နတ်ဘုရားများနှင့် တွေ့ရသကဲ့သို့
Vol. 25 Ch. 364
ရွှီဖန်းသည် ငိုယိုနေသော မိန်မိန်းအား အေးစက်စက် ကြည့်၍ အမိန့်ပေးလိုက်သည်။
"ထစမ်း"
အပြင်က သခင်လေးများကို မရှင်းရသေးသည်ဖြစ်ရာ ရွှီဖန်းသည် သူမနှင့် အချိန်ဖြုန်းရန် မအားပေ။
သူ့အသံက မကျယ်လောင်သော်လည်း ရေခဲလို အေးစက်နေပြီး ကြက်သီးထဖွယ်ရာ အော်ရာများ ပြည့်နေသည်။
သို့သော် ငိုကျွေးတာများပြီး မျက်ရည်များပြည့်ကာ သဲသဲကွဲကွဲမမြင်ရသည့် မိန်မိန်းကတော့ ရွှီဖန်းကို စိတ်ပျက်စေရန် စီစဥ်ထားပုံရသည်။
ငိုယိုနေသော အမျိုးသမီးတစ်ယောက်က ရွှီဖန်း၏အသံကို မည်သို့ သတိထားမိမည်နည်း။ ထို့အပြင် မိန်မိန်းကြားခဲ့လျှင်တောင်မှ ရွှီဖန်း၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ပေ။ သာမန်လူတစ်ယောက်အနေဖြင့် အခုလို အခြေအနေမျိုး ကြုံပြီးနောက်မှာ မိန်မိန်း၏ခြေထောက်များက တုန်ခါနေလေသည်။
ရွှီဖန်း စိတ်ထဲကနေ မဲ့ပြုံးပြုံးလိုက်သည်။ သူ ဒူးထောက်ကာ မိန်မိန်း၏မျက်နှာကို ကိုင်လျက် ညင်သာစွာ ပင့်လိုက်သည်။ ထို့နောက် ငိုနေသောမိန်မိန်းအား နွေးထွေးသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
မျက်ရည်များပြည့်နေသည့် မိန်မိန်းလည်း ခေါင်းထောင်လာသည်။ ရှေ့ကို ကြည့်ရန်အတွက် မသိစိတ်မှအလိုလိုပင် လက်ကိုမြှောက်ကာ မျက်ရည်သုတ်ရန် ပြင်လိုက်သည်။
"အား!"
ကျယ်လောင်ပြီး စူးရှသော အော်သံတစ်သံက ထွက်ပေါ်လာသည်။ မိန်မိန်းသည် သမိုင်းမတင်မီခေတ်မှ သားရဲတစ်ကောင်အား မြင်လိုက်ရသလိုမျိုး ရွှီဖန်းကို ချက်ချင်းပင် လွှတ်ချလိုက်လေသည်။ သူမသည် အမြန်ပင် ထောင့်တစ်နေရာမှာပုန်းကာ သူမ၏ဒူးများကို ပွေ့ဖက်၍ ပေါင်ပေါ် ခေါင်းစိုက်လျက် တုန်ယင်နေလေသည်။
ရွှီဖန်း ပြုံးလျက်ပင် တံခါးဝရှိ သခင်လေးအုပ်စုဆီ လျှောက်သွားလိုက်သည်။
မိန်မိန်း၏အော်သံက ဝမ်ဖေးနှင့် ကျန်လူများအား သူတို့၏ထိတ်လန့်မှုကနေ နိုးထစေခဲ့သည်။
ဒါဇင်ပေါင်းများစွာသော သခင်လေးများသည် တစ်ယောက်ပြီးတစ်ယောက် တကယ်ကို ထိတ်လန့်နေကြသည်။
အထူးသဖြင့် အစ်ကိုဟူ၊ အားပြောင်နှင့် အမည်မသိ လူဆိုးတစ်ယောက်အား တခြားလူများ သယ်ထုတ်လာခဲ့သည့်အချိန်မှာပင်။ သူတို့၏ခန္ဓာကိုယ်များမှာ သွေးများ ပြည့်နှက်နေပြီး လူသေအလောင်းများနှင့်ပင် မကွာခြားပေ။
ဝမ်ဖေးသည် 'သူက ဘယ်သူ့ကို လုပ်လိုက်တယ်၊ ဘယ်သူက သူ့ကို ရန်စလို့ ရေကန်ထဲပစ်ချကာ ငါးစာကျွေးလိုက်တယ်' စသည့်ကိစ္စများကို အမြဲ ကြွားလုံးထုတ်လေ့ရှိသည်။ ထိုအရာက တခြားဘယ်သူထက်မ
ဆို ပိုကြွားနိုင်သည့် သူ၏ကိစ္စရပ်များပင်။
ထိုကဲ့သို့ ကြွားဝါတတ်သော်လည်း သူ လူသတ်ခဲ့တာမျိုးတော့ မရှိခဲ့၍ ဥပဒေကို ချိုးဖောက်နေခြင်း မဟုတ်ခဲ့ပေ။
သို့သော် အခုလိုသွေးစွန်းနေသော မြင်ကွင်းကို မြင်
လိုက်ရသည့်အခါ လူတိုင်း ထိတ်လန့်သွားကြသည်။
သူတို့၏လက်များနှင့် ခြေထောက်များပင် ပျော့ကျနေပြီဖြစ်ပြီး ရဲခေါ်ရန်မှာ ဝေးလာဝေးသေးပင်။
ထို့အပြင် နတ်ဆိုးက သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုကိုတင်လျက် ဝမ်ဖေးဆီသို့ လျှောက်လာနေသောအခါ ဝမ်ဖေးခဗျာ မြေပြင်ပေါ်သို့ ထိုင်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ လျိုချောင်ဖန်နှင့် တခြားသခင်လေးများက ပိုတောင် ဆိုးနေသည်။ သူတို့သည် မြေပြင်ပေါ်သို့ တည့်တည့်ပင် ဒူးထောက်ကျသွားကြသည်။
လျိုချောင်ဖန်၏အသံမှာ ငိုသံပေါက်နေပြီး တုန်ယင်စွာ တောင်းပန်လာသည်။
"ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော် ပိုက်ဆံတွေပေးပါမယ်၊ ကျွန်တော့်အဖေမှာ ပိုက်ဆံတွေ အများကြီး ရှိပါတယ်...အများကြီးပဲ! ကျေးဇူးပြုပြီး မသတ်ပါနဲ့..."
ရွှီဖန်းသည် လမ်းလျှောက်နေခြင်းကို ရပ်၍ တံခါးဝမှာ ရပ်လိုက်သည်။ သူ ဝမ်ဖေး၊ လျိုချောင်ဖန်တို့နှင့် တခြားသူများကို ပြုံးပြကာ သီးသန့်အခန်းကို လက်ညှိုးထိုးပြ၍ ခပ်တိုးတိုး ပြောလိုက်သည်။
"အထဲဝင်ခဲ့"
လျိုချောင်ဖန်မှာ သေလောက်အောင် ကြောက်လန့်သွားပြီး ရွှီဖန်းအား ဦးညွှတ်တော့သည်။
"အစ်ကိုရွှီ! သူရဲကောင်းကြီး! ဘိုးဘေး! ကျွန်တော့်
အသက်ကို ချမ်းသာပေးပါ! ကျွန်တော် ငယ်ငယ်လေးပဲရှိသေးတယ်... မသေချင်သေးဘူး!"
ရွှီဖန်းသည် ပြိုလဲလုနီးပါးဖြစ်နေသော သခင်လေးအုပ်စုကို ကြည့်ကာ သူ့ပြောခဲ့သည့်စကားကိုပင် အရင်လေသံအတိုင်း ပြန်ပြောခဲ့သည်။
"အထဲဝင်ခဲ့"
သို့သော် ဒီတစ်ကြိမ်မှာတော့ ရွှီဖန်း၏အကြည့်က တဖြည်းဖြည်း ပို၍ အေးစက်လာသည်။ သိသာစွာပင် သူ၏စိတ်ရှည်နိုင်စွမ်းက ကုန်ဆုံးတော့မည်။
ရွှီဖန်း၏အေးစက်နေသောမျက်လုံးများနှင့် နတ်ဆိုးဆန်သောအပြုံးကို ကြည့်ကာ ဝမ်ဖေးသည် ဦးဆောင်၍ အခန်းထဲကို လျှောက်သွားလိုက်သည်။
ရွှီဖန်း၏ဘေးနားသို့ ရောက်သောအခါ ဝမ်
ဖေး၏ခြေထောက်များက ပျော့ကျလာပြီး ရွှီဖန်းအရှေ့မှာ ဒူးထောက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
အထဲ၌ သွေးနံ့များက ဆိုးဆိုးရွားရွား နံနေသည်။
ဝမ်ဖေးသည် တိုက်ကွမ်ဒိုအား လေ့ကျင့်ခဲ့ဖူးသော်လည်း ဤမျှ ပြင်းထန်သောသွေးနံ့မျိုးကို တစ်ခါမှ မခံခဲ့ဖူးပေ။ ပိုပြီးမြင်သာသော သက်ရောက်မှုက နံရံပေါ်ရှိ အက်ကွဲကြောင်းများစွာပင်။ အခန်းအလယ်မှာတော့ လူပုံသဏ္ဌာန် ချိုင့်ခွက်ကြီးတစ်ခု ရှိနေသည်။
*ဘယ်လိုစွမ်းအားမျိုးက ဒီလောက်ခိုင်မာလှတဲ့နံရံကို အခုလိုအခြေအနေမျိုးအထိ ဖြစ်သွားအောင် ဖိချေနိုင်ခဲ့တာလဲ။ နံရံကို ထိမှန်သွားတဲ့လူကရော အသက်
ရှင်သေးရဲ့လား။*
ဝမ်ဖေးသည် မျက်ရည်ကျလုနီးပါး ဖြစ်နေလေပြီ။ သူ ဘယ်လို အကောင်မျိုးကို သွားရန်စမိပါလိမ့်။
ရွှီဖန်း၏အေးစက်သောမျက်လုံးများက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ဝမ်ဖေး၏ရင်ထဲ၌ တင်းကျပ်သွားခဲ့သည်။ နံရံပေါ်ရှိ များစွာသော အက်ကွဲကြောင်းများကို မကြည့်မိအောင် တတ်နိုင်
သမျှ သူ ကြိုးစားခဲ့သည်။ ဝမ်ဖေး၏ ခြေထောက်များက တုန်ယင်လျက် သူ့ခြေထောက်အောက်ရှိ သွေးအိုင်များကို ဂရုတစိုက် ရှောင်ရှားကာ တုန်ယင်နေသော ခြေလှမ်းများဖြင့် အခန်းထဲသို့ ဝင်သွားလိုက်သည်။
ဝမ်ဖေးက ဦးဆောင်ကာ ဝင်သွားသည်နှင့် ရွှေရောင်
ဆံပင်ပိုင်ရှင် ဖန်ဇီကလည်း ရဲရဲဝံ့ဝံ့ပင် အခန်းထဲသို့ ဝင်သွားလိုက်သည်။ သို့သော် ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်သည်နှင့် သူ့ခြေထောက်များ ပျော့ခွေသွားကာ ရွှီဖန်းအရှေ့၌ ဒူးထောက်ကျသွားခဲ့သည်။
သူ့ခြေထောက်များက အချိန်အကြာကြီးကတည်းက ပျော့ခွေနေခဲ့တာဖြစ်သည်။
ပုံမှန်အားဖြင့် တခြားသူများ၏ ချစ်ခင်မှုများကို ခံရသော ဤသခင်လေးအုပ်စုအား ဒုက္ခပေးရန် ပျင်းရိနေတာကြောင့် ရွှီဖန်းသည် ရိုးရိုးပင် လျှောက်သွားကာ လျိုချောင်ဖန်အား သူ့ဘယ်ဘက်လက်နှင့် မလျက် ဖန်ဇီကိုမူ သူ့ညာဘက်လက်ဖြင့် မကာ အခန်းထဲကို ပစ်ထည့်လိုက်သည်။
"ဘုန်း! ဘုန်း! ဘုန်း!"
တစ်ယောက်ပြီးတစ်ယောက်ပင် သခင်လေးခုနစ်
ယောက်၊ ရှစ်ယောက်အား ရွှီဖန်းသည် ကော်လာကနေ မြန်မြန်ဆွဲမ၍ အခန်းထဲကို ပစ်ထည့်ခဲ့သည်။
ရွှီဖန်း လက်ခုပ်တီးကာ ကျေနပ်စွာ ခေါင်းညိတ်
လိုက်သည်။ ထို့နောက် တစ်ဖက်ကိုလှည့်ကာ အခန်းထဲ သို့ ဝင်သွား၍ တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။
"အား! အား! အား! အား!"
ဝက်သတ်ခံရသလို အော်သံတစ်သံက ထွက်ပေါ်လာသည်။ ရွှီဖန်း မျက်မှောင်ကြုတ်ကာ အော်သံလာရာဘက်ကို ကြည့်လိုက်သည်။
သခင်လေးများကို သူ အခန်းထဲသို့ ပစ်ထည့်လိုက်
တုန်းက သူတို့ထဲမှ တစ်ယောက်အား သွေးအိုင်နားတွင် မတော်တဆ ထားခဲ့မိသည်ကို ရွှီဖန်း သိလိုက်ရသည်။
လျိုချောင်ဖန်မှာ သတိလစ်လုနီးပါးဖြစ်နေလေပြီ။ အခုလိုမျိုး သွေးအိုင်ထဲသို့ ပစ်ချခံလိုက်ရသည့်အခါ သူ ဘယ်လိုလုပ် ခံနိုင်ရည်ရှိတော့မည်နည်း။ သူသည် သူ့ရင်ဘတ်သူ ဖက်၍ ကြောက်လန့်နေသော အမျိုးသမီးတစ်ယောက်ကဲ့သို့ အော်ဟစ်မိတော့သည်။
အော်သံက ကြာကြာမခံလိုက်ပေ။ ရွှီဖန်းက ခြေထောက်တစ်ချက် ကန်လိုက်သည်နှင့် လျိုချောင်
ဖန်၏မျက်လုံးများက လှန်သွားကာ သူ့ကို အော်ဟစ်စေခဲ့သည့် သွေးအိုင်ထဲသို့ တည့်တည့်ပင် လဲကျသွားပြီး နေရာမှာတင် မေ့လဲသွားခဲ့သည်။
ရွှီဖန်းသည် သူ့အဝတ်အစားပေါ်ရှိ မကပ်နေသောဖုန်များကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်သည်။ ထို့နောက် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်၍ သခင်လေးများ၏အရှေ့၌ သက်တောင့်သက်သာ ထိုင်လိုက်သည်။
"ကဲ အဆုံးသတ်ဇာတ်သိမ်းအကြောင်း ပြောကြမလား"
"အစက ဒီနေ့ ငါ အရမ်းပျော်နေခဲ့တာ၊ ဘာလို့လဲဆိုတော့ ငါ စိတ်ကူးအကြံဉာဏ်တွေအများကြီး စဉ်းစားခဲ့မိလို့ပဲ၊ ဒါပေမဲ့ မင်းတို့အားလုံး ရောက်လာပြီး ငါ့ကို တိုက်ခိုက်ဖို့တောင် ကြိုးစားခဲ့တယ်၊ ဒါကြောင့် ငါ နည်းနည်းတော့ စိတ်မပျော်မရွှင် ဖြစ်သွားခဲ့တယ်"
"ဒါပေမဲ့ ငါက ဆင်ခြင်တုံတရားမရှိတဲ့သူ မဟုတ်ဘူး၊ မင်းတို့ရဲ့အမှားကို ဝန်ခံပြီး တောင်းပန်တဲ့အနေနဲ့ ငါ့ကို ဧည့်ခံကျွေးမွေးချင်ခဲ့တယ်ဆိုရင် ငါ မင်းတို့ကို အခွင့်အရေးပေးမိမှာပဲ၊ ငါတို့တွေ ခင်မင်လာကြပြီး နောက်ကျရင် မိတ်ဆွေတွေတောင် ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ ငါ မထင်မှတ်ထားခဲ့ဘူး..."
ထိုစကားကိုပြောနေရင်း ရွှီဖန်းသည် အနည်းငယ် ကုန်းကာ တုန်ယင်နေသော သခင်လေးများကို ကြည့်၍ တစ်လုံးချင်း ပြောလိုက်သည်။
"အခု ငါ အရမ်းကိုစိတ်မပျော်မရွှင်ဖြစ်သွားတာမလို့ တစ်ယောက်တောင် သေလုနီးပါး ဖြစ်ခဲ့ရပြီ...ဒါကြောင့် မင်းတို့ ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ"
မျက်နှာငယ်လေးဖြင့် ဝမ်ဖေးသည် တုန်ရီစွာဖြင့် ပြန်ဖြေလာသည်။
"အစ်ကိုရွှီ ခင်ဗျားပြောတာ ဘာမဆိုကို ကျွန်တော်တို့ လုပ်ပေးပါ့မယ်၊ ကျွန်တော်တို့ ခင်ဗျားရဲ့စကားကို နားထောင်ပါ့မယ်!"
ဖန်ဇီနှင့် တခြားသူများလည်း အသိဝင်လာပြီး လျင်မြန်စွာ ပြောလိုက်သည်။
"ဟုတ်ပါတယ် အစ်ကိုရွှီ ကျွန်တော်တို့ ခင်ဗျားဘာပြောပြော နားထောင်ပါမယ်!"
ရွှီဖန်း ခန္ဓာကိုယ်ကို မတ်ကာ ခြေထောက်ချိတ်ထိုင်
လိုက်သည်။
"ငါ့စကားကို နားထောင်မှာလား၊ သိပ်မကောင်းဘူးထင်ပါတယ်၊ ငါက သာမန်လူတစ်ယောက်ပဲဟာ မင်းတို့က ဘယ်လိုလုပ်ပြီး ငါ့စကားကို နားထောင်နိုင်မှာလဲ၊ ငါကသာ စကားတစ်ခွန်းပြောမိပြီး မင်းတို့ စိတ်မပျော်ခဲ့ရင် ငါ့ကိုလက်စားချေဖို့ဆိုပြီး ခုနကလို လူအုပ်တစ်အုပ် ပို့လိုက်ရင် ဘယ်လိုလုပ်မလဲ"
ဖန်ဇီနှင့် တခြားသူများသည် ငိုလုနီးပါးဖြစ်နေကြလေပြီ။ အခန်းထဲတွင် ထွက်ရှိနေသည့် သွေးနံ့ကလည်း သူတို့ကို ပို၍ ထိတ်လန့်စေခဲ့သည်။ ရွှီဖန်း၏စကားကို ကြားလိုက်ရသောအခါ သူတို့အားလုံးသည် ရွှီဖန်း၏အရှေ့၌ ဒူးထောက်ရန်ပင် အချင်းချင်းလုလာကြပြီး...
"အစ်ကိုရွှီ! ဆရာကြီးရွှီ! ကျွန်တော်တို့ မလုပ်ရဲပါဘူး! ခင်ဗျားပြောတာအားလုံးကို နားထောင်ပါ့မယ်! ကျွန်တော်တို့ကို လွှတ်ပေးပါ!"
ထိုင်ခုံပေါ်ကနေ ရွှီဖန်း ဖြည်းဖြည်းချင်း ထရပ်
လိုက်သည်။ ကြက်သွန်ဖြူလိုမျိုး ခေါင်းငုံ့ထားသည့် သခင်လေးအုပ်စုအား သူ မကြည့်တော့ဘဲ အခန်းတံခါးကို ညင်သာစွာ ဖွင့်၍ အပြင်ထွက်သွားခဲ့သည်။
ခြေသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသော်လည်း ဝမ်ဖေးသည် ခေါင်းလုံးဝမထောင်ရဲသေးဘဲ မြေပြင်ပေါ်သို့ စိုက်လုမတတ် ခေါင်းငုံ့ထားတုန်းပင်။
ခြေသံများ ဝေးကွာသွားပြီးနောက်မှာ ဝမ်ဖေး ခေါင်းထောင်ကြည့်လိုက်သည်။ သူ ပြင်းပြင်းထန်ထန်ကို မောဟိုက်နေပြီး သူ့ကျောပြင်တစ်ခုလုံးမှာလည်း ချွေးများ ရွှဲနစ်နေခဲ့သည်။
"အစ်ကိုဖေး ရဲခေါ်လိုက်ရမလား"
"မင်းပဲခေါ်! ီးလိုပဲ!"
ဝမ်ဖေး ဆဲဆိုလိုက်သည်။ သူ ထရပ်ရန် ပြင်နေဆဲမှာပင် သူ့ခြေထောက်များက ပျော့ခွေကာ မြေပြင်ပေါ်သို့ ပြန်ပြီး ဒူးထောက်ကျသွားခဲ့သည်။ သူ့မျက်နှာမှာ သရဲတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ အမူအရာမျိုး ဖြစ်နေခဲ့သည်။
အကြောင်းမှာ ဝမ်ဖေးအရှေ့ရှိ ခရစ်စတယ်လို ကြည်လင်နေသောကုလားထိုင်ခုံသည် မျက်စိတစ်မှိတ်စာအတွင်းမှာပင် ပင့်ကူအိမ်လိုမျိုး ကွဲအက်သွားသောကြောင့်ပင်။
"ဘုန်း!"
ကုလားထိုင်တစ်ခုလုံးက ကျယ်လောင်သောအသံနှင့်အတူ ပြိုကျသွားခဲ့သည်။
sportscarပေါ်ရှိ ရွှီဖန်း၏နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အနာဂါတ်၌ ထိုသခင်လေးအုပ်စု သူ့ကိုမြင်လျှင်တော့ နတ်ဘုရားများနှင့် တွေ့ရသလို ထိတ်လန့်နေတော့မှာ သေချာသည်။
********************