ဓားစာခံကို ကယ်တင်ခြင်း
Vol. 19 Ch. 285
စစ်ဌာနချုပ်ကိုရောက်ပြီးနောက် ယန်ပင်းလည်း ရွှီဖန်း၏အနောက် လိုက်သွားခဲ့သည်။ စစ်တပ်ထဲ၌ သူ့အတွက် အမှောင်ထဲတွင် ပုန်းအောင်းနေရန်မှာ ကောင်းသည်မဟုတ်ပေ။
"ဟယ်လို ညီလေးရွှီ"
ဝူထျန်းက ရွှီဖန်းအား ဝင်ပေါက်မှာ စောင့်နေသည်။ တကယ်တော့ ရွှီဖန်းသည် သူတို့၏ စစ်ရေးကဏ္ဍတွင် အရေးပါသော တည်ရှိမှုတစ်ခုဖြစ်သည်။
ရွှီဖန်းသည် ဝူထျန်းနှင့် ယဥ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ပြီး အစောင့်အဖွဲ့အနောက်မှနေ၍ အခန်းထဲသို့ လိုက်သွားခဲ့သည်။
ရွှီဖန်းသည် ဝူထျန်းအနားရှိ အစောင့်များကို ကြည့်ပြီး မျက်မှောင်ကြုတ်မိသည်။ ဝူထျန်းကလည်း ရွှီဖန်း၏ ရည်ရွယ်ချက်ကို သဘာဝကျစွာ နားလည်ပေသည်။ သူက ချက်ချင်း လက်ကိုဝှေ့ယမ်းကာ...
"ကောင်းပြီ မင်းတို့ အရင်ထွက်သွားကြ၊ ငါ့အမိန့်မပါဘဲ ငါတို့ကို ဘယ်သူမှ လာမနှောင့်ယှက်စေနဲ့"
"ဟုတ်ကဲ့။"
ဝူထျန်း၏အမိန့်ကို လိုက်နာပြီးနောက် အစောင့်
များသည် အခန်းအပြင်သို့ ထွက်သွားကြသည်။
"အခုပြောလို့ရပြီ"
ဝူထျန်းက ရွှီဖန်းကိုကြည့်ပြီး ပြော၏။ ဒါကိုကြားတော့ ရွှီဖန်းကလည်း ပြုံးကာ...
"ကျွန်တော် အကြောင်းပြချက်မရှိဘဲ မလာပါဘူး၊ ဗိုလ်ချုပ်ဝူ ကျွန်တော် ခင်ဗျားရဲ့အကူအညီလိုလို့ ဒီနေ့ရောက်လာခဲ့တာပါ"
"အိုး။"
ဝူထျန်း၏ လေသံမှာ အံ့အားသင့်မှုများဖြင့် ပြည့်
နှက်သွားခဲ့သော်လည်း သူ့အမူအရာကတော့ ပြောင်းလဲမှုမရှိပေ။ ရွှီဖန်းဘက်မှ သူ့ကိုစပြီးလာရှာတာမျိုးမရှိခဲ့ပေ။
ဝူထျန်းသည် ရွှီဖန်းကို တစ်ချက်ကြည့်လိုက်ပြီး...
"ညီလေးရွှီ မင်းကို ပေးထားတဲ့ကတိနှစ်ခု ပြည့်သွားပြီနော်"
ဒါကိုကြားတော့ ရွှီဖန်း စိတ်ထဲ၌ တိတ်တဆိတ်အပြစ်တင်မိသည်။
*ဒီဝူထျန်းက တကယ်ကို လိမ္မာပါးနပ်တဲ့ မြေခွေးတစ်ကောင်ပဲ၊ သူက ငါနဲ့ အခြေအနေတွေကို ညှိနှိုင်းချင်နေတယ်"
တကယ်တော့ ရွှီဖန်းကလည်း ဝူထျန်းမှ သူ့ကို ဘာမှကူညီလိမ့်မှာမဟုတ်ဘူးဆိုတာကို သိထားပေသည်။ သိသာစွာပင် ရွှီဖန်းကလည်း ဒီတစ်ခေါက် ရိုးသားလေးစားစွာဖြင့် ရောက်လာခြင်းပင်။
"ဗိုလ်ချုပ်ဝူ စိတ်မပူပါနဲ့၊ ခင်ဗျား ကျွန်တော့်ကို အကူအညီပေးနိုင်မှာပါ"
"အိုး"
ဝူထျန်းသည် အံ့သြသောလေသံဖြင့် ဆက်ပြီးပြောလာသည်။
"ညီလေးရွှီကို ဒုက္ခရောက်စေတဲ့လူကို ဘယ်လိုလုပ်အလွယ်တကူ ဖမ်းနိုင်မှာလဲ"
ရွှီဖန်း ဒါကိုကြားတော့ ရယ်လိုက်မိသည် ။ ဝူထျန်းကသာ အဓိပ္ပာယ်မရှိတဲ့ကိစ္စအတွက်သာဆို သူ့တောင်းဆိုချက်ကို သဘောတူမှာမဟုတ်ပေ။
"ကျွန်တော် ခင်ဗျားကို ဘာမှမဟုတ်ဘဲ မကူညီခိုင်းပါဘူး၊ ကျွန်တော်တို့ အပြန်အလှန် အကျိုးရှိမှာပါ"
ရွှီဖန်းသည် သူ့တွင်ရှိသောအရာကို မထုတ်သုံးပါက ညှိနှိုင်းရန် မလွယ်ကူကြောင်း သိပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဝူထျန်းသည် ရွှီဖန်း၏ စကားကိုကြားသောအခါ ချက်ချင်းပြောလာသည်။
"ညီလေးရွှီမှာ ငါ့ရဲ့အကူအညီကို လိုအပ်နေတဲ့ အခက်အခဲတွေရှိနေလား"
"ကျွန်တော့်မိသားစုအတွက် လုံခြုံတဲ့နေရာရှာပေးဖို့ပါ"
ဝူထျန်းသည် ထိုစကားကိုကြားသောအခါ သူ့မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း နောက်ထပ်မေးခွန်းများ မမေးတော့ပေ။ သူက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ရွှီဖန်း၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။
"ဒါဆို ကျွန်တော် ခင်ဗျားကို ဒီမှာ အရင်ဆုံး ကျေးဇူးတင်ပါတယ်"
ရွှီဖန်းသည်လည်း ဝူထျန်းမှ သဘောတူလိုက်သည်ကိုမြင်သောအခါ သူ့စိတ်နှလုံးမှာ အနည်းငယ် တည်ငြိမ်သွားခဲ့သည်။
သို့သော်လည်း ရွှီဖန်းမှ သူ့စကားကိုအဆုံးသတ်
ပြီးသည်နှင့် ဝူထျန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလာသည်။
"ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါပေမယ့် ငါ့မှာ ညီလေးရွှီရဲ့အကူအညီလိုတာတစ်ခုတော့ ရှိတယ်"
"ကျွန်တော် ဘာလုပ်ပေးဖို့လိုတာလဲ"
ဝူထျန်းက သူ့ကို ဘာမှ မကူညီခိုင်းဘဲ မနေဘူးဆိုတာ ရွှီဖန်းလည်း သဘာဝကျစွာ သိပေသည်။
"အရမ်းရိုးရှင်းပါတယ် မင်း နိုင်ငံခြားသွားဖို့လိုတာပါ"
ဝူထျန်းက ပြုံးပြီး ပြောလာသည်။
"ပြည်ပကိုလား"
ဝူထျန်းပြောတာကိုကြားတော့ ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ ဝူထျန်းတောင်းသည့် အကူအညီက ရိုးရှင်းသောကိစ္စမဟုတ်သလိုပင်။
"နိုင်ငံခြားမှာ ဘာလုပ်ရမှာလဲ"
ရွှီဖန်း သူခေါင်းကို မော့လိုက်ပြီး အံ့ဩသော အမူအရာဖြင့် ဝူထျန်းအား မေးလိုက်သည်။
"တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ပါ"
"အင်း အသေးစိတ် ရှင်းပြပါဦး"
"သူမက တရုတ်ပြည်က သူဌေးကြီးတစ်ယောက်ရဲ့ မြေးလို့ပဲ ငါ ပြောပြလို့ရသေးတယ်၊ သူမနာမည်က မုရုန်လင်..ပြင်ပလောကကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ရာဇ၀တ်သားတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်၊ ခြိမ်းခြောက်မှုအနေနဲ့ နိုင်ငံရဲ့ဘဏ္ဍာငွေအားလုံးကို ပြင်ပလောကကို လွှဲပေးစေချင်တာပဲ"
ထို့နောက် ဝူထျန်းက ပေါ့ပေါ့ပါးပါး ချောင်းဆိုးလျက်
"ဒါပေမယ့် သူဌေးကြီးရဲ့ မြေးကို ငါတို့ ကယ်တင်လို့ မရနိုင်ခဲ့ဘူး၊ ပြန်ပေးဆွဲသူတွေဟာ ပြင်ပဂိုဏ်းတွေကဖြစ်ပြီး သူတို့ ထွက်ပြေးသွားတဲ့ နိုင်ငံနဲ့ ဓားစာခံလွှဲပြောင်းရေး သဘောတူစာချုပ်လည်း မရှိဘူး၊ ဆိုလိုတာက ပုံမှန်လမ်းကြောင်းနဲ့ သွားလို့ မရဘူးပဲ၊ ပုံမှန်အားဖြင့်တော့ ရှမိသားစုကို ဒီတာဝန်အတွက် မှီခိုအားထားနေရပေမယ့် လက်ရှိ လျို့ဝှက်မိသားစုတွေရဲ့ အခြေအနေကို မင်းသိထားပါတယ်။"
ထိုစကားကိုကြားတော့ ရွှီဖန်းကလည်း ဝူထျန်းအား ဆက်ပြောရန် ခေါင်းညိတ်ပြလိုက်သည်။
"မင်းက ကျွမ်းကျင်သူတစ်ယောက်ဆိုတာ ငါသိတယ်၊ ဒါကြောင့် ဒီရှာဖွေမှုကို မင်းအတွက် ပေးချင်တာ"
ဒါကို ရွှီဖန်း ကြားပြီးနောက် ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ကျွန်တော်သဘောတူတယ်"
ရွှီဖန်းသည် ဤမစ်ရှင်က အန္တရာယ်အဆင့်မှန်း သိသော်လည်း သူ့မိသားစု၏ သက်သောင့်သက်သာနေထိုင်မှုကို ထည့်သွင်းစဉ်းစားလိုက်ပါက ကြိုးစားရထိုက်တန်ပါသေးသည်။ ဒီပြဿနာကို ဖြေရှင်းပြီးတာနှင့် ရွှီဖန်းသည် သူ့မိသားစုအတွက် စိုးရိမ်စရာမရှိတော့ပေ။
စေ့စပ်ညှိနှိုင်းမှုပြီးသွားသောအခါ ဝူထျန်းသည် ရွှီဖန်း
အတွက် နိုင်ငံကူးလက်မှတ်နှင့် အခြားလုပ်ရိုးလုပ်စဥ် များကို ချက်ချင်းစီစဉ်ပေးခဲ့သည်။ သေချာတာကတော့ ယန်ပင်းကလည်း ရွှီဖန်းနှင့် လိုက်သွားခဲ့၏။
လေယာဉ်ပေါ်တွင် ရွှီဖန်းသည် ဝူထျန်းပေးလိုက်သော အချက်အလက်များကို ထုတ်ယူကြည့်လိုက်သည်။ လူနှစ်ယောက်အကြောင်းဖြစ်ကာ တစ်ယောက်က မုရုန်လင်၊ နောက်တစ်ယောက်က ဂိုဏ်းခေါင်းဆောင် စကိုလာပင်။ သို့သော်လည်း ရွှီဖန်းသည် မုရုန်လင်၏ အချက်အလက်များကိုမြင်သောအခါ ပြုံးလိုက်မိသည်။
"ဒီကောင်မလေးက တကယ်မဆိုးဘူးထင်တယ်"
စကိုလာကိုတော့ ရွှီဖန်း လုံးဝ ဂရုမစိုက်ပေ။ အချက်အလက်များအရ စကိုလာသည် သာမန်လူတစ်ဦးမျှသာဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်တစ်ဦးသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။
ရွှီဖန်းကဲ့သို့ သိုင်းကျင့်ကြံသူအတွက် ပုရွက်ဆိတ်
တစ်ကောင်ကို သတ်လိုက်သကဲ့သို့ လွယ်ကူပေသည်။
ထိုအချိန် တရုတ်နိုင်ငံ၏ မြို့တော်အလယ်ဗဟိုရှိ အဆင့်အတန်းမြင့်သော ဗီလာတစ်ခုတွင် ဖြစ်သည်။
အဘိုးကြီးတစ်ဦးနှင့် သက်လတ်ပိုင်းအရွယ်
အမျိုးသမီးတစ်ဦးကြား၌ စကားစမြည် ပြောနေခဲ့သည်။
"ဖေဖေ ရှောင်ဝူ ပို့လိုက်တဲ့လူက ယုံကြည်လို့ရရဲ့လား"
"ငါလည်း သိပ်သေချာမသိပေမယ့် သူက စစ်တပ်ကပဲ ဟုတ်လိမ့်မယ်"
"ဒါဆို သမီးတို့ သူတို့ကို ပိုက်ဆံ ဘယ်လိုလွှဲ
မှာလဲ၊ လင်လင် ဒဏ်ရာနေရမယ့်ပုံကို စိတ်ကူးထဲမဖော်နိုင်ဘူး။"
"ဘာတွေပြောနေတာလဲ၊ ဘာပဲဖြစ်ဖြစ် ငွေလွှဲလို့ မရဘူး၊ ဒါ တိုင်းပြည်ရဲ့ ဥပဒေကို ချိုးဖောက်နေတာပဲ မဟုတ်ဘူးလား၊ နောက်နောင် ဒီလို စကားမျိုး ထပ်မပြောနဲ့"
"လင်လင်က နင့်ရဲ့သမီး ဆိုပေမယ့် ငါ့ရဲ့မြေးပဲ မဟုတ်ဘူးလား၊ အလျင်လိုအောင်မလုပ်နဲ့"
"ဒါပေမယ့် ရှောင်ဝူရဲ့ လူတွေက အားကိုးလို့ရပါ့မလား"
"တခြားအကြံရောရှိလို့လား"
"ဒါက..."
လက်ရှိအချိန်တွင် မုရုန်လင်သည် အလွန်
ကောင်းမွန်သော အခြေအနေ၌ မရှိပေ။ သူမတစ်
ကိုယ်လုံး ချည်နှောင်ခံထားရပြီး ပါးစပ်ကိုလည်း တင်းကျပ်စွာ ပိတ်ဆို့ခံထားရသည်။ သူမသည် မှောင်မိုက်သော လှောင်အိမ်ထဲတွင် လဲလျောင်းနေရပြီး ဆိုးရွားဖွယ် အနံ့အသက်ကို ရှူရှိုက်နေရသည်။ ကြွက်သံကိုလည်း နေရာတိုင်းတွင် ကြားနေရပေသည်။
မူလက သူမသည် တရုတ်နိုင်ငံမှ သာမာန်ကျောင်းသူတစ်ဦးဖြစ်ပြီး သာမန်လူတန်းစားထက်ပင် ပိုနိမ့်ကျစွာနေထိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အထောက်အထားများကို ထုတ်ဖော်၍ နေထိုင်ခြင်းသည် သူမအတွက် အန္တရာယ်တစ်ခုဖြစ်ကြောင်း သူမသိသောကြောင့်ပင်။ သို့သော် ထိုဘေးအန္တရာယ်ဆိုးမှ သူ မလွတ်မြောက်နိုင်ဆဲပင်ဖြစ်သည်။
မူရုန်လင်သည် ယခု အလွန်ထိတ်လန့်နေလေသည်။ ဒီက ပြန်ပေးဆွဲသူတွေ ပြောနေတာတွေကို သူမ ကြားခဲ့ရပေသည်။ သူမ မိသားစုမှ ငွေလွှဲပေးသည်ဖြစ်စေ၊ မလွှဲသည်ဖြစ်စေ သူမအား လွှတ်ပေးလိမ့်မည်
မဟုတ်ပေ။ သို့သော် ထိုကဲ့သို့ ဖြစ်လေလေ သူမ ပိုပြီး ကြောက်လေလေဖြစ်သည်။ သူမ ငယ်ငယ်
ကတည်းက မိသားစုမှ စီစဉ်ပေးခဲ့သည့် လမ်းကြောင်းအတိုင်း ကြီးပျင်းလာခဲ့သည်။ နိုင်ငံရပ်ခြားသွားခြင်းက မုရုန်လင်အတွက် အရူးမိုက်ဆုံးရွေးချယ်မှုပင်။ သူမသည် ယခုအချိန်အထိ သူမ၏ပထမဆုံးအချစ်ကိုပင် ရှာမတွေ့သေးပေ။
ထိုအခိုက်အတန့်တွင် ရွှေရောင်ဆံပင်အပြည့်ရှိနေသော မုတ်ဆိတ်မွေးပါ သက်လတ်ပိုင်းနိုင်ငံခြားသား တစ်ဦးနှင့် ဆံပင်အနက်ရောင်ရှိကာ အသားဝါသော အမျိုးသားတစ်ဦးသည် လှောင်အိမ်အပြင်ဘက်သို့ ရောက်ရှိလာသည်။
နိုင်ငံခြားသားသည် မူရုန်လင်ကို မသိုသိပ်ထားသော စိတ်ဆန္ဒဖြင့် စိုက်ကြည့်နေသည်။ ဒါကိုမြင်တော့ တရုတ်နိုင်ငံက အမျိုးသားက မျက်မှောင်ကြုတ်၍...
"စကိုလာ တရုတ်စစ်တပ်က တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ်လို့ ကြားတယ်”
မမျှော်လင့်ထားစွာပင် နိုင်ငံခြားသားသည် ထိုစကားကြားသောအခါ သူ့မျက်လုံးများက မထီမဲ့မြင်ဖြင့် တောက်ပလာခဲ့သည်။ သူက တရုတ်လို စကားထစ်ထစ်ဖြင့် ပြောလာသည်။
"အဲ့ဒီလူတွေ ဒီကိုလာဖို့ဆိုတာ တရားမဝင်မှန်း မင်းသိထားသင့်တယ်၊ သူတို့ လူနည်းနည်းလောက် ပို့ဝံ့ရင် ငါ သူတို့ကို အသေရိုက်ပစ်မယ်"
စကိုလာ၏ စကားကိုကြားတော့ တရုတ်အမျိုးသားကလည်း ခေါင်းညိတ်ပြပြီး သူ့အမူအရာက တည်ငြိမ်သွားခဲ့သည်။
"စိတ်မပူပါနဲ့ ဟိုက လွှဲပေးမယ့်ငွေတွေ ရောက်လာရင် ဒီမုရုန်လင်နဲ့ မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်၊ ငါ မင်းကို တားမှာမဟုတ်ဘူး"
ဒါကို စကိုလာကြားသည့်အခါ သူ့မျက်လုံးများ ချက်ချင်းပင် တောက်ပသွားလေသည်။ သူကျယ်လောင်စွာ ရယ်မောလိုက်ပြီး...
"ဟားဟားဟား ကောင်းပြီ၊ မင်းရဲ့ စကားကို စောင့်ထိန်းလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"
သို့နှင့် နှစ်ယောက်သား လှောင်အိမ်ထဲကနေ ထွက်သွားကြသည်။ သူတို့မထွက်သွားခင်မှာ စကိုလာသည် မူရုန်လင်ကို ညစ်ညမ်းသောအပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။
မူရုန်လင်သည် ထိုနှစ်ယောက်ကြား စကားစမြည်ပြောနေခြင်းကို ကြားရသဖြင့် သူမ၏ ရင်တွင်း၌ ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။ နောက်ဆုံးတော့ သူမ၏ မိသားစုသည် သူမကို ကယ်ဆယ်ရန်အတွက် တစ်စုံတစ်ဦးကို စေလွှတ်လိုက်လေပြီ။ သို့သော် ၎င်းကို တွေးကြည့်ပြီးနောက် သူမ၏စိတ်နှလုံးမှာ တင်းမာသွားခဲ့သည်။ သူတို့ ပို့လိုက်သောလူများက သူမကို ကယ်တင်နိုင်ပါ့မ
လားဆိုတာ သူမမသိပေ။
ရွှီဖန်းကတော့ မုရုန်လင်၏ အခြေအနေကို သတိမပြုမိပေ။ ရွှီဖန်းတို့ လေယာဉ်ပေါ်မှ ဆင်းလာခဲ့ပြီး နိုင်ငံတွင်းသို့ ရောက်ရှိလာချိန်တွင် လမ်းမပေါ်ရှိ ထင်ရှားပေါ်လွင်သော၀တ်စုံများ ဝတ်ဆင်ထားသည့် နိုင်ငံခြားအမျိုးသမီးများက ရွှီဖန်း၏ မျက်လုံးများကို ဆွဲဆောင်နိုင်ခဲ့သည်။
ယန်ပင်းက ရွှီဖန်းကို ဆွံ့အစွာ ကြည့်နေပြီး
"ငါတို့ လာရတဲ့ အဓိက အကြောင်းအရင်းကို မမေ့နဲ့ဦး"
ရွှီဖန်း တောင့်တင်းသွားကာ ခေါင်းကိုမော့၍ ယန်ပင်းကိုကြည့်လိုက်သည်။
"ရိုးရိုးရှင်းရှင်း ငါစဉ်းစားထားပြီးသားပါ၊ တခြားသူတွေ ဆက်ဆံတဲ့ပုံစံအတိုင်း သူတို့ကို ပြန်ဆက်ဆံလိုက်"
"အိုး"
ရွှီဖန်း၏စကားကြောင့် ယန်ပင်း စိတ်ရှုပ်ထွေးသွားသည်။ စိတ်ရှုပ်ထွေးနေသော ယန်ပင်းကိုကြည့်ကာ သူ ပြုံးလိုက်သည်။
"အချက်အလက်တွေကို ငါကြည့်ပြီးပြီ၊ ဒီစကိုလာမှာမိသားစုကြီးရှိတယ်၊ သူ့မိန်းမနဲ့ သားကို ငါတို့ ပြန်ပေးဆွဲပြီး သူနဲ့ လဲလှယ်ရင် ဘယ်လောက်လွယ်ကူလိုက်သလဲ"
“အာ..."
ယန်ပင်းသည် ဒါကိုကြားပြီးနောက် ရွှီဖန်း၏ ဦးနှောက်ကို မချီးမွမ်းဘဲ မနေနိုင်တော့ပေ။ ဤနည်းဖြင့် သူတို့သည် ဒုက္ခများစွာကို ရှောင်ရှားနိုင်မည်
ဖြစ်သည်။ ဘာနည်းပဲဖြစ်ဖြစ် လူကို ကယ်တင်နိုင်
သရွေ့ အဆင်ပြေပေသည်။ ယန်ပင်းသည် ရွှီဖန်းအား ခေါင်းညိတ်ပြ၍...
"ဒါဆို ငါ မင်းအတွက် လုပ်ပေးမယ်၊ ငါ့သတင်းကိုသာ စောင့်နေလိုက်၊ အခုအချိန်က ငါတို့က သာမန်လူတွေပဲ"
သို့သော်လည်း ရွှီဖန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ယန်ပင်းအား ကြားဖြတ်ပြောလာသည်။
"မဖြစ်ဘူး ငါသွားမှရမှာ၊ မင်းကိုယ်မင်း မထုတ်ပြမိဖို့ပဲ အကောင်းဆုံး ကြိုးစားပါ"
"ဟင်"
ယန်ပင်း အံ့သြသွားရပြန်သည်။ ရွှီဖန်း ဘာတွေ
စီစဉ်ထားလဲ သူမသိပေ။
ရွှီဖန်းက ဒီတစ်ကြိမ်တွင်တော့ ယန်ပင်းအား ဘာမှ ရှင်းပြခြင်းမရှိတော့ပေ။ သူ ခေါင်းငုံ့ကာ လက်ထဲရှိ မုရုန်လင်၏ဓာတ်ပုံကို ကြည့်လိုက်သည်။ အလှလေးတွေကို ကယ်တင်သည့် သူရဲကောင်းများ၏ မြင်ကွင်းကို တွေးရင်း သူ့မျက်လုံးများ တောက်ပလာလေသည်။
"ငါတို့ဘယ်ကို သွားမှာလဲ"
ရွှီဖန်းကို ဘာမှမေးစရာမလိုတော့မှန်း ယန်ပင်းသိ၏။
ရွှီဖန်း ယန်ပင်းကိုပြန်ကြည့်၍...
"ဒီနေ့ပဲလုပ်ရအောင် ညဘက်မှဆို အရမ်းအန္တရာယ်များတယ် ငါတို့ကို သူတို့ရဲ့အစောင့်တွေ ဖမ်းမိသွားနိုင်တယ်၊ စကိုလာရဲ့သားက မူလတန်းကျောင်း တက်နေတယ်ထင်တယ်၊ ဒါကြောင့် ဓာတ်ပုံတွေကို ယူပြီး ကျောင်းရှေ့မှာပဲ သားနဲ့ဇနီးကို စောင့်
လိုက်ကြတာပေါ့၊ ဖြစ်နိုင်ရင် သူ့ကို ဖမ်းနိုင်လိမ့်မယ်။"
ယန်ပင်းသည် သူ့ မျက်လုံးများကို ကျဥ်းမြောင်းမိသည်။ ဇနီးနှင့်သားကို ပြန်ပေးဆွဲခြင်းမှာ ရှက်စရာကိစ္စ ဖြစ်သော်လည်း အထူးတလည်အရေးကိစ္စတော့မဟုတ်ပေ။ ထို့အပြင် သူတို့သည် ထိုသားအမိအား ထိခိုက်စေရန် မရည်ရွယ်ထားပေ။ ဒါကြောင့် တရုတ်ပြည်၏ ကျင့်ဝတ်စည်းကမ်းများကို သူတို့ ချိုးဖောက်ခြင်းမဟုတ်ခဲ့ပေ။ သူ ချက်ချင်းပင် ရွှီဖန်းကို ခေါင်းညိတ်ပြခဲ့သည်။
သူတို့ နှစ်ယောက် တက္ကစီတစ်စီးကို တားလိုက်သည်။ နောက်ဆုံးတွင် ဤနေရာသည် နိုင်ငံခြားမြေဖြစ်ကာ မြောက်အရပ်ကိုတောင် မရောက်နိုင်ဘဲ ကျောင်းကိုသာ တန်းသွားခဲ့ရသည်။
*******************