အံ့အားသင့်စေခြင်း
Vol. 1 Ch. 15
မိသားစုလေးယောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် နေ့လည်စာ စားပြီးနောက်မှာ ရွှီဖန်းသည် ကျန်းလီမေနှင့်အတူ ပန်းကန်ဝိုင်းကူဆေးပေးရင်း အလုပ်များနေခဲ့သည်။
ထို့နောက် သီးပင်ပျိုးပင်များပါသည့် အထုပ်အစည်းအား ပုခုံးပေါ်တွင်တင်လျက် သစ်ခုတ်ဓားနှင့် ပေါက်ပြားကို ယူဆောင်ကာ တောင်အနောက်ဘက်ကို သွားရန် ပြင်လိုက်သည်။
"သားကြီးရေ ရှို့ရှို့ကို သားရဲ့အလုပ်ကူညီဖို့ ခေါ်သွားပါလား!"
ကျန်းလီမေက အော်ပြောလာသည်။ ရွှီရှို့ရှို့ကလည်း လိုက်ကူပေးဖို့ ပြင်နေလေပြီ။ ရွှီဖန်း ခေါင်းကို ရမ်းလိုက်ကာ...
"မလိုပါဘူး! ဒီအလုပ်က တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်"
ပထမဦးစွာ ရွှီဖန်းအနေဖြင့် သူ့ညီမလေးအား အဖိုးတန်သည့်အချစ်တော်လေးကဲ့သို့ ဆက်ဆံပေးချင်သည်ဖြစ်ရာ အခုလိုအလုပ်ကြမ်းကို မလုပ်စေချင်ပေ။ ဒုတိယအနေနှင့် သူက ကောင်းကင်ဘုံမြေသြဇာကို အသုံးပြုပြီး စိုက်ပျိုးမှာဖြစ်လို့ ဒီလျှို့ဝှက်ချက်အား ဘယ်သူမှ သိလို့မဖြစ်ပေ။
"ဟုတ်ပါပြီ...အမေတို့နှစ်ယောက် အိမ်မှာပဲနေပြီး အဖေ့ကိုပဲ ဂရုစိုက်ကြပါ"
ထို့နောက် ရွှီဖန်းလည်း တောင်အနောက်ဘက်သို့ ထွက်လာခဲ့သည်။ မက်မွန်သီးအပင်များရှိရာ အနီးအနားသို့ ရောက်သည်နှင့် ပုခုံးပေါ်မှ အထုပ်
အစည်းအားချကာ အနားယူရန် မြေကြီးပေါ် ထိုင်ချလိုက်သည်။
မနက်တုန်းကတင် မက်မွန်သီးများကို ခူးထားပြီးသော်လည်း ယခု အသီးထပ်သီးနေလေပြီ။ မနက်ဖြန်ရောက်ရင်တော့ အကုန်မှည့်နေလိမ့်မည်။
သို့သော်ငြား ကောင်းကင်ဘုံနန်းတော်မှာ ဒီနေ့လည်း အမှိုက်တွေ မသွန်ချသေးပေ။
ရွှီဖန်း ဂရုမစိုက်တော့ပေ။ သူ ခဏအမောဖြေပြီးတာနဲ့ သစ်ခုတ်ဓားကိုယူကာ မက်မွန်ပင်များ၏ ဘေးနားမှ အခြားအပင်များကို စခုတ်တော့သည်။
ပတ်ပတ်လည်ရှိ ထိုအပင်များမှာ တော်တော် သက်တမ်းရင့်လေသည်။ ရွှီဖန်းမှာက ဆွေးမြေ့နေသော သစ်ခုတ်ဓားတစ်လက်သာ ရှိ၏။ ဒါဇင်လောက် ခုတ်ပြီးသည့်နောက်မှာတော့ နောက်တစ်ပင် ထပ်
ခုတ်ဖို့ရန် ခက်ခဲနေတော့သည်။
သူ ချက်ချင်း စိတ်ပျက်သွားရကာ...
"ဒီလိုဆက်သွားနေရင် အလုပ်မဖြစ်တော့ဘူး"
ကောင်းကင်ဘုံနန်းတော်၏အနက်ရောင်တွင်းပေါက်ထဲမှ လျှို့ဝှက်ချက်များကို တခြားလူများအား သူ သိခွင့်မပြုနိုင်ပေ။ ဒါကြောင့် ဒီအလုပ်တွေကို သူတစ်ယောက်တည်း လုပ်ဖို့ရာပဲ တတ်နိုင်သည်။
အသီးပင်ဒါဇင်လိုက် စိုက်ပျိုးနေရာချရမည်ဆိုလျှင်လည်း လဝက်ခန့် ကြာလောက်မည်ဟု ရွှီဖန်း ခန့်မှန်းမိသည်။
"ဟုတ်သားပဲ!"
ရုတ်တရက် ရွှီဖန်း၏စိတ်ထဲ၌ အကြံတစ်ခုပေါ်လာသည်။ သူ ချက်ချင်းပင် သိုလှောင်လက်စွပ်ထဲမှ နောက်ဆုံးလျှပ်စီးအဆောင်အား ထုတ်လိုက်သည်။
"ဘုရားမ,ပါစေ...ဒီဟာက သေချာပေါက် မဆိုးလောက်ပါဘူး"
သိုလှောင်လက်စွပ်ထဲ၌ လျှပ်စီးအဆောင်အား ဒီအတိုင်း ထည့်သိမ်းထားတာထက် စာရင် အပင်တွေကို ခုတ်ဖို့ အသုံးပြုလိုက်တာက ပိုကောင်းသည်။
ရွှီဖန်းသည် လျှပ်စီးအဆောင်အား ကိုင်ထားရင်း ခဏဆုတောင်းလိုက်သည်။ ထို့နောက် အဆောင်ထဲသို့ သူ၏စိတ်ဝိညာဥ်စွမ်းအား ထည့်သွင်းလိုက်သည်။
ဒင်!
ရွှေရောင်အလင်းထွက်လာသည်။ အဆောင်ကကျိုးကြေသွားကာ ရွှေရောင်အလင်းအဖြစ်ပြောင်း၍ သူ့လက်ဖဝါးထဲသို့ စီးဝင်သွားသည်။
"ဟားဟား! ရပြီ!"
ရွှီဖန်းက သစ်ခုတ်ဓားအား ချက်ချင်းကောက်ကာ ဓားထဲသို့ လျှပ်စီးအစွမ်းအား ထည့်သွင်းလိုက်သည်။
သစ်ခုတ်ဓားသည် လျှပ်စီးများဖြင့် တောက်ပသွားကာ
သူ၏စွမ်းအားများ များစွာ တိုးမြှင့်လာသည်။ ရွှီဖန်း ခုတ်ချလိုက်သည်နှင့် သစ်ပင်က ပြိုလဲကျသွားသည်။
မတိုင်ခင်ကနှင့်ယှဥ်လျှင် အကျိုးသက်ရောက်မှုက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
လျှပ်စီးအစွမ်းကလည်း မြန်စွာ လျော့ကျလာသည်။ ထိုအချိန်၌ မက်မွန်ပင်များ အနီးရှိ အပင်ဆယ်ပင်စလုံးကို ခုတ်ပြီးနေလေပြီ။
သစ်ခုတ်ဓားအား ပစ်ချကာ ရွှီဖန်း စိတ်ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူ အပင်တွေကို စပြီး စိုက်ပျိုးနိုင်
တော့မည်။
ပေါက်ပြားကိုယူကာ မက်မွန်ပင်များ၏ အနီး၌ တွင်းစတူးလိုက်သည်။ အနာဂါတ်ကျရင် ဤအပင်များမှ ရလာမည့် စီးပွားရေးအကျိုးအမြတ်များအား တွေးရင်း ရွှီဖန်း စိတ်အားထက်သန်နေလေ၏။
ထို့ကြောင့် ကောင်းကင်အပေါ်ရှိ အနက်ရောင်တွင်းပေါက်ကြီးဟာ သူ၏အနောက်မှာ တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်အား သတိမထားမိခဲ့ပေ။
"ထိုက်ပိုင်ကျင့်စစ်! ဘယ်လိုလုပ်နေတာလဲ! ဒီမှာ သေမျိုးတစ်ယောက်က ဘာလို့ ပေါ်လာတာလဲ!"
"ဒါက...ငါလည်းမသိဘူးလေ၊ ငါ မလုပ်ခင်က မြေပုံသေချာ ကြည့်ပြီးသားပါ...ဒီတောင်ကြီးက ကျက်တီးမြေကြီးပါဟ"
"မင်း အရူးကောင်! ကောင်းကင်ဘုံမှာ တစ်ရက်ဆို သေမျိုးလောကမှာ တစ်နှစ်လေ! ဒီသေမျိုးလောကကြီးက အချိန်တွေဘယ်လောက်တောင် ကျော်ဖြတ်ပြီးနေပြီလဲမသိတာကို မင်းက ဟိုတုန်းက မြေပုံသုံးနေတုန်းလား!"
ဆူဆူညံညံအသံများက ရွှီဖန်း၏ အနောက်မှ ထွက်ပေါ်လာသည်။ ရန်ဖြစ်နေကြသည့် တိုက်ပွဲအလယ်ရောက်နေသည့် ရွှီဖန်းမှာ ချွေးအေးများ သီးကျလာကာ လက်ထဲမှာ ပေါက်ပြားလည်း ဘုန်းကနဲ ပြုတ်ကျသွားတော့သည်။
သွားပြီ!!
အခုလိုအရေးကြီးသော အခိုက်အတန့်မှာမှကောင်းကင်ဘုံနန်းတော်ရှိ နတ်ဘုရားများသည် အမှိုက်ပစ်ရန် လမ်းကြောင်းဖွင့်လာလိမ့်မည်ဟု ရွှီဖန်း လုံးဝမထင်ထားခဲ့ပေ။
သူ အသတ်ခံရမည်လား အရှင်လတ်လတ်အရိုက်ခံရမည်လားတောင် မသိတော့ပေ။
အနက်ရောင်တွင်းပေါက်ကြီးသည် စက်ဝိုင်းသဏ္ဍာန် ကြေးမုံကြီးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ထိုကြေးမုံဝိုင်းကြီးအား တိမ်တိုက်များ၊ မြူများဖြင့် ကာဆီးထားသည်။ တာအိုဝတ်စုံနှင့် ရွှေရောင်
ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် လူအုပ်ကြီးမှာ ရွှီဖန်းအား အကဲဖြတ်သလို ကြည့်နေကြသည်။
ထိုနတ်ဘုရားများကို ကြည့်မိရုံနှင့် ရွှီဖန်း၏နှလုံးခုန်နှုန်းမှာ မြန်သထက် မြန်လာတော့သည်။
သူ တံတွေးအား အလျင်စလိုမြိုချကာ တွေးမိသည်။
*ဒီမသေမျိုးတွေက ငါ့ကို မသတ်လောက်ပါဘူး...ဟုတ်တယ်မလား*
"ဟမ့်! ထိုက်ပိုင်ကျင့်စစ်! ဒါက မင်းကြောင့်ဖြစ်တာဆိုတော့ ကိုယ့်ဘာသာကိုယ် ဖြေရှင်း!"
မုတ်ဆိတ်မွှေးရှိကာ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထား
သည့် နတ်အိုကြီးမှာ ကြေးမုံဝိုင်းထဲမှ ကန်ထုတ်ခံလိုက်ရသည်။
သူဟာ မုတ်ဆိတ်မွှေးအား ပွတ်သပ်ရင်း ရွှီဖန်းအား ရှက်ကိုးရှက်ကန်းအပြုံးဖြင့် ကြည့်လာသည်။
"လူငယ်လေ လူငယ်လေး...အားနာမိပါတယ်"
"ဟမ်?"
ရွှီဖန်းတောင့်တင်းသွားရသည်။ အားနာတယ်?
သူတို့ရဲ့မှော်ရတနာတွေကို အသုံးပြုလို့ အပြစ်တင်ရမှာ မဟုတ်ဘူးလား။
"လူငယ်လေး ဒီနေရာက ဘယ်နေရာလဲဆိုတာ ပြောပြပေးနိုင်မလား"
ထိုက်ပိုင်ကျင့်စစ်က လေးလေးစားစားမေးလာသည်။ ရွှီဖန်းလည်း နေရခက်စွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဒါက ကျွန်တော်တို့မိသားစုရဲ့အိမ်နောက်က တောင်ပါ"
"အိုက်ယား! ဆိုးရွားချက်!"
ထိုက်ပိုင်ကျင့်စစ်သည် တိတ်တဆိတ်ဆဲရေးရင်း အပြစ်ရှိစွာ ပြောလာသည်။
"လူငယ်လေး ငါတစ်ကယ်ကို ဂရုမစိုက်မိတာပဲ၊ မင်းရဲ့အိမ်နောက်ကတောင်မှာ ကောင်းကင်ဘုံနန်းတော်ကအမှိုက်တွေ လာပစ်ချခဲ့တာကို အပြစ်မတင်ပါနဲ့..."
"အပြစ်တင်မယ်?"
ရွှီဖန်းမှာ မျက်တောင်ခတ်လျက် ဇဝေဇဝါဖြစ်နေရသည်။ သူတို့က ဘာလို့ ငါ့ကို အပြစ်မတင်တာလဲ။ အဲ့ဒီအစား ဘာလို့ လာတောင်းပန်နေကြတာလဲ။
သူတို့ပစ်ချခဲ့သည့် ရတနာများကြောင့် သူ့မှာ ကျေးဇူးတင်စကားပြောဖို့တောင် အချိန်လောက်မည်မဟုတ်ချေ။
"လူငယ်လေး...ဒီမှာ အမှိုက်လာပစ်ချတာ မကောင်းဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ဒါက သတိမထားမိဘဲ ဖြစ်သွားတဲ့ကိစ္စပါ၊ ကြည့်! ငါအခုပဲ ဒီဥမင်လှိုဏ်ခေါင်းကို ပိတ်ပြီး ဒါနဲ့ပတ်သက်တဲ့မင်းရဲ့မှတ်ဉာဏ်အပိုင်းအစလေးကိုလည်း ဖျက်ပေးမယ်...ဘယ်လိုလဲ"
ထိုက်ပိုင်ကျင့်စစ်သည် ရွှီဖန်းနှင့် ကြိုးစားညှိနှိုင်းနေသည်။ ဥမင်ကိုပိတ်ပြီး သူ့ရဲ့မှတ်ဉာဏ်ကိုဖျက်ပစ်
မည်အား ကြားလိုက်ရသည့် အခိုက်အတန့်တွင် သူထပ်ပြီးကြောက်ရွံ့စိုးရိမ်လာသည်။
ချမ်းသာဖို့ရန် နည်းလမ်းရှာဖွေ့ရသည်က သူ့အတွက် မလွယ်ကူခဲ့ပေ။ ဒီလိုသာ အကုန်ပျောက်ကွယ်သွားမည်ဆိုရင် တော်တော်လေး စိတ်မကောင်းဖြစ်စရာပင်။
ရွှီဖန်းသည် သူ့နှာခေါင်းအားထိကာ အပြစ်ရှိစွာဖြင့်...
"တစ်ကယ်တော့ ကျွန်တော် စိတ်မဆိုးပါဘူး..."
"ထိုက်ပိုင်ကျင့်စစ်! မင်း သောက်ရူးကောင်! ဒီလမ်းကြောင်းဖွင့်ဖို့အတွက် နှစ်ပေါင်းထောင်ကျော် အချိန်ယူခဲ့ရတာ! မင်းကပိတ်ချင်တိုင်း ပိတ်လို့ရမလား! ပိတ်လိုက်ပြီးရင်ရော ဒီအမှိုက်တွေနဲ့ ငါတို့ ဘယ်လိုဆက်လုပ်ဖို့လဲ!"
အခြားနတ်ဘုရားများသည် ထိုက်ပိုင်ကျင့်စစ်၏အကြံအား စိတ်ကျေနပ်ကြသည့်ပုံ မပေါ်ပေ။ ကောင်းကင်ဘုံနန်းတော်၌ ပြဿနာများအပြည့် ဖြစ်နေတာကြောင့် ဒီနေ့စဥ်ထွက်လာသည့် အမှိုက်များအား ထားစရာနေရာမရှိတော့ပေ။
ကောင်းကင်ဘုံနန်းတော်မှ အမှိုက်များအား သေမျိုးလောကဆီသို့ ပစ်ချခြင်းသည် လူသားများအား အနှောင့်အယှက်ဖြစ်စေကာ မလုပ်အပ်သည့် အရာဖြစ်သည်။ သို့သော် သူတို့မလုပ်ရင်လည်း ကောင်းကင်ဘုံနန်းတော်တစ်ခုလုံး ပရမ်းပတာဖြစ်တော့မည်။
ထိုက်ပိုင်ကျင့်စစ်မှာလည်း ပိတ်ရမလား၊ မပိတ်ရဘူးလား မသိတော့ပေ။ သူတို့နှစ်ယောက်လုံး နတ်ဘုရားမ
ဖြစ်ခဲ့သင့်ဘူးဟု ရုတ်တရက် ခံစားမိတော့သည်။
"လူငယ်လေးရေ ဘယ်လိုထင်လဲ၊ ငါတို့ရဲ့အမှိုက်တွေကို မင်းတစ်ခုခုလုပ်ပေးလို့ရမလား...အာ! ငါ ငါတို့ကလည်း မင်းကို အကျိုးအမြတ်ပြန်ပေးမှာပါ"
ထိုက်ပိုင်ကျင့်စစ်သည် ခဏတာတွေးလိုက်ပြီးနောက် အပေးအယူလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
"ဟုတ်တယ် ဟုတ်တယ်! လူငယ်လေး! စိတ်မပူနဲ့ ငါတို့ မင်းကို အကျိုးအမြတ်ပေးမှာပါ၊ မင်းရဲ့ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး သေချာပေါက် အကျိုးရှိမှာ"
"လူငယ်လေး ငါတို့ဘက်က အရင်မှားခဲ့တာဆိုပေမယ့် အခု ပူးပေါင်း...ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ယူဆလို့ရတယ်၊ ဘယ်လိုလဲ"
ကြေးမုံဝိုင်းကြီးထဲမှ နတ်ဘုရားများအားလုံးသည် ဤကိစ္စအား ရွှီဖန်း လက်ခံစေရန် တစ်ယောက်ပြီးတစ်ယောက် အားပေးတိုက်တွန်းနေကြသော်လည်း တစ်ဖက်လူမှာ တုံ့ပြန်မှု လုံးဝမပေါ်လာပေ။
ရွှီဖန်းမှာ စိတ်လှုပ်ရှားလွန်ကာ အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ပေ။ ဒါဟာ ကောင်းကင်ပေါ်မှ ပိုင်
မုန့်ပြုတ်ကျလာသည်ဟု ယူဆလို့ရပေသည်။
ထိုသူများ ပစ်ချခဲ့သည့် အမှိုက်များအား သူအခွင့်ကောင်းယူခဲ့သော်လည်း အပြစ်မတင်ခံရရုံတင် မက၊ သူ့အား တောင်းပန်လာကြပြီး အကျိုးအမြတ်ပေးမည်ဟု ပြောနေကြသည်။
ဒါက....
ဤကဲ့သို့ အလွန်စိတ်ချမ်းမြေ့စရာအဖြစ်အပျက်က ရုတ်ချည်းရောက်ရှိလာသည်ကို ရွှီဖန်း ခံစားနေရ
သည်။