← Chapters

ကောင်းကင်ဘုံစွမ်းအားအဆောင်အား သန့်စင်မွမ်းမံခြင်း

Vol. 2 Ch. 20

ကောင်းကင်ဘုံစွမ်းအားအဆောင်အား သန့်စင်မွမ်းမံခြင်း

Vol. 2 Ch. 20

"ဟေး! ဟေး! ကောင်းပါပြီ!"

ရွှီဖန်းက စိတ်မဆိုးသွားသည့်အပြင် ဖုန်းအများကြီးကိုလည်း တစ်ကယ် ဝယ်ချင်နေသေးသည်။ မန်နေဂျာသည် ချက်ချင်းပင် သူ့မျက်လုံးများအား စောင်းလျက် ပိုက်ဆံများ ရေတွက်လိုက်သည်။

ရေတွက်ပြီးသည့်နောက် မန်နေဂျာသည် အပိုပိုက်ဆံများအား ပြန်ပေးကာ 6plus ဆယ်လုံးကို ထုတ်ပိုး၍ ရွှီဖန်းအား ကမ်းပေးလိုက်သည်။

"ဒီမှာပဲ လူကြီးမင်း...ဂရုတစိုက်သွားပါ"

ဆိုင်အပြင်၌ ရွှီရှို့ရှို့သည် ရွှီဖန်း၏အဝတ်အားဆွဲကာ ခခယယမေးနေသည်။

"ကောကော ဒါက နည်းနည်းဖြုန်းတီးတာ မဖြစ်နေဘူးလား"

အရောင်းဝန်ထမ်းမိန်းမ၏အပြုအမူက စိတ်တိုဒေါသထွက်စရာကောင်းခဲ့သော်လည်း ဒေါသဖြေဖို့ရာအတွက် ပိုက်ဆံအမြောက်အမြား သုံးရခြင်းက မတန်ဘူးဟု သူမခံစားရသည်။

ရွှီဖန်းသည် သူမခေါင်းလေးအား အပြုံးလေးဖြင့် ပွတ်ပေးလျက်...

"အရူးမလေး...အသက်ကြီးလာရင် သိလာလိမ့်မယ်"

ဒါပေါ့၊ ရွှီဖန်းက ပိုက်ဆံဖြုန်းတီးနေတာ မဟုတ်ပေ။ နဂိုကတည်းက ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားများလေ့လာဖို့အတွက် ဖုန်းအနည်းငယ် ဝယ်ဖို့ စီစဥ်ထားပြီးသားပင်။ 

အခု မသိနားမလည်သော မိန်းမတစ်ယောက်ကြောင့် ကိစ္စတွေ ဖြစ်ပျက်သွားခဲ့ရာ သူမအနောက်သို့ လိုက်ပါပြီး သူ့ကိစ္စတွေ လုပ်သွားခဲ့ရုံပင်။ 

ဖုန်းကတ်တချို့ကိုလည်း ဝယ်ယူပြီးနောက် ရှို့ရှို့အား ခေါ်ကာ ထင်းခုတ်ဓား၊ ပေါက်ပြားနှင့် ငွေအပ်ကဲ့သို့ နေ့စဥ်သုံးပစ္စည်းများကို ဝယ်ယူခဲ့သည်။

ရွှီအိုက်ကောသည် အသက်ကယ်အရိုးမှုန့်ကြောင့် လမ်းပြန်လျှောက်နိုင်နေလေပြီ။ ထိုဇနီးမောင်နှံနှစ်ယောက်မှာ အထုပ်များသယ်ဆောင်လျက် အိမ်ထဲဝင်လာသည့် ရှို့ရှို့အား မြင်သည့်အခါ ကြိမ်းမောင်းလာကြသည်။ ရှို့ရှို့က မဆင်မခြင်ဘဲ ပိုက်ဆံတွေ ဖြုန်းတီးလာသည်ဟု သူတို့ တွေးနေကြသည်။

ရွှီရှို့ရှို့နှုတ်ခမ်းက ရွှီဖန်းအား စူထော်ပြလာသည့်အခါ 

သူခေါင်းအသာခါရမ်းလျက် ရှင်းပြလိုက်သည်။

"အဖေ အမေ...ရှို့ရှို့ကို အပြစ်မတင်ပါနဲ့၊ ကျွန်တော်က ဝယ်ဖို့ ပြောခဲ့တာပါ...အဖေတို့အားလုံး အခု ကိုယ့်ကိုယ်ကိုယ် ပျော်အောင် နေသင့်ပြီ"

ရွှီဖန်းသည် ဖုန်းသုံးလုံးအား ရှို့ရှို့ဆီပေး၍ မိဘတွေကို အသုံးပြုနည်းသင်ပေးရန် တာဝန်ပေးထားခဲ့ပြီး သူကတော့ အိမ်အနောက်မှတောင်ရှိရာသို့ ထွက်လာခဲ့သည်။

ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားများနှင့် ဒုတိယအကြိမ်တွေ့ဆုံရန် အချိန်များစွာ လိုနေသေးသည်။ သူတောင်ကို လာရသည့်အကြောင်းအရင်းက နတ်ဘုရားများအား ဖုန်းများပေးရန်မဟုတ်ချေ။

အခု 'ကောင်းကင်ဘုံစွမ်းအားအဆောင်'အား သန့်စင်မွမ်းမံရန် ပစ္စည်းများ စုံနေပြီဖြစ်တာကြောင့် သူမစောင့်နိုင်တော့ပေ။

ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိကြောင်း သေချာအောင် စစ်ပြီးသည်နှင့် သိုလှောင်လက်စွပ်ထဲမှ စားပွဲအသေးလေးကိုထုတ်ကာ မက်မွန်ပင်အောက် ချလိုက်သည်။ ထို့နောက် အဝါရောင်စာရွက်နှင့် သစ်ကြံပိုးခေါက်မှင်တံတို့အား ချလိုက်သည်။

နောက်လုပ်ရမည်က 'ကောင်းကင်ဘုံစွမ်းအားအဆောင်' ရေးဆွဲရမည့် လုပ်ငန်းစဥ်ပင်။

'ကောင်းကင်ဘုံစွမ်းအားအဆောင်'ပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများက ရိုးရှင်းသော်လည်း ရေးဆွဲနည်းကတော့ မရိုးရှင်းပေ။

စုတ်ချက်တစ်ဝက်လောက်မှားသွားသည်နှင့် ကျရှုံးသွားနိုင်သည်။

ရွှီဖန်းသည် အဝါရောင်စာရွက်အပေါ်သို့ တိုက်ရိုက် မဆွဲသေးပေ။ သူက မှင်တံအား ကိုင်ကာ စားပွဲပေါ်၌ ရေဖြင့် အရင်ဆွဲကြည့်နေသည်။

'ကောင်းကင်ဘုံစွမ်းအားအဆောင်'၏ စုတ်ချက်များသည် အလွန်သတိထားရသည်။ အခုမှ စတင်ဆွဲဖူးသည့် ရွှီဖန်းအတွက် ဒုတိယစုတ်ချက်မှာတင် တလွဲဖြစ်သွားတာကြောင့် ဘယ်လောက်ထိခက်ခဲမှန်းသိနိုင်သည်။

သို့သော် သူစိတ်မပျက်သွားဘဲ အံကိုကြိတ်ကာ မဆုတ်မနစ်လေ့ကျင့်နေသည်။ အကြိမ်၁၀၀လောက် 

လေ့ကျင့်ပြီးနောက်မှာ ကောင်းကင်ဘုံစွမ်းအားအဆောင်'၏ ပုံကြမ်းကိုသာ သူဆွဲနိုင်ခဲ့သည်။

'ကောင်းကင်ဘုံစွမ်းအားအဆောင်'အား သူရေးဆွဲနေစဥ်မှာ သူ့လက်တစ်ခုလုံး ဘာခံစားမှုမှ မရတော့သည်အထိ သူလေ့ကျင့်ခဲ့သည်။

မှင်တံအား ချကာ သူ၏ ထုံထိုင်းနေသော လက်ကောက်ဝတ်အား ပွတ်သပ်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အခုလို လေ့ကျင့်ခဲ့ခြင်းနှင့်

အတူ 'ကောင်းကင်ဘုံစွမ်းအားအဆောင်'အား သူအတည်ရေးဆွဲနိုင်တော့မည်။

အချိန်ခဏလောက် အနားယူပြီးနောက်မှ လက်ကောက်ဝတ်မှ နာကျင်ထုံထိုင်းမှုကလည်း သိပ်မဆိုးတော့ပေ။ ရွှီဖန်းတစ်ယောက် မှင်တံအား ပြန်

ကောက်ကိုင်ကာ အဝါရောင်စာရွက်အား စားပွဲအလယ်တွင်ချလိုက်သည်။ ထို့နောက် မှင်တံ၏ထိပ်၌ မှင်နီအား ထည့်ကာ စတင်ရေးဆွဲတော့သည်။

"သောက်ကျိုးနည်း!"

အရှေ့ပိုင်းတစ်လျှောက်လုံး ချောချော့မွေ့မွေ့ရေးဆွဲခဲ့သော်လည်း နောက်ဆုံးကျမှ သူ မျဥ်းကြောင်းမှားဆွဲမိ၍ အဆောင်တစ်ခုလုံး ချက်ချင်း ပျက်စီးသွားသည်။

အသုံးမဝင်တော့သည့်အဆောင်အားပစ်ထုတ်လိုက်သည်။ သူအားမလျှော့သေးဘဲ အသက်ပြင်းပြင်းရှူကာ အဝါရောင်စာရွက်အား ထုတ်၍ ပြန်ပြီး ရေးဆွဲလိုက်သည်။

မတိုင်ခင်က ရခဲ့သည့် သင်ခန်းစာကြောင့် ရွှီဖန်းဟာ အလွန့်အလွန်ကို စေ့စေ့စပ်စပ်ဖြင့် ဆွဲနေသည်။ ထပ်ကျရှုံးခဲ့သော်ငြား သူချက်ချင်းပင် ထပ်

ကြိုးစားကာ နောက်ဆုံး 'ကောင်းကင်ဘုံစွမ်းအားအဆောင်'ဆယ်ခုအား သန့်စင်မွမ်းမံနိုင်ခဲ့သည်။

ရွှီဖန်း ရပ်လိုက်ကာ ပစ္စည်းတွေကို သိုလှောင်

လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။ သူထပ်ဆွဲဖို့ အစီအစဥ်မရှိသေးပေ။

မတိုင်ခင်က များစွာလေ့ကျင့်ခြင်းကြောင့် သူ့စွမ်းအင်များကုန်ခမ်းနေပြီဖြစ်ကာ အဆောင်ဆယ်ခုဆွဲနိုင်သည်ကပင် သူ၏ကန့်သတ်ချက်ဖြစ်နေလေပြီ။ တွန်းအားပေးပြီးဆက်ဆွဲနေမည်ဆိုလျှင် ကုန်ကြမ်းများအား ဖြုန်းတီးခြင်းသက်သက်သာ ရှိတော့မည်။

ပစ္စည်းများအား ရှင်းလင်းပြီးနောက် 'ကောင်းကင်ဘုံစွမ်းအားအဆောင်'အား သူသုံးကြည့်ဖို့ရန် မစောင့်

နိုင်တော့ချေ။ လက်ထဲ၌ 'ကောင်းကင်ဘုံစွမ်းအား

အဆောင်'အားကိုင်ထားရင်း ထိုထဲသို့ သူ၏စိတ်အသိအား ထည့်သွင်းလိုက်သည်။ ချက်ချင်းပင် အဆောင်က ကျိုးကြေသွားကာ ရွှေရောင်အမှုန်များအဖြစ် ပြောင်းလဲပြီး ရွှီဖန်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

အဆောင်၏စွမ်းအားများသည် နွေးထွေးသော ရေစီးကြောင်းလေးကဲ့သို့ ရွှီဖန်း၏ခန္ဓာကိုယ်

တစ်လျှောက် စီးဆင်းသွားသည်။ ထိုအချိန်၌ သူ့ခန္ဓာကိုယ်ထဲတွင် မကုန်ဆုံးနိုင်သော စွမ်းအားအမြောက်အမြားရှိနေသည်ဟုပင် သူခံစားလိုက်ရသည်။

ပေါင်လောက်ထူထဲသော သစ်ပင်အား မြင်းတစ်

ကောင်၏ကိုယ်ဟန်အနေအထားဖြင့် လက်နှစ်

ဖက်ကိုသုံးကာ ကိုင်တွယ်ဖို့ ကြိုးစားလိုက်သည်။ ထို့နောက် သူ့မှာခွန်အားရှိသလောက် အစွမ်းကုန်အားထုတ်လိုက်သည်။

ကျိုးကြေသည့်အသံနှင့်အတူ သူ့လက်ထဲ၌ သစ်ပင်ပင်စည်ကြီးသည် ဖြည်းညှင်းစွာ မြောက်ပါလာသည်။

မကြာလိုက် သစ်ပင်တစ်ခုလုံး သူ၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။

"ဒါကြီးက..."

ရွှီဖန်းသည် သစ်ပင်ပင်စည်ကြီးအား မယုံနိုင်စွာ ကြည့်ရင်း ချက်ချင်းလန့်ဖြတ်သွားတော့သည်။ ဒီအဆောင်၏စွမ်းအားက အလွန်ကိုအံ့အားသင့်စရာပင်။

အနာဂါတ်မှာ သူ့အလုပ်ကိုလုပ်ဖို့ရန်ဖြစ်စေ၊ သူ့ကိုယ်သူကာကွယ်ဖို့ရန်ဖြစ်စေ ကိစ္စမရှိတော့ပေ။ ဒီအဆောင်ကို အသုံးပြုပြီးတာနဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်။

ထိုမျှမကသေး၊ သူသန့်စင်လိုက်သည့်

အဆောင်၏စွမ်းအားက ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားများပစ်ချလိုက်သည့်အဆောင်ထက် ပိုကောင်းနေသေးသည်။

အကျပ်အတည်းကြုံနေသည့်အခိုက်အတန့်ကိုရောက်တိုင်း လွတ်ပေါက်မရှိမှာကို သူစိုးရိမ်နေစရာမလိုတော့ပေ။

ကျန်ရှိနေသည့်'ကောင်းကင်ဘုံစွမ်းအားအဆောင်'ကိုးခုအား သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်ပြီးနောက် ကျန်ရှိနေသေးသည့် အဆောင်၏စွမ်းအားကို အကျိုးရှိရှိအသုံးပြုကာ သစ်ခုတ်ဓားဖြင့် ပတ်ပတ်လည်မှ အပင်များအား ခုတ်နေခဲ့သည်။ ဒါဆိုရင် သူလည်း သီးပင်များအား မြန်မြန်စိုက်ပျိုးနိုင်လိမ့်မည်။

နေဝင်ချိန်မတိုင်ခင်အထိ အလုပ်များနေခဲ့ပြီးနောက်မှာ မက်မွန်ပင်များ ပတ်ပတ်လည်၌ အသီးပင်ဆယ်

ပင်အား စိုက်ပျိုးနိုင်ခဲ့သည်။

ထို့နောက် သိုလှောင်လက်စွပ်ထဲထည့်သိမ်းထားခဲ့သည့် ကောင်းကင်ဘုံမြေသြဇာများအား ထုတ်ကာ အပင်များအပေါ် ဖြန့်ဖြူးပေးလိုက်သည်။

ဒီကောင်းကင်ဘုံမြေသြဇာများနှင့်သာဆိုလျှင် ထိုအပင်များ မြန်မြန်ကြီးထွားလာကာ အသီးများသီးလာဖို့ အချိန်မကြာလောက်ဘူးဆိုတာ သူယုံကြည်သည်။

ထိုအချိန်၌ သူ့ထံ ဝင်ငွေမြောက်မြားစွာ ရှိလာလိမ့်မည်။

သစ်သီးပင်များဆက်လက်စိုက်ပျိုးခြင်းအတွက် ကောင်းကင်ဘုံနန်းတော်မှ နောက်ထပ်သွန်ချလာမည့် မြေသြဇာများကို စောင့်ရမည်။ မဟုတ်ရင် ထိုမြေသြဇာများမရှိပါက သစ်သီးပင်များလည်း အဓိပ္ပာယ်မရှိတော့ပေ။

အိမ်မှာ ညစာစား၍ ည၉နာရီခွဲဝန်းကျင်လောက်မှာ အိမ်အနောက်မှတောင်သို့ ပြန်ပြေးလာခဲ့သည်။ ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားများနှင့်တွေ့ဆုံဖို့ ည၁၀နာရီကို ချိန်းထားတာကြောင့် သူတို့မကြာခင် ရောက်လာလိမ့်မည်။

ရွှီဖန်းသည်လက်ထဲ၌ Appleဖုန်းခြောက်လုံးအား ကိုင်ထားကာ ကောင်းကင်ကိုမော့ကြည့်၍ ဥမင်လှိုဏ်ခေါင်းပေါ်လာဖို့ စောင့်နေခဲ့သည်။

အချိန်အတိုင်းအတာတစ်ခုထိစောင့်ပြီးနောက်မှာ မက်မွန်ပင်များအထက်ရှိ ကောင်းကင်ပေါ်၌ ကြေးမုံဝိုင်းကြီးတစ်ခုသည် လရောက်အောက်တွင် တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်အား သူတွေ့လိုက်ရသည်။

ပြည့်ပြည့်စုံစုံပေါ်ထွက်လာပြီးနောက် ကြေးမုံဝိုင်းကြီးထဲ၌ ပုံရိပ်များအား တွေ့လိုက်ရသည်။ ထိုပုံရိပ်

များသည် မနေ့က သူတွေ့ခဲ့ရသည့် မသေမျိုးနတ်အုပ်စုပင်။

ထိုက်ပိုင်ကျင့်စစ်က ဦးဆောင်လာသူဖြစ်နေတုန်းပင်။

ထိုက်ပိုင်ကျင့်စစ်သည် ရွှီဖန်းအားတွေ့သည်နှင့် နှုတ်ခမ်းမွှေးကို ပွတ်သပ်ကာ အပြုံးဖြင့် ပြောလာသည်။

"လူငယ်လေး ငါတို့စောင့်နေတာ ကြာလှပြီ..မင်းမှာ ငါတို့ကို ဆက်သွယ်ဖို့ နည်းလမ်းရှိပြီလား"

ရွှီဖန်းက ခေါင်းညိတ်ကာ ဖုန်းထည့်ထားသည့်အိတ်အား ယူလိုက်သည်။

"ဒီပစ္စည်းနဲ့ ကျွန်တော်တို့ လူ့လောကမှာ သုံးတဲ့နည်းလမ်းအတိုင်း သုံးလို့ရနိုင်တယ်"

ပြောပြီးသည်နှင့် အိတ်ထဲမှ 6plusဖုန်းများအား ထုတ်ယူလိုက်သည်။ 

"လူငယ်လေး ဒါ ဒါကဘာလဲ...မှော်ရတနာလား"

ရွှီဖန်းက ဖုန်းကိုဖွင့်ပြကာ ပြုံး၍ ရှင်းပြခဲ့သည်။ 

"ဒါကမှော်ပစ္စည်းမဟုတ်ပါဘူး...ကျွန်တော်တို့ လူ့လောကမှာတော့ မိုဘိုင်းဖုန်းလို့ခေါ်တယ်"

All Chapters