← Chapters

မင်းလိုချင်ရင် မလှုပ်နဲ့

Vol. 10 Ch. 138

မင်းလိုချင်ရင် မလှုပ်နဲ့

Vol. 10 Ch. 138

နှစ်ယောက်စလုံး လက်တွေချိတ်ထားတာကြောင့် ဘေးချင်းယှဥ်ကပ်၍ အိပ်ရပေသည်။ ရှောင်းချောင်၏ သတိပေးမှုကိုကြားသည့်အခါ ရွှီဖန်းသည် ကသိကအောင့်ဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

ညလေတိုက်ခတ်မှုကလည်း ပြင်းသထက် ပြင်းလာသည်။ လေတိုက်မှုများသထက်များလာလေ ပတ်ဝန်းကျင်၏ အပူချိန်ကလည်း စတင်၍ အမြန်လျော့ကျလာ၏။

တဲက ရိုးရိုးရှင်းရှင်းသာ ယာယီဆောက်ထားတာဖြစ်သည်။ လေနှင့်မိုးဒဏ်ကို ခံနိုင်ရည်ရှိတာက တော်တော် ကောင်းမွန်နေပြီဖြစ်ရာ အအေးဓာတ်ကို အံတုဖို့ရန်တော့ မဖြစ်နိုင်ချေ။

ယခုအချိန်တွင် ရှောင်းချောင်သည် သူမ၏ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိထားကာ မြေကြီးပေါ်တွင် လဲလျောင်းနေသည်။ သူမ၏ ခန္ဓာကိုယ်ကိုလည်း ဘောလုံးတစ်လုံးလို ကွေးထားလေသည်။

သူမက အအေးဓာတ်ကို ကြောက်တာ သိသာပေသည်။ သူမ၏ ခန္ဓာကိုယ်က တုန်ယင်နေလေသည်။

ရွှီဖန်းက သူမအနားမှာ ရှိကြောင်း ရှောင်းချောင်သိသော်လည်း ဘာတစ်ခွန်းမှ မပြောဘဲ အံကြိတ်ကာဖြင့် သူ့ကို ကျောပေးထားလေသည်။

သို့သော် သူမ မသိသည်က ရွှီဖန်းသည် အနောက်မှနေ၍ သူမဖြစ်နေသမျှကို မြင်နေရပေသည်။ ရွှီဖန်း ခေါင်းခါရမ်းမိသည်။ ဒီအမျိုးသမီးက အလွန်ခေါင်းမာပေသည်။

ထို့နောက် ရွှီဖန်းသည် သူမကို ပွေ့ဖက်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။ သို့သော်ငြား ရှောင်းချောင်က ရုန်းကန်လာသည်။

"ရွှီဖန်း အရှက်မရှိတဲ့ကောင်!"

ရှောင်းချောင်သည် နူးညံ့သည့် မိန်းကလေး ဖြစ်သည်။ သူမ၏ ခွန်အားဖြင့် ရုန်းကန်နေသော်လည်း ရွှီဖန်းထံမှ ရုန်းထွက်နိုင်ရန် မဖြစ်နိုင်ချေ။

သူမ အလွန်ခေါင်းမာနေသည်ကို မြင်တော့ ရွှီဖန်းသည် သူမအနားကို ကပ်သွားလိုက်သည်။

"ရှောင်းချောင် မင်း အေးခဲပြီး မသေချင်ရင် မျက်လုံးမှိတ်ပြီး အိပ်လိုက်သင့်တယ်"

"အိုး"

ရှောင်းချောင်က ချက်ချင်းပင် ငြိမ်သွားသည်။ သူမ၏ မျက်လုံးများသည်လည်း အံ့သြမှုများ ပြည့်နှက်နေသည်။

သူမ ရွှီဖန်းကို အထင်လွဲသွားသည့်ပုံပင်။ သူမ အေးနေမည်ကို စိုးရိမ်နေခဲ့သည်ပင်။

"နေလို့ကောင်းသွားရင် အိပ်တော့"

ရွှီဖန်းထံမှ ရလာသည့် နွေးထွေးသော ခံစားချက်ကြောင့် ရှောင်းချောင်သည် မရုန်းကန်တော့ပေ။ သူမ၏မျက်လုံးများကို နာခံစွာမှိတ်ကာ ရွှီဖန်း၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားခဲ့သည်။

ညက လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ ရွှီဖန်း မျက်လုံး ပြန်ဖွင့်လာသည့်အခါ အပြင်ဘက်၌ မိုးများစဲသွားလေပြီ။

မနေ့ညက ရှောင်းချောင်လို လှပသည့်မိန်းကလေးကို ပွေ့ဖက်ပြီး အိပ်ခဲ့ရတာကြောင့် ရွှီဖန်း အိပ်စက်မှုက အထူးကောင်းမွန်ခဲ့သည်။ ပတ်ဝန်းကျင်မှ ရသည့် မြေဆီလွှာအနံ့ကို ရှုရှိုက်ရင်း ခံစားချက်ကောင်းနေတော့သည်။

သူ့ရင်ဘတ်ထဲမှ မသန့်သော လေများကို ရှူထုတ်ပြီးနောက် ဘေးတွင် လှဲနေတုန်းဖြစ်သည့် ရှောင်းချောင်ကို ကြည့်လိုက်သည်။ ချက်ချင်းပင် သူ့မျက်နှာမှာ အံ့သြထိတ်လန့်သွားရသည်။

ရှောင်းချောင်၏မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူလျော်နေသည်။ သူမ၏အနီရောင်နှုတ်ခမ်းက အရောင်အားလုံး ပျောက်ဆုံးနေပြီး မျက်လုံးကို တင်းတင်းပိတ်ထားလေသည်။ သူမ၏မျက်နှာပေါ်၌ အလွန်နေလို့မကောင်းသော အမူအရာရှိနေခဲ့သည်။

ရွှီဖန်း စိတ်ထဲကနေ ဆဲရေးလိုက်မိသည်။ ဒီမိန်းမ မနေ့ညက အအေးမိပြီး အဖျားတက်နေတာလို့ ငါ့ကို မပြောနဲ့။

ဒီလိုကျွန်းမျိုးမှာ အဖျားကြီးတာက တစ်ကယ်ကို ကိစ္စကြီးပင်။ ပြင်းထန်ပါက အသက်ပင် ဆုံးရှုံးနိုင်ပေသည်။

"ရှောင်းချောင် ထတော့!"

ရှောင်းချောင်၏မျက်နှာကို ရွှီဖန်း ပုတ်နှိုးလိုက်သည်။ ခဏအကြာတွင် ရှောင်းချောင်က သူမ၏မျက်လုံးများကို ဖွင့်လာလေသည်။

မနေ့ညက ပြင်းထန်သည့်အအေးဒဏ်ကို မရှောင်နိုင်ခဲ့တာကြောင့် အပြင်းဖျားနေလောက်ပြီဟု ရွှီဖန်း ခန့်မှန်းမိသည်။ 

"မင်း အပြင်းဖျားနေပြီ၊ ရှောင်းချောင် အပြင်ကလူတွေကို ဘယ်လိုဆက်သွယ်ရမလဲ ငါ့ကိုပြောပါ"

ရွှီဖန်းက စိုးရိမ်တကြီးမေးလာသည်။ လက်ရှိအခြေအနေအပေါ် မူတည်၍ ဆေးရုံတင်သင့်လျှင် တင်ရမည်ဟု သူတွေးနေခဲ့သည်။

ရွှီဖန်းကို အံ့သြစေသည်က ရှောင်းချောင်သည် သူမဘာသာသူမ ထထိုင်၍ ပြောလာသည်။ 

"ဟင့်အင်း စိတ်မပူပါနဲ့၊ ငါ အဆင်ပြေပါတယ်၊ ရွှီဖန်း မစိုးရိမ်နဲ့...ငါ အနိုင်ရပြီးရင် မင်းကို လွှတ်ပေးမှာပါ"

"မင်း ရူးသွားပြီလား!"

ရှောင်းချောင်၏ ခေါင်းမာမှုကို ရူးသွပ်ခြင်းဟူ၍ ဖော်ပြရပေမည်။ သူမ အခု အသည်းအသန်နေမကောင်းဖြစ်နေတာတောင် အနိုင်ရဖို့ကို စဥ်းစားနေသေး၏။

"ရှောင်းချောင် မင်းအတွက် နိုင်ခြင်း၊ ရှုံးခြင်းက တစ်ကယ် အရေးကြီးတာလား"

"အရေးကြီးတယ်၊ ရွှီဖန်း အအေးဖျားလေးတစ်ခုက ငါ့ကို တွန့်ဆုတ်စေနိုင်မယ် ထင်လို့လား"

ရှောင်းချောင်သည် သူမကိုယ်သူမ တင်းတင်းကြပ်ကြပ်ဖက်ထားကာ ရွှီဖန်းကို ပြောလာသည်။

"ငါအဆင်ပြေပါတယ်၊ မင်း စိတ်ပူစရာမလိုပါဘူး"

"ရူးနေတဲ့မိန်းမ"

ရွှီဖန်းသည် မျက်လုံးလှိမ့်ရင်း တီးတိုးရေရွတ်မိလိုက်သည်။ သူ ချက်ချင်းထရပ်ကာ ရှောင်းချောင်အား မင်းသမီးလေးကို ပွေ့ချီသကဲ့သို့ ချီလိုက်သည်။

"ရွှီဖန်း ဘာလုပ်တာလဲ"

အဖျားကြောင့် ရှောင်းချောင်၏ ခန္ဓာကိုယ်ထဲ၌ အားများစွာ မကျန်တော့ပေ။ ရွှီဖန်း ချီလိုက်သည့်အချိန် သူမအတွက် ရုန်းကန်ရန် ခွန်အား လုံးဝမရှိခဲ့ပေ။ အဖျားကြောင့်မဟုတ်ဘဲ အကြောင်းတစ်ခုခုကြောင့် သူမ၏မျက်နှာက နီရဲနေ၏။ 

ရှောင်းချောင်ကို ချီပြီးနောက် ရွှီဖန်း နောက်ကို လှည့်လိုက်သည်။ သူ့လက်ကို အဆင်ပြေအောင် လုပ်ပြီးသည်နှင့် 'မြဲမြဲကိုင်ထား'ဟု သတိပေးကာ လျှောက်လာခဲ့သည်။

"ရွှီဖန်း ငါ့ကို ဘယ်ခေါ်သွားနေတာလဲ"

လက်ရှိအချိန် ရွှီဖန်းက သူမကို ကျွန်းအနက်ပိုင်းသို့ ခေါ်သွားနေသည်။ ရှောင်းချောင်သည် မထိန်းနိုင်တော့ဘဲ စိတ်ဝင်တစားမေးမိသည်။ ဘာကြောင့်မှန်းမသိသော်ငြား ရွှီဖန်းက သူမကို ဒုက္ခမပေးလောက်ဘူးဟု ခံစားမိနေသည်။

အပြင်လူများအပေါ်၌ အမြဲစိတ်မလုံခြုံစွာ ဆက်ဆံခဲ့သော ရှောင်းချောင်က ယခုကျ သူမ၏ရန်သူထံမှ လုံခြုံမှုကို ခံစားနေရသည်။

ရွှီဖန်း၏ လက်မောင်းကြားထဲ နေရင်း သူမ နေမကောင်း၍ အတွေးလွန်နေပြီဟု တွေးကာ ရယ်လိုက်မိသည်။

ရွှီဖန်းက ရှောင်းချောင်ကို ပြန်မဖြေချေ။ သူက ပတ်ပတ်လည်မှ အပင်များကို သေချာကြည့်နေသည်။ ရှောင်းချောင်သည် အလွန်ဖျားနေတာကြောင့် သူမ တစ်ယောက်တည်းနေချင်သည်ဖြစ်စေ၊ မနေချင်သည်ဖြစ်စေ သူကတော့ သူမ၏အခြေအနေတိုးတက်စေရန်အတွက် ဆေးပင်တချို့ကို ရှာကာ တိုက်ကျွေးရပေမည်။

ကံကောင်းထောက်မစွာပင် ဤမပြုပြင်ထားရသေးသော ကျွန်းပေါ်၌ တောရိုင်းဆေးပင်များ ရှိနေခဲ့သည်။ ရွှီဖန်းသည် လမ်းတစ်လျှောက်တွင် ဆေးဖက်ဝင်အပင်တချို့ကို ကောက်ယူ၍ တဲကို ပြန်လာခဲ့သည်။

"ဒီမှာ အကုန်သောက်လိုက်"

ထိုဆေးဖက်ဝင်အပင်များကို ရောနယ်ပြီးနောက် အရွက်ကြီးတစ်ရွက်ထဲတွင် ရေနှင့်ဖျော်ကာ ၎င်းကို သောက်ရန်အတွက် သူမကို ပေးလိုက်သည်။

ရှောင်းချောင်က မျက်မှောင်ကြုတ်၍...

"ဒါက ဘာလဲ"

ရှောင်းချောင်သည် အပြင်းဖျားနေသော်လည်း သတိထားနေဆဲပင်။ ရွှီဖန်းမှာ မျက်လုံးများ လှိမ့်လိုက်မိပြီး ပြောလိုက်သည်။

"နွေဦးဆေးရည်၊ သောက်ပြီး သေမှာကြောက်နေရင်တော့ မသောက်နဲ့"

"ဟမ့်! ငါ မကြောက်ပါဘူး!"

ရှောင်းချောင်က ချက်ချင်းပင် ရွှီဖန်းလုပ်ပေးထားသည့် ဆေးရည်ကို သောက်လာသည်။

အလွန်လျင်မြန်စွာပင် ဆေး၏အကျိုးသက်ရောက်မှုက အာနိသင်ပြလာသည်။ ရှောင်းချောင်လည်း အလွန်ငိုက်မျဥ်းလာပြီး ခြောက်သွေ့နေသော မြက်ပင်များအပေါ်မှ မြန်မြန် အိပ်ပျော်သွားခဲ့သည်။

ထိုအမျိုးသမီး အိပ်ပျော်သွားသည်ကို မြင်မှ ရွှီဖန်း သက်ပြင်းရှူထုတ်ကာ တီးတိုးရေရွတ်မိသည်။ 

"ဘာကြောင့်လဲ၊ ဒီလောက် အချိန်အကြာကြီး တိုက်ခိုက်နေရတာကိုတောင် ငါ့ကို ဘာလို့ အရှုံးမပေးချင်သေးတာလဲ"

သူ ခေါင်းကို ခါယမ်းကာ မနေ့က စုထားသည့် ထင်းခြောက်ကို မီးထဲ ပစ်ထည့်လိုက်သည်။ မီးက ပိုတောက်လာကာ သူမလည်း ပိုပြီး သက်သောင့်

သက်သာဖြင့် အိပ်စက်နိုင်ခဲ့သည်။

ရှောင်းချောင်၏ အိပ်ပျော်နေသော မျက်နှာကို ကြည့်ရင်း ရွှီဖန်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ ရိုးရိုးသားသား ပြောရလျှင် သူမက အလွန်လှသည်။ သူတို့က ရန်သူတွေ ဖြစ်နေကြတာ နှမြောစရာပင်။

ရွှီဖန်းသည် အချိန်အတော်ကြာသည်အထိ ရှောင်းချောင်ကို ကြည့်နေမိသည်။ တဖြည်းဖြည်းနှင့် ရှောင်းချောင်လည်း အိပ်ပျော်နေရာမှ နိုးလာသည်။

ရွှီဖန်းက သူမကို အကဲဖြတ်ကြည့်ရှုနေသလို ကြည့်နေတာမြင်သည့်အခါ သူမ ရှက်ရွံ့သွားသည်။

ကူကယ်ရာမဲ့စွာဖြင့် ရွှီဖန်းလည်း ပြုံး၍ မေးလိုက်သည်။

"ဗိုက်ဆာနေပြီလား၊ တစ်ခုခုလာစား"

ရှောင်းချောင်က ဆေးသောက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ နေပြန်မကောင်းသေးသော်ငြား သူမ၏ မျက်နှာကတော့ နဂိုကထက် ပို၍ ကောင်းလာသည်။

ထိုအချိန် ရှောင်းချောင်သည် ရွှီဖန်းလက်ထဲမှ ငါးကင်၏အနံ့ကို ရပြီး သူမ ဗိုက်ဆာနေမှန်း ချက်ချင်း သတိမူမိခဲ့သည်။

ရွှီဖန်းက ဒီလောက်အထိ ဂရုစိုက်ပေးလိမ့်မည်ဟု မထင်ခဲ့ချေ။

"ကျေးဇူးတင်ပါတယ် ရွှီဖန်း"

********************

All Chapters