ပိုက်ဆံနဲ့ ပစ်ပေါက်ရတဲ့အရသာက ရှယ်ပဲ!
Vol. 1 Ch. 12
ဝမ်ရှို့ချိုင်၏အိမ်မှာ သုံးထပ်တိုက်အိမ်ဖြစ်သည်။ မြစ်အောက်ပိုင်းရွာလို တောတောင်ရွာလေးအတွင်း ထိုအိမ်ကြီးမှာ ကြက်အုပ်ထဲမှ ကြိုးကြာလို ဝံ့ကြွားနေ၏။
ညီမဖြစ်သူကို ဆွဲခေါ်လာသည့် ရွှီဖန်းမှာ ထိုအိမ်သို့ ရောက်သည်နှင့် အိမ်ရှေ့မှာ ရပ်ထားသည့် Volkswagen အမျိုးအစား ကားအား အရင်ဆုံး တွေ့လိုက်ရသည်။
ဒါကိုကြည့်ခြင်းဖြင့် ဝမ်ရှို့ချိုင် အိမ်ထဲမှာ ရှိနေကြောင်း သိနိုင်သည်။ သူ့အိမ်တံခါးမှာ ခပ်ကျယ်ကျယ် ဖွင့်ထားတာကြောင့် ရွှီဖန်းလည်း သူ့ညီမနှင့်အတူ ဝင်သွားခဲ့သည်။
ဧည့်ခန်းကို ရောက်တော့ ဝမ်ရှို့ချိုင်နှင့် သူ့ဇနီး ရှန်ယွီလန်အား ဆိုဖာဘေးမှာ ထိုင်လျက်တွေ့ရသည်။ သူတို့က ပါးစပ်မှာ အမြှုပ်များထနေသည့် သူတို့၏ သားအရူးအား ဝိုင်းဖိနေကြသည်။
"ချိုးယာ?"
ဝမ်ပါ့ အရှေ့မှ လှပသောပုံရိပ်လေးအား ကြည့်ရင်း အံ့အားသင့်သွားရသည်။
မမျှော်လင့်ဘဲနဲ့ သူ ရှုချိုးယာအား ပြန်တွေ့ခဲ့ရသည်။
အဖြူရောင်ကုတ်လေးဝတ်ဆင်ထားသည့် ရှုချိုးယာ
သည် လူနာအခြေအနေအား စစ်ဆေးရင်း မျက်မှောင်ကြုတ်နေသည်။
ရှုချိုးယာသည် ခေါင်းအသာရမ်းကာ ဘေးမှ ဆေးနှစ်လုံးအားယူ၍ ဝမ်ပါ့ ပါးစပ်ထဲ ထည့်လိုက်သည်။ ဝမ်ပါ့က တဖြည်းဖြည်းနဲ့ ငြိမ်သက်သွားကာ အိပ်ပျော်သွားတော့သည်။
"ဆရာမလေးရှု...ကျွန်မသား ဘယ်လိုနေလဲ"
ရှုချိုးယာက သူမ၏ မက်စ်ကို ချွတ်ပြီးသည်နှင့် ရှန်ယွီလန်ဟာ အနားသို့ပြေးလာကာ မေးတော့သည်။
ရှုချိုးယာက ခေါင်းခါရမ်းသည်။
"အဒေါ်ရှန် သူ့ရဲ့အခြေအနေက ဆိုးသထက်ဆိုးလာတယ်၊ ကျွန်မလည်း ဘာမှလုပ်ပေးနိုင်တာ မရှိတော့ဘူး၊ သူမသက်မသာ ခံစားရတာ လျော့ပါးသွားအောင် ကျွန်မ သူ့ကို ဆေးတချို့ကျွေးရုံပဲ တတ်နိုင်တယ်"
"အောင်မလေး ဘုရား! ဘာလို့ အဲ့ဒီဆေးတွေကို သုံးခဲ့တာလဲ သားရယ်!"
ထိုအကြောင်းကြားသည်နှင့် ရှန်ယွီလန်က ငိုကြွေးတော့သည်။ ဝမ်ပါ့အပေါ်၌ မှီကာ ငိုကြွေးနေရင်း ဆူပူလာသည်။
"ဝမ်ရှို့ချိုင်! ဒါတွေအားလုံး ရှင့်အမှားပဲ! ရှင် ငွေတိုးချေးစားဖို့ ကျွန်မခွင့်မပြုပေးခဲ့သင့်ဘူး! ရှင်ရဲ့ ဝဋ်တွေကို ကျွန်မသားက ခံယူနေရတာ"
"ငါ..."
ဝမ်ရှို့ချိုင်၏မျက်နှာမှာ ခါးသီးမှုများ ပြည့်
နှက်နေပြီး တွေးလိုက်မိသည်။ ဒီ အဆိုးအပေကောင်လေး မူးယစ်ဆေးဝါးသုံးခဲ့တာ သူနဲ့ ဘာဆိုင်လို့လဲ။
"ဟမ်"
ရုတ်တရက် ဝမ်ရှို့ချိုင် ဖျက်ကနဲ ကြည့်မိရာ ရွှီဖန်းနှင့် ရွှီရှို့ရှို့တို့ ဘေးမှာ ရပ်နေမှန်း တွေ့လိုက်ရသည်။
"ဟုတ်ပြီ!"
ဝမ်ရှို့ချိုင် ချက်ချင်းပင် ပျော်ရွှင်သွားသည်။ အခု သားဖြစ်သူအား ဂရုစိုက်ပေးဖို့ တစ်စုံတစ်ယောက်လိုအပ်နေသည်။ တတ်နိုင်သမျှ မြန်မြန် ရွှီရှို့ရှို့အား သူ့သားနှင့် လက်ထပ်ပေးရမည်။ အဲ့ဒီအချိန်ကျ သူ့သားက မိန်းမရသွားပြီဖြစ်လို့ သူ့အခြေအနေလည်း အနည်းငယ် ပိုကောင်းလာနိုင်သည်။
"အိုး! ရွှီဖန်းတို့ပါလား...ငါကတော့ မင်းကို သတ္တိရှိတယ်မှတ်နေတာ...အခု တစ်ရက်ပဲ ရှိသေးတယ်...မင်း မခံနိုင်တော့ဘူးလား"
ဝမ်ရှို့ချိုင်သည် ဘေးမှာရပ်နေသည့် ရွှီရှို့ရှို့အား မျက်လုံးကျဥ်းကာ စိုက်ကြည့်လာသည်။ ရွှီဖန်းဘက်ကနေ သူ့ညီမကို ဒီခေါ်လာကတည်းက သူ့ထံ ပေးအပ်ဖို့ပဲဟု ထင်ထားခဲ့သည်။
"ရွှီဖန်း ရှင် ဒီကို ဘာလို့ရောက်လာတာလဲ"
ရှုချိုးယာက သူမ၏မျက်လုံးများအားခတ်ကာ ရွှီဖန်းကို မြင်ရခြင်းအပေါ် အံ့အားသင့်နေသည်။
ရွှီဖန်း၏စကားပြန်အားမစောင့်ဘဲ ဝမ်ရှို့ချိုင်က ရယ်မောလာသည်။
"ဆရာမရှု ဒီရွှီဖန်းက ဝမ်မိသားစုမှာ ပိုက်ဆံရှိလို့ မှီခိုပြီး အမြင့်ကိုတက်ချင်နေတာလေ...ဒါကြောင့် သူ့ညီမကို ကျုပ်သားနဲ့ လက်ထပ်ပေးဖို့ ခေါ်လာတာ"
"ဒါက..."
ရှုချိုးယာသည် ရွှီဖန်းအား စိတ်ပျက်မှုများဖြင့် ကြည့်လာသည်။ ဝမ်ပါ့ဆိုတာ သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်သည့် အရူးပင်။ ထိုသို့သော လူနှင့် ညီမဖြစ်သူအား ပေးစားခြင်းက မီးပုံထဲ တွန်းပို့သည်နှင့် တူလှသည်။
ရွှီဖန်းက မျက်လုံးများအား စောင်းကာ နှာမှုတ်လာသည်။ ထို့နောက် သူ့မျက်နှာက အေးစက်လာကာ အော်ငေါက်တော့သည်။
"သောက်ရေးမပါတာတွေ"
"ငါ ဒီနေ့လာတာ မင်းအကြွေးတွေ ပြန်ဆပ်ဖို့ပဲကွ!"
"မင်း မင်းအဖေကို အော်ရဲတယ်ပေါ့!"
ဝမ်ရှို့ချိုင်သည် မကျေမနပ်အမူအရာဖြင့် ကြည့်ကာ ချက်ချင်း သွေးထိုးလှုံ့ဆော်လာပြန်သည်။ သူက ရွှီဖန်း ဘာပြောခဲ့လဲ သတိရကာ ရယ်မောလာသည်။
"ရွှီဖန်း မင်းဘာပြောခဲ့တာ...ပိုက်ဆံပြန်ပေးမယ်
ဟုတ်လား၊ မင်း အဲ့ဒီပိုက်ဆံတွေ ဘယ်က ရခဲ့တာ
လဲ၊ နားထောင်စမ်း...၇၀၀၀၀? မဟုတ်ဘူး ၇၇၀၀၀ဖြစ်သွားပြီ၊ ဘယ်လိုလဲ မင်းအသက်နဲ့ ငါ့ကို ပြန်ဆပ်ချင်လား"
ရွှီဖန်းမိသားစုထံ၌ ငွေတချွင်ချွင်မြည်သံပင် မကြားဖူးရလောက်အောင် ဆင်းရဲလွန်းသည်။ ရွှီဖန်းက ရွှေ့ပြောင်းအလုပ်သမားလေ! အလုပ်သမား! ဝမ်ရှို့ချိုင်သည် သူ့ကိုသေအောင်ရိုက်သတ်ရင်တောင်မှ ရွှီဖန်းက သူ့ကိုပြန်ပေးရန် ပိုက်ဆံအမြောက်အမြားကို တစ်ရက်တည်းနဲ့ ရလာသည်အား လုံးဝမယုံကြည်ပေ။
ဝမ်ရှို့ချိုင်သည် ရွှီရှို့ရှို့အား စူးစူးရဲရဲကြည့်ကာ နှာမှုတ်လာသည်။
"ရွှီဖန်း! မင်း ဝမရှိဘဲ ဝိလုပ်ဖို့ မကြိုးစားတာ ပိုကောင်းမယ်၊ မင်းမှာ ပိုက်ဆံမရှိရင် မင်းညီမကို လက်ထပ်ဖို့ ငါ့အိမ်ပို့လိုက်!"
"ငါတို့မိသားစုနှစ်ခု ဆွေမျိုးတွေဖြစ်လာတဲ့အချိန်ကျ မင်းကို ခရိုင်မြို့တော်မှာ အုတ်သယ်ဖို့ မိတ်ဆက်ပေးမှာပါ...တစ်လကို ယွမ်၃၀၀၀ရမှာနော်! မင်းအတွက် လွယ်လွယ်မရနိုင်တဲ့ ပမာဏလေ"
ရွှီရှို့ရှို့မှာ ဝမ်ရှို့ချိုင်၏စကားများအား ကြားသည့်
အခါ စောနကမှ မွေးထားသည့် သတ္တိတွေအကုန် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူမက ရွှီဖန်း၏ လက်မောင်းအား ကြောက်လန့်တကြားဖြင့် ကိုင်ထားကာ ရှိုက်သံဖြင့် အသနားခံနေခဲ့သည်။
"ကောကော ညီမလေး အဲ့ဒီအယုတ်တမာနဲ့ လက်မထပ်ချင်ဘူး...ကောကော ခွင့်မပြုလိုက်ပါနဲ့"
"အရူးမလေး"
ရွှီဖန်းသည် သူ့ညီမ၏ခေါင်းအား ပုတ်ကာ ဘေးမှာ ရပ်နေဖို့ ညွှန်လိုက်သည်။
"ဝမ်ရှို့ချိုင် ခင်ဗျား လာခဲ့"
"ဘာလဲ...ငါ့ကို တိုက်ခိုက်ချင်လို့လား"
ဝမ်ရှို့ချိုင်က နှာမှုတ်ကာ ရှေ့ထွက်လာသည်။
"ရွှီဖန်း ငါမင်းကို ပြောထားမယ်၊ မင်း ငါ့ဆံပင်တစ်ချောင်း ထိရဲတာနဲ့ မင်းမိသားစုတစ်ခုလုံး သေပြီးပဲ!"
ရွှီဖန်းမှာ ထိုပွစိပွစိဆူညံသံကြောင့် မျက်မှောင်ကြုတ်လိုက်ကာ...
"ပြန်ပြောစမ်း...ငါ့မိသားစုက မင်းကို ဘယ်လောက်ဆပ်ရမှာ?"
ဝမ်ရှို့ချိုင်က မဲ့ပြုံးဖြင့် အော်ပြောလာသည်။
"ဟဲဟဲ ငါမပြောရဲဘူးထင်လို့လား၊ နားထောင်စမ်း မိမစစ်ဖမစစ်လေး...၇၇၀၀၀နော်...မင်းမပေးနိုင်ရင် မင်းညီမကို ထားခဲ့"
"ဟုတ်ပြီ၊ ၇၇၀၀၀နော် မှန်တယ်မလား"
ရွှီဖန်း အမူအရာမဲ့စွာ ခေါင်းညိတ်ရင်း အနက်ရောင်အိတ်ထဲသို့ လက်ထိုးထည့်လိုက်သည်။
"ကောကော မလုပ်!"
ရွှီရှို့ရှို့သည် သူ့အစ်ကို ဘာလုပ်နေလဲ မြင်နေရသည်။ သူမအစ်ကိုက တစ်ခုခုမိုက်မဲတာ လုပ်တော့မည်ဟု ထင်ကာ ပြေးဝင်သွားလိုက်သော်လည်း နောက်ကျသွားခဲ့သည်။
ရွှီဖန်းက အနက်ရောင်အိတ်ထဲမှ တစ်ခုခုကို ထုတ်၍ ဝမ်ရှို့ချိုင်မျက်နှာအား ပေါက်ထည့်လိုက်သည်ကို သူမ မြင်လိုက်ရသည်။
ဖက်! ဆိုသည့် အသံနှင့်အတူ အမည်မသိ အရာတစ်ခုက ဝမ်ရှို့ချိုင်၏ မျက်နှာအား ရိုက်ကာ ချက်ချင်း ပြန့်ကျဲသွားတော့သည်။ ပြီးမှ အနီရောင်စက္ကူများအဖြစ် ပြောင်းလဲသွားကာ လေထဲ တဖျပ်ဖျပ် လွင့်နေတော့သည်။
"ဒါက.."
ရွှီရှို့ရှို့မှာ မိန်းမောတွေဝေသွားတော့သည်။ ကြမ်းပြင်ပေါ်မှ ငွေစက္ကူများအား ကြည့်ရင်း သူမတွေးမိသည်။ ဒါက ဘယ်လောက်တောင်လဲ။
ပိုက်ဆံများဖြင့် ဖြတ်ရိုက်ခံရတာ ပထမဆုံးဖြစ်လို့ ဝမ်ရှို့ချိုင်လည်း ကြောင်အနေသည်။ ရွှီဖန်းသည် မျက်လုံးကို ကျဥ်းမြောင်းကာ လှောင်ရယ်၍ နောက်ထပ် ယွမ်တစ်သောင်းအား ထုတ်ကာ ဝမ်ရှို့ချိုင်မျက်နှာအား ကြမ်းတမ်းစွာ ပစ်ပေါက်လိုက်သည်။
"နှစ်သောင်း!"
"သုံးသောင်း!"
"လေးသောင်း!"
"ငါးသောင်း!"
ယွမ်တစ်သောင်းစီ ထုတ်ရင်း ဝမ်ရှို့ချိုင်၏ မျက်နှာတည့်တည့်အား ရွှီဖန်း ပစ်ပေါက်နေခဲ့သည်။ သူဟာ ဒေါသများဖြင့် ပေါက်ကွဲနေတာကြောင့် ဝမ်ရှို့ချိုင်သည် နောက်ပြန်ဆုတ်လိုက်ရသည်။
ယခင်က ရွှီဖန်းမှာ အလွန်ဆင်းရဲခဲ့တာကြောင့် အခုလို အဖြစ်မျိုး ကြုံဖို့ အခွင့်မရှိခဲ့ပေ။ အခု ဝမ်ရှို့ချိုင်ကဲ့သို့ လူ့အမှိုက်အား ငွေဖြင့် ပစ်ပေါက်နိုင်ခဲ့လေပြီ။ ရုတ်တရက်ပင် တစ်စုံတစ်ယောက်အား ပိုက်ဆံဖြင့် ပစ်ပေါက်ရသည့် အရသာက သိပ်မဆိုးဘူးဆိုတာကို ရွှီဖန်း သိလိုက်ရသည်။
"ကောင်းပြီ! အားလုံးပေါင်း ယွမ်၈၀၀၀၀ပဲ! ဝမ်ရှို့ချိုင် ကျန်တဲ့သုံးထောင်ကို ပြန်မအမ်းနဲ့တော့...မင်းကို ငါကျွေးတဲ့ ခွေးစာအဖြစ် သိမ်းထားလိုက်!"
ရွှီဖန်းသည် အိတ်ကိုပစ်ထုတ်ကာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသည့် ငွေစက္ကူများကို ညွှန်ပြ၍ အေးစက်စွာ မေးလိုက်သည်။
"ဝမ်ရှို့ချိုင် ဘယ်လိုနေလဲ! ပိုက်ဆံတွေကို ပတ်ပတ်လည် ပစ်ထုတ်ပေးရတာ ရှယ်ပဲကွာ"
"မင်း!!"
ဝမ်ရှို့ချိုင်သည် ရွှီဖန်းအား စိုက်ကြည့်လိုက်
သော်လည်း ကြမ်းပြင်ပေါ်ရှိ ပိုက်ဆံများအား မြင်
သည့်အခါ ဆွံ့အသွားတော့သည်။
ဒီကောင် ပိုက်ဆံတွေကို ဘယ်ကရခဲ့တာလဲ! ဒါ ဒါလုံးဝ လက်တွေ့မကျတာပဲ!
ရွှီဖန်းက သရော်လျက်...
"ဝမ်ရှို့ချိုင် မင်း နားထောင်...ငါ့မိသားစုက မင်းကို မှီပြီး အမြင့်တက်စရာ ဘာအကြောင်းမှ မရှိဘူး၊ မင်းကသာ ငါ့ရွှီမိသားစုထက် မြင့်အောင် ကြိုးစားနေသင့်တာ၊ မြန်မြန် ငါ့ကို အကြွေးစာချုပ် လွှဲပေးလိုက်...မဟုတ်ရင် ငါ ဒီနေ့ မင်းကို သေအောင် ရိုက်သတ်ပစ်မယ်!"
ရွှီဖန်းကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားလေးက ယခုလို ခြိမ်းခြောက်နိုင်သည့် အကြည့်အား ထုတ်လွှတ်နိုင်
လိမ့်မည်ဟု မထင်မှတ်ထားခဲ့တာကြောင့် ထိုအချိန်၌ ဝမ်ရှို့ချိုင်သည် လွန်စွာ အံ့သြတုန်လှုပ်နေခဲ့ရသည်။