← Chapters

ရှယန်ယွိနှင့် လောင်းကြေးထပ်ခြင်း

Vol. 8 Ch. 119

ရှယန်ယွိနှင့် လောင်းကြေးထပ်ခြင်း

Vol. 8 Ch. 119

ရှယန်ယွိသည် ရွှီဖန်းကို မျက်လုံးပြူးကြည့်ကာ...

"ရွှီဖန်း ကျွန်မ ဖိနပ်ကိုလျက်ရတာမျိုး ဘယ်တော့မှ မလုပ်ဘူးနော်"

ရွှီဖန်းမှာ ရယ်မိသွားသည်။

"ဒါပေါ့ ရွံစရာလောင်းကြေးတွေမလုပ်ပါဘူး၊ ဥက္ကဌရှ အကယ်၍ ကျွန်တော်နိုင်ခဲ့ရင် မင်းကို အကြိမ်အနည်းငယ် ထပ်နမ်းခွင့် ပြုနိုင်မလား"

"ရှင်!"

ရှယန်ယွိသည် သူမ ရွှီဖန်းကို နမ်းခဲ့စဥ်က အံ့သြဖွယ်ရာခံစားချက်ကို သတိရမိကာ ရှက်သွားတော့သည်။ သူမ ရှက်လည်းရှက်၊ ဒေါသလည်းထွက်နေတာကြောင့် ရွှီဖန်းကို စိုက်ကြည့်၍ ပြောလိုက်သည်။

"ရွှီဖန်း အဲ့ဒါကို မတွေးနဲ့၊ ခုနက နမ်းလိုက်တာကပဲကျွန်မအတွက် အခွင့်မသာဖြစ်သွားရပြီ၊ ဟုတ်ပြီလား"

ရွှီဖန်းသည် သူ့နှုတ်ခမ်းကို တွန့်ကွေးကာ...

"အိုး! ဥက္ကဌရှက ကျွန်တော်နဲ့လောင်းကြေးထပ်ဖို့ မဝံ့ရဲဘူးလား"

"ဘယ်သူက မဝံ့ရဲလို့လဲ"

ရွှီဖန်းက သူမကို ဆွဲဆောင်ဖို့ ကြိုးစားနေမှန်း သူမသိသည်။ သို့သော် သူမက ပြန်လည်ချေပနေတုန်းပင်။ ရွှီဖန်း အောင်မြင်သွားဖို့ရာ မဖြစ်နိုင်ဘူးဟုလည်း သူမထင်နေသည်။ လောင်းကစားလုပ်ရန် သူမ ကြောက်

စရာမလိုချေ။

"ကောင်းပြီလေ၊ ဒါဆိုလည်း လောင်းကြေးထပ်ကြတာပေါ့၊ တစ်နာရီအတွင်း လုပ်နိုင်ခဲ့ရင် ရှင်ဖော်စပ်ပေးခဲ့တဲ့ ကော်မရှင်ခအပြင် စစ်တပ်ကနေ ရတဲ့ အမြတ်ငွေ ၃၀%ကိုလည်း ပေးမယ်၊ ပြီးတော့ အနမ်းနှစ်ပွင့်လည်း ပေးဦးမယ်၊ ဒါပေမယ့်..."

ရှယန်ယွိက ခပ်ဆိုးဆိုးပြုံးကာ ပြောလာသည်။

"ရွှီဖန်း အကယ်၍ ရှင်မလုပ်နိုင်ခဲ့ရင်ကျ ကျွန်မအတွက် ကိစ္စသုံးခုကို လုပ်ပေးရမယ်၊ ကျွန်မ ဘာပဲတောင်းဆိုပါစေ နာနာခံခံနဲ့ လုပ်ပေးရမယ်၊ ဘယ်လိုလဲ"

"ဒါက...."

သေချာပေါက်ပင် ရွှီဖန်းက ထိုစကားကိုလည်းကြားရော တုံ့ဆိုင်းသွားတော့သည်။ ရှယန်ယွိသည် မပျော်

ရွှင်ဘဲ မနေနိုင်ခဲ့ချေ။ ဒီကောင်လေး အမြီးထူဝံပုလွေလို လာဟန်ဆောင်နေတာ...အခု ကြောက်သွားပြီမလား။

ရှယန်ယွိ မှားပေသည်။ ရွှီဖန်းက ကြောက်ဟန်

ဆောင်နေခြင်းပင်။

"ဥက္ကဌရှ တစ်ကယ်လို့ ကျွန်တော့်ကို မင်းအတွက် အသက်စတေးခိုင်းလာရင်ရော ဒါက ဆိုးကျိုးပိုများနေတာမဟုတ်ဘူးလား"

"ရွှီဖန်း!"

ရှယန်ယွိမှာ စိတ်ဆိုးလွန်းလို့ ရင်ဘတ်များပင် တုန်လာသည်။ သူမ ရွှီဖန်းကို မျက်လုံးလှိမ့်ကာ ပြောလိုက်

သည်။

"ဘယ်သူက လောင်းကြေးထပ်ဖို့ လုပ်ခိုင်းလို့လဲ"

ရွှီဖန်း ရယ်မောလိုက်ကာ...

"ဥက္ကဌရှ တစ်ကယ်တော့ ကျွန်တော် စိတ်ထဲမထည့်ပါဘူး၊ မင်းလက်ခံပြီဆိုမှတော့ စကြရအောင်"

"ကောင်းပြီ၊ သုတေသနအခန်းကို အရင်ဆုံးသွားရအောင်"

ပြောပြီးသည်နှင့် ရှယန်ယွိသည် ရွှီဖန်းအား ရှရှီစက်ရုံအတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ မကြာမီမှာတင် ဆေးဝါးဖွံ့ဖြိုးမှုအလုပ်ရုံကို ရောက်ရှိသွားခဲ့သည်။

ရှယန်ယွိသည် စစ်တပ်က ပေးထားသော စာရွက်စာတမ်းများကို ထုတ်ယူလိုက်သည်။

"ရွှီဖန်း အဆင်သင့်ဖြစ်ပြီလား၊ ဒဏ်ရာကုသဆေးအတွက် လိုအပ်ချက်တွေကို ကျွန်မရှင်းပြပေးမယ်"

ရွှီဖန်းခေါင်းညိတ်လိုက်သည်။

"အချိန်မရွေးစလို့ရပါပြီ"

ရှယန်ယွိလည်း ခေါင်းညိတ်ကာ သူမဖုန်းထဲမှာ အချိန်ရေတွက်သည့်လုပ်ဆောင်မှုကို ဖွင့်ထားလိုက်သည်။ 

"ကောင်းပြီ စကြမယ်"

ထို့နောက် စစ်တပ်သုံးဒဏ်ရာကုသဆေးအတွက် လိုအပ်ချက်များကို သူမ စတင်၍ ရှင်းပြခဲ့သည်။ 

"ဒီတစ်ခါမှာ စစ်တပ်က ဒဏ်ရာကုသဆေးလိုအပ်နေတာ၊ စစ်သားတွေက တောနက်ထဲမှာ တိုက်ပွဲဝင်နေတာမလို့ ဆူးတွေ ဒါမှမဟုတ် အဆိပ်ရှိပိုးမွှားတွေက အရေပြားကို ခြစ်မိ၊ ကိုက်မိကြတယ်၊ ဒဏ်ရာကို ငါးနာရီအတွင်း သက်သာစေရုံတင်မကလို့ အဆိပ်ပါပျောက်စေတဲ့လုပ်ဆောင်မှုမျိုးလည်း ပါဝင်ရမယ်"

ရှယန်ယွိသည် ဒဏ်ရာကုသဆေး၏လိုအပ်ချက်များကို ဖြည်းညှင်းစွာ ရွတ်ပြနေခဲ့သည်။ ရွှီဖန်း၏ လေးနက်နေသော အမူအရာကြောင့် ရှယန်ယွိ၏ နှုတ်ခမ်းထောင့်လေးမှာလည်း အပြုံးတစ်ခု ထင်သွားတော့သည်။ 

ရွှီဖန်းက တိုတောင်းလှသည့် အချိန်တစ်နာရီအတွင်း ဆေးဖော်စပ်နိုင်မည်ဟု သူမ မယုံကြည်ပေ။ အလောင်းကစားကို သူမ အနိုင်ရရန်အတွက် စာဖတ်

နှုန်းကို ရည်ရွယ်ချက်ရှိရှိ နှေးကွေးခဲ့သည်။

ဒါတင်မကဘဲ စစ်တပ်က ဂရုမစိုက်သည့် အချက်တချို့ကိုပါ ထည့်သွင်းပြောပြခဲ့သေး၏။ ဥပမာအားဖြင့် ဆေးပင်များသည် ရှည်လျားသော သက်တမ်းရှိရမည်၊ ဒဏ်ရာကုသဆေးက အရောင်မရှိ၊ အရသာမရှိဖြစ်ရမည်။ ဆေးတစ်မျိုးမှာရှိရမည့် ဤလိုအပ်ချက်များကို လူတွေကတော့ သတိထားမိမှာ မဟုတ်ချေ။

ရလဒ်အားဖြင့် ထိုအချက်များဖြင့် ဆေး၏ အနာကျက်နှုန်းအာနိသင်သည် ပြီးပြည့်စုံလုနီးပါးရှိနိုင်ပြီး တစ်ချိန်တည်းမှာတင် ဤဆေးဖော်မြူလာထုတ်လုပ်နိုင်ချေသည် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

*ရွှီဖန်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေဦး...တစ်နာရီအတွင်းတော့ ပြီးမှာမဟုတ်ဘူး*

ဒါကိုတွေးကာ ရှယန်ယွိသည် တိတ်တခိုး ပြုံးလိုက်

မိသည်။ 

ဤအခွင့်အရေးကို အသုံးချကာ ပါဝင်ပစ္စည်းများ ပြင်ဆင်ရာ၌ ရွှီဖန်း၏ ကျွမ်းကျင်မှုကိုလည်း မြင်တွေ့နိုင်ပေသည်။ အကယ်၍ ရွှီဖန်းသာ မဆိုးလှပါက တခြားကုမ္ပဏီမှ ဆေးပင်များကို ချေးကာ ရွှီဖန်းကို ဆေးဖော်စပ်ခိုင်းရမည်။ 

ဟဲဟဲ ဒီလိုနည်းနဲ့သာဆိုရင် ငါ သူ့ကိုနမ်းစရာမလိုတော့ဘဲ လုပ်ပေးစရာအကြွေးသုံးခု တင်သွားအောင် လုပ်လိုက်နိုင်တယ်။

ဤသည်မှာ နှစ်ဖက်စလုံးအတွက် ကောင်းမွန်သည့်

အနေအထားဖြစ်သည်။ ရွှီဖန်းအပေါ် သူမ မကောင်း လုပ်လိုက်သော်ငြား သူက အရင်ဆုံး မရိုးမသားတောင်းဆိုမှုကို ပြုလုပ်ခဲ့တာဖြစ်သည်။ အဆုံးမှာတော့ သူမက မိန်းကလေးပဲလေ။

"ကောင်းပြီ ရွှီဖန်း ကျွန်မ ရှင့်ကို အကုန်ပြောပြပြီးပြီ...အခု စက်တွေနဲ့ စမ်းသပ်ပြီး ဆေးဖော်မြူလာထုတ်ရမယ့်အချိန်ပဲ"

မကြာခင်မှာပင် ဆေးဖော်စပ်ရန်လိုအပ်သည့်အချက်များကို သူမ ပြောပြလို့ ပြီးသွားခဲ့သည်။ လက်ထဲရှိ စာရွက်စာတမ်းများကို ချပြီးနောက် ဖုန်း

ကိုယူကာ အချိန်ကိုကြည့်လိုက်သည်။

အိုး ဘုရားရေ!

ရှယန်ယွိ ပြုံးလိုက်သည်။ မသိလိုက်စွာပင်၊ သူမ ရွှီဖန်းကို မိနစ်လေးဆယ်အထိ အချိန်ယူကာ ပြောပြခဲ့သည်။ အခု ရွှီဖန်းအတွက် မိနစ်၂၀သာ ကျန်ရှိတော့သည်။

ရှယန်ယွိသည် သူမကိုယ်သူတွေးမိသည်။

*ငါလုပ်တာလွန်သွားလားမသိဘူး*

ရှယန်ယွိ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရွှီဖန်းသည် မလှုပ်ရှားသေးချေ။ သူက မျက်လုံးမှိတ်ကာ တွေးနေလေသည်။ 

ရှယန်ယွိကလည်း သူ အရှုံးပေးလိုက်ပြီဟု ထင်မိတာကြောင့် တစ်နာရီပြည့်သည်အထိ စောင့်ပြီးသည်နှင့် ရှုံးကြောင်း ကြေညာရန် အသင့်ပြင်ထားလိုက်သည်။

ရွှီဖန်း၏ ဦးနှောက်ထဲ၌ ဖြစ်ပျက်နေသည့်အရာများကိုသာ သူမ မြင်နိုင်ပါက အံ့သြရပေလိမ့်မည်။ ရွှီဖန်း၏ စိတ်ထဲမှာတော့ ကြိုးတွေနှင့်ပတ်ထားသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ဟာ တောက်ပနေသည်။ ဂရုတစိုက်ကြည့်ပါက ထိုရှေးဟောင်းစာအုပ်သည် ရွှီဖန်းရရှိခဲ့သည့် စိမ်းပြာရောင်ဆေးအိတ်ဖြစ်နေမှန်း သိနိုင်ပေသည်။

"အမြန်ပျောက်ကင်းခြင်း၊ အဆိပ်အတောက်

ပျောက်ကင်းခြင်း၊ အရောင်ကင်းစင်၍ အရသာမရှိ..."

ရှယန်ယွိ၏ တောင်းဆိုချက်အတိုင်း ရွှီဖန်းသည် သူ၏ခေါင်းထဲတွင် ဆင်တူနည်းလမ်းများကို ရှာဖွေနေ၏။ သူ့ခေါင်းထဲရှိ ဆေးစာအုပ်ကို လှန်လောကြည့်ရှုနေသော်ငြား ရှယန်ယွိ လိုအပ်ချက်နှင့်ကိုက်ညီသော နည်းလမ်းကို ရှာမတွေ့သေးချေ။

ဆေးနည်းများက ရှယန်ယွိ၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တာ မဟုတ်ဘဲ ရှယန်ယွိလိုအပ်

သည်ထက် ဤဆေးအာနိသင်များက ဆယ်ဆ ပိုအစွမ်းထက်နေသည်။ 

ဒီလို ကောင်းကင်ကို စိန်ခေါ်နေသည့် ဆေးမျိုးကိုသာ ဖန်တီးမိပါက တစ်ကမ္ဘာလုံး တုန်လှုပ်သွားကုန်

လိမ့်မည်။ ရွှီဖန်းသည် နာမည်မကြီးချင်ဘဲ နှိမ့်နှိမ့်ချချသာ နေချင်ပါသည်။

သူ့ခေါင်းထဲရှိ နည်းလမ်းများထဲက ပါဝင်ပစ္စည်းများရရှာဖွေရသည်မှာလည်း ခက်ခဲလှပေသည်။ နှစ်၁၀၀၀သက်တမ်းရှိသော ဂျင်ဆင်း သို့မဟုတ် ရွှေကြာပန်းကို ရှာတွေ့ရန်ကလည်း မဖြစ်နိုင်ချေ။ 

ဟမ်!

တွေ့ပြီ!

နောက်ဆုံးမှာ ဖြေရှင်းနည်းကို တွေ့လိုက်ရတာကြောင့် ရွှီဖန်းသည် မနေနိုင်ဘဲ ပါးစပ်ဟကာ ပြုံးလိုက်မိသည်။ 

"ဥက္ကဌရှ စာရွက်နဲ့ ဘောပင်ပေးဖို့ တောင်းပါရစေ"

"ဘာ!"

ရှယန်ယွိသည် မနေနိုင်ဘဲ လန့်သွားတော့သည်။ သူ ထွက်ချင်နေတာလား။ အချိန် ဘယ်လောက်ရှိသွားလို့လဲ။

*********************

All Chapters