ခုံမှထလိုက်သည်။

"ဘာလို့လဲ"

လီဝမ်လောင်မှာ မှင်သက်သွားလေသည်။ သူ ရွှီဖန်းအား မသိနားမလည်သလို ကြည့်လိုက်မိသည်။

"ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုသတ်ဖို့ ကြိုးစားခဲ့တဲ့လူကို ကျွန်တော် သိတဲ့အတွက်ကြောင့်ပဲ၊ ပြီးတော့ သူတို့ကို ကျွန်တော် လုံးဝဂရုမစိုက်ဘူး"

ရွှီဖန်း ဘာမှမဖုံးကွယ်ထားပေ။ နံပါတ်၁၆သည် ကြောက်မက်ဖွယ်အရိပ်က ဖြစ်သည်။ သူ့အတွက် ရှောင်းမိသားစုနောက်ကွယ်မှ လူကိုသာ ရှာဖွေရန် လိုအပ်သည်။ ရွှီဖန်းအတွက် ရှောင်းမိသားစုသည် ယုံကြည်ထိုက်သည့်နေရာမျိုး မဟုတ်ပေ။

လီဝမ်လောင်သည် ထိုစကားကို ကြားသောအခါ သူ့မျက်နှာမှာ မှေးမှိန်သွားခဲ့ပြီး ချေပပြောဆိုရန် စကားမရှိ ဖြစ်သွားရသည်။

ရွှီဖန်းလည်း ဒီမှာ ထပ်နေလိုစိတ် မရှိပေ။ သို့သော် သူ ကုလားကာကိုဖွင့်ရန် ပြင်လိုက်စဉ်မှာ သူ့အနောက်မှ "ဘုန်း!"ဟူသည့် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ လီဝမ်လောင်သည် ရွှီဖန်း၏ ခြေထောက်ဘေးတွင် ဒူးထောက်လိုက်ခြင်းဖြစ်သည်။

"ဘာလုပ်နေတာလဲ"

ရွှီဖန်းလည်း လီဝမ်လောင်မှ မြေပြင်ပေါ် ဒူးထောက်

လိုက်သည့်လုပ်ရပ်ကြောင့် စိတ်ရှုပ်ထွေးသွားလေသည်။ ထိုကဲ့သို့သော လူမျိုးကို ရွှီဖန်း အထင်မကြီးပေ။

ရွှီဖန်း၏မျက်နှာပေါ်မှ မထီမဲ့မြင်ပြုမှုနှင့် စိတ်မရှည်မှုများအား မြင်နေရသော်လည်း လီဝမ်လောင်၏ မျက်လုံးများမှာ ယခင်ကကဲ့သို့ ခိုင်မာနေဆဲဖြစ်သည်။

"ဥက္ကဋ္ဌရွှီ စစ်သားတစ်ယောက်အနေနဲ့ ငါ့မှာ ဂုဏ်သိက္ခာတစ်ခုရှိတယ်၊ ဒါပေမဲ့ ငါ့ရဲ့မိသားစုကိုတောင် မကယ်နိုင်ရင် ငါက အမှိုက်နဲ့ဘာကွာတော့မှာလဲ"

ထိုသို့ပြောနေရင်း လီဝမ်လောင်သည် တံတွေးမျိုချကာ ခဏတာ စကားရပ်လိုက်သည်။

"ငါ့ရဲ့ညီမလေးကို ကယ်ပေးပါ၊ ငါ မင်းရဲ့ကျွန်

လုပ်ပေးပါ့မယ်"

ရွှီဖန်းသည် ထိုစကားကို ကြားသောအခါ သူ့မျက်လုံးထဲမှ မထီမဲ့မြင်ပြုမှုများကို ပြန်ရုပ်သိမ်းလိုက်သည်။ စစ်သားတစ်ဦး၌ ဂုဏ်သိက္ခာတစ်ခု ရှိသည်မှာ အမှန်

ပင်။ ရွှီဖန်းရှေ့၌ ဒူးထောက်ရန်ဆုံးဖြတ်နိုင်ခဲ့ခြင်းသည် သူ့နှလုံးသားထဲမှ ညှဉ်းပန်းနှိပ်စက်မှုက ရွှီဖန်းဆီမှ မထီမဲ့မြင်ပြုခံရခြင်းထက် ပို၍နာကျင်ရသောကြောင့်ပင်။

ရွှီဖန်း ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မနက်ဖြန် ရုံးကိုသွားပြီး အစီရင်ခံလိုက်ပါ၊ ခင်ဗျားကို ဒီနေရာရဲ့ မြေယာမန်နေဂျာအဖြစ် ခန့်အပ်ပေးမယ်၊ ပြီးတော့ ခင်ဗျားညီမကိုလည်း ကျွန်တော် ပြန်ခေါ်လာပေးမယ်"

ထို့နောက် လှည့်မကြည့်တော့ဘဲ ရွှီဖန်း ထွက်ခွာလာခဲ့သည်။

လီဝမ်လောင်၏ သူ့အပေါ် ကျေးဇူးတင်မှုကို ရွှီဖန်း လုံးဝဂရုမစိုက်ပေ။ လီဝမ်လောင်ကို လက်ခံလိုက်ရခြင်းမှာ သူ့အပေါ် သနားစိတ်ဝင်၍လည်း မဟုတ်ချေ။

ပြန်လာသည့်လမ်းတွင် ရွှီဖန်းသည် ရှောင်းမိသားစုအကြောင်းကို စတင်စဉ်းစားလိုက်သည်။ ရှောင်းပုချီကို ရှာမတွေ့မချင်း သူ့ကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

ဆုံးဖြတ်ချက်ချပြီးနောက် ရွှီဖန်းသည် ကားကို တိုက်ရိုက်လှည့်ကာ ရှောင်းမိသားစုဆီသို့ ဦးတည်

မောင်းနှင်ခဲ့သည်။

ထိုအချိန်တွင် ရှောင်းပုချီသည် ရှောင်းမိသားစု ခြံဝင်းထဲ၌ ထိုင်၍ လက်ဖက်ရည်သောက်နေသည်။ ဘေးနားတွင်လည်း ခန္ဓာကိုယ်ထွားကြိုင်း၍ ဝတ်စုံပြည့်

ဝတ်ဆင်ထားကြသော လူအနည်းငယ် ရပ်နေကြသည်။ ၎င်းတို့အားလုံးသည် နေကာမျက်မှန်များ တပ်ဆင်ထားကြပြီး ခါးတွင် ဓားတစ်ချောင်းစီ ထိုးထားကြသည်။

“နံပါတ်၁၅က ရွှီဖန်းကို သတ်ဖို့ ဘယ်လောက်ကြာမယ်လို့ မင်းထင်လဲ၊ ငါမှတ်မိတာက နံပါတ်၁၅ မစ်

ရှင်လက်ခံပြီး ထွက်ခွာသွားရင် သူ့ရဲ့ အနှေးဆုံးစံချိန်က ၂၄ နာရီအတွင်း မစ်ရှင်ပြီးဆုံးတာပဲ၊ သူ မြို့ထဲကနေ ထွက်သွားတာ ၂၁ နာရီ ရှိနေပြီ"

ရှောင်းပုချီသည် သူ့ဘေးနားမှ ခန္ဓာကိုယ်ထွားကြိုင်းသော လူတစ်ဦးကို ရွှင်ပြပြအမူအရာဖြင့် ကြည့်

လိုက်သည်။

သို့သော် ထိုလူကြီးက ရှောင်းပုချီကို ပြန်မဖြေပေ။ ရှောင်းပုချီကလည်း ခပ်ပြုံးပြုံးလေးပင် လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့ချလေသည်။

ရွှီဖန်းသည် လေးနာရီခန့် ကားမောင်းပြီးနောက် နောက်ဆုံးမှာ ရှောင်းမိသားစု ခြံဝင်းသို့ ရောက်ရန်

အတွက် ဖြတ်သန်းရမည့် လမ်းပေါ်သို့ ရောက်ရှိလာသည်။

၎င်းမှာ မှောင်မိုက်သောလမ်းတစ်ခုဖြစ်သည်။ မှောင်မိုက်နေရသည့်အကြောင်းအရင်းကတော့ လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင်ရှိသော သစ်ပင်များသည် အလွန်ကြီးထွားထူထပ်နေသောကြောင့်ပင်။ ၎င်းတို့၏ထိပ်ပေါ်၌ အကိုင်းအခက်များ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးယှက်တင်နေပြီး လမ်းတစ်ခုလုံးအား ခိုနားရာကဲ့သို့ ဝန်းရံထားသည်။ ၂၄ နာရီအပြည့်ဖွင့်ထားသည့် မှိန်ဖျော့ဖျော့မီးတိုင်များ ရှိသော်လည်း အလွန်နည်းပါးနေဆဲဖြစ်ပြီး မြင်ကွင်းမှာ သဘာဝဥမင်လိုဏ်ခေါင်းတစ်ခုနှင့်ပင် တူလေသည်။

ရွှီဖန်းသည် ထိုကဲ့သို့သော လမ်းငယ်လေးအပေါ်တွင် မောင်းနှင်နေရသောကြောင့် ကားအရှိန်မှာ များစွာနှေးကွေးသွားခဲ့သည်။ လမ်း၏ဘေးတစ်ဖက်တစ်ချက်စီတွင် ကားများစွာ မတွေ့ရပေ။ ဤလမ်းအား အသုံးပြုလိုသူမှာ အနည်းငယ်သာ ရှိပုံရသည်။ သို့သော် ရွှီဖန်းသည် လမ်းညွှန်စနစ်အတိုင်း လိုက်နာ၍ အနီးဆုံးလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရွှီဖန်း အလွန်အလေးအနက်ထား၍ မောင်းနှင်နေသော်လည်း လမ်းပေါ်ရှိမြင်ကွင်းမှာ အလွန်

မှောင်မိုက်လွန်းလှသည်။ လမ်းအလယ်ရှိ အမျိုးသမီးတစ်ဦးကို ရွှီဖန်း မြင်လိုက်ရသည့်အချိန် တုံ့ပြန်ရန် နောက်ကျခဲ့လေပြီ။ သူ ရုတ်တရက်ပင် ဘရိတ်အုပ်ချလိုက်ရာ ကားတာယာနှင့် လမ်းမျက်နှာပြင် ပွတ်တိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

သူ မျက်မှောင်ကြုတ်လိုက်သည်။ တိုက်မိသွားခြင်း မဖြစ်ခဲ့သော်လည်း သူ့ရှေ့မှ အမျိုးသမီးမှာ ပျောက်

ကွယ်သွားလေသည်။ ရွှီဖန်း လက်ကိုမြှောက်၍ ခေါင်းလောင်းကို စမ်းကြည့်လိုက်ရာ တုန်ခါမှုမရှိပေ။ ထိုအခါမှ သူ ကားတံခါးကိုဖွင့်၍ ကားရှေ့သို့ ထွက်လာခဲ့သည်။ ထိုအမျိုးသမီးကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။

ရွှီဖန်း၏မျက်လုံးထဲ၌ သံသယအရိပ်အယောင်တချို့ ဖြတ်သန်းသွားခဲ့သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။ သူ ခေါင်းခါလိုက်ကာ ကားပေါ်သို့ ပြန်

တက်လိုက်သည်။

သို့သော် ရွှီဖန်း ဝင်လိုက်ပြီးပြီးချင်းမှာပင် သူ၏ လည်ပင်းမှာ ရုတ်တရက် အေးစက်သွားခဲ့ပြီး အနက်ရောင်သေနတ်ပြောင်းတစ်ခုက ရွှီဖန်း၏ လည်ပင်းပေါ်တွင် ရောက်နေခဲ့သည်။

ရွှီဖန်း၏စိတ်တစ်ခုလုံး တင်းကျပ်သွားခဲ့သည်။ သို့သော် ခေါင်းလောင်းက မည်သည့်တုန်ခါမှုလက္ခဏာမျှ မပြသေးခြင်းကို ခံစားမိသောအခါ သူ တဖန်စိတ်သက်သာရာရသွားခဲ့သည်။ အရှင်အာ့လန်က သူ့ကိုအန္တရာယ်ပြုရန် ခေါင်းလောင်းအတုပေးခဲ့လိမ့်မည်ဟု သူ မယုံပေ။

********************

All Chapters