← Chapters

သေအောင် အရှက်ရခြင်း

Vol. 13 Ch. 184

သေအောင် အရှက်ရခြင်း

Vol. 13 Ch. 184

ရွှီဖန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ အနည်းငယ် နေရခက်သလို ခံစားခဲ့ရသည်။ ဘာကြောင့်လဲဆိုတော့ ရောက်လာသူက သူ့ရည်းစားဟောင်းနှင့် လင်းချီပင်။

ထိုအချိန်တွင် ကျန်းယန်ကလည်း သူ့ကို ရှက်ရွံ့သော အမူအရာဖြင့် ကြည့်နေသည်။ ခုနက ချိုးဆုအာနှင့် သူ၏ တရင်းတနှီးအပြုအမူများကို မြင်သွားလားတော့မသိပေ။ 

ရွှီဖန်း သူမကို ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် အခန်းကတ်ကိုသုံး၍ တံခါးကိုဖွင့်ကာ အခန်းထဲသို့ ဝင်ခဲ့သည်။

အလုပ်များခဲ့တဲ့နေ့ရက်ကြောင့် ရွှီဖန်းလည်း နည်းနည်း ပင်ပန်းနေ၏။ အခု ဖြစ်ပျက်ခဲ့တာတွေကြောင့် သူ့စိတ်က ပိုလို့တောင် ပင်ပန်းနေသည်။ အခန်းထဲသို့ ဝင်ပြီးနောက် အဝတ်ကိုချွတ်ကာ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

အေးစက်နေသောရေအောက်တွင် သူ၏ အာရုံပျံ့လွင့်နေသော အတွေးများကို ခက်ခက်ခဲခဲ ဖိနှိပ်

လိုက်ရသည်။ မြစ်အောက်ပိုင်းရွာကို ပြန်ရောက်

သည့်အခါ အခွင့်အရေးကောင်းကို သေချာပေါက် ရှာရမည်ဟု တွေးကာ အသက်ပြင်းပြင်းရှူထုတ်မိသည်။ မဟုတ်ဘဲ ဒီအတိုင်းဆက်သွားပါက သူ အသက်ရှူကြပ်ရလို့ သေမှာပင်။

သူတစ်ယောက်တည်း ဒီအခန်းမှာ အိပ်ရမှာ ဖြစ်တာကြောင့် ရေချိုးပြီးနောက် ရေချိုးဝတ်ရုံကိုသာ ပေါ့ပေါ့ပါးပါးဝတ်ဆင်၍ ထိုင်ခုံပေါ်တွင်ထိုင်ကာ ဆံပင်ကို သုတ်လိုက်သည်။ သူ့ဆံပင်တွေ ခြောက်လုနီးပါးဖြစ်လာသည့်အခါ အိပ်ရာပေါ်တက်လိုက်သည်။

ဒေါက် ဒေါက်

သူအိပ်ရာဝင်ခံနီးတွင် တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရ၏။ ရွှီဖန်း အံ့သြသွားသည်။ အရမ်းနောက်ကျနေပြီဖြစ်သလို လီထိုက်ကန်းနှင့် ကျောက်ဟွာကလည်း ထွက်သွားလေပြီ။ ယုတ္တိရှိရှိပြောရလျှင် သူ့ကို ဘယ်သူမှ လာမရှာနိုင်ပေ။

ဖြစ်နိုင်မလား။

ရွှီဖန်း၏ စိတ်ထဲ၌ ဖြစ်နိုင်ချေက ချိုးဆုအာပင်။ ဒီည သူ့ဆီ လာနိုင်သော လူက ချိုးဆုအာပင်။ 

"အစ်မဆုအာက ငါအဆင်မပြေမှာကြောက်လို့ ရောက်လာတာများလား"

ချိုးဆုအာသည် အလွန်ဂရုစိုက်တတ်သူဖြစ်နိုင်သည်ဟု ရွှီဖန်း တွေးလိုက်မိသည်။ ခက်ခက်ခဲခဲငြိမ်းသက်ခဲ့ရသည့် မီးတောက်ကို ပြန်တွေးမိသည့်အခါ ရွှီဖန်း၏ မျက်လုံးက တောက်ပလာသည်။ 

တံခါးခေါက်သံက မြည်နေတုန်းပဲဖြစ်၍ ရွှီဖန်း အပြေးလေးသွားဖွင့်လိုက်သည်။

"အစ်မဆုအာလား"

တံခါးမဖွင့်ခင်အထိ သူစိတ်လှုပ်ရှားနေခဲ့သော်လည်း အပြင်မှလူကို မြင်ပြီးနောက် သူတောင့်တင်းသွားရသည်။

"အာ ကျန်းယန်လား"

ရောက်လာသည့်လူက ချိုးဆုအာမဟုတ်ဘဲ သူ့ရည်းစားဟောင်း ကျန်းယန်ဖြစ်နေ၏။ လင်းချီကို သူ့အခန်းထဲသို့ ဝင်နိုင်အောင် ကူညီပေးနေတာကို သူခုနကမှ မြင်ခဲ့ပေသည်။ ဒါကို ဘာလို့ သူ့ဆီရောက်လာတာလဲမသိပေ။ ရွှီဖန်းသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

"ဘာကိစ္စလဲ"

ရွှီဖန်း၏ အမူအရာက သတိထားသလို ဖြစ်နေသော်လည်း ကျန်းယန်က စိတ်မဆိုးပေ။ သူမပြုံး၍ မျက်စောင်းထိုးလိုက်ကာ

"ဘာလဲ ငါအဆင်ပြေလည်း နင့်ကို လာရှာလို့မရဘူးလား"

"အာ...အဲ့ဒီလိုတော့ မဟုတ်"

ကျန်းယန်၏ လက်ရှိ စိတ်သဘောထားက မဆိုးတာကြောင့် ရွှီဖန်းသည် သူအိပ်တော့မှာမလို့ ထွက်သွားဖို့ ပြောရန်အတွက် ရှက်ရွံ့နေ၏။ 

ကျန်းယန်က ရွှီဖန်းဘေးမှ အခန်းကို ညွှန်ပြ၍

"လင်းချီနဲ့ ငါ့အခန်းက နင့်ရဲ့ဘေးမှာရှိနေတာ တိုက်ဆိုင်မှုပဲမလား၊ ရွှီဖန်း ငါ့ကို အခန်းထဲ မဖိတ်တော့ဘူးလား"

ကျန်းယန်သည် ဘာရည်ရွယ်ချက်မှမရှိဘဲ လင်းချီက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့် သူနှင့် စကားပြောရန် ရောက်လာပုံရသည်။ သူ့အခန်းထဲ ဝင်ရန်တောင်းဆိုမှုအား သူမငြင်းနိုင်ခဲ့တာကြောင့် ရွေးချယ်စရာမရှိဘဲ ဝင်ခွင့်ပေးလိုက်ရသည်။ 

သူမ အခန်းထဲဝင်ပြီးနောက် ရွှီဖန်း တံခါးပိတ်လိုက်သည်။ အခုဆို သူနှင့်ကျန်းယန်က တစ်ခန်းတည်းမှာဖြစ်နေသည်။ ရိုးရိုးသားသားပြောရလျှင် ရွှီဖန်းသည် တခြားသူများ မြင်သွားမည်ကို ကြောက်ပေသည်။ အထူးသဖြင့် ချိုးဆုအာ အထင်လွဲသွားတာမျိုး သူမဖြစ်ချင်ပေ။

ကျန်းယန်က အခန်းထဲရှိ ပရိဘောဂများကို တစ်ချက်ကြည့်ကာ ပြုံး၏။ 

"ငါတို့ ဟိုတယ်မှာ ပထမဆုံးအကြိမ် တည်းခိုခဲ့ဖူးတဲ့ အချိန်ကို မှတ်မိသေးလား"

"အဟွတ် အဟွတ်!"

ကျန်းယန်က သူနှင့် ဟိုတယ်အခန်းယူခဲ့သည့်

အကြောင်း ပြောလာသည့်အခါ ရွှီဖန်းမှာ နေရခက်သွားတော့သည်။

ထိုအချိန်က ကျန်းယန်နှင့် ချစ်ကျွမ်းဝင်ခဲ့သည့် ပထမဆုံးနှစ်ပတ်လည်နေ့ဖြစ်သည်ကို သူမှတ်မိပေသည်။ သူ ကျန်းယန်ကို ဟိုတယ်သို့ ခေါ်ဆောင်ကာ အားကစားတစ်ခုဖန်တီးခဲ့ပေသည်။

အတိတ်အကြောင်းကို ပြန်တွေးရင်း ရွှီဖန်း၏ စိတ်ထဲ၌ မသင့်လျော်သော မြင်ကွင်းတချို့ ပေါ်လာသည်။ ထိုအရာက ကျန်းယန်နှင့် ဆက်စပ်နေပေ၏။ 

ရိုးရိုးသားသားဆိုရလျှင် ကျန်းယန်၏ အလှက ချိုးဆုအာလောက် မသာသော်ငြား တချို့နေရာတွေမှာတော့ သူမအရည်အချင်းက တစ်ကယ်ကို အားကောင်းပေသည်။

"................."

စက္ကန့်အနည်းငယ်ကြာပြီးနောက် ရွှီဖန်း အသိဝင်လာကာ ထိုမသင့်လျော်သော မြင်ကွင်းများကို ဖြတ်

တောက်လိုက်သည်။ လက်ရှိကျန်းယန်သည် ထိုအချိန်က သူတွေ့ခဲ့ရသော ဖြူစင်ပြီး အပြစ်ကင်းသည့် မိန်းကလေးမဟုတ်တော့ပေ။ ဒါကြောင့် အရင်

အကြောင်းတွေ ပြန်တွေးစရာမလိုတော့ပေ။ ထိုအချိန် ပြည်နယ်မှ ထွက်ခွာလာသည့် နေ့ကတည်းက သူ့မသည် သူ့အတွက် သေဆုံးသွားသောလူအဖြစ်သာ ကျန်ရစ်ခဲ့ပေသည်။

ထို့နောက် အသက်ပြင်းပြင်းရှူကာ ပူနွေးစပြုနေသည့် သူ့ခန္ဓာကိုယ်၏ အခြေအနေကို ဖိနှိပ်လိုက်သည်။ ကံကောင်းသည်က ကျန်းယန်သည် သူ့အပြုအမူများကို သတိမထားမိခဲ့ပေ။ မဟုတ်လျှင် နားလည်မှုလွဲတာမျိုး ဖြစ်လာနိုင်၏။ 

"လင်းချီက မဆိုးပါဘူး၊ မင်းသူ့ကို ကောင်းကောင်းတန်ဖိုးထားသင့်တယ်"

ရွှီဖန်း၏ စကားကိုကြားသော် ကျန်းယန်သည် တုန်ယင်ကာ အံ့အားသင့်သွားခဲ့သည်။ 

တစ်ကယ်တော့ သိပ်အများကြီးမတွေးရန် အကြံပေးနေခြင်းပင်။ ကျန်းယန် ရှက်ရွံ့စွာ ပြုံးလိုက်ကာ

"သူကမဆိုးပါဘူး ဒါပေမယ့် နင့်လောက်တောင် ကောင်းမယ်မထင်ဘူး"

ကျန်းယန်က ပြောပြီးသည်နှင့် ရွှီဖန်းအား ချစ်ခင်စွာ ကြည့်လာတာကြောင့် သူ့အား စိတ်မသက်

မသာ ဖြစ်စေခဲ့သည်။

"ရေတစ်ခွက် ယူလာခဲ့ပေးမယ်"

ရွှီဖန်းသည် သူ့နှာခေါင်းအား ဝတ်ကျေတန်းကျေထိကာ ရေနွေးအိုးဆီ လျှောက်သွားလိုက်သည်။ ရေတစ်ခွက်လောင်းချပြီးနောက် ကျန်းယန်ဆီ ပြန်သွားလိုက်သည်။

"ဒီမှာ ရေသောက်လိုက်"

ကျန်းယန် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ရွှီဖန်း၏ မျက်လုံးထဲမှ ဂရုမစိုက်မှုများကို သူမ မမြင်ချင်ပေ။ ရွှီဖန်း၏အကြည့်အရ သူမတို့သည် ယခုအချိန်တွင် မရင်းနှီးသော သူစိမ်းများကဲ့သို့ ဖြစ်နေသည်။

ကျန်းယန် ရေခွက်ကို ယူကာ သူမလက်ထဲမှ ခွက်ကို တမင်ချော်အောင်လုပ်ခဲ့တာကြောင့် ရေများယိုဖိတ်သွားခဲ့သည်။

သူမဝတ်ထားသည်က အဖြူရောင်ရှပ်အင်္ကျီဖြစ်သည်။ ရင်ဘတ်ပေါ်တွင် ရေခွက်တစ်ခုလုံးကို လောင်းချခဲ့တာကြောင့် သူမ၏ အဝတ်အစားများက ရင်ဘတ်ပေါ်ရှိ ပျော့ပျောင်းသော အသားပေါ်တွင် ကပ်နေပြီး ပေါ်လုနီးပါးဖြစ်နေ၏။ အနက်ရောင်

ဘရာစီယာကိုလည်း မသိမသာမြင်နိုင်ပေသည်။

ကျန်းယန်၏ ရင်သားများက သူမအတွက် အမြဲတမ်းဂုဏ်ယူစရာဖြစ်သည်ဟု ဆိုရပေမည်။ ယခင်က အကြိမ်ပေါင်းများစွာ မြင်ဖူးသည့်ရွှီဖန်းသည်ပင် အံ့သြတုန်လှုပ်သွားရသည်။

"ကြည့်ကောင်းလား"

ရွှီဖန်း၏ စိုက်ကြည့်ခြင်းအား ကျန်းယန်သည် ရှက်ရွံ့မှုကို မပြခဲ့ပေ။ ထိုအစား သူမသည် သူ့အား ချစ်စဖွယ်ကြည့်ကာ သွေးဆောင်လာသည်။

ရွှီဖန်း၏ မျက်နှာက နီရဲသွားသည်။ ထိုအခါမှသာ သူစည်းကျော်သွားမှန်း သတိရသွားခဲ့သည်။ သူ ဘေးနားမှာ တစ်ရှူးကို အမြန်ထုတ်၍ ပေးလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျန်းယန် အမြန်သုတ်လိုက်ပါ"

"နင်လုပ်ပေး...ငါ့အစား သုတ်ပေးလေ"

ကျန်းယန်သည် သူထင်ထားသည်ထက် ပို၍ ရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက သူ့လက်ကိုဆုပ်ကိုင်ကာ ဖိချလာသည်။ သူ၏ လက်ဖဝါးက စိုစွတ်သော အဝတ်အစားများ၏ အေးမြသော ထိတွေ့မှုအပြင် ပျော့ပျောင်းမှုတစ်ခုကိုပါ ခံစားလိုက်ရသည်။

"မလုပ်နိုင်ဘူး!"

ကျန်းယန်သည် သူ့လက်ကို ဆွဲ၍ သူမခန္ဓာကိုယ်အပေါ်၌ ရွေ့လျားစေသည်ကို ရွှီဖန်းမြင်သည့်အခါ သူ့လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပေသည်။

*******************

All Chapters