ဆေးကောင်းပဲ!
Vol. 1 Ch. 7
"ရွှီဖန်း! ရှင်!"
ရွှီအိုက်ကောမှ ရွှီဖန်း၏ ဆေးအတုအား သောက်လိုက်တာကြောင့် ရှုချိုးယာသည် အလွန်ဒေါသထွက်သွားရသည်။
"ရွှီဖန်း! ရှင်ဒီလိုလုပ်ရင် ရှင့်အဖေကို သေစေလိမ့်
မယ်ဆိုတာ မသိဘူးလား! ဒါက ဆေးအတုပါဆိုနေ! လူတွေကိုသေစေမယ့်ဟာလို့!"
ရှုချိုးယာ၏ ဒေါသထွက်နေသော အမူအရာက စိတ်ဝင်စားဖို့ ကောင်းပေသည်။ သူမဆီမှ အကြည့်မလွှဲခင် ခဏတာတော့ ကြာကြာကြည့်မိလိုက်သည်။
"ဆရာမရှုရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်"
ရွှီဖန်းက ပြုံးရယ်လျက်...
"ဒါပေမယ့် စိတ်မပူပါနဲ့...ဒါက ကျွန်တော့်အဖေပါ၊ ဒါပေါ့ ကျွန်တော့်အဖေဆီမှာ တစ်ခုခုဖြစ်လာမှာကို ကျွန်တော်က ပိုတောင်စိုးရိမ်နေသေးတယ်၊ ကျွန်တော် ဒီဆေးကို စမ်းသောက်ကြည့်ပြီးသားပါ...အကျိုးသက်ရောက်မှုရှိ မရှိ မင်းကြည့်လို့ရတယ်"
ရွှီအိုက်ကော၏ခြေထောက်က ပတ်တီးမဖြုတ်ရသေးပေ။ ရှုချိုးယာမှာ ရွှီဖန်း၏စကားတွေကြောင့် စိတ်ရှုပ်ထွေးစွာပင် ရွှီအိုက်ကော၏ ဒဏ်ရာကို သွားစစ်ဆေးကြည့်လိုက်သည်။
ဒဏ်ရာကိုကြည့်ပြီးသည့်နောက် သူမ အလွန်အံ့သြသွားတော့သည်။ ရွှီအိုက်ကော၏ဒဏ်ရာက သာမာန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်နှုန်းဖြင့် ပြန်
ကောင်းလာနေသည်ကို သူမ တွေ့ခဲ့ရသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှုချိုးယာမှာ မယုံကြည်နိုင်မှုကြောင့် လေအေးတစ်
ချက် ရှိုက်သွင်းမိသည်။ သူမက ရွှီအိုက်ကော သောက်ကုန်ထားသည့် ရေနွေးခွက်ကို သွားယူကြည့်ကာ စတင်စူးစမ်းတော့သည်။
ဆေးတစ်ဖုံစာလေးက ရွှီအိုက်ကော၏ ကျိုးနေသည့်
ဒဏ်ရာအား ကုသနိုင်တယ်လား။ ရှုချိုးယာ ခေါင်းခါရမ်းမိသည်။ ခရိုင်မြို့တော်မှ ဂုဏ်သတင်းကြီးမားသော ကျွမ်းကျင်အဆင့် ဆရာဝန်တောင်မှ ဤကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်နေသည့်ဆေးမျိုး မဖော်စပ်နိုင်ပေ။
"ရွှီဖန်း ရှင် တစ်ကယ်ပဲ ဒီဆေးကို ဖော်စပ်ခဲ့တာလား"
ဤဆေးမှာ ရိုးရှင်းသော်လည်း မှော်ဆန်လွန်းသည်။ သူမအရှေ့မှ အလွန်ကိုသာမာန်ဆန်နေသည့်လူနှင့် တွဲမြင်ဖို့ရာ ခက်ခဲလှသည်။
ရွှီဖန်းက ပုခုံးတွန့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော်ဖော်စပ်တာ မဟုတ်ရင်ရော...တခြားလူရှိနိုင်လို့လား"
"ဒါက...."
ရှုချိုးယာမှာ အနည်းငယ်ရှက်သွားတော့သည်။ ဆေးတက္ကသိုလ်ကနေ သူမ ဘွဲ့ရထားခဲ့သော်လည်း နောက်ဆုံးမှာ သူက ဘာဆေးပညာမှမလေ့လာထားသည့် ဒီလူထက် အရည်အချင်းနိမ့်ကျနေတုန်းပင်။
"ရွှီဖန်း ကျွန်မ စောနက စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်...တောင်းပန်ပါတယ်"
ရှုချိုးယာသည် တောင်းပန်စကားမပြောခင်မှာ အနည်းငယ်တုန့်ဆိုင်းသွားကာ သူမနှုတ်ခမ်းကို ကိုက်ထားခဲ့သည်။ ရွှီဖန်းကလည်း ပြုံးကာ ခေါင်းခါရမ်းသည်။
"ဆရာမရှုက ကျွန်တော့်အဖေအတွက် တွေးပေးခဲ့တာပါ...ကျွန်တော်အပြစ်မတင်ပါဘူး"
ပြီးသည်နှင့် သူ့ဘေးမှ ကျန်းလီမေအား ရွှီဖန်း ကြည့်လိုက်သည်။ ထိုအချိန် သူမနှင့် ရှို့ရှို့မှာ တစ်ယောက်နဲ့တစ်ယောက် ဖက်ကာ ပါးပေါ်မှာ မျက်ရည်တွေစီးကျရင်း အော်ငိုနေကြသည်။
အိမ်၏ အိမ်ထောင်ဦးစီး လဲကျသွားသည့်အချိန်မှစ၍ တော်တော်ကြာလေပြီ။ အခုဆိုရင် သားဖြစ်သူ၏ ကုသမှုကြောင့် နောက်ဆုံးတော့ သူ ပြန်ပြီး မတ်တပ်ရပ်နိုင်တော့ပေမည်။ အခုအချိန်လေးမှာတော့ သူတို့ရင်ထဲ မြိုသိပ်ခဲ့ရသည့် နာကြည်းမှုများအားလုံးဟာ မျက်ရည်များအဖြစ် ပြောင်းလဲသွားကြလေ၏။
ရွှီဖန်းလည်း ခေါင်းခါရမ်းကာ သူ့အမေနှင့် ညီမလေးအား ပုခုံးပုတ်ပေရင်း နှစ်သိမ့်ပေးလိုက်သည်။
"ဟုတ်ပါပြီ အမေ ရှို့ရှို့...ဘာလို့ငိုနေသေးတာလဲ၊ အဖေက ပြန်ကောင်းနေပြီလေ၊ ဒါကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား"
"မငိုတော့ဘူး! အမေ မငိုဘူး!"
ကျန်းလီမေဟာ ရှိူက်သွင်းလျက် မျက်ရည်များအား သုတ်ပစ်နေသည်။ သူမသည် ကုတင်ပေါ်မှ ရွှီအိုက်ကောအနားသို့ လမ်းလျှောက်သွားကာ...
"လူကြီးရေ ကျွန်မတို့သားလေး အောင်မြင်တော့မှာ"
ရွှီအိုက်ကောသည်လည်း ခေါင်းညိတ်ကာ မျက်လုံးများနီလာတော့သည်။
"ကောင်းပြီ...ဒီတစ်ခါတော့ သားကို ငါတို့အားလုံးကျေးဇူးတင်ရမယ်...အဖေ့ခြေထောက်တွေ ပိုကောင်းလာပြီဆိုရင် ဆောက်လုပ်ရေးမှာ သွားပြန်လုပ်မယ်"
ရွှီအိုက်ကော ပထမဆုံးလုပ်ချင်သည့်အရာက အလုပ်ပင်။ ဒါမှလည်း မိသားစုကို သူထောက်ပံ့နိုင်
လိမ့်မည်။ ရွှီဖန်းမှာ ဒါကိုကြားသည်နှင့် ခါးသက်စွာ ပြုံးမိတော့သည်။
သူ့အဖေက ဒီမိသားစုအတွက် များစွာ ပေးဆပ်ခဲ့ပြီးလေပြီ။ သူ မြန်မြန် အရွယ်ရောက်လာရမည်။
မိသားစုအတွက် အလုပ်ကြိုးစားနေရသည့် သူ့မိဘတွေအား ရွှီဖန်း မကြည့်နိုင်တော့ပေ။ သူတို့က အရွယ်လည်းရနေပြီဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီးနေရမယ့်အချိန်ရောက်နေလေပြီ။
ခေါင်းခါရမ်းကာ သူ့မိဘများအား ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။
"ကောင်းပါပြီ...ငိုနေတာရပ်ကြတော့၊ ဆရာမရှုတော့ ရယ်နေလောက်ပြီ"
ရှုချိုးယာ၏မျက်လုံးများက ဤကဲ့သို့ ချစ်ခြင်းများ ပြည့်နှက်နေသည့်မြင်ကွင်းကြောင့် နီရဲလို့နေသည်။ ရှီဖန်းက သူမအား ကြည့်နေသည်ကို မြင်သည့်အခါ ရှက်သွားရပြီး မျက်ရည်များကို ကပျာကယာသုတ်လိုက်မိသည်။
"ကျွန်..ကျွန်မ အဆင်ပြေပါတယ်"
"အချိန်တောင်နောက်ကျနေပြီ...ငါ ဟင်းချက်ရဦးမယ်၊ ဆရာမလေး ကျွန်မတို့အိမ်မှာ ညစာစားသွားပါဦး"
ညစာစားချိန်တောင် ရောက်နေလေပြီ။ ကျန်းလီမေဟာ ဒီရက်ပိုင်း ရွှီအိုက်ကောကို လာဂရုစိုက်ပေးသည့် ရှုချိုးယာအား ညစာစားရန်အတွက် ဖိတ်ခေါ်ချင်ခဲ့သည်။
ရှုချိုးယာက ခေါင်းခါသည်။
"မစားတော့ပါဘူး အဒေါ်ကျန်း၊ ကျွန်မ ဆေးခန်းကို ကိစ္စတစ်ခုနဲ့ သွားဖို့ရှိသေးလို့လေ...ဒါဆို သွားခွင့်ပြုပါဦး၊ နောက်နေ့မှပဲ လာခဲ့ပါမယ်"
ရှုချိုးယာက စကားပြောပြီးသည်နှင့် သူမ၏ဆေးအိတ်ကို ကပျာကယာသိမ်းကာ ထွက်ဖို့ပြင်တော့သည်။
ကျန်းလီမေလည်း အနည်းငယ် ကို့ရို့ကားယားဖြစ်သွားကာ သူမသားအား ပြောလိုက်သည်။
"သား ဆရာမလေးကို ဆေးရုံပြန်လိုက်ပို့ပေးလိုက်၊ အခုက အရမ်းမှောင်နေပြီ...ဆရာမလေးတစ်ယောက်တည်းဆို အန္တရာယ်များတယ်"
ရွှီဖန်းကတော့ ဘာမှအများကြီး မတွေးမိပေ။ သူ့အမေစကားကိုကြားသည့်အခါ သူကိုယ်တိုင်လည်း အားနေတာကြောင့် ခေါင်းညိတ်ကာ လက်ခံလိုက်သည်။
မကြာခင်မှာပဲ နှစ်ယောက်သား ရွှီဖန်း၏ အိမ်မှ ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးမှာလည်း တစ်ယောက်နှင့်တစ်ယောက် စကားမပြောခဲ့ကြပေ။ လေထုက နည်းနည်းတော့ နေရခက်လှသည်။
ရံဖန်ရံခါ လေနှင့်လိုက်ပါလာသည့် ဆရာမရှု၏ ရနံ့အား ရွှီဖန်း ရခဲ့သည်။ နောက်ဆုံး သူပဲ စကားစလိုက်ရသည်။
"ဆရာမရှု...စောနက ရယ်စရာမြင်ကွင်းကို မြင်စေမိပြီ"
ရှုချိုးယာက ခေါင်းခါရမ်းကာ အပြုံးလေးဖြင့် ဆိုလာသည်။
"ကျွန်မကတော့ မထင်မိပါဘူး...တစ်ကယ်တော့ အဲ့ဒီလို ကောင်းတဲ့မိဘတွေ ရရှိထားတဲ့ ရှင့်ကိုတောင် မနာလိုဖြစ်မိသေးတယ်"
ရှုချိုးယာ၏မျက်လုံးထဲ၌ ဝမ်းနည်းမှုများ ဖြတ်သန်းသွားသည်။ သူမ ဒါကို ဖုံးကွယ်ချင်တာကြောင့် လက်ဦးမှုယူကာ စကားပြောလိုက်သည်။
"ဟုတ်သားပဲ ရွှီဖန်း...ရှင်ဆေးပညာအကြောင်းသိတယ်ဆိုတာ အဒေါ်ကျန်း မပြောဖူးလို့လေ"
ဒီရက်ပိုင်းတွေမှာ ဦးလေးအိုက်ကောကြောင့် သူမခဏခဏလာရတုန်းက အရှေ့ပင်လယ်မှာ အလုပ်
လုပ်နေသည့် သူတို့၏သားဖြစ်သူအကြောင်းသာ ကြားခဲ့ရသည်။
အခုကျ သာမာန်အလုပ်သမားအဖြစ်ကနေ နတ်ဘုရားဆန်သည့်ဆရာဝန်ဖြစ်နေပြန်သည်။ ရှုချိုးယာ တော်တော်လေး အံ့သြခဲ့ရသည်။
ရွှီဖန်းသည် ပြုံးလျက် ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။
"အိုး! အဲ့ဒါလား...ကျွန်တော် အရှေ့ပင်လယ်မှာ အလုပ်လုပ်နေတုန်း ကျွန်တော့်ကို အများကြီးသင်ပေးခဲ့တဲ့ အဖိုးတစ်ယောက်ရှိတယ်...ဒါကြောင့် ဆေးပညာနဲ့ပတ်သက်လို့ နည်းနည်းပါးပါးသိနေတာပါ"
ရှုချိုးယာ ခေါင်းညိတ်လိုက်သည်။ သူမ နှုတ်ခမ်းကို ဟကာ တစ်ခုခုဆက်ပြောဖို့ ပြင်နေစဥ်မှာပဲ သူမ ဟန်ချက်ပျက်သွားကာ အော်သံနှင့်အတူ လဲကျသွားသည်။
"ဂရုစိုက်!"
ရွှီဖန်းမှာ ဒါကိုမြင်သည်နှင့် မသိစိတ်မှ အလိုလိုပင် ရှုချိုးယာ၏ ခါးကို လှမ်းဆွဲမိတော့သည်။ သေးငယ်သည့်ခါးလေးအား လက်မောင်းဖြင့် ရစ်ပတ်ရင်း သူမအား သူ့လက်မောင်းထဲသို့ ဆွဲသွင်းလိုက်ရသည်။
"ဆရာမရှု အဆင်ပြေရဲ့လား"
သူမ၏ မျက်ခုံးများက နာကျင်မှုကြောင့် တွန့်ကွေးနေတာကိုမြင်တော့ ရွှီဖန်းလည်း စိုးရိမ်စွာ မေးမြန်းမိသည်။
ရှုချိုးယာသည် သူမ၏နှုတ်ခမ်းအား ကိုက်ကာ ခေါင်းခါရမ်းလာသည်။
"အဆင်ပြေပါတယ်...အရမ်းမှောင်လွန်းတော့ သတိမထားမိလိုက်တာ...ကျေးဇူးတင်ပါတယ် ရွှီဖန်း၊ ကျေးဇူးပါ"
သူမ စကားပြောတော့မှပဲ သူမမျက်နှာနှင့် သူ့မျက်နှာက အလွန်နီးကပ်နေမှန်း သတိထားမိကာ ရွှီဖန်းတစ်ယောက် မျက်နှာနီလာတော့သည်။
"အဟွတ်! အဟွတ်! အဲ့လိုမဟုတ်...တောင်းပန်ပါတယ်...မင်းလဲကျသွားမှာ စိုးတာနဲ့"
ပြီးမှသာ သူမ၏မွှေးရနံ့သင်းကာ နူးညံ့နေသည့် ခန္ဓာကိုယ်လေးအား သူတင်းတင်းကြပ်ကြပ်ဖက်ထားမိသည်ကို သတိထားမိပြီး အမြန်လွှတ်ပေးလိုက်သည်။
ပထမဆုံးအကြိမ်သာ တွေ့ဖူးသေးသည့် နှစ်ယောက်စလုံးအတွက် ဤအဖြစ်က သူတို့အား ပိုပြီးရှက်ရွံ့စေလာသည်။
ရှုချိုးယာသည် သူမ၏နှုတ်ခမ်းအား ကိုက်ကာ ရှက်ရွံ့စွာဖြင့် ရွှီဖန်းအား ရှောင်ချင်နေသည်။
"ရွှီ...ရွှီဖန်း ဒီအထိဆိုရပါပြီ၊ ရှင့်အိမ်ကိုမြန်မြန်
ပြန်ပြီး ထမင်းပြန်စားတော့လေ"
"......."
ရွှီဖန်းသည်လည်း ရှက်ရွံ့ကာ လက်သီးကို ခပ်
တင်းတင်းဆုပ်ထားမိသည်။ သူမခန္ဓာကိုယ်မှ အနွေးဓာတ်လေးက အခုထိ ကျန်ရှိနေတုန်းပင်။ ဒီလိုတည်ငြိမ်အေးဆေးတဲ့မိန်းမငယ်လေးကို သူအရင်က ဘာလို့ သတိမထားမိခဲ့ပါလိမ့်။
"ဆရာမရှု...ဘာဖြစ်လို့လဲ"
ရွှီဖန်းသည်လည်း ဤကဲ့သို့ နေရခက်သော အခြေအနေအား ရှောင်ရှားချင်၍ အရင်ထွက်သွားချင်သော်လည်း ရှုချိုးယာ၏ နာကျင်မှုကြောင့် အံကြိတ်နေမှုကို မြင်ပြီး သွားရန် တွန့်ဆုတ်နေမိသည်။
ရှုချိုးယာသည် မြေပြင်ပေါ်မှာ ဆောင့်ကြောင့်
ထိုင်ကာ အံကြိတ်ထားသည်။ သူမ ခေါင်းကို ခါရမ်းကာ...
"ဘာမှမဟုတ်ပါဘူး၊ ကျွန်မ မတော်တဆ ခြေခေါက်သွားရုံပါပဲ...ရွှီဖန်း ရှင်အရင် သွားနှင့်လိုက်ပါ...ကျွန်မနောက်မှပဲ ဆေးထည့်ဖို့ သွား..."
"အား! ရှင်! ရှင်ဘာလုပ်နေတာလဲ!"
ရွှီဖန်းက ပြန်ဖို့လက်မခံပေ။ သူက သူမအနားသို့လျှောက်သွားကာ ရှုချိုးယာအား ကျောပိုးလိုက်တော့သည်။
ထိုခဏလေးအတွင်းမှာပင် ရှုချိုးယာ၏နှလုံးသားဟာ သမင်ငယ်လေးတစ်ကောင် ခုန်ပေါက်ဆော့ကစားနေသကဲ့သို့ ရင်ခုန်လာတော့သည်။