အာ့လန်ရှန်းချန်ခဲ့သောပစ္စည်းများ
Vol. 19 Ch. 281
ရွှီဖန်းသည် အရှိန်မြှင့်ခဲ့ပြီး မကြာခင်မှာပင် အနောက်တောင်ပေါ်သို့ ရောက်သွားခဲ့သည်။ ကားရပ်ရန်နေရာရှာပြီးနောက် သူ ကားပေါ်မှ ဆင်းလာခဲ့သည်။
ရွှီဖန်း ကားပေါ်မှ ဆင်းသည်နှင့် တပြိုင်နက် သူ့ရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်းပင် အံသြသွားခဲ့ရသည်။ လှပသောအနောက်တောင်သည် ရှုပ်ပွညစ်ပတ်နေသော အရာများဖြင့် ပြည့်နှက်နေသည့် အမှိုက်ပုံကြီးသကဲ့သို့ ဖြစ်နေခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ၊ အာ့လန်ရှန်းက ငါ့အတွက် ပစ္စည်းကောင်းတွေ ထားခဲ့တယ်လို့ ပြောခဲ့တာမဟုတ်လား၊ ဒါက အမှိုက်ပုံကြီး မဟုတ်ဘူးလား"
ရွှီဖန်းသည် အမှိုက်များပြည့်နေသည့် တောင်ကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ညည်းညူလိုက်မိသည်။
ထိုအချိန် ရှေးဟောင်းအဝါရောင်စာရွက်တစ်ရွက်သည် အမှိုက်ပုံထဲမှ ပျံ့လွင့်လာခဲ့သည်။ စာရွက်၏အရောင်သည် သိုးသားရေလိပ်နှင့် အလွန်
ဆင်တူပြီး ၎င်းသည် ရွှီဖန်း၏အရှေ့တွင် လွင့်
နေခဲ့သည်။ ရွှီဖန်းသည် အချိန်အတော်ကြာပင် ကောင်းကင်ဘုံနန်းမှ နတ်များနှင့်အတူဆက်ဆံခဲ့ဖူးတာကြောင့် ထိုအရာကို သူ မအံ့သြတော့ဘဲ စာရွက်ကို လက်ခံယူခဲ့သည်။
ရွှီဖန်း သူ့လက်ထဲက စာရွက်ကို ကြည့်လိုက်သည်။ ဤသည်မှာ အာ့လန်ရှန်းထံမှ သတင်းစကားဖြစ်
နိုင်သည်ကို သူသိပေသည်။ ထိုသို့ တွေးမိရင်း ရွှီဖန်း သည် စာရွက်ကို တိုက်ရိုက်ယူကြည့်လိုက်ရာ ၎င်းပေါ်တွင် ရေးထားသည့်စာကို တွေ့ခဲ့ရသည်။
"ညီလေးရွှီ အစ်ကိုယန်းကျင့်နဲ့ ညီလေးရွှီက တစ်ယောက်နဲ့တစ်ယောက် သိတာမကြာသေးပေးမယ့် လအနည်းငယ်တောင် ရှိသွားပြီပဲ၊ အခု ကောင်းကင်ဘုံနန်းမှာ ကြီးမားတဲ့ ကပ်ဘေးတစ်ခုဖြစ်နေတယ်၊ ကျောက်စိမ်းဧကရာဇ်ကလည်း သုံးလောကကြားက ချိန်ခွင်လျှာကို ဖျက်ဆီးနိုင်တဲ့ သေမျိုးကမ္ဘာက အင်အားအားလုံးကို ယူဆောင်ဖို့ ငါတို့ကို အမိန့်ပေးခဲ့တယ်"
(ဘာသာပြန်သူ - ယန်းကျင့်က အာ့လန်ရှန်းရဲ့ နာမည်အရင်းပါ)
"ညီလေး မင်း သေမျိုးကမ္ဘာထဲမှာ အကူအညီမဲ့နေတော့မှာကို ငါစိုးရိမ်မိတယ်၊ ဒါကြောင့် မင်းကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ရတနာတချို့ ပေးခဲ့ချင်တယ်"
"စကားအများကြီးမပြောတော့ဘူး...ငါတို့ညီအကိုတွေ ပြန်ဆုံတွေ့ဖို့ မျှော်လင့်ပါတယ်"
ရွှီဖန်းသည် အာ့လန်ရှန်း၏ စာကိုဖတ်ပြီးသောအခါ မျက်ရည်ပင် ကျနေပြီဖြစ်သည်။ သူသည် ကောင်းကင်ဘုံနန်းနှင့် ပထမဦးစွာဆက်နွယ်မိစဥ်က ၎င်းကို အခွင့်ကောင်းယူချင်ခဲ့သော်လည်း လူဆိုသည့် အမျိုးသည် သံယောဇဥ်ကြီးကြပေသည်။ အာ့လန်ရှန်းအပြင် အခြားသောနတ်ဘုရားများနှင့် အပြန်အလှန် ဆက်ဆံခဲ့ပြီးနောက်မှာ သူ ဘယ်လိုလုပ် ကျေးဇူးမသိဘဲ နေနိုင်မည်နည်း။
ယခု ကောင်းကင်ဘုံနန်းတွင် ဖြစ်ပျက်နေသည့်အရာကို သူ မသိသော်လည်း အာ့လန်ရှန်းကတော့ သူ့အတွက် အကျိုးခံစားခွင့်အချို့ကို ချန်ထားရန် မမေ့ခဲ့ပေ။ ရွှီဖန်းသည် သူ့လက်ထဲမှ စာရွက်အား မှင်
သက်စွာ ကြည့်ပြီး သူ့ကိုယ်သူ ရေရွတ်ခဲ့သည်။
"အစ်ကိုယန်း စာအုပ်တစ်ခုမှာ ပြောထားတယ်...ကမ္ဘာပေါ်မှာ အဆုံးသတ်မရှိတဲ့ ဧည့်ခံပွဲဆိုတာ မရှိဘူး၊ ဒါပေမယ့် ဘဝတစ်ခုမှာတော့ လူတိုင်းက အတူတူမဆုံနိုင်ဘူးတဲ့၊ ကျွန်တော်တို့မကြာခင် ပြန်တွေ့နိုင်မှာပါ၊ ကျွန်တော်တို့က ညီအစ်ကိုကောင်းတွေ ဖြစ်နေဆဲပါပဲ"
သက်ပြင်းတစ်ချက်ချပြီးနောက်မှာ ရွှီဖန်းသည် သူ့ရှေ့မှ အမှိုက်ပုံကြီးကို ကြည့်ရန် ပြင်လိုက်သည်။ အာ့လန်ရှန်းမှ သူ့အတွက် ဤအမှိုက်ပုံကြီး ထားပေးခဲ့သည့်ရည်ရွယ်ချက်ကို သူ မသိသော်လည်း သူ ပျော်သလို ခံစားရပေသည်။ အာ့လန်ရှန်းမှ သူ့အတွက် ရတနာအချို့ ချန်ထားခဲ့တာဖြစ်လိမ့်မည်ဟု သူတွေးခဲ့၏။
"ဝုတ် ဝုတ် ဝုတ်"
ရွှီဖန်း အမှိုက်ပုံကြီးကို သွားကြည့်ခံနီးတွင် ခွေးဟောင်သံသည် ရုတ်တရက်ပင် ဘေးမှ ချုံပုတ်တွေဆီကနေ ထွက်လာလေသည်။ ထိုအသံနှင့် အလွန်ရင်းနှီး
နေကြောင်း ရွှီဖန်း ရှင်းရှင်းလင်းလင်း သိထားပေသည်။
ရွှီဖန်းသည် ထိုအသံကိုကြားပြီးနောက် ဘေးရှိ ချုံပုတ်များဆီသို့ လျင်မြန်စွာ လျှောက်သွားကာ ပေါင်းပင်များကို ဖယ်ထုတ်ခဲ့သည်။ သေချာပေ၏။ ချုံပုတ်ထဲတွင် ကျယ်လောင်စွာ ဟောင်နေသော အဝါရောင်ခွေးလေး ခုနစ်ကောင်ကို သူမြင်လိုက်ရသည်။
ရွှီဖန်းသည် သူတို့အား ချုံပုတ်ထဲမှ အလျင်အမြန် သယ်ပြီး ကားတံခါးကိုဖွင့်ကာ ခွေးခုနစ်ကောင်ကို တစ်ကောင်ပြီးတစ်ကောင် အထဲသို့ ထည့်ခဲ့သည်။ နောက်ဆုံးမှာ သူက ခွေးလေးခုနစ်ကောင်အား အမိန့်ပေးလိုက်သည်။
"ကောင်လေးတွေ ထပ်ပြီး လိုက်မပြေးနေကြနဲ့ ငါ ပြောတာ ကြားလား"
ရွှီဖန်း၏စကားကိုကြားပြီးနောက် အဝါရောင်ခွေးလေးခုနစ်ကောင်သည် သူ့စကားကိုနားလည်သကဲ့သို့ ဟောင်လာကြသည်။ သူတို့၏ဟောင်သံကြောင့် သူအံ့ဩသွားခဲ့သည်။ ဤခွေးလေးများသည် ယခင်
ကတည်းက ထက်မြက်သော်ငြား သူ့စကားလုံးများကို အတိအကျ နားလည်နိုင်သည်အထိတော့ မထက်မြက်ကြသေးပေ။
မျှော်လင့်ထားသည့်အတိုင်းပင် စာရွက်၏နောက်ကျော၌ ကျန်နေသေးသည့် စာပိုဒ်
တစ်ပိုဒ်ကို တွေ့ခဲ့ရသည်။
"ညီလေးရွှီ ငါမင်းကို ပြောဖို့ မေ့တော့မလို့ပဲ၊ ငါ ဒီခွေးပေါက်လေးတွေကို ကောင်းကင်ဘုံနန်းကို ခေါ်သွားပြီး သူတို့၏ မျိုးဆက်သွေးကို အသက်သွင်းပေးဖို့ ကောင်းကင်နတ်ခွေးကို ကူညီခိုင်းခဲ့တယ်၊ အခု သူတို့က ကောင်းကင်နတ်ခွေးရဲ့ ဒုတိယမျိုးဆက်တွေ ဖြစ်သွားကြပြီ၊ မင်း သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ၊ မဟုတ်ရင် အနာဂတ်မှာ ကောင်းကင်နတ်ခွေးက မင်းကို လက်စားချေနေလိမ့်မယ်၊ အဲ့ဒီအခါကျ ငါ လိုက်မဖြေရှင်းဘူးနော်"
ရွှီဖန်း ဖတ်ပြီးသည်နှင့် သူ ခေါင်းညိတ်၍ ပြောမိသည်။
"ဪ ဪ ဒီလိုကို၊ အစ်ကိုယန်းက ဒီခွေးလေးတွေရဲ့ မျိုးဆက်သွေးကို အသက်သွင်းနိုင်အောင် ကူညီပေးခဲ့တော့ သူတို့ ပိုပြီး ဉာဏ်ကောင်းလာတာ မဆန်းတော့ဘူး၊ ကောင်းကင်နတ်ခွေးက ဘုံသုံးပါးထဲမှာ တစ်ခုတည်းသော နတ်သားရဲခွေးပဲ၊ သူ့ရဲ့ မျိုးဆက်ဖြစ်တဲ့ ခွေးလေးတွေရဲ့ ကြီးထွားမှုအလားအလာကလည်း မကောင်းစရာမရှိဘူးလေ"
ရွှီဖန်းသည် ခရီးသည်ထိုင်ခုံပေါ်ရှိ အဝါရောင်ခွေးလေးများကို ကြည့်ရင်း ဝမ်းသာအားရ တွေးလိုက်မိသည်။
ခွေးပေါက်လေးများကို ဖြေရှင်းပြီးသည့်နောက်မှာ ရွှီဖန်းသည် အမှိုက်ပုံကြီးရှေ့သို့ လျှောက်သွားခဲ့သည်။ အာ့လန်ရှန်းသည် ခွေးပေါက်လေးများကိုပင် ၎င်း၏မျိုးဆက်သွေးအား အသက်သွင်းပေးခဲ့သည်။ သူ့အတွက် အာ့လန်ရှန်း ထားခဲ့ပေးသည့် အမှိုက်ပုံကြီးသည် အသုံးမဝင်ဘဲ နေလိမ့်မည်ဟု မယုံပေ။
ဒါကိုတွေး၍ ရွှီဖန်းသည် သူ၏သတ္တိကို စုစည်းကာ အမှိုက်တောင်ပုံကြီးပေါ်သို့ လျှောက်သွားခဲ့သည်။အမှိုက်တောင်ပုံကြီးပေါ်သို့ လျှောက်သွားသည့်အခါ သူထင်ထားခဲ့သလို အနံ့မဆိုးနေခဲ့ပေ။
အနံ့ဆိုးထွက်နေသော အမှိုက်ပုံကြီးကို မကြုံခဲ့ရတာကြောင့် အာ့လန်ရှန်းကို သူ ချီးကျူးချင်ခဲ့သော်လည်း သူ ဘာမှမပြောနိုင်ခင်မှာ သူ့မျက်လုံးများသည် တောက်ပသွားခဲ့သည်။ သူ ချက်ချင်းဆိုသလိုပင် ခြေထောက်နားမှ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး အံ့သြစွာ ပြောခဲ့မိသည်။
"ဒါက အပြာရောင်သမုဒ္ဒရာသလင်းကျောက်ဆိုတဲ့ ပစ္စည်းမဟုတ်လား၊ ဒီဟာက လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကို သန့်စင်တဲ့နေရာမှာ သုံးရမယ့် အဓိက ပစ္စည်းပဲ!"
ရွှီဖန်းသည် သူ့လက်ထဲရှိ သလင်းကျောက်အား ခဏတာကြည့်ပြီးနောက် သူ့အိတ်ကပ်ထဲကို အမြန်ပြန်
ထည့်ခဲ့သည်။ သို့သော် သူ့အသိစိတ်ကြီး ပြန်မဝင်ရသေးခင်မှာပင် ကြေးခွံတစ်ခုနှင့်တူသည့် အရာတစ်ခုကို သူတွေ့ခဲ့ရသည်။
ရွှီဖန်း၏ လက်ထဲသို့ ကြေးခွံများ ရောက်လာပြီးနောက်မှာ ဓာတ်လိုက်သကဲ့သို့ ထုံကျင်နေသော ခံစားချက်ကို ခံစားခဲ့ရသည်။ ရွှီဖန်းသည် သူ့လက်ထဲမှ အကြေးခွံများကို ပြန်ကြည့်မိသည်။
ဒါ မိုးကြိုးနဂါးရဲ့ ကြေးခွံမဟုတ်ဘူးလား။
၎င်းသည် လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကို မွမ်းမံရန်အတွက် နောက်ထပ် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည်။
ဤတစ်ကြိမ်တွင် ရွှီဖန်းသည် အာ့လန်ရှန်း၏ ကောင်းမွန်သောရည်ရွယ်ချက်များကို လုံးလုံးနားလည်သွားခဲ့သည်။ အာ့လန်ရှန်းသည် သူ့အတွက် ကောင်းကင်ဘုံမှ အမှိုက်များအား အဘယ်ကြောင့် ထားခဲ့ရသည်ကို သူသိသွားပေသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံရှိ အမှိုက်များဖြစ်ကာအနိမ့်ဆုံးအဆင့် ကောင်းကင်ဘုံတပ်သားများကပင် ၎င်းတို့ကို ကောက်ယူချင်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား ဤအရာများသည် ကမ္ဘာပေါ်တွင်တော့ ရှားပါးရတနာများဖြစ်သည်။
အဲ့ဒီ့နောက်မှာတော့ ရွှီဖန်းသည် ရတနာလိုက်ရှာနေသကဲ့သို့ အမှိုက်တောင်ပုံကြီးတစ်ဝိုက်ကို လှည့်ပတ်
ရှာဖွေနေခဲ့သည်။ မိနစ်အနည်းငယ်တိုင်းမှာ ရွှီဖန်း၏ အံ့သြမှုအပြည့်ဖြစ်နေသော အသံများကို ကြားရပေလိမ့်မည်။
"ဝါး!! ဒါ အင်မော်တယ်မက်မွန်သီးဘုရင်မ မဟုတ်ဘူးလား...တစ်ဝက်ပဲကျန်တော့ပြီး နည်းနည်းပုပ်နေပေမယ့် သာမန်သေမျိုးတစ်ယောက်ရဲ့စကေးကို တိုးမြှင့်ပေးနိုင်သေးတယ်"
"အံ့ဩစရာပဲ! ဒါက ထိုက်ရှန်းလောင်ရဲ့ ဆေးသန့်စင်မှုကနေ ကျန်ခဲ့တဲ့ ဆေးဖက်ဝင်အစိတ်အပိုင်းတွေပဲ၊ ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ဝိညာဉ်စွမ်းအင်တွေနဲ့လည်း ပြည့်နှက်နေသေးတယ်၊ အပူပေးအိုးထဲမှာ ထည့်ထားပြီး နည်းနည်း ဆက်မွမ်းမံလိုက်တာနဲ့ လူတစ်ယောက်ရဲ့ သေဆုံးခြင်းနဲ့ အရိုးတွေကို ကုသနိုင်တဲ့ အင်မော်တယ်ဆေးတစ်ခွက် ဖြစ်လာလိမ့်မယ်"
ရွှီဖန်းသည် ပစ္စည်းများ ရရှိပြီး ကျေနပ်နေသည့်
အချိန် သူ့ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။ သူ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်၍ ဖုန်းခေါ်ဆိုသူ အမည်ကို တွေ့လိုက်ရသည်။ ယန်ပင်းပင် ဖြစ်၏။
"ရွှီဖန်း လူသတ်သမားတွေ နိုင်ငံထဲကို ဝင်လာပြီးဘယ်သွားခဲ့လဲဆိုတာ ငါသိသွားပြီ"
"သူတို့ ဘယ်သွားတာလဲ"
ရွှီဖန်း တိုတိုတုတ်တုတ်သာ မေးခဲ့သည်။
ထိုစကားကိုကြားပြီးနောက် ယန်ပင်းသည် ခေတ္တရပ်ကာ ပြောလာခဲ့သည်။
"မင်းကို ငါကာကွယ်ပေးနေတယ်ဆိုတာ သူတို့သိနေပြီဆိုတော့ မင်းမိဘတွေဘက်ကို သူတို့ စပြီးစဉ်းစားလာကြတယ်၊ အဲ့ဒီနိုင်ငံရပ်ခြားက ဝင်လာတဲ့ လူသတ်သမားတွေက မင်းအိမ်မှာ ပုန်းနေတယ်"
ယန်ပင်းစကားကို ရွှီဖန်း ကြားပြီးသည့်နောက်မှာ သူ မျက်မှောင်ကြုတ်မိပြီး မျက်လုံးထဲ၌ ဒေါသများ ပြည့်နှက်လာခဲ့သည်။ သို့သော်လည်း သူ မဖော်ပြခဲ့ပေ။ ထိုအစား သူက ယန်ပင်းကို အေးဆေးတည်ငြိမ်စွာ ပြောခဲ့သည်။
"ကောင်းပြီ ငါနားလည်ပြီ၊ ငါ အခုချက်ချင်း အမြန်သွားလိုက်မယ်၊ ငါမရောက်လာခင်အတွင်း ငါ့မိဘတွေရဲ့ လုံခြုံရေးကို သေချာဂရုစိုက်ပေးပါ"
"ကောင်းပြီ ညီအစ်ကိုရွှီ စိတ်မပူနဲ့၊ ငါရောက်နေပြီ...ဒါကြောင့် မင်းမိဘတွေ မထိခိုက်စေရဘူးလို့ ငါအာမခံတယ်"
"ကျေးဇူးတင်ပါတယ်"
ရွှီဖန်းသည် ယန်ပင်းနှင့် စကားပြောပြီးသည့်နောက်တွင် ဖုန်းကိုချကာ အမှိုက်တောင်ပုံကြီးပေါ်ရှိ ရတနာများကို သိမ်းလိုက်သည်။ ထို့နောက် သူ့ကားကို မောင်းကာ အိမ်သို့ပြန်လာခဲ့သည်။
အနောက်တောင်သည် သူတို့အိမ်နှင့် သုံးမိုင်၊ လေးမိုင်သာ ကွာဝေးပေသည်။ ထို့အပြင် ရွှီဖန်းသည်
လီဗာကို တစ်ချိန်လုံးနင်းလာခဲ့သောကြောင့် သူ့အိမ်သို့ရောက်ရန် အချိန်အများကြီး မကြာလိုက်ပေ။
ရွှီဖန်း အိမ်ပြန်ရောက်သောအခါ ကားတံခါးကိုဖွင့်၍ ခရီးသည်ထိုင်ခုံပေါ်ရှိ အဝါရောင်ခွေးလေးခုနစ်
ကောင်ကို ဆင်းစေခဲ့သည်။ ထို့နောက် သူလည်း ကားပေါ်မှ ဆင်းခဲ့သည်။
ရွှီဖန်း ကားပေါ်မှဆင်းပြီး အိမ်ထဲသို့ အမြန်ဝင်သွား
ခဲ့သည်။ အဝါရောင်ခွေးလေး ခုနစ်ကောင်သည်လည်း သူ့နောက်ကနေ အနီးကပ်လိုက်လာပြီး အိမ်ထဲသို့ ၀င်လာခဲ့သည်။ ရွှီဖန်း အိမ်ထဲသို့ရောက်သောအခါထင်းရှူးပင်ကို အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။ ယန်ပင်းက ထိုအပေါ်တွင် ပုန်းအောင်းနေပြီး သူ့မိဘများကို တိတ်တဆိတ် စောင့်ကြပ်နေမှန်း သိသောကြောင့်ပင်။
ယန်ပင်းသည် ရွှီဖန်း သူ့ကို ခေါင်းညိတ်ပြတာကို တွေ့လိုက်သော်လည်း ရွှီဖန်း၏ မိဘများကို လုပ်ကြံရန် ရောက်လာသော လူသတ်သမားက သာမာန်လူမဟုတ်တာကြောင့် တုံ့ပြန်ခဲ့ခြင်းမရှိပေ။ ထိုသူသည် လူသတ်သမားအဆင့်တွင် အဆင့်သုံးဆယ့်ခြောက်
အဖြစ် သတ်မှတ်ခံထားရသော အဆိပ်ပြင်းလူဖြူကောင်ဖြစ်သည်။
ယန်ပင်းသည် ထင်းရှူးပင်ပေါ်တွင် ပုန်းနေပြီး ကြီးမားသောရန်သူနှင့် ရင်ဆိုင်ရတော့မည်ဖြစ်တာကြောင့် အဆိပ်ပြင်းလူဖြူကောင်၏အနံ့ကို ပတ်ပတ်လည်ကြည့်၍ ရှာဖွေနေသည်။
ရွှီဖန်းသည် သစ်ပင်ပေါ်ရှိ ယန်ပင်း၏အခြေအနေအကြောင်း မသိသော်လည်း တံခါးကို တွန်းဖွင့်၍ ဝင်သွားခဲ့သည်။ ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် အမေ၊ အဖေ နှင့် ချိုးဆုအာတို့သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ ဆိုဖာရှေ့က ကော်ဖီစားပွဲတွင်လည်း သစ်သီးမျိုးစုံနှင့် ကိတ်မုန့်တွေအပြင် လက်ဖက်ရည်အိုးတစ်လုံး ရှိနေသည်။
မိဘနှစ်ပါးနှင့် ချိုးဆုအာတို့သည် ရွှီဖန်း၏ခြေရာကိုကြားသည်နှင့် အားလုံး လှည့်ကြည့်လာကြသည်။ အမေဖြစ်သူသည် ရွှီဖန်းအား အံ့သြစွာကြည့်၍...
"ရွှီဖန်း သား တစ်ခုခုလုပ်စရာရှိလို့ ထွက်သွားတာမဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ"
အမေ့၏စကားကိုကြားပြီးနောက် ရွှီဖန်းသည် သူမအား ပြုံးပြလိုက်ပြီး...
"အမေ ဘာမှမဟုတ်ပါဘူး ကျွန်တော် တစ်ချက်
ကြည့်ဖို့ပြန်လာတာ"
"ဘာကြည့်ဖို့လဲ"
အမေဖြစ်သူသည် သား၏စကားကိုကြားသောအခါ ပို၍ပင် စိတ်ရှုပ်ထွေးသွားပြီး မေးလာလေသည်။
ရွှီဖန်း များစွာ မပြောပြခဲ့ပေ။ ထိုအစား သူ အမေ့ဘက်သို့ လှည့်၍ မေးလိုက်သည်။
"အိမ်မှာ ဘာမှမဖြစ်သွားဘူးမလား"
အမေရွှီသည် ခေါင်းခါလျက်
"မဖြစ်သွားပါဘူး အမေတို့ ကောင်းကောင်းရှိနေပါတယ်၊ ဆုအာလည်း ဒီနေ့ ဘာမှလုပ်စရာ မရှိတော့ဘူးဆိုတော့ ကျန်တဲ့အချိန်မှာ အမေတို့နဲ့ တီဗီကြည့်ဖို့ အိမ်လိုက်လာခဲ့တာ"
မိဘများနှင့် ချိုဆုအာက ဘာမှဖြစ်ပုံမပေါ်တာကိုကြည့်ပြီး ရွှီဖန်း စိတ်သက်သာရာရစွာ ခေါင်းညိတ်
လိုက်သည်။
"အိုး အိုး အမေတို့အဆင်ပြေတာ ကောင်းပါတယ်"
ရွှီဖန်းမှ အဆင်ပြေသည်ဟု ပြောလိုက်သော်လည်းအဖေဖြစ်သူသည် သူ့ကိုကြည့်ပြီး စိုးရိမ်တကြီးမေးလာခဲ့သည်။
"ရွှီဖန်း သားကို ဘယ်အရာက စိတ်ပူအောင် လုပ်ခဲ့လို့လဲ"
********************