အကြီးစားဖောက်သည်
Vol. 15 Ch. 218
ကားမောင်းတာကို အာရုံစိုက်နေသည့် ရွှီဖန်းကိုကြည့်ရင်း ချိုးဆုအာ ရှက်ရွံ့စွာ ပြောလိုက်သည်။
"ရွှီဖန်း အစ်မ အစ်မ ခုနက စာအုပ်ကို ဖတ်လိုက်မိတယ်၊ အဲ့ဒီမှာ အရသာကောင်းလောက်မယ့် ဟင်းပွဲတချို့ရှိတယ်၊ ပြန်ရောက်လို့ရှိရင် အစ်မ မင်းအတွက် ချက်ပေးလို့ရလား"
ရွှီဖန်း ပြုံးလိုက်သည်။ ချိုးဆုအာ ထိုစာအုပ်ကို ဖတ်
ချင်ရသည့် အကြောင်းအရင်းက သူ့အတွက်ချက်ပြုတ်ပေးချင်လို့ဆိုတာ သူသိပေသည်။ ဒါကြောင့် သူမ၏တောင်းဆိုမှုအား သူအပြုံးဖြင့် လက်ခံလိုက်သည်။
ရွှီဖန်း ရွာကို ပြန်နေသည့်အခါ sports car တစ်စီးဟာ ရွာအဝင်ဝမှာ ရောက်နေလေသည်။
ဒရိုက်ဘာက ဘေးပတ်ပတ်လည်ကိုကြည့်ရင်း သူ့အနောက်မှ သတ်လတ်ပိုင်းလူကို ပြောလာသည်။
"သူဌေး ဒီမှာပဲ ကားရပ်မှဖြစ်မယ်၊ ထပ်သွားရင် ကျွန်တော်တို့ကားနဲ့ အဆင်မပြေမှာပဲ စိုးရိမ်မိတယ်"
ကားအနောက်မှာ ထိုင်နေသည့် သတ်လတ်ပိုင်းလူက ခေါင်းညိတ်၍ ပြောလာသည်။
"ဒါဆိုလည်း ဒီမှာပဲ ရပ်ထားကြတာပေါ့၊ အထဲဝင်ပြီး လမ်းမပိတ်မိစေနဲ့"
ဒရိုက်ဘာက ခေါင်းညိတ်၍ ကားထိုးရပ်လာသည်။ သတ်လတ်ပိုင်းလူက အဝတ်အစားကို သပ်သပ်ရပ်ရပ်ပြုပြင်၍ ရွာထဲ လျှောက်ဝင်လာသည်။
မကြာလိုက်ပေ၊ သူတို့ ရွှီဖန်း၏ အိမ်ကို ရောက်ရှိလာသည်။
"ဒီနေရာလား"
သတ်လတ်ပိုင်းလူက အခုထိ မပြုပြင်ရသေးသည့် ရွှီဖန်း၏ အိမ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလာသည်။
"ဟုတ်ကဲ့ သူဌေး ဒီအိမ်ပါ"
သူ့အနောက်မှာ ရပ်နေသည့် ဒရိုက်ဘာက လေးလေးစားစားဖြေလာသည်။
သူဌေးက ခေါင်းညိတ်၍ ခါးသက်စွာပြုံးသည်။
"ငါတို့ရဲ့ သူဌေးကြီးရွှီဖန်းက လယ်သမားစစ်စစ်ဖြစ်ပုံရတယ်၊ သူ့အိမ်က ရိုးရှင်းပြီး အလှတောင်မဆင်ထားဘူး"
ရွှီဖန်းသည် သူ့ဟာနှင့်သူ အလုပ်များနေပြီး အိမ်ကို အာရုံစိုက်ရန် မေ့နေမှန်း သူမသိခဲ့ပေ။
သူ ခြံထဲသို့ လျှောက်သွားလိုက်သည်။ ရွှီဖန်း၏ ညီမလေးသာ အိမ်ထဲ၌ ရှိနေလေသည်။ မိဘများသည် မနက်ကတည်းက ကြက်ခြံကိုရောက်နေပြီး သူတို့ကူညီပေးစရာရှိမရှိ သွားစစ်ဆေးနေ၏။
"ဘယ် ဘယ်သူ့ကို ရှာနေတာပါလဲရှင့်"
ရွှီရှို့ရှို့သည် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် သူမအရှေ့မှ အမျိုးသားကိုကြည့်ရင်း မေးလိုက်သည်။
"အိုး...ဒါက ရွှီဖန်းရဲ့ညီမပဲ ဖြစ်ရမယ်၊ ရှောင်ဝမ်"
သူဌေးက ရှို့ရှို့ကို မြင်ပြီးနောက်မှာ သူ့အနောက်မှ ဒရိုက်ဘာဝမ်ကို မျက်လုံးမှိတ်၍ အချက်ပြသည်။ ဒရိုက်ဘာကလည်း တိတ်တဆိတ်နားလည်ပြီး ပြင်ဆင်ထားခဲ့သည့် လက်ဆောင်ကို ရွှီဖန်းညီမလေးကို ကမ်းပေးလိုက်သည်။
"မိန်းကလေးရွှီ ကျွန်တော်တို့က သူဌေးရွှီနဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ ရောက်လာတာပါ၊ ဒါက လက်ဆောင်သေးသေးလေးတစ်ခုပါပဲ၊ စိတ်မရှိဘူးဆိုရင် ကျေးဇူးပြုပြီး လက်ခံပေးပါဦး"
ရွှီရှို့ရှို့သည် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သော်လည်း သူမ ထိုနှစ်ယောက်ကို သတိထားနေဆဲပင်။ ထိုလက်ဆောင်အား မယူဘဲ တံခါးနားမှာ တင်ထားရင်း...
"နှစ်ယောက်စလုံး အထဲဝင်ခဲ့ပါ၊ အစ်ကိုက အခုမှ ပြန်လာတဲ့လမ်းမှာ၊ တစ်နာရီ နှစ်နာရီအတွင်းတော့ ပြန်ရောက်ပါလိမ့်မယ်"
ရွှီဖန်း မရောက်ခင် တစ်နာရီ၊ နှစ်နာရီလောက် စောင့်ရဦးမည်ဟု ကြားသောအခါ သူဌေးသည် ဒါရိုက်ဘာအားလှမ်းကြည့်လိုက်သည်။ ဒါရိုက်ဘာက ခေါင်းညိတ်၍ ပြုံးပြုံးရွှင်ရွှင်ဖြင့် လုပ်ငန်းကတ်ကိုထုတ်လိုက်ကာ
"ဒါဆို နောက်မှပဲ ပြန်လာခဲ့ပါမယ်၊ ဒါက လုပ်ငန်းကတ်လေးပါ၊ ညီမရဲ့ အစ်ကို ပြန်လာတဲ့အချိန်ကျရင် ပြန်ဆက်သွယ်ပေးဖို့ အကူအညီတောင်းပါတယ်"
ရှို့ရှို့ ထိုကတ်ကိုယူ၍ ကြည်လိုက်သည်။ ဟုတ်ပါ၏။ ထိုလူများဟာ စီးပွားရေးကိစ္စဆွေးနွေးရန် လာခဲ့တာ ဖြစ်ပြီး ထိုကတ်အပေါ်၌ ချန်ဟိုင်း စားနပ်ရိက္ခာ အခြေစိုက်ရုံး ဥက္ကဌဟု ရေးသားထားသည်။
ရှို့ရှို့သည် ဒီနှစ်ယောက်ဟာ သူ့မအစ်ကို၏ အကြီးစားဖောက်သည်များဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ထို့ကြောင့် သူမ ရွှီဖန်းကို ဖုန်းခေါ်ကာ အကျိုးအကြောင်းလှမ်းပြောခဲ့သည်။
ရွှီဖန်း ဖုန်းကိုချပြီး ခဏလောက်စဥ်းစားကာ ချိုးဆုအာကို မေးလိုက်သည်။
"ဆုအာ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို သိလား"
ရွှီဖန်း၏အမေးကိုကြားတော့ ချိုးဆုအာလည်း လေးလေးနက်နက်စဥ်းစားခဲ့သည်။ ရွှီဖန်းသည် သီးပင်စားပင်များနှင့် စားသောက်ကုန်နှင့်ပတ်သက်သည့် စီးပွားရေး လုပ်ကိုင်လာကတည်းက သူမသည် အားလပ်ချိန်ရောက်တိုင်း အလားတူလုပ်ငန်းများကို လေ့လာခဲ့သည်။ ထိုထဲတွင် ရွှီဖန်း၏ ပြိုင်ဘက်
ဖြစ်လာမည့်လုပ်ငန်းကို ရှာတွေ့ခဲ့သည်။ ထိုအရာက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးပင်။
"ရွှီဖန်း ဒီချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို အစ်မသိတယ်၊ သူတို့က အစားအသောက်လုပ်ငန်းရှင်တွေဆီကနေ ပြန်ဝယ်ပြီး ကြီးထွားလာတာပဲ၊ သူတို့သူဌေးရဲ့ ယောက္ခမက ပြည်နယ်မှာ သူဌေးမကြီးဆိုတော့ သူတို့ ဘာကိုမှမကြောက်ဘူး၊ အတင်းအကြပ်အရောင်းအဝယ်လုပ်တယ်လို့တောင် ပြောလို့ရတယ်၊ အခြေခံအားဖြင့် သူတို့နာမည်ရနေတာက သူတို့ဝယ်ယူထားတဲ့ ကုမ္ပဏီတွေကြောင့်ပဲ"
ချိုးဆုအာက သူမသိထားသည့် အချက်အလက်များကို လေးလေးနက်နက် ပြောပြခဲ့သည်။
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ကြည့်ရတာ ရည်ရွယ်ချက်ကောင်းဖြင့် လာသည့်ပုံမပေါ်ပေ။
တစ်ဖက်တွင် ရပ်ရွာကော်မတီရုံးရှေ့သို့ ရောက်လာသည့် နှစ်ယောက်သည် တံခါးကို ခေါက်လိုက်သည်။
ဝူယွီရွှမ်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ အခုလို အချိန်၌ သူမ၏ ရုံးခန်းတံခါးကို ခေါက်မည့်လူက ရွှီဖန်း တစ်ယောက်သာ ရှိသည်။
"ဝင်လာခဲ့..."
တံခါးဖွင့်လိုက်သည်နှင့် ဝူယွီရွှမ်း ခဏလောက် ထိတ်လန့်သွားရသည်။ တံခါးမှ ဝင်လာသော ဝတ်စုံပြည့်လူနှစ်ယောက်သည် မြစ်အောက်ပိုင်းရွာမှ မဟုတ်မှန်း ထင်ရှားပေသည်။
"ဘာများကူညီပေးရမလဲ"
လျိုကျင်း ပြုံး၍ သူ၏လုပ်ငန်းကတ်ကို ပေးလိုက်သည်။ သူ့အနောက်မှာ ရှိသည့် ရှောင်ဝမ်ကလည်း နားလည်သည်။ သူ့ ရှေ့တစ်လှမ်းတိုးကာ ဝူယွီရွှမ်းကို ပြုံးပြ၍
"ရွာသူကြီးဝူ ကျွန်တော့်သူဌေးက ဒီရွာရဲ့ အကြီးစားဖောက်သည်ပဲ၊ ဒီတစ်ခါ မင်းရဲ့ရွာကို ချမ်းသာစေမယ့် အခွင့်အရေးပေးဖို့ ရောက်လာတာ"
ဝူယွီရွှမ်းသည် နာမည်ကတ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို သူမ မသိသော်လည်း စားနပ်ရိက္ခာအခြေစိုက် ဆိုသည့် စကားလုံးနှင့်တင် သိသာထင်ရှားသည့် ဖော်ရွေမှုနှင့် လာတာမဟုတ်မှန်း သူမသိပေသည်။
လျိုကျင်းသည် မကျေမနပ်ဟန်ဆောင်၍ ရှောင်ဝမ်ကို လက်ဝှေ့ယမ်းပြကာ
"ကုသိုလ်လာယူတာလို့ မပြောဝံ့ပါဘူး၊ ဒါက ခေါင်းဆောင်တစ်ယောက်ရဲ့အခန်းကဏ္ဍပါပဲ"
"အိုး ဥက္ကဌလျို ကျွန်မတို့ရွာမှာ ဘာပရောဂျက်တွေ လုပ်မှာလဲဆိုတာ သိချင်မိပါတယ်"
ဝူယွီရွှမ်း ပြုံး၍ မေးလိုက်သည်။ သူမစိတ်ထဲ၌ အဖြေကို သိထားသော်လည်း အတည်ပြုရန် မေးလိုက်တုန်းပင်။
သူထင်ထားသလောက် ရွှီဖန်းလို တောသူဌေးမျိုးက ဘယ်လောက်ပဲ စီးပွားရေးကောင်းပါစေ ရွာကို ရန်ပုံငွေ၊ ပရဟိတငွေများ ထည့်ထားမည်မဟုတ်ချေ။ တစ်ကယ်တော့ ဒီကျေးလက်ကလူတွေဟာ ရိုင်းစိုင်းပြီး ယဥ်ကျေးမှုမရှိ၊ ကျွမ်းကျင်မှုမရှိသော လူများ
ဖြစ်သည်။ ရွှီဖန်းသည် မြို့တစ်မြို့ကို အလုပ်လုပ်ရန် လူရှာဖို့ သွားပေမယ့် သူကတော့မတူပေ။ လျိုကျင်းသည် ဝူယွီရွှမ်းအား ဂုဏ်ယူစွာ ကြည့်နေသည်။ ဝူယွီရွှမ်း၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားနေသော အမူအရာမျိုးပေါ်လာမည်ကို သူမြင်ယောင်နေ၏။
ကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌအနေနှင့် ရွှီဖန်းကို အာရုံစိုက်နေရသည့် အကြောင်းအရင်းမှာ သူသည် ဖောက်သည်တစ်ယောက်နှင့် ဟွားမန်ရှင်းမှာ စားသောက်ခဲ့တုန်းက ပါဝင်ပစ္စည်းများ ကွာခြားမှုကို သိလိုက်တာကြောင့်ပင်။ ထို့ကြောင့် ဟွားမန်ရှင်းအတွက် ပါဝင်ပစ္စည်းထောက်ပံ့ပေးသော နောက်ကွယ်မှ လူကို သူ စုံစမ်းရှာဖွေခဲ့ပြီး ရွှီဖန်း၏ နောက်ခံအချက်အလက်များကို ရရှိခဲ့လေသည်။ ဘဝင်မြင့်ကျန်းလောင်ကဲ့သို့ပင် သူသည်လည်း အချက်အလက်များကို ဖတ်ရင်း ရွှီဖန်းနာမည်က ခရိုင်ထိသာ သက်ရောက်သည်ဟု သူယုံကြည်ခဲ့သည်။ ဒါကြောင့်လည်း သူ မြစ်အောက်ပိုင်းရွာသို့ ထွက်လာခဲ့သည်။
သို့သော်လည်း ဝူယွီရွှမ်း၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားနေသည့် အမူအရာကို သူမတွေ့ခဲ့ရချေ။ ထိုအစား အုပ်မိုင်းနေသည့် အမူအရာကိုသာ လက်ခံရရှိခဲ့သည်။
ခဏအကြာတွင် ဝူယွီရွှမ်းက ခေါင်းမော့လာပြီး...
"တောင်းပန်ပါတယ် ဥက္ကဌလျို၊ ကျွန်မတို့တစ်ရွာလုံးက မြေတွေကို ရွှီဖန်းက စာချုပ်ချုပ်လိုက်ပြီ"
လျိုကျင်း ခေတ္တအံ့အားသင့်သွားရသည်။ သူ ဒါကို အလေးအနက် မထားပေ။ ထို့နောက် သူပြုံး၍ ပြောလိုက်သည်။
"ရွာသူကြီးဝူ ကျွန်တော်ချပြခဲ့တဲ့အခြေအနေတွေက အရမ်းရက်ရောတာနော်၊ ရွှီဖန်း စာချုပ်ချုပ်ထားတဲ့လယ်မြေတွေကို ပြန်ယူဖို့ ရွာသူရွာသားတွေကို အစည်းအဝေးခေါ်ပြီး ပြောကြည့်လိုက်ပါ၊ သူတို့ရဲ့ဆုံးရှုံးမှုအတွက် ကျွန်တော် လျော်ကြေးပေးမှာပါ"
သို့သော်လည်း သူဟာ ထောင်လွှားနေခဲ့သဖြင့် ဝူယွီရွှမ်းမျက်လုံးထဲမှ မကျေမနပ်ဖြစ်နေမှုကို လုံးဝသတိမထားမိခဲ့ပေ။
*******************