← Chapters

မြေအောက်လောကဘုရင်

Vol. 26 Ch. 380

မြေအောက်လောကဘုရင်

Vol. 26 Ch. 380

ရွှီဖန်းသည် မဆိုင်းမတွပင် ဖုန်းချလိုက်သည်။ အခုလိုအချိန်၌ ယောက်ျားတစ်ယောက်အတွက် ဒီထက်အရေးကြီးသည့်အရာ မရှိပေ။ 

သို့သော်လည်း အရိုးကိုတွယ်ကပ်နေသောပိုးကောင်ကဲ့သို့ ဖုန်းကထပ်မြည်လာပြန်သည်။ ရှယန်ယွိကမူ တစ်ခုခုမူမမှန်သည်ကို ခံစားမိပုံရ၏။ သူမသည် ခေါင်းမူးနေသောပုံစံဖြင့် လှည့်ကာ နို့နှစ်ရောင် အိပ်ရာခင်းကို ဆွဲယူ၍ ရွှီဖန်း၏မြင်ကွင်းတစ်ခုလုံးကို ဖုံးအုပ်လိုက်လေသည်။

ရွှီဖန်း အံတင်းတင်းကြိတ်ကာ ဖုန်းကို ကောက်ကိုင်ရတော့သည်။ သူ ဖုန်းစခရင်ကို ကြည့်လိုက်တော့ မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်နေသည်။ 

ဖြေဆိုခလုတ်ကို သူ နှိပ်လိုက်သည်နှင့် ဖုန်းထဲကနေ အက်ကွဲကြမ်းရှသောတစ်သံတစ်သံ ထွက်ပေါ်လာသည်။

"မင်းက ငါ့ကို ဒူးထောက်ပြီးစောင့်နေစေချင်တယ်လို့ ကြားထားတယ်၊ အခု ငါရောက်နေပြီ...မင်းက ဘယ်မှာလဲ"

ရွှီဖန်း၏အနည်းငယ် ယစ်မူးနေသောခေါင်းမှာ ချက်ချင်းပင် ပြန်လည်ကြည်လင်သွားခဲ့သည်။ 

တုယာ၊ အဆိပ်နဂါးဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး အနောက်ပိုင်းဒေသက မြေအောက်လောကရဲ့ဘုရင်။

ဟွာချန်းကိုယ်ခံပညာကျောင်းကနေ မထွက်ခွာလာခင်မှာပင် သူ ဒီလူကို မေ့သွားခဲ့လေသည်။ ကျူဟွာနှင့်ကျူပင်းသာဆိုလျှင်တော့ ထိုလူ၏မျက်စိရှေ့၌ ပုရွက်စိတ်သာသာပင် အားနည်းနေတော့မည်။ 

ရွှီဖန်း သူ့အဝတ်အစားများကို သပ်ရပ်အောင်ပြင်၍ ဟိုတယ်ကနေ ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ အေးစက်စွာ မေးလိုက်သည်။

"ကျူဟွာ ဘယ်မှာလဲ"

တုယာ၏အသံမှာ သားကောင်ကို စိုက်ကြည့်နေသောသွေးအေးမြွေဟောက်တစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းနေသည်။

"သူ မသေသေးပါဘူး၊ ဒါပေမယ့် ကြာကြာတော့ ခံနိုင်မှာ မဟုတ်ဘူးထင်တယ်၊ ကလေးမလေးတစ်ယောက်လည်း ရှိသေးတယ်၊ ဖြူစင်လိုက်တာများ...မကြာခင်မှာ သူမကလည်း အရွယ်ရောက်တော့မှာ"

ရွှီဖန်း၏ရင်ထဲတင်းကျပ်သွားရသည်။ တုယာက ကိုယ်ခံပညာကျောင်းသို့ ဩဇာပြရန် ရောက်လာတာ ဖြစ်နိုင်သည်။ ထို့ကြောင့် သားကောင်ဖြစ်သွားခဲ့ရသည့် ကျူဟွာနှင့်ကျူပင်းတို့အတွက် အထူးပင် ကြေကွဲဖွယ်ရာ အဆုံးသတ်အား ရင်ဆိုင်ခဲ့ရမည်ကို စိတ်ကူးကြည့်နိုင်သည်။

ရွှီဖန်း၏အသံကလည်း ဓားတစ်ချောင်းလို အေးစက်နေလေသည်။

"ကြာကြာမခံနိုင်ဘူးဆိုတာ ဘာလဲ! ဘယ်လောက်ကြာမှာလဲ! ဘယ်လောက်မြန်မြန်လဲ!"

"ဟား! ဟား! ဟား!"

ဖုန်းထဲကနေ အထိန်းအချုပ်မဲ့သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာက မင်း ဘယ်တော့လာနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်၊ ငါက အခု ဟွာချန်းကိုယ်ခံပညာကျောင်းမှာပဲ...ရာပေါင်းများစွာသော ငါ့ရဲ့ညီအစ်ကိုတွေကလည်း မြေပြင်ပေါ်မှာ ဒူးထောက်ပြီး မင်းလာဖို့ကို စောင့်နေကြတယ်လေ"

နောက်ဆုံးစကား၌ တုယာ၏အသံသည် ရူးသွပ်နေမှုအရိပ်အယောင်တစ်ခု ပါနေခဲ့သည်။

ရွှီဖန်းကတော့ လျစ်လျူရှုစွာပင်...

"ဆက်ဒူးထောက်နေ"

ဟုပြော၍ ချက်ချင်း ဖုန်းချလိုက်သည်။

ညသည် မှင်လိုမျိုး မှောင်မိုက်နေပြီး ကြယ်များဖြင့် ပြည့်နေခဲ့သည်။ sportscarတစ်စီးသည် ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ည၏တိတ်ဆိတ်မှုကို ဆုတ်ဖြဲကာ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။

ရွှီဖန်းသည် စီးကရက်တစ်လိပ်ကို ပါးစပ်တွင်ကိုက်ခဲထားလျက် ကားထဲတွင် ထိုင်နေသည်။ မှိန်

ရောင်ရောင် လမ်းမီးအောက်တွင် ဓားကဲ့သို့ ထက်ရှနေသော ရွှီဖန်း၏မျက်နှာထက်၌ အအေးဓာတ်များ ပြည့်နှက်နေလေသည်။

ရွှီဖန်းသည် ရှယန်ယွိ၏ဘေးကင်းရေးကိုတော့ စိုးရိမ်ခြင်းမရှိခဲ့ပေ။

ကောင်းကင်ဘုံခေါင်းလောင်းရှိနေခြင်းကြောင့် ရွှီဖန်းသည် အန္တရာယ် သို့မဟုတ် စောင့်ကြည့်ခံရမှုများကို ကြိုတင်သိရှိနိုင်ခဲ့သည်။ တစ်လျှောက်လုံးတွင် ဆံနီ လူမိုက်မှ သေနတ်ထုတ်လိုက်သည့်အခါမှသာ ခေါင်းလောင်းက အနည်းငယ် တုန်ခါခဲ့ခြင်းဖြစ်သည်။ ထို့နောက်မှာတော့ သူ့နောက်ကို ဘယ်သူမှ ဆက်မလိုက်နိုင်အောင် ရှင်းနိုင်ခဲ့ရာ သူတို့သွားသည့် တည်နေရာများကို မသိနိုင်ပေ။ ရှယန်ယွိကလည်း သူနှင့်အတူ တိတ်ဆိတ်စွာ နားလည်မှုယူထားသောကြောင့် မှားယွင်းစရာကိစ္စမရှိနိုင်ပေ။

ရွှီဖန်း စိုးရိမ်နေသည်မှာ ကျူပင်း၏ ဘေးကင်းရေးကို ဖြစ်သည်။

တုယာသည် သူ၏ဩဇာကိုပြသရန်အတွင် လာရောက်ပုံရသော်လည်း တကယ်တမ်းတွင်မူ တုယာနှင့် ကျူဟွာတို့ကြားတွင် ချိတ်ဆက်မှုတစ်ခုခုတော့ ရှိနှင့်နေပြီးသား ဖြစ်သည်။ လီရှုနှင့် ဆံနီလူမိုက်တို့ကလည်း ကျူဟွာထံသို့သာ ဦးတည်ခဲ့ကြခြင်းပင်။

ယနေ့ ထိုစားသောက်ဆိုင်တွင် ကျူဟွာသည် ရွှီဖန်းနှင့် ရှယန်ယွိတို့အား သူ၏ယခင်ရန်သူများအကြောင်းကို ပြောပြခဲ့သည်။

ထို့ကြောင့် တုယာ၏လုပ်ရပ်များအား မည်သို့ပင် ကြည့်စေကာမူ သူ၏နောက်ကွယ်တွင် ကျူဟွာ၏ ရန်သူ အရိပ်အယောင်များ ရှိနေပေသည်။ ထိုရန်သူက ကျူဟွာကို နှိပ်စက်လိုခြင်း ဖြစ်သည်။ ကျူဟွာသည် သေလိမ့်မည်မဟုတ်ပေ၊ အနည်းဆုံးတော့ ယနေ့မဟုတ်ပေ။ 

သို့သော် ကျူပင်းကတော့ မတူပေ။ ကလေးမလေးတစ်ဦးအတွက် သေရသည်ထက်ပင် ပို၍နာကျင်စေမည့် အရာများစွာ ရှိပေသည်။

ထိုအကြောင်းကိုတွေးမိသောအခါ ဓားကဲ့သို့ ထက်ရှနေသော ရွှီဖန်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်သန်းသွားခဲ့သည်။

ရွှီဖန်းသည် ထိုကလေးမလေးအပေါ်၌ ကောင်းမွန်သော အထင်အမြင်မရှိထားသော်ငြား ယောက်ျားတစ်ယောက်က လုပ်စရာရှိတာလုပ်နိုင်သော်ငြား မလုပ်အပ်သည့်အရာတော့ မလုပ်ရ ဆိုသည့် စကားပုံရှိပေသည်။ 

ရွှီဖန်းထံ၌ သူ လုပ်ရမည်ဆို၍ သတ်မှတ်ထားသောအရာများ ရှိပေသည်။ မဖြစ်နိုင်လျှင်ပင်၊ သေဆုံးနိုင်လျှင်ပင် လုပ်မည်ဖြစ်သည်။ ထိုအရာမှာ ရွှီဖန်း၏နိယာမဖြစ်ပြီး ၎င်းအပေါ်၌ သူ၏ကောင်းမွန်သောအထင်အမြင်နှင့် မကောင်းသောခံစားချက်ကြောင့် ပြောင်းလဲပစ်မည်မဟုတ်ပေ။

ထို့အပြင် ရွှီဖန်းအတွက်မူ တုယာသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

ရွှီဖန်းပါးစပ်ထဲရှိ စီးကရက်က အဆုံးထိ လောင်ကျွမ်းသွားလေသည်။ သူ စီးကရက်ကို လက်ထဲတွင်ကိုင်ကာ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။ လောင်ကျွမ်းနေသောစီးကရက်က လေထဲတွင် တဝီဝီမြည်ကာ ကားပေါ်မှ ပြုတ်ကျသွားခဲ့ပြီး အမှောင်ထုထဲတွင် မီးစများ အားပျော့စွာ ကျန်ရစ်ခဲ့ပြီးနောက် မှေးမှိန်သွားခဲ့သည်။ 

ဟွာချန်းကိုယ်ခံပညာကျောင်းထဲ၌ တုယာသည် သစ်သားကြမ်းပြင်ပေါ်တွင် သူ၏လက်များကို နောက်ပြန်ပစ်လျက် တိတ်ဆိတ်စွာ ရပ်စောင့်နေသည်။ သူ၏မြွေကဲ့သို့သော ခပ်မှိုင်းမှိုင်းအကြည့်က ရှိနေသူအားလုံး၏မျက်နှာများကို ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်ရှုနေသည်။ သူသည် သူ့ခြေဖဝါးအောက်ရှိ မင်းမှုထမ်းများကို ငုံ့ကြည့်နေသည့် မာန်မာနကြီးသော ဘုရင်တစ်ပါးကဲ့သို့ ပြုမူနေသည်။

အနောက်ပိုင်းဒေသရှိ ဂိုဏ်းပေါင်းဒါဇင်ကျော်၏ ခေါင်းဆောင်များသည် နှိမ့်ချသောအမူအရာဖြင့် ခေါင်းများကို သေချာစွာ ငုံ့ထားကြလေသည်။

တုယာသည် ထိုဂိုဏ်းခေါင်းဆောင်ဆယ်ဦး၏ သဘောထားများကို အလွန်ကျေနပ်အားရကာ ၎င်းနှင့်ပတ်သက်၍လည်း အလွန်ပျော်ရွှင်နေခဲ့သည်။

အနောက်ပိုင်းဒေသ၊ မြေအောက်အင်အားစုများ၏ဘုရင်အနေဖြင့် တုယာသည် သူ့ကတိများကို အမြဲတည်ခဲ့ပေသည်။ အနောက်ပိုင်းဒေသ၏မြေအောက်အင်အားစုများအားလုံးကို စုစည်းရန်မှာ တုယာအတွက် ခက်ခဲသောအရာ မဟုတ်ပေ။ ဒီအခိုက်အတန့်အတွက်ကြောင့်ပင် တုယာသည် ဂိုဏ်းခေါင်းဆောင်များအတွက် နယ်မြေအတော်အသင့် ချန်ထားပေးခဲ့ခြင်းပင်။

ကိစ္စတစ်ခုခုအကြီးအကျယ်ဖြစ်တိုင်း တုယာသည် ထိုဂိုဏ်းခေါင်းဆောင်များကို ခေါ်လေ့ရှိသည်။ ကိစ္စများကို ဖြေရှင်းသည့်အခါတိုင်း တုယာသည် ဤကဲ့သို့ပင် တိတ်တဆိတ် ရပ်နေခဲ့ပြီး ဂိုဏ်းခေါင်းဆောင်များ၏လေးစားမှုကို ခံစားလေ့ရှိသည်။

ထိုကဲ့သို့အချိန်မျိုး၌ တုယာသည် ဆိုးဆိုးဝါးဝါးပင် မာန်မာနကြီးနေလျက်ရှိသည်။ သူဟာ ဘုရင်တစ်ပါးကဲ့သို့ပင် ပြုမူလေသည်။

အားနည်းလှသော ညည်းတွားသံတစ်ခု ထွက်ပေါ်လာသည်။ အိုမင်းကာ အားနည်းနေသော အသံပင်။ တုယာလည်း မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

တုယာသည် တစ်ပါးလူထံမှ လေးစားမှုများအား ခံစားရတာကို ကြိုက်သလိုပင်။ သူ့သားကောင်၏မျက်နှာပေါ်မှ နာကျင်မှုကို ခံစားရတာလည်း အလွန်ကြိုက်သည်။ ထို့ကြောင့် တုယာသည် ကျူဟွာနှင့် ကျူပင်းတို့အား ပါးစပ်မပိတ်ထားခဲ့ဘဲ ကြိုးဖြင့်သာ ချည်နှောင်ထားခဲ့သည်။

တုယာကို စိတ်ပျက်စေခဲ့သည်မှာ ကျူဟွာသည် ကျည်ဆံထိပြီးနောက် သတိလစ်သွားခဲ့ခြင်းပင်။ ကျူပင်းကလည်း ထိတ်လန့်မှုကြောင့် သတိလစ်သွားခဲ့သည်။

ကျူဟွာက ဖြည်းဖြည်းချင်း သတိပြန်ဝင်လာသော်လည်း တုယာကတော့ အဘိုးအိုကြီးတစ်

ယောက်ဆီကနေ ပျော်ရွှင်မှုကို ရှာဖွေရန် စိတ်မဝင်စားတော့ချေ။ ထိုကြောင့် တုယာသည် ကျူဟွာအားအပေါ်စီးကနေ စကားတစ်ခွန်းမှမပြောဘဲ ကြည့်ရုံသာ ကြည့်နေလိုက်သည်။

အတွေ့အကြုံရှိသော ကိုယ်ခံပညာရှင်တစ်ယောက်အနေဖြင့် ကျူဟွာသည် သတိပြန်ဝင်လာသည်နှင့် လက်ရှိအခြေအနေကို သဘောပေါက်သွားခဲ့သည်။ 

အခု ကျည်ဆံက သူ့ဗိုက်ထဲမှာပင်။ ဒဏ်ရာက သိပ်မပြင်းထန်သော်လည်း သူ၏ အိုမင်းသောခန္ဓာကိုယ်ထဲမှ ခွန်အားအားလုံးကိုမူ ယူဆောင်သွားနိုင်ခဲ့သည်။

သူ အခုလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ခွင့်လွှတ်ပေးရန် တောင်းပန်ခြင်းပင်။ 

သူ တစ်ယောက်တည်းသာဆိုလျှင်တော့ ကျူဟွာသည် ထိုကဲ့သို့အတွေးမျိုးအား သေချာပေါက် တွေးမိမည်မဟုတ်ပေ။ ကျည်ဆံက သူ့ခေါင်းကို ထိသွားခဲ့လျှင်တောင်မှ ကျူဟွာသည် မျက်မှောင်တစ်ချက် ကြုတ်လိမ့်မည်မဟုတ်ပေ။ သို့သော် ကျူပင်းက သူ့အနောက်မှာ ရှိနေသေးသည်။

ချက်ချင်းပင် ကျူဟွာသည် သူ့ဂုဏ်သိက္ခာများအားလုံးကို နောက်မှာ ထားခဲ့လိုက်တော့သည်။ ကြိုးက သူ့လက်များကိုသာ ချည်ထားခြင်းဖြစ်ပြီး သူ့ခြေထောက်များ ကွေးရန်မှာ ပြဿနာမဟုတ်ပေ။ 

မျက်ရည်တစ်စက်ပင်မကျစေဘဲ ကျူဟွာသည် တုယာ၏ခြေထောက်နားမှာ တည်တည်ငြိမ်ငြိမ်ဖြင့် ဒူးထောက်လိုက်သည်။ သူ့မြေးမလေးအတွက် နောက်ဆုံးသော ရောင်ခြည်မျှော်လင့်ချက်လေးတစ်ခုရရန် သူ ဒူးထောက်ခဲ့ခြင်းဖြစ်သည်။

တုယာကတော့ ပျော်ရွှင်စွာ ပြုံးနေသည်။ လူတစ်ယောက်က ခေါင်းမာလေလေ သူ အနိုင်ရလိုက်

သည့်အချိန်က ပိုပြီးပျော်ရွှင်စရာကောင်းလေလေဖြစ်သည်။ 

"ခင်ဗျား ဒီနေ့ အသက်ရှင်နိုင်ဦးမယ်လို့ ထင်နေတာလား" 

လက်ရှိအချိန်တွင် တုယာ၏မျက်နှာအမူအရာသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအား ကိုင်ဆောင်ထားသည့် ဘုရင်တစ်ပါးကဲ့သို့ပင်။ 

"သူတို့နှစ်ယောက်စလုံး အသက်ရှင်လိမ့်မယ်"

ရုတ်တရက်ပင် အသံတစ်သံက ထွက်ပေါ်လာသည်။ သူ၏လေသံမှာ ပြတ်သားခိုင်မာနေလေသည်။ မြေအောက်လောက၏ဘုရင်ဖြစ်သော တုယာကို လုံးဝပင် အရေးမထားသကဲ့သို့ပင်။

****************

All Chapters