ကောင်းကင်အား ဖီဆန်နေခြင်း
Vol. 1 Ch. 3
ရွှီဖန်းမှာ ခေါင်းပင်ကိုက်သွားရချေပြီ။
သူ့အဖေ၏ ခြေထောက်ဒဏ်ရာမှာ အချိန်ဆွဲထားကာ နှောင့်နှေးလို့ မရတော့ပေ။ သို့သော်ငြား အချိန်တိုအတွင်းမှာ ယွမ်၅၀၀၀ကို ရအောင် သူဘယ်လိုလုပ်ရမည်နည်း။
မက်မွန်အရိုင်းပင်အောက်မှာ သူ ချီတုံချတုံဖြစ်နေမိသည်။ ပိုက်ဆံမရှိ၍ ဘာမှလုပ်နိုင်စွမ်းမရှိသည့် ခံစားချက်က လူတွေကို ခိုကိုးရာမဲ့ဖြစ်စေသည်။
"ဟမ်?"
စိတ်ဓာတ်ကျနေသည့်မျက်နှာဖြင့် ထိုင်နေသူ ရွှီဖန်းမှာ ရုတ်တရက် သူ့မျက်ခုံးတွေကို ပင့်လိုက်မိသည်။ တစ်ခုခုတော့ မှားနေပြီ။
သူခေါင်းကိုမော့ကာ မက်မွန်အရိုင်းပင်များအား ကြည့်လိုက်ရာ ကြေးခေါင်းလောင်းကဲ့သို့ သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"ဒါ..."
အပင်ပေါက်အရွယ်လေးသာ ရှိသော မက်မွန်အရိုင်းပင်လေးများမှာ သာမာန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်နှုန်းဖြင့် ကြီးထွားနေကြပြီး သူတို့အပေါ်မှာ ပေါက်နေသော မက်မွန်အရိုင်းပင်များကလည်း ကြီးသထက် ကြီးလာနေကြသည်။
"ဘာကြောင့်များလဲ"
ရွှီဖန်းမှာ ခေါင်းကိုခါရမ်းလျက် ပဟေဠိဆန်စွာ ခံစားနေရသည်။ ဤကဲ့သို့ ထူးဆန်းသည့် အရှိန်
နောက်ကွယ်၌ အကြောင်းအရင်း ရှိရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံနတ်နန်းမှ ပစ်ထုတ်လိုက်သည့် အမှိုက်အားလုံးကို သူသိမ်းယူထားပြီးပြီဖြစ်တာကြောင့် ဘယ်ပစ္စည်းကိုမှ ယူဆောင်သွားခွင့် မပြုနိုင်ပေ။
"အဲ့ဒါ မြေသြဇာ ဖြစ်နေမလား"
ရွှီဖန်း၏အကြည့်က မက်မွန်အရိုင်းပင်အောက်မှ မြေဆီလွှာဆီ ကျရောက်သွားကာ ဘာတွေဖြစ်နေမှန်း ချက်ချင်း နားလည်သွားခဲ့သည်။
ဒီမြေသြဇာတွေက ကောင်းကင်ဘုံနတ်နန်းဆီမှ ရောက်လာခြင်းဖြစ်ကာ ထိုထဲမှ နတ်စွမ်းအင် အမြောက်အမြားသည် စုပ်ယူခံလိုက်ရသည်။ ထိုမြေသြဇာများအပေါ်၌ အပင်များကြီးထွားလာသောအခါ ကြီးထွားမှုအရှိန်သည် အမှန်တစ်ကယ်ကို ကောင်းကင်အား ဖီဆန်နေခြင်း ဖြစ်လေသည်။
"အရသာပါ ပြောင်းသွားမလား မသိဘူး"
သူ့ခေါင်းအပေါ်မှာ ရှိသည့် မက်မွန်အရိုင်းသီးများမှာ အစိမ်းရောင်မှ ပန်းရောင်သို့ ပြောင်းလဲနေပြီး နူးညံ့ပုံပေါ်နေသည်။ ရွှီဖန်းလည်း အသီးကို ခူးလျက် ယခင်က စမ်းခဲ့တုန်းကလိုမျိုး ခါးနေဦးမလား သိချင်နေ၏။
အဝတ်ဖြင့်ပွတ်သုတ်ပြီးနောက်မှ အကိုက်ကြီးကြီး ကိုက်ချပစ်လိုက်သည်။
"ဒီအရသာက!"
ဤပန်းရောင်သန်းနေသော မက်မွန်အရိုင်းသီးမှာ ဝါးလိုက်သည်နှင့် ချိုမြသော အရည်များ စီးထွက်လာသည်။ ရွှီဖန်း၏ပါးစပ်တစ်ခုလုံးက မက်မွန်အရိုင်းသီး၏မွှေးရနံ့များဖြင့် ပြည့်နှက်နေ၏။
မက်မွန်သီး၏နူးညံ့သောအရသာကြောင့် သူ့လက်ထဲမှာကျန်နေသေးသည့် မက်မွန်အရိုင်းသီးတစ်ခုလုံးကို အပြောင်ရှင်းပစ်လိုက်သည်။
"အခု နည်းလမ်းရှိပြီကွ!"
ချက်ချင်းပင် ရွှီဖန်း၏မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ ကောင်းကင်ဘုံမြေသြဇာက မက်မွန်အရိုင်းပင်ကို မြန်စွာ ကြီးထွားစေရုံမကဘဲ အသီးကိုလည်း သန္ဓေပြောင်းသွားစေသည်။ အရသာက ဈေးထဲမှာ ရောင်းနေကြသည့် မက်မွန်သီးတွေထက် အဆပေါင်းများစွာ ပိုကောင်းနေသေးသည်။
ဒီမက်မွန်အရိုင်းပင်အနည်းငယ်ဟာ သူ့အတွက် ပထမဆုံးသော ရွှေအိုးကြီး ဖြစ်လာလိမ့်မည်။
ရွှီဖန်းက အသီးတွေကိုခူးဖို့ အလျင်မလိုပေ။ မက်မွန်အရိုင်းပင်အောက်မှ ကောင်းကင်ဘုံမြေသြဇာများအား ညီမျှစွာ ဖြန့်ဖြူးပေးနေ၏။ ဒါဆိုရင် အပင်တိုင်းက မြေသြဇာရရှိပေလိမ့်မည်။
မကြာခင်မှာပဲ သူပြီးမြောက်သွားခဲ့သည်။ လက်တွေကို ပွတ်သုတ်ကာ သူ့ခေါင်းပေါ်မှ ပေါများလှသော အသီးများကို ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်လေးမှာတော့ ကျေနပ်စွာ ကွေးတက်လို့နေသည်။
"မနက်ဖြန်ကျရင် ခရိုင်ထဲမှာ ငါ ဒီအသီးတွေကို သွားရောင်းမယ်"
မှည့်နေပြီဖြစ်သောမက်မွန်အရိုင်းသီးတချို့အားခူးရင်း ရွှီဖန်းတစ်ယောက် အိမ်သို့ ပြန်လာခဲ့သည်။
"ဖန်းအာ...ဘယ်တွေသွား၊ ဘာတွေလုပ်ပြီး ပြန်လာတာလဲ"
တောင်အနောက်ဘက်၌ အချိန်အကြာကြီး နောက်ကျသည်အထိ နေပြီးနောက်မှာ အမေဖြစ်သူ၏ အမေးအား ရွှီဖန်း ကြားလိုက်ရသည်။ သူလည်း ပြုံးကာ ပြောလိုက်သည်။
"ဟုတ်ပါပြီ အမေရဲ့...ကျွန်တော်က တောင်အနောက်ဘက်မှာ လမ်းပတ်လျှောက်နေတာ"
"ဒါနဲ့ ကျွန်တော် မက်မွန်အရိုင်းသီးတွေ ခူးလာတယ်
ဗျ...အမေတို့လည်း လာမြည်းကြည့်ကြဦး...တော်တော်ချိုတယ်"
ရွှီဖန်းက ကောင်းကင်ဘုံနတ်နန်းမှကျလာသော အမှိုက်ပုံကြီးအကြောင်း ပြောပြဖို့ မစီစဥ်ထားပေ။
ပထမဦးဆုံးအနေဖြင့် ထိုကဲ့သို့ ဖြစ်နိုင်ခြေမရှိ၊ ကို့ရို့ကားယားဆန်သော အဖြစ်အပျက်အား မည်သူမျှ ယုံကြမည်မဟုတ်ပေ။ ဒုတိယကတော့ လူပိုသိလေ ဒုက္ခအကြီးအကျယ်ရဖို့ များလေဖြစ်သည်။
ရွှီဖန်းက မက်မွန်သီးများအား အခွံခွာကာ သူ့မိသားစုဝင်သုံးယောက်စားဖို့ ပေးလိုက်သည်။ သူတို့မျက်နှာပေါ်မှ ပျော်ရွှင်ဖွယ်အပြုံးများကိုမြင်ရတာကြောင့် ရွှီဖန်းလည်းပဲ ကျေနပ်စွာ ပြုံးခဲ့သည်။
အခုဆိုလျှင် ကောင်းကင်ဘုံနတ်နန်းမှ အမှိုက်များ အကူအညီဖြင့် သူ့မိသားစုလေး အနိုင်ကျင့်ခံရခြင်းကင်းဝေးကာ ပျော်ရွှင်စွာနေနိုင်စေရန် ထားမည်ဟု သူ နှလုံးသားထဲမှ ကျိန်ဆိုခဲ့သည်။
ဒုတိယမြောက်နေ့။
ရွှီဖန်း မနက်စောစော နိုးလာသည်။ တောင်အနောက်ဘက်ကို အပြေးအလွှားမသွားခင်မှာ မျက်နှာသစ်၊ သွားတိုက်ခဲ့သည်။
တစ်ညလုံးကြီးထွားပြီးနောက်မှာ သစ်ပင်ပေါ်က မက်မွန်သီးများအားလုံး ရင်မှည့်နေလေပြီ။ မက်မွန်ပင်ပေါ်က ပန်းနုရောင်အလုံးလေးများက မျက်စိပသာဒဖြစ်စေသည်။ ရွှီဖန်း ပြုံးရယ်ကာ မက်မွန်သီးများအား တစ်လုံးပြီးတစ်လုံး ခူးဆွတ်၍ သူ့လက်ထဲက သိုလှောင်လက်စွပ်ထဲ ထည့်သွင်းလိုက်သည်
သိုလှောင်လက်စွပ်ထဲ၌ မက်မွန်သီးရာကျော်ရှိနေသော်ငြား ရွှီဖန်းကတော့ လေးလံမှုကို မခံစားရဘဲ အိမ်ကိုပြန်ပြေးလာခဲ့သည်။
"အမေ! ကျွန်တော် ခရိုင်ထဲ သွားမလို့"
"ဘာသွားလုပ်မလို့လဲ"
"စိတ်မပူပါနဲ့! ကောင်းတဲ့ကိစ္စပါ!"
မီးဖိုချောင်ထဲ၌ မနက်စာပြင်ရင်း အလုပ်ရှုပ်နေသော ကျန်းလီမေအား အော်ပြောကာ ရွှီဖန်း အိမ်မှ ထွက်လာခဲ့သည်။
မြစ်အောက်ပိုင်းရွာကနေ ခရိုင်ကိုရောက်ဖို့ဆို ခြေလျင်ဖြင့် တစ်နာရီခန့်ကြာလေသည်။ ရွှီဖန်း ခရိုင်မြို့တော်ကို ရောက်သည့်အခါ ရှစ်နာရီထိုးလုနီးပါးပင်ဖြစ်နေလေပြီ။
မနက်တိုင်းဒီလိုအချိန်မှာ မြို့ထဲ၌ ဈေးရှိလေသည်။ မြို့တက်လာသည့်ရွာသူရွာသားများက ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများအား လိုအပ်သူများထံ လာရောက်ရောင်းချကြသည်။
ရွှီဖန်းက ဈေးကိုမသွားခင်မှာ ကုန်ပစ္စည်းဆိုင်၌
အဖြူရောင်ဘုတ်ပြားတစ်ခု၊ ဆီပါဝင်သောမှင်ရေးတံနှင့် ခြင်းတောင်းခပ်ကြီးကြီးနှစ်ခုကို ဝယ်ခဲ့သည်။
လူမရှိသည့်နေရာတစ်ခုကို ရှာတွေ့သည်နှင့် သိုလှောင်လက်စွပ်ထဲမှ မက်မွန်အားလုံးကို ခြင်းထဲပြောင်းထည့်လိုက်သည်။ ရွှီဖန်းသည် ဈေးထဲ၌ နေရာတစ်နေရာရှာတွေ့သည်နှင့် စတင်ခင်းကျင်းလိုက်သည်။
ရွှီဖန်းက အဖြူရောင်ဘုတ်ပြားကိုထုတ်ကာ မှင်ဖြင့် ကြော်ငြာစာပိုဒ်ကြီးအား ချရေးခဲ့သည်။ ပြီးတဲ့နောက်မှာတော့ သူ အော်ဟစ်ကာ စတင်ရောင်းချတော့သည်။
"ကောင်းကင်ဘုံကလာတဲ့ထာဝရရှင်သန်ခြင်းမက်မွန်သီးတွေရမယ်နော်! ဒီအသီးတွေက အချစ်ဦးထက် ပိုချိုအိတယ်! လာပြီးကြည့်ကြ မြည်းကြည့်ကြပါ! မချိုရင် ပိုက်ဆံမယူဘူး!"
တခြားလူများအော်ဟစ်ရောင်းနေကြသည့်အသံနှင့်ယှဥ်လျှင် ရွှီဖန်း ကြော်ငြာသည့် 'အချစ်ဦးထက် ပိုချိုတယ်' ဆိုသည်က မျက်စိဖမ်းစားစရာမြင်ကွင်းဖြစ်နေသည်။ ဒါ့အပြင် ခြင်းထဲမှာရှိသည့် မက်မွန်သီးအရွယ်အစားက လက်သီးတစ်လုံးထက် ကြီးသည့်အပြင်ကို ပန်းရောင်သန်းကာနူးညံ့ပုံပေါ်နေတာကြောင့် မျက်စိပသာဒဖြစ်စရာပင်။
မကြာလိုက်၊ ဈေးဝယ်သူအမြောက်အများက ကြည့်ရှုရန် ရောက်လာကြသည်။
"မောင်လေး...နင့်ရဲ့ကြော်ငြာက တော်တော်လေးဖန်တီးမှုပြုထားတာပဲ"
"ကျစ်! ကျစ်! ဒီလောက်ကြီးတဲ့မက်မွန်သီး တစ်ခါမှမမြင်ဖူးဘူး...အရောင်ကလည်း အရမ်းလှမနေဘူးလား"
"ညီလေး မက်မွန်သီးတွေက တစ်ကယ်ပဲ မင်းပြောသလို မင်းရဲ့အချစ်ဦးထက် ပိုချိုတယ်လား"
"ဟေး! ဟေး! ငါ့ကိုပြောစမ်းပါ...ဒါက ကြီးဆေးတွေ ထိုးထားတာ မဖြစ်နိုင်ဘူးလား"
လူအုပ်ကြီးက တစ်ယောက်နှင့်တစ်ယောက် တတွတ်တွတ်ပြောနေကြသည်။ လူအများစုက ရွှီဖန်း၏မက်မွန်သီးများအား သံသယရှိနေကြသည်။
ရွှီဖန်းက အရသာမြည်းဖူးတာကြောင့် သူ့ရဲ့မက်မွန်သီးတွေအပေါ် ယုံကြည်ချက်ရှိလေသည်။ သူပြုံးကာ ပြောလိုက်သည်။
"အစ်ကိုတို့ အစ်မတို့ စိတ်မပူကြပါနဲ့၊ ကျွန်တော့်မက်မွန်သီးတွေကို ခင်ဗျားတို့စိတ်ကျေနပ်ကြမှာ အသေအချာပဲဗျ၊ တစ်လုံးကို ယွမ်၂၀ကျသင့်ပါတယ်...အစ်ကိုတို့ အစ်မတို့ ဝယ်ချင်ရင် လက်မြန်မှရမယ်နော်...မဟုတ်ရင် နောက်ကျလို့ ဒါမျိုး မရနိုင်တော့ဘူး"
"ဘာ! တစ်လုံးကို ယွမ်၂၀! ရှင်က ပိုက်ဆံလိုချင်တာလား"
"ပိုက်ဆံဆိုပဲ မင်းရူးနေတာလားကွ! ငရဲသွားလိုက်ပါလား! ငါတော့ မဝယ်ဘူး! သွားပြီဟေ့!"
မူလက ရွှီဖန်း၏ ကောင်းကင်ဘုံထာဝရရှင်သန်ခြင်းအသီးဟုခေါ်သော မက်မွန်သီးများအား စိတ်ဝင်စားလာကြည့်သူအမြောက်အမြားရှိသော်လည်း မြင့်မားလှသော မက်မွန်သီးတစ်လုံးဈေးကို ကြားသိလိုက်ရသည့်အခါ သူတို့က ချက်ချင်းရန်လိုကာ ရွှီဖန်းအား ဆဲဆိုကြတော့သည်။
သူတို့၏စီးပွားရေးလုယက်ခံလိုက်ရသည့် ဘေးမှ သစ်သီးသည်များမှာ သူတို့၏ပါးစပ်ကိုအုပ်ကာ တိတ်တခိုးရယ်နေကြသည်။ သူတို့အမြင်အရတော့ ရွှီဖန်း၏လုပ်ရပ်က ငွေကို မတန်မရာတောင်းရမ်းနေခြင်းပင်။
ဒီလိုအနည်းငယ် ပိုကြီးရုံသာရှိတဲ့ မက်မွန်သီးတွေကို ယွမ်၂၀နဲ့ရောင်းတယ်လား၊ မင်းက လူတွေကို အရူးမှတ်နေလား!
ရယ်စရာပဲ!
ရွှီဖန်းက အနည်းငယ်အဆင်မပြေမှု ဖြစ်သွားသည့်
အပေါ်မှာ စိတ်မပျက်ခဲ့ပေ။ သူတောင်းခဲ့သည့်ဈေးက မြင့်နေသော်ငြား ကောင်းပင်ဘုံနတ်နန်းက မြေသြဇာနဲ့စိုက်ပျိုးထားတဲ့ မက်မွန်သီးတွေက ဒီဈေးနဲ့ ထိုက်တန်ပေသည်။
ရွှီဖန်း မျက်လုံးကိုကျဥ်းမြောင်းကာ သူ့ပတ်ဝန်းကျင်က နှစ်ထောင်းအားရဖြစ်နေသော ဈေးရောင်းသူများအား ကြည့်လိုက်သည်။ ပြီးနောက် သူပြုံးကာ အကွက်တစ်ခု ထပ်သုံးလိုက်သည်။
"အားလုံးပဲ! မသွားကြပါနဲ့ဦး! ကျွန်တော့်မက်မွန်သီးတွေက ဒီဈေးနဲ့မတန်ဘူးလို့ ခင်ဗျားတို့ထင်ရင် ကျွန်တော့်မှာ ကန့်ကွက်စရာမရှိပါဘူး...ဒါပေမယ့် လူတိုင်းပဲ အရင်ဆုံး မြည်းကြည့်သင့်တယ်...ခင်ဗျားတို့ မြည်းစမ်းလို့ပြီးမှ ဝယ်မဝယ် ဆုံးဖြတ်ပါ"
ရွှီဖန်း၏အော်သံကိုကြားလိုက်သည့်လူတိုင်းက အလကားမြည်းစမ်းချင်တာကြောင့် ပြန်လှည့်လာကြသည်။ အဲ့ဒီနောက် ကြီးမားကာ ကြည့်ကောင်းလှသည့် ရွှီဖန်း၏မက်မွန်သီးများကိုကြည့်ကာ သူတို့ပါးစပ်များက လောဘတကြီးဖြစ်လာကြသည်။
ရွှီဖန်းက မက်မွန်သီးတစ်လုံးကိုယူကာ ဓားဖြင့်အပိုင်းပိုင်းစိတ်၍ တစ်စိတ်အား သူ့ဆိုင်ရှေ့မှ လူအား ပေးလိုက်သည်။
"လာ! လာမြည်းကြည့်ကြပါ!"
လူတိုင်းကလည်း ရွှီဖန်း၏ မက်မွန်သီးအစိတ်များကို ယူကာ စတင်မြည်းစမ်းကြသည်။ မက်မွန်ပင်များက တစ်ညလုံးပဲ ကောင်းကင်ဘုံက စွမ်းအင်များကို စုပ်
ယူထားတာကြောင့် မနေ့ကထက် အရသာပိုရှိနေမှာ သေချာသည်။
မြည်းစမ်းနေသည့်လူတွေဟာ အသီးကို မြိုချလိုက်
သည့်အချိန် မယုံနိုင်သည့် အမူအရာများ ချက်ချင်းထွက်ပေါ်လာသည်။ ဒါက လူတိုင်းလူတိုင်းမှာ ဆက်တိုက်ဖြစ်လာနေသည့် အမူအရာများပင်။
"အစ်ကိုကြီး! ရှင့်ရဲ့မက်မွန်သီးတွေက အရမ်းအရသာရှိတာပဲ! ကျွန်မဝယ်မယ်!"
"ငါ ငါ ငါရောပဲလိုချင်တယ်! သိသိသာသာအရသာရှိလွန်းနေတာမဟုတ်လား! ဒီအသီး ဒီအသားက!"
မြည်းစမ်းပြီးနောက်မှ အားလုံး၏အမူအရာက ပြောင်းလဲကုန်ကြသည်။ သူတို့က ရွှီဖန်းဆီက ဝယ်ယူရန် မစောင့်နိုင်ကြတော့ပေ။
ရွှီဖန်းက ဒါတွေကိုမြင်ကာ အပြုံးမျက်လုံးလေးဖြင့် ဝေ့ကြည့်လိုက်သည်။ သူ့ဆီက မက်မွန်သီးများအား ယူဆောင်ချင်နေသည့်လူအားလုံးကို ရပ်တန့်စေပြီးနောက်မှာ သူပြုံးလျက် ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး...တစ်လုံးကို ယွမ်၂၀နဲ့ရောင်းမယ်လို့ တွေးထားခဲ့ပေမယ့် အခုစိတ်ပြောင်းသွားပြီ"
"ဘ-ဘာ!"
ရွှီဖန်းက အပြုံးမပျက်ဘဲ
"ဒီကောင်းကင်ဘုံထာဝရရှင်သန်ခြင်းမက်မွန်သီးတွေက အချစ်ဦးထက် ပိုချိုတယ်လေ...တစ်လုံးကို ယွမ်၃၀ပဲ! ဈေးဆစ်ခြင်းအလိုမရှိပါ! ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ"