ချိုးယာလို့ပဲ ခေါ်ပါ
Vol. 1 Ch. 8
ရှုချိုးယာသည် ရွှီဖန်း၏ ကျောပေါ်မှာ လှဲရင်း ဒုက္ခရောက်သလို ခံစားနေရသည်။ ဒါပေမယ့် သူမက မိန်းကလေးလေ၊ ရွှီဖန်းကဲ့သို့ ယောကျ်ားကို သူမ ဘယ်လိုလုပ်ဆန့်ကျင်နိုင်မည်နည်း။
ရွှီဖန်း၏ကျောပေါ်သို့ သူမ၏ခန္ဓာကိုယ်လေး ဖိမိသည်နှင့် သူ အံ့သြသွားရသည်။ အကြောင်းမှာ သူမရင်ဘတ်ရှေ့မှ ပျော့ပြောင်းနူးညံ့သော တောင်ပူစာလေးနှစ်လုံးမှာ သူ၏ကျောပြင်အား ဖိမိနေသောကြောင့်။
ရွှီဖန်းမှာ ရှုချိုးယာ၏ ပေါင်အား ဆုပ်ကိုင်ထားရင်း မျက်နှာတစ်ခုလုံးနီလာတော့သည်။
သူ နေရခက်စွာ ရှင်းပြလိုက်သည်။
"ဆရာမရှု...အထင်မလွဲပါနဲ့၊ မင်းခြေထောက်က မဆစ်လွဲနေတာ...ဘယ်လိုမှလမ်းလျှောက်လို့ရမှာမဟုတ်ဘူး၊ ကျွန်တော် မင်းကို ဆေးခန်းရောက်အောင် ပို့ပေးမယ်"
ရှုချိုးယာမှာ ရွှီဖန်းက ကြင်နာမှုကြောင့်သာ သူမကို ကူညီပေးနေမှန်းသိလိုက်ရသည်အခါ သူမ ရှက်သွားရသည်။ သူခေါင်းညိတ်ကာ အားလျော့စွာ ဆိုလိုက်သည်။
"ဒါဆိုရင် ရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ"
ရွှီဖန်းလည်း ခေါင်းညိတ်ကာ သူမကိုသယ်ထားရင်း
ဆေးရုံသို့ လမ်းလျှောက်သွားလိုက်သည်။
ရွှီဖန်းက ခပ်မြန်မြန်လမ်းလျှောက်နေသည်။ သူက ရှုချိုးယာ၏ ခြေထောက်ပိုဆိုးသွားမည်ကို စိုးရိမ်
နေသည်။ မကြာလိုက်၊ သူတို့ မြစ်အောက်ပိုင်းရွာ၏ ဗဟိုဆေးခန်းလေးသို့ ရောက်ရှိလာသည်။
"ရွှီဖန်း...သော့"
သူ့နောက်မှ လှမ်းပေးလာသည့် သော့ကိုယူကာ ဆေးခန်းတံခါးကိုဖွင့်၍ သူမကိုသယ်ကာ ဝင်လာခဲ့သည်။
သူ နံရံအပေါ်စမ်းကာ မီးခလုတ်ကို ရှာလိုက်သည်။ မီးများလင်းထိန်သွားပြီးနောက် ဗီရိုဘေး၌ ထိုင်ခုံတစ်လုံးကို တွေ့လိုက်ရာ ထိုအနားလျှောက်သွားလိုက်သည်။
"ဆရာမရှု ဂရုစိုက်ပါ"
သူ့နောက်ကျောပေါ်မှ ရှုချိုးယာအား ဂရုတစိုက်ချပေးကာ ခုံပေါ်မှာ ထိုင်ရန် ကူညီပေးလိုက်သည်။
"ဆရာမရှု...ကျွန်တော် ခင်ဗျားဒဏ်ရာကို ကြည့်လို့ရမလား"
ရွှီဖန်းသည် စိမ်းပြာရောင်ဆေးအိတ်ထဲမှ နှိပ်နယ်သည့် နည်းလမ်းများကို သိထားကာ ရှုချိုးယာအား ကူညီပေးချင်နေသည်။
လမ်းတစ်လျှောက်လုံးမှာ ရွှီဖန်းသည် ကောင်းမွန်စွာ ပြုမူနေထိုင်ပြခဲ့သည်။ ဒါကြောင့် မတိုင်ခင်က သူမ၏အသက်မဲ့နေသော လှုပ်ရှားမှုများနှင့်ယှဥ်လျှင် အခု သူမအရှေ့မှရွှီဖန်းအား သူမ ယုံကြည်နေမိသည်။ သူမ ခေါင်းညိတ်ကာ လက်ခံခဲ့သည်။
"ဒါဆို ရှင့်ကို ဒုက္ခပေးမိပါပြီ"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏အသားရောင်ခြေအိတ်ဝတ်ထားသည့် ခြေထောက်အား လက်တစ်ဖက်ဖြင့်ကိုင်ကာ သူမ၏ အနက်ရောင် ဒေါက်ဖိနပ်အား ဂရုတစိုက် ချွတ်ပေးနေသည်။
အသားရောင်ခြေအိတ်အောက် ဖုံးကွယ်ထားသည့် ခြေဖမိုးနုနုလေးက ရွှီဖန်း၏ မျက်စိထဲ ဝင်ရောက်လာသည်။ ပန်းနုရောင်ဆိုးဆေးဆိုးထားသော ခြေချောင်းလေးငါးချောင်းမှာ အနည်းငယ် ကွေးညွှတ်သွားတာကြောင့် ရွှီဖန်း နည်းနည်းရှက်သွားသည်။
ရွှီဖန်းမှာ သူမ၏ခြေထောက်ကို သူ့လက်တွေသုံးရင်း ကုသပေးနေတုန်း သူမ၏နွေးထွေးနေသော ခြေထောက်လေးကြောင့် မလွယ်ကူသလို ခံစားရကာ နှလုံးသားထဲမှာလည်း ယားယံလာသည်။ ဘာကြောင့်ဖြစ်နေမှန်း သူမသိပေ။
သူမ၏ခြေချင်းဝတ်အား ဖိပွတ်ပေးနေတုန်း အထက်မှ အော်သံလေးကို ရုတ်တရက်ကြားလိုက်ရသည်။
ရွှီဖန်းလည်း အသိပြန်ဝင်လာကာ မော့ကြည့်၍ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ...နာလို့လား"
ရှုချိုးယာက သူမနှုတ်ခမ်းအားကိုက်ကာ အသာလေး ခေါင်းညိတ်ပြသည်။
ရွှီဖန်း ရှက်ရွံ့သွားရသည်။ စိမ်းပြာရောင်အိတ်ထဲမှဆေးနည်းများအား သူ လေ့ပဲလေ့လာရသေးပြီး ကောင်းစွာမလေ့ကျင့်ရသေးပေ။ ဒါကြောင့် သူမအား နာကျင်အောင် လုပ်မိသွားသည်။
"နောက်တစ်ခါ ပိုပြီးဂရုစိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် ရွှီဖန်း၏အကြည့်က သူကိုင်ထားသည့် ကျောက်စိမ်းရောင်ခြေထောက်လေးအပေါ် ပြန်ရောက်သွားသည်။ သူချက်ချင်း အကြည့်လွှဲလိုက်ကာ သူ့ခြေထောက်ကြားကိုသာ အကြည့်ပို့ထားတော့သည်။ သူ့မျက်လုံးများကတော့ နီရဲလို့နေသည်။
"ရှင် ရှင်ဘာကိုကြည့်နေတာလဲ"
ရှုချိုးယာက အလွန်လျင်မြန်စွာပင် သူမခြေထောက်များအား ဂါဝန်အောက် ပြန်ဆွဲသွင်းကာ ရွှီဖန်းအား စူးစိုက်ကြည့်လာသည်။
ရွှီဖန်း၏မျက်နှာက နီရဲလာကာ ကိုးရိုးကားရားနိုင်စွာ ပြောလာသည်။
"တောင်းပန်ပါတယ်၊ ကျွန်..ကျွန်တော် ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ပါဘူး"
ရယ်သံ*
ရုတ်တရက်ပင် ရှုချိုးယာက သူမပါးစပ်ကိုအုပ်ကာ တခစ်ခစ်ရယ်မောလာသည်။ သူမ ရွှီဖန်းအား မျက်လုံးလှိမ့်ကာ ပြောလာသည်။
"ကျွန်မ ရှင့်ကို စနေတာ...ဆက်လုပ်လေ"
"အိုး!"
ရွှီဖန်းကတော့ ရှက်ရွံ့စွာပင် သူမ၏ခြေထောက်အား ညင်သာစွာ ဆက်လက်ဖိပွတ်ပေးနေသည်။ တဖြည်းဖြည်းနှင့် ရွှီဖန်း၏ လက်များက နှိပ်နယ်ရာ၌ ကျွမ်းကျင်လာသည်။
ရှုချိုးယာသည် ထိုင်ခုံကို မှီထိုင်ရင်း ရွှီဖန်း သူမအား နှိပ်နယ်ပေးနေသည်ကို ခံစားနေ၏။ သူမ မထိန်းနိုင်ဘဲ သူ့အား ငဲ့ကြည့်မိရင်း အတွေးများ လွင့်နေတော့သည်။
ရွှီဖန်းက ဒီနှိပ်နယ်နည်းကို ဘယ်ကသင်လာတာလဲဆိုတာ သူမသိချင်နေသည်။ ဒီလိုနှိပ်နယ်မှုက မနာကျင်ရုံသာမကဘဲ အလွန်သက်သောင့်သက်သာရှိကာ လှုပ်တောင်မလှုပ်ချင်တော့ပေ။
"ဟင်...ဘာလို့ရပ်သွား..."
ဒီလိုအချိန်မှာ သူ့အား မရပ်စေချင်ပေ။
ရှုချိုးယာသည် သူမ၏လှပသော မျက်လုံးလေးများကို ဖွင့်ရင်း သူမခြေထောက်အားချကာ မတ်တပ်ရပ်နေသည့် ရွှီဖန်းအား မလိုလားသည့် အမူအရာလေးဖြင့် ကြည့်နေသည်။
ရွှီဖန်းလည်း အံ့သြသွားရကာ...
"အာ...မင်းအခုထိ မကောင်းသေးလို့လား...ဒါဆို ကျွန်တော် ပြန်နှိပ်ပေးမယ်"
ထူးဆန်းလှသည်၊ ဒီလောက်ကြာကြာ နှိပ်နယ်ပြီးရင် ပြန်ကောင်းသင့်နေပြီ မဟုတ်လား။
ချက်ချင်းပင် ရှုချိုးယာ၏မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားတော့သည်။
"မ...မလို..."
သူမ၏ အနက်ရောင်ဒေါက်ဖိနပ်ကို ပြန်စီးကာ မဝံ့မရဲ ထရပ်ကြည့်မိသည်။ စောနကမှ နာကျင်နေသည့် သူမခြေထောက်က လုံးဝပြန်ကောင်းနေတာကို အံ့သြဖွယ် တွေ့ရှိခဲ့ရသည်။
သူမ ဆေးခန်းအတွင်း ဒေါက်ဖိနပ်စီး၍ လမ်းအနည်းငယ် လျှောက်ကြည့်လိုက်သည်။
"ရွှီဖန်း! ရှင်အရမ်းတော်တာပဲ!"
ရွှီဖန်းမှာ သူ့နှာခေါင်းအား ရှက်ရွံ့စွာ ထိကာ...
"အဲ့ဒီလောက်လည်း မဟုတ်ပါဘူး"
"ဒါဆို ဆရာမရှု...ကိစ္စမရှိတော့ရင် ကျွန်တော် သွားနှင့်လိုက်ပါဦးမယ်"
ဤအချိန်မှာ ရှုချိုးယာ၏ခြေထောက်အား ကုလည်းကုသပေးပြီးပြီဖြစ်တာကြောင့် ယောကျ်ားနဲ့မိန်းမနှစ်ယောက်တည်း ရှိနေခြင်းက နေရခက်စေသည်။ ဒါကြောင့် သူအိမ်ကို ပြန်ဖို့လုပ်လိုက်သည်။
"ခဏ!"
သူ ထွက်ပေါက်ကို လျှောက်သွားသည်နှင့် ရှုချိုးယာက တားလာသည်။
"ဆရာမရှု...ကိစ္စတစ်ခုခုရှိသေးလို့လား"
ရွှီဖန်းမှာ နေရခက်စွာ ခေါင်းပြန်လှည့်၍ တွေးမိသည်။ ရှုချိုးယာက သူမကို သူ အမှတ်တမဲ့ ထားခဲ့ခြင်းအတွက် သူ့အား အပြစ်တင်နေတာ ဖြစ်နိုင်မလား။
ရှုချိုးယာက သူမ၏မျက်လုံးလေးများအား လှိမ့်ကာ ရွှီဖန်းကို ပြောလာသည်။
"ဆရာမရှုလို့ထပ်မခေါ်ပါနဲ့တော့...ရှင်နဲ့ကျွန်မက အသက်တူတူပဲကို ရှင်ဒီလိုခေါ်နေတာက မသိရင် ကျွန်မကပဲ အသက်ကြီးနေသလိုပဲ"
"အာ...ဒါဆို ဘယ်လိုခေါ်ရမလဲ"
ရှုချိုးယာက တစ်ခစ်ခစ်ရယ်မောလာသည့်အခါ ထိုမြင်ကွင်းက မက်မွန်ပန်းပွင့်များ ပွင့်ဖူးလာသကဲ့သို့ပင်။ သူမက ရွှီဖန်းအားကြည့်ကာ ဆိုလာသည်။
"နောက်ကျရင် ချိုးယာလို့ပဲခေါ်ပါ"
"ဟုတ်ပါပြီ ဆရာမရှု"
ရွှီဖန်းသည် မသိစိတ်မှ ဆရာမရှုလို့ ထပ်ခေါ်မိပြန်သည်။ တစ်ဖက်လူက ဒေါသပေါက်ကွဲတော့မလို ဖြစ်နေသည်ကို မြင်သည့်အခါ ရွှီဖန်းလည်း ဆေးခန်းမှ တချိုးတည်း ထွက်ပြေးလာတော့သည်။
အိမ်ရှိရာသို့ပြေးနေစဥ် ရွှီဖန်း၏ အစာအိမ်မှာလည်း ကျယ်လောင်စွာ အော်နေလေပြီ။ အခုအချိန်ဆို ထမင်းလည်းကျက်လောက်ပြီဖြစ်၍ သူ့ခြေလှမ်းများအား အရှိန်မြှင့်လိုက်သည်။
သို့သော် အိမ်ကိုပြန်ရောက်သည့်အခါ ဧည့်သည်ရောက်နေမှန်း သိလိုက်ရသည်။
ထိုလူက ထမင်းစားပွဲမှာ ခြေချိတ်ထိုင်နေပြီး သူ့အမေနှင့် ညီမဖြစ်သူအား ရန်လိုစွာ ကြည့်နေသည်။
"ဝမ်ရှို့ချိုင်! မင်းဒီကို ဘာလာလုပ်တာလဲကွ!"
ရွှီဖန်းသည် ဒေါသဖြင့် ချက်ချင်းပြေးဝင်သွားလိုက်သည်။ ဝမ်ရှို့ချိုင်က ရွှီဖန်းနှင့်မရင်းနှီးပေ။ သူဟာ မြစ်အောက်ပိုင်းရွာ၏ အချမ်းသာဆုံးလူဖြစ်သည့်
အပြင် ကားနှင့်တိုက်အိမ်ပိုင်သည့် တစ်ဦးတည်းသော လူပင်။
ဒါဆို ရွှီဖန်းက ဝမ်ရှို့ချိုင်နှင့်ပတ်သက်ပြီး မကြိုက်ရသည့်အကြောင်းအရင်းက ဘာလဲဆိုရင်...
ဝမ်ရှို့ချိုင်သည် ဝမ်မာဇီ၏ ညီအရင်း ပင်။
"အို! ဒါက ရွှီဖန်းမလား...ဘာလဲ အရှေ့ပင်လယ်မှာ အလုပ်ဆက်မလုပ်တော့ဘူးလား၊ အဲ့ဒါကြောင့် ပြန်လာတာလား...ဘယ်လိုလဲ ဦးလေးက မင်းကို ခရိုင်မြို့တော်မှာ အုတ်သယ်ဖို့ မိတ်ဆက်ပေးရမလား"
ဝမ်ရှို့ချိုင်က သူ့ရဲ့ခြေထောက်တွေကိုလှုပ်ကာ ရွှီဖန်းအား မထီမဲ့မြင် နှာမှုတ်ပြလာသည်။
ရွှီဖန်းသည် မျက်မှောင်ကြုတ်ကာဖြင့်
"ဝမ်ရှို့ချိုင်! ငါ့မိသားစုက မင်းကို မကြိုဆိုဘူး! ထွက်သွားပါ"
"ဟမ်? ဟမ်? မင်းက ငါ့ကို ထွက်သွားခိုင်းနေတာလား...ရွှီဖန်း ငါတို့မိသားစုနှစ်ခုက လက်ထပ်ကြတော့မှာ...မင်းအနေနဲ့ မယဥ်ကျေးသင့်ဘူးလား"
ဝမ်ရှို့ချိုင်က ကျေနပ်အားရနေသည့်အသံဖြင့် ပြောလာသည်။ ဘေးက ဘာစကားမှမပြောဘဲ ခေါင်းငုံ့ထားသည့် ကျန်းလီမေအား ကြည့်ကာ နှာမှုတ်လာသည်။
"ယိုး! အမျိုးအရမ်းချစ်တဲ့မိန်းမ...ကြည့်ရတာ မင်းရဲ့တန်ဖိုးရှိလှတဲ့သားကို မပြောပြရသေးပုံပဲ"
"ဒါက..."
အမေဖြစ်သူက ငိုယိုလာသည့်အခါ ရွှီဖန်းမှာ ဇဝေဇဝါဖြင့် မေးလိုက်မိသည်။
"အမေ တစ်ကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ"