← Chapters

ကျောက်ယွင်ကျယ်က အရှက်ခွဲလာခြင်း

Vol. 5 Ch. 72

ကျောက်ယွင်ကျယ်က အရှက်ခွဲလာခြင်း

Vol. 5 Ch. 72

ချစ်သူမိန်းကလေးက အကြောင်းအရင်းကို မေးလာတာကြောင့် ကျောက်ယွင်ကျယ်သည် တဏှာရမ္မက်ကြီးစွာ ရယ်မောခဲ့သည်။ ထို့နောက် သူ့ရည်းစား၏ နားကို တိုးလျက် နတ်ဆိုးအပြုံးဖြင့် ပြောခဲ့သည်။

"ကားရဲ့ အနောက်ဘက်မှာ နေရာလွတ်အများကြီးရှိတယ်၊ ငါ ဒီကားရသွားရင် မင်းကို တူတူခေါ်သွားလို့ရမယ်"

ကျောက်ယွင်ကျယ်သည် သူပြောသည့်စကားကို နားမလည်မှာ ကြောက်သည့်အလား စကားတစ်လုံးကို အထူးအသားပေး ထပ်ပြောလာသည်။

"ဖာ့ခ်ဖို့"

အမျိုးသမီးက ထိုစကားကိုကြားသော်ငြား မရှက်ရွံ့သွားပေ။ ကျောက်ယွင်ကျယ်ကို ငေးကြည့်ရင်း သူမငြင်းချင်နေသေးသည်။ သို့သော် ခဏတွေးတောပြီးနောက် sport carဝယ်ရန် မတိုက်တွန်းဖို့ ဆုံးဖြတ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီကားကလည်း ယွမ်၂သန်း တန်ပေသည်။ ကျောက်ယွင်ကျယ်သာ ဝယ်ပြီးပါက သူမ လိုက်ဂုဏ်ဆာလို့ ရသေးသည်။

"ရွံစရာ၊ ရှင့်ကို လုပ်ခွင့်ပေးမှာမဟုတ်ပါဘူးနော်"

ထိုစကားက ကျောက်ယွင်ကျယ်ကို အလွန်ရွှင်မြူးစေတာကြောင့် အမျိုးသမီးကို ထပ်ပြီး အသားယူနေပြန်သည်။

အရှက်မရှိသည့် ထိုနှစ်ယောက်ကို ကြည့်ရင်း ရွှီဖန်း နှာမှုတ်မိသည်။ ကျောက်ယွင်ကျယ်က ထိုကဲ့သို့ ကစားချင်ရုံသက်သက်ဖြင့် ဒီကားကို စိတ်ဝင်စားနေမည်ဟု သူမထင်ထားခဲ့ချေ။ သူ ပြောစရာပင်ပျောက်ရှကာ ခေါင်းခါယမ်းမိသည်။ သို့သော် Land Roverကလည်း ထိုကဲ့သို့ ကစားနည်းမျိုးဖြင့် သင့်တော်နေပေသည်။ 

SUV၏ ဒဏ်ခံနိုင်သော စနစ်နှင့် ကျယ်ဝန်းသော နေရာကြောင့် နှစ်ယောက်မပြောနှင့် သုံးလေးယောက်လောက် ဝင်ကစားရင်တောင် ရသည်။

ထိုကိစ္စကိုတွေးရင်း ရွှီဖန်းက အလိုလိုခေါင်းညိတ်မိသွားသည်။ ကံမကောင်းစွာပင် ရှုချိုးယာက မြင်သွားသည်။ သူမ မျက်လုံးများကို လှိမ့်ကာ ပြောလိုက်သည်။

"ရွှီဖန်း ရှင်လည်း ဒီကားကိုစိတ်ဝင်စားတာ အဲ့ဒီလိုအရှက်ကင်းမဲ့တဲ့ အကြောင်းအရင်းကြောင့်လို့ ကျွန်မကို မပြောနဲ့"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဒါကိုကြားသည့်အခါ ရွှီဖန်းမှာ ချက်ချင်း မခံမရပ်

နိုင်ဖြစ်သွားရတော့သည်။ ရှုချိုးယာက သူ့ကို အသရေဖျက်နေတာပဲ။

"အဲ့ဒါကြောင့်ပဲ မဟုတ်ဘူး"

ရှုချိုးယာမှာ မနေနိုင်စွာ မျက်လုံးလှိမ့်မိတော့သည်။ *မဟုတ်ဘူးဆိုတာကဘာလဲ...အတွေးတော့ ရှိခဲ့တယ် သဘောလား။ တစ်ကယ်ကို ရှင်က ကျွန်မဆီက လူယုတ်မာလို့ အခေါ်ခံရဖို့ ထိုက်တန်တယ်။*

ရှုချိုးယာ၏ ဆွံ့အနေသော အမူအရာကြောင့် ရွှီဖန်း ပြုံးကာ ရှင်းပြလိုက်သည်။

"ချိုးယာ ကျွန်တော် မင်းကို ပြောပြမယ်၊ ဒီ Land Roverက သာမာန် SUVနဲ့တူနေပေမယ့် သာမာန်

မဟုတ်ဘူး၊ တော်ဝင်မိသားစုရဲ့ Rover, Land Roverပဲ၊ ခုနက အမျိုးသမီးလိုပဲ ဒီကားကို ရုပ်ဆိုးတယ်လို့ ထင်ကြတဲ့လူတွေရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့လို ယောကျ်ားတွေအတွက်တော့ ကားတွေထဲမှာ Land Roverက အကြည့်ကောင်းဆုံး ကားပဲ၊ သတ္တိရှိတဲ့ ယောကျ်ားအများစုက Land Roverကို ပိုင်ဆိုင်ဖူးချင်ကြတယ်၊ မြို့ထဲမှာ အချိန်အကြာကြီး နေလာပြီးရင် လူတိုင်းက မြင်းရိုင်းတစ်ကောင်လို မြက်ခင်းပြင်မှာပြေးချင်ကြတာပုံမှန်ပဲလေ၊ Land Roverက ယောကျ်ားတွေရဲ့ ခြေထောက်လို့ ပြောလို့ရတယ်၊ ဒီလိုကားမျိုးကို မြို့ထဲမှာ မတွေ့နိုင်ပေမယ့် မြို့ပြင်က တောင်တက်လမ်းတွေကို ရောက်ဖူးရင် နားလည်သွားလိမ့်မယ်"

ရွှီဖန်း၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ရှုချိုးယာ၏ ရင်ထဲ၌ ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ရုတ်တရက် ရလိုက်သည်။ ရွှီဖန်း၏ လေးနက်သော အကြည့်များကြောင့် ဒီလူက ကားတွေအကြောင်း တစ်ကယ်နားလည်တာပဲဟု သူမခံစားခဲ့ရသည်။

ဈေးကိုလိုက်ကြည့်ပြီး ကားဝယ်တတ်သူများကတော့ ရွှီဖန်းအရှေ့၌ သာမာန်လူများနှင့် မခြားပေ။ ရှုချိုးယာလည်း တူတူပဲ ဖြစ်သည်။ သူမ ကားအကြောင်းကို နားမလည်ပါချေ။ ရွှီဖန်း၏ အသံက မတိုးပေ။ သူ့စကားများကို ရှုချိုးယာတင်မကဘဲ ဘေးပတ်ပတ်လည်မှ လူများပါ ကြားလိုက်ရသည်။ သူတို့ စိတ်ထဲမှာ ခေါင်းညိတ်ကာ Land Roverကို အိမ်ပြန်ခေါ်သွားချင်နေကြသည်။ သို့သော် သူတို့သွေးတွေဆူပွက်နေစဥ်၌ ဤကားက ယွမ်သန်းများစွာ ကျသင့်မှန်း သူတို့ ပြန်သတိရကုန်ကြသည်။ ထိုပမာဏက သာမာန်လူတစ်ယောက် တတ်နိုင်သော ပမာဏမဟုတ်ပေ။

ဘေးမှာ ရပ်နေသည့် ကျောက်ယွင်ကျယ်မှာလည်း ပွက်လောရိုက်နေမှုကို သတိထားမိကာ ကြည့်လာသည်။ မကြာခင် လူအုပ်ထဲမှ ရွှီဖန်းကို သတိထားမိကာ ထိတ်လန့်သွားတော့သည်။

"အိုး ညီအစ်ကို...ငါမင်းနဲ့ တစ်ကယ်ပဲ ဒီမှာ တွေ့နေရတာလား"

ပြောရရင် ရွှီဖန်းက အလုပ်ပြုတ်သွားပြီးကတည်းက ရွာမှာ ပြန်ရောက်နေသင့်သည်။ ပြခန်းမှာ ရွှီဖန်းကို ထပ်တွေ့လိုက်ရတာကြောင့် ကျောက်ယွင်ကျယ် အံ့သြသွားရသည်။ သို့သော်ငြား အခုဆိုလျှင် သူက အထွေထွေမန်နေဂျာဖြစ်နေပြီး ရွှီဖန်းကတော့ လယ်သမားသာသာပင်။ ဒါကြောင့် အလိုလိုပင် သူ့နောက်ကျောကို ဖြောင့်တန်းမိလိုက်သည်။

"အာ..."

ကျောက်ယွင်ကျယ်၏ မျက်နှာပေါ်၌ သရော်ပြုံးက ရှိနေသည်။ သို့သော် ရွှီဖန်းလက်မောင်းကို ဖက်ထားသည့် ရှုချိုးယာကိုမြင်ကာ သူ အံ့အားသင့်သွားခဲ့သည်။ 

ဖာ့ခ်! သူမက အရမ်းလှတာပဲ။

ကျောက်ယွင်ကျယ်သည် မနေနိုင်ဘဲ စိတ်ထဲမှ ချီးကျူးမိကာ မနာလိုဖြစ်လာရသည်။ 

ရွှီဖန်းက ဘာလို့ ဒီလောက်တောင် ကံကောင်းနေတာလဲ။ ရက်နည်းနည်းပဲရှိသေးတယ်...သူ့ဘေးမှာ လှတဲ့မိန်းကလေးက ရှိနေပြန်ပြီ။ တစ်ဖက်မှာတော့ ငါက သူ့အမှိုက်နဲ့ ကစားနေရတယ်။

သောက်ကျိုးနည်း!

ကျောက်ယွင်ကျယ်က စိတ်ထဲ၌ အကြိမ်ပေါင်းများစွာ ဆဲဆိုကာ သူ့မျက်လုံးများက အေးစက်လာသည်။ သူ နှာမှုတ်ကာ ငေါ့တော့တော့ ပြောလိုက်သည်။

"ဟမ့် ရွှီဖန်း မင်းက ရွာမှာ လယ်မစိုက်နေဘဲ ဒီမှာ ဘာလုပ်နေတာလဲ"

ရွှီဖန်းကလည်း ကျောက်ယွင်ကျယ်တစ်ယောက် သူ့ကို ပစ်မှတ်ထားလာမည်ဟု မျှော်မှန်းထားတာကြောင့် မအံ့သြခဲ့ပေ။ သူပြုံး၍ ပြောလိုက်သည်။

"ဒါက ကားပြပွဲဆိုမှတော့ ငါက ပြပွဲကြည့်ဖို့လာတာလေ"

"ဖီး! ကားတွေကိုကြည့်ဦးမယ်တဲ့လား"

ရွှီဖန်းပါးစပ်မှ ထိုစကားထွက်လာသည်နှင့် ကျောက်ယွင်ကျယ်က အူလှိုက်သည်းလှိုက် ရယ်မောလာသည်။ ရွှီဖန်းနှင့် အိပ်ရာပေါ် လူးလှိမ့်ဖူးသည့် ရည်းစားဟောင်းတောင်မှ အနောက်ကနေ တခစ်ခစ်ရယ်လာသည်။

"ရွှီဖန်း မင်းက ကန်းနေတာလား၊ တုံးနေတာပဲလား၊ ကားတွေကို ကြည့်ရုံနဲ့ မင်းရဲ့ရွာကို ပြန်သယ်သွားနိုင်

မယ်ထင်နေတာလား၊ မင်းအိပ်မက်မက်နေတာလား"

"ဒီကားက ဘယ်လောက်လဲရော သိရဲ့လား၊ မင်းက ဆက်ကြည့်နေရအောင် ဝယ်နိုင်မယ်ထင်လို့လား၊ မင်းက ဆင်းရဲတဲ့ လယ်သမားပဲလေ...အခုပဲ မြန်မြန် ခရိုင်ကို ပြန်လိုက်၊ ငါမင်းကို ထွန်စက်ရောင်းတဲ့လူနဲ့ မိတ်ဆက်ပေးမယ်၊ လယ်သမားနဲ့ ထွန်စက်ဆို ပြီးပြည့်စုံတဲ့တွဲဖက်ပဲ မဟုတ်လား"

ကျောက်ယွင်ကျယ်၏စကားများကို ကြားသော် ရည်းစားဟောင်းကလည်း ပါးစပ်အုပ်၍ ရယ်နေသည်။ သူမ ရွှီဖန်းကို အထင်သေးစွာ ကြည့်ရင်း ပြောလာသည်။

"ဟုတ်ပါ့ ယောကျ်ားရယ်၊ ဒီလူက အရမ်းရယ်စရာကောင်းတာပဲ၊ မဖြစ်စလောက်လယ်သမားအဆင့်လေးနဲ့ မြို့ကလူတွေနဲ့တူတူ ကားပြပွဲကို လာကြည့်ရဲသေးတယ်"

သူမက အထင်အမြင်သေးစွာ ပြောဆိုနေရင်း ရွှီဖန်းနှင့် လုံးဝမသိသလို ဟန်ဆောင်နေသည်။

ကျောက်ယွင်ကျယ်ဆီမှ အရှက်ခွဲစကားများကို ကြားပြီးနောက် ပတ်ပတ်လည်မှ လူများသည် ရွှီဖန်းအကြောင်းကို သိသွားကြကာ ပြုံးလိုက်မိကြသည်။ တစ်ကယ်တော့ ဒီကောင်လေးက သူတို့ထက် ကားအကြောင်းပိုသိတဲ့ ဆင်းရဲသားလေး ဖြစ်နေရုံပါပဲ။ ရယ်စရာပင်၊ ခုနလေးတင်ကမှ သူတို့ ရွှီဖန်းကို အားကျနေခဲ့သေးသည်။

ထိုအချိန် ရွှီဖန်းဘေးမှာ ရပ်နေသည့် အရောင်းဝန်ထမ်းကလည်း သူနှင့် စကားပြောရန် စိတ်မဝင်စားတော့ချေ။ ကားအကြောင်း နားလည်တော့ရော ဘာလုပ်ရမှာလဲ...ပိုက်ဆံမရှိရင် အချိန်ဖြုန်းနေတာပဲ မဟုတ်ဘူးလား။

ပတ်ပတ်လည်မှ လူများ၏ အကြည့်များ ပြောင်းလဲသွားသော်ငြား ရွှီဖန်းကတော့ ဘာမှမခံစားရပေ။ သူ့မျက်လုံးများကို ကျဥ်းမြောင်းကာ ကျောက်ယွင်ကျယ်ကို ကြည့်လိုက်သည်။ ဘာကြောင့်မှန်းမသိပေ၊ ရွှီဖန်းဆီမှ ထိုကဲ့သို့ အကြည့်ခံလိုက်ရသည့်အခါ ကျောက်ယွင်ကျယ်မှာ အားနည်းသွားသလို ခံစားလိုက်ရသည်။

"မင်း...မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ ငါမင်းကို ပြောထားမယ်...ဒီမှာ လုံခြုံရေးအစောင့်တွေ ရှိတယ်"

ရွှီဖန်းကို ချောက်တွန်းပြီး အလုပ်ဖြုတ်ခံရအောင် လုပ်ခဲ့တာကို ကျောက်ယွင်ကျယ် မှတ်မိနေသေးသည်။ ဒီကောင် မိုက်မိုက်မဲမဲ မလုပ်လာခင် သူဂရုစိုက်ထားရမည်။ ကျောက်ယွင်ကျယ်မှာ မသိစိတ်မှအလိုလိုပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

ကျောက်ယွင်ကျယ်တွေးထားသလိုမျိုး ရွှီဖန်းက သူ့ကို  တိုက်ရိုက်တိုက်ခိုက်ရန် မစီစဥ်ထားပေ။ သူ့မှာ အခြေခံအရည်အသွေးက အများဆုံး ရှိနေတုန်းပင်။

"ကျောက်ယွင်ကျယ် မင်း အရမ်းစကားများလွန်းတယ်၊ ငါ မင်းကို မေးဦးမယ်...မင်း အခု ဒီကားကို ဝယ်တော့မလို့လား"

"ငါ..."

ထိုမေးခွန်းက ကျောက်ယွင်ကျယ်အတွက် အဆင်မပြေသော မေးခွန်းပင်။ သူ ဒီနေ့ ကားပြပွဲကို လာခဲ့သော်ငြား ကားဝယ်ဖို့အကြောင်း မတွေးထားပေ။ မိန်းကလေးတွေကို ကြွားဝါပြောဆိုဖို့သာ လာခဲ့တာဖြစ်ပြီး သူနှင့်အတူ အခြားအသိများကို မခေါ်လာခဲ့ပေ။ ဒီကားဝယ်ဖို့မပြောနှင့် ကျောက်ယွင်ကျယ်၌ သာမာန်ကားဝယ်ဖို့တောင် ပိုက်ဆံမရှိပေ။

ဒါက ထုတ်ပြောဖို့ရန် ရှက်ဖို့ ကောင်းလှတာကြောင့် သူထစ်ထစ်ငေါ့ငေါ့ ဖြစ်နေခဲ့သည်။ ရွှီဖန်းက သူ့မျက်လုံးကို ပြုံးစစဖြင့် ကြည့်နေတာကြောင့် သူမနေနိုင်ဘဲ ရှက်ရွံ့မိသွားသည်။

"ငါ....ဒါပေါ့ ငါ ဒီနေ့ဝယ်မှာမဟုတ်ဘူး၊ မင်းက ငါမတတ်နိုင်ဘူး ထင်လို့လား၊ ငါ ရက်အနည်းငယ်နေရင် ပြန်လာပြီး ဒီကားကို လာဝယ်မှာ"

"အိုး"

ရွှီဖန်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားသည်။ သူ့မျက်လုံးများက ကစားလိုစိတ်များဖြင့် ပြည့်နှက်နေကာ ပြုံး၍ ပြောလိုက်သည်။

"ဆိုလိုတာက မင်း အခု မဝယ်ဘူးပေါ့"

"မဟုတ်....မှန်တယ် ငါတို့ ဒီနေ့ဝယ်ဖို့ မစီစဥ်ထားဘူး"

ကျောက်ယွင်ကျယ်က စိတ်ဓာတ်ကျစွာ ပြန်ဖြေလိုက်သော်ငြား တတွတ်တွတ် ထပ်ပြောပြန်သည်။

"ဒါပေမယ့် ငါက မင်းနဲ့မတူဘူး၊ ငါက အချိန်ခဏပဲကြာမှာဆိုပေမယ့် မင်းကတော့ ဘယ်တော့မှ ဝယ်နိုင်မှာ မဟုတ်ဘူး"

"ဟားဟား"

ရွှီဖန်း ရယ်လိုက်သည်။

"ကျောက်ယွင်ကျယ် မင်း မဝယ်နိုင်ဘူးဆိုရင်လည်း ဘာလို့ မျက်စိစုံမှိတ်ပြီး ငါနဲ့လာပြိုင်နေတာလဲ"

"ငါ ဒီကားကို ဝယ်မယ်"

ပြောပြီးသည်နှင့် ရွှီဖန်းတစ်ယောက် ကတ်ကို ထုတ်

လိုက်ကာ ဘေးမှာ ရပ်နေသည့် အရောင်းဝန်ထမ်းကို မြန်မြန်လုပ်ဆောင်ပေးဖို့ အချက်ပြလိုက်သည်။

ကျောက်ယွင်ကျယ် အံ့သြသွားတော့သည်။ ဒီကောင်က တစ်ကယ်ကားဝယ်ဖို့ ရည်ရွယ်ထားတာလား။ မဖြစ်နိုင်ဘူး!

ဒီကား၏တန်ဖိုးက အနည်းဆုံး ၂သန်းရှိပေသည်။ ကျောက်ယွင်ကျယ် သူ့ကိုယ်သူ ပြောလိုက်မိသည်။ ဒီကောင်ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်...ဘယ်လိုလုပ် ဒီကောင်က ဝယ်နိုင်မှာလဲ။ သူ့စိတ်ထဲမှ မျှော်လင့်ချက်နှင့်အတူ ရွှီဖန်းလက်ထဲမှ ကတ်ကို သူကြည့်လိုက်မိသည်။

ဟီးဟီး ရွှီဖန်း အိုး ရွှီဖန်းရာ...မင်းက မိမိုက်သလို ပြုမူနေတယ်ပေါ့...ဘဏ်ကတ်ထုတ်ပြပြီး ချမ်းသာသလိုဟန်ဆောင်နေသေးတယ်...မင်း သွားမစစ်ကြည့်ဘူးလား။ ခဏနေရင် ဘဏ်ကတ်ထဲမှာ ဘာမှမရှိရင် ဖြစ်သွားမယ့် မင်းမျက်နှာကို ငါမြင်ချင်နေပြီ။

အရောင်းဝန်ထမ်းကလည်း ရွှီဖန်း၏ ခေါ်သံကြောင့် ချက်ချင်းပြေးလာသည်။ သူမလည်း မတိုင်ခင် ကျောက်ယွင်ကျယ် ပြောထားသမျှကို ကြားခဲ့သည်။ ရိုးရိုးသားသားပြောရရင် ရွှီဖန်း ကတ်ထုတ်လိုက်တုန်းက အထဲမှာ ပိုက်ဆံအများကြီး ရှိမလား၊ မရှိဘူးလားဆိုတာကို သူမ သံသယရှိနေခဲ့သည်။

"အရင်ဆုံး လူကြီးမင်းရဲ့ ဒီကတ်ကိုပဲ သုံးရမှာလား...ဒီကားတစ်ခုလုံး အပြီးဝယ်မှာဆိုရင် ယွမ် ၂သန်းနဲ့ ၃သိန်း ကျသင့်ပါတယ်"

အရောင်းဝန်ထမ်းက ပြောပြီးသည်နှင့် ရွှီဖန်း၏ ကတ်ကို ညွှန်ပြလာသည်။ ရွှီဖန်း၏ ကတ်က သာမာန်ဆန်နေတာကြောင့် အပြည့်ရှိနိုင်လိမ့်မည်မဟုတ်ဟု သူမထင်နေသည်။

ရှန်ဟိုင်းကို အမြန်လာခဲ့ရတာကြောင့် တခြားကတ်များကို ရွှီဖန်း မယူလာနိုင်ခဲ့ပေ။ သူ့လက်ထဲမှာ ရှိနေသည့်ကတ်က လူအများစုမှာ ရှိသည့် သာမာန်ကတ်နှင့်တူတူပင်။ ပုံမှန် သူဌေးတွေ ကိုင်နေကြကတ်နှင့် မတူတာကြောင့် အရောင်းဝန်ထမ်းက သံသယဖြစ်နေတာဖြစ်သည်။

"စိတ်မပူပါနဲ့၊ ဒီထဲမှာ ပိုက်ဆံအများကြီး ရှိပါတယ်၊ မင်း သွားစစ်ကြည့်လိုက်ပါ"

"အိုး...ကောင်းပါပြီ"

ရွှီဖန်းက ကျားယောင်ဆောင်နေသည့်ဝက်ဟုတ်

မဟုတ် ဆိုတာလည်း မသေချာတာကြောင့် အရောင်းဝန်ထမ်းကလည်း အပြစ်မပြုမိချင်ပေ။ သူမက ကတ်ကို ယူ၍ Land Roverအတွက် ငွေလုံလောက်မှုရှိမရှိ စစ်ဆေးရန် ထွက်သွားခဲ့သည်။

ထိုအချိန် ဘေးမှာ ရပ်နေသည့် ကျောက်ယွင်ကျယ်ကလည်း ကောင်တာမှာ စစ်ဆေးနေသည့် အရောင်းဝန်ထမ်းကို သတိအနေအထားဖြင့် ကြည့်နေသည်။

အံ့သြစရာအဖြစ်မျိုးသာ မရှိခဲ့လျှင် ထိုကတ်ထဲ၌ ဘာပိုက်ဆံမှ မရှိလောက်ဘူးဟု သူ ခန့်မှန်းထားခဲ့သည်။ ထိုအချိန် ရွှီဖန်းက ကတ်မှားသွား၍ သွားပြန်ယူလိုက်ဦးမည်ဟု ဆင်ခြင်ပေးကာ ထွက်သွားလိမ့်မည်။

ကျောက်ယွင်ကျယ်က ထိုကဲ့သို့သော အခွင့်အရေးမျိုး ပေးမည်မဟုတ်ချေ။ သူက ရွှီဖန်း၏ လှည့်စားမှုကို ကြိုသိထားသည့် ပုံစံဖြင့် စကားစလိုက်သည်။

"ရွှီဖန်း...မင်းက"

သို့သော်ငြား ကျောက်ယွင်ကျယ် မပြောရသေးခင်၌ အနောက်မှ အရောင်းဝန်ထမ်းလေးက သူမပါးစပ်ကို ဖွင့်လာတော့သည်။

*************************

All Chapters