ကျေးဇူးပြုပြီးတော့! မင်းကိုတောင်းပန်ပါတယ်။
Vol. 1 Ch. 13
ကြမ်းပြင်တစ်ခုလုံး ပိုက်ဆံများဖြင့် လွှမ်းခြုံခံထားရလေသည်။ သေချာပေါက်ပင် ရွှီဖန်း ပစ်ပေါက်ခဲ့ပိုက်ဆံများက ဝမ်ရှို့ချိုင် ချေးခဲ့သည်ထက်ပင် များနေမှန်း သိသာလှသည်။
ရွှီဖန်းက သူထင်ထားခဲ့သည်ထက် အထက်စီးဆန်နေခဲ့သည်။ သူအခု ပိုက်ဆံတွေကို မယူဘဲ စာချုပ်မလွှဲပေးရင် ရွှီဖန်းက ဒီထက်ပိုဆိုးတာ လုပ်လာနိုင်သည်။
ဝမ်ရှို့ချိုင်သည် ခဏတာတုန့်ဆိုင်းနေပြီးနောက်
အကြွေးစာချုပ်အား စိတ်မပါစွာ ထုတ်ပေးခဲ့သည်။
"ဟမ့်! ရွှီဖန်း ဒီကိစ္စက မပြီးသေးဘူး"
စဥ်းစားဖို့တောင်မလိုပေ။ ရွှီဖန်းက သူ့အိမ်မှာ ပိုက်ဆံတွေကျဲချပစ်ခဲ့သည့်အဖြစ်က မြစ်အောက်ပိုင်းရွာတစ်ခုလုံးကို သေချာပေါက် ပြန့်သွားလိမ့်မည်။ ဤကဲ့သို့သောလူအပေါ် သူရှုံးခဲ့ရသည့် အရေးကိစ္စအား လွယ်လွယ်ကူကူ မလွှတ်ထားနိုင်ပေ။
"ဟမ့်! ငါမင်းကို အချိန်မရွေးစောင့်နေမှာပါ"
ရွှီဖန်းသည် နှာမှုတ်ကာ စာချုပ်အား အပိုင်းပိုင်း ဆုတ်ဖြဲလိုက်သည်။ ပြီးမှ အခုထိ မိန်းမောနေသေးသည့် ညီမဖြစ်သူအား ဆွဲကာ ထွက်ခွာဖို့ပြင်သည်။
"အာ! အာ! အာ! အာ!"
သူလှည့်လိုက်သည်နှင့် နောက်ကွယ်မှ အော်သံအား ကြားလိုက်ရသည်။ စောနကမှ သတိမေ့သွားသည့် အရူးက အခု ပြန်နိုးလာသည်အား သူ တွေ့လိုက်ရသည်။
သူ၏လက်နှစ်ဖက်လုံးက ရှန်ယွီလန်၏ လည်ပင်းအားဆုပ်ကိုင်ထားကာ ရူးသွပ်တော့မည့်ပုံပေါ်နေသည်။
"မြန်မြန်! သူ့ကိုသွားဆွဲထားလေ!"
ရှုချိုးယာသည် မြင်မြင်ချင်း ဆူတော့သည်။
ဝမ်ရှို့ချိုင်သည်လည်း ပြေးဝင်သွားကာ ဝမ်ပါ့အား ကြမ်းပြင်ပေါ်၌ ချုပ်ထားရသည်။
"အာ့! ဆရာမရှု! ဘာတွေဖြစ်ကုန်တာလဲ! မြန်မြန် နည်းလမ်းတစ်ခုခုတွေးပါဦး! အချိန်အကြာကြီး ထိန်းလို့မရလောက်ဘူး!"
ထိုအချိန်၌ ကောင်းကျိုးမပေးသည့်ခွေးကောင်လေးမှာ ရူးနေလေပြီ။ သူက သူ့အဖေအား လက်သီးများဖြင့် ပြင်းထန်စွာ ထိုးနေပြီး ဝမ်ရှို့ချိုင်အား သားသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်စေသည်။ သူ ကြာကြာ မထိန်းနိုင်တော့ပေ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှုချိုးယာက အခက်တွေ့နေသည့် အမူအရာဖြင့် ခေါင်းခါရမ်းနေသည်။ သိသိသာသာပင် သူမက အိပ်ဆေးတိုက်ကြွေးခဲ့သည်လေ။ ယုတ္တိရှိရှိပြောရရင် သူက အချိန်ခဏလေးဖြင့် ပြန်မနိုးလာသင့်ပေ။ ဒါဆို ဘာဖြစ်လို့များ ရုတ်တရက် ရူးသွပ်သွားတာလဲ။
"ဆရာမရှု ကျွန်မတောင်းပန်ပါတယ်! သားလေးကို မြန်မြန်ကယ်ပေးပါဦး!"
ရှန်ယွီလန်က ရှုချိုးယာရှေ့မှာ ဒူးထောက်နေသည်။ မိခင်တစ်ယောက်အနေဖြင့် သူမသား အခုလိုခံစားနေရသည်ကို ရပ်မကြည့်နိုင်တော့ပေ။
"ဒါက..."
ရှက်ရွံ့စွာပင် ရှုချိုးယာမှာ သူမအရှေ့မှာ ဒူးထောက်နေသည့် ရှန်ယွီလန်အား ကူကယ်ရာမဲ့စွာ ကြည့်မိသည်။
မတိုင်ခင်ကပင် သူ့မှာ နည်းလမ်းမရှိခဲ့ပေ။ အခု ပိုတောင် ဆိုးသွားသေးသည်။ ဒါကို ဘယ်လိုလုပ်ပေးရမလဲဆိုတော့ သူမ မသိတော့ပေ။
"အမ်?"
ရုတ်တရက် သူမမျက်ခုံးများအားပင့်ကာ ရွှီဖန်းအား ကြည့်လိုက်သည်။ ခဏတော့ တုန့်ဆိုင်းသွား
သော်ငြား သူမ မေးလိုက်သည်။
"ရွှီဖန်း ကူညီပေးပါလား"
"ဟမ်?"
ရှန်ယွီလန်လည်း အံ့အားသင့်သွားရသည်။ ရွှီဖန်းကလား။ သူက ရွှေ့ပြောင်းအလုပ်သမားပဲမလား။ သူက ဖျားတာနားတာ ဘယ်လိုကုနိုင်မှာလဲ။
"အာ့! ဆရာမရှု! နောက်နေတာရပ်ပါတော့! ကျုပ်မထိန်းထားနိုင်တော့ဘူး! မြန်မြန်လာကူကြဦး! ရွှီဖန်းက အလုပ်သမားသာသာပဲရှိတာလေ...သူက ဒီကိစ္စကို ဘယ်လိုလုပ်ဖြေရှင်းတတ်မှာလဲ"
ထိုအချိန်၌ ဒေါသကို ထိန်းချုပ်ထားရသည့် ဝမ်ရှို့ချိုင်လည်း ဝင်ပြောလာသည်။
ရွှီဖန်းကလည်း သူပြောတာမှန်တယ်ဆိုသည့် အမူအရာဖြင့် ပုခုံးတွန့်ကာ ပြောလာသည်။
"ငါမလုပ်တတ်ဘူး"
ရှုချိုးယာသည် စိုးရိမ်တကြီးဖြင့် ခြေဆောင့်ချကာ ရှန်ယွီလန်အား ရှင်းပြနေသည်။
"အဒေါ်ရှန် အထင်လွဲနေပြီ၊ ရွှီဖန်းက မတိုင်ခင်
ကတည်းက ကျွမ်းကျင်သူတွေဆီမှာ ဆေးပညာသင်ထားပြီးသားပါ၊ သူက ကျွန်မထက်တောင် ပိုကျွမ်းကျင်သေးတယ်၊ အခု အဒေါ့်သားအခြေအနေကို သူပဲကုနိုင်မှာ"
"အာ...မဖြစ်..ဒါမဖြစ်နိုင်ဘူးမလား"
ရှန်ယွီလန်က မျက်တောင်ခတ်ကာ သံသယဖြစ်နေတုန်းပင်။
"အဒေါ်တို့ ကျွန်မကို မယုံရင်လည်း ကျွန်မတတ်နိုင်တာ မရှိတော့ဘူး"
မည်သို့ပင်ဖြစ်စေ ရှုချိုးယာ၏စကားများကို ကြားသည်နှင့် ရှန်ယွီလန်မှာ မှန်လား၊ မှားလား ဂရုမစိုက်နိုင်တော့ပေ။ သူမဟာ ရွှီဖန်းအနားသို့ တွားသွားရင်း သူ့ခြေထောက်အား ဖက်တွယ်ကာ နှာရှုံ့၍...
"ရွှီဖန်း...အဒေါ်က မင်းကို တောင်းပန်ပါတယ်...သားကို ကယ်ပေးပါဦး"
"ဒါတွေအားလုံး ဝမ်ရှို့ချိုင်ရဲ့ အပြစ်တွေပါ...သားလေးက အပြစ်မရှိပါဘူး၊ ကျေးဇူးပြုပြီး ကရုဏာနဲ့ ကယ်တင်ပေးပါနော်"
".........."
ရှန်ယွီလန်က ရွှီဖန်း၏ခြေထောက်ကို ဖက်ကာ ငိုကြွေးနေသည်။ သူမငိုယိုနေခြင်းအား ရွှီဖန်း မကြည့်နိုင်တော့ပေ။
ရှန်ယွီလန်မှာ ဒီသားလေးတစ်ယောက်သာ ရှိသည်။ သူသာ ဒီခွေးကောင်လေးအား မကုသပေးရင် ရူးသွားရုံတင်မကဘဲ သေတောင်သေသွားနိုင်သည်။
သနားစရာကောင်းတဲ့အမေ....
ရွှီဖန်းသည် သက်ပြင်းတစ်ချက်ရှိုက်သွင်းကာ သူမအား ထဖို့ ကူညီပေးလိုက်သည်။
"အဒေါ်ရှန် အရင်ထပါ...ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"
ရှန်ယွီလန်က သူမမျက်ရည်တွေကို သုတ်ကာ ကျေးဇူးတင်နေခဲ့သည်။ ရွှီဖန်းလည်း လက်တွေကို ဝှေ့ယမ်းကာ ခွေးကောင်လေးဆီ သွားလိုက်သည်။
ထိုအချိန်၌ ခွေးကောင်လေးက ဝမ်ရှို့ချိုင်၏ တင်းတင်းကြပ်ကြပ်ဖိထားခြင်းကို ခံထားရကာ ပါးစပ်မှ အမြှုပ်များ ထွက်ကျနေသည်။ သို့သော်ငြား သူ့ခြေလက်တွေက ခွန်အားတိုးဆေးစားထားသကဲ့သို့ ယက်ကန်ယက်ကန်ဖြင့် ရုန်းကန်နေသည်။
ရွှီဖန်းသည် သက်ပြင်းတစ်ချက်ချကာ မျက်လုံးများမှိတ်၍ စိမ်းပြာရောင်ဆေးအိတ်ထဲ၌ မှတ်တမ်းတင်ထားသော ဆေးနည်းများအား ဂရုတစိုက် ပြန်တွေးနေသည်။
"ရွှီဖန်း! ချီးတဲ့မှ မြန်မြန်လုပ်ကွ!"
ရွှီဖန်းက ဘာမှမလုပ်ဘဲ အရှေ့မှာ ဒီအတိုင်းရပ်နေကာ သူ့အား ရိုက်ခွင့်ပေးထားတာကြောင့် ဝမ်ရှို့ချိုင်မှာ ဆဲမိတော့သည်။
ဒီကောင်လေး တမင်သက်သက်လုပ်နေတာပဲ!
ရွှီဖန်းအား သူခြိမ်းခြောက်ခဲ့တာကြောင့် အခု သူ့အား တိုက်ရိုက်မျက်နှာဖြတ်ရိုက်နေခြင်းပင်။
"အဓိပ္ပာယ်မရှိတဲ့ စကားတွေ ထပ်ပြောဖို့ ကြိုးစားရဲရင် ကြိုးစားကြည့်လိုက်လေ"
"ငါက..."
ရွှီဖန်းက တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တာကြောင့် ဝမ်ရှို့ချိုင်လည်း ဘာမှမပြောရဲတော့ဘဲ ချက်ချင်းပင် ပါးစပ်ပိတ်ထားလိုက်ရသည်။
"ငြိမ်အောင်ချုပ်ထား!"
ရွှီဖန်းသည် သူ၏လက်ချောင်းများအား ဓားပုံစံလက်ချောင်း ပုံဖော်ကာ ဝမ်ပါ့၏လည်ပင်းအား ညွှန်၍ သတိပေးလိုက်သည်။
ထို့နောက် သူ့လက်ချောင်းဖြင့် ဝမ်ပါ့၏လည်ပင်းမှ ရွှေကုထုံးအမှတ်အား နှစ်ကြိမ်သုံးကြိမ် မြန်မြန်ဖိပေးလိုက်သည်။ ထို့နောက် ဝမ်ပါ့ဟာ ပါးစပ်ထဲမှ အမြှုပ်များ ထပ်မထွက်တော့ပေ။
ဝမ်ရှို့ချိုင်သည် ကြမ်းပြင်ပေါ်မှာ လဲနေရင်း ထိုမြင်ကွင်းအား မြင်သည့်အခါ စိတ်ရှုပ်ထွေးသွားတော့သည်။
ရွှီဖန်းက တစ်ကယ်ပဲ ကျွမ်းကျင်တာလား။
ရွှီဖန်းက မရပ်သေးဘဲ ဝမ်ပါ့၏လက်အားဆွဲယူသည်။
ရွှီဖန်းသည် သူ၏အထူးနည်းလမ်းများဖြင့် ဝမ်ပါ့၏ ချိုင်းအောက်မှ ထျန်ချွမ်းကုထုံးအမှတ်အား ခဏ ကုသပေးပြီးနောက်မှာ သူ့အား ကန်ရင်း ခန္ဓာကိုယ်ပေါ် ခွထိုင်လိုက်သည်။ ပြီးနောက် အလွန်မြန်ဆန်သည့် အမြန်နှုန်းဖြင့် ဝမ်ပါ့ခန္ဓာကိုယ်အပေါ်မှ ချွဲ့၊ ကျုံးထင်း၊ အစရှိသော ကုထုံးအမှတ်များအား စတင် ဖိနှိပ်တော့သည်။
အလွန်မြန်လွန်းတာကြောင့် ဘေးမှာ ဂရုတစိုက်လေ့လာနေသည့် ရှုချိုးယာတောင်မှ ရွှီဖန်း၏ နည်းလမ်းများအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ရှုချိုးယာဘေးမှာရပ်နေသည့် ရွှီရှို့ရှို့မှာ အစွမ်းများထုတ်ပြနေသည့် သူမအစ်ကိုအား ဗလာသက်သက်အကြည့်များဖြင့် ငေးကြည့်နေသည်။
"ချိုးယာကျဲကျဲ...အဲ့ အဲ့ဒါက တစ်ကယ်ပဲ ညီမရဲ့ အစ်ကိုလား"
ရွှီဖန်း၏ ကုသမှုကြောင့် ဝမ်ပါ့၏ရူးသွပ်နေမှုမှာ စတင်သက်သာလာသည်။ ရွှီရှို့ရှို့မှာ ရုတ်တရက် အစွမ်းထက်သွားသည့် သူမအစ်ကိုအားကြည့်ရင်း အံ့သြနေရသည်။
ရှုချိုးယာမှာလည်း ရယ်ရခက်ငိုရခက်စွာ ခေါင်းခါရမ်းနေသည်။ သူမက ရွှီရှို့ရှို့၏ခေါင်းအား အသာရိုက်ကာ...
"ကောင်မလေး ဘာတွေတွေးနေတာလဲ...ဒါပေါ့ သူက ညီမလေး အစ်ကိုပဲဟာကို"
မကြာခင်မှာပဲ ဝမ်ပါ့က ပြန်အိပ်ပျော်သွားသည်။ ရွှီဖန်းမှာ မတ်တပ်ပြန်မရပ်ခင် အသက်ရှုထုတ်ကာ နဖူးပေါ်မှ ချွေးများအား သုတ်နေသည်။
စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်ကြောင့်သာ မဟုတ်ရင် စိမ်းပြာရောင်ဆေးအိတ်ထဲမှာပါသည့် 'ဝိညာဥ်ချိတ်ပိတ်ခြင်းကုထုံး' အား ပထမဆုံးအကြိမ်မှာတင် အောင်မြင်နိုင်မည်မဟုတ်ပေ။
"ရွှီဖန်း ကုသပြီးပြီလား"
ရှုချိုးယာက အနားလျှောက်လာကာ မေးသည်။ ရွှီဖန်းက ခေါင်းရမ်းလျက်...
"ဒါက မရိုးရှင်းဘူး၊ ဒီကောင်လေးက ဆေးတွေအများကြီးသုံးထားတာ...ဘယ်လိုလုပ်လွယ်လွယ်ကူကူ ကုလို့ရမှာလဲ၊ အခု သူ့ရဲ့ ကုထုံးအမှတ်အချို့ကိုပဲ ယာယီအနေနဲ့ ချိတ်ပိတ်ထားနိုင်သေးတယ်"
ရှုချိုးယာက ချိုသာစွာ ပြုံးလာသည်။
"ရွှီဖန်း ဒီတစ်ကြိမ်ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်...မဟုတ်ရင် ကျွန်မတော့ အရှက်ကွဲတော့မှာ"
ရွှီဖန်းကလည်း အပြုံးဖြင့် ခေါင်းခါရမ်းသည်။
"ချိုးယာ အရမ်းကြီးမယဥ်ကျေးပါနဲ့၊ ဒါက ကိစ္စသေးသေးလေး တစ်ခုပါပဲ"
ရှုချိုးယာ မျက်လုံးမှိတ်လိုက်မိသည်။ ဒီအရူးက သူမနာမည်ကို ဘယ်လိုခေါ်ရမလဲဆိုတာ တစ်ကယ်သိသွားပြီပေါ့လေ။ သူမ၏ မျက်လုံးလှလှလေးများအား ခတ်ကာ မေးမိသည်။
"ဘာဖြစ်တာလဲ၊ ကျွန်မကို ဆရာမရှုလို့ မခေါ်ချင်တော့ဘူးလား"
"အဟွတ်! အဟွတ်!"
ရှုချိုးယာက သူနှင့် အလွန်နီးကပ်နေလေသည်။ သူမခန္ဓာကိုယ်မှ ခပ်ရေးရေး ရနံ့လေးအား ရသည့်အခါ ရွှီဖန်းမှာ မျက်နှာနီလာတော့သည်။
"အာ...ဆရာမရှု၊ နောက်တောင်နောက်ကျနေပြီပဲ...ကျွန်တော့်အိမ်မှာ နေ့လည်စာစားဖို့ တူတူသွားကြရင် ဘယ်လိုလဲ"
ရှုချိုးယာမှာ မျက်လုံးများလှိမ့်၍ ကူကယ်ရာမဲ့စွာ ခေါင်းခါရမ်းမိသည်။ ဒီအရူးကတော့...
"ကောင်းပြီလေ၊ ရှင် ကျွန်မကိုဖိတ်ချင်နေမှတော့ ကျွန်မလည်း အားမနာတော့ပါဘူး"