← Chapters

ကြောက်စရာကောင်းလှသည်

Vol. 1 Ch. 10

ကြောက်စရာကောင်းလှသည်

Vol. 1 Ch. 10

ခရိုင်မြို့တော်သို့ ရွှီဖန်းရောက်သည့်အခါ နံနက် ကိုးနာရီသို့ ထိုးလုနီးပါး ရှိနေလေပြီ။

လူပြတ်သည့်သီးသန့်နေရာတစ်ခု၌ သိုလှောင်

လက်စွပ်ထံမှ ခြင်းတောင်းနှစ်ခုကို ထုတ်ယူလိုက်

သည်။ ထို့နောက် မက်မွန်သီးများ အပြည့်ဖြည့်ထားသော ခြင်းတောင်းနှစ်လုံးကို သယ်ရင်း ဈေးသို့ အမြန်သွားလိုက်သည်။

ဈေးက ဖွင့်တောင်ဖွင့်နေလေပြီ။ ရွှီဖန်းသည် သူ၏ခြင်းတောင်းများနှင့်အတူ အချိန်အတော်ကြာ ရှာကြည့်သော်လည်း နေရာကောင်းမတွေ့နိုင်ခဲ့ပေ။ ဒါကြောင့် ဈေး၏ အစွန်အဖျားနေရာ၌သာ ဆိုင်ခင်းကျင်းလိုက်ရသည်။

ဤနေရာမှာ ဈေးဝယ်သူများနှင့် အတော်ကို အလှမ်းဝေးနေ၏။ ရွှီဖန်းမှာ အချိန်အတော်ကြာ ဤနေရာ၌ ဆောင့်ကြောင့်ထိုင်နေသော်လည်း ဘယ်သူမှ အဖက်မလုပ်ကြပေ။

ဒါက သူ့အား နည်းနည်းတော့ စိတ်ဓာတ်ကျစေသည်။ အခုအချိန်က ပိုက်ဆံစုဖို့ အလျင်လိုနေတာကြောင့် ဒီလုပ်ငန်းကသာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်လေးပင်။

"သောက်ကျိုးနည်း ဘဝကွာ"

စိတ်ညစ်စွာပင် သူဆဲရေးမိတော့သည်။ ရွှီဖန်း မူလက ထင်ထားခဲ့သည်မှာ မနေ့က ရောင်းကောင်းပြီး ဂုဏ်သတင်းကြွယ်ထားတာမလို့ ဒီနေ့လည်း မက်မွန်သီးတွေ မြန်မြန်ရောင်းကုန်နိုင်လိမ့်မည်ဟုပင်။ ဤကဲ့သို့ ဆိုးရွားသော ဆိုင်ခန်းနေရာက သူ၏စီးပွားရေးကိုပါ တိုက်ရိုက်ပျက်စီးစေမည်ဟု မည်သူက ထင်ထားမည်

နည်း။

"ကြည့်စမ်း! သူက ဒီမှာပဲ!"

"မြန်မြန်! သူ့ကိုထွက်သွားခွင့်မပေးနဲ့!"

ဆိုင်ခင်းကျင်းထားသည့်နေရာ ပြောင်းရမလား၊ မပြောင်းရဘူးလား တုန့်ဆိုင်းနေစဥ် ဆာလောင်နေသည့် ဝံပုလွေများကဲ့သို့ သူ့ဆီပြေးလာနေကြသော

လူအုပ်ကြီးအား သတိထားမိသွားသည်။

ကြောက်စရာကောင်းလှသော ထိုလူအုပ်ကြီးကို ကြည့်ရင်း ရွှီဖန်းပင် ကြောက်လန့်လာသည်။ မဟုတ်မှလွဲရော ညီ(၄)ရဲ့ကြံရာပါ အဖွဲ့များလား။

မနေ့တုန်းက ရွှီဖန်း၏လက်သီးကြောင့် ညီ(၄)မှာ ပါးစပ်မှ အမြုပ်များအန်ခဲ့ရရုံတင်မကဘဲ သူ့ပစ္စည်းတွေပါ အကုန်ယူဆောင်ခံခဲ့ရသည်။ သူက ရွှီဖန်းအပေါ် အာဃာတ ထားနေဦးမှာ သေချာသည်။

"သောက်ကျိုးတော့နည်းပြီ"

လက်ရှိ သူ့ဆီမှာ လျှပ်စီးအဆောင်က တစ်ခုသာ ကျန်တော့သည်။ ပြီးတော့ အဲ့ဒါက သုံးလို့ရမရလည်း မသိပေ။ သုံးနိုင်ခဲ့ရင်တောင်မှ ဒီလူအုပ်ကြီးအား သူမနိုင်ပေ။

ပြေးရမလား။ သူ့ရှေ့မှ ခြင်းတောင်းနှစ်လုံးအား လူရှေ့သူရှေ့၌ သိုလှောင်လက်စွပ်ထဲ ထည့်ပြလို့မရပေ။ ပြီးတော့ ဤမက်မွန်သီးများမှာ ပိုက်ဆံရဖို့ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ပင်။ နောက်နေ့ထိစောင့်ရ

မည်ဆိုလျှင် အကုန်ပစ်ထုတ်ရလိမ့်မည်။

သူ မထွက်သွားနိုင်ပေ! အဲ့ဒီလိုဆိုတိုင်း ထိုင်နေလို့လည်း မရပေ! ရွှီဖန်း ခဏတာ တွန့်ဆုတ်နေချိန်မှာပဲ လူအုပ်ကြီးက သူ့အရှေ့ရောက်လာကြသည်။

သွားပြီ!

ရွှီဖန်းမှာ စိတ်ထဲကနေ ခါးသက်စွာ သက်ပြင်းချမိတော့သည်။ သူ ဒီနေ့ အိမ်ကို တွားသွားပြီး ပြန်ရတော့မည်။

ရွှီဖန်း၏အရှေ့ကို ပြေးဝင်လာကြသည့် လူအုပ်ကြီးမှာ ပတ်ပတ်လည်ပိတ်ဆို့ထားကြသည်။ ရွှီဖန်း တိတ်တဆိတ်ပင် လက်သီးဆုပ်ထားကာ...

*တစ်ကယ်လို့ အရိုက်ခံရင်တောင်မှ လူတချို့ကိုလည်း ငါ့ဘက်ကနေ ဆော်ပလော်တီးနိုင်ခဲ့ရမယ်*

"အစ်ကိုကြီး! ငါ ဒီခြင်းတစ်ခုလုံး ဝယ်မယ်!"

ထိုအချိန် လူတစ်ယောက်က သူ၏သားရေအိတ်ထဲမှ အနီရောင်ငွေစက္ကူအထပ်လိုက်ကို ထုတ်ကာ ရွှီဖန်းလက်ထဲ တိုက်ရိုက်ထိုးသိပ်ထည့်ပေးလာသည်။

"အာ..." "ဟမ်?"

ရွှီဖန်းမှာ မူးမေ့မတတ်ပင်။ သူ့ရှေ့မှ ထူပိန်းနေသည့် ငွေစက္ကူအထပ်လိုက်ကို ကြည့်ကာ တစ်ဖက်လူအား ပြန်ကြည့်၍ တွေဝေစွာ မေးလိုက်မိသည်။

"ဘာ ဘာကိုဆိုလို"

"အိုက်ယိုး! အစ်ကိုကြီး ခင်ဗျားက ရှာလို့မလွယ်အောင် လုပ်ထားခဲ့တာပဲ!  မက်မွန်သီးက အရမ်းအရသာရှိတယ်! ဒါပေါ့ ငါမင်းကို ပိုက်ဆံပေးပြီးပြီဆိုတော့ ဒီမက်မွန်သီးအားလုံး ငါဝယ်ပြီးပြီပဲ"

ထိုလူက ရယ်ရနိုးနိုး၊ ငိုရနိုးနိုးဖြင့် ရှင်းပြလာသည်။ ထို့နောက် ရွှီဖန်းလက်ထဲအား ပိုက်ဆံအတင်းထိုးပေးကာ...

"ဟုတ်ပြီနော်...ဒီခြင်းက ငါ့အပိုင်ပဲ! ဘယ်သူမှ ငါနဲ့ လာလုဝယ်ဖို့ စိတ်မကူးနဲ့!"

"ချီးပဲ! မင်း ရိုင်းလိုက်တာကွ!"

"မောင်လေး! ရော့ ယွမ်တစ်ထောင်! မြန်မြန်ပေးပါ!"

"ငါ ငါ ငါ ယွမ်ငါးရာဖိုး ဝယ်မယ်!"

ရွှီဖန်း သတိပြန်မဝင်သေးခင်မှာပဲ နောက်ထပ်လူအုပ်ကြီးက သူ့အရှေ့ ပြေးဝင်လာကြကာ အသက်တောင်ဂရုမစိုက်နိုင်ဘဲ ပိုက်ဆံထိုးပေးနေကြသည်။

မိနစ်အနည်းငယ်အတွင်းမှာပဲ ရွှီဖန်း၏လက်ထဲ၌ ပိုက်ဆံများဖြင့် ပြည့်သွားတော့သည်။ မသိရင်

ကလဲ့စားချေနေကြသလိုမျိုး သူ၏ခြင်းတောင်းနှစ်လုံးမှ မက်မွန်သီးများအား အပြောင်သိမ်းသွားကြသည်။ ရွှီဖန်းမှာ သူ့လက်ထဲမှ ပိုက်ဆံအထပ်လိုက်အား တွေဝေစွာ ကြည့်နေမိတုန်းပင်။

အနည်းဆုံး ယွမ်၁သောင်းလောက် ရှိပေသည်။ ဒါက ခြင်းနှစ်တောင်းစာ ရောင်းလျှင် ရနိုင်သည့် ပမာဏထက်တောင် များနေလေသည်။

ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ဖြင့် ခေါင်းအသာရမ်းလိုက်သည်။ ဒီလို အုတ်အော်သောင်းတင်းဖြစ်ပြီးနောက်မှာ ထိုလူအုပ်ကြီးက နောက်ဆုံးမှာတော့ မက်မွန်သီးဝယ်ဖို့ သူ့ကိုလိုက်ရှာခဲ့ကြသည့် ဈေးဝယ်သူများဖြစ်နေ၏။

"ခင်ဗျားတို့ကြောင့် လန့်သေတော့မလို့ပဲ"

"အိုက်ယား! ညီလေးလည်း ငါတို့ သေမှာကို စိုးရိမ်

သင့်တယ်နော်...မင်းကို ဈေးတစ်ခုလုံးလိုက်ရှာလိုက်ရတာ တော်တော်ကြာတယ်...မတွေ့ မတွေ့နဲ့ဆိုတော့ ဒီနေ့ မင်းမရောင်းတော့ဘူးလို့ ထင်လိုက်သေးတာ"

မနေ့က မက်မွန်သီးဝယ်စားခဲ့သည့် ဖောက်သည်

အားလုံး ရွှီဖန်းအနားမှာ ဝိုင်းဝိုင်းလည်နေကြသည်။ ထိုအချိန် ရွှီဖန်းအား ဆိုင်နေရာ ပြောင်းသွားလို့ဆိုပြီး ဆက်ညည်းညူနေကြပြန်သည်။

ရွှီဖန်းမှာလည်း ရယ်ရခက် ငိုရခက်ပင်။ ဤဈေးက နဂိုကတည်းက နေရာအတည်တကျမရှိသောဈေးဖြစ်ပြီး ကောင်းမွန်သည့်နေရာများအား တခြားဈေးသည်များမှ ဦးသွားလေပြီ။ သူ ဘာမှမလုပ်နိုင်ပေ။

"ဒီလိုဆိုရင်ရော...ကျွန်တော့်ကို wechatမှာ အပ်လိုက်ကြလေ၊ အချိန်ရောက်ပြီဆိုရင် ခင်ဗျားတို့ကို အိမ်တိုင်ရာရောက် လာပို့ပေးမယ်...ဘယ်လိုလဲ"

စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်ကြောင့်ပဲလားတော့မသိ၊ ရွှီဖန်းမှာ ချက်ချင်းပင် စိတ်ကူးအသစ်ရလိုက်သည်။

အခုဆိုရင် wechatက တော်တော်လေး နာမည်ကြီးနေ

တာကြောင့် မက်မွန်သီးရောင်းဖို့အတွက် wechatကို အသုံးပြုတာက ပိုပြီးလွယ်ကူကာ အိပ်ရာစောစောထ၍ လိုက်ပို့နိုင်လိမ့်မည်။

"အိုက်ယား! ကောင်းသားပဲ!"

"ဟုတ်တယ်! ဟုတ်တယ်! မဟုတ်ရင် မင်းဆိုင်ဖွင့်မဖွင့် လိုက်ရှာနေရဦးမှာ"

ဤစိတ်ကူးအား လူတိုင်းလူတိုင်းလက်ခံကြသည်။ အများစုကတော့ မက်မွန်သီးများအား ရွှီဖန်းထံ၌ တိတ်တဆိတ်ဝယ်ရန်ပင် တွေးနေကြသည်။ 

အနာဂါတ်မှာ သူတို့ကိုယ်တိုင် ရွှီဖန်းအိမ်မှာ သွားယူနိုင်ရင် ပိုပြီးအဆင်ပြေလိမ့်မည်။ ဒါကြောင့် သူတို့ဖုန်းတွေကိုထုတ်ကာ ရွှီဖန်း၏ wechatအား အပ်လိုက်ကြသည်။

"ဒါအဆင်ပြေတယ် ညီလေးရေ...မင်း တစ်ခါယူလာရင် များများယူလာခဲ့ပါလား၊ ငါတို့ ဒီမှာက လူတွေအများကြီးကို မင်းယူလာတာက နည်းနည်းလေးဆိုတော့ စားလို့မဝဘူးဖြစ်နေတာ"

အကုန်လုံးနီးပါး wechatအပ်ပြီးနောက်မှာ တစ်

ယောက်က ညည်းညူလာပြန်သည်။

ရွှီဖန်းသည်လည်း ခြောက်သွေ့နေသော အပြုံးဖြင့် ရှင်းပြလာသည်။ 

"ရှားပါးတဲ့အရာတွေက တန်ဖိုးကြီးတယ်တဲ့၊ ဒီမက်မွန်သီးအမျိုးအစားက ရှားပါးတာမလို့ ယာယီမှာတော့ နည်းနည်းပဲ ရောင်းနိုင်သေးတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့...မကြာခင် ကျွန်တော် ထပ်ချဲ့တော့မှာမလို့"

ရွှီဖန်းက အနာဂါတ်မှာ လယ်ယာလုပ်ငန်းတိုးချဲ့ရန်အတွက် သစ်သီးပင်နှင့် အစေ့တချို့ကိုဝယ်ဖို့ တွေးထားပြီးလေပြီ။ 

"ဒါဆို အချိန်ဘယ်လောက်ကြာမှာလဲ"

"ညီလေး ဒီလိုဆိုရင်ရော...ငါ မင်းကို ပိုက်ဆံကြိုချေထားလိုက်မယ်...အသီးတွေရမှ ငါ့ဆီလာပို့လေ...အဆင်ပြေလား"

ရွှီဖန်းက ကောင်းကင်ဘုံမြေသြဇာအကူအညီဖြင့် မက်မွန်ပင်များ မြန်မြန်စိုက်နိုင်ခြင်းကို မည်သူကမှ မသိကြပေ။ ဒါကြောင့် ရွှီဖန်း လုပ်ငန်းမတိုးချဲ့ခင်မှာ အချိန်တော်တော် ထပ်စောင့်ရမည်ဟု သူတို့ထင်နေကြသည်။

မက်မွန်သီးများက အရမ်းအရသာရှိသည်။ ရတာ နောက်ကျလေ ရောင်းတာ ပိုမြန်လေပင်။ ထိုအချိန်ရောက်လာမှ ပိုက်ဆံဖြင့် ဝယ်ယူလို့ရနိုင်မှာတောင် မဟုတ်တော့ပေ။

ရွှီဖန်းအား ပိုက်ဆံအရင်ပေးထားတာ ပိုကောင်းသည်။ မဟုတ်ရင် ပိုက်ဆံရှိရင်တောင် မဝယ်နိုင်မှာ စိုးရသည်။

ရွှီဖန်းမှာ တောင့်တင်းသွားရကာ...

"ခင်ဗျားဆိုလိုတာက...ကြိုတင်မှာယူထားမလို့လား"

"မှန်တယ် မှန်တယ်! စာရင်းကြိုသွင်းထားတာ...ညီလေး ငါ့စိတ်ကူးကိုရော ဘယ်လိုထင်လဲ"

"ဒါကောင်းတယ်! မှာမယ်လေ! မောင်လေး အစ်မက ယွမ်တစ်ထောင်နဲ့ အရင် ကြိုမှာထားမယ်"

လူတိုင်းက ထိုစိတ်ကူးကို သဘောကျကာ အကုန်လုံး လက်ခံကြသည်။ ရွှီဖန်းသည်လည်း ပျော်ရွှင်မှုကို မထိန်းနိုင်ခဲ့ပေ။

သူတို့ ကြိုမှာမည်ဆိုလျှင် ရွှီဖန်းအား ပိုက်ဆံကြိုပေးရလိမ့်မည်။ အချိန်ခဏအတွင်းမှာ သူ ယွမ် ခုနစ်သောင်း အား စုမိတော့မည်။

"အာ ဒါနဲ့ ကျွန်တော် ခင်ဗျားတို့ပိုက်ဆံကို ယူပြေးသွားမှာ မကြောက်ကြဘူးလား"

ရွှီဖန်းမှာ မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်မိသည်။ သူတို့ ဒီအကြောင်းကို စိတ်မပူကြဘူးလား။

ဝတ်စုံပြည့်ဝတ်ထားသည့် လူကြီးတစ်ယောက်က လက်တွေကို ဝှေ့ယမ်းကာ ရယ်မောလာသည်။ 

"ညီလေး ငါတို့ကိုမနောက်စမ်းနဲ့! ဒီဈေးထဲ မက်မွန်သီးတွေကို တစ်နေ့ ယွမ်ထောင်ချီပြီးရောင်းရတာ မင်းဆီမှာပဲရှိတာ...ဒီလောက် ပိုက်ဆံနည်းနည်းလေးနဲ့ မင်းရဲ့ကြော်ညာဆိုင်းဘုတ်ကြီးကို ပျက်စီးအောင် လုပ်နိုင်လို့လား...မင်း အဲ့ဒီလောက်ထိ မတုံးအပါဘူး"

"ဒါလည်း မှန်တာပဲ"

ရွှီဖန်းလည်းပဲ သဘာဝကျစွာ ထိုအတွေးအား နားလည်သည်။ သို့သော် ထိုလူများ၏ယုံကြည်မှုများကြောင့် သူရင်ထဲ ထိရှတုန်းပင်။

ဤပိုက်ဆံပမာဏက သူ့အတွက် များစွာ အကူအညီပေးနိုင်သည်။ 

ရွှီဖန်း ပြုံးလိုက်ကာ...

"အဲ့ဒါဆိုလည်း ဟုတ်ပါပြီ...ခင်ဗျားတို့ ကျွန်တော့်ကို ယုံရင် လာကြိုမှာကြပါ...ဒီနေ့စာရင်းသွင်းမယ့် လူတိုင်းကို ၂၀ရာခိုင်နှုန်း လျှော့ဈေးပေးမယ်!"

******************

All Chapters