ကောင်းကင်ဘုံစွမ်းအားအဆောင်
Vol. 2 Ch. 29
ချိုးဆုအာသည် ကိုယ်ထိလက်ရောက်စော်ကားခြင်း ခံခဲ့ရသော်လည်း သူမ၏အခြေအနေမှာ ထိလွယ်ရှလွယ်ဖြစ်နေတာကြောင့် ရွှီဖန်း မယုံမှာကို ကြောက်နေမိကာ သူမမျက်လုံးများက သောကရိပ်များ လွှမ်းခြုံနေသည်။
ရွှီဖန်းသည် ချိုးဆုအာ၏ပုခုံးအား ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"အစ်မဆုအာ စိတ်မပူပါနဲ့...ဘာလုပ်ရမလဲ ကျွန်တော်သိတယ်"
သူ့ကိုယ်ပိုင်အိမ်ထဲသို့ တစ်ယောက်ယောက်က အချိန်မရွေးဝင်လာနိုင်သည်။ ချိုးဆုအာသည် ဒီနေရာမှာ ယောကျ်ားတစ်ယောက်ကို ဖျားယောင်းလောက်တဲ့အထိ ရယ်ဖွယ်ရာ အလုပ်မျိုး လုပ်လိမ့်မည်ဟု သူမထင်ပေ။ ဖြစ်နိုင်တာက ချန်မန်ဇီကသာ ချိုးဆုအာကို စပြီး မဖွယ်မရာပြုဖို့ ကြံနေတာပင်။
ပြောရလျှင် ချန်မန်ဇီသည် မတိုင်ခင်ကလည်း ဒီလိုလုပ်ရပ်တွေ လုပ်ခဲ့ဖူးသည်။
ရွှီဖန်းလည်း ချိုးဆုအာကို သူ့အနောက်မှာထားကာ ချန်မန်ဇီအားကြည့်လိုက်သည်။
"ချန်မန်ဇီ ဒီမှာ လာရမ်းကားဖို့ မင်းကို ဘယ်သူခွင့်ပြုထားလို့လဲ"
ရွှီဖန်း၏မျက်နှာက ကြည့်မကောင်းတော့ပေ။ လူတိုင်းကို အိမ်သို့ ဖိတ်ထားသည်မှာ လာဝိုင်းကူရန်ဖြစ်ပြီး လာရမ်းကားဖို့မဟုတ်ပေ။
ဒီကိစ္စကို ဒီနေ့သာ မကိုင်တွယ်ထားရင် အနာဂါတ်မှာ ထပ်ဖြစ်လာလိမ့်မည်။
"ဟမ်? ဘာကြောင့်လဲ...ရွှီဖန်း မင်းက ချိုးဆုအာဘက်မှာ ရပ်တည်ပေးမလို့လား"
ချန်မန်ဇီသည် ရွှီဖန်းအားကြည့်၍ စက်ဆုပ်စွာ ပြောလာသည်။
"မင်းကို ငါပြောမယ်...မင်းရဲ့ လုပ်အားခ နည်းနည်းလေးကြောင့်သာ မဟုတ်ရင် ငါမင်းကို ကူညီမှာမဟုတ်ဘူး...ငါ့ကိုတွန်းအားပေးပြီးစွပ်စွဲနေတာရပ်လိုက်...ငါမလုပ်ခဲ့တဲ့အရာကို ဝန်ခံမှာမဟုတ်ဘူး...ငါမင်းကို မရိုက်ရဲဘူးထင်လို့လား"
ချန်မန်ဇီသည် နာမည်နှင့် လိုက်ပေသည်။ သူဟာ အရပ်ရှည်၍ ရိုင်းစိုင်းသည့်စွမ်းအားများအပြည့်ရှိသော ခန္ဓာကိုယ်က သန်မာတောင့်တင်းနေသည်။ ယခင်က သူ့အား အကြွေးလိုက်တောင်းသည့်အဖွဲ့မှာထည့်ရန် လာကမ်းလှမ်းကြသော်ငြား ချန်မန်ဇီသည် ပျင်းဖို့ကောင်းသည်ဟု ခံစားရတာကြောင့် လက်မခံခဲ့ပေ။
မဟုတ်လျှင် သူ၏ မယုံနိုင်စဖွယ် ခွန်အားဖြင့် ခရိုင်
မြို့တော်မှာတောင် နံပါတ်တစ်ချိတ်လောက်သည်။
ချန်မန်ဇီသည် ရွှီဖန်းအား ကြောက်ရွံ့ခြင်းကင်းစွာ ကြည့်လျက် အေးစက်စွာ ပြောလာသည်။
"ရွှီဖန်း မင်းမှာ ပိုက်ဆံလေး နည်းနည်းရှိရုံနဲ့ ဒီကိစ္စမှာ ဆရာကြီးလာလုပ်ဖို့ မတွေးလိုက်နဲ့...ငါက ဝမ်မာဇီကိုတောင်မကြောက်တာ မင်းလို ငကြောက်ကို ကြောက်မယ်ထင်နေလား"
"အမှန်ပဲ! ငါက မုဆိုးမချိုးကို အရင်သွားချိတ်တဲ့လူ...အဲ့ဒီတော့ မင်းကငါ့ကို ဘာလုပ်နိုင်မှာလဲ...ရိုက်မှာလား...မင်းငါ့ကိုရိုက်နိုင်မယ်ထင်လို့လား"
ချန်မန်ဇီ ပြောဆိုပြီးနောက် ပတ်ပတ်လည်မှ လူအုပ်ကြီးသည် တိတ်တခိုး ရယ်နေကြသည်။ တစ်ကယ်ကို ခန္ဓာကိုယ်အရွယ်အစားချင်း ယှဥ်ရုံနဲ့ နှစ်ယောက်ကြားမှ ကွာခြားချက်ကို လူတိုင်းမြင်နိုင်သည်။
တစ်ကယ်သာ တိုက်ခိုက်ကြမည်ဆိုလျှင် ရွှီဖန်းမှာ ပိုက်ဆံရှိရုံနှင့် ဒီပြဿနာအား မဖြေရှင်းနိုင်ပေ။
"ဟင်း ချန်မန်ဇီရာ မေ့လိုက်တော့...ရွှီဖန်းက ငါတို့ပိုက်ဆံရှာဖို့ အခွင့်အရေးပေးထားတာ...သူ့ကို မျက်နှာသာပေးမှပေါ့"
"မှန်တယ် မှန်တယ်! ငါလည်းပြောဦးမယ်...ရွှီဖန်းရေ ချန်မန်ဇီက မုဆိုးမချိုးကို နည်းနည်းပါးပါးစနောက်တာပဲနေမှာပါ...စိတ်ထဲအများကြီးမထားနဲ့"
တစ်ချိန်တည်းမှာပဲ ဘေးပတ်ပတ်လည်မှ ရွာသားများသည် ရွှီဖန်းအား တိုက်တွန်းပြောဆိုလာကြသည်။ ရွှီဖန်းတစ်ယောက် အရိုက်ခံရပြီး ရှက်ရှက်ဖြင့် သူတို့အား အလုပ်ပေးမလုပ်တော့မှာကို သူတို့ ကြောက်နေကြသည်။
ချိုးဆုအာသည် သူမအတွက်ကြောင့် တိုက်ခိုက်တော့မည်ကို မြင်သည့်အခါ ရှက်စိတ်ဝင်လာတော့သည်။ သူမ အင်တင်တင်ဖြင့်...
"ရွှီဖန်း မေ့လိုက်ပါတော့...အစ်မ အဆင်ပြေတယ်... အစ်မ ပြန်ပဲပြန်တော့မယ်"
စောစောက ရွှီဖန်းမှ လျင်မြန်စွာ ဝင်လာတာကြောင့် ချန်မန်ဇီသည် ချိုးဆုအာကို တစ်ခုခုလုပ်ရန် အချိန်မရှိခဲ့ပေ။ သူမကိုယ်သူမ တွေးလိုက်သည်။
*မေ့လိုက်တော့...ငါ ရွှီဖန်းပါ အရှက်ရအောင် ထပ်ပြီးမလုပ်ချင်တော့ဘူး*
သို့သော်ငြား ရွှီဖန်းကတော့ ကိစ္စတွေဒီအတိုင်းပြီးသွားရန် မလွှတ်ထားနိုင်ပေ။
သူ့အိတ်ကပ်ထဲလက်ထည့်ကာ ကောင်းကင်ဘုံစွမ်းအားအဆောင်အားထုတ်၍ ချိုးလိုက်သည်။ ထို့နောက် ချန်မန်ဇီထံ လျှောက်သွားလိုက်သည်။
"ချန်မန်ဇီ...ခုနက အစ်မဆုအာကို ထိလိုက်တာ ဘယ်လက်လဲ"
ရွှီဖန်း၏မျက်နှာအမူအရာက ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။ ချန်မန်ဇီ ကြည့်မိရာ သူတောင် မတတ်နိုင်ဘဲ နောက်ကျောမှ အေးစက်လာတော့သည်။
"ဖာ့ခ်! ဒီလောင်ဇီကို လာလှည့်စားချင်နေတာလား! လက်နှစ်ဖက်စလုံးနဲ့ ထိခဲ့တယ်ကွာ! ဘာလဲ...မင်းချိုးချင်လို့လား"
မကြာခင်မှာပဲ ချန်မန်ဇီသည် သတိပြန်ဝင်လာသည်။ ကိစ္စတွေကို ဘယ်တော့မှမစဥ်းစားဘဲ လုပ်ခဲ့တဲ့သူက အခု ရွှီဖန်းအား လက်သီးဖြင့် မထိုးခင်မှာ ပါးစပ်ကနေ ကတောက်ကဆတ်များ ပြောနေသည်။
လူတိုင်း ထိုမြင်ကွင်းအား မြင်သည့်အခါ နှလုံးရပ်လုမတတ်ပင်။ ဒီလက်သီးအားက ရွှီဖန်းအား လွင့်ထွက်သွားအောင် လုပ်ရန် လုံလောက်သည်။
"ဒါက..."
သို့သော်ငြား အံ့သြစရာမြင်ကွင်းက ပေါ်လာသည်။ လူတိုင်းထင်ထားကဲ့သို့ ရွှီဖန်းသည် လဲမကျသွားပေ။ အဲ့ဒီအစား သူဟာ ချန်မန်ဇီ၏လက်သီးအား ခိုင်မာစွာ ပြန်ဆုပ်ကိုင်ထားသည်။
"မင်း!"
ချန်မန်ဇီက ရွှီဖန်းအား မယုံနိုင်စွာ ကြည့်နေသည်။ ဒီကောင်က သူ့လက်သီးကို ဘယ်လိုကာနိုင်နေတာလဲ။
အံကိုကြိတ်ကာ ရှိသမျှ ခွန်အားအကုန်ထုတ်သုံးလိုက်တာကြောင့် သူ့မျက်နှာပေါ်မှ သွေးကြောများပင် ပေါက်ထွက်လုနီးပါး ဖြစ်နေလေသည်။
သို့သော် ရွှီဖန်းကတော့ တောင်ကြီးတစ်လုံးလိုမျိုး မလှုပ်မယှက် ရပ်နေတုန်းပင်။
"မိုးမေလင်းလိုက်!"
ထိုအချိန်၌ ပတ်ပတ်လည်မှ လူအုပ်ကြီးသည် သူ့အား ဝိုင်းကြည့်နေကြသည်။ ချန်မန်ဇီမှာ သူ့မျက်နှာတစ်ခုလုံး ပြစရာမရှိတော့ဘူးဟု ခံစားခဲ့ရသည်။
ဒီနေ့ သူသာ ရွှီဖန်းကို မြေကြီးအပေါ်မှာ မရိုက်နိုင်ခဲ့လျှင် အနာဂါတ်ကျ မြစ်အောက်ပိုင်းရွာမှာ သူ့ကိုယ်သူ မျက်နှာပြရဲတော့မည် မဟုတ်ချေ။
သူ့နောက်လက်တစ်ဖက်ကလည်း လက်သီးဆုပ်
အဖြစ်ပြောင်းကာ ရွှီဖန်းထံ ထိုးချလိုက်သည်။
သို့သော်ငြား သူ့အားစိတ်ပျက်စေသည်မှာ ရွှီဖန်းက ဒီလက်သီးကိုလည်း ခိုင်ခိုင်မာမာ ဆုပ်ကိုင်လိုက်တုန်းပင်။
"ဘာလဲဟ...မင်း ဘာမှမစားရသေးလို့လား"
ရွှီဖန်းသည် ချန်မန်ဇီ၏လက်သီးနှစ်လုံးအား ထိန်းချူပ်ထားသည်။ သူ့မျက်နှာက တည်ငြိမ်ပေါ့ပါးနေပြီး ချန်မန်ဇီမျက်နှာပေါ်ကလို အစိမ်းရောင်သွေးကြောများ ထောင်ထမနေပေ။
ချန်မန်ဇီက ရွှီဖန်းအား မကျေမနပ်စိုက်ကြည့်နေသည်။ သို့သော် ထိုအချိန်၌ ရွှီဖန်း၏လက်က သူ့လက်သီးကို ဆုပ်ကိုင်ထားရုံတင်မကဘဲ ပြင်းထန်သောအားတစ်ခုကပါ ကျဆင်းလာသည်။
ခဏအတွင်း သူ့လက်အရိုးများ ကျိုးသွားတော့သည်။ ရွှီဖန်းက သူ့လက်နှစ်ဖက်လုံးကို ချိုးလိုက်ခြင်းပင်။
ချန်မန်ဇီလို သန်မာတဲ့လူတောင်မှ လက်ကျိုးသွားသည့်အခါ သည်းမခံနိုင်ဘဲ အော်ဟစ်လာသည်။
သူဟာ သားသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်နေပြီး ရွှီဖန်း အရှေ့ ဒူးထောက်ကျသွားသည်။
ရွှီဖန်းသည် အေးစက်စွာ စိုက်ကြည့်ကာ ထိုလူအား လွင့်ထွက်သွားအောင် ကန်ထည့်လိုက်သည်။
ဘမ်း!!
မြေကြီးအပေါ် ပြန်ပြုတ်ကျလာသည့်အခါ ချန်မန်ဇီသည် သူ့အတွင်းအင်္ဂါများ ပျက်စီးသွားပြီဟုပင် ခံစားလိုက်ရသည်။ ထိုအချိန်၌ သူ ပြန်မထနိုင်ခဲ့ပေ။
"ဘာလဲ...မင်း ခုနကလို မမောက်မာတော့ဘူးလား"
"လာစမ်းပါ...ပြန်ရပ်လိုက်"
"မင်း..."
ချန်မန်ဇီက မြေကြီးပေါ် လဲကျနေသည်။ သူ တစ်ကယ် ပြန်ထချင်သော်ငြား ပါးစပ်ဟရုံနဲ့တင် သေအောင်
နာကျင်နေရသည်။ စကားတောင် ပြီးအောင် မပြောနိုင်။
ရွှီဖန်းသည် သတိမထားမိသလို ကြည့်နေကာ မသနားဘဲ ထပ်ကန်လိုက်သည်။
"ထစမ်း! မင်း လူရမ်းကားလို ကစားချင်နေတာမဟုတ်ဘူးလား! ဆက်လုပ်လေ!"
"ငါ..."
"ငါ့ခွန်အား ဘယ်လိုလဲ...မင်းလက်ခံဖို့ ငြင်းနေတုန်းလား"
"ငါ ငါ မှားပါတယ်"
ချန်မန်ဇီသည် ရွှီဖန်းထံမှာ အသက်တစ်ဝက်ပင် ကုန်လုနီးပါး အရိုက်ခံနေရသည်။ ထိုအချိန်၌ သူ့အား သေအောင် ရိုက်ပစ်မည်ကို ကြောက်နေခဲ့သည်။ ဒါကြောင့် သူ့ပါးစပ်မှ ထိုစကားလုံးတွေကို အတင်းညှစ်ထုတ် ပြောလိုက်ရသည်။
"ငါ လက်မြှောက်ပါတယ်...လက်မြှောက်ပါတယ်...ငါ အရှုံးပေးပါပြီ!"
ချန်မန်ဇီ၏ သတ္တိအားလုံးသည် ရွှီဖန်း၏ ရိုက်ချိုးခြင်းကို ခံခဲ့ရသည်။ သူဟာ ခွေးသေတစ်ကောင်ကဲ့သို့ မြေကြီးပေါ်မှာ လဲနေပြီး ဘောင်းဘီအပေါ် သေးစွန့်လုနီးပါးပင်။
ဘေးမှဝိုင်းကြည့်နေသူများ၏ မျက်လုံးထဲမှာတော့ အံ့သြမှင်တက်မှုများ ပြည့်နေသည်။ ရွှီဖန်း၏ ပိန်ပါး၍အားနည်းသော ခန္ဓာကိုယ်လေးမှ အခုလို ကြောက်ဖို့ကောင်းသည့် ခွန်အားများထွက်လာခဲ့သည်။ ဒါဟာ သိသာစွာ ကြောက်ဖို့ကောင်းလှသည်။
အခုလေးတင် ရွှီဖန်းထုတ်ပြခဲ့သည့် ညှာတာမှုကင်းသော နည်းလမ်းများကို ပြန်တွေးရင်း ရွာသားများမှာ ဤကဲ့သို့ ခံစားခဲ့ရသည်။ သူတို့အလုပ်ရှင်သူဌေးသည် သူတို့တွေးထားသကဲ့သို့ လွယ်လွယ်ကူကူအနိုင်ကျင့်လို့မရပေ။
မြေကြီးအပေါ် လဲကျနေသည့် ချန်မန်ဇီအား ပြန်
ကြည့်ရင်း ရွှီဖန်းအား မအော်ပြောခဲ့သော လူများမှာ တိတ်တဆိတ် ဝမ်းမြောက်ကုန်ကြသည်။
"လူတိုင်းပဲ"
ထိုအချိန် ရွှီဖန်းသည် လူတိုင်းအား ကြည့်လာကာ တည်ငြိမ်သည့်အမူအရာဖြင့် ပြောလာသည်။
"ကျွန်တော် ရွှီဖန်းက ဒီမှာ အလုပ်လုပ်ဖို့ ခေါ်တယ်ဆိုကတည်းက ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်လာနိုင်
တယ်လို့ ဆိုလိုတာပဲ"
ထိုစကားပြောပြီးနောက် လူအုပ်ကြီးအား ရွှီဖန်း ကြည့်လိုက်သည်။ ကြက်တစ်ကောင်ကိုအရင်သတ်ပြသည့်ဥပမာက ထိုလူများအပေါ် သက်ရောက်ဖို့ သူ့မျှော်လင့်သည်။ တစ်ချိန်တည်းမှာပဲ နောက်ကျရင် ချိုးဆုအာကြုံတွေ့ရမည့် လိင်ပိုင်ဆိုင်ရာနှောင့်ယှက်ခြင်းများကိုပါ တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်သည်။
မကြာခင်မှာပဲ လူတိုင်းက ချန်မန်ဇီအား သယ်ကာ ထွက်သွားကြသည်။ ထောင့်နားမှာ ရပ်နေသည့် ချိုးဆုအာမှာ အခုထိကို အံ့သြမှင်သက်စဲပင်။
သူမအတွက် ရပ်တည်ပေးခဲ့သည့် ရွှီဖန်း၏ ကိုယ်ဟန်အနေအထားက သူမစိတ်ထဲမှာ ကျန်ရှိနေတုန်းပင်။ မတိုင်ခင်က ဘယ်အမျိုးသားကမှ သူမအား ကာကွယ်ပေးခဲ့ခြင်းမရှိပေ။ သူမနှလုံးသားထဲမှာ ပေါ်ပေါက်လာသည့် ထူဆန်းသည့် ခံစားချက်အား သူမခံစားလိုက်ရသည်။
ရွှီဖန်းမှ သူမဆီလျှောက်လာတာ မြင်သည့်အခါ ချိုးဆုအာမှာ မိန်းမငယ်လေးတစ်ယောက်ပြန်ဖြစ်သွားသကဲ့သို့ အနည်းငယ် မျက်နှာ နီလာသည်။
"ရွှီ ရွှီဖန်း...အစ်မ..."