← Chapters

ရှင်သန်ခြင်းနှင့်သေဆုံးခြင်း

Vol. 1 Ch. 14

ရှင်သန်ခြင်းနှင့်သေဆုံးခြင်း

Vol. 1 Ch. 14

ရွှီဖန်းတို့ သုံးယောက် အိမ်ပြန်တော့မည်အား ရှန်ယွီလန်မြင်သည့်အခါ ပယ်ပယ်နယ်နယ်အိပ်ပျော်နေသည့် သူ့သားကိုကြည့်၍  ဘေးမှာ အံ့သြစွာရပ်နေသည့် ဝမ်ရှို့ချိုင်အား ပြန်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဝမ်ရှို့ချိုင်၏ဖင်အား တိုက်ရိုက် ပိတ်ကန်ကာ...

"ဘာစောင့်နေတာလဲ! မြန်မြန်ရွှီဖန်းကို သွားတောင်းပန်လိုက်!"

အခုလေးတင် ရွှီဖန်း၏ကုသပုံက ရှန်ယွီလန်၏ နှလုံးသားထဲ၌ ထင်မြင်ချက်ကောင်းကောင်းရှိစေခဲ့

သည်။ သူမသားကို ကယ်ဖို့အတွက် ရွှီဖန်းမှာ နည်းလမ်းတစ်ခု သေချာပေါက်ရှိမည်ဟု သူမ ခိုင်မာစွာ ယုံကြည်ထားသည်။ 

ဘယ်လောက်ကုန်ကျပါစေ ကိစ္စမရှိပေ။ သူမသားအား ရွှီဖန်း ဆက်လက်ကုသပေးနိုင်ရန် ဝမ်ရှို့ချိုင်က တောင်းကို တောင်းပန်ရမည်။

ဝမ်ရှို့ချိုင်သည် အထိတ်တလန့်ဖြင့် ခေါင်းညိတ်ကာ ရှေ့ကို တိုးသွားသည်။ သူ့မှာ ဒီသားတစ်ယောက်သာ ရှိတော့သည်။ သူအသက်ကြီးလာခဲ့ရင် သူ့ကို ကူညီပေးဖို့အတွက် သားတစ်ယောက်တော့ လိုချင်ပါသည်။

"နေဦး...ခဏစောင့်ပါဦး!"

သူ့နောက်မှ ဝမ်ရှို့ချိုင်၏ ညည်းတွားသံကြောင့် ရွှီဖန်းသည် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ 

ဝမ်ရှို့ချိုင်က ကြမ်းပြင်ပေါ်တွင်ထိုင်ကာ သေတ္တာထဲသို့ ပိုက်ဆံများအား ကြိုးစားပန်းစား ကောက်ထည့်နေသည်။

ဒီလူ ဘာလုပ်ဖို့ ကြိုးစားနေပြန်တာလဲ။

ရွှီဖန်းမှာ ဒီလူဘာလုပ်နေမှန်း လုံးဝနားမလည်ပေ။ မကြာလိုက်၊ ဝမ်ရှို့ချိုင်ဟာ ပိုက်ဆံအားလုံးကောက်ထည့်လို့ပြီးသွားကာ သေတ္တာကိုကိုင်လျက် ရွှီဖန်းဆီ ရိုရိုသေသေလျှောက်လာသည်။

သူက ရှက်ကိုးရှက်ကန်းဖြင့် ရယ်ပြလာကာ...

"ရှို့ရှို့၊ ရွှီဖန်း ဒါတွေအားလုံး ဦးလေးအမှားတွေပါ၊ ဒီ ပိုက်ဆံတွေ ပြန်ယူသွားလိုက်ပါနော်"

"ဟက်! တစ်ကယ်ရော လိုလားရဲ့လား"

ရွှီဖန်း ရယ်လိုက်မိသည်။ ဝမ်ရှို့ချိုင်သည် မြစ်အောက်ပိုင်းရွာ၌ အလွန်တွန့်တိုကပ်စေးနဲသော လူအဖြစ် ကျော်ကြားလေသည်။ အခု သူ့လက်ခုပ်ထဲကပိုက်ဆံကို ရွှီဖန်းထံ ပြန်အပ်နေ၏။ အကြောင်းအရင်းသာမရှိဘူးဆိုလျှင် ရွှီဖန်း လုံးဝယုံနိုင်မည်မဟုတ်ချေ။

ဝမ်ရှို့ချိုင်သည် ရွှီဖန်းအား ဒုက္ခတွေ့နေသည့် အမူအရာဖြင့်ကြည့်ကာ တောင်းပန်လာသည်။

"ရွှီဖန်း ဒါတွေအားလုံး ဦးလေးမှားတာပါ၊ ဦးလေးသေဖို့ ထိုက်တန်ပါတယ်! အခြေအနေကို အခွင့်ကောင်းယူပြီး ဒီပိုက်ဆံတွေကို ဦးလေးလက်မခံနိုင်တော့လို့ပါ...ကျေးဇူးပြုပြီးတော့ ဦးလေးကို အခွင့်အရေးတစ်ခုလောက်ပေးပြီး သားလေးကို ကယ်ပေးပါ"

"ဝမ်ရှို့ချိုင်! ကျုပ်ရွှီဖန်းက ပိုက်ဆံပြတ်လပ်နေတယ်များ ထင်နေလား"

ရွှီဖန်းသည် သဘောထားကြီးသောသူမဟုတ်ပေ။ ဝမ်ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က သူ့အဖေကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေပြီး နောက်တစ်

ယောက်က သူတို့ရဲ့အကျပ်အတည်းကာလကို အခွင့်ကောင်းယူ၍ အတိုးများစွာဖြင့် ငွေမချေးချေးအောင် တွန်းအားပေးခဲ့သည်။

ဒီနှစ်ယောက်ကတော့ မဟုတ်တော့ပေ။ အခု ရွှီဖန်းက ဆေးပညာကိုသိပြီး သူ့သားကို ကယ်နိုင်မှန်းသိတော့ ဝမ်ရှို့ချိုင်ဟာ ချက်ချင်း အမူအရာပြောင်းသွားပြန်သည်။

"သွားကြစို့!"

ရွှီဖန်းသည် ဝမ်ရှို့ချိုင်အား အေးစက်စက်ကြည့်၍ ရှို့ရှို့အားဆွဲကာ ထွက်သွားဖို့ပြင်လိုက်သည်။

"မသွားပါနဲ့! မသွားပါနဲ့ဦး! ရွှီဖန်း...ဦးလေးက ဒီလို ဒူးထောက်တောင်းပန်ရင်ရော ရမလား"

ဝမ်ရှို့ချိုင်သည် ရွှီဖန်းအရှေ့သို့ ပြေးသွားကာ သေတ္တာကိုကိုင်ထားလျက် ဒူးထောက်ချလာသည်။ သူဟာ ဝမ်းနည်းနေသည့် အသံဖြင့်...

"ရွှီဖန်း ဦးလေးက မကောင်းတဲ့လူဆိုတာ သိပါတယ်...ဒါပေမယ့် မင်းကတော့ လူကောင်းပါ၊ ရွာအတွက်ပဲဖြစ်ဖြစ် ဦးလေးသားကို ကယ်ပေးပါ"

"ဟား...ကျုပ်တို့က တစ်ရွာတည်းသားတွေဆိုတာ ခင်ဗျား သိသေးတာပဲ"

"ငါ...."

ဝမ်ရှို့ချိုင်မှာ ရှက်ရွံ့မှုကြောင့် ခေါင်းကို ငုံ့ထားမိသည်။ သူ မြန်မြန်ဆန်ဆန် ဝဋ်လည်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

"ရွှီဖန်း...ဘာလို့ ကျွန်မတို့..."

ထိုအချိန် ရှုချိုးယာက မနေနိုင်တော့ဘဲ တိုက်တွန်းလာသည်။

ရွှီဖန်း ခေါင်းခါရမ်း၍ စိတ်မရှည်စွာဖြင့် လက်ခါယမ်းလိုက်သည်။

"ပြန်ထပါတော့"

"ဟေ ဟေ! ကောင်းတယ်! ဟုတ်ပါပြီ!"

ဝမ်ရှို့ချိုင်က ထိုစကားကြားသည်နှင့် သေတ္တာကိုမကာ စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လာသည်။

ရွှီဖန်း မျက်လုံးလှိမ့်လိုက်မိသည်။

"ဆရာမရှု မဟုတ်....ချိုးယာကြောင့် ကျုပ် ခင်ဗျားသားကို ကုသပေးမယ်၊ ဒါပေမယ့် ခင်ဗျားရဲ့ ရိုးသားမှုအပေါ်မှာလည်း မူတည်သေးတာနော်"

"ရိုးသားမှုလား! ဦးလေး ရိုးသားပါတယ် ရွှီဖန်းရာ၊ မင်းကြိုက်တာသာပြော ဦးလေး အကုန်လုပ်ပေးမယ်!"

ဝမ်ရှို့ချိုင်က ကြက်ပေါက်ကလေးများ အစာကောက်စားနေသကဲ့သို့ ခေါင်းဆက်တိုက်ညိတ်လာသည်။ ရွှီဖန်းက နောက်ဆုံးမှာတော့ သူ့ကို လွှတ်ပေးလိုက်လေပြီ။ ဘယ်အခြေအနေကြောင့်ဆိုတာကိစ္စမရှိပေ...ရွှီဖန်းလက်ခံရင်ကို ရလေပြီ။

"ခင်ဗျားကိုခွင့်လွှတ်ပေးတာ၊ မပေးတာက ကျုပ်

အတွက် အသုံးမဝင်ဘူး...ခင်ဗျားသာ ကျုပ်မိဘတွေနဲ့ ညီမလေးရဲ့ခွင့်လွှတ်မှုကို ရရင် ခင်ဗျားသားကို ကုပေးမှာပဲ၊ ဒါပေမယ့် ခင်ဗျားမှတ်ထားရမှာတော့ရှိတယ်...ကုသစရိတ်က ဈေးမပေါဘူးနော်"

"အဆင်ပြေတယ် ရွှီဖန်း! ဆေးကုသမှုအတွက် ကုန်ကျတာမှန်သမျှ အကုန်ပေးမှာပါ...မင်းသာ ဦးလေးသားကို ကုနိုင်သ၍ အားလုံးအဆင်ပြေတယ်"

ဝမ်ရှို့ချိုင်က သူ့ရင်ဘတ်ကိုပုတ်ကာ တွေးတောင်မတွေးဘဲ သဘောတူလာသည်။

ရွှီဖန်းခေါင်းညိတ်ကာ ထွက်သွားဖို့လုပ်လိုက်သည်။ ဝမ်ရှို့ချိုင်က အံ့သြသွားကာ...

"ဒါ ရွှီဖန်း...ဒီပိုက်ဆံတွေ..."

ရွှီဖန်းက မျက်မှောင်ကြုတ်လာကာ...

"ခင်ဗျားက ပိုက်ဆံလက်ခံပေးဖို့ပဲ တောင်းဆိုနေကတည်းက...ကျုပ်မယူရင် ရှို့ရှို့က ယူလာလိမ့်မယ်လေ"

"ဟီးဟီး...ဟုတ်ပါပြီ"

ရွှီရှို့ရှို့သည် ဝမ်ရှို့ချိုင်လက်ထဲမှ သေတ္တာကို ယူကာ ရွှီဖန်းအနောက်မှနေ၍ အိမ်ထဲမှ ထွက်သွားခဲ့သည်။

ဝမ်ရှို့ချိုင်မှာ နှလုံးပူဆွေးမှုအား ခံစားလိုက်ရသည်။ သူက ဒီအတိုင်း 'ပိုက်ဆံတွေ မယူတော့ဘူးလား' ဟု မေးချင်ရုံလေးပါ။

"ကောကောက အရမ်းတော်တာပဲ!!"

ဝမ်ရှို့ချိုင် အိမ်မှ ထွက်လာပြီးနောက် ရွှီရှို့ရှို့သည် သူမနှလုံးသားထဲမှ စိတ်လှုပ်ရှားနေမှုအား ကြာကြာ မဖိနှိပ်နိုင်တော့ပေ။ သေတ္တာကိုကိုင်ထားရင်း ရွှီဖန်းပါးအား မွှေးမွှေးပေးပစ်လိုက်တော့သည်။

ရက်အတော်ကြာစိုးရိမ်ခဲ့ရပြီးနောက်မှာ သူမ လက်ထပ်ဖို့အရေးကို စိတ်ပူစရာမလိုတော့ပေ။ ရုတ်တရက် ရွှီဖန်းနှင့် သူမကြားမှ ရင်းနှီးသော အပြုအမူလေးကို ကြည့်နေသည့် တစ်စုံတစ်ယောက် ရှိနေသေးမှန်း သူမ မှတ်မိသွားကာ ပါးများနီရဲလာတော့သည်။

ရွှီရှို့ရှို့သည် ရွှတ်ရွှတ်နောက်နောက်ဖြင့် လျှာလေးထုတ်ကာ...

"ဟဲဟဲ ချိုးယာကျဲကျဲ...ညီ ညီမက အရမ်းစိတ်

လှုပ်ရှားနေလို့ပါ"

"ပြဿနာမရှိပါဘူးကွယ်...အစ်မနားလည်ပါတယ်"

ရှုချိုးယာက သဘောထားကြီးစွာဖြင့် ခေါင်းခါရမ်းပြသည်။ ရွှီရှို့ရှို့သည် တစ်ခစ်ခစ်ရယ်လျက် ...

"ချိုးယာကျဲကျဲ ဒီနေ့ ညီမအစ်ကိုက အရမ်းအံ့သြဖို့ကောင်းတာ...ကျဲကျဲရော သူ့ကို မွှေးမွှေးမပေးဘူးလား!"

"မိုက်မဲတဲ့ကောင်မလေး! ဘာတွေလျှောက်ပြောနေတာလဲ!"

ရွှီဖန်းသည် ရှုချိုးယာ၏ အနောက်မှာ ပုန်းနေသော ရွှီရှို့ရှို့အား စိုက်ကြည့်လိုက်ရသည်။

"ဒါက ဘာအပြုအမူလဲ...ရွှီဖန်း ရှင်က ကျွန်မနမ်းမှာကို မပျော်တဲ့သဘောလား"

ထိုအချိန်၌ ရှုချိုးယာသည် သူ့အား စိုက်ကြည့်နေတာကြောင့် စနောက်နေတာလား၊ တစ်ကယ်လားဆိုတာ ခန့်မှန်းလို့မရပေ။

"အဟွတ်! အဟွတ်! ဒါက...."

ရွှီဖန်းမှာ နေရခက်စွာပင် သူ့နှာခေါင်းကိုထိလျက် ရှုချိုးယာအား ခိုးကြည့်မိသည်။

တစ်ကယ်တော့...သူလည်း နည်းနည်းတော့ ဆန္ဒရှိ...

"ဖိ! ဟုတ်ပါပြီ...ကျွန်မ ရှင့်ကို စနေတာပါနော်"

ဟာသတစ်ခုကနေ တော်တော်လေး ခရီးရောက်သွားတာကြောင့် ရှုချိုးယာသည် အကြောင်းအရာပြောင်းဖို့ရန် စကားစလာသည်။

ဒီနေ့ ဝမ်ရှို့ချိုင်အိမ်၌ ရွှီဖန်း၏လုပ်ဆောင်မှုကို တွေးကာ သူမပြုံးလိုက်သည်။

"ရွှီဖန်း...ကျွန်မ ပြောရဦးမယ်၊ ရှင် ဒီနေ့ နည်းနည်း ကြည့်ကောင်းနေတယ်"

"ကောင်းပြီ! ဆေးခန်းမှာ ကျွန်မကိုစောင့်နေတဲ့ လူနာတွေအများကြီးရှိနေတုန်းပဲ...ရွှီဖန်း ကျွန်မ အရင်သွားနှင့်မယ်နော်"

ရှုချိုးယာက ရွှီဖန်းအား လက်ပြကာ ထွက်သွားတာကြောင့် သူအံ့သြသွားရသည်။ အိမ်မှာ ထမင်းလိုက်စားမယ်လို့ သူမ ပြောခဲ့တယ် မဟုတ်လား။ 

"ဟဲဟဲ...ကောကောရေ ချိုးယာကျဲကျဲကို နှစ်သက်နေပြီလား"

ထိုအချိန် သူ့ဘေးမှ ကလေးမက ကျီဆယ်သည့်

သဘောဖြင့် ရယ်မောလာသည်။

"အရူးမလေး...စကားတွေအများကြီး ပြောနေတယ်ဟုတ်လား!"

ရွှီဖန်းတစ်ယောက် သူ့မျက်လုံးများအား လှိမ့်ကာ သူမအား အိမ်သို့ ပြန်ခေါ်လာခဲ့သည်။

ကျန်းလီမေနှင့် ရွှီအိုက်ကောသည် ဧည့်ခန်း၌ စိုးရိမ်

ပူပန်စွာ စောင့်နေကြသည်။ ရွှီဖန်းက အငယ်မလေးအား ဝမ်ရှို့ချိုင်အိမ်ကို ခေါ်သွားကတည်းက ရင်တမမဖြင့် ကျန်နေခဲ့ရကာ မောင်နှမနှစ်ယောက် ပြန်လာသည်ကိုမြင်မှ စိတ်သက်သာရာ ရကြတော့သည်။

"ကလေးတွေ ဘာဖြစ်သွားလဲ! ဘာဖြစ်သွားလဲ!"

ကျန်းလီမေသည် သူတို့၏ခန္ဓာကိုယ်အား ထိတ်လန့်တကြား စစ်ဆေးနေသည်။ ဝမ်ရှို့ချိုင်အိမ်ကနေ မောင်နှမနှစ်ယောက် တစ်ခုခုခံစားလာရမည်ကို သူမကြောက်နေခဲ့သည်။

"အမေ! စိတ်ချလက်ချနေပါ! ကောကောက အခု အရမ်းသန်မာနေပြီ...ဝမ်ရှို့ချိုင်က သမီးတို့အိမ်ကို စိတ်အနှောင့်အယှက်တောင် ပေးရဲတော့မှာ မဟုတ်ဘူး"

ရွှီရှို့ရှို့သည် အနီရောင်ငွေစက္ကူများအပြည့်ပါသည့် သေတ္တာအား စားပွဲပေါ်မှာတင်ရင်း ဖြစ်ပျက်ခဲ့သမျှ အားလုံးကို စိတ်လှုပ်ရှားစွာ ပြန်ပြောပြနေခဲ့သည်။ သူမအလွန်ပျော်နေတာကြောင့် မျက်ခုံးလေးများ မြင့်တက်လို့နေသည်။

"ဒါက...."

ဇနီးမောင်နှံနှစ်ယောက်မှာ အလုံးစုံပြန်ကြားသိပြီးသည့်အခါ သူတို့၏မျက်နှာ၌ အံ့အားသင့်မှုများ ပြည့်

နှက်သွားတော့သည်။ ထို့နောက် သူတို့ကိုယ်သူတို့ ဆွဲဆိတ်မိကြကာ...

"ကလေး ကလေး...ဒါ ဒါအမှန်ပဲလား"

ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်စွာ ခေါင်းခါရမ်းလိုက်ရင်း ...

"အမှန်တွေပါ အမေရယ်၊ အမေတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ပျော်နေလို့ရပြီ! အနာဂါတ်မှာ ရွှီမိသားစုရဲ့ နေ့ရက်ကောင်းတွေပဲ စတင်တော့မှာ!"

"ရှို့ရှို့ကတော့ အစ်ကို့အတွက် စာကြိုးစားရမယ်

နော်...အခုအချိန် ရှန်ဟိုင်းတက္ကသိုလ်မပြောနဲ့...ညီမလေးမှာ စွမ်းရည်ရှိသ၍ နိုင်ငံခြားမှာ စာသင်ချင်

ရင်တောင် အစ်ကို လုပ်ပေးမယ်!"

All Chapters