← Chapters

အာ့လန်ရှန်း ပျာယာခတ်ပြန်ပြီ

Vol. 3 Ch. 37

အာ့လန်ရှန်း ပျာယာခတ်ပြန်ပြီ

Vol. 3 Ch. 37

"ဖာ့ခ်!"

အချိန်ခဏတာ ကြောင်အနေပြီးနောက် လူမိုက်အုပ်စုသည် နောက်ဆုံးမှာတော့ တုံ့ပြန်လာလေသည်။ သူတို့ဆဲရေးကာ ရွှီဖန်းဆီသို့ ပြေးဝင်လာကြသည်။

ခွန်အားကြီးတော့ ဘာအသုံးဝင်မှာလဲ!

တစ်ယောက်တည်းနဲ့ ကောင်းကင်ထိ တက်နိုင်မယ်တဲ့လား!

လူအုပ်ကြီးက အနားကပ်လာသည့်အခါ ရွှီဖန်းက တည်ငြိမ်စွာနောက်ပြန်ဆုတ်၍ သူနှင့်အနီးဆုံးလူအား လက်သီးဖြင့် မိတ်ဆက်ပေးလိုက်သည်။

သိထားရမည်မှာ သူ့လက်သီးထဲ၌ ကောင်းကင်ဘုံစွမ်းအားများ ရှိနေသည်။ ထိုစွမ်းအားများက သစ်ပင်ကိုတောင် လဲကျစေမှတော့ ဒီကောင်တွေဆို အေးဆေးပင်။

တိုက်ပွဲက ဆက်လက်ပြင်းထန်နေသည်။ ရွှီဖန်းက ဒဏ်ရာမရသေးသော်ငြား သူ့လက်သီးကြောင့် လူမိုက်တော်တော်များများ လဲကျနေလေပြီ။

"ဖာ့ခ်! ဒီကောင် သေချင်နေတာပဲ! အားလုံးတူတူတိုက်ကြမယ်! ထွက်မပြေးစေနဲ့!"

ထိခိုက်ဒဏ်ရာရသူများပြားသော်လည်း ရွှီဖန်းမှ ကုမ္ပဏီဝင်ပေါက်သို့ ပြန်ဆုတ်နေသည်အား သတိထားမိသောအခါ ထိုလူမိုက်များက ရွှီဖန်းအား ထိပ်တိုက်

ရင်ဆိုင်လာကြသည်။

သူတို့အမြင်မှာတော့ ရွှီဖန်းက သက်လုံမရှိတော့လို့ သူ့အသက်သူကယ်ရန် အပေါက်ရှိရာကို ပြန်ဆုတ်နေသည့်ပုံ ပေါက်နေသည်။ ဒါကြောင့် လူအုပ်ကြီးဟာ စတီးချောင်းများကိုင်လျက် ရွှီဖန်းဆီ တက်တက်ကြွကြွ ပြေးဝင်လာကြသည်။ 

သို့သော်ငြား သူတို့ ရွှီဖန်း အရှေ့ကို ရောက်သည့်အခါ ကြက်သေသေသွားကြတော့သည်။

တံခါးက ပွင့်သွားကာ ရက်စက်သော ခွေးများက အထဲကို ဗြုန်းကနဲ ဝင်ရောက်လာကြသည်။ သူတို့က ကြမ်းကြုတ်သော ကျားများကဲ့သို့ လူမိုက်အုပ်စုအား ခုန်အုပ်လာသည်။

ထိုအချိန်မှာ လူမိုက်ခုနစ်ယောက် ရှစ်ယောက်လောက်က လဲကျသွားကြသည်။

စောနကမှ ရွှီဖန်းက သူတစ်ယောက်တည်း လာခဲ့သည်ဟု ပြောခဲ့တာကြောင့် သူတို့ လုံးဝသတိမထားခဲ့ကြပေ။ အခုတော့ ခွေးခုနစ်ကောင်၏ လိုက်ကိုက်ခြင်းကို ခံနေရသည်။ လူမိုက်တွေမှာ အလွန် ကြောက်ရွံ့သွားတာကြောင့် သေးပေါက်ချလုနီးပါးပင်။

"ဖာ့ခ်! မင်းပဲ စောက်ကျိုးနည်း တစ်ယောက်တည်းဆို!"

ဘေးမှာ အနားယူနေသည့် ရွှီဖန်းက သူ့မျက်လုံးများအား အပြစ်ကင်းစွာ ခတ်နေသည်။ 

"ဟုတ်တယ်လေ...လူဆိုလို့ ငါတစ်ယောက်တည်းပဲကို"

ခွေးခုနစ်ကောင်သည် သူတို့၏သခင် ရွှီဖန်းအား လူမိုက်အုပ်စု လိုက်ဖမ်းနေကြမှန်း မြင်သည့်အခါ မတိုင်ခင်က ပြောထားခဲ့သလိုမျိုး ချက်ချင်း ရက်စက်ကြမ်းကြုတ်စွာ ဝင်လာကြသည်။ မကြာခင်မှာပဲ လူမိုက်တွေအားလုံး မြေကြီးပေါ်မှာ အကိုက်ခံလိုက်ရသည်။

ရွှီဖန်း လေချွန်လိုက်ကာ သူ့ဘူးသီးခုနစ်လုံးအား ပြန်ခေါ်လိုက်သည်။ ထို့နောက် ခြေထောက်များ တဆတ်ဆတ်တုန်နေသည့် ဧည့်ကြိုမိန်းမအား သူ့ကြည့်ကာ...

"မိန်းကလေး...မင်းရဲ့ရုပ်ရည်က နည်းနည်းလောက်ကြည့်ကောင်းရုံနဲ့ မင်းကိုယ်မင်း အဆင့်အတန်းရှိသွားပြီလို့ မထင်နဲ့၊ အသွင်အပြင်ကလည်း အရေးကြီးပေမယ့် အဲ့ဒါကြောင့်နဲ့ တစ်ပါးလူကို ကိုယ်ထင်သလို အကဲမဖြတ်နဲ့"

"အရင်ဆုံး...ကျွန် ကျွန် ကျွန်မ တောင်းပန်ပါတယ်...လူကြီးမင်း"

ယခင်က ရွှီဖန်းအား ထုတ်ပြခဲ့သော သူမ၏စိတ်ထားကို ပြန်တွေးရင် တဆတ်ဆတ်တုန်နေတော့သည်။ ထိုခွေးခုနစ်ကောင်၏ ခြေသည်းနှင့်အစွယ်များ ဘယ်လောက် ထက်ရှကြောင်း သူမ မစမ်းချင်ပေ။

ရွှီဖန်း လက်ကိုဝှေ့ရမ်းကာ တခြားလူများအား ဘေးကို ကပ်ရန် အချက်ပြလိုက်သည်။ ထို့နောက် ကြမ်းပြင်

အပေါ် လဲကျနေသည့် ဝမ်မာဇီထံ လျှောက်သွားလိုက်သည်။

သူထိုင်ခုံတစ်ခုံအား ဆွဲကာ ဝမ်မာဇီအရှေ့မှာ ချရင်း ထိုင်လိုက်သည်။

"ဝမ်မာဇီ အခု ကျုပ် ခင်ဗျားနဲ့ပတ်သက်ဖို့ အရည်အချင်းရှိပြီလား"

"မင်း"

မတိုင်ခင်က သူ၏ ထောင်လွှားခဲ့ပုံနှင့် ယှဥ်လျှင် အခု ဝမ်မာဇီမှာ မြေးကဲ့သို့ နာခံနေသည်။

ခုနက ပါးတစ်ချက်နဲ့တင် သူ့သွားလေးချောင်းတောင် ကျိုးခဲ့ရသည်။ သူ ဘယ်လောက်ပဲ သတ္တိရှိပါစေဦး၊ ရွှီဖန်းပေါ်၌ မထောင်လွှားရဲတော့ပေ။

ဒီလူ ဘယ်လောက်ထိ နာခံပြနေမှန်း မြင်သည့်အခါ ရွှီဖန်း လှောင်ပြောင်လိုက်သည်။ 

"ဘာလဲ ခုနကလို မမောက်မာတော့ဘူးလား၊ စကားတောင်မပြောနိုင်တော့ဘူးဆိုတော့ ငါမင်းကို နောက်ထပ် နှစ်ချက်လောက် ထပ်ရိုက်ပေးရင် ဘယ်လိုလဲ"

"မလုပ်နဲ့! မလုပ်ပါနဲ့"

ရွှီဖန်းမှ သူ့လက်များအား မြှောက်ပြလာသည့်အခါ ဝမ်မာဇီမျက်လုံးများသည် ကြောက်ရွံ့မှု အပြည့်

ဖြစ်သွားတော့သည်။ သူ လက်ကို မြန်မြန်ခါကာ တောင်းပန်လိုက်သည်။

"ရွှီဖန်း ငါမှားပါတယ်...အခုပဲ ငါမင်းနဲ့ ရှင်းမယ် ရှင်းကြမယ်! ဘယ်လောက်လိုချင်လဲ ပြောပါ...ငါ မင်းကို လျော်ကြေးပေးမှာပါ"

"ဟက် လျော်ကြေးတဲ့လား...ဝမ်မာဇီ ခင်ဗျား ကျုပ်အဖေကို လုပ်ခဲ့တဲ့ အန္တရာယ်မျိုးက ပိုက်ဆံနဲ့ ဖြေရှင်းလို့ရမယ်ထင်နေတာလား"

သူသာ အချိန်မီ မပြန်လာခဲ့မိသည်ဖြစ်စေ၊ စိမ်းပြာရောင်ဆေးအိတ်ကို မလေ့လာခဲ့မိရင်ဖြစ်စေ သူ့အဖေဟာ သူ့ဘဝတစ်လျှောက်လုံး အိပ်ရာအပေါ်မှာ လှဲ၍ ဖြတ်သန်းရလိမ့်မည်။ အကြောင်းအရင်းက ဆရာဝန်နဲ့ကုရန် ပိုက်ဆံမရှိတာကြောင့်ပင်။

အခု သူ့ဆီမှာ ချမ်းသာကြွယ်ဝမှုနှင့် စွမ်းအားများ ရှိနေလေပြီ။ သူ့ကျောအပေါ် လာတက်စီးသည့် အဖြစ်မျိုးများ လက်ပိုက်မကြည့်နိုင်ပေ။ ဒီလူကို တူညီတဲ့ ခံစားချက်လေး တွေ့ကြုံခိုင်းရမည်။

ကောင်းကင်ဘုံစွမ်းအားအဆောင်၏စွမ်းအား မပျောက်ပြယ်သွားခင်မှာ ဝမ်မာဇီ၏ခြေထောက်အား သူကန်ထည့်လိုက်သည်။

ဒီကန်ချက်က သူ့အဖေ၏ ခြေထောက်အား စတီးချောင်းဖြင့် ထိုးဖောက်ခံခဲ့ရတုန်းက ခံစားခဲ့ရသည့် စိတ်ပျက်အားငယ်ခဲ့ရမှုကို ဝမ်မာဇီ ထပ်တူ ပြန်ခံစားစေရဖို့ လုံလောက်သည်။

"ဝမ်မာဇီ ဒီကန်ချက်က ခင်ဗျားပြန်ပေးဆပ်ရမယ့် အရာပဲ၊ လက်မခံနိုင်ရင် ဆက်ကစားပေးလို့ရတယ်၊ ကျုပ် ရွှီဖန်းက အဆုံးထိ လိုက်ခဲ့ပေးမယ်၊ ဘယ်လိုလဲ"

ဝမ်မာဇီမှာ သူ့ခြေထောက်အား ဖက်ကာ နာကျင်မှုကြောင့် ချွေးများစွာ ထွက်နေသည်။ ဘယ်လိုလုပ် ရွှီဖန်းအား မကျေနပ်ကြောင်း ပြောနိုင်တော့မည်နည်း။

"ငါ ငါ လက်ခံတယ်....နောင်ကျရင်လည်း မလုပ်ရဲတော့ပါဘူး"

"ဟမ့်!"

ရွှီဖန်း နှာမှုတ်ကာ သူ့အား လျစ်လျူရှု၍ လှည့်ထွက်လာခဲ့သည်။

ဝမ်မာဇီ လက်ခံသည်ဖြစ်စေ မလက်ခံသည်ဖြစ်စေ သူဂရုမစိုက်ပေ။ အကယ်၍ သူသာ ထပ်လာရှုပ်ရဲပါက ရွှီဖန်းက ပူးပေါင်းပေးရုံပင်။

ဝမ်မာဇီ၏ကုမ္ပဏီမှ ထွက်လာပြီးနောက် သူ သက်ပြင်းကြီးစွာချမိသည်။

ထိုအခိုက်အတန့်၌ သူ့မျက်နှာတစ်ခုလုံး ပူပင်ကြောင့်ကျမှုများ ကင်းမဲ့နေခဲ့သည်။

ရွာသို့ပြန်လာခဲ့သည့်နေ့တုန်းက ဝမ်မာဇီကို လက်စားချေမည်ဟု သူကျိန်ဆိုခဲ့သည်။ ဒီနေ့မှာ သူအဖေကြုံခဲ့ရသည့် စိတ်အားငယ်မှုအတွက် နောက်ဆုံးမှာတော့ သူလက်စားချေနိုင်ခဲ့သည်။ ခံစားချက်မကောင်းဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ပေ။

တစ်ကယ်တော့ စောနက ဝမ်မာဇီဆီကနေ ငွေအမြောက်အမြား တောင်းနိုင်သော်လည်း မတန်ဘူးဟု သူထင်သည်။

"အရမ်းကောင်းတယ်!"

ပတ်ဝန်းကျင်မှ ထူးဆန်းသည့် အကြည့်များအား လျစ်လျူရှုကာ သူ မျက်ခုံးများပင့်၍ လေအေးတစ်

ချက် ရှုထုတ်လိုက်သည်။

အခု ဝမ်မာဇီပြဿနာကိုလည်း ဖြေရှင်းပြီးပြီဖြစ်၍ သူအသစ်ဆောက်ထားသော ဥယျာဥ်ခြံလေး ဖွံ့ဖြိုးလာဖို့သာ အာရုံစိုက်ရန် ကျန်တော့သည်။

ဒီအပစ်သစ်လေးတွေ မြန်မြန်အသီးသီးနိုင်ဖို့က ကောင်းကင်ဘုံမြေသြဇာ အမြောက်အမြား လိုအပ်နေသည်။

လက်ရှိအချိန်မှာ ထိုက်ပိုင်ကျင့်စစ်က သူ့ကို အာရုံစိုက်ဖို့တောင် အချိန်မပေးနိုင်ဘဲ အလုပ်များနေသည်။ ကောင်းကင်ဘုံမြေသြဇာကို တောင်းရန်

အတွက် တခြား မသေမျိုးများကိုလည်း သူမရှာနိုင်ပေ။

ရွှီဖန်း ခေါင်းကိုက်လာတော့သည်။

အတွေးထဲ မြောနေစဥ်မှာ အိတ်ကပ်ထဲရှိ ဖုန်းထဲကနေ wechat စာလာသံအား ကြားလိုက်ရသည်။

"ဟမ်...ဟုတ်ပြီကွ!"

Wechatမှာ စာပို့ထားသည့် သူကို မြင်သည်နှင့် ရွှီဖန်းမျက်လုံးများ အရောင်လက်သွားတော့သည်။ 

အာ့လန်ရှန်းသည် ခွေးလေးခုနစ်ကောင်အား မွေးထားရန် ရွှီဖန်းမှ ကူညီခဲ့တာကြောင့် သူ့အပေါ် အနည်းငယ် သဘောတွေ့နေသည်။

ကောင်းကင်ဘုံမြေသြဇာကဲ့သို့ အရာက အာ့လန်ရှန်းအတွက် ဘာမှ မဟုတ်ပေ။ တောင်းဆိုကြည့်ရတာ ပြဿနာမရှိဟု ရွှီဖန်း ယုံကြည်သည်။

"ညီလေးရွှီဖန်း ဒီတစ်ကြိမ်တော့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ မင်းသာ မကူညီပေးရင် ငါ့ရဲ့ကောင်းကင်နတ်ခွေးကြီးတော့ အနာဂါတ်မှာ သွားပြီ"

အာ့လန်ရှန်းမှ ကောင်းကင်နတ်ခွေး၏ ခွေးသားပေါက်များအား သက်သေအဖြစ် ချက်ချင်းဖယ်ရှားထားမှသာ အနာဂါတ်မှာ သူ့ညီအစ်ကိုက ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်မှာ ဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ အာ့လန်ရှန်းသည် ရွှီဖန်း wechatကနေ အလွန်ကျေးဇူးတင်ကြောင်း ပြောလာခဲ့သည်။

ရွှီဖန်းမှာ အခွင့်အရေးမရှိသော်ငြား ကီးဘုတ်ပေါ် သူ့လက်များဖြင့် နှိပ်မိတုန်းပင်။

"စစ်မှန်သောအရှင်အာ့လန် အရှင့်ရဲ့ပြဿနာကို ဖြေရှင်းပေးရတာက ကျွန်တော့်အတွက် ကိစ္စသေးသေးလေပါပဲ၊ တစ်ကယ်လို့ ကျေးဇူးတင်တယ်ဆိုရင် ကျွန်တော့်ကို အရှင့်ဆီက မြေကြီးလေးတချို့လောက်ပေးလို့ရမလား"

"ဒါက..."

အာ့လန်ရှန်းမှာ ရှက်ရွံ့မှုကို ခံစားရသည်။ 

"ရွှီဖန်း ဘာလို့ ဒီလောက်ယဥ်ကျေးလွန်းနေတာလဲ၊ မင်းက ငါ့ကို ညီအစ်ကိုလို့ မသတ်မှတ်တာလား"

အာ့လန်ရှန်းမှာ ရွှီဖန်းတောင်းဆိုသည့်အရာအား ကြားသည့်အခါ ချက်ချင်း ပူပန်သွားတော့သည်။ အနည်းဆုံးတော့ ဆေးတစ်ခုခု ဒါမှမဟုတ် ထိုကဲ့သို့တန်ဖိုးကြီးအရာမျိုး တောင်းဆိုသင့်သည် မဟုတ်ပါလော။

ဒီသတင်းသာ ပျံ့သွားမည်ဆိုပါက သူ့အား ကပ်စေးနှဲဟု ဝိုင်းခေါ်ကြလိမ့်မည်။

"မဟုတ်သေးပါဘူး ညီလေးရွှီဖန်း...မင်းက ယဥ်ကျေးလွန်းတယ်၊ မြေကြီးတချို့ကို ဘယ်လိုလုပ်တောင်းနိုင်ရတာလဲ၊ မင်းသာ တစ်ခုခုလိုချင်ရင် ငါအပြေးလုပ်ပေးမှာပါ"

****************

All Chapters