အဆိပ်ပြင်းကောင်၏ အသွင်အပြင်
Vol. 19 Ch. 283
ရွှီဖန်းသည် သူ့ရင်ခွင်ထဲတွင် ပုန်းနေသော ချိုးဆုအာကို အပြုံးဖြင့် ကြည့်နေခဲ့သည်။ သူ သူမ၏ပုခုံးကို ပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေပါတယ်၊ ကိုယ်တို့အားလုံးက မိသားစုတွေပဲကို ဘာကိုကြောက်နေတာလဲ"
ရွှီဖန်း၏ဝံ့ကြွားသံကို ကြားလိုက်ရသောအခါ ချိုးဆုအာသည် မကျေမနပ်ဖြစ်သွားရသည်။ သူမ ရွှီဖန်းအား အေးစက်စွာ နှာမှုတ်ပြလိုက်သည်။
"ဟမ့်! မင်း ဒီကိစ္စကို လွယ်လွယ်ပြောလိုက်တာပဲ၊ ဒီလိုပုံစံမျိုးနဲ့ ဦးလေးနဲ့ အဒေါ်ကို အစ်မက ဘယ်လိုမျက်နှာထားနဲ့ စကားပြောနိုင်တော့မှာလဲ၊ အစ်မက အရှက်ဆိုတာ ဘာမှန်းမသိတဲ့ မိန်းမမျိုးဆိုပြီး သူတို့ ထင်သွားလိမ့်မယ်။"
ချိုးဆုအာ စကားပြောပြီးသည်နှင် ရွှီဖန်းသည် သူ့မိဘဘက်မှ ခုခံပြောပေးခဲ့သည်။
"မင်းက အရမ်းတွေးနေတာပဲ၊ ကိုယ့်မိဘတွေက အရမ်းပွင့်လင်းတဲ့လူတွေ၊ နောက်ပြီး သူတို့က အခုဆို ကိုယ့်ထက် မင်းကိုတောင် ပိုပြီးသဘောကျနေသေးတယ်၊ ဘာပဲဖြစ်နေဖြစ်နေ အမြဲတမ်း မင်းကို ကာကွယ်ပေးနေတာ၊ ဘယ်လိုလုပ် သူတို့က မင်းကို
နားလည်မှုလွဲရမှာတဲ့လဲ"
ချိုးဆုအာသည်လည်း ဤအချက်နှင့် ပတ်သက်၍ အလွန်ရှင်းရှင်းလင်းလင်း သိထားပေသည်။ သူမ ဒီမိသားစုထဲကို ရောက်ရှိလာကတည်းက အမေရွှီနှင့် အဖေရွှီသည် သူမကို အရမ်းဂရုစိုက်ပေးခဲ့သည်။ သူမသည် သူတို့၏ချွေးမဖြစ်သောကြောင့်သာမကဘဲ သူမ၏စိတ်နေစိတ်ထားနှင့် ရွှီဖန်းအပေါ် သူမ၏ ဂရုစိုက်မှုများကြောင့်လည်းပါသည်။
သူမသဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကာ...
"ဟမ့်! အဲ့ဒါကတော့ အမှန်ပဲ၊ ဦးလေးနဲ့အဒေါ်က မင်းထက်အများကြီးပိုကောင်းတယ်"
နောက်ဆုံးတွင် သူမ ဤကိစ္စအား ကျော်သွားနိုင်သည်ကို မြင်လိုက်ရသည့်အခါ ရွှီဖန်းလည်း ချက်ချင်းပင် ပျော်ရွှင်သွားခဲ့သည်။ ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် ရယ်မောကာ
"ဟားဟားဟား ကိုယ် ဒီအိမ်ရဲ့ အစာကွင်းဆက်
အောက်ခြေကို ရောက်နေသလို ခံစားရတယ်၊ ကိုယ် အိမ်ထဲဝင်လိုက်တာနဲ့ ဒီတံခါးကလွဲလို့ ရှို့ရှို့အပါအဝင် အကုန်လုံးကို ကြောက်နေရပါလား"
ရွှီရှို့ရှို့သည် ရွှီဖန်း၏ညီမဖြစ်သည်။ အကယ်၍ ရွှီဖန်းကြောင့်သာမဟုတ်ပါက၊ သို့မဟုတ် သူ၏ ကံကောင်းမှုနှင့် ကောင်းကင်ဘုံနန်းဖြင့် ဆက်သွယ်ရန် အခွင့်အရေးသာ မရှိခဲ့ပါက ရှို့ရှို့သည်လည်း ကျောင်းသူတစ်ဦးဖြစ်ရန် အခွင့်အရေးရနိုင်လိမ့်မည်မဟုတ်ပေ။
ချိုးဆုအာသည် ရွှီဖန်း၏လျှို့ဝှက်ချက်ကို မသိတာကြောင့် အများကြီးမတွေးခဲ့ပေ။ သူမ နားထောင်ပြီးနောက် ရွှီဖန်း၏ပွေ့ဖက်မှုမှ ရုန်းထွက်လာခဲ့သည်။ သူမသည် ရွှီဖန်းအား လေးနက်သော မျက်နှာဖြင့် ကြည့်ကာ သဘာဝကျသလို ပြောလာခဲ့သည်။
"ဒါက ဖြစ်သင့်တယ်မဟုတ်လား၊ အစ်မတို့အားလုံးက မင်းရဲ့မိသားစုတွေပဲ၊ မင်း မကြောက်သင့်ဘူးလား"
ချိုးဆုအာ၏ စကားကိုကြားပြီးနောက် ရွှီဖန်းသည် ထပ်မတုံ့ပြန်ဝံ့တော့ပေ။ သူ ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဖြစ်သင့်ပါတယ်၊ မိန်းမရေ ကိုယ် နောက်ဆုံးပြောစရာရှိတယ်"
ရွှီဖန်း ပြောပြီးသည်နှင့် ချိုးဆုအာ ရှက်သွားရပြန်သည်။ သူမ ရွှီဖန်းအား မှုန်တေတေဖြင့် လှမ်းရိုက်ကာ ပြောလိုက်သည်။
"ကျစ်! ဘယ်သူက မင်းရဲ့မိန်းမလဲ"
သို့သော် သူမ၏ ရှက်ရွံ့နေသော မျက်နှာနှင့် ပျော်
ရွှင်နေသော အသံလေးကြောင့် ရွှီဖန်းမှ သူမအား မိန်းမဟု ခေါ်သောအခါ သူမ အလွန်ပျော်ရွှင်နေကြောင်း သိနိုင်သည်။ သူမ အကျယ်ကြီး မထုတ်ပြောချင်ခဲ့၍သာ...
ရွှီဖန်းလည်း ၎င်းကို တွေးမိပြီး ချိုးဆုအာ၏နှာခေါင်းကို တို့ကာ 'မင်းလေးကတော့'ဟု စနောက်ခဲ့ပေသည်။
ရွှီဖန်း၏စကားကို ကြားပြီးနောက် ချိုဆုအာသည် စကားများစွာ ထပ်မပြောတော့ပေ။ သူမသည် အေးစက်စွာ နှာမှုတ်ရင်း သူ့ကို စစ်မေးလိုသည့်အလား မေးလိုက်သည်။
"ဟမ့်! အပြင်မှာ မင်းရဲ့မိန်းမတွေ ဘယ်နှစ်
ယောက်တောင်ရှိနေပြီလဲ အစ်မ မသိသေးပါဘူး"
ချိုးဆုအာ ပြောပြီးသည်နှင့် ရှုချိုးယာ၊ ဝူယွီရွှမ်းနှင့် ရှောင်းချောင်တို့၏ ပုံရိပ်သည် ရွှီဖန်း၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။ အချိန်အတော်ကြာအောင် တွေးကြည့်ပြီးသည့်နောက်တွင် သူ နေရခက်သလို ခံစားရပေသည်။ သူတို့အပေါ်၌ သူ အကြွေးတွေ ဘယ်လောက်များများတင်နေပြီလဲ သူမသိပေ။
ရွှီဖန်းသည် သူ့ရှေ့တွင် ရပ်နေသော ချိုးဆုအာကို ကြည့်ရင်း အလွန်အပြစ်ရှိသလိုခံစားလိုက်ရပေသည်။
"အာ...အဲ့ဒါက"
ချိုးဆုအာသည် ရွှီဖန်းတစ်ယောက် အပြင်မှာ ဘာတွေ
ဖြစ်နေလဲဆိုတာကို သိထားပြီးသားပင်။ သူမ အတိအကျ မသိသော်လည်း ရှောင်းချောင်နှင့် ရှုချိုးယာတို့အပေါ်ထားသော ရွှီဖန်း၏ အကြည့်ထဲ၌ စွဲမက်ခြင်းနှင့် နှစ်လိုခြင်းအရိပ်အယောင်များကိုတော့ သူမ နားလည်နေဆဲဖြစ်သည်။
သို့သော် ချိုးဆုအာထံ၌ အမြဲတမ်း သိမ်ငယ်စိတ်က ရှိနေခဲ့တာကြောင့် ရွှီဖန်းအား တစ်ခါမှ မထုတ်ဖော်ပြသခဲ့ပေ။ မုဆိုးမတစ်ယောက်အနေဖြင့် ရွှီဖန်းနှင့် မထိုက်တန်ဘူးလို့ သူမ ခံစားမိသည့်အတွက် အပြင်မှာလည်း အမျိုးသမီးတစ်ယောက်ကို ရှာခွင့်ပေးခဲ့သည်။ သို့သော်ငြား သူမသည် ငယ်ရွယ်သောအမျိုးသမီးဖြစ်နေဆဲဖြစ်ပြီး ရွှီဖန်းကိုလည်း အလွန်ချစ်ပေသည်။
ရွှီဖန်း စကားထစ်နေတာကိုကြည့်ရင်း ချိုးဆုအာသည် စိတ်ထဲ၌ မကောင်းသည့် အငွေ့အသက်ကို ရလိုက်
မိသည်။ သူမသည် သဘာဝမကျသော နူးညံ့မှုဖြင့် ရွှီဖန်းအား ကြည့်ကာ မေးလိုက်သည်။
"ဘာလဲ ပြောစရာစကားတွေ မရှိတော့ဘူးလား၊ အပြစ်ရှိသလို ခံစားနေရလို့လား"
ချိုးဆုအာ၏ ယခုလို ပုံစံမျိုးကို ရွှီဖန်း တစ်ခါမှ မမြင်ဖူးဘူး။ ချိုးဆုအာမှ သူ့ကို ဒီလိုမျိုး မေးခွန်းထုတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့တာကြောင့် သူလည်း သတိလက်လွတ်ဖြစ်သွားခဲ့သည်။ သူက ချိုးဆုအာကို လျင်မြန်စွာကြည့်၍ ရှင်းပြရန်ကြိုးစားခဲ့သည်။
"မဟုတ်ဘူး..."
သို့သော် ရွှီဖန်း စကားပြော၍ မပြီးဆုံးခင်မှာပင် သူ့အား အေးစက်စက်အသံတစ်ခုက ကြားဖြတ်ပြောလာခဲ့သည်။
"မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေကြတယ်ပေါ့"
ရွှီဖန်းသည် ထိုအေးစက်စက်အသံကိုကြားပြီးနောက်တွင် လူသတ်သမားရောက်လာကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်ရပေသည်။ သူ လှည့်ကြည့်လိုက်တော့ ဘယ်သူ့ကိုမှ မတွေ့ပေ။ လူသတ်သမားသည် အိမ်ထဲတွင် ပုန်းအောင်းနေနိုင်သည်။
ရွှီဖန်း အော်လိုက်ကာ...
"ဘယ်သူလဲ!"
ရွှီဖန်းသည် အလွန်သတိထားနေသည့်ပုံရသော်လည်း သူ့စိတ်ထဲတွင်တော့ လျှို့ဝှက်စွာ အားပေးနေခဲ့သည်။
"ငါ့ဆီ လာစမ်းပါ!"
ထိုလူသတ်သမားသည် သူ့အား အမှန်တကယ်ပင် ကူညီပေးခဲ့သည်။ သူသာ အချိန်ကိုက် ပါးစပ် မဟလာလျှင် ရွှီဖန်း ဘယ်လိုလုပ်ရမှန်း သိတော့မည်မဟုတ်ပေ။ အပြင်မှာ မိန်းမတစ်ယောက်ရှိနေသည်အား ချိုးဆုအာကို ဘယ်လိုလုပ် သူ ရှင်းပြနိုင်မည်နည်း။
စိတ်မပူပါနဲ့...နေရာတိုင်းမှာ ကိုယ် မေတ္တာတွေ ဖြန့်ကျဲထားပေမယ့် မင်းကိုပဲ ကိုယ့်မိန်းမလို့ မြင်တယ်...ဟူ၍ သူမကို ရှင်းပြရမည်လား။
ရွှီဖန်းသာ ထိုကဲ့သို့ တကယ်ပြောခဲ့လျှင် သူ့ကိုယ်သူ စက်ဆုပ်ဖွယ်ရာကောင်းအောင် လုပ်နေသည်နှင့် မခြားပေ။ ဒါဟာ ရိုးရှင်းစွာဖြင့် အရှက်မဲ့လွန်းပေသည်။ စိတ်တစ်ခုလုံး အမြန်မွှေနှောက်ခဲ့သော်လည်း အချိန်ဖြုန်းခြင်းသာဖြစ်ပြီး သူ့ထံ၌ ရှင်းပြရန် အကြောင်းပြချက် ရှာမရခဲ့ပေ။
အဆိပ်ပြင်းကောင်သည် အမှောင်ထဲတွင် ပုန်းနေပြီး ရွှီဖန်း၏ ဒေါသထွက်နေသော အော်သံကို နားထောင်နေခဲ့သည်။ သူချက်ချင်းမထွက်သွားသေးဘဲ ရွှီဖန်းအား ဖြည်းညှင်းစွာ ပြောလာခဲ့သည်။
"ရွှီဖန်း မင်းကိုရှာရတာ တကယ် ဒုက္ခရောက်တယ်၊မင်းက သူရဲဘောကြောင်တဲ့လိပ်လိုပဲ ဘာလို့ လိပ်ခွံထဲမှာပဲ အမြဲပုန်းနေရတာလဲ"
ရွှီဖန်းသည် ပတ်ပတ်လည်ကို ကြည့်နေပြီး ခုခံသည့်
ပုံစံကို ပြုလုပ်ထားခဲ့သည်။ ထို့နောက် အမှောင်ထဲတွင် ပုန်းအောင်းနေသော လူသတ်သမားအား ကဲ့ရဲ့ရှုတ်ချလိုက်သည်။
"အခု ငါက အပြင်မှာ မင်းက အမှောင်ထဲမှာ၊ သူရဲဘောကြောင်တဲ့လိပ်က ဘယ်သူလဲဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလား"
ထိုလူက အနည်းငယ် ရယ်မောလာပြီး ရွှီဖန်းအား ပေါ့ပေါ့ပါးပါး ပြောလာသည်။
"ဟဲဟဲ မင်း ငါ့ကို ရန်စဖို့ မလိုပါဘူး အဲ့ဒါအသုံးမဝင်ဘူး၊ ဒါပေမယ့် မင်းကို တွေ့ခွင့်ပေးဖို့တော့ ငါ ဆုံးဖြတ်ထားပါသေးတယ်၊ ဒါက မင်းရဲ့ပြင်းထန်တဲ့ ဒေါသကြောင့်လည်း မဟုတ်သလို မင်းရဲ့စွမ်းအားက ငါ့ကို ခြိမ်းခြောက်စေလို့လည်း မဟုတ်ဘူး"
ရွှီဖန်းသည် သူ၏ မတုန်မလှုပ်အကြည့်အား ထိန်းသိမ်းထားဆဲဖြစ်ပြီး နှစ်ကြိမ်ခန့် ရယ်မောလိုက်
မိသည်။ ပြီးတော့ သူက ဆက်ပြောခဲ့သည်။
"ဟဲဟဲ ဟုတ်လား...ဒါဆိုလည်း ထွက်လာခဲ့လေ"
ရွှီဖန်း၏စကား ဆုံးသွားသည်နှင့် ဧည့်ခန်းရှိ ဆိုဖာအနောက်က ဗီဒိုဟာ အလိုအလျောက်ပွင့်သွားလေသည်။ အတွင်းခန်းထဲတွင် အနက်ရောင်အဝတ်အစား ဝတ်ထားသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အနက်ရောင်ဂျာကင်အင်္ကျီ၊ အနက်
ရောင်ဂျင်းဘောင်းဘီနှင့် သားရေဖိနပ်အနက်ရောင်ကို ၀တ်ဆင်ထားသည်။
ရုတ်တရက်ဆန်သော သတ်လတ်ပိုင်းအရွယ် ထိုအမျိုးသား၏ အသွင်အပြင်သည် အမေရွှီနှင့်အဖေရွှီတို့အား ရှော့ရစေခဲ့ရုံသာမက ကြောက်လန့်စေခဲ့သည်။ ရွှီလင်မယားနှစ်ယောက် ဆိုဖာပေါ်တွင် ထိုင်ပြီး တီဗီကြည့်နေသည့်အချိန် သူတို့အနောက်မှ ဗီရိုထဲကနေ လူတစ်ယောက်က ရုတ်တရက် ထွက်လာလေသည်။ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်မည်နည်း။
ချိုးဆုအာက ပို၍တောင် အံ့သြသွားခဲ့သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသား ပုန်းအောင်းနေသည့် ဗီရိုအနားမှာ သူမ ခုနကပင် ရှိနေခဲ့သည်။ သူမသည် ထိုဗီရိုနှင့် အနီးဆုံးဆိုဖာပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။
ချိုးဆုအာ ထိတ်လန့်သွားကာ သတ်လတ်ပိုင်းအရွယ် အမျိုးသားအား ဒေါသတကြီး မေးလိုက်မိသည်။
"အဲ့ဒီကနေ ဘယ်လို ထွက်လာတာလဲ...ဘယ်တုန်းကတည်းက ပုန်းနေတာလဲ"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ချိုးဆုအာ၏မေးခွန်းကို အလေးအနက်မထားပေ။ သူက ပြုံးလာပြီး ချိုးဆုအာကို ပြောပြလာလေသည်။
"ဒါပေါ့ ငါ မင်းထက် အရင်စောပြီးရောက်နေတာလေ၊ သူတို့က မင်းမရောက်ခင်မှာ မင်းက ချွေးမကောင်းပဲဆိုပြီး ပြောနေခဲ့ကြတာ"
သို့နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရွှီလင်မယားနှင့် ချိုးဆုအာကို လှည့်ကြည့်ပြီး ပြောလာခဲ့သည်။
"ဒီကောင်လေးရဲ့အကောင်းဆုံးမိတ်ဆွေတွေထဲမှာ သူတို့ အကျေနပ်ဆုံးက မင်းပဲတဲ့၊ သူတို့ပြောပြီးတာနဲ့ မင်းရောက်လာတာပဲ၊ ငါလည်း မင်းတို့သုံးယောက်နဲ့အတူတူ 'Avatar' ဇာတ်ကားရဲ့ တစ်ဝက်လောက်ကို ကြည့်နေခဲ့တာ"
သက်လတ်ပိုင်းအရွယ်အမျိုးသားပြောတာကို ချိုးဆုအာ ကြားသည့်အခါ သူမချက်ချင်းပင် ဒေါသထွက်သွားခဲ့ကာ သူ့အား အပြင်းအထန်စိုက်ကြည့်
လိုက်မိသည်။
ထိုသူသည် မှားယွင်းစွပ်စွဲခံနေရသကဲ့သို့ ပြောလာသည်။
"ကောင်မလေး မင်းငါ့ကိုဒီလိုပုံစံနဲ့ ပြောလို့မရဘူးလေ၊ မင်းတို့ကိုချောင်းကြည့်ဖို့ ငါလုပ်ခဲ့တာမဟုတ်ဘူး၊ ငါအလုပ်အတွက် ငါလုပ်နေတာ...ဒီနံစော်နေတဲ့ကောင်လေးကိုသတ်ဖို့အတွက်ပေါ့"
သက်လတ်ပိုင်းအရွယ်အမျိုးသားမှ စကားဆုံးသည်
နှင့် ချိုးဆုအာသည် သူ့အား ဒေါသတကြီးအော်လိုက်သည်။
"စဥ်းကိုမစဉ်းစားနဲ့၊ ရွှီဖန်းကို လာထိခိုက်ဖို့ မစဉ်းစားနဲ့!"
ထိုအချိန်တွင် အမေရွှီသည် ချိုးဆုအာနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတို့ကြားမှ စကားပြောဆိုမှုကို နားလည်သွားခဲ့သည်။ သူမ သူ့ဆီ အလျင်အမြန်သွားကာ တောင်းပန်ခဲ့သည်။
"ဒီက ဆရာ ကျေးဇူးပြုပြီး ကျွန်မသားကို ထိခိုက်အောင်မလုပ်ပါနဲ့၊ မင်းလိုချင်တာ ဘာမဆို ပေးနိုင်ပါတယ်"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အမေရွှီအပေါ်၌ ရန်လိုသည့် ရည်ရွယ်ချက် မရှိပေ။ ထိုအစား သူ ပြုံးပြီး ရှင်းပြခဲ့သည်။
"အဘွားကြီး ဒါက ပိုက်ဆံကိစ္စမဟုတ်ဘူး၊ ရွှီဖန်းက ကျုပ်တို့အဖွဲ့အစည်းကို ရန်စစော်ကားပြီး ပထမအသုတ် လူသတ်သမားအုပ်စုကို သတ်ပစ်လိုက်တယ်၊ ကျုပ် သူ့ကို မလွှတ်ပေးနိုင်ဘူး ဒီနေ့ သူ သေရမယ်"
မည်သို့ပင်ဆိုစေ သူ့စကားများသည် အနည်းငယ် ကြောက်စရာကောင်းတာကြောင့် အမေရွှီသည် ၎င်းကို နားထောင်ပြီးနောက်မှာ ပို၍ပင် စိုးရိမ်လာခဲ့သည်။
အမေရွှီသည် ထိုစကားကိုကြားသောအခါ သူမကိုယ်သူမ တီးတိုးရေရွတ်ရင်း ထိုလူကို ဆက်၍ တောင်းပန်ရန် ပြင်လိုက်သည်။
"ဒါပေမယ့်..."
အမေရွှီ မတောင်းပန်ခင်မှာ ရွှီဖန်းက ကြားဖြတ်
ဝင်ပြောခဲ့သည်။
"အမေ မပြောနဲ့တော့၊ သူ့လိုလူကို တောင်းပန်တာက အဓိပ္ပါယ်မရှိဘူး"
ထိုစကားကိုပြောပြီးနောက် ရွှီဖန်းသည် အမေရွှီအား သက်လတ်ပိုင်းအဘိုးကြီး၏ အဝေးသို့ ဆွဲပို့လိုက်ပြီး သံသယဖြင့် မေးလိုက်မိသည်။
"မင်းငါ့ကို သတ်နိုင်တယ်ဆိုပြီး ယုံကြည်ချက်ရှိတာ ကျိန်းသေလို့လား"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရွှီဖန်း၏ မေးခွန်းကိုကြားပြီးနောက်တွင် သူရှင်းပြခြင်းမရှိခဲ့ပေ။ ထိုအစား သူက သဘာဝကျသလိုမျိုး ပြောလာသည်။
"ကျိန်းသေတာပေါ့ ငါက အဆိပ်ပြင်းကောင်ပဲ"
"အဆိပ်ပြင်းကောင် ဟုတ်လား"
ယန်ပင်းသည် သူ့ကိုဖုန်းဆက်ပြီး လူသတ်သမားဘယ်ကလာသလဲဆိုတာကို ပြောပြခဲ့တာကြောင့် ရွှီဖန်း ထိုလူကို သိပြီးပြီဖြစ်၏။ ရွှီဖန်းသည် သူ့အစွမ်းကို သိသော်လည်း ရန်သူအား သတိမမူစေရန်အတွက် သူ မသိဟန်ဆောင်ကာ အဆိပ်ပြင်းကောင်အား စိတ်ရှုပ်ထွေးသွားသလိုမျိုး ပြုမူပြကာ ပြန်မေးခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရွှီဖန်း၏ အစီအစဉ်သည် အောင်မြင်ခဲ့သည်။ အဆိပ်ပြင်းကောင်သည် ရွှီဖန်း၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို ကြည့်၍
သံသယမရှိခဲ့ပေ။ သူဘယ်သူလဲဆိုတာကို ရွှီဖန်းတကယ်မသိဘူးဟု သူထင်ခဲ့သည်။
အဆိပ်ပြင်းကောင်က သူ၏အတိတ်ကို ရွှီဖန်းအား ဂုဏ်ယူစွာဖြင့် ပြောပြလာခဲ့သည်။
"ဟုတ်တယ်၊ ငါက အဆင့် ၃၆ ရှိတဲ့ လူသတ်သမား အဆိပ်ပြင်းကောင်ပဲ၊ ငါ့အသက်မွေးဝမ်းကြောင်း စတဲ့အချိန်ကတည်းက မစ်ရှင်၉၉ ကြိမ်လုပ်ခဲ့ပြီး ဘယ်တော့မှ မကျရှုံးခဲ့ဘူး၊ မင်းကို ဒီနေ့ သတ်ပြီးရင် ငါ လူပေါင်း၁၀၀ စုထားနိုင်ခဲ့ပြီ"
အဆိပ်ပြင်းကောင်၏ မိမိကိုယ်ကို ဂုဏ်ယူဝံ့ကြွားစွာ အမွှမ်းတင်နေသည့် မိတ်ဆက်ကို နားထောင်ပြီးနောက်မှာ ရွှီဖန်း စိတ်ထဲ၌ မထည့်ထားခဲ့ပေ။ သူ အေးစက်စွာ ရယ်မော၍ ပေါ့ပေါ့ပါးပါး ပြန်ပြောမိသည်။
"မင်းရဲ့လူသတ်ကြိမ်အရေအတွက်က ဂဏန်းနှစ်လုံးထဲမှာပဲ ထာဝရ တန့်နေတော့မှာကို ငါကြောက်မိတယ်"
ရွှီဖန်းပြောသည့်စကားသည် အဆိပ်ပြင်းကောင်အား လှောင်ပြောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည် ။ အဆိပ်ပြင်းကောင်သည် သူ လူ၉၉ ဦးကို သတ်ခဲ့ကြောင်း၊ ရွှီဖန်းကို သတ်ပြီးလျှင် အယောက် ၁၀၀ ပြည့်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တဖန် ရွှီဖန်းကလည်း အဆိပ်ပြင်းကောင်၏ နံပါတ်သည် ဂဏန်းသုံးလုံးသို့ မရောက်နိုင်ဟု ဆိုခဲ့သည်။ ဒီနေ့ သူ့အား အရှုံးပေးရမည့် အဆိပ်ပြင်းကောင်ဟု ဆိုနေသကဲ့သို့ လှောင်ပြောင်နေခဲ့သည်။
ရွှေတံဆိပ်လူသတ်သမားတစ်ယောက်အနေဖြင့် ရွှီဖန်း၏ ရွဲ့စောင်းသောစကားများသည် သူ့အတွက် အသုံးမဝင်သည်မှာ ထင်ရှားလှပေသည်။ ရွှီဖန်းပြောတာကို မကြားသလိုပင် သူက ဖြည်းညှင်းစွာ ဆက်ပြောလာခဲ့သည်။
"ရွှီဖန်း မင်းက မင်းရဲ့အရည်အချင်းကို အရမ်းယုံနေတာပဲ၊ ဒါပေမယ့် ငါ စုံစမ်းခဲ့တဲ့ပုံအရ မင်းက အလုပ်ထုတ်ခံရပြီး ရွာကို ပြန်ရောက်လာတဲ့စီးပွားရေးသမားသာသာပဲ၊ မင်းဘဝရဲ့တစ်ခုတည်းသော ကိုယ်ရေးအကျဉ်းက အထက်တန်းကျောင်းပြီးထားတယ်ဆိုတာလေးပဲ"
ရွှီဖန်းသည် အဆိပ်ပြင်းကောင်၏ စကားကိုကြားပြီးနောက်မှာ ပြုံးလျက်ပင် သူ့လက်ကောက်ဝတ်ကို ထိလိုက်သည်။ သူ အဆိပ်ပြင်းကောင်အား ကြည့်၍...
"မတိုက်ခိုက်ဘဲ မင်းဘယ်လိုလုပ်သိမှာလဲ၊ လာစမ်းကြည့်စမ်းပါ"
"ကောင်းပြီလေ"
အဆိပ်ပြင်းကောင်သည် ထိုစကားကိုကြားပြီးနောက်မှာ အခြားဘာမှ မပြောတော့ဘဲ သဘောတူလိုက်လေသည်။
ရွှီဖန်းမှ ထိုအဆိပ်ပြင်းကောင်နှင့် တိုက်ခိုက်တော့မည်ကို ချိုးဆုအာ မြင်သည့်အခါ သူမ စိုးရိမ်သော အမူအရာဖြင့် ချက်ချင်း သတိပေးခဲ့သည်။
"ရွှီဖန်း သတိထားနော်"
သူမပြောတာကိုကြားသည့်အခါ ရွှီဖန်း ခေါင်းညိတ်၍ သူမကို နှစ်သိမ့်ပေးလိုက်သည်။
"အင်း သူက ကိုယ့်ပြိုင်ဘက်မဟုတ်ဘူး၊ မင်းစိတ်ချလို့ရတယ်"
ချိုးဆုအာ ပြုံးပြပြီး ခေါင်းညိတ်လာသည်။ သူမ ပြုံးလိုက်သောအခါ မျက်ရည်ပူအနည်းငယ်သည် သူမ၏မျက်လုံးထောင့်မှတဆင့် ပါးစပ်ထောင့်အထိ လိမ့်ဆင်းလာခဲ့သည်။
ရွှီဖန်းသည် ချိုးဆုအာ၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပေးရန် သူ့လက်ကို ဆန့်တန်းခဲ့သည်။ ထို့နောက် သူမ၏ ပခုံးကို ပုတ်ကာ စကားပြောခြင်းကို ရပ်လိုက်ပေသည်။
ရွှီဖန်းသည် သူ့မိဘများနှင့် ချိုးဆုအာကို ဆိုဖာပေါ်
တွင် ထိုင်ခိုင်းရန် စီစဉ်ထားသည်။ အဆိပ်ပြင်းကောင်နှင့် တိုက်ခိုက်နေစဥ် သူ့မိသားစုကို မတော်တဆ ထိခိုက်နာကျင်စေခြင်းမှ ရှောင်ရှားရန်
အတွက် ရွှီဖန်းသည် ဆိုဖာအား အခန်းထောင့်စွန်းသို့ရွှေ့ခဲ့သည်။
သူတို့အတွက် စီစဉ်ပြီးနောက်
ရွှီဖန်းသည် အဆိပ်ပြင်းကောင်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။ ထိုအချိန်တွင် ရွှီလင်မယားသည်လည်း ငိုရင်းဖြင့် ရွှီဖန်းအား ပြောလာကြသည်။
"သား မင်းသတိထားရမယ်နော်၊ မင်းမရိုက်နိုင်တော့ရင် ပြေးသားပြေးပါ၊ အဖေတို့နှစ်ယောက်အတွက် စိတ်မပူနဲ့"
ရွှီဖန်းသည် သူ့လက်သီးများကို ပွတ်ရင်း အဆိပ်ပြင်းကောင်ဆီသို့ လျှောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ တစ်ဖက်ကိုလှည့်ပြီး သူ့မိဘများကို ကတိပေးခဲ့သည်။
"အဖေ အမေ စောင့်ကြည့်နေလိုက်ပါ"
ရွှီဖန်းသည် အဆိပ်ပြင်းကောင်ရှေ့သို့ ရောက်ခါနီးတွင် အခန်းတွင်းရှိလူအားလုံးကို အော်၍သတိပေးလိုက်သည်။
"ငါ့မိဘနဲ့ ငါ့မိန်းမကို ဂရုစိုက်ပေးပါ၊ ဒီမြေးလေးလုပ်လို့ သူတို့ မထိခိုက်စေနဲ့"
သူဘာလုပ်နေတာလဲဆိုတာကို ဘယ်သူကမှမသိကြပေ။ တံခါးအပြင်ဘက်ရှိ ထင်းရှူးပင်မှာပုန်းနေသော ယန်ပင်းကသာ ရွှီဖန်းစကား၏ အဓိပ္ပါယ်ကို သိပေသည်။ ရွှီဖန်းသည် သူ အဆိပ်ပြင်းကောင်နှင့် ရင်ဆိုင်နေစဥ် သူမိဘများနှင့် မိန်းမဖြစ်သူကို စောင့်ရှောက်ပေးရန် သူ့အား အမိန့်ပေးခဲ့ခြင်းပင်။
***********************