ရွှီဖန်း၏အဆိပ်ပြင်းသောလျှာ
Vol. 21 Ch. 305
ဘေးနားမှာရှိနေသော လင်းရှောင်ရှောင်းသည် လျိုကျီပင်း၏စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရပြီး သူ့ကို တားဆီးရန် ပြင်လိုက်သည်။
ထိုစဥ် လျိုကျီပင်းသည် ရုတ်ချည်းပင် ယုံကြည်မှုအပြည့်ဖြင့် ရွှီဖန်းဆီ လျှောက်သွားသည်။ လမ်းလျှောက်ရင်းဖြင့် သူက ပြော၏။
"မင်းက ဆရာဝန်တစ်ယောက်ပဲထားဦး မင်းက အဘိုးရဲ့ရောဂါကို လုံးဝ မသိတဲ့အပြင် မသိရင်တောင်မှ အဘိုးအရက်သောက်တာကို မတားဆီးဘူးလေ"
လျိုကျီပင်းသည် သူ့အသံကို မြှင့်၍ ဖြောင့်မတ်သောပုံစံဖြင့် ဆက်ပြောလာသည်။
"မင်းက အဘိုးကို သတ်နေတာလား၊ လူနာတွေအတွက် အရက်သောက်တာကို တားမြစ်ထားတယ်ဆိုတာ မင်း မသိဘူးလား၊ မင်းမှာ ဆေးပညာ အရည်အချင်းမရှိရင်တောင် အနည်းဆုံးတော့ ဆေးဘက်ဆိုင်ရာကျင့်ဝတ်လေး ရှိသင့်တယ်၊ မင်းလိုလူမျိုးတွေက လိမ်လည်လှည့်ဖြားတဲ့သူတွေနဲ့ သေချာပေါက် တူတယ်၊ မင်းက ဘယ်လိုလုပ် ဆရာဝန် ဖြစ်နိုင်မှာလဲ"
ထိုအချိန်၌ လင်းရှောင်ရှောင်း၏မျက်နှာမှာ ဒေါသများဖြင့် ပြည့်နေသလောက် ရွှီဖန်း၏မျက်နှာကတော့ ဘာမှ မပြောင်းလဲပေ။
လျိုကျီပင်းသည် သူ၏ပတ်ပတ်လည်ကို တစ်ချက်
ကြည့်၍ သူ၏အော်ရာများ ထုတ်လွှတ်နေသည်ဟု ထင်သွားလေသည်။ ထို့နောက် လေလုံးထွားလိုက်ပြန်သည်။
"ဒုတိယအနေနဲ့ မင်းရဲ့ အဝတ်အစားကို ကြည့်ပါဦး၊ မင်းရဲ့ဆင်းရဲမွဲတေမှုကို ဂရုမစိုက်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းက ဆရာဝန်တွေရဲ့ အခြေခံအကျဆုံးအရာကိုတောင် မလုပ်နိုင်ဘူး၊ မင်းလိုလူမျိုးသာ ဆရာဝန်ဖြစ်နိုင်ရင် ကမ္ဘာပေါ်က လူတိုင်းလည်း ဆရာဝန်ဖြစ်နိုင်တာပေါ့"
လျိုကျီပင်းသည် ရွှီဖန်းကို နှိမ့်ချရင်း သူ့ခေါင်းကို မသိစိတ်မှ အလိုလို မြှင့်တင်လိုက်မိသည်။ အခုလိုအချိန်မှာ သူသာ ရွှီဖန်းနေရာမှာဆိုလျှင် ရှက်လွန်း၍ မြေကြီးထဲ တိုးဝင်သွားလောက်ပြီဟု သူ ထင်နေသည်။
သို့သော်ငြား ရွှီဖန်းက လျိုကျီပင်းကို အပြုံးဖြင့်သာ ကြည့်နေလေသည်။
ရွှီဖန်း ပြုံးလိုက်ကာ အပြုသဘောဆောင်သည့်စကားများကို ထပ်မပြောတော့ပေ။ လျိုကျီပင်းက ဘယ်သူ့မျက်နှာမှမထောက်မှတော့ သူလည်း လင်းရှောင်
ရှောင်း၏မျက်နှာကိုထောက်ကာ ယဥ်ကျေးနေတော့မည်မဟုတ်ပေ။
ရွှီဖန်း၏လက်ရှိစိတ်နေစိတ်ထားအရ လျိုကျီပင်းအတွက် ဒီလိုစကားတွေပြောရဲပြီး အခုအချိန်ထိ ဘေးအန္တရာယ်ကင်းစွာ ရပ်နိုင်နေခြင်းသည် ကံကောင်းမှုတစ်ခုပင်။ ရွှီဖန်းသည် သူ့ကို လာပြီး မလှောင်ပြောင်သ၍ ရိုင်းစိုင်းသည့်လူမဟုတ်ပေ။
"လင်းရှောင်ရှောင်း ဒီအရူးက ဘယ်သူလဲ... သူ့ကိုကြည့်ရတာ ငါ့ကို သိနေပုံရတယ်"
ရွှီဖန်းက အံ့သြနေသည့်ပုံဖြင့် လင်းရှောင်ရှောင်းကို ကြည့်လာလေသည်။
ရွှီဖန်း၏စရိုက်ကို လင်းရှောင်ရှောင်း ကောင်းကောင်းသိပေသည်။ သူက တစ်စုံတစ်ယောက်အရှေ့မှာ ဘယ်တော့မှ အရှုံးမပေးချင်သည့် လူမျိုးပင်။ သူ့ဆီက နေ ကုသမှုမရတော့မှာကို သူမ စိုးရိမ်မိသည့်အတွက် ချက်ချင်း ပြန်ဖြေလိုက်သည်။
"သူက ကျွန်မ ငယ်သူငယ်ချင်း ပြီးတော့ အဘိုးရဲ့ ဆရာဝန်၊ ဆေးတက္ကသိုလ်ကနေ ပါရဂူဘွဲ့ရထားတာ"
ရွှီဖန်းသည်'ဆေးတက္ကသိုလ်' ဟူသည့် စကားကို ကြားတော့ မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် ကျောက်ချန်းကျွင်းကို တွေးမိသွားလေသည်။ ဘယ်လိုပါမောက္ခမျိုးတွေ ဘယ်လိုဆေးကျောင်းသားတွေပါလိမ့်။
သူ့အား အရူးဟု ခေါ်လိုက်သည့် ရွှီဖန်းကြောင့် လျိုကျီပင်းသည် ကြားကြားခြင်း ဒေါသထွက်ကာ လက်ညှိုးထိုးလိုက်သည်။
"မင်း"
သို့သော် လျိုကျီပင်းမှ ပါးစပ်ဖွင့်ရန် ပြင်လိုက်စဥ် ရွှီဖန်းက သူ့စကားကို ချက်ချင်းဖြတ်ပြောလာသည်။
"ရှောင်ရှောင်း ငါ့ကို နောက်နေတာ ရပ်လိုက်တော့၊ ဒီလိုပုံစံနဲ့ စကားပြောတဲ့အဆင့်အတန်းက အများဆုံးအနေနဲ့ ဆေးတက္ကသိုလ်မှာ အိမ်သာသန့်ရှင်းရေးပဲ လုပ်နိုင်မှာ"
ရွှီဖန်းသည် သူ့လက်ကို ဝှေ့ယမ်း၍ မယုံကြည်နိုင်သော မျက်နှာဖြင့် ပြောလိုက်သည်။
"မင်း!"
လျိုကျီပင်း၏ဒေါသက ပို၍ပြင်းထန်လာသည်။
သို့သော်ငြား ရွှီဖန်းက နောက်တစ်ကြိမ်ထပ်ပြီး သူ့စကားကိုဖြတ်ပြောလာသည်။
"အခုထိ အဘိုးရဲ့ရောဂါက မပျောက်သေးတာ မအံ့သြတော့ဘူး၊ ဆေးတက္ကသိုလ်က အိမ်သာသန့်ရှင်းရေးသမားကို ကုသခိုင်းနေတာ ဟုတ်မှလည်းလုပ်ဦး"
ရွှီဖန်းသည် လင်းရှောင်ရှောင်းအား အပြစ်တင်နေသည့်ပုံဖြင့် ကြည့်လိုက်လေသည်။
ရွှီဖန်း၏ရည်ရွယ်ချက်က လျိုကျီပင်းအား အရှက်ခွဲရန်ဆိုတာကို လင်းရှောင်ရှောင်း သိပေသည်။ သူပြောလိုက်သည့်စကားများက နည်းနည်း လွန်ပုံရသော်ငြားလင်းရှောင်ရှောင်းကတော့ လွန်သည်ဟု မခံစားရပေ။ မည်သို့ပင်ဖြစ်စေ လျိုကျီပင်းဘက်က အရင်ဆုံး ရိုင်းရိုင်းစိုင်းစိုင်း စပြောခဲ့ခြင်းဖြစ်သည်။
"မင်း"
လက်ရှိအချိန်တွင် လျိုကျီပင်း၏မျက်နှာအရောင်
သည် ဝက်အသည်းရောင်ကဲ့သို့အလားပင်။
"ငါ မင်းကို ပြောပြမယ်...ငါ နှစ်ပေါင်းများစွာရခဲ့တဲ့အတွေ့အကြုံအရ မင်းရဲ့ခန္ဓာကိုယ်မှာ ပြဿနာကြီးကြီးတစ်ခု ရှိနေပြီ၊ အခု မင်းရဲ့မျက်နှာကိုပဲ ကြည့်
လိုက်၊ ဝက်အသည်းလိုပဲအားနည်းနေတာ စကားတောင်ပြီးအောင်မပြောနိုင်ဘူး၊ ဒါက ဦးနှောက်ဆီကို သွေးမရောက်လို့ အာရုံကြောတွေ လေဖြတ်တဲ့ လက္ခဏာပဲ၊ မိတ်ဆွေ...မင်း လေဖြတ်တော့မယ့် အခြေအနေကိုရောက်နေပြီ"
ရွှီဖန်း၏ မဟုတ်မမှန်ပြောဆိုခြင်းမှာ တော်တော်လေး ကို ဆီလျော်နေသေး၏။
လျိုကျီပင်းသည် နောက်ဆုံးမှာတော့ သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ သူ၏အပြုအမူများကိုပင် ဂရုမစိုက်
နိုင်တော့ချေ။
"ငါ မင်းနဲ့ အငြင်းမပွားတော့ဘူး၊ မင်းလို အပြောကျွမ်းတာမျိုးက ဘာအကျိုးရှိမှာလဲ၊ ဆေးပညာချင်းယှဉ်ပြိုင်ပြီး မင်းက လိမ်လည်သူဆိုတဲ့ အမှန်တရားကို ငါ ဘယ်လိုဖော်ထုတ်မလဲဆိုတာ စောင့်ကြည့်နေလိုက်"
လျိုကျီပင်းသည် ထိုစကားကို ပြောပြီးနောက် ရွှီဖန်းကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ရွှီဖန်းက သူ့ကို မယှဉ်နိုင်ဘူးဆိုတာ သူသိသော်ငြား သူနှင့်လောင်းကြေးထပ်ရန် မဝံ့ရဲမှာကို စိုးရိမ်နေမိသည်။
ရွှီဖန်းသည် လျိုကျီပင်း၏စကားများကိုကြားတော့ စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ၊ မင်းရဲ့ အဆင့်လောက်နဲ့ ငါ့ကို ယှဉ်ဖို့ မထိုက်တန်သေးဘူး၊ ငါတို့ရဲ့ဆေးပညာအဆင့်အတန်းက တူညီတဲ့အဆင့်မှာ မရှိနေဘူး၊ မင်းရဲ့ဆရာ ရောက်လာရင်တောင် ငါ့ကို အစ်ကိုကြီးလို့ ခေါ်ရလိမ့်မယ်"
ထိုက်ပိုင်ကျင့်စစ်၏ဆေးပညာနှင့် ဆေးညွှန်းတွေကြောင့် ရှုဖန်နှင့် ဆေးပညာမှာ ယှဉ်နိုင်သောသူသည် ဤကမ္ဘာတွင် ရှားပါးလေသည်။
"ဟားဟား"
ရွှီဖန်း ပြောတာကို ကြားတော့ လျိုကျီပင်းသည် တကယ်ပင် ဒေါသထွက်ကာ ရယ်လိုက်မိသည်။
"လေလုံးထွားတဲ့လူတွေကို ငါ မြင်ဖူးပါတယ်၊ ဒါပေမဲ့ မင်းလို လေလုံးကြီးတဲ့လူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးဘူး၊ ငါ့ဆရာက ဘယ်သူလဲဆိုတာ မင်း သိလို့လား"
လျိုကျီပင်းသည် ခေါင်းမော့ကာ မာန်ပါပါဖြင့်...
"ငါ့ဆရာက တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာအသင်းရဲ့ ဥက္ကဋ္ဌ၊ ပြီးတော့ ဆေးဘက်ဆိုင်ရာနိုဘယ်လ်ဆုရှင် ပါမောက္ခ လျိုယုံးရမ်ပဲ"
ရွှီဖန်းသည် ထိုနာမည်ကို ကြားတော့ အံ့သြသွားရသည်။ နည်းနည်းရင်းနှီးနေသလိုလို...တီဗီအစီအစဉ်တချို့မှာ မြင်ဖူးခဲ့သလိုလိုပင်။ သူ ခဏတာမျှ ဟန်ဆောင်စဉ်းစားလိုက်ပြီးမှ မျက်လုံးများ လင်းလက်သွားသယောင် ပုံဖမ်းလိုက်သည်။
"ဪ မင်းက အဲ့ဒီကလေးရဲ့ တပည့်လား"
ဟု ပြော၍ သူ ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်
သည်။
"အဲ့ဒီကလေးရဲ့ဆေးပညာအရည်အချင်းက လက်ခံလို့ရပါသေးတယ်၊ ဒါပေမဲ့ သူ့မျက်လုံးက သိပ်တော့မကောင်းဘူးပဲ မင်းလို တပည့်မျိုးကို ဘာလို့ လက်ခံလိုက်တာလဲ၊ သူ့ကိုယ်သူ အရှက်ခွဲနေတာ မဟုတ်ဘူးလား"
ရွှီဖန်းသည် လျိုကျီပင်းအား မထီမဲ့မြင်အကြည့်ဖြင့် ကြည့်နေလိုက်သည်။
တစ်ကယ်တော့ ရွှီဖန်းတစ်ယောက် အမှန်အတိုင်း ပြောနေခြင်းပင်။ အပေါ်ယံမှာတော့ ထိုလျိုယုံးရမ်ဆိုသူအား တရုတ်ရိုးရာဆေးပညာ၌ နတ်ဘုရားဟု ခေါ်ဆိုကြသည်။ သူ့အကြောင်း ပြောရမည်ဆိုလျှင် ထိုသူသည် အများအားဖြင့် ပုန်းကွယ်နေတတ်ပြီး လောကီရေးရာကို စိတ်မဝင်စားဘဲရှိကာ ကျော်ကြားမှုနှင့်စည်းစိမ်ဥစ္စာကို မရှာဖွေသော ကျွမ်းကျင်ပညာရှင်တစ်ဦးပင်။ သို့သော်ငြား လျိုယုံးရမ်ထက် ပိုတော်သည့်ဆရာဝန်များက တရုတ်နိုင်ငံတွင် တစ်ယောက်ထက်ပို၍ ရှိပေသည်။
ရွှီဖန်းနှင့်ယှဉ်နိုင်ဖို့ဆိုတာ ဝေးသေး၏။ လျိုယုံးရမ်သာ ကျောက်မိသားစုမှာဆိုလျှင် ကျောက်ချန်းကျွင်းနှင့်ယှဥ်ပါက ဘယ်သူက ပိုပြီး အရည်အချင်းမြင့်
မလဲ မသိနိုင်ပေ။
သို့သော်ငြား ရွှီဖန်း၏ထိုစကားက တခြားသူများ၏ နားထဲကို ရောက်သွားတော့ နည်းနည်းမောက်မာလှသည်ဟု ခံစားလိုက်ရပေသည်။ လင်းကျန့်ကျန်းတောင်မှ ထိုအရာကို ကြားတော့ မျက်မှောင်ကြုတ်သွားလေသည်။
လျိုကျီပင်းကတော့ ပို၍တောင် အထင်သေးသွားလေသည်။
"မင်းရဲ့ဒီလုပ်ရပ်က နည်းနည်း လွန်သွားပြီ၊ တရုတ်
နိုင်ငံမှာ မင်းက ငါ့ဆရာထက် ပိုတော်တယ်ဆိုပြီး ပြောရဲတဲ့လူတစ်ယောက်မှ မရှိဘူး"
"ငါရှုံးရင် မင်းကို အဖိုးလို့ခေါ်မယ်"
ထိုစကားကိုကြားတော့ ရွှီဖန်းတွေးလိုက်မိသည်။ ဒီနေ့ခေတ်လူတွေ ဘာလို့ ဒီလောက်တုံးကြတာလဲ။ အဖိုးလို့ခေါ်တာလောက်နဲ့ လာနောက်နေတာလား။
"အဲ့ဒါလေးနဲ့ ဘာလုပ်မလို့လဲ၊ ငါက ပိုက်ဆံကိုသဘောကျတယ်၊ မင်း လောင်းကစားလုပ်ချင်ရင် ပိုက်ဆံလောင်းကြမယ်"
ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏တစ်စိတ်
တစ်ပိုင်းသည် ဝမ်ကျုံးကျန့်၏ လက်ထဲမှာ ရှိနေသေးပြီး သူ့ဆီမှ ဝယ်ယူရန် ပြင်ဆင်ထားရဦးမည်။
လျိုကျီပင်းကမူ ထိုလောင်းကစားကို ကြားတော့ ရယ်မောလိုက်သည်။ သူ့မျက်နှာအမူအရာက ပို၍ အေးအေးဆေးဆေးရှိသွားလေသည်။ ရွှီဖန်းသာ ဆေးပညာအဆင့်အတန်းမြင့်မားသည့်လူဆိုလျှင် အခုလို ပိုက်ဆံလိုမှာတဲ့လား။ ရွှီဖန်းက စက္ကူကျားတစ်
ကောင်ပဲဆိုတာကို လျိုကျီပင်း သေချာသိသွားလေပြီ။ သူ ခပ်မြန်မြန် ပြောလိုက်၏။
"အိုကေ လောင်းကြေးအကြောင်း ပြောပါဦး၊ မင်း ရှုံးရင်သာ အဲ့ဒီပိုက်ဆံကို ထုတ်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်"
"ငါ မရှုံးဘူး"
ရွှီဖန်းသည် လက်နှစ်ဖက်ကို ဖြန့်၍ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူ့မျက်လုံးကို ကျဥ်းမြောင်းကာ လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
"တစ်သောင်းလား"
လျိုကျီပင်းက အော်ရယ်လာလေသည်။
"ဒီလောက် ကပ်စေးမနည်းနေနဲ့၊ ငါ မင်းနဲ့ ယွမ်တစ်သန်းလောင်းမယ်"
ရွှီဖန်းတစ်ယောက် အံ့သြသွားရလေသည်။ သူ လျိုကျီပင်းအား နားမလည်သည့်အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"တစ်ဘီလီယမ်"
"အာ"
လျိုကျီပင်းမှာ ရပ်နေသည့်နေရာမှာတင် ကြောင်
အသွားလေသည်။ သူ သတိပြန်ဝင်လာပြီးနောက် ပို၍ပင် အထင်သေးစွာဖြင့်
"မင်းလိုဆင်းရဲသားလေးက ငါ့ကို လာနောက်နေတာလား၊ တစ်ဘီလီယံဆိုတာ မင်းကိုယ်မင်းရောင်းရင်တောင်မရဘူး"
"အဲ့ဒါ ငါ့ကိစ္စပါ၊ ငါ ရှုံးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပေးမယ်၊ မင်း ရှုံးရင်တော့ တစ်ဘီလီယံ ဘယ်လိုလဲ"
"ကောင်းပြီလေ"
ရွှီဖန်း၏စကားကို လျိုကျီပင်း ကြားသော်ငြား သူ့အသက်ကို တစ်ကယ်ယူရန်တော့ မရည်ရွယ်ထားပေ။သို့သော်ငြား လင်းရှောင်ရှောင်းရှေ့၌ ရွှီဖန်းကို အနိုင်ယူမည့် သူ့ကိုယ်သူကို ပြသနိုင်မည်ဖြစ်ရာ အမြတ်ပင်ဖြစ်သည်။
"ဒါက"
ရွှီဖန်းက လောင်းကြေးကို လက်ခံလိုက်တာကြောင့် လင်းကျန့်ကျန်းမှာ မျက်မှောင်ကြုတ်သွားလေသည်။ လင်းကျန့်ကျန်းသည် သူ့မြေးမလေး သဘောကျနေသည့် ရွှီဖန်းဘက်မှ ရပ်တည်ပေးချင်သော်လည်း လျိုကျီပင်းသည် လျိုမိသားစုဝင်တစ်ယောက်ဖြစ်ပြီး ငယ်ငယ်လေးကတည်းက ဆေးပညာမှာ ထူးချွန်ခဲ့တာကြောင့် အခုဆိုလျှင် တချို့အောင်မြင်မှုတွေကိုပင် ရရှိထားသည်ဟု ဆိုနိုင်ပေသည်။ ရွှီဖန်းကလည်း သူ့မြေးမလေး၏ပြောစကားအရ ပါရမီရှင်ဆရာဝန်တစ်
ယောက်ပင်။ ထိုအချိန်၌ လင်းကျန့်ကျန်းသည် ရွှီဖန်းအား စိုးရိမ်နေသည့်မျက်နှာဖြင့် ကြည့်လိုက်မိသည်။
"တော်တော့ မင်းတို့ ရန်မဖြစ်ကြနဲ့တော့၊ မင်းတို့အားလုံးက ရှောင်ရှောင်းရဲ့ သူငယ်ချင်းတွေပဲလေ၊ ဆက်ဆံရေးကို မပျက်စီးစေနဲ့"
လင်းကျန့်ကျန်းမှ အခုလို ညှိနှိုင်းစကားပြောပေးရခြင်းသည် ရွှီဖန်းကို ရှောင်ထွက်နိုင်ရန် လမ်းကြောင်းပေးခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည် လျိုကျီပင်းအကြောင်းကို သိထားပြီး သူ၏ဆေးပညာအရည်အချင်းကလည်း တကယ်ကို စစ်မှန်မှန်းသိသည်။ ရွှီဖန်း၏အရည်အချင်းကိုမူ သူမြင်ဖူးထားခြင်းမရှိပေ။
တစ်ချိန်တည်းမှာပင် လင်းရှောင်ရှောင်းကလည်း ရွှီဖန်း၏ဘေးကို ပြေးလာပြီး သူ့နားကို ကပ်ကာ တိုးတိုးလေး ပြောပြလာသည်။
"ရွှီဖန်း ဒီလျိုကျီပင်းက တကယ်ကို ဆေးတက္ကသိုလ်က ပါရဂူဘွဲ့ရကျောင်းသားတစ်ယောက်ပဲ၊ ပြီးတော့ သူ့ဆရာကလည်း တရုတ်နိုင်ငံရဲ့ နံပါတ်တစ် ဆရာဝန်လျိုယုံးရမ်ပဲ"
လင်းရှောင်ရှောင်းမှ ထိုသို့ပြောပြရခြင်းသည် လျိုကျီပင်း၏အခြေအနေကို ပြောပြချင်ရုံသက်သက်သာဖြစ်သည်။ လင်းရှောင်ရှောင်း၏စိတ်ထဲမှာတော့ သူမ ရွှီဖန်းကို ယုံကြည်လေသည်။ မဟုတ်လျှင် မိသားစုကြီးလေးခုက ရွှီဖန်း၏ဆေးပညာကို လုယူရန် ဒီလောက် ရူးသွပ်နေကြမည်မဟုတ်ပေ။
သို့သော် ထိုစကားတွေက လျိုကျီပင်း၏ နားထဲကိုလည်း ရောက်သွားခဲ့သည်။ ထိုအချိန်၌ သူသည် ရွှီဖန်းအား ကျေနပ်နေသည့်မျက်နှာဖြင့် ကြည့်နေပြီး သူ ဘယ်လောက်တော်လဲဆိုတာကို ရွှီဖန်းအား အသံတိတ်ပြောပြနေလေသည်။
ရွှီဖန်းကမူ လျိုကျီပင်း၏မျက်နှာကို မြင်တော့ လူအများ နားလည်ရခက်သည့် မဲ့ပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"ငါတို့ ဘယ်လို ယှဉ်ပြိုင်ကြမလဲ"
ရွှီဖန်း သဘောတူလိုက်တာကို မြင်တော့ လျိုကျီပင်းသည် ချက်ချင်းပင် ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆို အဘိုးရဲ့ရောဂါကို ဘယ်သူက အရင်ဆုံး ရှာဖွေနိုင်မှာလဲဆိုတာ ကြည့်ရအောင်"
"ရတာပေါ့"
ရွှီဖန်း ဂရုမစိုက်နေဘဲ သဘောတူလိုက်သည်။ သူ့ဘက်မှ ပြောစရာစကားတော့ ပျောက်ရှနေလေပြီ။ ထိုအရာနှင့် ယှဉ်ပြိုင်မည်ဆိုလျှင် သူ အဘိုး၏နှလုံးခုန်
နှုန်းကို စစမ်းကတည်းက ရောဂါကို သိထားပြီးသားဖြစ်သည်။ ယှဉ်ပြိုင်ဖို့တောင် လိုသေးလို့လား။ သို့သော်ငြား မျက်နှာဖြတ်ရိုက်ခံချင်နေသည့် လျိုကျီပင်းကိုလည်း သူတားမည်မဟုတ်ပေ။
လင်းကျန့်ကျန်းကလည်း သူ တတ်နိုင်သည့်အရာ မရှိတော့ဘူးဆိုတာ သိလိုက်ရတော့ စိုးရိမ်နေသည့်
မျက်လုံးများဖြင့် ရွှီဖန်းကို ကြည့်လိုက်မိသည်။ လင်းရှောင်ရှောင်းကတော့ လင်းကျန့်ကျန်းကို ခပ်ဖွဖွလေး ပုတ်ပေးလာလေသည်။ လင်းကျန့်ကျန်းသည် သက်သောင့်သက်သာဖြစ်နေသော မြေးမလေး၏အမူအရာကို ကြည့်လိုက်ကာ ရွှီဖန်းအပေါ်၌ သူလည်း မျှော်လင့်ချက်ထားမိသွားသည်။
ဤသာမန်လူငယ်လေးက ထူးခြားပြီးအရည်အချင်းရှိသည့် ပါရမီရှင်ဆရာဝန်တစ်ယောက်များ ဖြစ်နေမလား။ ထိုသို့သာ တကယ်ဖြစ်ခဲ့လျှင် ထိုလူငယ်လေးသည် သူ့မြေးမလေးနှင့် တကယ်ကို ထိုက်တန်သည့် လူဖြစ်လာလိမ့်မည်။
***********************