← Chapters

မျက်နှာဖြတ်ရိုက်ခြင်း

Vol. 14 Ch. 207

မျက်နှာဖြတ်ရိုက်ခြင်း

Vol. 14 Ch. 207

ရွှီဖန်း၏ လျစ်လျူရှုသောအမူအရာကိုမြင်လိုက်ရသည့်အခါ ဖန်ချင်းမင်မှာ ယင်ကောင်စားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ရွှီဖန်းကိုကြည့်လိုက်တော့ အဖြူရောင်ဂျင်းဘောင်းဘီနှင့် အရောင်ဖျော့ဖျော့တီရှပ်ကို လျှော်ဖွပ်ဝတ်ဆင်ထားပြီး ဘယ်လိုပဲကြည့်

ကြည့် မိုက်မဲသည့်တောသားနှင့် ဆင်တူတုန်းပင်။ ဖန်ချင်းမင် နားမလည်နိုင်ပေ။ ဒီကောင်ဟာ တောသားအဆင့်ဖြင့် သူနှင့်ပြိုင်ရန် သတ္တိရှိနိုင်ပါ့မလား။

သို့သော်ငြား ရွှီဖန်းစီးလာခဲ့သည့် ရွှံ့များပေလူးနေသောကားကို သတိရမိပြီး သူစိတ်သက်သာရာရသွားခဲ့သည်။ ဒီကောင်ဟာ ကမ္ဘာကြီးကို မမြင်ဖူးဘဲ ဒီလိုကားကိုစီးရတာက ဘာကိုဆိုလိုမှန်း နားမလည်သေးပေ။

"ကောင်လေး အဲ့ဒီအမူအရာကဘာလဲ၊ ဘာလဲ၊ ငါ့ကို မယုံလို့လား"

ရွှီဖန်း သူ့ခေါင်းကို ကုတ်လိုက်ကာ

"အိုက်ယား အစ်ကိုကြီး ကျွန်တော်က ခင်ဗျားကို လာပြီးနှုတ်ဆက်ရုံပဲ၊ ဘယ်ကဘယ်လို မယုံကြည်ဘူးဖြစ်သွားရတာလဲ၊ ကျွန်တော် ဘာများ လုပ်ပြမိလိုက်လို့လဲ"

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေစဥ် တခြားဆရာဝန်တစ်ယောက်ရောက်လာသည်။ သူက အတော်ငယ်ပုံရသည်။ 

"ဒါရိုက်တာဝမ် ကျွန်တော့်ကို ရှာနေတာလား"

ထိုဆရာဝန်က နဖူးမှ ချွေးကိုသုတ်ရင်း လေးလေးနက်နက်မေးလာသည်။ ဒါကိုမြင်တော့ ဒါရိုက်တာဝမ်သည် ဖန်ချင်းမင်အား ထိုကဲ့သို့သော လူမျိုးနှင့် ရန်မဖြစ်တော့သင့်ကြောင်း အကြံပေးလာသည်။

သို့သော် ဖန်ချင်းမင်ကတော့ ရပ်တန့်ရန် ဆန္ဒမရှိခဲ့ပေ။ သူ့ဘေးနားရှိ အမျိုးသမီးဆီသို့ လှည့်၍

"မင်း သူတို့နောက်ကို အရင်လိုက်သွားသင့်တယ်၊ ငါ ဒီကိစ္စဖြေရှင်းပြီးရင် လိုက်လာခဲ့မယ်"

အမျိုးသမီးက ခေါင်းညိတ်ပြကာ ရွှီဖန်းအား မကျေမနပ်ကြည့်၍ ဆရာဝန်နှင့် လှည့်ထွက်သွားလေသည်။ သူမမျက်လုံးထဲမှ ရွံရှာမှုအရိပ်အယောင်များက ရွှီဖန်းအား စိတ်မသက်မသာဖြစ်စေခဲ့သော်လည်း သူစိတ်ထဲမှ အမြန်ထုတ်လိုက်သည်။

"မီးယပ်ဆရာဝန်လား၊ အစ်ကိုဖန် ခင်ဗျား အဖေတစ်ယောက်ဖြစ်ရတာ ပျော်ရဲ့လား၊ အစ်ကိုဖန်က တစ်ကယ်အံ့သြစရာကောင်းတာပဲ၊ အပြင်မှာ အကိုင်းအခတ်တွေဖြန့်တဲ့နည်းလမ်းနဲ့ စေ့စပ်ထားတဲ့မိန်းကလေးကို ဖယ်ရှားဖို့ ကြိုးစားနေတာပဲ"

ရွှီဖန်းသည် ထိုလူအား အနိုင်ချိုးချင်တာကြောင့် ထိုစကားကို အေးစက်စွာပြောလိုက်သည်။

ဖန်ချင်းမင်က အေးစက်စွာနှာမှုတ်၍ ရွှီဖန်း၏ကော်လာကိုဆွဲကာ ခြိမ်းခြောက်လာသည်။

"မင်းဆိုတဲ့တောသားက ခွေးမရှုချိုးယာကို ချိတ်မိရုံလောက်လေးနဲ့ မောက်မာနေတယ်ဟုတ်လား၊ ငါ့ကားတွေထဲက တစ်စီးလောက်ကိုတောင် မင်းမတတ်နိုင်ဘူးဆိုတာ သေချာတယ်၊ ရှူချိုးယာကိုကြိုက်ပြီး ငါ့ဘေးနား လာခုန်ပေါက်နေတဲ့ကောင်တွေကို အမှိုက်တွေလိုသဘောထားပြီး ပစ်ထုတ်ဖို့ပဲ ထိုက်တန်တယ်၊ မင်းကိုယ်မင်း ရတနာလို့ ထင်နေတာလား"

တုံ့ပြန်မှုအနေဖြင့် ရွှီဖန်းသည် ဖန်ချင်းမင်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူ၏အံ့သြနေသော အကြည့်အောက်တွင် သူပြုံးကာ 

"ဆောရီး...သူများက လာဆွဲထားတာမျိုး မကြိုက်လို့၊ အခု မင်းလုပ်တဲ့ပုံစံက ငါ့ကို မသက်မသာဖြစ်စေတယ်၊ ပြီးတော့ အမှိုက်လို ရှင်းပစ်မယ်ဆိုတာက ဘာသဘောလဲ"

ဒါကိုမြင်တော့ ဒါရိုက်တာဝမ်သည် သူတို့ကိုတားရန် ရောက်လာလေသည်။ 

"အာ...ဒီက လူကြီးမင်း၊ ဒီကိစ္စကို ရပ်လိုက်ပါတော့၊ ဒီနေရာက ဆေးရုံဖြစ်လို့ ကျေးဇူးပြုပြီး ရန်မစပါနဲ့၊ ဒီလိုဆက်လုပ်နေရင် ကျွန်တော်တို့ပဲ ဒုက္ခရောက်ရလို့ပါ"

ရွှီဖန်းသည် ဒါရိုက်တာဝမ်ကိုကြည့်၍ လှောင်လိုက်သည်။

"ဘာက ဒုက္ခလဲ၊ ခုနက သူအရင် ပြဿနာလာရှာနေတုန်းကတော့ ခင်ဗျား ဘာလို့ မတားရဲလဲ၊ ကျွန်တော်အနိုင်ကျင့်ခံနေရတုန်းကတော့ ဘာလို့ လာမကူညီပေးလဲ၊ ဒီနေရာက ဆေးရုံလား အကျဥ်းသားစုဆောင်းရေးနေရာလားတောင် မသိတော့ဘူး"

ရွှီဖန်းမှ ရပ်တန့်ရန်ဆန္ဒမရှိဘဲ သူ့သဘောထားက ပြင်းထန်စွာ သည်းမခံနိုင်သေးသည်ကို ဒါရိုက်တာဝမ်မြင်သည့်အခါ ဘာမှထပ်မပြောဝံ့တော့ပေ။ 

"ရွှီဖန်း ဘာလုပ်နေတာလဲ၊ သွားကြရအောင်"

ဒါကိုကြားသည့်အခါ ရွှီဖန်းအံ့သြသွားရပြီး ဘေးပတ်လည်ကိုကြည့်လိုက်ရာ သူနှင့် တန်းတန်းရပ်နေသည့် ရှုချိုးယာကို တွေ့လိုက်ရသည်။ သူမ၏ သဘောထားကိုလည်း သူအံ့အားသင့်သွားရသည်။

"လူနဲ့ တိရိစ္ဆာန်ကြားမှာ ဘာမှ အငြင်းပွားနေစရာအကြောင်းမရှိဘူး၊ ရှင် သူနဲ့ ဘာတွေပြောနေတာလဲ"

ဒါကိုကြားသည့်အခါ ရွှီဖန်းသည် မထွက်သွားခင် ဖန်ချင်းမင်အား တမင်ရန်စသည့်အကြည့်ဖြင့် ကြည့်ပေးခဲ့သေးသည်။

"ရှုချိုးယား ဒါက ဘာသဘောလဲ၊ ငါက မင်းနဲ့စေ့စပ်ထားတဲ့ယောကျ်ားနော်၊ မင်း တစ်ကယ်ပဲ ဒီတောသားနဲ့ ညိနေတာလား၊ ငါ တစ်ကယ်..."

ဖန်ချင်းမင်သည် ရွှီဖန်းထံ၌ ရှုံးခဲ့ရသည်။ ရှုချိုးယာမှ သူ့အရှေ့မှာပေါ်လာသည့်အခါ မေးခွန်းမထုတ်ဘဲ မနေနိုင်ခဲ့ပေ။

ရှုချိုးယာက အေးစက်စွာ နှာမှုတ်လာသည်။ သူမသည် ရွှီဖန်းလက်မောင်းကိုဖက်ရင်း ရှေ့ကိုဆွဲကာ ၁၆လွှာမှ 

ခွဲစိတ်ခန်းရှိရာသို့ ပြန်ခေါ်သွားချင်နေသည်။ သို့သော် ဖန်ချင်းမင်၏ရယ်သံက အနောက်မှ လိုက်ပါလာသည်။

"မျှော်လင့်ထားတဲ့အတိုင်း တောသားနဲ့ တွဲနေတဲ့ ရွံစရာပေါင်းစပ်မှုပဲကို...ဘယ်လိုတောင် တိုက်ဆိုင်တာလဲ"

ရှုချိုးယာ ရပ်သွားကာ သက်ပြင်းတစ်ချက်ချလေသည်။ သူမ၏မျက်လုံးများက မျက်ရည်တချို့ရစ်ဝဲနေသည်။ ရွှီဖန်း အနောက်ကို ပြန်လှည့်၍ ဖန်ချင်းမင်ဆီလျှောက်သွားကာ လေသံနိမ့်ဖြင့် ဆိုလာသည်။

"မင်း ဘာကိုလိုချင်နေတာလဲ"

ရွှီဖန်းသည် ဖန်ချင်းမင်ထက် ခေါင်းတစ်လုံးစာပိုမြင့်လေသည်။ ဖန်ချင်းမင်သည် သူ့မျက်လုံးထဲမှ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားလိုက်ရတာကြောင့် စိတ်မသက်မသာဖြစ်သွားရသည်။ သူ ရွှီဖန်းအား အဝေးကို တွန်းလွှတ်ရန် သူ့လက်ကို မြှောက်လိုက်သည်။

ရွှီဖန်း၏ခန္ဓာကိုယ်သည် ကြံ့ခိုင်သန်စွမ်းပြီး တချို့သိုင်းတတ်သည့်ဆရာများနှင့်ပင် ယှဥ်လို့ရပေသည်။ သူ ဘာစကားတစ်ခွန်းမှမပြောဘဲ မြောက်တက်လာသည့် လက်ကိုဆွဲ၍ ထိုကောင့်ကို လှေကားရှိရာဆီ ဆွဲခေါ်သွားလိုက်သည်။

ရွှီဖန်းကို ထိုကဲ့သို့မြင်လိုက်ရသည့်အခါ ဖန်ချင်းမင်၏လေသံသည် ပျော့ပြောင်းသွားပြီး ကြောက်ရွံ့မှုရောစွက်နေသော အသံဖြင့် အော်လာသည်။

"ဘာလုပ်နေတာလဲ သွားကြမယ် ဒါရိုက်တာဝမ်! ဆေးရုံမှာ ဒုက္ခလာရှာနေတဲ့ ဒီလိုကောင်ကို ဂရုစိုက်စရာမလိုတော့ဘူး"

"ဖက်!"

ရွှီဖန်းသည် ကရုဏာကင်းမဲ့စွာဖြင့် ဖန်ချင်းမင်၏ကိုယ်ကို တစ်ပတ်လှည့်ကာ သူ့ပါးစပ်ကို ဖြတ်

ရိုက်ချလိုက်တာကြောင့် သူ တောင့်တင်းသွား

တော့သည်။ တစ်ချိန်တည်းမှာပင် သူ တိတ်ဆိတ်စွာ ခြေယိုင်ကျသွားတော့သည်။

ရွှီဖန်းသည် ဖန်ချင်းမင်အား လှေကားရှိရာသို့ ဆွဲခေါ်သွားလေသည်။ ရွှီဖန်း၏လက်ထဲ၌ ဖန်ချင်းမင်သည် ကြက်ပေါက်တစ်ကောင်ကဲ့သို့ ပါသွားကာ ပြန်လည်တိုက်ခိုက်ရန်ပင်စွမ်းအားမရှိခဲ့ပေ။

ရှုချိုးယာကလည်း လျှောက်လာသည်။ သူမသည် အံကိုကြိတ်ရင်း ဖန်ချင်းမင်ကို ကြည့်ကာ ပြောလာသည်။

"နောက်ရက်အနည်းငယ်ကျရင် ငါ့မိသားစုက စေ့စပ်ပွဲကို ဖျက်သိမ်းလိမ့်မယ်၊ ပြီးရင် ငါတို့နှစ်ယောက်ကြား ဘာမှမသက်ဆိုင်တော့ဘူး၊ ငါ့ကို အနှောင့်အယှက်ပေးနေတာ ရပ်တော့"

ရှုချိုးယာ၏အခုလက်ရှိအမူအရာကို ရွှီဖန်း ပထမဦးဆုံးမြင်ဖူးခြင်းပင်။ ဤဖန်ချင်းမင်မှာ တော်တော်လေးစွမ်းပုံရသည်။ မဟုတ်လျှင် ဘယ်သူကမှ အခုလိုအနေအထားထိ ရွံရှာဖွယ်ကောင်းအောင် နေတတ်လိမ့်မည်မဟုတ်ပေ။ 

"ရှုချိုးယာ ရူးသွားပြီလား၊ ဒီတောသားအတွက်ကြောင့် ငါနဲ့စေ့စပ်ထားတာကို ဖျက်သိမ်းရဲတယ်ပေါ့"

ရှုချိုးယာက ဖန်ချင်းမင်း၏မေးခွန်းကို သရော်လာသည်။

"ငါ ရွှီဖန်းအနောက်ကိုသာ လိုက်သွားရင်လိုက်သွားမယ်၊ နင့်လို လူဆိုးလူယုတ်နောက်တော့ ငါမလိုက်ဘူး"

ရှုချိုးယာ၏စကားများကို ကြားသော် ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ ဒါက ချီးကျူးနေတာလား၊ ကျိန်နေတာလားမသိနိုင်ပေ။ သူ နှာခေါင်းကိုပွတ်ကာ ဘာမှမကြားသယောင် ဟန်ဆောင်လိုက်ရသည်။

ဖန်ချင်းမင်၏မျက်နှာက ရွှီဖန်းကိုကြည့်ရင်း မည်းမှောင်နေကာ မကောင်းသော ရည်ရွယ်ချက်ဖြင့် ပြောလာသည်။

"ရွှီဖန်း... မင်းကို မှတ်ထားတယ် စိတ်မပူနဲ့၊ ဒီအကျိုးဆက်ကို မင်းပြန်ခံစားရအောင် ငါလုပ်ပြမယ်"

ပြောပြီးသည်နှင့် ဖန်ချင်းမင်သည် ရွှီဖန်း ရိုက်မှာစိုး၍ လှည့်ကာ ပြေးထွက်သွားသည်။ ရှုချိုးယာနှင့် ရွှီဖန်းမှာ စကားပြန်ပင် မပြောလိုက်ရပေ။

ရှုချိုးယာက ရွှီဖန်း ဘက်လှည့်ကာ တောင်းတောင်းပန်ပန်ပြောလာသည်။

"ဒီကိစ္စထဲဆွဲသွင်းမိလို့ တောင်းပန်ပါတယ်"

**********************

All Chapters