← Chapters

နှုတ်မြိန်စာ

Vol. 10 Ch. 147

နှုတ်မြိန်စာ

Vol. 10 Ch. 147

ရွှီဖန်း ရယ်လိုက်မိသည်။ ဒါ ဖြစ်နိုင်ပေသည်။ ထိုအချိန်ကျ တခြားမီနူးအသစ်တွေပါ ဖန်တီးလို့ ရပေလိမ့်မည်။ 

Bidens bipinnataပင်တွေ ပြင်ဆင်ပြီးနောက်မှာ နောက်တစ်နေ့ကို အမြန်ရောက်လာလေသည်။ ရွှီဖန်းသည် ကားပေါ်ရှိ Bidens bipinnataများကို စစ်ဆေးပြီးနောက် ပြဿနာမရှိတော့ဘူးဆိုမှ ထိုအရာတွေကို ဟွားမန်ရှင်းဟိုတယ်သို့ သယ်လာခဲ့သည်။ 

မကြာလိုက်ပေ၊ ဟွားမန်ရှင်းဟိုတယ်၏ဝင်ပေါက်သို့ ရောက်ရှိလာသည်။ ညစာစားချိန်မရောက်သေးတာကြောင့် စားသောက်ဆိုင်ထဲ၌ ဧည့်သည်များမရှိပေ။ သို့သော်ငြား ဟွားမန်ရှင်းဟိုတယ်ကတော့ ဒီနေ့ပြုလုပ်မည့် အစီအစဥ်အတွက် စတင်လုပ်ဆောင်နေကြလေပြီ။ 

ဟွားမန်ရှင်း၏ နှစ်ပတ်လည် အထိန်းအမှတ်

ဆိုင်းဘုတ်ကြီးအား ကြည့်၍ ရွှီဖန်း မပြုံးဘဲ မနေနိုင်တော့ချေ။ ထိုကဲ့သို့သော အသွင်အပြင်ဖြင့် ခရိုင်အတွင်းရှိ ဖောက်သည်များကို တက်ရောက်ရန် ဆွဲဆောင်နိုင်လိမ့်မည်။ 

ဟုတ်ပါ၏။ ယခုအချိန်၌ ဟွားမန်ရှင်းဟိုတယ်၏ အစားအသောက်များသည် တခြားဆိုင်များထက် ပိုကောင်းမွန်ကြောင်းကို သက်သေပြကြရမည်ဖြစ်ကာ ဒီအချိန်မှ သေချာမလုပ်လျှင် အကျိုးသက်ရောက်မှု များပေလိမ့်မည်။

ချင်းလန်ကို ဖုန်းခေါ်ပြီးနောက်မှာ စားပွဲထိုးအနည်းငယ်သည် Bidens bipinnataအပင်များကို ချက်ပြုတ်ရန်အတွက် ကားပေါ်မှ စားသောက်ဆိုင်ထဲ သယ်ဆောင်သွားကြသည်။ စားဖိုဆောင်ထဲပို့လိုက်သော Bidens bipinnataအပင်များကို ကြည့်၍ ချင်းလန် စိတ်မရှုပ်ဘဲ မနေနိုင်တော့ချေ။ သူမ ညွှန်ပြလိုက်ကာ...

"ရွှီဖန်း ဒီအပင်တွေလား"

ချင်းလန်မှာ မယုံနိုင်အောင် ဖြစ်နေရသည်။ ဤသာမန်ဟုသာ ထင်ရသော မြက်ပင်ပုံစံလေးက ဟွားမန်ရှင်း၏ စီးပွားရေးတစ်ခုလုံးကို လုယူနိုင်လုနီးပါး ဖြစ်ခဲ့သည်။

ရွှီဖန်းက ပိုပြီးတော့တောင်မှ အံ့သြနေသေးသည်။ ဒီအပင်တွေကို သူ လွယ်လွယ်ကူကူနှင့် ရခဲ့တာပင်။ 

"ညစာစားချိန် မရောက်သေးခင် အချိန်အနည်းငယ် လိုနေသေးတယ်၊ မာစတာဝမ် လူတိုင်းနဲ့ဆွေးနွေးပြီး ဒီဟာတွေကို ဘယ်လို အရသာရှိအောင်လုပ်ကြမလဲ ဆွေးနွေးလိုက်ကြပါ၊ အချိန်ရောက်လို့ အမှားမရှိအောင် ကြိုတင်စမ်းကြည့်ကြတာပေါ့"

Bidens bipinnataအပင်များကို ရရှိပြီးနောက် ချင်းလန်သည် မာစတာဝမ်နှင့် တခြားစားဖိုမှူးများကို ညွှန်ကြားကာ Bidens bipinnataအပင်များကို နှုတ်မြိန်စာအဖြစ် ချက်ပြုတ်ခိုင်းလိုက်သည်။ 

အချိန်မကြာလိုက်ပေ။ မာစတာဝမ်သည် Bidens bipinnataအပင်မှ ချက်ထားသည့် နှုတ်မြိန်စာကို ယူလာလေသည်။ ဒါ့အပြင် နောက်ထပ် ဟင်းနှစ်ပွဲလည်း ပါသေး၏။

ချင်းလန်သည် သာမန်ဟင်းပွဲပုံစံပေါက်နေသော ဟင်းလျာကို ကြည့်ကာ တူတွေကို ကောက်ယူ၍ စတင် မြည်းစမ်းလိုက်သည်။

အေးမြသောလေထုထဲ၌ ချိုမြိန်သော အငွေ့အသက်လေးကို ရရှိလိုက်ကာ တစ်ကယ် အရသာရှိပေသည်။ ချင်းလန်သည် အနည်းငယ် ထပ်၍ စားသုံးခဲ့သည်။ ထို့နောက် တခြားဟင်းပွဲနှစ်ခုကို ကြည့်လိုက်သည်။

ရွှီဖန်းယူလာသည် Bidens bipinnataအပင်များ၏ သက်ရောက်မှုက ဟာကျူလီယန်မှ အအေးစာများနှင့် တူညီပါက သူမ အကြိမ်ပေါင်းများစွာ စားသုံးဖူးခဲ့သော ဤဟင်းပွဲနှစ်ပွဲသည် ယခင်ကထက် များစွာ အရသာရှိရပေလိမ့်မည်။

ချင်းလန်သည် ဘာကြောင့်မှန်းမသိသော်ငြား အနည်းငယ် စိုးရိမ်ပူပန်နေတာကြောင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ထို့နောက် တူဖြင့် သခွားသီးတစ်ခုကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။ 

သူမ အရသာခံပြီးပြီချင်းမှာတင် မျက်လုံးများ အရောင်တောက်သွားတော့သည်။ 

တစ်ကယ်ကို သက်ရောက်မှုရှိပေသည်။ 

နှုတ်မြိန်စာ စားပြီးသည့်နောက်မှာ သခွားသီး၏ ပုံမှန်အရသာအပြင် အနည်းငယ်ချိုမြမှုကိုပါ ခံစားရစေပြီး ပိုပြီးတော့ အရသာရှိလာစေသည်။ 

"အံ့သြစရာပဲ"

ချင်းလန်သည် သူမကိုယ်သူမ မထိန်းနိုင်ဘဲ ဟင်းနှစ်ပွဲထဲမှ နောက်ထပ်အလုပ်တချို့ကို စားသုံးမိခဲ့သည်။ သခွားသီးကဲ့သို့ပင် ၎င်းတို့၏အရသာက ယခင်ကထက် ပိုကောင်းလာပြီး စားပြီးရင် ဆက်စားလာချင်စေသည်။ 

ချင်းလန်က မြိန်ရေယှက်ရေ စားသုံးနေတာကြောင့် မာစတာဝမ်လည်း မသည်းခံနိုင်တော့ဘဲ စားပွဲပေါ်မှ တူကို ကောက်ယူကာ စတင်၍ စမ်းစားကြည့်တော့သည်။ 

နှုတ်မြိန်စာကို စားသုံးပြီးနောက် သူချက်ထားသည့် ဟင်းပွဲများကို မြည်းကြည့်ခဲ့ရာ ချက်ချင်းပင် မျက်လုံးများ အရောင်တောက်သွားတော့သည်။ 

နှစ်ယောက်စလုံးက စားပွဲပေါ်ရှိ အစားအစာများကို လုစားနေကြတာကြောင့် မကြာခင်မှာပင် ဟင်းပွဲအားလုံး ပြောင်သွားတော့သည်။ 

ချင်းလန်က သူမပါးစပ်ကို သုတ်၍ အပြုံးဖြင့် ပြောလာသည်။

"ဒီနှုတ်မြိန်စာက တစ်ကယ် မှော်ဆန်လွန်းတာပဲ"

ယခုဆိုလျှင် ရွှီဖန်းယူလာခဲ့သည့် Bidens bipinnataအပင်များက အရသာခံဖုများကို လှုံ့ဆော်ပေးနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်၍ သူမ ယုံကြည်ချက်ရှိလာသည်။ 

ဘေးမှာရှိနေသည့် နာရီကို ကြည့်ရင်း သူမ၏ ဧည့်သည်များကို ပြန်သိမ်းရန် မစောင့်နိုင်တော့ပေ။ 

"မာစတာဝမ် နောက်ကျနေပြီ၊ လူတိုင်းကိုခေါ်ပြီး နှုတ်မြိန်စာတွေ ပြင်ထားလိုက်ပါ"

ယခု သူမ၌ Bidens bipinnataအပင်များ လက်ဝယ်ရှိနေတာကြောင့် သူမနှလုံးသားထဲမှာ ရှိနေခဲ့သည့် တွေဝေခဲ့မှုများကို ချက်ချင်းဖယ်ရှား၍ မာစတာဝမ်တို့ အုပ်စုကို စတင် အလုပ်လုပ်ကြရန် ညွှန်ကြားတော့သည်။

မာစတာဝမ်ကလည်း ခေါင်းညိတ်ကာ တခြားသော စားဖိုမှုးများကို ဦးဆောင်၍ ယခင်နည်းလမ်းအတိုင်း နှုတ်မြိန်စာများကို ချက်ပြုတ်တော့သည်။ 

"ရွှီဖန်း အပြင်ထွက်ပြီး ပြင်ဆင်ထားကြရအောင်"

ချင်းလန်သည် သူမစားသောက်ဆိုင်မှ စားဖိုမှူးများအပေါ် အလွန် ယုံကြည်ချက် ရှိလေသည်။ ဖောက်သည်များကို အရာအားလုံး ရှင်းပြရန်အတွက် သူမမှာ တာဝန်ရှိတာကြောင့် ရွှီဖန်းအား စားသောက်ဆိုင်အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

လက်ရှိအချိန်တွင် ချင်းလန်သည် နှစ်ပတ်လည်နေ့ကို 

အခွင့်ကောင်းယူ၍ လူတွေ၏ အာရုံကို ဆွဲဆောင်နိုင်

ရန် အပြင်ဘက်တွင် အလွန်ကြည့်ကောင်းသော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။

စားသောက်ဆိုင်များ ပိတ်နေကျသည့်အချိန် မရောက်သေးတာကြောင့် လူအများက သတင်းကြားကာ အမြန်ရောက်လာကြသည်။ 

ဟွားမန်ရှင်းဟိုတယ်မှ ဝန်ထမ်းများသည်လည်း လက်ရှိအချိန် ရောက်လာသည့် ကောင်းမွန်သော အခွင့်အလမ်းကို ကောင်းကောင်းအသုံးချရမည်

ဖြစ်ကြောင်း သိထားပေသည်။ ဒါကြောင့် အမျိုးသား၊ အမျိုးသမီး စားပွဲထိုးများမှာ လွန်စွာ တက်ကြွနေလျက် ရှိသည်။ သူတို့အားလုံးသည် မျက်နှာပေါ်၌ နွေးထွေးသော အပြုံးများကို တင်ဆောင်ထားကာ ဧည့်သည်များကို ကောင်းစွာ ကြိုဆိုနေကြသည်။

ချင်းလန်၏မျက်နှာက ဧည့်သည်များစွာကြောင့် ပျော်ရွှင်မှု အပြည့်ဖြစ်နေကာ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်နေလေသည်။ ယနေ့ ဟင်းလျာများက အနာဂါတ်တွင် သူမတို့အတွက် အံ့သြစရာကောင်းသော အောင်မြင်မှုကို ယူဆောင်ပေးနိုင်လိမ့်မည်။

"ရို~ ရိုး သူဌေးချင်း မင်းရဲ့ အမိုက်စား စားသောက်ဆိုင်လေးက နာမည်ကြီးသားပဲ"

ရုတ်တရက် တံခါးဝမှ ရွဲ့စောင်းသံထွက်လာတာကြောင့် ချင်းလန်၏ အမူအရာက မည်းမှောင်သွားတော့သည်။ ရွှီဖန်းသည် သူမအား စိတ်ထဲ အများကြီး မထည့်ထားရန် ပုခုံးကိုပွတ်သပ်ကာ နှစ်သိမ့်ပေးပြီးနောက် ထိုလူ့ကို ကြည့်လိုက်သည်။

ထိုအချိန် ကျိုးရှင်းယွမ်ကတော့ လူတစ်အုပ်ကို ဦးဆောင်၍ စားသောက်ဆိုင်ထဲသို့ ဆောင့်ကြွားကြွားဝင်လာသည်။ 

"ကျစ် ကျစ် သူဌေးချင်း ကြည့်ရတာ ငါတို့ရောက်လာတာမှန်တဲ့ပုံပဲ၊ ခုံတွေ ကျန်သေးတာပဲ"

"ပွဲရှိတာတောင် ခုံတွေ မပြည့်သေးတဲ့ပုံအရ မင်းရဲ့ စီးပွားရေးက အခြေအနေသိပ်မကောင်းဘူးပဲ"

ပြောပြီးသည်နှင့် ကျိုးရှင်းယွမ်သည် သူ့လူတွေကိုဦးဆောင်ကာ ဝင်စားသောက်ကြမည့်အလား စားပွဲဝိုင်းမှာ ထိုင်လာကြသည်။

"ကျိုးရှင်းယွမ် အခု ဘာလာလုပ်တာလဲ"

ကျိုးရှင်းယွမ်၏ ရွှတ်နောက်နောက် သဘောထားကို မြင်သည့်အခါ ချင်းလန်သည် အံကိုကြိတ်၍ သူ့ကို စိုက်ကြည့်လာသည်။

"မြန်မြန်ထွက်သွားပေးပါ၊ ဟွားမန်ရှင်းက ရှင့်ကို မကြိုဆိုဘူး"

"ကျိုးရှင်းယွမ် ကျွန်မ ဒီစားသောက်ဆိုင်ကို ရှင်တို့ဆီ ရောင်းလိမ့်မယ်လို့ မတွေးနဲ့"

ချင်းလန်မပျော်လေ ထိုလူက ပျော်လေပင်။ သူက ရယ်မော၍ ပြောလာသည်။

"သူဌေးချင်း ငါ အလျင်မလိုပါဘူး၊ အချိန်တစ်ခုရောက်လာရင် မင်းရဲ့ ညံ့ဖျင်းတဲ့ စားသောက်ဆိုင်လေးမှာလည်း ငါ ဆက်မနေပါဘူး၊ ဟီးဟီး ငါ့ဘက်ကနေ ရောင်းပေးပါဆိုပြီး တောင်းပန်ရတဲ့အထိ မင်းမှာ အစွမ်းမရှိသေးဘူး"

"ရှင်!"

ကျိုးရှင်းယွမ်၏ ထောင်လွှားသော သဘောထားက ချင်းလန်အား တော်တော် ဒေါသထွက်စေ၏။ ထိုအချိန် ရွှီဖန်းက သူမလက်ကို ဆွဲ၍ သူ့နောက်မှာ နေစေသည်။

ကျိုးရှင်းယွမ်က မျက်လုံးကျဥ်းမြောင်းကာ ရယ်မောလာသည်။

"အိုး ကောင်လေး မင်းက အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းလုပ်ချင်နေတာလား"

*********************

All Chapters