← Chapters

ငါးယောက်နှင့် တစ်ယောက် တိုက်ခိုက် ခြင်း

Vol. 3 Ch. 43

ငါးယောက်နှင့် တစ်ယောက် တိုက်ခိုက် ခြင်း

Vol. 3 Ch. 43

ရွှီဖန်း၏ လက်ဝါးတစ်ချက်က လက်ရှိရှိနေသည့် လူအားလုံးကို အံ့အားသင့်စေခဲ့သည်။ ရွှီဖန်းလို ပိန်းပိန်ပါးပါး ခန္ဓာကိုယ်ထဲကနေ အခုလို ကြောက်ဖို့ကောင်းသည့် ခွန်အားမျိုး ထွက်လာလိမ့်မည်ဟု ဘယ်သူကမှ မထင်ထားခဲ့ပေ။

"ကျစ်! ကျစ်! ဒီဆိုင်သူဌေးက ရက်စက်တာပဲ"

"အမှန်ပဲ...ဒါပေမယ့် မြွေစိမ်းဂိုဏ်းကို ဆန့်ကျင်ရဲတဲ့လူမျိုးကို နှစ်တွေအကြာကြီး မမြင်ခဲ့ရဘူး"

လူအုပ်ကြီး၏ ဆွေးနွေးသံများအား ကြားနိုင်ပေသည်။ မြွေစိမ်းဂိုဏ်းမှာ ဒေါသထွက်သွားသော်ငြား သူတို့ စကားမပြောရဲကြပေ။ ဈေးဝယ်သူတို့က ရွှီဖန်း၏ အကူအညီဖြင့် သူတို့အား သင်ခန်းစာပေးချင်နေကြသည်။

"မင်း မင်း! ဖာ့ခ်! ဒီလောင်ဇီကို ရိုက်ရဲတယ်လား!"

ရွှီဖန်း ရိုက်တာခံလိုက်ရသည့် ထိုလူမှာ မြေပြင်ပေါ်မှ အချိန်အတော်ကြာတဲ့အထိ မထနိုင်ခဲ့ပေ။ ပြီးမှ သာ တုန်တုန်ယင်ယင်ဖြင့် ထလာပြီး ပါးစပ်အပြည့်သွေးများ အန်ထုတ်လာသည်။

ထိုထဲ၌ သွားတချို့ကိုပါ ဝိုးတိုးဝါးတား သူမြင်နေရသည်။ ကျန်သည့်လေးယောက်မှာ ထိုအရာအားမြင်

သည့်အခါ ကြောက်ရွံ့သွားတော့သည်။

ရွှီဖန်း ထိုလူတွေကို စိုက်ကြည့်ကာ နှာမှုတ်လိုက်သည်။

"မင်းတို့ခုနကပဲ မင်းတို့ကို လာကစားနေတာလားလို့ မေးခဲ့တာမလား"

"အမှန်ပဲ ငါမင်းတို့နဲ့ ကစားနေတာ၊ ငါ ခရိုင်မှာ ဆိုင်ဖွင့်စားပေမယ့် သမ္မာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်နေတာ...ဘယ်သူက ငါ့ကိုလာတားရဲလဲ"

"မြွေစိမ်းဂိုဏ်းဟုတ်လား အဲ့တာက ဘာမို့လို့လဲ...ငါ ရွှီဖန်းက အဲ့ဒီလိုဟာကို မျက်လုံးထဲတောင် လုံးဝမထည့်ဘူး"

ရွှီဖန်းပြောပြီးသည်နှင့် မြွေစိမ်းဂိုဏ်းက ငါးယောက်အား လက်ကွေးခေါ်ကာ တိုက်ပွဲစဖို့ပြင်လိုက်သည်။

အတိတ်ကလို ကောင်းကင်ဘုံစွမ်းအားအဆောင်တစ်ခုတည်းဖြင့်သာဆိုရင် သူပြောရဲမှာမဟုတ်ပေ။ အခု အာ့လန်ရှန်း၏ ကောင်းကင်ဖြိုခွဲလက်သီးကို သင်ထားတာကြောင့် ငါးယောက်တစ်ယောက် ချဖို့ကိုလည်း သူမကြောက်တော့ပေ။

လူတိုင်းလူတိုင်းကိုဥပမာပေးချင်တာကြောင့် အားလုံးကို ရှော့ရသွားအောင် သူလုပ်ရမည်။

"ဖာ့ခ်! မင်းကတိုက်ချင်တုန်းလား! အားလုံး တစ်ခါတည်း ချီတက်ကြ!"

ရွှီဖန်း၏စကားများက မြွေစိမ်းဂိုဏ်းမှလူများ၏ ဒေါသအား လောင်စာထည့်ပေးလိုက်နိုင်သည်။ သူတို့က ဒီကို လျော်ကြေးတောင်းဖို့လာခဲ့တာဖြစ်၍ ဒီအတိုင်း ဘာမှမရဘဲ ထွက်မသွားနိုင်ပေ။

ခေါင်းဆောင်လုပ်သူ၏ကြိမ်းမောင်းမှုကြောင့် ကျန်တဲ့လေးယောက်လည်း အဝတ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်လာကြသည်။

"ဂရုစိုက်!"

ဘေးမှာရပ်နေသည့် ချိုးဆုအာမှာ ကြောက်ရွံ့မှုကြောင့် မျက်နှာ ဖြူဖျော့သွားသည်။ ထိုပစ္စည်းများက ဓားမြှောင်များဖြစ်ကာ ရွှီဖန်းက တစ်ယောက်တည်းဖြစ်နေသည်။ လက်နှစ်ဖက်တည်းဖြင့် သူဘယ်လိုလုပ် နိုင်မည်နည်း။

ဂရုမစိုက်မိတာနဲ့ အသက်ဆုံးရှုံးသွားနိုင်သည်။

"အားတန်! ဘာကိုစောင့်နေတာလဲ...ရဲသွားခေါ်လိုက်!"

ရွှီဖန်းအား ကျေအေးခိုင်းရန် တိုက်တွန်းဖို့ဆိုတာ မဖြစ်နိုင်မှန်း သူမသိသည်။ ရွှီဖန်းအား ကြောင်အစွာငေးကြည့်နေသည့် အားတန်ကိုမြင်သည့်အခါ သူမအမြန်တိုက်တွန်းမိသည်။

"အစ်မဆုအာ နားမလည်လို့၊ မြွေစိမ်းဂိုဏ်းကလူတွေက တချို့ရဲနဲ့ဆက်စပ်နေကြတယ်၊ ကျွန်တော်တို့ ရဲခေါ်

ရင်တောင် အလုပ်မဖြစ်မှာပဲ စိုးတယ်"

အကယ်၍ အကူအညီတောင်းလို့ရခဲ့ရင်တောင်မှ သူတို့ ဒီကိုရောက်လာဖို့ဆိုတာ အနည်းဆုံးနာရီဝက်ကြာသည်။ ဒါ့အပြင် ဖမ်းသွားရင်တောင်မှ ထိန်းသိမ်းရေးစခန်းမှာ ရက်အနည်းငယ် နေလိုက်ရုံပြင် မရှိပေ။

"အစ်မဆုအာ...ကျွန်တော်တို့ လူနာတင်ကား အရင်ခေါ်ထားလိုက်တာ ပိုကောင်းမယ်ထင်တယ်"

အားတန်သည် ရွှီဖန်းအား အမြင့်ကြီးမတွေးထားပေ။ သူက တစ်ယောက်တည်းဖြစ်တာကြောင့် ခွန်အားရှိရင်တောင်မှ ငါးယောက်ကို ပြိုင်ချဖို့ မဖြစ်နိုင်ချေ။

သူတို့ လူနာတင်ကား ခေါ်ထားရမည်။ ဒါမှ ရွှီဖန်း ဒဏ်ရာရသည်နှင့် မြန်မြန်ဆေးရုံတင်ကာ ကယ်တင်နိုင်လိမ့်မည်။

"ဒါက.."

ချိုးဆုအာသည် နားထောင်ပြီးသည်နှင့် သူမ၏ကြီးမားသော မျက်လုံးများမှာ မျက်ရည်ဝဲတက်လာတော့သည်။ သူမကို ကောင်းကောင်းဆက်ဆံပေးသည့် လူကို ရှာတွေ့ခဲ့ရဖို့က သူမအတွက် မလွယ်ကူပေ။ ရွှီဖန်း တစ်ခုခုဖြစ်သွားမှာကို သူမမကြည့်နိုင်ပေ။

သို့သော်ငြား သူမက အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ဒီအခြေအနေမှာ ဘာမှမကူညီနိုင်ပေ။

"ကောင်းလိုက်တာ!"

"အကွက်လှချက်!"

ချိုးဆုအာတစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ စိုးရိမ်နေသည့်အချိန် ရုတ်တရက် လူအုပ်ကြီးထံမှ အားပေးသံများအား သူမ ကြားလိုက်ရသည်။ သူမ ရွှီဖန်းအား စိတ်ရှုပ်ထွေးစွာကြည့်ရင်း လုံးဝအံ့သြသွားရသည်။

ရွှီဖန်းက ငါးယောက်လုံးနှင့် ရင်ဆိုင်နေရသော်လည်း သူတို့၏ဓားမြှောင်များအား ကျွမ်းကျင်စွာ ရှောင်တိမ်းတိုက်ခိုက်နေပြီး ကျဥ်းထဲကျပ်ထဲ ရောက်နေသည့်ပုံမပေါ်ချေ။

ရွှီဖန်းက နဂိုကတည်းက ကောင်းကင်ဖြိုခွဲလက်သီးကို လေ့ကျင့်ထားသည့်အပြင် ကောင်းကင်ဘုံစွမ်းအားအဆောင်ပါ သုံးထားတာကြောင့် ထိုလူများအား အချိန်တိုအတွင်းမှာ မြေကြီးပေါ် ရိုက်ချပေးနိုင်ခဲ့သည်။

"ဒါက..."

အားတန်သည်လည်း လွန်စွာအံ့အားသင့်နေသည်။ ဒီနှစ်တွေထဲမှာ မြစ်အောက်ပိုင်းရွာ၌ ရွှီဖန်းက ကိုယ်ခံပညာသင်ယူနေမှန်း သူမကြားခဲ့ဖူးပေ။ ဘယ်လိုလုပ်ပြီး မြွေစိမ်းဂိုဏ်းက လူမိုက်တွေထက်တောင်မှ ပိုပြီး စွမ်းအားကြီးနေရသနည်း။

"အစ်မဆုအာ...အစ်ကိုရွှီဖန်းက အရင် အရင်က လေ့ကျင့်ထားဖူးတာလား"

အားတန်သည် မြွေစိမ်းဂိုဏ်းမှ လူများ ရွှီဖန်း၏လက်သီးကြောင့် တစ်ယောက်ပြီးတစ်ယောက် လဲကျနေတာကိုကြည့်ပြီး ထုံထိုင်းစွာမေးမိသည်။

ချိုးဆုအာမှာ ခါးသက်စွာ ပြုံးလိုက်ရသည်။ 

သူမက ဘယ်လိုလုပ်သိမှာလဲ။

သို့သော် မြွေစိမ်းဂိုဏ်းကငါးယောက်စလုံး ရှုံးသွားတာကိုမြင်တော့ သူမ သက်ပြင်းချမိသည်။ ရွှီဖန်း၏ ရဲစွမ်းသတ္တိပြည့်ဝနေသော ပုံရိပ်အား ကြည့်ရင်း သူမမျက်လုံးထဲ၌ ခံစားချက်များ ထပ်ပေါ်လာသည်။

"မင်း မင်း! ငါ့ကို ရိုက်ရဲတယ်လား! ငါက မြွေစိမ်းဂိုဏ်းက လူနော်!"

မျက်စိတစ်မှိတ်စာအတွင်းမှာ သူတို့ငါးယောက်စလုံး ရွှီဖန်း၏ ချနင်းခြင်းကို ခံခဲ့ရသည်။ ခေါင်းဆောင်လုပ်သူမှာ မြေကြီးအပေါ် ခိုင်မြဲစွာရပ်နေသည့် ရွှီဖန်းအား ကြည့်ကာ ကြောက်ရွံ့မိနေသည်။

သူ ခရိုင်မြို့တော်မှာ သောင်းကျန်းနေကြဖြစ်သော်လည်း ဒီလိုလူမျိုးအား တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူ့လူတွေက အတိတ်ကလောက် မသန်မာကြတော့သော်ငြား သူတို့အတွက် တိုက်ပွဲတွေဆိုတာ ပြဿနာမဟုတ်ခဲ့ပေ။

အခု ဒီကောင်လေးရှေ့၌ သူတို့ဟာ ခြောက်နှစ်သားကလေးကဲ့သို့ ဘာမှပြန်မလုပ်နိုင်ခဲ့ချေ။

ဘန်း!

တစ်ဖက်လူ၏စကားအား တုံ့ပြန်သည့်အနေဖြင့် ရွှီဖန်းသည် သနားကြင်နာမှုကင်းမဲ့စွာဖြင့် ခန္ဓာကိုယ်ကို ကန်ထည့်လိုက်ရာ ထိုလူအား အော်ဟစ်စေသည်။

"ငါမင်းကို ရိုက်ရဲတယ်!"

ကောင်းကင်ဘုံစွမ်အားအဆောင်၏ သက်ရောက်မှုက ကုန်သွားလေပြီ။ မဟုတ်လျှင် သူ့ကန်ချက်ဖြင့် ထိုလူ နံရိုးများ ကျိုးသွားနိုင်သည်။

ရွှီဖန်းသည် တည်ငြိမ်သည့် အမူအရာဖြင့် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် ဘဏ်

ကတ်အား လက်ထဲမှာကိုင်ရင်း ထိုလူ၏မျက်နှာကို ပုတ်လိုက်သည်။

"ဒီငါးသိန်းကို မင်းတို့ငါးယောက်တည်းနဲ့ ကိုင်တွယ်နိုင်မယ် ထင်လို့လား"

"မင်း! မင်း!"

မြွေစိမ်းဂိုဏ်းဆိုသည့် ဂုဏ်ပုဒ်က သူတို့အတွက် အကြီးမားဆုံးဖဲပင်။ အခု ထိုအရာလည်း သုံးစားလို့မရချေ။ ရွှီဖန်းက သူတို့နဲ့ ဆက်ကစားနေတုန်းပင်။ မြွေစိမ်းဂိုဏ်းမှ ငါးယောက်ဟာ ချက်ချင်း ကြောက်ရွံ့လာကြကာ စကားမပြောရဲကြတော့ပေ။

"ဟမ့်!"

တစ်ဖက်လူမှ အရှုံးပေးချင်နေသည်ကို ရွှီဖန်း မြင်သည့်အခါ နှာမှုတ်လိုက်သည်။

"မင်းတို့မြွေစိမ်းဂိုဏ်းတွေဘာတွေ ငါမသိဘူး၊ ငါသိတာတစ်ခုကတော့ မင်းတို့ကောင်တွေ ငါ့ကို ရန်လာမစတာ ပိုကောင်းမယ်ဆိုတာပဲ"

"မင်းတို့လက်မခံဘူးဆိုရင် မင်းတို့ဂိုဏ်းရဲ့ခေါင်းဆောင်ကို ငါ့ဆီ ကိုယ်တိုင်လာတွေ့ခိုင်းလိုက်"

မြွေစိမ်းဂိုဏ်း၏နောက်ခံအား သူဂရုမစိုက်ပေ။ သူအနိုင်ကျင့်ခံရလျှင် ပြန်ခုခံဖို့သာ သိသည်။

ဒါ့အပြင် နောက်ခံလာယှဥ်ပါကလည်း သူ့ကို ဘယ်သူကများ ယှဥ်နိုင်မည်နည်း။ 

ရွှီဖန်းအနောက်မှာ ကောင်းကင်ဘုံနန်းတော်တစ်ခုလုံးရှိပေသည်။

ပတ်ပတ်လည်မှ ဈေးဝယ်သူများသည် စကားတစ်ခွန်းမှ ဝင်မပြောကြသော်လည်း ရယ်နေကြသည်။ ထိုအခိုက်အတန့်တွင် ငါးယောက်စလုံးသည် မြေကြီးပေါ်မှ ကုန်းထကာ ပြေးရန်ပြင်နေကြသည်။

သူတို့ထွက်မပြေးခင်မှာ အနောက်ကနေ ရွှီဖန်းအသံက ထွက်လာသည်။

"အစ် အစ်ကိုကြီး ဘာလိုချင်လို့လဲ"

လေးယောက်ကိုဦးဆောင်လာသူမှာ ကြောက်ရွံ့ကာ ငိုချလုနီးပါးပင်။ သူ ရွှီဖန်းနဲ့ တစ်ကယ်ကို ငြင်းမခုံရဲတော့တာကြောင့် ယုန်တစ်ကောင်လို နာခံပြနေရသည်။

ရွှီဖန်း ပြုံးကာ သူ့ပုခုံးအား ပုတ်လိုက်သည်။

"အရမ်းကြီးမကြောက်ပါနဲ့...ငါ လူတွေကို မစားပါဘူး"

"မင်းတို့ထွက်သွားချင်ရင် အဆင်ပြေပါတယ်၊ ဒါပေမယ့် အရင်ဆုံး ကွဲကြေကုန်တဲ့ ငါ့အသီးဖိုးကို ပြန်လျော်သွားဦး"

********************

All Chapters