← Chapters

အလျင်မလိုပါဘူး

Vol. 30 Ch. 447

အလျင်မလိုပါဘူး

Vol. 30 Ch. 447

ဟွာချန်းကိုယ်ခံပညာကျောင်း၏ဝင်ပေါက်တွင် ကျိုးဟွာ၊ ကျိုးပင်း၊ စွန်းဖေးဖေးတို့က ရွှီဖန်း၏လမ်းညွှန်မှုကို လိုက်နာ၍ ဒိုဂျိုထဲသို့ ဝင်သွားခဲ့ကြသည်။ 

တံခါးဝမှာတော့ ရွှီဖန်း၏ တိတ်ဆိတ်နေမှုနှင့်အတူ တစ်ခါတည်း တိတ်ဆိတ်သွားပြန်၏။

ဝမ်ဖေး၊ လျိုချောင်ဖန်နှင့် တခြားသူများသည် ရွှီဖန်း၏ အရှေ့မှာ ရပ်နေကြပြီး ကျယ်လောင်စွာ အသက်ရှူခြင်းပင် မလုပ်ရဲခဲ့ကြပေ။

မတိုင်ခင်က လူလိမ်နှစ်ယောက်သည် အရေးမပါသော ဇာတ်ဝင်ခန်းလေးတစ်ခုသာ ဖြစ်သည်။ ဘယ်သူကမှ အလေးအနက်မထားခဲ့ကြပေ။ တကယ်တမ်း ဝမ်ဖေးနှင့် လျိုချောင်ဖန်ကို စိတ်ဓာတ်ကျစေသောအရာမှာ ဘာဆက်ဖြစ်မလဲ မသိနိုင်ခြင်းပင်။

ဘာတွေဆက်ဖြစ်လာမှာလဲ။

ထိုအကြောင်းကို တွေးလိုက်သည်နှင့် ဝမ်ဖေးနှင့် တခြားသူများသည် သူတို့၏ နှုတ်ခမ်းများကိုပင် ရိုက်ပစ်ချင်စိတ် ဖြစ်ပေါ်လာခဲ့၏။

ဝမ်ဖေးနှင့် တခြားသူများသည် ရွှီဖန်း၏ ကြောက်စရာကောင်းမှုများကို ကြုံဖူးခဲ့ကြတာ ကြာလေပြီ။ သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ရုံနှင့် ကျောက်စိမ်းထိုင်ခုံကို ဖုန်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ထိုအရာက ဝမ်ဖေးနှင့် တခြားသူများကို သေလောက်အောင် 

ကြောက်ရွံ့သွားစေခဲ့၏။

ထိုကဲ့သို့ ကြုံခဲ့ဖူးသော်လည်း ဝမ်ဖေးနှင့် တခြားသူများသည် ရွှီဖန်းက သူတို့ထင်ထားသည်ထက် ပိုကြောက်စရာကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။  သူက သူတို့၏ မိဘများကို အလျှော့ပေးအောင် လုပ်နိုင်ခဲ့ပြီး ဟွာချန်းကိုယ်ခံပညာကျောင်းသို့ သားသမီးများပို့ဆောင်ပေးရန် အတင်းအကျပ် ဖိအားပေးနိုင်ခဲ့သည်။

ဝမ်ဖေးနှင့် တခြားသူများလည်း သူတို့မိဘများ၏ စိုးရိမ်ပူပန်နေသော စကားဝိုင်းကနေ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိရှိခဲ့ကြ၏။ အရာအားလုံးက ရွှီဖန်းဟုခေါ်သော လူငယ်လေးကြောင့် ဖြစ်ခဲ့ခြင်းပင်။

ရွှီဖန်းကဲ့သို့ လေမုန်တိုင်းဖြစ်ပေါ်စေသည့် လူမျိုးနှင့်သာဆိုလျှင် အနာဂါတ်၌ ဤချန်ဟိုင်းပြည်နယ်တွင် ကြီးမားသော အုံကြွမှုများ ဖြစ်ပေါ်လာနိုင်ချေရှိသည်။

ဝမ်ဖေးနှင့် တခြားသူများထံ၌ ကိုယ်စီအတွေးများရှိနေခဲ့၏။ သို့သော်ငြား သူတို့သည် ရွှီဖန်း၏အရှေ့မှာ တိတ်တဆိတ် ရပ်နေကြပြီး အနည်းငယ်တောင်မှ အသံမထွက်ရဲခဲ့ကြပေ။ ရွှီဖန်း၏ မျက်နှာအမူအရာက ရေခဲကဲ့သို့ အေးစက်နေသည်။

ရွှီဖန်းက သူ့လက်ကို ဆန့်ထုတ်၍ သူ့အိတ်ကပ်ထဲ ထည့်ကာ ဆေးလိပ်တစ်လိပ်ကို ထုတ်ပြီး ပါးစပ်ထဲ ထည့်နေ၏။

မီးတောက်လေးတစ်ခုက ခုန်ထွက်လာပြီး ဆေးလိပ်ကို မီးညှိလိုက်လေသည်။ ရွှီဖန်းသည် နက်နက်ရှိုင်းရှိုင်း ရှူသွင်းကာ မီးခိုးများကို ဖွာလိုက်၏။

"ဘယ်အချိန်ရှိပြီလဲ"

ရွှီဖန်း၏အသံက အေးစက်နေသော်လည်း ဒေါသတော့ မပါပေ။

ဝမ်ဖေးက သူ့လက်ကို အမြန်မြှောက်၍ ကြည့်ကာ လေးလေးစားစား ပြောလာသည်။

"ဆရာရွှီ၊ ၇နာရီနဲ့ မိနစ်၂၀ ရှိပါပြီ"

ဆေးလိပ်က တိတ်ဆိတ်စွာ လောင်ကျွမ်းနေလေ၏။ နီရဲသောမီးတောက်က တဖျပ်ဖျပ်လက်နေသည်။ မီးခိုးငွေ့များကြားထဲ ရွှီဖန်း၏မျက်နှာက အမူအရာကင်းမဲ့

နေ၏။

မကြာခင်မှာပင် ဆေးလိပ်တစ်လိပ်လုံး လောင်ကျွမ်းသွားခဲ့သည်။ ရွှီဖန်းမှ ဆေးလိပ်ဖင်ကို ပစ်ချလိုက်ရာ မီးခိုးများက တဖြည်းဖြည်း ပျံ့လွင့်သွားခဲ့၏။ ရွှီဖန်း၏မျက်လုံးထဲရှိ အေးစက်မှုက ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။

ပွဲထဲမှာ ရွှီဖန်းက ဘာမှသိပ်မပြောခဲ့ပေ။ သူဌေးကြီးများသည် သူတို့၏ကလေးများကို မပို့ဘဲ မသက်ဆိုင်သော လူအနည်းငယ်ကို ပို့ခဲ့၏။ 

ပွဲထဲ၌ ရွှီဖန်းက ဘာအကျိုးဆက်များ ဖြစ်လာနိုင်လဲဆိုတာကိုလည်း သူ ရှင်းရှင်းလင်းလင်း မပြောခဲ့ပေ။ ထို့အပြင် ရွှီဖန်းသည် ဘယ်အချိန်ရောက်လာရမည်၊ ဘယ်လောက်ကြာကြာ နေရမည်ဆိုတာကိုလည်း မသတ်မှတ်မထားခဲ့ပေ။

ဒါကြောင့်မို့လို့လည်း ထိုသူဌေးကြီးများသည် အခွင့်အရေးယူနိုင်သည်ဟု ထင်ခဲ့ကြကာ တမင်တကာ နှောင့်နှေးနေခဲ့တာမျိုး သို့မဟုတ် ဘယ်သူ့ကိုမှ မပို့ချင်ခဲ့ကြတာမျိုး ဖြစ်နိုင်၏။

စိတ်ဝင်စားစရာပင်။

ရွှီဖန်း၏နှုတ်ခမ်းများက အေးစက်စွာ ပြုံးနေသည်။ ဒီနေ့ သူတို့လုပ်ခဲ့သော ပုံစံက သူ ပွဲမှာပြောခဲ့သည့် စကားများကို အလေးအနက်မထားခြင်းပင်။

တကယ်တော့ ရွှီဖန်းအနေဖြင့်လည်း သူတို့ကို ဘာမှလုပ်လို့မရပေ။ ၂၁ရာစုဖြစ်တာကြောင့် သူ ဒေါသထွက်တိုင်း လုပ်ချင်သလို သိပ်လုပ်လို့မရပေ။

သို့သော်ငြား အမှန်တရားကတော့ ကြောက်စရာကောင်းလှ၏။ 

သူတို့ကို တစ်ကယ်ပဲ ဘာမှလုပ်လို့ မရနိုင်ဘူးလား။ 

ကျိုးဟွာ လက်ထဲရှိ မြေအောက်အင်အားစုနှင့်တင် ရွှီဖန်းသည် ချန်ဟိုင်းပြည်နယ်၏ သူဌေးကြီးများကို ရှင်းပစ်နိုင်သည်။

ယခု ရွှီဖန်း၏မျက်နှာပေါ်ရှိ လှောင်ပြောင်နေသော အမူအရာအရ သူ့အနေနှင့် ထိုကဲ့သို့ လုပ်ရန် စီစဉ်နေပုံရ၏။

ချန်ဟိုင်း၏အခြေအနေက ရွှီဖန်းအတွက် အလွန်အရေးကြီးသည်။ ချန်ဟိုင်းကို သူ့အိမ်အလား သတ္တုစည်ကြီးအဖြစ် မပြောင်းလဲနိုင်ခဲ့လျှင် လျူမိသားစုကို အသာထား၊ တခြားဘယ်မိသားစုမဆို သူ့မိသားစုကို ခြိမ်းခြောက်နိုင်လိမ့်မည်။

ထိုကိစ္စက ရွှီဖန်း လုံးဝခွင့်မပြုနိုင်သော အရာပင်။

အချိန်များက တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့၏။ ရွှီဖန်း၏ စိတ်ရှည်မှုက တဖြည်းဖြည်းကုန်ဆုံးသွားပြီး သူ့မျက်လုံးထဲရှိ အေးစက်မှုက ပို၍ ပြင်းထန်လာခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ရွှီဖန်း၏ အောက်မှာရပ်နေသော ဝမ်ဖေး၊ လျိုချောင်ဖန်နှင့် တခြားသူများသည် သူတို့၏ အသက်ရှူသံများကို ထိန်းထားကာ ရွှီဖန်း၏ ကြောက်စရာကောင်းသော ဖိအားအောက်တွင် ရုန်းကန်နေကြရ၏။

ရွှီဖန်းမှ သတိမထားဘဲ ထုတ်လွှတ်မိခဲ့သော ကြောက်စရာကောင်းသည့် ဖိအားကို ဝမ်ဖေး၊ လျိုချောင်ဖန်တို့ကဲ့သို့ လူငယ်လေးများက ဘယ်လိုလုပ် ခံနိုင်ရည်ရှိမည်နည်း။

ထိုအချိန် ဝမ်ဖေးကတော့ မခံစားနိုင်တော့ပေ။ သူ၏ ချွေးအေးများကို သုတ်ရင်း တုန်ယင်နေသည့်အသံဖြင့် တောင်းပန်လိုက်သည်။

"ဆရာရွှီ"

ရွှီဖန်း၏အသိစိတ်က ပြန်ဝင်လာပြီး ဝမ်ဖေးတို့အဖွဲ့ကို မြင်လိုက်ရသောအခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြောက်စရာကောင်းသည့် အော်ရာက ရုတ်တရက် ပျောက်

ကွယ်သွားခဲ့၏။ ထိုအချိန်မှသာ ဝမ်ဖေးနှင့် ကျန်လူများလည်း အသက်ပြင်းပြင်းရှူမိကြသည်။ ဒီတစ်မနက်ခင်းလုံးမှာ ဘယ်အချိန်ကတည်းက သူတို့၏ ကျောပေါ်၌ ချွေးများ စိုရွှဲနေခဲ့သည်ဆိုတာကို မသိခဲ့ကြပေ။

ရွှီဖန်းက ကျေးဇူးတရားနှင့် အာဃာတများကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်သောလူပင်။ သူဌေးကြီးများ၏ အတွေးများကို ရှင်းရှင်းလင်းလင်း မသိခင်မှာ ရွှီဖန်းသည် ဝမ်ဖေးနှင့် တခြားသူများအပေါ်၌ သူ့ဒေါသများကို သဘာဝကျစွာပင် ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။

လက်ဝှေ့ယမ်းပြီးနောက် ရွှီဖန်းသည် ဟွာချန်းကိုယ်ခံပညာကျောင်း၏ ကျောင်းဧရိယာထဲသို့ လျှောက်ဝင်သွားခဲ့သည်။ သူက ဝမ်ဖေးနှင့် တခြားသူများကိုလည်း ပြောခဲ့၏။

"ဝင်ခဲ့ကြ၊ တံခါးလည်း တစ်ခါတည်း ပိတ်ခဲ့လိုက်"

ဝမ်ဖေးနှင့် တခြားသူများသည် ရွှီဖန်း၏ စကားများကို ကြားသောအခါ စိတ်သက်သာရာရသွားခဲ့သည်။ သူတို့သည် ရွှီဖန်း၏အနောက်သို့ အမြန်လိုက်ကာ ဒိုဂျိုထဲ

ဝင်၍ တံခါးကို ပိတ်ခဲ့ကြ၏။

ဒိုဂျိုထဲ ဝင်ရောက်ပြီးနောက် ကျိုးဟွာက သူတို့ကို နှုတ်ဆက်ရန် အရှေ့ကို လှမ်းလာသည်။ သူတို့

ထိုင်လိုက်သောအခါ ကျိုးဟွာ၏ မျက်လုံးများက သတိထားမှုများဖြင့် ပြည့်နှက်နေလေ၏။

ကျိုးဟွာသည် ရွှီဖန်း၏မျက်လုံးထဲ၌ အမျက်ဒေါသများ ထွက်ပေါ်နေတာကို မြင်လိုက်ရသည်။

ကျိုးဟွာက အလွန်ဉာဏ်ကောင်းသည့်အတွက် ဒီလိုအချိန်မှာ မေးခွန်းတစ်ခုတောင် မမေးခဲ့ပေ။ ထိုအစား အနောက်ဘက်ခြမ်းရှိ မြေအောက်အင်အားစုများအကြောင်းကို ရွှီဖန်းအား အစီရင်ခံတင်ပြနေ၏။

ရွှီဖန်းက ချက်ချင်းဆိုသလိုပင် လက်ဝှေ့ယမ်းကာ ကျိုးဟွာကို ပြုံးပြလာသည်။

"အကြီးအကဲကျိုး ဒီအနောက်ဘက်ခြမ်းဧရိယာက ခင်ဗျားပိုင်တာပါ၊ အကြီးအကဲမှာ ကိစ္စတစ်ခုခု ရှိရင် ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်ပါတယ်၊ ဘာမဆို ကျွန်တော့်ကို အစီရင်ခံစရာ မလိုပါဘူး"

ကျိုးဟွာက သူ့ခေါင်းကို ညိတ်လိုက်လေ၏။ အနောက်ဘက်ခြမ်း၏ မြေအောက်လောကရာထူးနှင့်ပက်သတ်၍ ကျိုးဟွာကတော့ အများကြီး မတွေးခဲ့ပေ။ ထိုအရာက သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ သူဌေးရာထူးကို ဘယ်သူ ကိုင်ထားမလဲဆိုတာက ကျိုးဟွာနှင့် ရွှီဖန်းတို့အတွက် အရေးမကြီးပေ။

ကျိုးပင်းက လက်ဖက်ရည်အိုးတစ်လုံးကို ယူလာပေး၏။ သူမက ရွှီဖန်းအပေါ်၌ အေးစက်စက်ဖြင့် မဆက်ဆံတာမျိုး ရှားလွန်းသည်။ တစ်ယောက်စီကို လက်ဖက်ရည်တစ်ခွက်စီ ငှဲ့ပေးပြီးနောက် ပြန်ထိုင်ကာ စွန်းဖေးဖေးနှင့် စကားပြောနေခဲ့၏။ ကျိုးပင်းသည် သူမ အရှေ့မှာရှိနေသော ဤနာမည်ကြီးစတားအပေါ်၌ အလွန်ဖော်ရွေနေလေသည်။ စွန်းဖေးဖေးကလည်း ဤရိုးသားသော မိန်းကလေးကို သဘောကျပုံရ၏။

ဝမ်ဖေးနှင့် လျိုချောင်ဖန်တို့သည် ဒိုဂျိုထဲကို ဝင်ပြီးနောက် ရွှီဖန်းက သူတို့အား ဘာအမိန့်မှ မပေးလာတာကို မြင်သည့်အခါ အသိတရားရှိရှိပင် ခန်းမထဲ၌ စောင့်နေခဲ့ကြသည်။

ဝမ်ဖေးနှင့် တခြားသူများက ပျော်ပျော်ပါးပါးနေတတ်ကြသော်လည်း သူတို့က မိုက်မဲသည်ဟု မဆိုလိုပေ။ ထင်ပေါ်ကျော်ကြားသည့် မိသားစုနောက်ခံရှိ၍ ရေထဲမှာ ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နိုင်ခြင်း၊ မိုးများ ဆင့်ခေါ်နိုင်ရုံဖြင့် သူတို့ကို တုံးအမိုက်မဲသည်ဟု မဆိုလိုနိုင်ပေ။

ဝမ်ဖေးနှင့် တခြားသူများက ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်လိုလုပ် မသိဘဲနေမည်နည်း။ တစ်ခုခုတော့ ကြီးကြီးမားမားဖြစ်တော့မှာပင်။

ရွှီဖန်းသည် လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ အားလပ်ချိန်ကို ပျော်ရွှင်နေသည့်အလားပင်။

သို့သော်ငြား ကျိုးဟွာကတော့ ရွှီဖန်းဆီမှ သတ်ဖြတ်လိုသောစိတ်ကို အလွန်ရင်းနှီးနေလေ၏။ ခုနက ရွှီဖန်း၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုသောအော်ရာအရ ကျိုးဟွားမှာ သွေးမုန်တိုင်းတစ်ခုကိုမြင်နိုင်ခဲ့လေသည်။

"ညီလေးရွှီ...ငါ လေနဲ့မိုးတုတ် ကျိုးဟွာက အမြဲ ဘွင်းဘွင်းရှင်းရှင်းပဲ နေထိုင်တယ်၊ ညီလေးရွှီမှာ ဘာအမိန့်တွေပဲ ရှိရှိ ပြောသာပြောပါ"

ရွှီဖန်းက ကျိုးဟွာ၏ စကားများကို ကြားသောအခါ နောက်ဆုံးမှာတော့ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာ၏။ သို့သော်ငြား ထိုအချိန်မှာတော့ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ မရှိတော့ပေ။ 

"အလျင်မလိုပါဘူး။"

**********************

All Chapters