← Chapters

အကြွေးဆပ်ခြင်း

Vol. 1 Ch. 9

အကြွေးဆပ်ခြင်း

Vol. 1 Ch. 9

"သား...အမေက..."

ကျန်းလီမေသည် သူမ၏အဝတ်ထောင့်စွန်းများကိုသာ ကူကယ်ရာမဲ့စွာ ဆုပ်ကိုင်ထားပြီး သူမသားအား အမှန်တရားပြောပြဖို့ရန် သတ္တိမရှိနေပေ။

ရွှီဖန်းက ရွှီရှို့ရှို့အား ကြည့်လိုက်သည့်အခါ သူမကလည်း အပြစ်ကြီးကြီးလုပ်ထားသလိုမျိုး သူမမျက်ရည်တွေကို တိတ်တဆိတ်သုတ်ပစ်နေသည်။

ဝမ်ရှို့ချိုင်သည် ငိုနေသည့် သားအမိအား ကြည့်ကာ သူ၏ဝါညစ်နေသော သွားများဖြင့် ပြုံးနေသည်။

"ရွှီဖန်း ဟဲဟဲ...မင်းအဖေက အခုထိ အိပ်ရာပေါ်မှာ လဲနေတုန်းမလား၊ မင်းအမေက မင်းကိုပြောဖို့ သတ္တိမရှိမှတော့ ငါပဲပြောပြရတာပေါ့"

"မင်းအဖေ ဘယ်မှာလဲ...သူ စတီးချောင်းနဲ့ထိုးမိပြီး ဒဏ်ရာရတော့ ခွဲစိတ်ဖို့ပိုက်ဆံမရှိလို့ဆိုပြီး ငါက မင်းအဖေကို သနားလို့ ယွမ်သုံးသောင်း ချေးပေးခဲ့တယ်၊ ဒါဆို ငါဒီနေ့ ဘာလို့လာလဲ မင်းနားလည်သင့်နေပြီမလား"

ရွှီဖန်း မေးလိုက်သည်။

"အမေ ဒါ အမှန်ပဲလား"

ကျန်းလီမေသည် ခေါင်းညိတ်လျက်...

"ကလေး အဲ့ဒီအချိန်က သားအဖေ ခွဲစိတ်ဖို့အတွက် ငွေမြန်မြန်လိုနေခဲ့တာ...ဒီလိုများပြားတဲ့ပမာဏနဲ့ဆိုရင် သားအလုပ်ကို ထိခိုက်မှာကြောက်လို့...သားကို မပြောဘဲ ဖုန်းကွယ်ထားခဲ့မိတယ်"

ရွှီဖန်းမှာ စိတ်မကောင်းဖြစ်သွားရသည်။ ထိုအချိန် အရှေ့ပင်လယ်မှာ လုပ်တုန်းက သူဟာ ဧည့်ကြိုမန်နေဂျာ အဆင့်သာရှိနေသေးတာမလို့ ယွမ်သုံးသောင်းပေးဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်သည့် ကိစ္စပင်။ 

သူ သက်ပြင်းတစ်ချက် ရှိုက်သွင်းကာဖြင့်...

"ဝမ်ရှို့ချိုင် ယွမ်သုံးသောင်းမလား...ငါ့ကို အချိန်တစ်ပတ်ပဲ ပေး...ငါပြန်ဆပ်မယ်"

မည်သို့ပင်ဖြစ်စေ အခုဆိုရင် အရင်ကနှင့် ကွာခြားနေလေပြီ။ သူ့အတွက် ယွမ်သုံးသောင်းဆိုတာ ကျော်ဖြတ်လို့မရသည့် အတားအဆီးမဟုတ်တော့ပေ။ 

"ဟက်! ယွမ်သုံးသောင်းဟုတ်လား"

ဝမ်ရှို့ချိုင်က နှာမှုတ်ကာ သရော်လာသည်။

"ရွှီဖန်း...ငါ ဝမ်ရှို့ချိုင်ရဲ့ပိုက်ဆံကို လွယ်လွယ်နဲ့ ချေးလို့ရမယ်ထင်နေလား! သုံးသောင်းချေးပြီး သုံးသောင်းပြန်ပေးမယ်ပေါ့ ဟုတ်လား၊ ငါရဲ့ သောက်ကျိုးနည်းအမြတ်က ဘယ်ကျန်တော့မှာလဲ"

"ငါ ချေးထားတာ တော်တော်ကြာပြီမလို့ သုံးသောင်းထက် ပိုပေးရမယ်! ခုနစ်သောင်း!"

"ဟက်! မင်းက ငါတို့ကို ဓားပြတိုက်နေတာလား"

ရွှီဖန်း လှောင်ရယ်လိုက်သည်။ ဝမ်ရှို့ချိုင်က သူ့တို့မိသားစုအား တစ်ကယ်ကြီး အနိုင်ကျင့်လို့ရမယ် ထင်နေတာလား။

ဝမ်ရှို့ချိုင်က နှာမှုတ်ကာ...

"အိုး! ရွှီဖန်း...မင်းက အခုထိ လက်မခံသေးဘူးပေါ့၊ ငါ

မင်းကိုပြောမယ်...မင်း လက်မခံလည်း အသုံးမဝင်ဘူး...ဒီမှာ ဘယ်ဟာက အဖြူ ဘယ်ဟာက အမဲဆိုတာ ရေးထားပြီးသား"

ဝမ်ရှို့ချိုင်က အကြွေးစာချုပ်အား ထုတ်ပြလာသည်။ ရွှီဖန်းသည် ထိုအပေါ်၌ ရေးထားသည့် ကျန်းလီမေ အမည်အား ဝိုးတဝါးမြင်နေရသည်။

ဝမ်ရှို့ချိုင်က ဂုဏ်ယူစွာဖြင့် စာချုပ်အား လှုပ်ရမ်းပြနေသည်။ 

"ရွှီဖန်း ရှောင်ပြေးမနေနဲ့တော့...စာချုပ်ထဲမှာ မင်းတို့အကြွေးပြန်မဆပ်နိုင်ရင် မင်းညီမက ပြန်ဆပ်ရလိမ့်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းရေးထားပြီးသား...ကျစ်! ကျစ်! မင်းညီမက အခုမှ အထက်တန်းဘွဲ့ရတုန်းပဲ ရှိသေးတာကို"

"အိပ်မက်မက်နေလိုက်!"

ရွှီဖန်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဒါ လုံးဝ မဖြစ်နိုင်တာပဲ!

ဝမ်ရှို့ချိုင်၏ သားက ဘယ်သူဖြစ်ရမှာလဲ။

အဲ့ဒီကောင်က တစ်ကယ် လူ့အမှိုက်ပင်။ ငယ်ရွယ်စဥ်က အပျော်အပါးမက်ကာ ဆေးသုံးလွန်ပြီး ရူးနေတဲ့ကောင်! 

အဲ့ဒီလိုကောင်မျိုးနှင့် သူ့ညီမကို ဘာကိစ္စကြောင့် လက်ထပ်ခွင့်ပေးရမည်နည်း။ ရွှီဖန်းကို လာသတ်သွားရင်တောင် ခွင့်မပြုနိုင်ပေ။

"အမေ ဘာလို့ ဒီလို ကိစ္စမျိုးကို ခွင့်ပြုနိုင်ရတာလဲ! ပြီးတော့ ရှို့ရှို့! မင်းကပါ ဘာလို့ အရူးလို လျှောက်လုပ်နေတာလဲ!"

ရွှီရှို့ရှို့သည် ရှိုက်ငိုနေရင်း ရွှီဖန်း၏အင်္ကျီအား ဆွဲကာ သနားဖို့ကောင်းစွာ ပြောလာသည်။

"ကောကော...မေမေ့ကို အပြစ်မတင်ပါနဲ့...ညီမလေးက လက်ခံခဲ့တာပါ...ဝမ်ရှို့ချိုင်က လက်ထပ်ဖို့သဘောမတူရင် ပိုက်ဆံမချေးဘူးလို့ ပြောတယ်...အဖေရဲ့အခြေအနေကြောင့် ညီမလေးတို့မှာလည်း တခြားနည်းလမ်းမတွေ့နိုင်ခဲ့ဘူးလေ"

".........."

ဒါဟာ ဆင်းရဲနွမ်းပါးခြင်း၏အကျိုးဆက် အားကိုးရာမဲ့ခြင်းပင်။ ရွှီဖန်းမှာ သူ့ညီမ၏ ခိုကိုးရာမဲ့နေသော အမူအရာကို ကြည့်ရင်း ဘာမှ မပြောနိုင်တော့ပေ။

သူ ရှို့ရှို့၏ ခေါင်းကို ပုတ်ကာ အချိန်ခဏတော့ နှစ်သိမ့်ပေးလိုက်သည်။ ပြီးမှ ဝမ်ရှို့ချိုင်အား ကြည့်ကာ...

"ဝမ်ရှို့ချိုင်...ငါ့ညီမကို ဝမ်မိသားစုနဲ့ လက်ထပ်ပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ စိတ်မပူနဲ့ အချိန်ရောက်လာရင် ငါမင်းကို တစ်ပြားမကျန် အကုန်ပြန်ဆပ်မယ်"

"မင်းတစ်ယောက်တည်းနဲ့လား"

ဝမ်ရှို့ဟိုင်သည့် ရွှီဖန်း၏လေးနက်နေသော အကြည့်ကြောင့် လှောင်ပြောင်မိသွားသည်။ သူ ရွှီဖန်းအား စက်ဆုပ်ရွံ့ရှာစွာ ကြည့်လျက်...

"ရွှီဖန်း မင်းတော်တော် မျက်နှာပြောင်တိုက်လွန်းတာပဲ၊ အရှေ့ပင်လယ်ကနေ အမြှီးတောင် မပါဘဲ ပြန်ပြေး

လာခဲ့ရတဲ့လူက ငါ့ကို အကြွေးဆပ်ချင်သေးတယ်

လား၊ ဘာလဲ...မင်းရဲ့ကျောက်ကပ်ကို ထုတ်ရောင်းပြီးတော့လား! ဒါမှမဟုတ် သွေးဖောက်ရောင်းမလို့လား"

ရွှီဖန်းသည် ဝမ်ရှို့ချိုင်အား အေးစက်စွာကြည့်ကာ နှာမှုတ်လာသည်။

"ငါပိုက်ဆံပြန်ဆပ်နိုင်၊ မနိုင်ဆိုတာ မင်းဂရုစိုက်ဖို့မလို

ဘူး...အခုချက်ချင်း ထွက်သွား"

"ဟုတ်ပြီလေ...ရွှီဖန်း မင်းမှာ သတ္တိရှိတာပဲ...ငါ ဝမ်ရှို့ချိုင်လည်း အလျင်မလိုပါဘူး"

ဝမ်ရှို့ချိုင်သည် မတ်တပ်ထရပ်ကာ ရွှီဖန်းအား မျက်စိစောင်းကြည့်၍...

"ရွှီဖန်း ငါမင်းကို အချိန်တစ်ပတ်ပေးထားမယ်၊ မင်း ပြန်မဆပ်ဘဲ နှောင့်နှေးနေလို့ကတော့ အကျိုးဆက်ကို သိသားသင့်တယ်...မင်းလည်းသိပါတယ် ခရိုင်

မြို့တော်က ငါ့အစ်ကိုရဲ့အခြေအနေက ဘယ်လိုအနေအထားမျိုးမှာ ရှိနေလဲဆိုတာ"

ပြီးသည်နှင့် ဝမ်ရှို့ချိုင်သည် အပြုံးခပ်ကြီးကြီးဖြင့် ထွက်သွားကာ ခြံတံခါးသည်လည်း ငြိမ်သက်စွာ ပိတ်ကျသွားခဲ့သည်။

ရွှီရှို့ရှို့မှာ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့်ပေပွနေကာ သူမနှာခေါင်းအား ရှုံ့၍ ရွှီဖန်းအား ကြည့်လာသည်။

"ကောကော ဝမ်ရှို့ချိုင်ရဲ့ ပိုက်ဆံတွေ ပြန်ပေးဖို့ တစ်ကယ် နည်းလမ်းရှိတာလားဟင်...ညီမလေး ညီမလေး သူ့သားကို လက်မထပ်ချင်ဘူး"

ရွှီဖန်းသည် ပြုံးရယ်ကာ သူ့ညီမခေါင်းအား ပုတ်လိုက်သည်။

"အရူးမလေး...အစ်ကိုက မင်းကို လိမ်ဖူးလို့လား၊ ပိုက်ဆံအကြောင်း တွေးမနေနဲ့...အစ်ကို့ဘာသာ နည်းလမ်း စဥ်းစားလိုက်မယ်"

"ဟုတ်ပါပြီ...ငိုနေတာ ရပ်တော့၊ စားကြရအောင်လေ အစ်ကိုလည်း ဗိုက်ဆာနေပြီ...အမေ အဲ့ဒီမှာပဲ ရပ်မနေနဲ့လေ...အဖေလည်း အခန်းထဲမှာ ဗိုက်ဆာနေရောပေါ့၊တစ်ခုခု ယူသွားပေးလိုက်ပါဦး"

ရွှီဖန်းသည် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုကို ညှစ်ထုတ်ကာ အမေနှင့် ညီမလေးအား စိတ်သက်သာရအောင် လုပ်ပေးမိသည်။ ထို့နောက် သူ စားပွဲပေါ်မှာ ထိုင်ကာ စတင်စားသောက်တော့သည်။ ထမင်းနှစ်ပန်းကန်စားပြီးနောက်မှာ သူ့အိမ်အနောက်မှ တောင်ကြီးရှိရာသို့ ထွက်လာခဲ့သည်။

အခုဆိုလျှင် ဝမ်ရှို့ချိုင်ဆီမှာ သူ အကြွေးများစွာ တင်နေသည်။ ထိုပိုက်ဆံတွေကို တတ်နိုင်သမျှ အမြန်ပြန်ဆပ်နိုင်ဖို့ နည်းလမ်းတွေကို သူတွေးထားရမည်။

သူပိုက်ဆံများများရှာလို့ ရစေရန် ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားများက တချို့ရတနာများကို ပစ်ထုတ်လာဖို့သာ သူမျှော်လင့်နိုင်တော့မည်။

(T.N - ကောင်းကင်ဘုံနတ်နန်းကို ကောင်းကင်ဘုံနန်းတော်လို့ ပြောင်းသုံးထားပါတယ်)

မက်မွန်ပင်များ ရှိရာသို့ သူအမြန် ရောက်ရှိသွားခဲ့

သည်။ ဒီနေ့မနက်က မက်မွန်ပင်များမှ အသီးများကို ခူးထားခဲ့ပြီးတာကြောင့် အပင်ပေါ်မှာ အသီးအချို့သာ ကျန်ရှိတော့သည်။

ရွှီဖန်းသည် အသီးများကြီးထွားလာနေသည့် အရှိန်ကိုကြည့်ကာ နောက်အသုတ်က ဒုတိယမြောက်နေ့မှာ ရင့်မှည့်ကြလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

ဤမက်မွန်သီးများသည် ဝမ်ရှို့ချိုင်၏အကြွေးများဆပ်ရန်အတွက် လုံလောက်သည်ထက်ပင်ပိုသည့် ပိုက်ဆံအမြောက်အမြားကို ရှာနိုင်လိမ့်မည်။ ရွှီဖန်းသည် မက်မွန်သီးများအား ခဏပဲကြည့်၍ မက်မွန်ပင်အောက်ကို ကြည့်လိုက်သည်။

မနေ့ကကဲ့သို့ပင် မက်မွန်ပင်အောက်၌ အမှိုက်များစွာ ရှိနေသေးသည်။ ရွှီဖန်းမှာ မျှော်လင့်တကြီးဖြင့် ရတနာတစ်ခုခုထပ်ရလိုရငြား စတင် လှန်လှောရှာဖွေတော့သည်။

ရွှေတုံးတွေ တွေ့ခဲ့ရင်တော့ အကောင်းဆုံးပေါ့!

သို့သော်ငြား အချိန်အတော်ကြာ ညစ်ပတ်နေသောမြေကြီးတစ်ခုလုံး လှန်လှောရှာဖွေပြီးတာတောင် သုံးလို့ရမည့် အရာတစ်ခုတောင် ရှာမတွေ့ပေ။

ထိုနတ်ဘုရားတွေက ရတနာတွေကို ထပ်မပစ်ချရသေးပုံပင်။ ရွှီဖန်း သက်ပြင်းချမိသော်လည်း အားတော့ မလျော့ပေ။

အနည်းဆုံးတော့ ကောင်းကင်ဘုံက မြေသြဇာအမြောက်အမြား ရှိနေသေး၏။ ဤ ကောင်းကင်ဘုံမြေသြဇာတွေက စွမ်းအားအမြင့်ဆုံး ဓာတ်မြေသြဇာနှင့် ညီမျှသည်။ မနက်ဖြန်ကျရင် သူ ခရိုင်မြို့တော်ကို သွားကာ မက်မွန်သီးတွေရောင်းချမည်။ အသီးအနှံအစေ့တချို့ဝယ်ပြီး ကောင်းကင်ဘုံမြေသြဇာနှင့် စိုက်ပျိုးမည်။ ဤ တောင်အနောက်ဘက်၌ သစ်သီးပင်တချို့ စိုက်ပျိုးထားနိုင်ခဲ့မည်ဆိုလျှင် ဝမ်ရှို့ချိုင်၏ အကြွေးလည်း ကျေသွားလိမ့်မည်။ သို့သော် အတိုးက သူပြန်ဆပ်သည့်အချိန်ကျ ထပ်တိုးသွားနိုင်သေးသည်။ 

အတွေးများနှင့်အတူ ကောင်းကင်ဘုံက အမှိုက်တွေအားလုံးအား သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။ 

ဒုတိယမြောက်နေ့မှာတော့ ရွှီဖန်းတစ်ယောက် အိပ်ရာ

ပေါ်မှ ခုန်ထကာ တောင်အနောက်ဘက်ကို ပြေးထွက်လာခဲ့သည်။

ဒီအချိန်မှာတော့ မက်မွန်ပင်ရှိ အသီးများအားလုံး ရင့်

မှည့်နေလေပြီ။ သူ အားလုံးကို ခူးကာ သိုလှောင်လက်စွပ်ထဲထည့်ပြီး ခရိုင်မြို့တော်သို့  ဦးတည်သွားတော့သည်။

All Chapters