← Chapters

ရှယန်ယွိ ပြန်ပေးဆွဲခံထားရတယ်

Vol. 23 Ch. 341

ရှယန်ယွိ ပြန်ပေးဆွဲခံထားရတယ်

Vol. 23 Ch. 341

"အဘိုး!" 

လင်းရှောင်ရှောင်းသည် ချက်ချင်းပင် လင်းကျန့်

ကျန်း၏ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။ ဤခုနစ်

ရက်အတွင်း အန္တရာယ်ကို ခံစားခဲ့ရသည်မှာ လင်းရှောင်ရှောင်းအတွက် ပထမဆုံးအကြိမ်ဟု ပြောလို့ရသည်။ စမ်းသပ်ခံလူအုပ်ကြီးနှင့် လျိုမိသားစု၏ ရက်စက်သော နည်းလမ်းများကို တွေးမိရင်း လင်းရှောင်ရှောင်းသည် လင်းကျန့်ကျန်း၏ရင်ခွင်ထဲ၌ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"ကောင်းပြီ ကောင်းပြီ၊ ငါ့ရဲ့ချစ်လှစွာသောမြေးမလေး...အဘိုး ရောက်ပြီနော်၊ ဘယ်သူကမှ မြေးကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူး၊ ဒီတစ်ခါ ပြန်

ရောက်ရင် အဘိုး အရာအားလုံးကို သေချာစုံစမ်းမယ်...မငိုနဲ့တော့"

လင်းကျန့်ကျန်းမှာလည်း သူ့ရင်ဘတ်ထဲ၌ နာကျင်မှုကို ခံစားခဲ့ရပြီး လင်းရှောင်ရှောင်း၏ကျောပြင်ကို အလျင်အမြန် ပုတ်ပေးကာ ချစ်ခင်မြတ်နိုးစွာဖြင့် နှစ်သိမ့်ပေးလိုက်သည်။

ဘေးနားရှိ ပိုင်ယွီကတော့ ထိုမြင်ကွင်းကို မြင်သည့်

အခါ နှုတ်ခမ်းမဲ့သွားလေသည်။ ရွှီဖန်းသည် သူမဘက်ကိုလှည့်ပြီး ပြုံးလိုက်ကာ...

"ဘာဖြစ်လို့လဲ...မင်းလည်း ငါ့ရင်ခွင်ထဲမှာ ငိုလို့ရတယ်"

"ငရဲသွားစမ်းပါ!"

ပိုင်ယွီ၏မျက်နှာက ရွှီဖန်း၏နောက်ပြောင်မှုကြောင့် ချက်ချင်း နီရဲသွားခဲ့သည်။ 

ထို့နောက် ရွှီဖန်းသည် တစ်ခုခုကို တွေးမိပုံရကာ သူ့မျက်လုံးထဲ၌ စိတ်ညစ်မှုအရိပ်အယောင်တစ်ခု ဖြတ်သွားခဲ့သည်။

"ချန်ဟိုင်းကို ပြန်ရောက်ရင် မင်းရဲ့ညီမကို ရှင်းပြပေးလိုက်ဦး၊ သူက ငါ မင်းကို သတ်လိုက်တယ်လို့ ထင်နေပြီး အနှောင့်အယှက်လိုက်ပေးနေတာ၊ သူမ ဒီလောက်တောင် မိုက်မဲလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"

"ဟက်!"

ပိုင်ယွီက ထိုစကားကို ကြားတော့ ရယ်လာသည်။

"ကျွန်မညီမက ရေခဲတောင်ကနေ ဆင်းသက်လာတဲ့ အလှပဂေးတစ်ယောက်လေ၊ ရှင် ဘယ်လောက်ပဲ တော်ပါစေဦး ကျွန်မညီမကို ပြောစရာမလိုပါဘူး"

ရွှီဖန်း နှုတ်ခမ်းမဲ့လိုက်သည်။ ပိုင်ယွီ၏စကားကြောင့် သူစကားမပြောနိုင်ဖြစ်သွားရသည်။ 

"သူမကိုသာ ရှင်းပြလိုက်စမ်းပါ၊ မဟုတ်ရင် ငါ့ကို တောက်လျှောက် စိတ်တိုပြီး အထင်လွဲနေလိမ့်မယ်၊ အဲ့ဒီလိုဆိုလည်း ငါ့ဘက်က တတ်နိုင်တဲ့အရာမရှိဘူးဆိုပေမယ့်ပေါ့"

"ရှင် သူမကို ဘာလုပ်လိုက်သေးလဲ၊ ရှင် ရဲရဲတင်းတင်း ထုတ်ပြောရဲရင် ကျွန်မ ချန်ဟိုင်းကို ပြန်ရောက်တာနဲ့ ညီမလေးကို စကားလုံးတစ်လုံးချင်းစီ ပြန်ပြောပြပေးမယ်"

"ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့"

"ဘာကို ကြောက်နေတာလဲ" 

သို့သော် ပိုင်ယွီမှ ထိုစကားကို ပြောလိုက်စဥ် ရွှီဖန်းသည် ရဟတ်ယာဥ်ဆီသို့ လျှောက်သွားနေပြီဖြစ်

သည်။ ရွှီဖန်း၏ပုံရိပ်ကို ကြည့်ရင်း ပိုင်ယွီ၏မျက်နှာပေါ်၌ ရုတ်တရက် ဝမ်းနည်းသောအမူအရာတစ်ခု ပေါ်လာသည်။ သူမ နှုတ်ခမ်းမဲ့ကာ ကိုယ့်ကိုယ်ကိုယ် တီးတိုးပြောလိုက်မိသည်။

"ညီမလေး နင်ကံကောင်းလိုက်တာ"

ရွာအတွက်မူ မကောင်းသောလူအချို့သည် မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းကာ ရွာတစ်ခုလုံးကို ခြောက်လှန့်၍ မောင်းထုတ်ခဲ့ကြခြင်းပင်။ ထိုနေရာကို အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် စီစဉ်ခဲ့ကြသော်လည်း အခုတော့ သူတို့အားလုံးကို တရားဥပဒေအတိုင်း အရေးယူနိုင်ခဲ့ပြီဖြစ်ပြီး ရွာသားများသည်လည်း သူတို့၏ဇာတိမြေကို ပြန်လာနိုင်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံတော်ကလည်း ရွာ၏လုံခြုံရေးနှင့် ဆင်းရဲမွဲတေမှုအတွက် သင့်လျော်သော စီမံကိန်းများကို ချမှတ်ခဲ့သည်။ 

သို့ပေမည့် ထိုအရာသည် နောက်မှဖြစ်လာမည့်အရာဖြစ်ကာ ရွှီဖန်းတို့အဖွဲ့ကတော့ ထိုအကြောင်းကို ယခုလက်ရှိ၌ မသိကြသေးပေ။ ရဟတ်ယာဥ်ပေါ်မှ ဆင်းသည်နှင့် ရွှီဖန်းနှင့် လင်းရှောင်ရှောင်းတို့ လမ်းခွဲခဲ့ကြသည်။ ပေကျင်းသို့ရောက်လာပြီဖြစ်ရာ ရွှီဖန်းသည်လည်း ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးအတွက် ပိုပြီး စိုးရိမ်ပူပန်နေခဲ့သည်။

ပိုင်ယွီကတော့ ရွှီဖန်း၏အနောက်ကို လိုက်ကာ ချန်

ဟိုင်းကို လိုက်ခဲ့သည်။ သို့သော် လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ပိုင်ယွီက ပိုင်ပင်းကို သွားရှာမည်ဟုပြောကာထွက်သွားခဲ့ပြီး ရွှီဖန်းကတော့ ရှယန်ယွိကို ချက်ချင်း ဖုန်းခေါ်ခဲ့သည်။

လက်ရှိအခြေအနေက ရွှီဖန်းအား အနည်းငယ် ဂနာမငြိမ်ဖြစ်စေလေသည်။ တစ်ခုခုများ ဖြစ်နေပြီလား။ သူ့ရန်သူတွေကသာ သူသေသွားပြီဟု သိသွားခဲ့လျှင် သူ့မိသားစုကို ထိခိုက်စေမှာ စိုးရိမ်မိသည်။

ရွှီဖန်းသည် လက်ရှိနေရာ၌ တစ်စက္ကန့်လေးတောင် ကြာကြာမနေရဲခဲ့ပေ။ သူ့မိဘတွေကတော့ စစ်တပ်၏အကာအကွယ်အောက်မှာ ရှိနေတာကြောင့် ရွှီဖန်း ပိုပြီးစိတ်အေးရသည်။ သို့သော် ရှယန်ယွိကတော့ မတူပေ။

လမ်းတစ်လျှောက်လုံးမှာ ရွှီဖန်းသည် ယာဉ်မောင်းအား ရှယန်ယွိ၏ကုမ္ပဏီကို အမြန်မောင်းခိုင်းခဲ့သည်။ ရောက်သည်နှင့် သူ ရုံးခန်းကို တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ ဘေးနားရှိ ထိတ်လန့်

တုန်လှုပ်နေသောမျက်လုံးများကိုတော့ ရွှီဖန်း ရှင်းပြရန် အချိန်မရခဲ့ပေ။

ရုံးခန်းထဲကို ရောက်သောအခါ ရွှီဖန်းသည် ရှယန်ယွိအတွင်းရေးမှူး၏ထိတ်လန့်နေသောအမူအရာကို ဂရုမစိုက်ဘဲ ရုံးခန်းတံခါးကို တန်းဖွင့်လိုက်သည်။ သို့သော် ရုံးခန်းက ဗလာနတ္တိဖြစ်နေခဲ့သည်။

"မင်းရဲ့ဥက္ကဌရော ဘယ်မှာလဲ"

ရွှီဖန်းသည် တစ်ဖက်ကိုလှည့်၍ ရှယန်

ယွိ၏ အတွင်းရေးမှူးကို မေးလိုက်သည်။ 

"သရဲ... သရဲ"

အတွင်းရေးမှူးသည် ရွှီဖန်း၏မျက်နှာကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေလေသည်။

"ဘာဖြစ်နေတာလဲ၊ မင်းရဲ့ဥက္ကဌရှိလားလို့ မေးနေတယ်"

ရွှီဖန်း၏မျက်နှာအမူအရာက အေးစက်လာသည်။ စိတ်မရှည်သည့်အမူအရာက သူ့မျက်နှာပေါ်၌ ပေါ်လာပြီး အတွင်းရေးမှူးကို အော်လိုက်သည်။

"အာ... ဥက္ကဌက ဝမ်ကျုံးကျန့်နဲ့ ရှယ်ယာကိစ္စ ဆွေးနွေးဖို့ သွားတယ်"

"ဘယ်မှာလဲ"

"အရှေ့ဘက်ပင်မလမ်းပေါ်က ကော်ဖီဆိုင်မှာပါ"

အတွင်းရေးမှူးသည် ရွှီဖန်း၏ ခြောက်လှန့်မှုကြောင့် မသိစိတ်မှ အလိုလို မေးခွန်းကို ဖြေလိုက်မိသည်။

ရွှီဖန်းသည် ထိုစကားကို ကြားပြီးနောက် ဘာမှမပြောတော့ပေ။ သူ လှည့်ထွက်ကာ အောက်ထပ်သို့ ပြေးဆင်းသွားခဲ့သည်။

"သရဲ!" 

ရွှီဖန်း ထွက်သွားပြီးမှသာ အတွင်းရေးမှူးက ပြန်အော်လာသည်။

ခုနစ်ရက်အကြာ ဓာတ်ခွဲခန်းထဲ၌ ရွှီဖန်း ဖမ်းဆီးခံခဲ့ရသည့်အချိန် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၌ နောက်ထပ်ကြီးမားသောအဖြစ်အပျက်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ထိုအရာက ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားခြင်းကိစ္စဖြစ်ပြီး လွန်ခဲ့သောရက်ပိုင်းက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ရှယ်ယာဈေးသည် ကောင်းကင်ထိတိုင်အောင် မြင့်တက်သွားခဲ့တာကြောင့် ရှယ်ယာများ ပြန်ထုတ်ခဲ့သောသူများသည် သဘာဝကျစွာပင် မကျေနပ်ကြပေ။ သူတို့ကို ဦးဆောင်လာသူက ဝမ်ကျုံးကျန့် ဖြစ်သည်။

မူလက သူတို့ ထိုကိစ္စကို ဂရုမစိုက်ခဲ့ကြပေ။ ချန်ဟိုင်းပြည်နယ်အစိုးရက ထိုကိစ္စအား လူထုစုဝေးမှုအဖြစ် သဘောထားမည်ဟု ပြောခဲ့တဲ့နေ့ကစ၍ပင်။ 

နောက်တစ်နေ့မနက်ခင်းတွင်မူ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ဥက္ကဌရွှီဖန်း သေဆုံးပြီဆိုသည့် သတင်းမှာ ပေါက်ကြားလာခဲ့ပြီး ရဲများကလည်း မြစ်ထဲကနေ ရုပ်အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ကြသည်။

ရုတ်ချည်းပင် မြို့တစ်မြို့လုံး ဆူပူသောင်းကျန်းသွားခဲ့သည်။ ရွှီဖန်း၏မိဘများ၊ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများအားလုံး ထိုသတင်းကြောင့် အလွန်အမင်း ဝမ်းနည်းကြေကွဲခဲ့ကြသည်။ 

ဒီနေ့ဟာ ရွှီဖန်း၏ခုနစ်ရက်ပြည့်နေ့ဖြစ်ပြီး ဝမ်ကျုံးကျန့်ကလည်း ခုနစ်ရက်မြောက်နေ့အထိ ဒုက္ခပေးနေခဲ့၏။ ရှယန်ယွိသည် ထိုကိစ္စကို ငြိမ်သက်စေရန်

အတွက် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို ရောင်းချရန် ပြင်ဆင်ခဲ့သည်။ အကြောင်းမှာ ရှယန်ယွိကိုယ်တိုင်ကလည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရပြီး ကမ္ဘာကြီးက နေထိုင်ချင်စရာမကောင်းတော့ဘူးဟု ခံစားရသောကြောင့်ပင်။ ရွှီဖန်း၏သေဆုံးမှုက ရှယန်ယွိအတွက်တော့ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသလိုပင်။

ထို့ကြောင့် အခုအချိန်မှာ ရှယန်ယွိသည် ဝမ်ကျုံးကျန့်နှင့် တွေ့ဆုံပြီးနောက် ရွှီဖန်းအတွက် ရက်လည်

ပြုလုပ်ပေးရန် ရွေးချယ်ခဲ့သည်။ 

သူတို့သဘောတူထားသော ကော်ဖီဆိုင်သည် ရှယန်

ယွိ၏ကော်ဖီဆိုင်ဖြစ်တာကြောင့် သူမ သိပ်မစဉ်းစားတော့ဘဲ အလျင်အမြန် သွားခဲ့သည်။ ကော်ဖီဆိုင်ရှေ့မှာတော့ မဖိတ်ခေါ်ဘဲ ရောက်နေသည့် ဧည့်သည်

အနည်းငယ်ရှိနေခဲ့ပြီး ထိုလူများသည် အလွန်သန်မာကြသည်။ သူတို့က တံခါးကို စောင့်ကြပ်နေကြလေသည်။ 

ထိုလူများသည် ရှယန်ယွိမှ ကော်ဖီဆိုင်ထဲကို ဝင်တော့မည့်အချိန်၌ တမင်တကာ တားဆီးလာသော်လည်း အထဲကနေ အသံတစ်ခု ထွက်လာသည်။ ရှယန်ယွိအား ဝင်ခွင့်ပြုရန် ပြောလိုက်ခြင်းပင်။

ဝမ်ကျုံးကျန့်နှင့် သူ့သား ဝမ်ကျန်းကျုံးတို့ နှစ်

ယောက်စလုံးက ကော်ဖီဆိုင်ထဲမှာ ရှိနေလိမ့်မည်ဟု သူ မ မထင်ထားခဲ့ပေ။ ကော်ဖီဆိုင်ထဲ၌ ဖောက်သည်

တစ်ယောက်မှ မရှိဘဲ ထိုအစား အမျိုးသား၂၀-၃၀ လောက်က ရပ်နေကြသည်။ ဒုတိယအကြိမ် စဉ်းစားစရာတောင်မလိုဘဲ ရှယန်ယွိ လှည့်ကာ ထွက်လာခဲ့သည်။

သို့သော် တံခါးဝက လူသန်ကြီးက သူမကို တားလာသည်။

"နေရာမှာမထိုင်ဘဲ ဘာလို့ ထွက်ပြေးနေတာလဲ။" 

ဝမ်ကျုံးကျန့်က ထရပ်၍ ပြောလာသည်။

"ဝမ်ကျုံးကျန့် ရှင် အခုဘာလုပ်နေတာလဲ၊ အရမ်းရဲတင်းတာပဲ! ရှင် ကျွန်မကို ထိရင် ရှမိသားစုက ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ပိန်သွားတဲ့ကုလားအုတ်ဆိုပေမယ့် မြင်းထက်တော့ ကြီးနေသေးတယ်"

ရှယန်ယွိသည် ဝမ်ကျုံးကျန့်၏အရှေ့ကို လျှောက်သွားကာ သူ့ကို ပြောလိုက်သည်။

"ဟားဟားဟား မင်းက ရှမိသားစုရဲ့သမီးမှန်း ငါသိပါတယ်" 

သို့သော် သားဖြစ်သူဝမ်ကျန်းကျုံးက ထရပ်လာပြီး သူ့လက်ချောင်းဖြင့် သူမမျက်နှာကို ကုတ်ခြစ်လာသည်။ 

"မင်းက ရွှီဖန်းရဲ့မိန်းမဆိုတာကိုလည်း ငါသိတယ်"

ရှယန်ယွိသည် ဝမ်ကျန်းကျုံး၏လက်ကို ရိုက်ဖယ်

ပစ်ကာ...

"အခု သိပြီဆိုတော့ ကျွန်မကို ထိရဲတုန်းလား! ရွှီဖန်းက ရှင့်ကို အပြစ်ပေးမှာ မကြောက်ဘူးလား..." 

သို့သော် ထိုနေရာ၌ ရှယန်ယွိသည် ရုတ်ချည်း ရပ်သွားခဲ့သည်။ ရွှီဖန်းက ဘယ်လိုလုပ် အပြစ်ပေးနိုင်တော့မည်နည်း။

"ဟားဟားဟား ပြောလေ ဘာလို့ ဆက်မပြောတော့တာလဲ၊ ရွှီဖန်းက ငါ့ကို ဘာအပြစ်ပေးမှာလဲ၊ ငါ့လက်ကို ချိုးမှာလား၊ ဟားဟားဟား! သူက ရုပ်

အလောင်းကနေ ပြန်ထလာမယ်လို့ထင်တာလား"

ဝမ်ကျန်းကျုံးသည် ရူးသွပ်စွာ ရယ်မော၍ ရှယန်ယွိကို ပြောလာသည်။

ရှယန်ယွိသည် သူမ၏မျက်ရည်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့သည်။ သူမ ရွှီဖန်းအတွက် မျက်နှာပျက်၍မဖြစ်သလို ဒီလူတွေရှေ့မှာ ငိုလို့လည်း မဖြစ်ပေ။ ရှယန်ယွိ စဉ်းစားပြီးနောက် ခေါင်းကိုမော့ကာ ဝမ်ကျန်းကျုံးအား စူးစူးစိုက်စိုက် ကြည့်

လိုက်သည်။

"ငါ့ကိုဘာလို့လာစိုက်ကြည့်နေတာလဲ...ငါက သူ့ကို ဘာလုပ်လို့လဲ၊ မင်းရဲ့ရွှီဖန်းက တော်တော်ထူးခြားနေလို့လား"

ထိုသို့ပြောပြီးနောက် ဝမ်ကျန်းကျုံး၏မျက်နှာက ပို၍ မှိုင်းသွားသည်။ သူက ရှယန်ယွိကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

"နောက်ဆုံးရယ်နိုင်တဲ့လူကသာ အကောင်းဆုံးပဲ"

"သွားစမ်းပါ ရွှီဖန်းက အသက်ရှင်နေတယ်! ရှင် သူ့ဖိနပ်ကို သယ်ဖို့တောင် အရည်အချင်းမရှိသေးဘူး! သူနဲ့ နာမည်ချင်း နှိုင်းယှဉ်ဖို့ဆိုရင် ပိုလို့တောင် အရည်အချင်းမရှိသေးဘူး! သူက ရှင့်ကို လုံးဝမျက်လုံးထဲထည့်မယ့်သူ မဟုတ်ဘူး"

ရှယန်ယွိသည် ဝမ်ကျန်းကျုံး၏မျက်နှာအား တံတွေးဖြင့် ထွေးလိုက်သည်။ 

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ! အိပ်ရာပေါ်ရောက်

ရင် မင်း ဒီလိုမျိုးခေါင်းမာရဲသေးလားဆိုတာကို ကြည့်ရသေးတာပေါ့"

ဝမ်ကျန်းကျုံးသည် ဒေါသတကြီးဖြင့် သူ့မျက်နှာပေါ်မှ တံတွေးများကို သုတ်ကာ ရှယန်ယွိကို ပြောလာသည်။

"လူယုတ်မာကောင်"

ဝမ်ကျန်းကျုံး၏အကြံအစည်ကို ကြားသည့်အခါ ရှယန်ယွိလည်း ကြောက်လန့်တကြားဖြစ်သွားရသည်။ ဝမ်ကျန်းကျုံးက ဒီလောက်ထိ ရဲရဲတင်းတင်း သူမကိုတိုက်ခိုက်ရဲလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။

ဝမ်ကျန်းကျုံးကို ကျိန်ဆဲရင်းဖြင့် ရှယန်ယွိသည် အလွန်အမင်း ထိတ်လန့်နေခဲ့သည်။ ဒီနေ့က ရွှီဖန်း၏ခုနစ်ရက်မြောက်နေ့ ရက်လည် ဖြစ်သည်။ သူမ သေသွားရင်တောင်မှ သူမအား ဝမ်ကျန်းကျုံးမှ စော်ကားလို့ မရစေရပေ။

"ဒါဆိုရင် သူ့ကို မင်းဆီ လွှဲပေးလိုက်ပြီ၊ အလုပ်ကို မမေ့နဲ့ဦး"

ဝမ်ကျုံးကျန့်သည် စိတ်လှုပ်ရှားနေသော ဝမ်ကျန်းကျုံးကို ကြည့်ကာ ဒီမှာ ဆက်ပြီး မနေချင်တော့ပေ။ ရှယန်ယွိက သူတို့လက်ထဲရောက်နေပြီဆိုမှတော့ မိန်းမတစ်ယောက်က ဘာလုပ်နိုင်မည်နည်း။ ရွှီဖန်းကလည်း သေသွားလေပြီ။ ဝမ်ကျုံးကျန့်မှာ ဘာစိုးရိမ်စရာမှ မရှိတော့ပေ။

"ကောင်းပြီ အဖေ၊ ဒီကိစ္စကို စိတ်မပူပါနဲ့၊ အရေးကြီးတဲ့ကိစ္စတွေကို ကျွန်တော် မမေ့ပါဘူး"

ဝမ်ကျန်းကျုံးသည် ဝမ်ကျုံးကျန့်၏လေးနက်သောအမူအရာကို ကြည့်၍ ရင်ဘတ်ကိုပုတ်ကာ အမြန် အာမခံလိုက်သည်။ ထို့နောက် ဝမ်ကျုံးကျန့် ထွက်သွားသည်ကို သူကြည့်နေခဲ့သည်။ 

ဝမ်ကျုံးကျန့် ထွက်သွားပြီးနောက်မှာတော့ ဝမ်ကျန်းကျုံး၏မျက်နှာအမူအရာမှာ ပြေလျော့သွားလေသည်။ သူ ရှယန်ယွိအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"အရင်ဆုံး သူမကို ချည်ထားလိုက်"

သူ့အမိန့်ကြောင့် ဥပဓိရုပ်ကြမ်းတမ်းသော လူနှစ်

ယောက်သည် ရှယန်ယွိအား တိုင်တစ်လုံးဆီသို့ ဆွဲခေါ်သွားကြသည်။

ရှယန်ယွိသည် အသက်လုပြီး ရုန်းကန်ခဲ့သော်လည်း သူမ၏အားက ထိုလူနှစ်ယောက်လောက် မသန်မာခဲ့ပေ။ နောက်ဆုံးမှာတော့ သူမ တိုင်တစ်လုံးမှာ ချည်နှောင်ခံခဲ့ရပြီး လှုပ်ရှားလို့မရတော့ပေ။

ဝမ်ကျန်းကျုံးသည် စာချုပ်တစ်ခုကို လက်ထဲမှာ 

ကိုင်ပြီး ရှယန်ယွိအရှေ့ကို လျှောက်လာခဲ့သည်။ 

"ဒီစာချုပ်မှာ လက်မှတ်ထိုးရင် ဒုက္ခနည်းနည်းလျော့လိမ့်မယ်"

စာချုပ်ခေါင်းစဉ်က ရှယ်ယာလွှဲပြောင်းခြင်းစာချုပ်

ဖြစ်နေသည်ကို ရှယန်ယွိ မြင်လိုက်ရသည်။ ရှယန်ယွိသည် အရင်ကတော့ စာချုပ်မှာ လက်မှတ်ထိုးချင်ခဲ့သည်။ သို့သော် အခြေအနေက ဒီအထိရောက်လာတာမလို့ သူမ လက်မှတ်ထိုးတော့မည်မဟုတ်ပေ။ သူမ ဝမ်ကျန်းကျုံးအား အေးစက်စွာဖြင့် စူးစူးစိုက်စိုက် ကြည့်ကာ ပြောလိုက်သည်။

"အိပ်မက်မက်မနေနဲ့!"

"ဖြန်း!"

ရှယန်ယွိ၏စကားဆုံးသည်နှင့် သူမ၏ပါးပြင်ပေါ်သို့ ပဲ့တင်သံပါထွက်သော ပါးရိုက်သံတစ်ချက် ကျရောက်လာသည်။ သူမ၏ဖြူဖွေးသော ပါးပြင်

ထက်တွင် လက်ငါးချောင်းရာနီရဲရဲများ ချက်ချင်း ပေါ်လာခဲ့သည်။

"မထိုးဘူး!"

"ဖြန်း!"

နောက်ထပ် ပါးရိုက်သံတစ်ချက်နှင့်အတူ ရှယန်ယွိ၏ စည်းနှောင်ထားသော ဆံနွယ်များသည် ကြိုးပြုတ်ကာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးစတစ်စ ရှိနေသော်လည်း သူမ၏မျက်လုံးများကတော့ ယခင်ကလိုပင် ခိုင်မာပြတ်သားနေဆဲဖြစ်သည်။

"မထိုးနိုင်ဘူး!"

"ဖြန်း!"

မျက်နှာပေါ်သို့ နောက်ထပ်ပါးရိုက်သံတစ်ချက် ကျရောက်လာသည်။ ပုံမှန်ဆိုလျှင် အလွန်မာနကြီးသော ရှယန်ယွိသည် ပါးရိုက်ချက် အနည်းငယ်ဖြင့်ပင် ဆံပင်များရှုပ်ပွသွားခဲ့သည်။ ရွှီဖန်းကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ သူမ၏အရောင်အဝါများသည်လည်း တဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။ 

"လုံးဝမထိုးနိုင်ဘူး။"

"ဖြန်း!"

နောက်ထပ် ပါးရိုက်သံတစ်ချက်ပင်။

**********************

All Chapters