← Chapters

ဆေးပညာယှဥ်ပြိုင်ခြင်း

Vol. 21 Ch. 306

ဆေးပညာယှဥ်ပြိုင်ခြင်း

Vol. 21 Ch. 306

လက်ရှိအချိန်တွင် လျိုကျီပင်းသည် လင်းကျန့်

ကျန်း၏တစ်ဖက်ခြမ်းတွင် တည်ကြည်သည့် မျက်နှာဖြင့် ထိုင်နေလေသည်။

တကယ်တော့ လျိုကျီပင်းသည် ဒီကို မလာခင်

ကတည်းက သူ့ဆရာဆီမှာ လင်းကျန့်ကျန်း၏ရောဂါအခြေအနေကို မေးထားခဲ့ပြီးပြီဖြစ်သည်။ သူ့ဆရာကလည်း လင်းကျန့်ကျန်း၏ရောဂါအခြေအနေကို အရင်ကတည်းက စစ်ဆေးခဲ့ဖူးပြီး လင်းကျန့်

ကျန်း၏ရောဂါက အဆုတ်ပြဿနာဖြစ်နေခြင်းဆိုသည့်အချက်ကို သူ သိခဲ့ရသည်။ သို့သော် ယနေ့ခေတ် ဆေးပညာနှင့် လုံးဝ ကုသနိုင်ခြင်းမရှိသေးပေ။ ထိုရောဂါရှာဖွေမှုရလဒ်အား ဆရာဖြစ်သူက သူ့ကို ပြောပြထားပြီးပြီဖြစ်သည်။

ထို့ကြောင့်ပင် လျိုကျီပင်းသည် ရွှီဖန်းနှင့် ရောဂါရှာဖွေမှုစွမ်းရည် ပြိုင်ဆိုင်ရန် ယုံကြည်မှုအပြည့်ဖြင့် ရဲရဲဝံ့ဝံ့ ရှိနေခြင်းပင်။ ထိုင်ချပြီးနောက်မှာ လျိုကျီပင်းသည် လင်းကျန့်ကျန်းကို ကြည့်ပြီး ပြောလိုက်သည်။

"တရုတ်ရိုးရာဆေးပညာဆိုတာ နားထောင်ခြင်း၊ မေးမြန်းခြင်းနဲ့ အပ်စိုက်ကုထုံးပြုလုပ်ခြင်းပါပဲ၊ အဘိုး  ဒီအငယ်က အရည်အချင်းမရှိပေမယ့်လည်း ခဏလေး ကြည့်လိုက်ရုံနဲ့ အဘိုးရဲ့ရောဂါကို ရှာဖွေနိုင်ပါတယ်"

လျိုကျီပင်းမှ ထိုသို့ပြောနေသည့်အချိန် သူ၏မျက်နှာထားသည် မော်နေပြီး မာနကြီးသော အမူအရာဖြင့် ရှိနေလေသည်။ သူက ရွှီဖန်းအား သူ့စွမ်းရည်ကို ပြသရန် ကြိုးစားနေသည်။

"ဒါက"

လင်းကျန့်ကျန်းသည် ခဏတာမျှ အံ့အားသင့်သွားသော်လည်း လျိုကျီပင်းကို စတင်နိုင်ကြောင်း အချက်ပြလိုက်သည်။

လျိုကျီပင်းသည် လင်းကျန့်ကျန်းကို လျှာထုတ်ခိုင်း၍ မျက်ခွံများကို လှန်ကြည့်ခဲ့သည်။ ထို့နောက် ယုံကြည်မှုအပြည့်ရှိသော မျက်နှာဖြင့် ရွှီဖန်းအား "ကျေးဇူးပြု၍" ဟု လက်ဟန်ပြလိုက်သည်။

ရွှီဖန်းသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် လျိုကျီပင်းက သူ့ကို ကြွားဝါရန် ကြိုးစားနေခြင်းကို မြင်လိုက်ရသည်။ 

ရွှီဖန်းလည်း လင်းကျန့်ကျန်း၏တစ်ဖက်မှာ ဝင်ထိုင်

လိုက်သည်။ သူ အလျင်စလိုဖြင့် ဘာမှမစမ်းသပ်သေးဘဲ လင်းရှောင်ရှောင်းကို လက်ဟန်ပြကာ...

"အဝတ်စတစ်ပိုင်း ယူပေးပါ၊ တရုတ်ဆေးပညာဆိုတာ နားထောင်တာ၊ မေးတာနဲ့တင်မဟုတ်ဘူး၊ လူနာရဲ့အော်ရာကို ခံစားရုံနဲ့လည်း ရောဂါရှာဖွေနိုင်တယ်"

"ဘာ"

လျိုကျီပင်းသည် ထိုစကားကို ကြားတော့ ခဏတာ အံ့သြသွားကာ ပြီးမှ ရယ်လိုက်လေသည်။

"မင်းမျက်လုံးက တစ်ခုခုနဲ့များ ဖုံးနေတာလား၊ တကယ် ရယ်စရာပဲ"

လင်းကျန့်ကျန်းနှင့် လင်းရှောင်ရှောင်းကလည်း သူ့ကို မယုံကြည်နိုင်ကြပေ။ သူတို့ ရွှီဖန်းအား တွေဝေနေသည့် အမူအရာဖြင့် ကြည့်လိုက်မိသည်။ ရွှီဖန်း၏ စကားများအား အတည်ပြုချင်နေသကဲ့သို့ပင်။

သို့သော်ငြား ရွှီဖန်းက တည်ကြည်သည့် မျက်နှာအမူအရာဖြင့် ထိုင်နေလေသည်။

"ငါ မင်းကို အထင်သေးတာ မဟုတ်ပါဘူး၊ တရုတ်

ရိုးရာဆေးပညာမှာ တကယ်တော်တဲ့လူတစ်ယောက်က နှလုံးခုန်နှုန်းစမ်းသပ်ဖို့ မလိုတဲ့အပြင် ပတ်ပတ်လည်က လေကိုတောင် ရှူကြည့်စရာမလိုဘူး"

လင်းကျန့်ကျန်းသည် တစ်ခုခုပြောရန်ပြင်ကာ သူ့ကို တားဆီးချင်ခဲ့သည်။ ဒီရွှီဖန်းက အရမ်းကို ဝင့်ကြွားလွန်းပေသည်။

သို့သော်ငြား လျိုကျီပင်းက အဝတ်စတစ်ပိုင်းကို ကောက်ယူပြီး ရွှီဖန်းဆီ ပေးလာသည်။ 

"ကောင်းပြီလေ ဒါဆို မင်းရဲ့ဆေးပညာပြပွဲကို ငါကြည့်ဦးမယ်" 

ထိုသို့ပြောကာ သူ ရယ်မောလိုက်သည်။ သူ့ စိတ်ထဲမှာတော့ ရေရွတ်မိသည်မှာ...

"ဆက်ပြီး ဟန်ဆောင်နေလိုက်ဦးပေါ့၊ မင်း ကြာကြာတော့ ဟန်ဆောင်နိုင်မှာ မဟုတ်ပါဘူး"

ရွှီဖန်းသည် လျိုကျီပင်းဆီက အဝတ်ကို အလျင်စလို မယူပေ။ ထိုအစား စိုးရိမ်တကြီးကြည့်နေသည့် လင်းရှောင်ရှောင်းကို ကြည့်ကာ မျက်စိတစ်ဖက်မှိတ်၍ ပြုံးပြခဲ့ပြီး သူမအား စိတ်ချစေခဲ့သည်။

လင်းရှောင်ရှောင်းသည် အစကတော့ ရွှီဖန်း၏ရုတ်တရက် တောင်းဆိုမှုကြောင့် စိုးရိမ်နေခဲ့သည်။ သို့သော်ငြား အခုလေးတင်လုပ်ပြသွားသော ရွှီဖန်း၏သေးငယ်သည့် အပြုအမူလေးကြောင့် သူမ ရှက်ရွံ့သွားလေသည်။ သူမ စိတ်ထဲမှာလည်း တွေးခဲ့မိသည်။

"ဒီလူ ဘယ်လိုဖြစ်နေတာလဲ...ဒီလိုအချိန်မှာတောင် လုံးဝစိုးရိမ်နေတာ မရှိဘူး"

လျိုကျီပင်းကလည်း နှစ်ယောက်ကြားမှလုပ်ရပ်

ငယ်များကို သတိထားမိသည်။ သူ့မျက်လုံးထဲ၌ ဒေါသများ ပိုမိုတိုးလာခဲ့သည်။ လျိုကျီပင်းသည် လင်းရှောင်ရှောင်းကို လက်ထပ်ရန် ဆုံးဖြတ်ထားတာကြောင့် အခု ရွှီဖန်းက သူ့ခေါင်းပေါ်၌ ဦးထုပ်စိမ်းဆောင်းထားပေးသလို ခံစားနေရသည် ။

(Translator Jue - မသိသေးတဲ့သူတွေအတွက်ပါ၊ ဦးထုပ်စိမ်းဆောင်းခံရတယ်ဆိုတာက တရုတ်ဗန်းစကားဖြစ်ပြီး ဖောက်ပြန်ခံရတယ်လို့ ဆိုလိုတာပါ)

လင်းရှောင်ရှောင်းကို ကြည့်ပြီးနောက် ရွှီဖန်းသည် လျိုကျီပင်း၏လက်ထဲက အဝတ်ကို ယူလိုက်သည်။ ထို့နောက် အဘိုးအိုကိုတောင် မကြည့်တော့ဘဲ သူ့မျက်လုံးတွေကို ဖုံးအုပ်ကာ တည်ကြည်သော မျက်နှာအမူအရာဖြင့် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

ထိုအမူအရာက လင်းကျန့်ကျန်း၏အော်ရာကို အမှန်တကယ် ခံစားနေသကဲ့သို့ပင်။ ခဏအကြာမှာ သူ အဝတ်ကို အပြုံးဖြင့် ဖယ်ရှားလိုက်သည်။

"အဘိုး ကျွန်တော် အဘိုးရဲ့ရောဂါအကြောင်း သိပြီထင်တယ်"

"တစ်ကယ်လား"

လင်းကျန့်ကျန်းမှာ နောက်တစ်ကြိမ် အံ့သြသွားရပြန်သည်။ သို့သော်ငြား လျိုကျီပင်းက ရုတ်ချည်း ထရယ်လာသည်။

"မင်းကိုယ်မင်း နတ်တစ်ပါးလို့ ထင်နေတာလား...ဘာမှမလုပ်ဘဲ အဘိုးရဲ့ရောဂါကို ပြောနိုင်တယ်ဆိုတော့၊  မင်း တကယ်ဟန်ဆောင်နိုင်တယ်ဆိုတော့လည်း အဘိုးက ဘယ်လိုရောဂါကို ခံစားနေရလဲ ပြောပြပါဦး"

ရွှီဖန်းသည် လျိုကျီပင်း၏စကားကို ကြားပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ တကယ်ကိုပင် သူသည် နတ်တစ်ပါးဆီကနေ ဆေးပညာကို သင်ယူခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား သူ ထိုစကားများကို ကျယ်ကျယ်လောင်လောင် မထုတ်ပြောပေ။

ရွှီဖန်းသည် လျိုကျီပင်းအား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်၍...

"မင်းက အရူးလား...ငါ ပြောပြီးပြီလေ၊ မင်းရဲ့ရောဂါရှာဖွေနိုင်စွမ်းက ငါနဲ့သာတူနေရင် ဘယ်သူက အနိုင်ရတော့မှာလဲ၊ ငါနဲ့ ဉာဏ်ရည်ယှဥ်ပြိုင်ချင်နေရင်...မင်းကတော့ အရူးပဲ" 

သူ အနိုင်ရမယ်ဆိုတာသာ မသေချာခဲ့လျှင် လျိုကျီပင်းသည် ဒေါသထွက်လွန်း၍ သွေးအန်ကျနိုင်ပေသည်။ သူ ဒေါသထိန်းချုပ်ကာ...

"ကောင်းပြီ ငါ မင်းနဲ့ စကားမများတော့ဘူး၊ ငါတို့ ရောဂါရှာဖွေမှုရလဒ်တွေကို စာရွက်ပေါ်မှာရေးချပြီး အဘိုးကို ဖတ်ခိုင်းမယ်"

ရွှီဖန်းသည် အေးစက်စွာ နှာခေါင်းရှုံ့၍ လျိုကျီပင်းကို  မထီမဲ့မြင်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ 

"ကောင်းပြီလေ မင်းဦးနှောက်ထဲ ရေတွေပဲ ပြည့်နေတာ မဟုတ်ဘူးပဲ"

"မင်း!"

လျိုကျီပင်းသည် ရွှီဖန်းကြောင့် အလွန်ဒေါသထွက်ပြီး စိတ်မထိန်းနိုင်လုနီးပါး ဖြစ်သွားရသည်။ စိတ်ထဲ၌ သူ့ကိုယ်သူနှစ်သိမ့်ပေးရုံမှတစ်ပါး အခြားရွေးချယ်

စရာမရှိခဲ့ပေ။

*သူနဲ့ မငြင်းခုံနဲ့၊ ခဏနေရင် သူ့ရဲ့မျက်နှာအစစ်အမှန် ကွာကျလာလိမ့်မယ်*

ထို့နောက် သူတို့နှစ်ဦးစလုံး ရောဂါရှာဖွေမှုရလဒ်များကို စာရွက်တစ်ရွက်စီမှာ ရေးမှတ်ပြီး လင်းကျန့်ကျန်းအား ပေးအပ်ခဲ့သည်။

ထိုအချိန်၌ လင်းကျန့်ကျန်းသည် လင်းရှောင်ရှောင်းအတွက် လိမ်လည်ကာ ကူညီသင့်၊ မကူညီသင့်ကို စဉ်းစားနေလေသည်။ မည်သို့ပင်ဆိုစေ လင်းကျန့်

ကျန်းသည် ရွှီဖန်းအား မရှုံးစေချင်ပေ။ ရွှီဖန်းက သူ့မြေးမလေး သဘောကျနေသည့်သူ ဖြစ်သည်။ ထို့ကြောင့် လင်းကျန့်ကျန်းသည် လင်းရှောင်ရှောင်းမျက်နှာပျက်ရတာကို ဘယ်လိုများ ကြည့်နေနိုင်မည်

နည်း။ သို့သော်ငြား ရွှီဖန်းမှ လုံးဝအနိုင်မရနိုင်တာကြောင့် ဤကိစ္စမှာ လင်းကျန့်ကျန်းကို မျက်မှောင်ကြုတ်မိစေလေသည်။

လင်းရှောင်ရှောင်းကလည်း လင်းကျန့်ကျန်း ဘာတွေးနေသလဲဆိုတာကို သိ၏။ သူမ ပါးစပ်ကိုအုပ်ကာ ပြုံးမိပြီး သူမ၏အဘိုးက တကယ်ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ သို့သော်ငြား သူမ လင်းကျန့်ကျန်းအား ပြုံးပြလျက် အမြန်ပြောလိုက်သည်။

"ရပါတယ် အဘိုး၊ ဖတ်လိုက်ပါ"

လင်းကျန့်ကျန်းလည်း သက်ပြင်းချကာ စာရွက်ကို ဖွင့်လိုက်သည်။ သို့သော် လင်းကျန့်ကျန်းသည် စာရွက်ကို ဖွင့်ဖတ်ပြီးပြီးချင်းမှာတင် သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

သူတို့နှစ်ဦးစလုံးက လင်းကျန့်ကျန်း၏အဆုတ်တွင် ပြဿနာရှိသည်ဟု ရောဂါရှာဖွေနိုင်ခဲ့ကြသည်။ သို့သော် လျိုကျီပင်းက အဆုတ်ပြဿနာရှိသည်ဟုသာ ရေးထားသည်။ တစ်ဖက်တွင် ရွှီဖန်းကမူ ရောဂါ၏အကြောင်းအရင်းကို တကယ်ပင် ရေးသားထားခဲ့ပြီး ဆေးကုသမှုအတွင်း၌ ဖြစ်ခဲ့သော ရောဂါဖြစ်စဉ်ကိုပါ ရေးသားထားသည်။ ထို့အပြင် ရောဂါအမည်အပြည့်အစုံနှင့် မည်သို့ကုသရမည်ဆိုတာကိုပါ အသေးစိတ်ဖော်ပြထားသည်။

လင်းကျန့်ကျန်းသည် ခေါင်းကိုမော့ကာ ရွှီဖန်းအား မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်

မိသည်။ ဒီရွှီဖန်းက လင်းကျန့်ကျန်းမျှော်လင့်

ထားသည်ထက် အများကြီး သာလွန်နေသည်။ သူ့မြေးမလေးမှ ရှာတွေ့ခဲ့သော မြေးသားမက်လောင်းသည် တကယ်ကို မဆိုးပေ။ သူ ရွှီဖန်းကို ကြည့်၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

"အဘိုး ရလဒ်ကို မြန်မြန် ကြေညာပေးပါဦး" 

လျိုကျီပင်းသည် ဘေးကနေ ယုံကြည်မှုအပြည့်ဖြင့် တိုက်တွန်းလာသည်။ နောက် ဘာဖြစ်လာတော့မည်ကို သူ မသိသေးပေ။

လင်းကျန့်ကျန်းသည် လျိုကျီပင်းကို ကြည့်၍ ခေါင်းခါကာ သက်ပြင်းအသာချလိုက်သည်။ 

ထို့နောက်...

"လျိုကျီပင်းရဲ့ရောဂါရှာဖွေမှုရလဒ်က အဆုတ်ရောဂါပဲ" 

လင်းကျန့်ကျန်း၏စကားကို ကြားတော့ သူမျက်လုံးများ လင်းလက်သွားလေသည်။ သူသည် အောင်ပွဲကို ရရှိသွားပြီဟု ထင်မှတ်ကာ တိုက်တွန်းပြောဆိုလိုက်

ပြန်သည်။

"အခု အဲ့ဒီလူလိမ် ဘာတွေရေးထားလဲဖတ်ပြပါဦး၊ သူ ဘာတွေလိမ်ထားလဲ ကြည့်ရအောင်" 

ထိုစကားကို ကြားတော့ ရွှီဖန်းသည် လျိုကျီပင်းအား ဆက်၍ မလှောင်ပြောင်တော့ပေ။ ထိုအစား သူ လင်းကျန့်ကျန်းကို ငြိမ်သက်စွာ ကြည့်၍ ရလဒ်ကြေညာရန် စောင့်ဆိုင်းနေခဲ့သည်။

လင်းကျန့်ကျန်းသည် ချောင်းဟန့်ကာ ဖြည်းဖြည်းချင်း ဖတ်ပြလာသည်။ 

"ရွှီဖန်းရဲ့ရောဂါရှာဖွေမှုကလည်း အဆုတ်ရောဂါပဲ၊ အဆင့်နှစ်ရှိနေပြီဖြစ်တဲ့ အဆုတ်ပျက်စီးမှုဖြစ်ပြီး အောက်စီဂျင်နည်းပါးမှုနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်စုဆောင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်တယ်၊ သွေးထဲမှာ အောက်ဆီဂျင်နည်းပါးနေတာကြောင့် အာရုံစူးစိုက်မှုအားနည်းခြင်းနဲ့ နေရာလွဲမှားစွာမှတ်မိခြင်းတို့ ဖြစ်တတ်တယ်၊ အဘိုးက အရမ်းအန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတယ်၊ နှလုံးခုန်နှုန်းမမှန်တဲ့အပြင် သွေးတိုးခြင်း၊ ညာဘက်နှလုံးပျက်စီးနေခြင်းနဲ့ သွေးပေါင်ကျခြင်းတို့ပါ ခံစားနေရတယ်....."

တကယ်တော့ ဒီလိုအဆင့်သတ်မှတ်ချက်ကိုပါ ရွှီဖန်းပြောနိုင်ခဲ့ခြင်းမှာ ကောင်းကင်ဘုံကနေရလာသည့် ဆေးပညာစွမ်းရည်ကြောင့် ဘယ်လိုအခြေအနေမျိုးမှာဆို ဘယ်လိုသတ်မှတ်ရမလဲ သိနေတာကြောင့်ပင်။ 

"မဖြစ်နိုင်ဘူး" 

လျိုကျီပင်းက မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ လင်းကျန့်ကျန်း၏ရောဂါလက္ခဏာတွေကို သူ့ထက် ပို၍ရှင်းရှင်းလင်းလင်း သိသောသူ မရှိသင့်ပေ။ ရွှီဖန်းက ဒီလို ရှုပ်ထွေးနေသည့် ရောဂါလက္ခဏာများအားလုံးကိုပါ ပြောပြနိုင်ခဲ့သည်။ သူကတော့ ဆရာကို မေးပြီးမှသာ ရောဂါလက္ခဏာများသည် အဆုတ်မှာ

ပြဿနာရှိနေ၍ ဖြစ်မှန်း သိခဲ့ရခြင်းပင်။

လျိုကျီပင်းသည် သူ၏ဆေးပညာအသိ၌ ပြဿနာရှိနေသည်ဟု ချက်ချင်းပင် ခံစားလိုက်ရသည်။ သူသည် ပါရဂူဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့ဆရာကလည်း နိုဘယ်လ်ဆုရှင် ဖြစ်သည်။ သူ လောင်းကြေးအကြောင်းကို မေ့သွားခဲ့သည်။ သို့သော်ငြား သူ့ကမ္ဘာကြီးအား ရွှီဖန်းမှ ဖျက်ဆီးလိုက်သကဲ့သို့ သူ ခံစားနေရသည်။

ထိုအချိန်မှာ လင်းကျန့်ကျန်းကလည်း ဝင်ပြောလာသည်။ 

"ငါ့ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးတုန်းက ညာဘက်နှလုံးပျက်စီးတာ ဒါမှမဟုတ် နှလုံးခုန်နှုန်းမမှန်တာ တစ်ခု ရှိနေတယ်ဆိုပြီး ဆရာဝန်တစ်ယောက် ပြောခဲ့တာမှတ်မိသေးတယ်၊ မိတ်ဆွေငယ်လေးရွှီ ပြောတာက လုံးဝကို မှန်တယ်၊ ငါ တစ်ခါတစ်လေအသက်ရှူရခက်ပြီး အာရုံမစူးစိုက်နိုင်ဘူး"

ရွှီဖန်း ညင်သာစွာ ရယ်မောလိုက်ပြီး သူ့စိတ်ထဲ၌ တွေးလိုက်မိသည်။

*ထိုက်ပိုင်ကျင့်စစ်ကို တခြားလူတွေနဲ့ ဘယ်နှိုင်းယှဥ်လို့ ရပါ့မလဲ*

သို့သော် သူ ပါးစပ်ဖွင့်၍ ပြောလိုက်သည်။

"အဘိုး အခု ကျွန်တော့်ကို ယုံကြည်ဖို့ ဆန္ဒရှိသွားပြီလား"

လင်းကျန့်ကျန်းသည် ဒါကိုကြားတော့ သူ့မျက်နှာအိုကြီးမှာ နီရဲသွားခဲ့ပြီး ရွှီဖန်းကို ခြောက်ကပ်စွာ ရယ်ပြလိုက်မိသည်။

လင်းရှောင်ရှောင်းကလည်း သူမအဘိုး၏နေရခက်နေမှုကို ရှင်းရှင်းလင်းလင်းသိတာကြောင့် ချက်ချင်းပင် ရွှီဖန်းအား ဖလစ်သလိုမျိုး မျက်စောင်းထိုးပစ်လိုက်သည်။

ရွှီဖန်းသည် လင်းရှောင်ရှောင်းကို မျက်ခုံးပင့်ပြလိုက်ပြီးနောက် လင်းကျန့်ကျန်းကို တစ်ဖန် လှည့်

ကြည့်ကာ...

"ဒါဆိုရင် ကျွန်တော်တို့အတူတူ အရက်သောက်ကြ

မယ့်နေ့ကိုပဲ အဘိုး စောင့်နေလိုက်တော့" 

ဒါကိုကြားတော့ လင်းရှောင်ရှောင်းကလည်း ကျေနပ်စွာ ခေါင်းညိတ်ပြလာသည်။ လင်းကျန့်ကျန်းကလည်း ကျယ်လောင်စွာဖြင့် ပျော်ရွှင်စွာ ရယ်မောလာလေသည်။

သို့သော် ဘေးနားရှိ လျိုကျီပင်းကတော့ အခြေအနေ မကောင်းပေ။ သူသည် ကြမ်းပြင်ပေါ်၌ အင်အားချိနဲ့စွာ ထိုင်နေပြီး "မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး"ဟုဆက်တိုက် ရေရွတ်နေလေသည်။

ရွှီဖန်း၏နှုတ်ခမ်းထောင့်စွန်းက ကွေးတက်သွားသည်။ သူ လျိုကျီပင်းကို ကြည့်၍ ပြောလိုက်သည်။

"မဖြစ်နိုင်တာ ဘာမှမရှိဘူး၊ မင်းက ရေတွင်းထဲက ဖားတစ်ကောင်လိုပဲ၊ မင်းဆရာထက် ပိုတော်တဲ့သူတွေ ဒီကမ္ဘာမှာ ရှိနေသေးတယ်၊ ဒါပေမဲ့ အဲ့ဒါကလည်း မင်း မမြင်နိုင်တဲ့ ကမ္ဘာတစ်ခုဖြစ်နေပါပြီ"

"မဖြစ်နိုင်ဘူး" 

ရွှီဖန်း၏စကားကို ကြားတော့ လျိုကျီပင်းသည်  ရုတ်ချည်းပင် ထရပ်ကာ ရွှီဖန်းကို အော်ဟစ်လာသည်။

"ငါ့ဆရာက နိုဘယ်လ်ဆုရှင်၊ နံပါတ်တစ် တရုတ်လူမျိုးဆရာဝန်ပဲ!"

ဒါကို ကြားတော့ ရွှီဖန်းသည် သူခေါင်းကိုနှိမ့်ကာ သူ့ကိုယ်သူ တီးတိုးပြောနေမိသည်။

"သနားစရာပဲ"

လင်းကျန့်ကျန်းနှင့် လင်းရှောင်ရှောင်းတောင်မှ ထိုအချိန်မှာ ခေါင်းအနည်းငယ်ခါယမ်းလာသည်။ တစ်ယောက်တည်း ကျရှုံးရတာက ကြောက်စရာမကောင်းပေ။ တစ်ကယ် ကြောက်စရာကောင်းသည့်

အရာမှာ ရေတွင်းထဲမှာနေပြီး ကောင်းကင်ကို မော့ကြည့်ကာ ကိုယ့်ကိုယ်ကို လှည့်စားနေခြင်းပင်။အမှန်တရားက သူတို့၏ မျက်စိအရှေ့မှာ ပေါ်လွင်နေလေပြီ။

ထိုအချိန်မှာ စိုးရိမ်ပူပန်မှုများကြောင့် တောင့်တင်းနေသည့် လျိုကျီပင်းသည် ရုတ်ချည်းပင် လဲကျသွားခဲ့သည်။ သူ့မျက်နှာမှာ စတင်တုန်ယင်လာပြီး ပါးစပ်ထောင့်ကနေ အမြှုပ်များ ထွက်လာသည်။

ထိုမြင်ကွင်းကိုမြင်တော့ ရွှီဖန်း ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

"ကြည့် မင်းကို လေဖြတ်တော့မယ်လို့ ငါ ပြောခဲ့တယ်လေ" 

ထို့နောက် လင်းရှောင်ရှောင်းကို ကြည့်ကာ သူ ခေါင်းခါယမ်းလိုက်သည်။

"ထားလိုက်ပါတော့၊ မင်းကို ငါတို့အဘိုးအိမ်မှာ သေ

ခွင့်မပေးနိုင်ဘူး၊ မင်းအသက်ကို ငါ ကယ်ပေးလိုက်

မယ်"

လင်းရှောင်ရှောင်းနှင့် လင်းကျန့်ကျန်းတို့လည်း ရုတ်တရက်ဆန်သော ထိုမြင်ကွင်းကြောင့် သဘာဝကျစွာပင် ထိတ်လန့်ကုန်ကြသည်။ သို့သော် ရွှီဖန်း၏ ယုံကြည်မှုအပြည့်ရှိသော စကားများကို ကြားပြီးနောက်မှာ သူတို့ သက်ပြင်းချမိကြသည်။ တစ်ဖက်မှာလည်း လင်းရှောင်ရှောင်း၏မျက်နှာမှာ အနည်းငယ် နီရဲနေလေသည်။ ရွှီဖန်း ထိုစကားကို မပြောခင်က သူမအား ကြည့်ခဲ့သည့်ပုံစံကို တွေးလိုက်မိတော့ သူမ၏နှလုံးသားမှာ သမင်ပေါက်လေးကဲ့သို့ ခုန်

လှုပ်သွားခဲ့သည်။

ရွှီဖန်းသည် ထရပ်လိုက်ပြီးနောက် သူ့လက်ထဲမှာလည်း ငွေအပ်တစ်ချောင်း လင်းလက်သွားလေသည်။ သူသည် လျိုကျီပင်း၏လက်ချောင်းငါးချောင်းအား အလျင်အမြန်ပင် အကြိမ်ရေအနည်းငယ်ထိုးစိုက်

လိုက်သည်။ ချက်ချင်းပင် လျိုကျီပင်း၏လက်ချောင်းတွေကနေ သွေးများ စီးကျလာသည်။ မကြာခင်မှာပင် လျိုကျီပင်းလည်း တုန်ယင်တာရပ်သွားပြီး သတိပြန်

ဝင်လာလေသည်။

"ကောင်းပြီ၊ သေသွားတဲ့ခွေးလို ဟန်ဆောင်နေတာကို ရပ်ပြီး ပိုက်ဆံပေးတော့" 

လျိုကျီပင်း သတိပြန်လည်လာတာကို မြင်တော့ ရွှီဖန်းသည် ချက်ချင်းပင် သူ့လက်ကို ဆန့်တန်းကာ ပိုက်ဆံတောင်းလိုက်သည်။ ဒါက မူလကတည်းက သူရထိုက်သည့် အရာဖြစ်သည်။ သူသည် လင်းကျန့်ကျန်းအား ဆေးကုသပေးရာ၌ စေတနာအမည်ခံထားတာကြောင့် ပိုက်ဆံမရနိုင်ပေ။ ဒါကြောင့် ဤလောင်းကြေးပိုက်ဆံကိုသာ ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်အဖြစ် သဘောထားလိုက်တော့မည်။

************************

All Chapters